← Chapters

အခန်း (၂၇၆)

Vol. 27 Ch. 276

အခန်း (၂၇၆)

Vol. 27 Ch. 276

အခန်း။ ၂၇၆

ထိုစဉ်က အခြေအနေအရပ်ရပ်ကို ယွမ်ပုဖော့သည် ယနေ့တိုင်အောင်ပင် အထင်အရှား မှတ်မိနေပါသေးသည်။

နူးညံ့သိမ်မွေ့လှသော သူ၏ အစ်မကြီးသည် သူမ၏ ဦးခေါင်းမှ ခရမ်းရောင်ကျောက်စိမ်း ဆံထိုးကို ဆွဲထုတ်လိုက်ပြီး အာရုံခံစားမှုအားလုံး ကင်းမဲ့သွားသည့်အလား သူမ၏ လှပသော မျက်နှာပြင်ပေါ်၌ အရုပ်ဆိုးအကျည်းတန်လှသော ဒဏ်ရာများကို တစ်ခုပြီးတစ်ခု ကိုယ်တိုင် ရေးဆွဲခဲ့လေသည်။

သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အနားသို့ အကပ်မခံခဲ့ပေ။ အကယ်၍ တစ်စုံတစ်ဦးက ချဉ်းကပ်လာပါက သူမ၏ မှော်ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သူမသည် နာကျည်းမှုအပြည့်ဖြင့် တစ်လုံးချင်း ရေရွတ်ခဲ့သည်မှာ "ရွှမ်းဝူကျိ... နင်က ချန်းလန်ရဲ့ ဘဝကို သေတာထက် ဆိုးအောင် လုပ်ခဲ့တယ်။ ငါသာ တတ်နိုင်ရင် နင့်ရဲ့ အရေကိုခွာပြီး အရိုးကို ကြိတ်ပစ်ချင်တယ်။ ဒီတစ်သက်မှာ ငါ နင်နဲ့အတူ ဧကရာဇ်တေးသွားကို ဘယ်တော့မှ အတူတူ တီးခတ်မှာ မဟုတ်ဘူး။ ငါ ယွမ်ရှာဟူ အသက်ရှင်နေသရွေ့ ရွှမ်းယွမ်ဧကရာဇ်ဂူဘုရားကျောင်းထဲကိုလည်း တစ်လှမ်းမှ ဝင်မှာမဟုတ်ဘူး"

သူမ၏ အကြီးဆုံးသမီးကို အလွန်အမင်း ချစ်ခင်သော မိခင်ဖြစ်သူမှာ ထိုနေရာ၌ပင် မေ့လဲသွားခဲ့ရသည်။ သို့သော် မြို့စားစံအိမ်မှ လူများမှာမူ အလျှော့မပေးဘဲ ခက်ထန်မြဲ ခက်ထန်နေကြဆဲပင်။ ဤမြင်ကွင်းကို ကြည့်ရင်း ရှစ်နှစ်သားအရွယ်သာရှိသေးသော ယွမ်ပုဖော့၏ ရင်ထဲတွင် ဒေါသအဟုန်တို့ ပြင်းထန်လာခဲ့သည်။ သူသည် အမျိုးအနွယ်ဝင်များ၏ တားဆီးမှုကို ရုန်းထွက်ကာ အစ်မဖြစ်သူ ယွမ်ရှာဟူကို တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။

"ဘယ်သူမှ ငါ့အစ်မကို အတင်းအကျပ် မခိုင်းစေရဘူး။ ဒါက ဧကရာဇ်တေးသွားပဲ မဟုတ်လား။ ငါ ယွမ်ပုဖော့ ဒီနေရာမှာ ကျိန်ဆိုတယ်... ငါ့အစ်မကိုယ်စား ရွှမ်းယွမ်ဧကရာဇ်ဂူဘုရားကျောင်းထဲကို ငါဝင်မယ်။ ဟုန်ဧကရာဇ်မြို့တော်ရဲ့ ဧကရာဇ်တေးသွား ကိုးပိုင်းစလုံးကို ငါပဲ သင်ယူမယ်"

ထိုကလေးငယ်က ကြွေးကြော်ခဲ့သည်။ ၎င်းမှာ နောင်တစ်ချိန်တွင် အမှန်တကယ် ဖြစ်လာမည့် ဟောကိန်းတစ်ခုပင်။

ယွမ်မိသားစု၏ ထောက်ပံ့မှုဖြင့် ယွမ်ရှာဟူသည် ဟုန်ဧကရာဇ်မြို့တော်မှ ထွက်ခွာသွားနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ မူလက ဆိုးသွမ်းပြီး ပျင်းရိခဲ့သော ယွမ်ပုဖော့သည် ဧကရာဇ်တေးသွားကို အပြင်းအထန် ကြိုးစားအားထုတ်ကာ လေ့လာခဲ့သည်။ သူ၏ မွေးရာပါ ပါရမီမှာ ယွမ်ရှာဟူထက်ပင် သာလွန်ခဲ့ပြီး မနားမနေ ကြိုးစားမှုကြောင့် အသက် ၁၃ နှစ်အရွယ်တွင် ဧကရာဇ်တေးသွား၏ ပထမငါးပိုင်းကို ပိုင်နိုင်စွာ တတ်မြောက်ခဲ့သည်။

အသက် ၁၅ နှစ်အရွယ်တွင် ဧကရာဇ်တေးသွား၏ ဆဋ္ဌမမြောက် အပိုင်းကို နားလည်သဘောပေါက်သွားခဲ့ရာ ဟုန်ဧကရာဇ်မြို့တော်၏ သမိုင်းတလျှောက် ဆဋ္ဌမပိုင်းကို ဒီလောက်အသက်ငယ်ငယ်နှင့် တတ်မြောက်ခဲ့သည့် ပထမဆုံးသော ပါရမီရှင် ဖြစ်လာခဲ့သည်။ မြို့စားစံအိမ်မှ ရွှမ်းမိသားစုဝင်များပင်လျှင် ယွမ်ပုဖော့အား အထင်သေး၍ မရတော့ပေ။ ဤမျိုးဆက်တွင် ရွှမ်းမိသားစုမှ အမျိုးသမီးတစ်ဦးနှင့်အတူ ဧကရာဇ်ဂူဘုရားကျောင်းသို့ ဝင်ရောက်မည့်သူမှာ ယွမ်ပုဖော့သာ ဖြစ်ကြောင်း လူတိုင်းက သိရှိသွားကြသည်။

ယခုနှစ်တွင် အသက် ၁၆ နှစ် ပြည့်မြောက်ပြီဖြစ်သော ယွမ်ပုဖော့သည် ဟုန်ဧကရာဇ်မြို့တော်မှ ထွက်ခွာ၍ ခရီးလှည့်လည်ခွင့်ကို နောက်ဆုံးတွင် ရရှိခဲ့သည်။ ခရီးစတင်သည်နှင့် သူ ပထမဆုံး လုပ်ဆောင်ခဲ့သော အရာမှာ သူ၏ အစ်မဖြစ်သူ ယွမ်ရှာဟူကို လိုက်လံရှာဖွေခြင်းပင်။

ထို့ပြင် သူသည် ယန်ချန်းလန်ကိုလည်း တွေ့ဆုံချင်သည်။ ဘယ်လိုအမျိုးသားမျိုးက အစ်မဖြစ်သူအား မိသားစုကိုပင် သစ္စာဖောက်စေလောက်အောင် အစွဲအလမ်းကြီးစေခဲ့တာလဲဟူသည်ကို သူ သိချင်မိသည်။

ဒုက္ခအပေါင်းကို ကျော်ဖြတ်ပြီးနောက် ယွမ်ပုဖော့သည် ဟုန်ဧကရာဇ်မြို့တော်မှ ထွက်ခွာသွားခဲ့သော သူ၏အစ်မကြီးမှာ ဒါကျိုးနိုင်ငံ၏ တောင်ဘက်နယ်စပ်ဒေသတွင် တိတ်တဆိတ် အခြေချနေထိုင်နေကြောင်း နောက်ဆုံးတွင် စုံစမ်းသိရှိခဲ့ရသည်။

တစ်ချိန်က ဟုန်ဧကရာဇ်မြို့တော်၏ အားကျဂုဏ်ယူရသော ပါရမီရှင်မိန်းကလေး၊ မြို့စားမင်း၏ အနာဂတ်ဇနီးလောင်းအဖြစ် သတ်မှတ်ခံခဲ့ရသည့် နူးညံ့သိမ်မွေ့သော အစ်မကြီးမှာ ယခုအခါတွင်မူ နေ့စဉ်နှင့်အမျှ အပြင်သို့ထွက်ရန် ဝန်လေးနေပြီး အေးစက်တည်ငြိမ်စွာ သီးသန့်နေထိုင်တတ်သော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည်။

သူမ၏ မောင်ငယ်ဖြစ်သူ၏ ဒေါသနှင့် နာကျည်းမှုများကို ရင်ဆိုင်ရချိန်တွင် ယွမ်ရှာဟူမှာ အလွန်ပင် တည်ငြိမ်နေခဲ့သည်။ သူမသည် ပိပါကြိုးများကို ညှိရင်း သံစဉ်တစ်ခုကို တီးခတ်

လိုက်ကာ "ပုဖော့... မင်းမှာ ချစ်ရမယ့်သူ မရှိသေးဘူး မဟုတ်လား" ဟု မေးမြန်းလိုက်သည်။

ယွမ်ရှာဟူသည် သူမ၏ မောင်ငယ်အကြောင်းကို ကောင်းစွာ သိရှိသည်။ ယွမ်မိသားစု၏ တစ်ဦးတည်းသော သားဖြစ်သူ သူသည် အသက်သုံးနှစ်အရွယ်ကတည်းက မြို့တော်ရှိ မည်သူထက်မဆို သာလွန်သော ပါရမီကို ပြသခဲ့သူဖြစ်သည်။ ခန့်ညားသော ရုပ်ရည်ကြောင့်လည်း ငယ်စဉ်ကတည်းက မြို့တော်ရှိ မှူးမတ်မျိုးနွယ်စုဝင် မိန်းကလေးများ၏ ဝန်းရံအားကျမှုကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် မာနထောင်လွှားသော စရိုက်ရှိလာကာ သူ၏ အစ်မများမှလွဲ၍ အခြားအမျိုးသမီးများကို အရေးမလုပ်ဘဲ အဖိုးမတန်သကဲ့သို့ ဆက်ဆံတတ်လာခဲ့ခြင်း ဖြစ်သည်။

"မိန်းမတွေက ဘာကောင်းလို့လဲ... စာကလေးတွေလိုပဲ တကျိကျိနဲ့ ဆူညံလိုက်တာ"

ယွမ်ပုဖော့က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"မင်း တကယ်ချစ်ရမယ့်သူနဲ့ တွေ့တဲ့အခါကျရင် အစ်မရဲ့ ခံစားချက်ကို နားလည်လာလိမ့်မယ်။ ပုဖော့... အစ်မကို ကတိပေးစမ်းပါ။ ယန်ချန်းလန်ကို ဒုက္ခမပေးပါနဲ့။ ပြီးတော့ အစ်မ ဒီမှာရှိနေတာကိုလည်း သူ့ကို မပြောပါနဲ့။ သူ့နဲ့ အစ်မကြားမှာ ဟုန်ဧကရာဇ်မြို့တော်ကြီး ခံနေသလို ယန်မိသားစုစစ်တပ်က အသက်ပေါင်း တစ်ထောင်ကျော်လည်း ရှိနေတယ်။ ငါတို့နှစ်ယောက်က ဒီဘဝမှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"

ယွမ်ရှာဟူသည် ယွမ်ပုဖော့၏ မာနကြီးသော မျက်နှာကို ကြည့်ရင်း မတတ်သာသည့်အဆုံး ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။

"အစ်မကြီးကို ကျွန်တော် ကတိပေးပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင် ရွှမ်းဝူကျိလည်း ရွှမ်းမေမေ ကို ခေါ်ပြီး ခရီးထွက်လာတယ်လို့ ကြားတယ်။ ကျွန်တော်က ယန်ချန်းလန်ကို ဒုက္ခမပေးဘူးဆိုပေမဲ့ သူကတော့ ငြိမ်နေမှာ မဟုတ်ဘူး"

ယွမ်ပုဖော့က မရိုးမသား ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ အခွင့်အရေးရသည်နှင့် ယွီကျင်းမြို့သို့ သွားရောက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ရွှမ်းမောင်နှမတွေက အတော်လေး အာဏာပြတတ်တဲ့သူတွေပဲ။ ဒီတစ်ခါ သူတို့ ခရီးထွက်လာတာဟာ ယန်မိသားစုအပေါ် ကလဲ့စားချေဖို့ဆိုတာ သေချာသလောက် ရှိနေပြီ။

အကယ်၍ ယန်ချန်းလန်က ရွှမ်းဝူကျိကိုတောင် မအနိုင်ယူနိုင်ဘူးဆိုရင် သူက အစ်မကြီးနဲ့ ထိုက်တန်တဲ့သူ မဟုတ်ဘူး။

ယွမ်ရှာဟူသည် အတွေးထဲတွင် နစ်မျောနေသော မောင်ငယ်ကို ကြည့်ရင်း သူမ ယန်ချန်းလန်နှင့် စတင်ဆုံတွေ့ခဲ့သည့် အချိန်ကို ပြန်လည်အောက်မေ့မိသည်။ ထိုစဉ်က သူမသည်လည်း အသက် ၁၆ နှစ်သာ ရှိသေးသည်။

ရှစ်နှစ်တိုင်တိုင် ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း သူမသည် သူမ၏ မျက်နှာကို မသိစိတ်ဖြင့် ပြန်လည်ထိတွေ့မိသည်။ လက်ချောင်းများက ကင်းခြေများကဲ့သို့ ရှည်လျားသော အမာရွတ်များကို ထိတွေ့မိသည့်အခါ သူမ၏ မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

ချန်းလန်... ရှင် နေကောင်းရဲ့လား။ တောင်ဘက်နယ်စပ်ဒေသက ပိပါတီးခတ်သံတွေကိုတော့ ကျွန်မတို့ ဒီတစ်သက်မှာ ပြန်ကြားရတော့မှာ မဟုတ်ဘူးထင်တယ်။

ဒါကျိုးအင်ပါယာ နန်းတော်မဟာရင်ပြင်အတွင်း၌ ယန်ချန်းလန်သည် မြေပြင်ပေါ်ဝယ် ဒူးထောက်လျက် ဒါကျိုးစစ်သူကြီးတံဆိပ်တုံးကို ဦးခေါင်းထက်သို့ မြှောက်ကိုင်ကာ ကျယ်လောင်ပြတ်သားသော အသံဖြင့် လျှောက်တင်လိုက်သည်။

"ကျွန်တော် ယန်ချန်းလန်က ဒါကျိုးနိုင်ငံရဲ့ မြင်းတပ်စစ်သူကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုပါရန် အရှင်မင်းကြီးထံ ရိုသေစွာ လျှောက်ထားအပ်ပါတယ်"

ဒါကျိုးဧကရာဇ် ယီချန်ထျန်းသည် ဤစကားကို ကြားသော် မျက်မှောင်ကြုတ်သွားတော့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် အိမ်ရှေ့မင်းသား၏ အရေးကိစ္စများကို ဖြေရှင်းနေရသဖြင့် ဧကရာဇ်မှာ အလွန်ပင် စိတ်ပင်ပန်းနွမ်းနယ်နေရသူ ဖြစ်သည်။ ယနေ့တွင်လည်း မိဖုရားခေါင်ကြီးချီနှင့်အတူ အိမ်ရှေ့မင်းသား၏ အဆောင်တော်မှ အထွက်တွင်ပင် နှစ်ပေါင်းများစွာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော စစ်သူကြီး ယန်ချန်းလန် လာရောက်ခစားကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် ဧကရာဇ်သည် အိမ်ရှေ့မင်းသားအား လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် အမဲလိုက်စစ်သည်ကို ဖမ်းဆီးရန် လူလွှတ်ခဲ့ခြင်းဖြစ်သော်လည်း ထိုစစ်သည်အစား ယန်ချန်းလန် ကိုယ်တိုင် ရောက်ရှိလာခဲ့ခြင်းမှာ ထူးခြားလှသည်။

ယခင် မသန်စွမ်းမဖြစ်မီက ယန်ချန်းလန်သည် အဆင့်နှစ်ရှိ မြင်းတပ်စစ်သူကြီး ရာထူးကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယန်မိသားစု၏ သစ္စာရှိမှုနှင့် နိုင်ငံအတွက် စတေးခဲ့သော သမိုင်းကြောင်းများကို ထောက်ထား၍ ဧကရာဇ်သည် သူ၏စစ်ဘက်ဆိုင်ရာ ဘွဲ့ထူးကို ရုပ်သိမ်းခြင်း မပြုခဲ့သော်လည်း စစ်အာဏာကိုမူ ပြန်လည်သိမ်းယူခဲ့သည်။ သို့သော် ယခုအခါ ရှစ်နှစ်တိုင်တိုင် နန်းတွင်းသို့ ခြေဦးမချခဲ့သော ယန်ချန်းလန် ပထမဆုံး ပြောဆိုလိုက်သော စကားမှာ ရာထူးမှ နုတ်ထွက်လိုခြင်းပင်။

"ဝန်ကြီးယန်... မင်းရဲ့လက်က အမှန်တကယ်ပဲ ပြန်ကောင်းလာပြီလား။ အကယ်၍ ဒါက အမှန်ဆိုရင် မင်းက ဘာကြောင့် ရာထူးကနေ နုတ်ထွက်ချင်ရတာလဲ။ မင်းက ဒါကျိုးနိုင်ငံအတွက် ရှားပါးတဲ့ စစ်ဘက်ဆိုင်ရာ ပါရမီရှင်တစ်ယောက်ပဲ"

ဧကရာဇ်နှင့် နန်းတွင်းအမတ်များအားလုံးသည် ယန်ချန်းလန်၏ လက်မောင်း ပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ ကျင့်စဉ်အစွမ်းများပါ နိုးထလာသည်ကို အံ့ဩစွာ မြင်တွေ့နေကြရသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ လက်က အခုတော့ အမှန်တကယ်ပဲ ပြန်ပြီး ပျောက်ကင်းသွားပါပြီ။ ဒါပေမဲ့လည်း... လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက တောင်ဘက်နယ်စပ်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်မျိုးက သေဒဏ်နဲ့ ထိုက်တန်တဲ့သူဆိုတာကို ကိုယ့်ကိုကိုယ် နက်နက်ရှိုင်းရှိုင်း သိနေပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ ကုသိုလ်ကို ထောက်ထားပြီး အသက်ချမ်းသာခွင့် ပေးခဲ့ပေမဲ့ ကျွန်တော်မျိုးက ဝန်ကြီးတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ဖို့ ရှစ်နှစ်တိုင်တိုင် ပျက်ကွက်ခဲ့မိပါတယ်။ ဒါကျိုး ဥပဒေ အရဆိုရင်လည်း အစိုးရအမှုထမ်းတစ်ယောက်က နန်းတွင်းကို သုံးနှစ်တိုင်တိုင် လာရောက်မခစားဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်ပြီး စစ်ဆေးမေးမြန်းတာ ခံရမှာ မဟုတ်လား အရှင်မင်းကြီး..."

ယန်ချန်းလန်က အလျှော့မပေးဘဲ လျှောက်တင်သည်။

"ဝန်ကြီးယွင်... လက်ရှိမှာ ငါတို့နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ ရှားပါးနေသလို စစ်သူကြီဟောင်း ယန်ပါးဟိုကလည်း အသက်ကြီးရင့်နေပြီ။ မင်းလို ခွန်အားအပြည့်ရှိတဲ့ လူငယ်တစ်ယောက်က နိုင်ငံတော်နဲ့ မင်းရဲ့အဖေအတွက် ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေထမ်းဆောင်သင့်

တယ်။ မင်းရဲ့ နုတ်ထွက်လွှာကို ငါကိုယ်တော် ခွင့်မပြုနိုင်ဘူး"

ဧကရာဇ် ယီချန်ထျန်းက ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

ခန်းမဆောင်အတွင်း၌ ဘုရင်နှင့် အမတ်တို့သည် သူတို့၏ ရပ်တည်ချက်ကို အသီးသီး ဆုပ်ကိုင်ထားကြရာ မည်သူကမျှ အလျှော့ပေးမည့် ပုံမပေါ်ပေ။ စစ်တပ်အတွင်းသို့ ဝင်ရောက်ရန် လွယ်ကူသော်လည်း နုတ်ထွက်ရန်မှာမူ ခက်ခဲလှပေသည်။

ထိုစဉ်မှာပင်…

"အရှင်မင်းကြီး... ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ရဲ့ ဒုတိယတပ်မှူး ယန်ယွင်နဲ့ ဆင့်ခေါ်ပညာရှင် ကျုံးရန်တို့ နန်းရင်ပြင်အပြင်ဘက်မှာ ခစားဝင်ဖို့ စောင့်ဆိုင်းနေပါတယ်"

ကျုံးရန်ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ဧကရာဇ် ယီချန်ထျန်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။

"အိမ်ရှေ့မင်းသားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တဲ့ ဆင့်ခေါ်ပညာရှင် ကျုံးရန်လို့ ပြောလိုက်တာလား။ ကျုံးရန်မှာ ဘယ်လိုသတ္တိမျိုး ရှိနေလို့ ငါတို့ ဒါကျိုးအင်ပါယာဟာ အစွမ်းမဲ့နေတယ်လို့ ထင်နေရတာလဲ။ ငါ့ရဲ့ အဖိုးတန်သားတော်ကို ဒဏ်ရာရအောင် လုပ်ရုံတင်မကဘဲ အခု ဒါကျိုးနန်းတော်ထဲအထိ ရဲရဲတင်းတင်း လာပြီး ပြဿနာရှာနေတယ်ပေါ့ ကိုယ်ရံတော်တွေ... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဲ့ဒီကျုံးရန်ကို ဖမ်းဆီးကြစမ်း"

All Chapters