အခန်း (၆၈)
Vol. 6 Ch. 68
ဝမ်ယွီထုံ၏ အမြင်တွေ ဝေဝါးသွားပြီး သူမ လက်ချောင်းများပင် ဖြူဖွေးသွားအောင် ပို့စ်ကတ်ကို ဆုပ်ကိုင်လိုက်သည်။
ချောမောခန့်ငြားသည့်အမျိုးသားသည် သူမအနား တစ်ဖြည်းဖြည်းချဉ်းကပ်လာကာ ဝမ်ယွီထုံ၏ မျက်ခုံး နှစ်ဖက်ကြား အနမ်းလေးပေးလိုက်ကာ ပြေပြစ်သည့်အသံဩဩဖြင့် ပြောလာသည်။
"ကိုယ် မင်းကို ပရိုပို့စ် မလုပ်ရသေးဘူး။ ပြီးတော့ ကိုယ်တို့မင်္ဂလာပွဲလဲ မလုပ်ရသေးဘူးလေ။ ဒါပေမယ့် အခုလည်း နောက်မကျသေးဘူးလို့တော့ ကိုယ်ထင်တာပဲ"
မျက်ရည်များဝဲနေသည့် ဝမ်ယွီထုံသည် မတ်တပ်ရပ်ခြေဖျားထောက်လိုက်ကာ သူမ၏ ဖြူဖွေးရှည်လျားသောလက်များဖြင့် ကျိုးကျီယွဲ့၏ လည်တိုင်ကို ချိန်သီးပမာ တွယ်ဖက်လိုက်ရင်း ကလူ၏သို့မြူ၏သို့ပြောလိုက်သည်။
"မစ္စတာကျိုး ရှင်က ဒီလို ပရိုပို့စ်လုပ်တာလား"
ကျိုးကျီယွဲ့လည်း လိမ္မာပါးနပ်စွာ အနီရောင်ဘူးလေးတစ်ခုထုပ်ယူကာ ဖွင့်လိုက်သည်။ ထို့နောက် တောက်ပနေသည့်ပန်းရောင်စိန်လက်စွပ်တစ်ကွင်း ပေါ်လာခဲ့သည်။
ကျိုးကျီယွဲ့၏ မျက်နှာတွင် စိုးရိမ် ထိတ်လန့်မှုအနည်းငယ် ဖြတ်သန်းသွားသည်။ "ကိုယ်လေလံပွဲတစ်ခုကနေ ဝယ်လာတာ မင်းကြိုက်ရဲ့လား?"
ဝမ်ယွီထုံ၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာသည်။ 'ဝိုး ...စိန်လက်စွပ်က အရမ်း လှလိုက်တာနော်! ဘယ်အမျိုးသမီးက မကြိုက်ပဲ နေမှာလဲ?'
သို့သော် သူမနှုတ်ခမ်းလေးကို စေ့ထားလိုက်ကာ ဟန်ပန်လုပ်လိုက်ရင်း သူမ၏ သွယ်လျသည့် လက်ချောင်းတွေကို ကျိုးကျီယွဲ့ဆီ ကမ်းပေးလိုက်သည်။"မဆိုးပါဘူး စမ်းဝတ်ကြည့်လိုက်မယ်လေ"
ကျိုးကျီယွဲ့က သူမလက်ကိုကိုင်ပြီး လက်စွပ်ကို ဖြည်းဖြည်းချင်း ဝတ်ပေးလိုက်သည်။
အနာအဆာကင်းစင်သည့် ပန်းရောင်စိန်လေးသည် သူမလက်ပေါ်ရောက်သွားသော်လည်း သူမလက်၏ အလှအပများကို မဖုံးကွယ်သွားပဲ သူမ၏လက်ကို ပိုမိုဖြူသွယ် လှပသွားစေခဲ့သည်။
ဝမ်ယွီထုံ သူမ လက်ပေါ်မှ လက်စွပ်ကို ကြည့်ကာ ကျေနပ်သော်လည်း မျက်နှာပေါ်တွင်တော့ အပြုံးလေးဖြင့် ဟန်ဆောင်ထားသည်။"ကွက်တိပဲနော် ရှင် ကျွန်မလက်ကို တိုင်းထားတာလား?"
ကျိုးကျီယွဲ့က သူမစကားကို မငြင်းပဲ မျက်ခုံး ပင့်ပြလိုက်သည်။ သူသည် ဝမ်ယွီထုံအတွက် စိန်လက်စွပ်ဝယ်ပေးရန် အမှန်ပင် သူမ၏ လက်ကို အိပ်နေစဉ်အတွင်း တိုင်းထားခဲ့ခြင်းဖြစ်သည်။
အချိန်ကိုလည်း အတိအကျတွက်ထားခဲ့သည်။ လက်စွပ်လုပ်ပြီးသည့်နေ့နှင့် ပို့စ်ကတ်ရောက်မည့်နေ့ကို ချိန်တွက်ကာ သူမကို ပရိုပို့စ်လုပ်ရန် ပြင်ထားခဲ့ခြင်ဖြစ်သည်။
သူတို့နှစ်ဦး စားသောက်ဆိုင်မှာ အကြာကြီး မနေကြပေ။ ရှစ်နာရီမထိုးခင် ညစာအပြီးစားကြကာ အိမ်ကို မပြန်ပဲ အနီးအနားရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကိုသွားကာ သူတို့၏ ဒိတ်ကို ဆက်ကြသည်။
ဘဝကြီးက တစ်ခါတစ်လေ ချွင်းချက်လေးတွေ လိုအပ်တယ်လေ။
ဟိုတယ်အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် အခန်းမီးမဖွင့်ရသေးခင်မှာ ဝမ်ယွီထုံက ကျိုးကျီယွဲ့ဆီ ခုန်တက်လိုက်သည်။ သူမ လက်နှစ်ဘက်လုံးနဲ့ ကျိုးကျီယွဲ့ရဲ့ လည်စီးကို ကိုင်ပြီး တင်းတင်းကျပ်ကျပ် ဆွဲချလိုက်သည်။
ကျိုးကျီယွဲ့သည် ခေါင်းငုံ့ပြီး အနည်းငယ် ကိုင်းညွှတ်သွားရသည်။
"ရှင်သိလားး တစ်ကယ်တော့ ကျွန်မက ကျွန်မဘက်က အရင်စရတာကို ကြိုက်တယ်"
ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို မျက်လုံးမှိတ်ပြကာ ကျီဇယ်ပြုံးလေး ပြုံးလိုက်ပြီး သူမလက်များဖြင့် ကျိုးကျီယွဲ့၏ လည်ပင်းကို ရစ်ပတ်ကာ စနမ်းလိုက်သည်။
သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိကပ်မိသွားသည်နှင့် ကျိုးကျီယွဲ့၏ အသက်ရှုသံများပြင်းထန်လာသည်။သို့သော် သူ့စိတ်ကို ထိန်းချုပ်ကာ သူ့အမျိုးသမီး၏ စည်းချက်အတိုင်း လိုက်နေလိုက်သည်။
အခန်းအမှောင်ထုထဲမှာ နူးညံ့စွာနမ်းရှိုက်ပြီးနောက် ဝမ်ယွီထုံသည် ကျိုးကျီယွဲ့၏ တင်းကျပ်နေတဲ့ ရင်ဘတ်ကြွက်သားတွေကို ခံစားမိပြီး ရုတ်တရက် အသက်ရှူမဝဖြစ်ကာ ရှက်သွားမိကာ နောက်တွန့်သွားသည်။
"ကျွန်မတို့ အိမ်စောစောပြန်ကြရအောင်လေ။ ရှောင်ယွီလေး အိမ်မှာ စောင့်နေလောက်ပြီ"
ဝမ်ယွီထုံ ပြောပြီးတာနဲ့ တံခါးဖွင့်ပြီး လှည့်ထွက်သွားဖို့လုပ်လိုက်သော်လည်း သူမကို ပိတ်ဖမ်းခံလိုက်ရသည်။
သူမကို နံရံမှာ ဖိထားပြီး လက်တွေကို ခေါင်းပေါ်မြှောက်ထားကာ သူတို့နှစ်ဦး၏ လက်ချောင်းတွေကို ယှက်ကိုင်လိုက်သည်။
အမှောင်ထဲမှာ ကျိုးကျီယွဲ့၏ မျက်နှာ အမူအရာတွေကို သေချာ မမြင်ရပေ။ သူ၏ တောက်လောင်နေသော မျက်လုံးအစုံကိုသာ မြင်ရသည်။
ကျိုးကျီယွဲ့သည် အက်ကွဲဩရှသည့်အသံဖြင့် "မင်းသိလားးးကိုယ်က ကိုယ့်ဘက်က စရတာကို ကြိုက်သလို တစ်ခြားအရာလည်း ကြိုက်သေးတယ်"ဟုပြောလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် ချက်ချင်း ဝမ်ယွီထုံအပေါ် သူ၏ နှုတ်ခမ်းသည် စုပ်ယူဝါးမြို ကျရောက်ကာ မုန်တိုင်းထန်လာတော့သည်။ သူမတစ်ကိုယ်လုံးကို မြိုချပစ်တော့မလိုပင်။
ဝမ်ယွီထုံတစ်ယောက် ညည်းညူလိုက်ပြီး မျက်လုံးထဲမှာ မှုံရီဝေဝါးလာသည်။ သူမ ရုတ်တရက် တစ်ဖက်အလှည့်ခံလိုက်ရပြီး နံရံကို မျက်နှာမူလိုက်ရသည်။
သူမလက်တွေက သူမနောက်ကျောမှာ ကြက်ခြေခတ်ချုပ်ထားခံလိုက်ရပြီး လည်စည်းဖြင့် တင်းတင်းကြပ်ကြပ် စည်းထားခံလိုက်ရသည်။
ကျိုးကျီယွဲ့သည် သူမ၏ ကျိုးပဲ့လွယ်သောလည်တိုင်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်ကာ နောက်လက်တစ်ဖက်ဖြင့် သူမ၏ ခြေထောက်ကို မြောက်လိုက်သည်။
ဝမ်ယွီထုံတစ်ယောက် အသံပျောက်သွားသည်အထိ အော်ညဉ်းလိုက်သည်။ အရှုပ်အထွေးထဲ သူမ အပေါ်အောက် စီးမျောနေစဉ်တွင် ကျိုးကျီယွဲ့၏ အသံသဲ့သဲ့ကိုကြားလိုက်ရသည်။
"ကိုယ် မင်းကို ချစ်တယ်။"
အချိန်အတော်ကြာ ရှုပ်ထွေးခဲ့ကြပြီးနောက် ညဆယ်နာရီပင် ခွဲလာခဲ့ပြီဖြစ်သည်။ သူတို့ ရေအမြန်ချိုးလိုက်ကြပြီး အိမ်ကို အမြန်ပြန်လိုက်ကြသည်။
ဝမ်ယွီထုံက ခရီးသည်တင်ခုံမှာ ထိုင်ပြီး လက်ပိုက်ကာ မျက်နှာစူပုတ်ပုတ်ဖြင့် ကားပြတင်းပေါက်ကြည့်နေတယ်။
"ဘာဖြစ်နေတာလဲ ?"
ကျိုးကျီယွဲ့က သူမလက်ကို ကိုင်ဖို့ လက်ဆန့်လိုက်သည်။ သို့သော်သူမက သူ့လက်ကို ရိုက်ပစ်လိုက်သည်။
"ဟမ့် ..ရှင် ဒီတစ်ပတ်အတွင်း ကျွန်မဆီ လာဖို့မစဉ်းစားနဲ့တော့"
ကျိုးကျီယွဲ့ကလည်း ဒီနေ့သူ အရမ်းလွန်သွားမှန်း သိလိုက်၍ မျက်နှာပြောင်ပြောင်ဖြင့် သူမလက်ကို ဖျစ်ညှစ်လိုက်သည်။ "တောင်းပန်ပါတယ်"
ဝမ်ယွီထုံ နှာခေါင်းရှုံ့ကာ သူ့ကို လျစ်လျူရှုလိုက်သည်။သူအရမ်းလွန်တာပဲ။ ဟိုတယ်မှာတုန်းက တိုနေဒိုလေဆင်နှာမောင်း တိုက်သလိုမျိုး အနေအထားမျိုးစုံကြောင့် သူမတစ်ကိုယ်လုံးလည်း ကျိုးပဲ့တော့မလို ခံစားနေရသည်။
"ဒီတော့ ကိုယ်တို့မင်္ဂလာဆောင်ကို ဧပြီလမှာ စီစဉ်ထားလိုက်မယ်နော်"
ဝမ်ယွီထုံက မျက်ခုံးကြုတ်လိုက်သည်။ "ဟင့်အင်း အရမ်းမြန်လွန်းတယ်။ မေလ ဒါမှ မဟုတ် ဇွန်လမှ လုပ်ရအောင်။ မင်္ဂလာဆောင်ဝတ်စုံ ရွေးရဦးမှာနဲ့၊ မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ရဦးမှာနဲ့ အများကြီးစီစဉ်ရဦးမှာ"
အဓိကအချက်ကတော့ သူမဝိတ်ချရဦးမည်ဖြစ်သည်။ ဒီနှစ်ဆောင်းတွင်းမှာ သူမဗိုက်ခေါက်တွေ အတော်လေးထွက်လာသည်။
"အိုကေ၊ မင်းဆုံးဖြတ်တဲ့အတိုင်းပဲ"
နာရီဝက်အကြာတွင် သူတို့အိမ်ပြန်ရောက်ကြသည်။
ကျိုးရှောင်ယွီ အခုချိန်ထိမအိပ်ပဲ ရှိနေသေး၍ ဝမ်ယွီထုံ အံ့အားသင့်သွားမိသည်။ ရှောင်ယွီလေးသည် တံခါးဝမှာ စူပုတ်ပုတ်ဖြင့် စိတ်ဆိုးကာ ထိုင်နေ၏။
သူ့ကို ချန်ထားခဲ့ကြသည့် သူ့မိဘတွေ ပြန်လာသည်ကို မြင်သည့်အခါ ရှောင်ယွီလေးသည် ဘီဒိုကိုကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့အမေဆီ ယိုင်တိုင်တိုင် လမ်းလျှောက်သွားလေသည်။
"မားမားး မားမားးး"
ဝမ်ယွီထုံက ချက်ချင်းပဲ ကျိုးရှောင်ယွီကို ကောက်ချီလိုက်သည်။"တို့ကလေးလေးက ခုထိမအိပ်သေးဘူးလား "
ကျိုးရှောင်ယွီက နှုတ်ခမ်းကို စူထားပြီး သူ့အကြည့်တွေက စိတ်ဆိုးဝမ်းနည်းနေကာ သနားစရာမျက်ရည်တွေ ဝဲနေ၏။
ကျိုးကျီယွဲ့ကို မျက်နှာထားတင်းတင်းဖြင့်ကြည့်လိုက်သည်။
'ဒီည မေမေနဲ့သူ အတူ မရှိနိုင်အောင် လုပ်တာ ဒီ အဖေလူဆိုးကြီးပဲ ဖြစ်ရမယ်။'
ကလေးထိန်းအန်တီက စိုးရွံ့သည့်ပုံဖြင့် ပြောလာသည်။
"မဒမ် သခင်ငယ်လေးက ဘယ်လိုသိပ်သိပ် မရဘူးဖြစ်နေတာ။ ကျွန်မတို့ သူ့ကို ဘယ်လောက်ချော့ချော့ မအိပ်ဘူး။ဒီမှာပဲ ထိုင်ပြီး မဒမ်တို့ပြန်အလာကို စောင့်နေရှာတာ"
"တို့ကလေးလေးက တစ်နှစ်တောင်ပြည့်တော့မှာကို ချော့နေရသေးတာလား?"
ဝမ်ယွီထုံက ကလေး၏ ဖောင်းနေသောမျက်နှာလေးကို ပွတ်သပ်ကာ အပြုံးများဖြင့် ပြောလိုက်သည်။
ကျိုးကျီယွဲ့က မျက်ခုံးကြုတ်ကာပြောလိုက်သည်။ "သူ့ကို တစ်ယောက်တည်း သီးသန့်အခန်းထဲ အိပ်ခိုင်းသင့်ပြီ။ တစ်နှစ်တောင်ပြည့်တော့မှာကို" း
ကျိုးရှောင်ယွီ နားလည်မလည်တော့မသိ။ သူ့လက်သီးကလေးတွေကို ဒေါသတကြီး သူ့အဖေဆီ ဝေ့ရမ်းပြကာ သူ့အမေ ရင်ခွင်ထဲ ဝမ်းနည်းစွာ တိုးဝင်သွားသည်။
"မားးမားး.."
'ဟမ့်!! ဘာသီးသန့်အခန်းထဲမှာ အိပ်ရမှာလဲ? ဒီစိတ်ရှုပ်စရာအဖေကို လုပ်ချင်တိုင်း လုပ်ခွင့်မပေးနိုင်ဘူး။'
ဝမ်ယွီထုံက ကျိုးရှောင်ယွီကို သူမအခန်းထဲ ခေါ်သွားလိုက်သည်။ ကျိုးကျီယွဲ့လည်း လိုက် ဝင်ချင်နေ၏။ သို့သော် သူ မမျှော်လင့်မထားတာက ကျိုးရှောင်ယွီသည် တံခါးဘယ်လိုပိတ်ရမလဲ သင်ထားပြီးဖြစ်သည်။
ကျိုးရှောင်ယွီသည် သူ့လက်ဖဝါးလေးနဲ့ တံခါးကို ပြင်းပြင်းထန်ထန် တွန်းလိုက်စဥ် တံခါးချပ်သည် ဘန်းကနဲ ရုတ်တရက်ပိတ်သွားခဲ့သည်။
ကျိုးကျီယွဲ့တစ်ယောက် ဒေါသထွက်ရမလို ရီရမလိုလိုပင်။ တံခါးရှေ့မတ်တပ်ရပ်ရင်း တံခါးတစ်ဖက်မှ ကျိုးရှောင်ယွီ၏ အားအား ဟု သူ့ကို ခြောက်လှန့်နေသည့်အသံများကိုကြားလိုက်ရသည်။
ကျိုးရှောင်ယွီတစ်ယောက် သူ၏ ဆံပင်ကောက်လေးများကို ဝေ့ရမ်းလိုက်သည်။ 'ဒီမိုက်မဲတဲ့အဖေကို ဝင်ခွင့်မပြုနိုင်ဘူး!'
ပေါက်စီလုံးလေး ရှောင်ယွီသည် ယိုင်တိုင်တိုင်ခြေလှမ်းတွေဖြင့် လက်ကလေးဆန့်တန်းရင်း ဝမ်ယွီထုံဆီလျှောက်သွားလိုက်ကာ "မားမား မားမား" ဟု အော်ခေါ်လိုက်သည်။
ဝမ်ယွီထုံက ကလေးလေးကို ရင်ခွင်ထဲ ချီပွေ့ပြီး ပါးကို နမ်းလိုက်သည်။ "သိပ်ကောင်းတယ်။ ဒါပေမယ့် နောက်တစ်ခါကျရင် သတိထားပိတ်နော် လက်ညှပ်မိလိမ့်မယ်"
........
မတ်လမှာတော့ အရေးကြီးတဲ့ကိစ္စနှစ်ခုရှိသည်။ တစ်ခုက ကျိုးရှောင်ယွီရဲ့ တစ်နှစ်ပြည့်မွေးနေ့၊ နောက်တစ်ခုက ကလေးကစားကွင်း ဖွင့်ပွဲဖြစ်သည်။
ကလေးကစားကွင်းအတွက် အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်ကာ အင်တာနက်ပေါ်မှ နာမည်ကြီး ဆယ်လီကလေးတစ်ချို့ကိုလည်း ဖွင့်ပွဲနေ့အတွက် ဖိတ်ခေါ်ကာ အခမဲ့ လာရောက်ကစားခွင့်ပေးထားသည်။
လက်ရှိတွင် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ တစ်နှစ်ပြည့်မွေးနေ့ပွဲအတွက် ပြင်ဆင်နေသည်။ သွမ့်ရိနှင့် မေးမြန်းတိုင်ပင်ပြီးနောက် ရွက်လှေကို ခမ်းခမ်းနားနားအလှဆင်ကာ မွေးနေ့ပွဲကြီးကျင်းပမည်ဖြစ်သည်။
ဝမ်ယွီထုံသည် မွေးနေ့ပွဲဖိတ်စာကိုလည်း ဂရုတစိုက်ပြင်ဆင်ရေးသားခဲ့သည်။ သူမသည် ဆွေမျိုးတစ်ချို့၊ မိတ်ဆွေများနှင့် ကျိုးရှောင်ယွီ၏ သူငယ်ချင်းကောင်းများကို ဖိတ်ကြားရန် စီစဉ်ထားသည်။
Mနိုင်ငံရှိ အဖွားကျိုးသည်လည်း ရှောင်ယွီလေး၏ မွေးနေ့ပွဲမတိုင်မီ နှစ်ရက်လောက်အလိုကတည်းက မြို့တော်အေဆီ ရောက်နေမည်ဖြစ်သည်။
ဝမ်ယွီထုံက ကျိုးရှောင်ယွီရဲ့ တိုတောင်းကွေးညွှတ်နေတဲ့ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ရှောင်ယွီ၊ သားမွေးနေ့မှာ ဘယ်သူ့ကို ဖိတ်ချင်လဲ? ရှီးရှီးနဲ့ လျှန်းဇီတို့ကို ဖိတ်မလား? သူတို့က သားရဲ့အခင်ဆုံး သူငယ်ချင်းတွေလေ။"
ကျိုးရှောင်ယွီက တောက်ပနေသော မျက်လုံးဖြင့် ဝမ်ယွီထုံကို စူးစူးရှရှကြည့်နေ၏၊၊ "မားးမားးး..."
ကာလအတန်ကြာ စောင့်ကြည့်ပြီးနောက် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီတစ်ယောက် ယခုအခါ "ဖေဖေ၊ မေမေနှင့် ဖွားဖွား" ဟူသော စကားလုံးများကို သတိပြုမိပြီး ပီပီသသ ပြောနိုင်ကြောင်း သိလာသည်။ အခြားစကားလုံးတွေကိုတော့ အသံထွက်အတိအကျနဲ့ ပြောနိုင်မပြောနိုင်ကိုတော့ သေချာမသိပါ။
စနစ် - " အခုကစပြီး တစ်နှစ်ခွဲရောက်တဲ့အထိ ကျိုးရှောင်ယွီရဲ့ ဘာသာစကားစွမ်းရည်က တိုးတက်လာလိမ့်မယ်။စကားလုံးအသစ်တွေ တစ်လုံးပြီး တစ်လုံး ပြောလာတာကို မြင်ရလိမ့်မယ်။ အတိုချုပ်ပြောရရင် ကလေးနဲ့ စကားများများပြောပေး ဝေါဟာရ အသစ်တွေ သင်ပေးပါ"
ဝမ်ယွီထုံက နူးညံ့သည့် လေသံဖြင့် "ရှောင်ယွီ၊ သားက တစ်နှစ်ပြည့်တော့မှာ။ သားရဲ့ ပထမဆုံးမွေးနေ့ပွဲ ဆိုတော့ သားရဲ့မွေးနေ့လေးက ထူးခြားမယ်။ ကိတ်မုန့်တွေလဲ စားရမယ်စောစောလဲ အိပ်စရာမလိုတော့ သားကြိုက်မှာ သေချာတယ်"
ကျိုးရှောင်ယွီက ဝမ်ယွီထုံရဲ့လက်ကို ကိုင်ပြီးထရပ်လိုက်ကာ သွားဖြီးကာ ပြုံးနေသည်။ သွားလေးချောင်းအပြင် ငါးချောင်းမြောက် ခြောက်ချောင်းမြောက် သွားများပင် ထွက်နေပြီဖြစ်သည်။
"အား မားးမားးး..."
ကျိုးရှောင်ယွီသည် မွေးနေ့တွေ ဘာတွေကိုလည်း သူနားမလည်ပေ။ သူသည် ဝမ်ယွီထုံ၏ အင်္ကျီလက်ကို ဆွဲကာ အိမ်မှာနေရတာ ငြီးငွေ့နေပြီး သူ့အမေကို သူ့ကို အပြင်ခေါ်သွားစေချင်နေသည်။
ဝမ်ယွီထုံက အားကစားဝတ်စုံ ပြောင်းဝတ်ပြီး ကျိုးရှောင်ယွီကို ပန်းခြံထဲ အလည်ပတ်ခေါ်သွားသည်။
နေသာသည့် နွေဦးနေ့လေးတစ်ရက်၏ ပန်းခြံသည် စိမ်းလန်းစိုပြေနေပြီး နွေဦးရဲ့ စိမ်းစိုနေသည့် မြက်ခင်းပြင်နဲ့ ပြည့်နေသည်။ ကောင်းကင်ပြာသည်လည်း ဆေးကြောထားသလို ကြည်လင်သန့်ရှင်းနေသည်။
ဝမ်ယွီထုံက ကျိုးရှောင်ယွီကို လက်တွန်းလှည်းထဲကနေ ထုတ်ပေးလိုက်သည်။ ကျိုးရှောင်ယွီသည် ချွေးစုပ်သည့် အပြာရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ခေါင်းမှာလည်း ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားပြီးနူးညံ့သည့် လမ်းလျှောက်ဖိနပ်ကိုလည်း စီးထားသည်။
ကျိုးရှောင်ယွီက ဘဲကလေးလမ်းလျှောက်ဟန်နဲ့ ပန်းခြံလမ်းကြောင်းအတိုင်း လမ်းလျှောက်နေ၏။
ဝမ်ယွီထုံက ကလေးတွန်းလှည်းကို လမ်းဘေးမှာ ရပ်ထားပြီး ကလေးပစ္စည်းများထည့်ထားသည့် အိတ်ကို သယ်ကာ ကလေးကို လိုက်ကာကွယ်စောင့်ရှောက်ရန် နောက်က လိုက်သွားသည်။
ကျိုးရှောင်ယွီကတော့ လမ်းလျှောက်တတ်သွားကတည်းက သူသွားချင်ရာသွားလေသည်။ သူဟာ ပတ်ပတ်လည်ကြည့်ပြီး လမ်းဘေးက အဝါရောင်ပန်းရိုင်းလေးတွေဆီကို ယိုင်နဲ့ယိုင်နဲ့လျှောက်သွားလိုက်သည်။
"ဟေ့၊ မခူးနဲ့!"
ဝမ်ယွီထုံ မတားဆီးမီတွင် သေးငယ်သော လက်ကစ်ကစ်လေးသည် သူမထက် ပိုလျင်မြန်စွာ အဝါရောင်ပန်းပွင့်လေးကို ခူးလိုက်သည်။
ဝမ်ယွီထုံ - "..."
ကျိုးရှောင်ယွီက အဝါရောင်ပန်းပွင့်လေးကို ကိုင်ထားပြီး အတော်လေး ဂုဏ်ယူနေပုံရသည်။ သူသည် တောက်ပသည့် အကြည့်တွေနဲ့ ပြန်လှည့်လာပြီး ဝမ်ယွီထုံရဲ့လက်ထဲကို အဝါရောင်ပန်းပွင့်လေး ထည့်ပေးလိုက်သည်။
"မားးမားး မားးမားး မားးးမားး "
ကောင်လေးက အတော်လေး ဂုဏ်ယူနေပုံရသည်။ 'သူက မေမေ့ကို ပန်းလှလှလေးတွေ ပေးတယ်။ မေမေအရမ်းကြိုက်မှာပဲ။'
ဝမ်ယွီထုံက ရယ်ရမလား ငိုရမလား မသိတော့ပါ။အခုတော့ သူမအတွက် မထူးဆန်းတော့ပါ။ ကျိုးရှောင်ယွီက ဘယ်လို ကောင်းသည့်အရာများတွေ့တွေ့ သူမလက်ထဲကို ထည့်ပေးတတ်လေသည်။
"ရှောင်ယွီ၊ အမေကို ပန်းပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမယ့် လမ်းဘေးက ပန်းတွေကို လျှောက် မခူးသင့်ဘူး။ ပန်းတွေက လှပတယ်။ ဒီတိုင်းမျက်လုံးနဲ့ပဲကြည့်သင့်တယ်။ မခူးသင့်ဘူးနော်။ တို့တွေက ပြည်သူ့နီတိကိုနားလည်တဲ့ ကလေးတွေဖြစ်ရမယ်နော်"
ကျိုးရှောင်ယွီကတော့ သူ၏ စပျစ်သီးလိုမျက်လုံးလေးကိုပြူးကာ ရှုပ်ထွေးနေသည့်ပုံဖြင့် ခေါင်းငြိမ့်နေ၏။
ဝမ်ယွီထုံသည် စနစ်မှ ဖတ်ထားသည့် သင်ကြားရေးစနစ် တစ်ခုကို ရုတ်တရက် သတိရလိုက်ကာ ချက်ချင်း အဝါရောင်ပန်းပွင့်လေးကို ကောက်ယူပြီး ရှင်းလင်းသောအသံဖြင့် ပြောလိုက်သည်။
"ဟွားးဟွားးး ဟွမ်ဆဲ့ဟွားးး" [ပန်း၊ ပန်း၊ အဝါရောင်ပန်း]
ကျိုးရှောင်ယွီက သူ့ပါးစပ်လေးဟကာ ကလေးသံနဲ့ ပြောလိုက်သည်။
"ပါးးပါးး"
ဝမ်ယွီထုံ - "ပါးးမဟုတ်ဘူး။ ဒါက ဟွားး ဟွားးး မေမေ ပြောတာကို နောက်က လိုက်ပြော ဟွားးး"
"ဖားးဖားး"
ကျိုးရှောင်ယွီကတော့ သူမှန်မှန်ကန်ကန် အသံထွက်နိုင်သည်ဟုထင်ပြီး ဂုဏ်ယူစွာ ခေါင်းခါရမ်းနေ၏။
ကလေးများ၏ ဘာသာစကားသင်ယူခြင်းသည် အလျင်မလိုသင့်ကြောင်း ဝမ်ယွီထုံ နားလည်ပါသည်။ ထို့ကြောင့် ကလေး၏ ပါးလေးကြိ ဖဲ့ကိုင်လိုက်ကာ "သားတိုးတက်လာတယ်နော်။ ဒါပေမယ့် မေမေ သင်ပေးနဲ့ စကားလုံး အသစ်တွေကိုလည်း မှတ်ထားဦးနော်" ဟု ပြောလိုက်သည်။
ကျိုးရှောင်ယွီလေးသည် အဝါရောင်ပန်းပွင့်ကို လက်မှာကိုင်ပြီး ပန်းခြံထဲ ပတ်လျှောက်နေ၏။ ဝမ်ယွီထုံကတော့ ကလေးနောက် တစ်ကောက်ကောက်လိုက်ရင်း စကားလုံး အသစ်တွေကို သင်ပေးနေသည်။
ကလေးက ချစ်စရာအသံလေးနဲ့ လိုက်ပြောသော်လည်း အမှန်တစ်ကယ် မှတ်မိလားတော့ မသိပေ။
"မြက်၊ မြက်၊ မြက်အစိမ်းရောင်။"
"ဖဖ..."
"စွန် ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ အနီရောင်စွန်"
"ဖဖ..."
"အပင်၊ အပင်၊ အပင်တွေက အရမ်းမြင့်တယ်။"
"ဖဖ..."
"ကျိုး! ရှောင်! ယွီ! ဘာတွေပြောနေတာလဲ?"
နေလုံးကြီး တစ်အိအိနှင့် ကျဆင်းလာသည်နှင့်အမျှ ကောင်းကင်ပေါ်ရှိ တိမ်တွေကလည်း မီးတောက်ရောင်ပြောင်းသွားခဲ့သည်။
ကျိုးရှောင်ယွီ၏ ပန်းရောင်ဖျော့ဖျော့မျက်နှာလေးသည် လိမ္မော်ရောင်နေရောင်ခြည်အောက်တွင် မက်မွန်သီးလုံးလေးလို ချစ်စရာကောင်းနေသည်။
'မေမေက သူ့ကို ဘာတွေပြောနေတာလဲတဲ့'
'သူပြောချင်တာက မေမေနဲ့သူ မခွဲတမ်းအမြဲအတူရှိချင်တယ် ဆိုတဲ့ အကြောင်းလေးပါ။'