အခန်း (၂၇၀)
Vol. 27 Ch. 270
အခန်း။ ၂၇၀
မည်းနက်သောအရိပ်ကြီးသည် လျှပ်တပြက်အတွင်း ရောက်ရှိလာပြီး ဆေးဧကရာဇ်ခန်းမမှ သမားတော်များ၏ ဦးခေါင်းထက်တွင် ဝဲပျံနေတော့သည်။
"ကျုံးရန်"
မကြာသေးမီကပင် ကျုံးရန်ဆိုသော အမည်မှာ ဒါကျိုးတစ်နိုင်ငံလုံးတွင် ဟိုးဟိုးကျော်သွားခဲ့သည်။ ဒါကျိုးအိမ်ရှေ့မင်းသားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ဟောက်ချင်မင်းသားကိုလည်း စော်ကားခဲ့သည့် မြင့်မြတ်သောသားရဲဆင့်ခေါ်သူ ကျုံးရန်၏ အချက်အလက်များကို နိုင်ငံအသီးသီးသို့ ဖြန့်ဝေထားပြီးဖြစ်သည်။ ဟောက်ချင်နိုင်ငံကဆိုလျှင် ကျုံးရန်ကို သတ်ဖြတ်ရန် ဝရမ်းပင် တိုက်ရိုက်ထုတ်ပြန်ထားရာ သူသည် ဒါကျိုးမြို့တော်အတွင်း၌ ပုန်းကွယ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ဟောက်ချင်၏ ဖမ်းဝရမ်းတွင် ဖော်ပြထားသည်မှာ ကျုံးရန်သည် မြင့်မြတ်သောသားရဲဆင့်ခေါ်သူဖြစ်ပြီး သူ၏သားရဲမှာ ရှားပါးလှသော လင်းနို့စွယ်တော်ဘုရင်ဖြစ်သည်။ သူ၏စိတ်နေစိတ်ထားမှာ ခန့်မှန်းရခက်ပြီး ဒေါသကြီးသဖြင့် ပေါ့ပေါ့ဆဆ မဆော်ကားသင့်
ပေ" ဟူ၍ပင်။
အားလုံးက မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ဧရာမလင်းနို့ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုလင်းနို့ကြီး၏ ကျောပေါ်တွင် အမျိုးသားတစ်ဦး ထိုင်နေသည်။
ဒီအမျိုးသားကို ထားလိုက်ဦး။ လင်းနို့ကြီးကို ကြည့်ပါဦး။
"မြန်မြန်ကြည့်စမ်း... အဲ့ဒီလင်းနို့ရဲ့ ခြေသည်းတွေကို"
လူတိုင်း၏ အကြည့်မှာ လင်းနို့ကြီး၏ ခြေထောက်များဆီသို့ ရောက်သွားကြသည်။
"နဂါးခြေသည်းလင်းနို့ ဒါက စစ်သေနာပတိအဆင့်သန္ဓေပြောင်းမိစ္ဆာသားရဲပဲ"
ဝူရွှမ်းဝူကျိဆောင်ဘက်မှ သိုင်းပညာရှင်အချို့ အပြေးအလွှား ရောက်ရှိလာကြသည်။
သူတို့မှာ တိုက်ပွဲဝင်ဝတ်စုံများ ဆင်မြန်းထားသည့် ဒုတိယခန်းမဆောင်မှူး ကျန့်လီနှင့်အတူ ဝူကျိပါရမီရှင်သုံးဦးဖြစ်သော ယီပိုင်မင်း၊ ချန်ပိုင်နှင့် ပုကျိုရှောင်းတို့ပင်။
ကောင်းကင်ယံမှ ကျုံးရန်နှင့် အဆင့်မြင့်သွားသော စစ်သေနာပတိအဆင့် လင်းနို့ဘုရင်ကြီးကို မြင်လိုက်ရသောအခါ သိုင်းပညာခန်းမမှလူများ၊ ဆေးဧကရာဇ်ခန်းမမှလူများနှင့် ပင်မမှော်ဘုရားကျောင်းမှ စီမင်းနှစ်ဦးစလုံးမှာ မျက်နှာပျက်သွားကြတော့သည်။
ဒါကျိုး၏ ဗဟိုချက်ဖြစ်သော ယွီကျင်းမြို့ကဲ့သို့ နေရာမျိုးတွင် စစ်သေနာပတိအဆင့်ရှိသော မိစ္ဆာသားရဲတစ်ကောင် ပေါ်ထွက်မလာသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
နဂါးခြေသည်းလင်းနို့ဘုရင်၏ အဆင့်မြှင့်တင်မှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
၎င်းက သွားများကိုဖြဲကာ တစီစီအော်ဟစ်လိုက်သောအခါ ယွီကျင်းမြို့တစ်မြို့လုံးရှိ လင်းနို့များအားလုံးသည် သူတို့၏ အသိုက်အမြုံများထဲမှ အုပ်စုလိုက် ပျံသန်းထွက်လာကြတော့သည်။ နေဝင်ရန် အချိန်အတော်လိုသေးသော်လည်း ခရမ်းရောင်အလင်းတန်းများအောက်တွင် ကောင်းကင်ယံတစ်ခုလုံး လင်းနို့အုပ်ကြီးများဖြင့် ဖုံးလွှမ်းသွားသည်မှာ မည်းမှောင်နေသော တိမ်တိုက်ကြီးများအလား တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေသည်။
"ကျုံးရန်"
ယီပိုင်မင်းသည် နဂါးခြေသည်းလင်းနို့ကျောပေါ်ရှိ ကျုံးရန်ကို ချက်ချင်းပင် မှတ်မိသွားသည်။
ရုပ်ရည်မှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း သူ၏အရှိန်အဝါမှာ ကျုံးရန်မှတစ်ပါး အခြားသူမဟုတ်ပေ။
ဘယ်လိုအကြောင်းကြောင့် ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် အသက်အရွယ်ကြီးရင့်နေသော အဘိုးကြီးတစ်ဦးသည် သန်မာထွားကျိုင်းသည့် လူငယ်တစ်ဦးအဖြစ် ပြန်လည်ပြောင်းလဲသွားရတာလဲ။ ၎င်းမှာ မှော်ပညာမဟုတ်ကြောင်း ယီပိုင်မင်း သေချာပေါက် နားလည်ထားသည်။
သိုင်းပညာခန်းမရှိ ခရမ်းရောင်အလင်းတန်းနှင့် ကျုံးရန် ထွက်ပေါ်လာရာ အရပ်တို့ကို ပြန်လည်ဆင်ခြင်ကြည့်ရင်း ယီပိုင်မင်း ရုတ်တရက် သဘောပေါက်သွားသည်။
ကြောင်ရိုင်းမလေး... ကျုံးရန်ရဲ့ ပြန်လည်နုပျိုလာမှုဟာ ယွင်ရှန်းနဲ့ သေချာပေါက် ပတ်သက်နေရမယ်။
"ကျုံးရန်... မင်းက ဝူရွှမ်းဝူကျိဆောင်ထဲကို တစ်ယောက်တည်း ဝင်လာရဲလောက်အောင် သတ္တိကောင်းလှချည်လား"
ကျန့်လီမှာမူ ဇဝေဇဝါဖြစ်နေဆဲပင်။ ကျုံးရန်သည် ခန်းမသို့ လာရောက်သောင်းကျန်းသည်ဟု သူထင်မှတ်နေဆဲပင်။
"ဟားဟား... လူသန်ကြီးရေ ကိုယ့်လူအချင်းချင်းတွေပါပဲ။ ငါက ခန်းမကို လာစော်ကားတာမဟုတ်ဘူး။ ငါတို့အားလုံးက တစ်ဖက်တည်းသားတွေပါ။ ဒီဆေးဧကရာဇ်ခန်းမနဲ့ မှော်ဘုရားကျောင်းက ဆူညံပွက်လောရိုက်နေတဲ့လူတွေက ငါတို့သခင်မလေး ဆေးဖော်စပ်နေတာကို လာနှောင့်ယှက်နေလို့လေ"
ကျုံးရန်က ဆေးဧကရာဇ်ခန်းမမှ သမားတော်များနှင့် ကျီယွီတို့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"သခင်မလေး"
ကျန့်လီမှာ အံ့အားသင့်သွားရသည်။
မြင့်မြတ်သော သားရဲဆင့်ခေါ်သူကို အမိန့်ပေးနိုင်သည့်သူမှာ ဝူရွှမ်းဝူကျိဆောင်က လူတစ်ဦး ဖြစ်နေတာလား။
"ခင်ဗျားတို့ ဝူရွှမ်းဝူကျိဆောင်ရဲ့ ဧည့်သည်တော်ဆရာကြီး နတ်ဆေးသမားတော်ယွင်လေ... သူက ငါ့ရဲ့ သခင်မလေးပဲ။ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတုန်း မင်းတို့အားလုံး ဝေးဝေးမှာ နေကြတာ အကောင်းဆုံးပဲ။ ငါတို့သခင်မလေးက သူ့ဦးလေးရဲ့လက်ကို ကုနေတာကို လာမနှောင့်ယှက်နဲ့။ တစ်ခုခု နှောင့်နှေးသွားရင် မင်းတို့ထဲက ဘယ်သူမှ တာဝန်ယူနိုင်မှာမဟုတ်ဘူး" ကျုံးရန်က နဂါးခြေသည်းလင်းနို့ဘုရင်၏ ဦးခေါင်းကို ပုတ်လိုက်ရာ သူ၏မျက်နှာထားမှာ ချက်ချင်းပင် ခက်ထန်သွားသည်။
ထိုစဉ်မှာပင် လင်းနို့ဘုရင်ကြီးက ပြင်းထန်လှသော အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအသံလှိုင်းမှာ ဟိန်းထွက်လာပြီး ဆေးဧကရာဇ်ခန်းမမှ လူများဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။
"မိတ်ဆွေတို့... နောက်ကို ဆုတ်ကြပါ"
ရှာဝမ်ရွှီသည် သူ၏ မှော်တုတ်တံကို ဝှေ့ယမ်းလိုက်ရာ တုတ်တံပေါ်ရှိ ဒုတိယမြောက် မှော်ဝိညာဉ်ကျောက်တုံးမှာ ရုတ်တရက် လင်းထိန်သွားသည်။ မှော်အကာအကွယ်ဒိုင်းတစ်ခုသည် လင်းနို့ဘုရင်၏ အသံလှိုင်းတိုက်ခိုက်မှုကို ဆီးကြိုပိတ်ဆို့လိုက်လေသည်။
ဝုန်း….
အလင်းမှော်ပညာနှင့် မိစ္ဆာသားရဲ၏ အသံလှိုင်းတို့ ထိပ်တိုက်တွေ့ဆုံကာ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြသည်။ ဆေးဧကရာဇ်ခန်းမမှ လူများမှာ ကြောက်လန့်တုန်လှုပ်သွားကြသော်လည်း လင်းနို့ဘုရင်ကျောပေါ်ရှိ ကျုံးရန်မှာမူ မျက်ခုံးပင့်ကာ ရယ်မောလိုက်ရင်း "ပင်မမှော်ဘုရားကျောင်းမှာ ဒီလိုပညာရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လာစမ်းပါ... ငါတို့တစ်ပွဲလောက် နွှဲကြည့်ကြရအောင်" ဟု စိန်ခေါ်လိုက်သည်။
"ခဏလေး နေပါဦး"
ယောင်ရုံက ရှေ့သို့တိုးလာကာ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မေးလိုက်သည်။
"ခုနက မင်းပြောတာ... မင်းရဲ့သခင်မလေးက ဘယ်သူ့ရဲ့လက်ကို ကုသပေးနေတာလဲ"
"ဒါကျိုးရဲ့ သိုင်းနတ်ဘုရား ယန်ပါးဟိုရဲ့သား... မြို့စားမင်း ယန်ချန်းလန်ပဲ"
ကျုံးရန်က ယန်ချန်းလန်၏ ဘွဲ့ထူးဂုဏ်ထူးကို ထုတ်ဖော်ပြောလိုက်သည်။
ဒါကျိုးမြို့တော်တစ်ခုလုံးတွင် ကျုံးရန်၏ မျက်စိထဲဝင်သောလူ အနည်းငယ်မျှသာ ရှိသော်လည်း ယန်စံအိမ်မှ သားအဖနှစ်ဦးမှာမူ ခြွင်းချက်ဖြစ်သည်။ ယန်ချန်းလန်သည် ဒါကျိုးနိုင်ငံ တောင်ဘက်နယ်စပ်မြို့ကို တစ်ကိုယ်တည်း ကာကွယ်ခဲ့စဉ်က ကျုံးရန်သည် ထိုနယ်စပ်အနီးသို့ ခရီးလှည့်လည်ရောက်ရှိနေခဲ့သည်။ ထိုစဉ်က ယန်မိသားစုစစ်တပ်သည် စစ်သည်တစ်ထောင်တည်းနှင့် ဟောက်ချင်နှင့် ထန်ယွမ်တို့၏ ပူးပေါင်းစစ်တပ်ကို တွန်းလှန်နိုင်ခဲ့သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသည်။
သိုင်းနတ်ဘုရား ယန်ပါးဟို၏ အမည်နာမမှာလည်း တိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားလှသည်။ ကျုံးရန်သည် သူကိုယ်တိုင် လေးစားအားကျခဲ့ရသော ယန်မိသားစု၏ မျိုးဆက်တစ်ခုထံတွင် အစေခံအဖြစ် အမှုထမ်းရလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့မိပေ။ အမှန်တကယ်ပင် ကံကြမ္မာသည် လူတို့ကို နောက်ပြောင်တတ်လှသည်။ ကျုံးရန်သည် ရင်ထဲ၌ စိတ်လှုပ်ရှားမှုများကို မနည်းထိန်းချုပ်နေရသည်။
"ဒါ... ဒါ မဖြစ်နိုင်တာပဲ။ ယန်ချန်းလန်ရဲ့ လက်က ပြတ်တောက်သွားတာ ကြာလှပြီလေ။ ဘယ်လိုလုပ် ကုသလို့ ရမှာလဲ"
ဆေးဧကရာဇ်ခန်းမမှ သမားတော်များအားလုံးက မယုံကြည်နိုင်သလို ရေရွတ်လိုက်ကြသည်။
ပင်မမှော်ဘုရားကျောင်းမှ ကျီယွီနှင့် ရှာဝမ်ရွှီတို့၏ မျက်နှာတွင်လည်း အံ့ဩမှုများ အထင်အရှား ပေါ်ထွန်းလာသည်။ ယန်ချန်းလန်၏ လက်မောင်းအခြေအနေကို ပင်မမှော်ဘုရားကျောင်းကလည်း ကောင်းစွာ သိရှိထားသောကြောင့်ပင်။
အလင်းမှော်ပညာကို အသုံးပြု၍ ပြတ်တောက်သွားသော အင်္ဂါအစိတ်အပိုင်းများကို ပြန်လည်ပေါက်ဖွားစေရန်မှာ လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် မှော်ဘုရားကျောင်းနှင့် ယန်စံအိမ်တို့၏ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သည်။ ၎င်းအပြင် မှော်ဘုရားကျောင်းသည် ဒါကျိုးနိုင်ငံကို နောက်ကွယ်မှ တိတ်တဆိတ် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့မှုများကြောင့် ယန်စံအိမ် အထူးသဖြင့် ယန်စံအိမ်၏ သခင်လေးကြီးနှင့် ပဋိပက္ခအချို့ ရှိခဲ့ဖူးသည်။
ယန်စံအိမ်မှ စစ်သူကြီးငယ် ယန်ချန်းလန်၏ လက်နှစ်ဖက်စလုံးမှာ တစ်ဖက်က မသန်စွမ်းဖြစ်ပြီး ကျန်တစ်ဖက်မှာ အသုံးမရတော့သည့် အခြေအနေဖြစ်နေသည်ကို ဆေးဧကရာဇ်ခန်းမ၏ ဆရာကြီးထံသို့ ပို့ဆောင်စဉ်က လူအများအပြား မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ ဆေးဧကရာဇ်ခန်းမကလူတွေ မလုပ်နိုင်တိုင်း ငါ့သခင်မလေး မလုပ်
နိုင်ဘူးလို့ မဆိုလိုဘူး။ မယုံရင်လည်း ဒီမှာပဲ စောင့်ကြည့်နေကြပေါ့"
ကျုံးရန်က မာနထောင်လွှားသော အမူအရာဖြင့် ပြောလိုက်သည်။ ဤလူမိုက်များက သူ၏သခင်မလေး၏ ဆေးပညာအစွမ်းကို အထင်သေးရဲကြသည်လား။ ကျုံးရန်၏ မျက်လုံးထဲတွင်မူ လက်ရှိယွင်ရှန်းသည် မြင့်မြတ်လှပါသည်ဆိုသော နန်းတွင်းသမားတော်ကြီးများနှင့် ဆရာကြီးများထက်ပင် များစွာ ပိုမိုထူးချွန်နေပြီဖြစ်သည်။
"လူကြီးမင်းတို့... နတ်ဆေးသမားတော်ယွင်ကိုယ်တိုင် ကုသနေတာဖြစ်လို့ ခေတ္တစောင့်ဆိုင်းပေးကြပါ။ ဟေ့လူတွေ... သိုင်းပညာခန်းမရဲ့ အဝင်ဝအားလုံးကို ပိတ်လိုက်ကြစမ်း။ နတ်ဆေးသမားတော်ယွင် အပြင်ကို ပြန်မထွက်လာမချင်း ဘယ်သူ့ကိုမှ အဝင်အထွက် မလုပ်စေနဲ့"
ကျန့်လီက အမိန့်ပေးလိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ ယန်ချန်းလန်၏ ကုသမှုကို မည်သူမျှ မနှောင့်ယှက်နိုင်ရန် အာမခံချက်ပေးလိုခြင်းဖြစ်သည်။
သူ၏စကားမှာ ဆေးဧကရာဇ်ခန်းမနှင့် မှော်ဘုရားကျောင်းမှလူများကို အထဲကိုလည်း ပေးမဝင်သလို အပြင်ကိုလည်း ပေးမထွက်ဘူးဟု သွယ်ဝိုက်၍ အကျဉ်းချထားခြင်းပင်။
ကျန့်လီ၏ ရိုင်းပျသော အပြုအမူကြောင့် ဆေးဧကရာဇ်ခန်းမမှလူများမှာ ဒေါသထွက်နေကြသော်လည်း ယောင်ရုံက စကားတစ်ခွန်းမျှ မဆိုသဖြင့် သူတို့လည်း ပြန်လည်မချေပရဲကြပေ။ ထို့အပြင် အစွမ်းထက်သော သိုင်းပညာရှင်အုပ်စု၏ ရှေ့တွင် အင်အားမရှိသော ဤသမားတော်များသည် မိုက်မဲစွာ မလှုပ်ရှားရဲကြချေ။ သမားတော်များ၏ ဒေါသထွက်နေသော်လည်း ငြိမ်သက်နေရသော အမူအရာကို ကြည့်ပြီး ကျန့်လီမှာ ရင်ထဲတွင် တိတ်တဆိတ် ကျေနပ်နေမိသည်။ ဆရာကြီးကျန့်အတွက် ကိစ္စရပ်များကို ယခုမှပင် ပြန်လည်ပေးဆပ်ခွင့် ရတော့မည်ဖြစ်သည်။
ဆေးခန်းမအတွင်း၌မူ ယွင်ရှန်းသည် ယန်ချန်းလန်၏ လက်ကို အာရုံစိုက်ကုသနေသည်။
"ဦးလေး... အရင်ဆုံး ဂျင်ဆင်းရွှေဆေးလုံး ကို သောက်လိုက်ပါ။ အဲ့ဒီနောက်မှာ ဒဏ်ရာတွေကို ကုသဖို့ ရွက်ကိုးလွှာဂျင်ဆင်း ကို ကျွန်မ သုံးပါ့မယ်"
ယွင်ရှန်းက ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြောလိုက်သည်။ ပြတ်တောက်သွားသော လက်တစ်ဖက်ကို ပြန်လည်ပေါက်ဖွားစေခြင်းမှာ ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်ခြင်းနှင့် တူပေသည်။ ၎င်းမှာ နုပျိုမှုကို ပြန်လည်ရယူခြင်းထက် များစွာပိုမိုခက်ခဲလှသဖြင့် ဂျင်ဆင်းရွှေဆေးလုံး တစ်မျိုးတည်းနှင့် မလုံလောက်ဘဲ ရွက်ကိုးလွှာဂျင်ဆင်းနှင့်ပါ ပေါင်းစပ်ရန် လိုအပ်သည်။
ယန်ချန်းလန်သည်လည်း ဤဆေးလုံး၏ အစွမ်းအပေါ် ဝေခွဲမရဖြစ်နေသော်လည်း ကျုံးရန်နှင့် သူ၏သားရဲတို့ အံ့ဖွယ်ပြောင်းလဲသွားသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူ၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဆေးလုံးကို မျိုချလိုက်ပြီးနောက် သူ၏ ဝမ်းဗိုက်အတွင်း၌ နွေးထွေးသော အာရုံတစ်ခု ပေါ်ပေါက်လာသည်။
နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော သူ၏ ခန္ဓာကိုယ်အတွင်းမှ ပိတ်ဆို့နေသည့် တိုက်ပွဲဝင်
စိတ်ဝိညာဉ်များမှာ အားနည်းစွာ နိုးထလာသည်။ သူ၏ သွေးကြောများအတွင်းမှ တိုက်ပွဲဝင်စိတ်ဝိညာဉ် အမျှင်တန်းလေးများမှာ တဖြည်းဖြည်း စိမ့်ထွက်လာပြီး သူ၏တစ်ကိုယ်လုံးမှာလည်း မီးရဲရဲတောက်နေသော သံပူခဲကြီးကဲ့သို့ နီရဲတောက်ပလာတော့သည်။
ချွေးများမှာ ရေတံခွန်ကဲ့သို့ စီးကျလာပြီး သူ၏ ဘယ်ဘက်လက်နှင့် ခြေထောက်များအတွင်းရှိ သွေးများမှာ ပြောင်းပြန် စီးဆင်းလာသည်။ ယွင်ရှန်းသည် လေးရာသီဖန်အပ်ထဲမှ ရေဓာတ်အပ်ကို ထုတ်ယူကာ ယန်ချန်းလန်၏ ခန္ဓာကိုယ်ကို အအေးဓာတ်ပေးရန်နှင့် ဖိနှိပ်ထားသော တိုက်ပွဲဝင်စိတ်ဝိညာဉ်များကို လွတ်မြောက်စေရန် အဆက်မပြတ် အပ်စိုက်ကုသပေးနေတော့သည်။