← Chapters

အခန်း (၉၀၃-၉၀၄)

Vol. 55 Ch. 903-904

အခန်း (၉၀၃-၉၀၄)

Vol. 55 Ch. 903-904

အပိုင်း (၉၀၃)

အချိန်မည်မျှ ကြာအောင် အိပ်ခဲ့မိသည် မသိသော်လည်း အရမ်းကြီးတော့ မကြာခဲ့ချေ။ တစ်ရက်နှင့် တစ်ညသာ ရှိခဲ့၏။ ချောင်ယောင်းအာက နိုးလာ၏။ မျက်လုံးများကို ဖွင့်၏။ သူမ၏ နတ်သမီးကဲ့သို့ ချစ်စရာ ကောင်းသည့် ကလေးငယ်လေးက သူမကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရင်း ပန်းချီဆွဲနေသည်။

ချောင်ယောင်းအာက မှင်သက်သွား၏။ သူမ ဘာလုပ်ရမည်နည်း။ ဆက်လက်ပြီး အိပ်ချင်ဟန်ဆောင်ရမည်လား။ သို့မဟုတ် ယောင်ယောင်လေး ပန်းချီဆွဲ၍ ပြီးသည်အထိ ဤအတိုင်း ငြိမ်နေရမည်လား။ သို့သော်ငြား ထိုသို့ လုပ်ဆောင်ခြင်းကလည်း သဘာဝမကျချေ။ ချောင်ယောင်းအာက ရှေ့သို့ တိုးလိုက်၏။

ယောင်ယောင်လေးက ပန်းချီကားကို ချောင်ယောင်းအာထံသို့ ကမ်းပေး၏။ ဖြူလွလွစက္ကူပေါ်တွင် အမျိုးသမီး နှစ်ဦးကို မြင်တွေ့ရ၏။ တစ်ဦးက ချောင်ယောင်းအာဖြစ်၏။ တကယ်ကို တူညီပြီး ခမ်းနား ထည်ဝါ၏။ တခြားသော တစ်ဦးကတော့ ဘုရင်မ မီဒူဆာပင်။ သူမ၏ မျက်နှာက ဝေဝါးနေဆဲ ဖြစ်သော်လည်း ဆန်းကြယ်ပြီး မှော်ဆန်သည့် အလှတရား တစ်ခုက ထင်ပေါ်နေသည်။

ယောင်ယောင်က ပါရမီရှင် တစ်ဦးပင်။ သူမက ငယ်ရွယ်သေးသော်လည်း သူမ၏ ပန်းချီလက်ရာက ရှမ့်လန် ထက်ပင် သာလွန်နေ၏။ ရှမ့်လန်က ထို့ထက် ပိုကောင်းသည့် အနုပညာရှင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမက မိခင်နှစ်ဦး၏ ပုံကို ရေးဆွဲထားခဲ့ခြင်းပင်။ မိခင်တစ်ဦးက သူမ၏ကိုယ်ခန္ဓာကို ပေးခဲ့ပြီး တခြားသော မိခင်တစ်ဦးက သူမ၏ ဝိညာဉ်နှင့် စိတ်ခွန်အားကို ပေးခဲ့၏။

သမီးဖြစ်သူ၏ ပန်းချီကားကို ကြည့်ရှုပြီးနောက် ချောင်ယောင်းအာက အချိန်အတော်ကြာ တွေဝေငေးငိုင်ပြီးမှ ဤသို့ ပြောဆိုလိုက်သည်။ “သမီးက အရမ်းတော်တာပဲ။”

ပြီးနောက် သူမက ဘာပြောရမှန်း မသိတော့ချေ။ သူမ၏ အဖိုးထိုက်တန်သည့် သမီးလေးကိုသာ တိတ်တဆိတ် ကြည့်ရှုနေမိ၏။

ယောင်ယောင်လေးက ရှမ့်လန်ပေးထားသည့် ရုဗစ်တုံးလေးကို ကမ်းပေး၏။ ချောင်ယောင်းအာကို ပေးကာ ထိုအရာကို တူညီအောင် ပြန်လည်ကာ ဆက်ခိုင်းခြင်းဖြစ်၏။ ချောင်ယောင်းအာ ကြိုးစားကြည့်သော်လည်း ရှုံးနိမ့်ခဲ့၏။ သူမက လက်လျှော့ချင်သော်လည်း သမီးဖြစ်သူ၏ စင်ကြယ်လွန်းသည့် မျက်လုံးများကို ကြည့်ရင်း လက်မလျှော့နိုင်ခဲ့ပေ။

ထိုအချိန်မှာတော့ ရှမ့်လန်က ကောင်းမွန်လွန်းသည့် အစားအစာများနှင့်အတူ ဝင်လာခဲ့၏။ ချောင်ယောင်းအာက သက်ပြင်းချပြီး ထိုရုဗစ်တုံးကို ရှမ့်လန်ထံသို့ ကမ်းပေး၏။ သူမက အမဲသားတုံးကို ယူ၍ စား၏။ ရှမ့်လန်က ရုဗစ်တုံးကို လျင်မြန်စွာ ဆက်ပေးသည်။

ထိုအချိန်မှာတော့ ချောင်ယောင်းအာက အမဲသားတုံး သုံးတုံးကို စားပြီးပြီ ဖြစ်၏။ သူမ၏ လက်ထဲရှိပြီးသား အမဲသားတုံး တစ်ဝက်ကို ထပ်စားပြီးမှ သမီးဖြစ်သူကို အရင်ကျွေးသင့်ကြောင်း သတိရသွားမိ၏။ ထို့ကြောင့် ကျန်ရှိနေသည့် အမဲသားတုံးကို ယောင်ယောင်ထံသို့ ကမ်းပေးကာ စားချင်လားဟု မေး၏။

ယောင်ယောင်က သူမ၏လျှာလေးကို ထုတ်ကာဖြင့် အရည်ကို လျက်၏။ နူးညံ့သည့် မျက်နှာလေးက ချက်ချင်းပင် ပျော်ရွှင်မှုများနှင့် လင်းလက်သွားသည်။ “မင်းရဲ့ သမီးက အထူး အစားအစာတွေကို စားရနေတာပဲ။ ရိုးရိုးအစားအစာ တွေနဲ့ သူ နဲ့ မတည့်ဘူး။”

ရှမ့်လန်က ပြော၏။ “သမီးလေး... ထမင်းစားဖို့ အချိန်ရောက်ပြီ။”

ပြီးနောက် ယောင်ယောင်က ချောင်ယောင်းအာ၏ ရင်ခွင်ထဲသို့ တိုးဝင်ထိုင်ပြီးနောက် သူမဖခင်ကျွေးသည့် အစားအစာများကို ပျော်ရွှင်စွာ စားသောက်တော့သည်။

ချောင်ယောင်းအာက မင်သက်သွား၏။ ပြီးနောက် သူမက သမီးဖြစ်သူကို အနည်းငယ် ပို၍ တင်းကျပ်စွာ ဖက်ထားမိ၏။

သူမ၏ ထူးခြားသည့် ရနံ့ကို ရှူရှိုက်ရင်း နူးညံ့သည့် ခန္ဓာကိုယ်လေးကို ခံစားကာဖြင့် ချောင်ယောင်းအာ၏ နှလုံးသား၌ အဆုံးမဲ့သည့် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့၏။ သေချာသည်က သူမသည် ထိုကဲ့သို့ ကြည်နူးဖွယ်ရာ ကောင်းသည့် ခံစားချက်များကို ရရှိနေသည်။

ယောင်ယောင်လေး စားသည့် အစားအစာများက တကယ်ကို ထူးခြား၏။ ထိုအရာက ပါဝင်ပစ္စည်း ဆယ်မျိုးကျော်ဖြင့် ပြုလုပ်ထားခဲ့ခြင်းပင်။ အရသာက လုံးဝ ကင်းမဲ့နေ၏။ သူမက ထမင်းကို ဤအတိုင်းသာ စားရသည်။ ပြောင်းလဲ၍ မရနိုင်ချေ။

ဘုရင်မမီဒူဆာ ထွက်ခွာသွားသည့် အချိန်တွင် အစားအစာ ချက်နည်းများကို ထားခဲ့၏။ သူမ၏ ချက်နည်းများကို မည်သည့် အမှားအယွင်းမှ မရှိဘဲ တိတိကျကျ လိုက်နာရန် မှာကြားထားခဲ့သေးသည်။ သို့သော်ငြား အစားအစာများက အရသာကင်းမဲ့နေသော်လည်း ယောင်ယောင်လေးက စိတ်ဝင်တစားဖြင့် စားသောက်နေဆဲပင်။ သူမက လိမ္မာလွန်းသောကြောင့် လူသားတို့၏ နှလုံးသားကို နာကျင်မှုများပင် ဖြစ်စေ၏။

ထိုအချိန်မှာတော့ ရှမ့်လန်က ယောင်ယောင်လေး၏ ကိုယ်ရည်ကိုယ်သွေးက ချောင်ယောင်းအာနှင့် အလွန်ပင် ဆင်တူကြောင်း တွေ့ရှိရ၏။ သူတို့နှစ်ဦးက စကားပြောရသည်ကို မနှစ်သက်ကြချေ။ စကားမပြောတတ်ခြင်း မဟုတ်ဘဲ စကားလုံးများကို ရွှေကဲ့သို့ တန်ဖိုးထားကြခြင်း ဖြစ်သည်။

သို့သော်ငြား သူမက မီဒူဆာ၏ ဉာဏ်ပညာနှင့် အမူအရာများကို အမွေရထား၏။ အထူးသဖြင့် ထိုကြီးမား လွန်းသည့် မျက်လုံးကြီးများနှင့် မျက်လုံးဝန်းကြီးများက ထူးခြားသည့်အဓိပ္ပာယ်များကို ဖော်ပြနိုင်၏။ သူမကိုယ်တိုင်က ဇီဝဝိညာဉ်တစ်ခုဖြစ်သော အံ့ဖွယ်ရာ တစ်ခုကဲ့သို့ပင်။

.......................

ယောင်ယောင်လေးက မင်းသမီးဒိုဟာ၏နောက်သို့ လိမ္မာစွာ လိုက်ပါသွားခဲ့ပြီး ပင်လယ်ပြင်ကို ကြည့်ရှု၏။ မြက်တဲလေးထဲတွင်တော့ ရှမ့်လန်နှင့် ချောင်ယောင်းအာတို့သာ ကျန်ရှိခဲ့၏။ ချောင်ယောင်းအာက ရေချိုးပြီး မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်၏။ သူမက ပို၍ လှပလာဆဲပင်။ အနည်းဆုံး သူမ၏ ဆံပင်များက ပို၍ ရှည်လာ၏။

သူမက ကျပ်ထုပ်နေသည့် ဘရာဇီယာနှင့် သားရေဘောင်းဘီတိုလေးကို ဝတ်ဆင်ထား၏။ ကိုယ်လုံး ကိုယ်ပေါက်က တကယ်ကို ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် ရှည်လျားလွန်းသည့် ခြေတံနှစ်ချောင်းက သေစေလောက်အောင်ပင်။ သူမက သူမ၏ ဆံပင်ကို အနည်းငယ် လှုပ်ယမ်းကြည့်လိုက်သည်။

ဘုရင်မမီဒူဆာနှင့် ဆင်တူသည့် ခံစားချက်များကို ရှာဖွေနေသကဲ့သို့ပင်။ ထိုကဲ့သို့သော နတ်ဆိုးဆန်သည့် ဆွဲဆောင်မှုမျိုး ရှိနေသေးသည်လား ဆိုသည်ကိုပင်။ သို့သော်ငြား သူမက ချက်ချင်းပဲ လက်လျှော့လိုက်၏။ ထိုအရာက သူမ၏ပုံစံမဟုတ်ချေ။ ပြီးနောက် ခေတ္တမျှ ဝေခွဲမရသလို ဖြစ်နေ၏။ ဆံပင်ကို ချက်ချင်း ညှပ်ပစ်သင့်သည်လား။ သို့သော်ငြား မညှပ်ရန် ဆုံးဖြတ်လိုက်မိ၏။ ဤအတိုင်းကလည်း အတော်လေး ကောင်း၏။ ထူးခြားရန် ကွဲပြားမှုများကို လိုအပ်နေသည် မဟုတ်ပါလား။

ပြီးနောက် သူတို့နှစ်ဦးက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင် ထိုင်နေမိ၏။ သူတို့က အရင်းနှီးဆုံး သူစိမ်းများပင်။ အချိန် အတော်ကြာပြီးနောက် ချောင်ယောင်းအာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းကို ရေးပြီးပြီလား။”

“မင်း ဒါကို စဉ်းစားနေတုန်းပဲလား။”

“ဟုတ်တယ်။”

“ရေးလို့ပြီးပြီ။ အရှေ့လောကကို ပြန်ရောက်ရင် မင်းကိုပြမယ်။”

ရှမ့်လန်က ပြောသည်။ “ကျင်းမူကုန်း ရေးထားတာ ဆိုပေမဲ့ သူက ငါ့ထက်တောင် ပိုပြီးတော့ စိတ်အားထက်သန်စွာ ရေးခဲ့တာပဲ။”

“ကောင်းပြီ။” ချောင်ယောင်းအာက ခွန်းတုံ့ပြန်၏။

ပြီးနောက် သူတို့နှစ်ဦးလုံးက ထပ်မံ တိတ်ဆိတ်သွားခဲ့၏။ ခဏအကြာမှာတော့ သူမက မေးသည်။ “ဘယ်တော့ ပြန်ကြမလဲ။”

ရှမ့်လန်က ပြော၏။ “ဟယ်လင်နဲ့ ဆော်ရွှန်တို့ရဲ့ တိုက်ပွဲပြီးရင် အနောက်လောကရဲ့ အခြေအနေက ပြီးပြတ်သွားမယ်။ အဲဒီအချိန်ကျရင်ပေါ့။”

ချောင်ယောင်းအာက တစ်စုံတစ်ခုကို ပြောချင်သော်လည်း ဝေခွဲမရ ဖြစ်နေပုံပေါ်၏။ နောက်ဆုံးမှာတော့ သူမက ခေါင်းညိတ်ရုံသာ ညိတ်သည်။

နှစ်ယောက်လုံးက ထပ်မံ တိတ်ဆိတ်သွားခဲ့၏။ ခဏအကြာမှာတော့ ရှမ့်လန်၏ လက်များက စတင်ကာ ဆိုးသွမ်းလာခဲ့၏။ ချောင်ယောင်းအာ၏ အသက်ရှူသံများက တဖြည်းဖြည်းနှင့် ပြင်းထန်လာခဲ့၏။

ရှမ့်လန်က သူမ၏နှုတ်ခမ်းကို နမ်း၏။ ပြီးနောက် သူမက ရုတ်တရက်လှည့်ပြီး ရှမ့်လန်ကို မြေပေါ်သို့ တွန်းချလိုက်၏။ နှစ်ဦးသားနားလည်မှုနှင့်အတူ ပြောစရာမလိုသောအရာတစ်ခုကို ပြုလုပ်ရပေတော့မည်။

.......................

ချောင်ယောင်းအာနှင့် ရှမ့်လန်နှစ်ဦးက ဖျာပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး တိတ်ဆိတ်ငြိမ်သက်နေကြ၏။ သူမတွင် ပြောစရာများစွာ ရှိခဲ့၏။ ဥပမာအားဖြင့် သူမ၏ ဘဝတာဝန်များ အကြောင်းပင်။ သူမက လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင် များစွာ အကြောင်းအရာများကို ကြုံတွေ့ခဲ့ရသော်လည်း ဘဝ၏အဓိပ္ပာယ်က ပို၍ ဝေဝါးလာသကဲ့သို့ ရှိသည်။

ရှမ့်လန်ကတော့ လက်ရှိအကြောင်းအရာကို စဉ်းစားနေဆဲပင်။ ချောင်ယောင်းအာက တကယ်ကို ထူးခြား၏။ ထို့ကြောင့် ရှမ့်လန်က မေး၏။ “နောက်တစ်ကြိမ် ကြိုးစားချင်သေးလား။”

ချောင်ယောင်းအာ ခဏလောက် မှင်သက်သွား၏။ ပြီးနောက် ခေါင်းညိတ်ပြသည်။ “အင်း။”

.......................

နောက်ထပ် အချိန်အတန်ကြာ ကုန်ဆုံးသွားခဲ့၏။ ရှမ့်လန်က ခွေးတစ်ကောင်ကဲ့သို့ပင် အားအင်ကုန်ခမ်းလျက် ရှိပြီး အမောဖောက်နေ၏။ တစ်နာရီတိတိပင် အနားယူခဲ့ရ၏။

“ဘုရင်မမြို့တော်ကို အရင် ပြန်ကြမလား။” ရှမ့်လန်က မေးသည်။

“ကောင်းပြီ။” ချောင်ယောင်းအာက ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွား၏။

နှစ်နာရီကျော် အကြာမှာတော့ ရှမ့်လန်က ချောင်ယောင်းအာနှင့် ကလေးလေးတို့ကို ဘုရင်မမြို့တော်ဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။ ချောင်ယောင်းအာက ယခင် ချောင်ယောင်းအာအတိုင်းပင်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်ကိုပဲသွားသွား သူမ၏ ကိုယ်ရည်ကိုယ်သွေးက ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

.......................

ယခု ဘုရင်မမြို့တော်က အတိုင်းအဆမရှိသည့် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ ဤသည်က ရှီလွန်မင်းဆက်၏ နှစ်ပေါင်းတစ်ရာ သမိုင်းတွင် အကြီးအကျယ်ဆုံးသော အခိုက်အတန့် ဖြစ်ပေ၏။ ဘုရင်နှစ်ပါး တို့က ဤနေရာတွင် သမိုင်းဝင် တွေ့ဆုံပွဲတစ်ခုကို ကျင်းပပေးတော့မည်။

မင်းသမီးဟယ်လင်က တောင်ဘက်မှ ဘုရင်မမြို့တော်ဆီသို့ ရောက်ရှိလာပြီး ဆော်ရွှန်က မြောက်ဘက်မှ ရောက်ရှိလာပေလိမ့်မည်။ သူတို့နှစ်ဦးက တစ်လမ်းမှ ပိုမသွားခဲ့သလို တစ်လမ်းမှလည်း လျော့မသွားခဲ့ချေ။ နောက်ဆုံး ဗဟိုတည်နေရာတွင် တွေ့ဆုံကြ၏။

“မင်းသမီးဟယ်လင် သက်တော်ရာကျော် ရှည်ပါစေ။”

မရေတွက်နိုင်သည့် တောင်ပိုင်းတော်ဝင်မျိုးနွယ်များက ကြွေးကြော်ကြပြီး ဘုရင်မမြို့တော်၏ ပြည်သူများ ကလည်း ဆန္ဒပြသကဲ့သို့ပင် ကြွေးကြော်နေကြသည်။

“မင်းသားဆော်ရွှန် သက်တော်ရာကျော် ရှည်ပါစေ။”

မြောက်ဘက်ပိုင်းမှ မှူးမတ်များနှင့် မြောက်ဘက်ပိုင်း စစ်သည်များက အရှုံးမပေးဘဲ အင်ပြည့်အားပြည့်နှင့် နှုတ်ဆက်လျက် ရှိနေချေ၏။ နှစ်ဖက်စလုံးမှ အသံများက ပိုမိုကာ ကျယ်လောင်လာခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ပင် နားကွဲလုမတတ် ရှိ၏။

လူသန်းပေါင်းများစွာတို့က ဤသမိုင်းဝင် တွေ့ဆုံပွဲကို မျက်မြင် တွေ့ရှိခဲ့ကြ၏။ ဤတွေ့ဆုံပွဲက အနောက် လောကတစ်ခုလုံး ၏ ကံကြမ္မာကို အကြွင်းမဲ့ဆုံးဖြတ်ပေးမည် ဖြစ်သောကြောင့်ပင်။ တွေ့ဆုံမှုအတွက် တောင်နှင့်မြောက် တို့က သူတို့၏ အင်အားများကို ထုတ်ဖော်ခဲ့ကြသည်။

တောင်ဘက်ပင်လယ်ပြင်တွင် မရေတွက်နိုင်သည့် သင်္ဘောများက ရှီဝါမြို့ရှိရာဘက်သို့ ခမ်းနားထည်ဝါစွာ စုဝေးလာကြ၏။ မရေတွက်နိုင်သည့် တောင်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များက သူတို့၏ မိသားစု စစ်တပ်များကို ဦးဆောင်ပြီး ဘုရင်မမြို့တော်ရှိရာဆီသို့ တစ်ခဲနက် စုဝေးလာ၏။

မြောက်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များကလည်း အရှုံးမပေးချေ။ မိသားစုတိုင်းက သူတို့၏ စစ်သည်များကို ခေါ်ဆောင်လာခဲ့ပြီး ရူးသွပ်စွာဖြင့် စုစည်းနေကြသည်။

တခြားသောသူများကိုမဆိုနှင့် ဒီဘိုရာ တစ်ဦးတည်း ကပင်လျှင် အသူရာလှိုင်းပြည်နယ် စစ်သည်ပေါင်း ၂ သိန်း ၃ သောင်းကို စုစည်းခဲ့၏။ အင်ပါယာ၏ တောင်ဘက်ပိုင်းတစ်ခုလုံးက မင်းသမီးဟယ်လင်ကို ရူးသွပ်စွာဖြင့် ထောက်ခံနေကြသည်။ ထို့ကြောင့် ဒီဘိုရာက သူမ၏ ယုံကြည်မှုကို အစွန်းအထင်း မခံနိုင်ကြချေ။

ဤညှိနှိုင်းဆွေးနွေးမှု၌ သဘောတူညီချက်မရရှိပါက ချက်ချင်း စတင်တိုက်ခိုက်ကြပေလိမ့်မည်။ စစ်ပွဲစသည်နှင့် တောင်ဘက်ပိုင်း တစ်ခုလုံးက ယခင်ကလို သဲသောင်ပြင်ပေါ်တွင် ပြန့်ကျဲနေသည့် စုန်းအင်ပါယာကဲ့သို့ ရှိနေမည် မဟုတ်ချေ။ အားလုံးက သေချာပေါက် စုစည်းကြပေလိမ့်မည်။ သူတို့က တူညီသည့် အကျိုးစီးပွားအတွက် နောက်ဆုံး သွေးတစ်စက်ကျန်သည့်အထိ တိုက်ခိုက်ကြပေလိမ့်မည်။

စစ်ပွဲစသည်နှင့် ရှီလွန်အင်ပါယာ၏ သမိုင်းတွင် ကြောက်မက်ဖွယ်ရာကောင်းဆုံးသော ပြည်တွင်းစစ်ကြီး ဖြစ်ပေလိမ့်မည်။ ပါဝင်သည့် စစ်သည်အရေအတွက်က အတိုင်းအဆမရှိသည့် အရေအတွက် ဖြစ်မှာဖြစ်ပြီး ဤကဲ့သို့သော စစ်ပွဲမျိုးက နှစ်အနည်းငယ်ကြာအောင် တိုက်ခိုက်ခြင်းမပြုဘဲ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။ ရှီလွန်အင်ပါယာ လုံးဝ ပျက်စီးသွားသည့်အထိပင် တိုက်ခိုက်နိုင်၏။ ထိုသို့တိုက်ခိုက်ရန် ဝံ့ရဲမှသာလျှင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် နေရာရှိပေလိမ့်မည်။

“သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

……..

မိုင်ပေါင်းရာချီသည့် မြေပြင်တစ်ခုလုံးက ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ပင် ရှိ၏။ မင်းသမီး ဟယ်လင်က သူမ၏ စစ်မြင်းကို စီးပြီး နန်းတော်၏ အဝင်မုခ်ဦးဆီသို့ တစ်လှမ်းချင်း တက်လှမ်းလာ၏။

ရှမ့်လန်နှင့် ချောင်ယောင်းအာတို့ ရောက်ရှိလာချိန်မှာတော့ မင်းသမီးဟယ်လင်က သန်းနှင့်ချီသည့် လူများ၏ ကာကွယ်မှုအောက်တွင် နန်းတော်ဆီသို့ လမ်းလျှောက်နေခဲ့သည်။

ရှမ့်လန်က သူ၏မျက်နှာကို မပြသဘဲ ဘေးမှသာ တစိမ့်စိမ့် ကြည့်ရှုနေ၏။ သူက ဟယ်လင်၏မောင် ဖြစ်သော်လည်း ရှီလွန်အင်ပါယာ၏ ပြည်တွင်းရေးကို ဝင်ရောက်စကားပြောပိုင်ခွင့် မရှိချေ။ ထိုအခိုက်အတန့်မှာတော့ အနောက်လောကက အနောက်လောကအတွက်ဖြစ်ပြီး အရှေ့လောကက အရှေ့လောကအတွက် ဖြစ်ကြောင်း ခံစားလိုက်မိ၏။ မည်မျှ မြင့်မြတ်သည့်ဧည့်သည်ဖြစ်ပါစေ ဧည့်သည်က ဧည့်သည်သာဖြစ်ပြီး အိမ်ရှင်၏ နေရာကို လုယူ၍ မရချေ။

…………….

လူသန်းပေါင်းများစွာတို့၏ ရှေ့မှောက်မှာတော့ ဟယ်လင်နှင့် ဆော်ရွှန်တို့က နန်းတော်တစ်ခုတည်းသို့ တပြိုင်နက်တည်း ဝင်ရောက်ပြီး တွေ့ဆုံကြ၏။ နှစ်ဦးစလုံး၏ နောက်ကွယ်ရှိ အင်အားက ထပ်တူပင်။ တစ်ဖက်၌ မြောက်ပိုင်းမှ တော်ဝင်မျိုးနွယ် ထောင်ပေါင်းများစွာရှိပြီး အခြားတစ်ဖက်တွင် တောင်ပိုင်းမှ တော်ဝင်မျိုးနွယ် ထောင်ပေါင်းများစွာ ရှိ၏။ နှစ်ဖက်လုံးက ယဉ်ကျေးပျူငှာနေကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် ရန်လိုနေကြဆဲပင်။

“ဟယ်လင်… မတွေ့ရတာ ကြာပြီနော်။”

“ဆော်ရွှန်… မတွေ့ရတာ ကြာပြီ။”

“ဒီတော့ မင်းနဲ့ငါနဲ့ တိုက်ခိုက်ကြရအောင်လား။”

“ကောင်းပြီ။”

“ကြည့်ရှုနေသူ အားလုံး အပြင်ထွက်ပေးကြပါ။”

ချက်ချင်းပဲ မြောက်ပိုင်းနှင့် တောင်ပိုင်းမှ တော်ဝင်မျိုးနွယ်အားလုံးတို့က နန်းတော်မှ ထွက်ခွာသွားခဲ့ကြပြီး နန်းတော်တစ်ခုလုံးကို ဟယ်လင်နှင့် ဆော်ရွှန်တို့အတွက် အပ်နှံထား၏။ ဤသည်က လက်ရည်စမ်းပွဲ တစ်ခုဖြစ်ပြီး အသေအလဲ တိုက်ပွဲတစ်ခု မဟုတ်ပေ။

ဘုရင်မနန်းတော်က ရှီလွန်အင်ပါယာ၏ ဗိသုကာဆိုင်ရာ အံ့ဖွယ်ရာတစ်ခုဖြစ်ပြီး အနုပညာရတနာတစ်ခုလည်း ဖြစ်၏။ မည်သူ ရှီလွန်အင်ပါယာ၏ အင်ပါယာဖြစ်လာသည်ဖြစ်စေ ဘုရင်မနန်းတော်ကို ဖျက်ဆီး၍ မဖြစ်ပေ။ သို့မဟုတ်ပါက သူတို့က ရှီလွန်အင်ပါယာ၏ အပြစ်သား ဖြစ်ပေလိမ့်မည်။ တစ်နည်းအားဖြင့် ဤအရာက လက်ရည်စမ်းပွဲ၏ စည်းမျဉ်းများနှင့် နယ်ပယ်ကို ကန့်သတ်ထားခြင်းပင်။

“ကဲ စကြရအောင်။”

ဟယ်လင်နှင့် ဆော်ရွှန်တို့က တိုက်ခိုက်ကြတော့၏။ ဤသည်က လူသန်းပေါင်းများစွာ မျက်မြင်တွေ့ရှိရသည့် ထူးခြားသော တိုက်ပွဲတစ်ခု ဖြစ်သော်လည်း မည်သူကမှ သူတို့၏မျက်စိဖြင့် တိုက်ရိုက် မမြင်တွေ့ရချေ။ ဆော်ရွှန်နှင့် ဘုရင်မ မီဒူဆာတို့ တိုက်ခိုက်စဉ်က လောကပျက်လုမတတ် ပြင်းထန်ခဲ့ပြီး ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုနိုင်၏။ မည်သူမှ မမြင်ခဲ့ရသော်လည်း ကောင်းကင်နှင့် မြေကြီးက အသိသက်သေ ဖြစ်ခဲ့ပြီး နှင်းတောင်တစ်ခုလုံးက ယခုထိ နှင်းများဖြင့် ပြန်လည်ကာ မပြည့်စုံသေးချေ။

ဟယ်လင်နှင့် ဆော်ရွှန်တို့၏ တိုက်ပွဲကတော့ တည်ငြိမ်သယောင်ရှိ၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါခြင်း မရှိသလို ဓားချင်းထိတွေ့သံပင် မကြားရချေ။ သို့သော်လည်း တိုက်ပွဲ၏ ပြင်းထန်မှုကို လူတိုင်းက ခံစားရ၏။

အကြောင်းရင်းမှာ လေထုက တုန်ခါနေခဲ့ပြီး နန်းတော်၏အထက်မှ တိုက်ပွဲ၏ အရှိန်အဝါကို ခံစားမိ၏။ သေချာသည်က သူတို့နှစ်ဦးစလုံးက ဟင်းလင်ပြင်ကို ဖျက်ဆီးနိုင်အောင် အစွမ်းထက်သည့် သိုင်းပညာရှင်များ မဟုတ်ကြချေ။ သို့ပေမည့် သူတို့ ထုတ်ဖော်လိုက်သည့် အရှိန်အဝါများက ကြမ်းတမ်းလွန်းလှ၏။ လေထုတစ်ခုလုံး ကပင် ပူနွေးနေသည်။

ဘုန်း... ဘုန်း...

လေထုက တုန်ခါနေ၏။ တိတ်တဆိတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသကဲ့သို့ပင်။ တည်နေရာတစ်ခုလုံးက တုန်ခါလျက်ရှိ၏။ မြေပြင်တုန်ခါနေသည်ကို ခံစားရသော်လည်း ထိုအရာက လက်ဖက်ရည်ခွက် အတွင်း၌ လှိုင်းဂယက်များ ဖြစ်ပေါ်သည့် အခြေအနေတစ်ခုကဲ့သို့ပင်။

လူပေါင်းများစွာတို့က နန်းတော်ကို မော့ကြည့်ရင်း တိုက်ပွဲ၏ရလဒ်ကို စောင့်စားနေ၏။ ကလေးငယ်များပင်လျှင် မျက်လုံးဝိုင်းကြီးများဖြင့် စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြ၏။

…………….

အပိုင်း (၉၀၄)

တစ်နာရီကြာပြီးနောက် ဆော်ရွန်က ပထမဦးဆုံး ထွက်လာ၏။ သူက မြောက်ပိုင်းရှိ တော်ဝင်မျိုးနွယ်များနှင့် သိန်းနှင့်ချီသည့် မြောက်ပိုင်းစစ်တပ်၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့ခြင်းပင်။

“မင်းသား ဆော်ရွှန်၊ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။” သိန်းနှင့်ချီသည့် လူများက ချက်ချင်းပဲ ကြွေးကြော်လိုက်ကြ၏။

ဆော်ရွှန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ် ဒီတိုက်ပွဲမှာ အနိုင်မရခဲ့ဘူး။”

မြောက်ပိုင်း တော်ဝင်မျိုးနွယ်အားလုံးက မှင်သက်သွားခဲ့၏။ ဘာကိုဆိုလိုသနည်း။ အနိုင်မရခဲ့ဘူး ဟုတ်လား။ မင်းသားဆော်ရွှန်က အနောက်ဘက်လောကတွင် အရှုံးမရှိသည့် လူတစ်ယောက် မဟုတ်ပါလား။ ကိုယ်တိုင် မြို့တစ်ခုလုံးကို ဖျက်ဆီးခဲ့သူ မဟုတ်ပါလား။ မင်းသမီးဟယ်လင်က ထိုမျှလောက် အစွမ်းထက်နေလေသည်လား။

ပြီးနောက် မင်းသမီးဟယ်လင်က သိန်းနှင့်ချီသည့် တောင်ပိုင်းသားများ၏ ရှေ့၌ ပေါ်ပေါက်လာခဲ့၏။

“မင်းသမီးဟယ်လင်… သက်တော်ရာကျော် ရှည်ပါစေ။ မင်းသမီးဟယ်လင်… သက်တော်ရာကျော် ရှည်ပါစေ။” ထိုသူတို့က မြောက်ပိုင်း၏ အရှိန်အဝါကို ဖိနှိပ်နိုင်ရန် ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ပင် အားသွန်ခွန်စိုက်နှင့် ကြွေးကြော် နေကြသည်။

မင်းသမီးဟယ်လင်က တည်ငြိမ်အေးဆေးသည့် လေသံဖြင့် ပြော၏။ “ဒီတိုက်ပွဲမှာ ကျွန်မ ရှုံးနိမ့်ခဲ့တယ်။”

သူမနှင့် ဆော်ရွန်တို့က လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည့် ရလဒ်ကို ပြောဆိုခဲ့ကြခြင်းပင်။ တောင်ဘက်ပိုင်းရှိ လူအုပ်ကြီးက မှင်သက်သွား၏။ ပြီးတော့ ယခင်ကထက် ပိုမို ကျယ်လောင်သည့်အသံဖြင့် အော်ကြသည်။ “မင်းသမီးဟယ်လင်… သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

သူတို့က ကြွေးကြော်နေကြ၏။ တောင်ပိုင်းသားတို့၏ နှလုံးသားထဲတွင် မင်းသမီးဟယ်လင်က ဆော်ရွန်မင်းသားကို အနိုင်ယူနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးတောခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်၏။ သူမအား သူတို့အတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ပေးရန်သာ မျှော်လင့်ခဲ့ကြခြင်းပင်။

ဗီတာမျိုးနွယ်စုက ရှီလွန်လူမျိုးတို့၏ အုပ်ချုပ်မှုကို ဖြုတ်ချလိုခြင်းမရှိဘဲ သူတို့၏ စိတ်အစဉ်က ရှီလွန်လူမျိုးတို့ကို ကိုးကွယ်ဆည်းကပ်ကြ၏။ သူတို့က မိမိဂုဏ်သိက္ခာနှင့် ရပိုင်ခွင့်များအတွက်သာ တိုက်ပွဲဝင်လိုကြခြင်းပင်။

“မင်းသမီးဟယ်လင်… သက်တော်ရာကျော် ရှည်ပါစေ။” သူမက ရှုံးနိမ့်သည်ဟု ဝန်ခံခဲ့သော်လည်း ပြည်သူတို့၏ ထောက်ခံအားပေးမှုက ယခင်ကထက်ပင် ပိုမိုကာ ခိုင်မာလာခဲ့၏။

…………….

လက်ရည်စမ်းပွဲ အပြီးမှာတော့ ဆွေးနွေးပွဲများ စတင်ရန် အချိန်ရောက်လာ၏။ ထိုအရာက သံတမန်ရေးရာ ဆွေးနွေးပွဲ မဟုတ်သောကြောင့် အဖွဲ့အစည်းများ မလိုအပ်ချေ။ အုပ်စိုးသူ နှစ်ယောက်အကြား ပြောဆိုရမည့် စကားဝိုင်းမျှသာလျှင်။

မင်းသမီးဟယ်လင်နှင့် ဆော်ရွန်တို့က နန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး ဆွေးနွေးပွဲကို စတင်၏။ မည်သည့်စစ်သည်မှ မရှိသလို သူတို့နှစ်ဦး ဘာတွေပြောကြသည်ကိုလည်း မည်သူကမှ မသိနိုင်ပေ။ ဆွေးနွေးပွဲက ရှီလွန်အင်ပါယာ၏ ကံကြမ္မာကို အကြွင်းမဲ့ ဆုံးဖြတ်ပေးပေမည်။

တတိယ ရှီလွန်အင်ပါယာကို တည်ထောင်နိုင်မည်လား။ တောင်နှင့်မြောက် ကွဲပြားသွားမည်လား။ သို့မဟုတ် ပြန်လည်ပေါင်းစည်းမည်လား။ ပြည်တွင်းစစ် ဖြစ်ပွားမည်လား သို့မဟုတ် ငြိမ်းချမ်းရေး ရရှိမည်လား။ ဘာတစ်ခုမှ သေချာ မသိချေ။ အကယ်၍ ဆွေးနွေးပွဲတွင် သဘောတူညီမှုသာ မရရှိပါက မကြုံစဖူး ပြင်းထန်သည့် ပြည်တွင်းစစ်ကြီး ဖြစ်လာပေလိမ့်မည်။

...................

အမှန်စင်စစ်အားဖြင့် ထိုစဉ်က ကမ်းခြေတွင် ရှိနေစဉ် မင်းသမီးဟယ်လင်မှာ ဆော်ရွှန်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ချောင်ယောင်းအာက ရှမ့်လန်ကို ပြောပြချင်ခဲ့သည်။ သို့သော်ငြား သူမက ထပ်မံ စဉ်းစားပြီးနောက် မပြောရန်သာ ဆုံးဖြတ်ထား၏။ ဟယ်လင် မည်မျှသန်မာသည်ဖြစ်စေ ဆော်ရွန်လောက်တော့ သန်မာလိမ့်မည် မဟုတ်ကြောင်း သူမက သိရှိထားသည်။

ဒီဘိုရာက ရုတ်တရက် ပြော၏။ “ဒါ ကျွန်မ ထင်ထားတာနဲ့ တော်တော်လေး ကွဲပြားနေတယ်။”

သူမက ဟယ်လင်နှင့် ဆော်ရွန်တို့ အသေအလဲ တိုက်ခိုက်ခဲ့ကြပြီး တစ်ဦးသာ အသက်ရှင်ကျန်ရစ်မည်။ ကျန်ရစ်သူက ရှီလွန်အင်ပါယာ ဖြစ်လာလိမ့်မည်ဟု တွေးထားခဲ့ခြင်းပင်။ ယခု ထိုသို့ ဖြစ်မလာခဲ့ချေ။

သို့သော်ငြား အခြေအနေက ရှမ့်လန် တွေးတောထားသည့်အတိုင်းပင် ဖြစ်သည်။

“ရှင် အရှေ့လောကကို ပြန်တဲ့အချိန်ကျရင် ဘာတွေဖြစ်လာမှာလဲ။” ဒီဘိုရာက မေးမြန်းလိုက်၏။

“အသေအကြေ တိုက်ပွဲဝင်ရမှာပေါ့။ နောက်ဆုံး သွေးတစ်စက် ကျန်တဲ့အထိ ပေးဆပ်ရမယ်။ စစ်တပ်တွေ အကုန်လုံး ချေမှုန်းခံရမလား ဒါမှမဟုတ် တော်ဝင်ရန်အင်ပါယာပဲ ပျက်စီးသွားမလား ... တစ်ခုခု ဖြစ်လိမ့်မယ်။” ရှမ့်လန်က ပြတ်သားစွာ ပြောလိုက်သည်။

“ရှီလွန်အင်ပါယာရဲ့ တောင်နဲ့မြောက်ကြားမှာ ကြီးမားတဲ့ အက်ကြောင်းတွေနဲ့ ပဋိပက္ခတွေ ရှိတယ်ဆိုပေမဲ့ သူတို့က မိသားစုတစ်ခုတည်းပဲ။ အာဏာမက်တဲ့သူတွေအတွက်တော့ သေချာပေါက် အသေအလဲ တိုက်ကြမှာပေါ့။ ဒါပေမယ့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ကသာ အရည်အချင်းရှိတဲ့အပြင် သတ္တိလည်းရှိမယ်ဆိုရင် နိုင်ငံအတွက် တစ်ဦးကိုတစ်ဦး သည်းခံကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ တူညီတဲ့ အကျိုးစီးပွားတွေ ရှိနေလို့ပဲ။”

“ငါနဲ့ တော်ဝင်ရန်အင်ပါယာကြားက ပဋိပက္ခကတော့ ဒီလို ညှိနှိုင်းနေလို့မရဘူး။ လောကကြီး ပျက်စီးမသွားသရွေ့ အဆုံးထိ တိုက်ရမှာပဲ။ ဘာလို့လဲဆိုတော့ ငါတို့ကြားမှာ ရန်ငြိုးတွေတင် မကဘူး၊ မူဝါဒပိုင်းဆိုင်ရာ ပဋိပက္ခတွေပါ ရှိနေလို့ပဲ။”

ဟယ်လင်နှင့် ဆော်ရွှန်ကြားမှ ပဋိပက္ခက အဆုံးစွန်ဆုံး ရှီလွန်မိသားစုအတွင်းမှ ပြဿနာသာဖြစ်၏။ ရှမ့်လန်က ဆော်ရွန်အကြောင်းကို များစွာမသိရှိသော်လည်း ဟယ်လင်အကြောင်းကိုတော့ ကောင်းစွာ သိရှိထား၏။ ဤအခိုက်အတန့်မျိုး၌ သူမအတွက် ရှီလွန်အင်ပါယာ၏ အကျိုးစီးပွားကသာ ပထမ၊ တောင်ပိုင်းသားတို့၏ အကျိုးစီးပွားက ဒုတိယဖြစ်ပြီး သူမ၏ကိုယ်ပိုင်အကျိုးစီးပွားကတော့ အရေးကို မပါချေ။

ထို့ကြောင့် ဤဆွေးနွေးပွဲက အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။ အဖြစ်အပျက်တစ်ခုက ထိုအရာကို ရှင်းလင်းစွာ သက်သေပြနေ၏။ မြို့စားကြီးရပ်လ်ဆဲ၏ စစ်သည်များက ရှီဝါမြို့မှ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ပြီး စစ်သည်အားလုံး တို့က ဘုရင်မမြို့တော်၏မြောက်ဘက်သို့ ပြန်သွားကြကာဖြင့် ရှီဝါမြို့ကို ရှီဝါမြို့စားထံသို့ အလုံးစုံ အပ်နှံလိုက်ကြ၏။

ထိုတင်မကသေးချေ။ မြောက်ဘက်ပိုင်း စစ်သည်အားလုံးနီးပါးတို့က တောင်ဘက်ပိုင်းဒေသမှ ဆုတ်ခွာ သွားခဲ့ကြ၏။ အရေးကြီးသည့် ဆွေးနွေးပွဲအားလုံးက စားပွဲဝိုင်းသို့ မရောက်ရှိခင်မှာပင် အဖြေထွက်ပြီးသား ဟူသည့် အဓိပ္ပာယ်ပင်။

....................

နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် ဟယ်လင်နှင့် ဆော်ရွှန်တို့၏ ဆွေးနွေးမှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအကြိမ်တွင် ထူးခြားစွာဖြင့် လူနှစ်ဦးလုံးက တပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ပထမဦးဆုံး ဟယ်လင်က ဆော်ရွန်၏နောက်မှ လိုက်ပါလာသည်။

ဆော်ရွန်က တည်ငြိမ်စွာဖြင့် ပြော၏။ “ရှီလွန်အင်ပါယာက ပြည်တွင်းစစ်ကို မလိုလားဘဲနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ တတိယ ရှီလွန်အင်ပါယာ တည်ထောင်ကြောင်း ကျုပ် ကြေညာလိုက်တယ်။”

မင်းသမီးဟယ်လင်ကလည်း ပြောသည်။ “တတိယ ရှီလွန်အင်ပါယာရဲ့ ဧကရာဇ်ဆော်ရွန်ရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်ဖို့ ကျွန်မ သဘောတူတယ်။ တောင်ပိုင်းဒေသတစ်ခုလုံးကလည်း ဆော်ရွန်ပေါ် သစ္စာစောင့်သိဖို့ အသင့်ရှိတယ်။”

ထိုစကားကိုကြားချိန်မှာတော့ မြောက်ပိုင်းသားများက တခဲနက် ကြွေးကြော်ကြ၏။

“ဧကရာဇ် ဆော်ရွန်.... သက်တော်ရာကျော် ရှည်ပါစေ။ တတိယ ရှီလွန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။” မြောက်ပိုင်းသား တို့က သူတို့ အလိုရှိသည့် သတင်းစကားကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

................

ပြီးနောက် ဆော်ရွှန်နှင့် ဟယ်လင်တို့က နန်းတော်၏ တောင်ဘက်ခြမ်းသို့ ထွက်လာကာဖြင့် တောင်ဘက်ပိုင်းမှ လူအုပ်ကြီးနှင့် ရင်ဆိုင်၏။

တောင်ဘက်ပိုင်းသားတို့က အသက်ပင် မရှူဝံ့ဘဲ ဆော်ရွန်ကို စိုက်ကြည့်နေသည်။

ဆော်ရွန်က ကျယ်လောင်စွာဖြင့် ပြော၏။ “တောင်ပိုင်းက တော်ဝင်မျိုးနွယ်နဲ့ ပြည်သူတို့.. တတိယ ရှီလွန်အင်ပါယာ ကို တည်ထောင်ကြောင်း ကျုပ် ကြေညာလိုက်တယ်။”

တောင်ပိုင်းသားတို့က တိတ်ဆိတ်ဆဲ တိတ်ဆိတ်နေဆဲပင်။ ဆော်ရွန်က ဆက်လက်ကာ ပြောသည်။ “တောင်ဘက်ပိုင်းက တော်ဝင်မျိုးနွယ်အားလုံးက တရားဝင်သလို ဂုဏ်သိက္ခာနဲ့ ပြည့်စုံသူတွေလည်း ဖြစ်တယ်။ ဒုတိယရှီလွန်အင်ပါယာရဲ့ ဧကရီဟယ်လင်က အင်ပါယာအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေကို လုပ်ဆောင် ခဲ့တယ်။

ရှီလွန်အင်ပါယာ တစ်ခုလုံးအနေနဲ့ မြောက်ဘက်မှာပဲဖြစ်ဖြစ်၊ တောင်ဘက်မှာပဲဖြစ်ဖြစ် မျှတတဲ့ သုံးသပ်ချက် တွေ ပေးရလိမ့်မယ်။ ခင်ဗျားတို့ အရင်က ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို ဆက်လက် ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်သလို ဒီထက်ပိုပြီးတော့ ရရှိစေရမယ်။”

ထိုသို့ ပြောလိုက်သော်လည်း တောင်ပိုင်းသားတို့က တိတ်ဆိတ်နေကြဆဲပင်။

ဆော်ရွန်က ဆက်လက်ကာ ပြော၏။ “ဟယ်လင်… မင်းကို ရှီလွန်အင်ပါယာရဲ့ ဒုတိယဧကရာဇ်အဖြစ် တာဝန်ယူပြီး တောင်ပိုင်းဒေသ တစ်ခုလုံးကို အုပ်ချုပ်ပေးဖို့ ကျုပ် တောင်းဆိုပါတယ်။”

မင်းသမီးဟယ်လင်က ဦးညွှတ်သည်။ “အမိန့်တော်အတိုင်းပါပဲ ဧကရာဇ်။”

ထိုအချိန်မှာတော့ သိန်းနှင့်ချီသည့် တောင်ပိုင်းသားတို့က လေတိုက်ခံရသည့် ဂျုံခင်းကြီးအလားပင် စနစ်တကျ ဒူးထောက်လာကြတော့၏။ “အင်ပါယာ ဆော်ရွှန်… သက်တော်ရာကျော် ရှည်ပါစေ။ ဧကရီ ဟယ်လင်.. သက်တော်ရာကျော် ရှည်ပါစေ။”

ယခု သူတို့က မိမိ အလိုရှိသည့် ရလဒ်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ “တတိယ ရှီလွန်အင်ပါယာ၊ သက်တော်ရာကျော် ရှည်ပါစေ။”

နန်းတော်၏ တောင်ဘက်နှင့် မြောက်ဘက်ရှိ သိန်းနှင့်ချီသည့် လူအုပ်ကြီးက တပြိုင်နက် ကြွေးကြော်ကြ၏။ ထိုအသံက မိုးခြိမ်းသံကဲ့သို့ပင် တိမ်တိုက်များကို ဖောက်ထွက်၍ ပဲ့တင်ထပ်သွားစေ၏။

ရှမ့်လန်က အဆိုးဆုံးအခြေအနေကို ကြိုတင်တွေးဆနိုင်ခဲ့ရုံမက ဒီဘိုရာကိုယ်တိုင်ပင်လျှင် လွန်ခဲ့သည့် လအနည်းငယ်က ထိုသို့ ဆုံးဖြတ်ချက်ချခဲ့ဖူး၏။ ဟယ်လင်က ရှီလွန်အင်ပါယာ၏ ဒုတိယဧကရာဇ် ဖြစ်လာလိမ့်မည်ဟု သူမ ထိုစဉ်တည်းက ကောက်ချက်ချခဲ့သည်။

ထိုအရာက အင်ပါယာတစ်ခုတည်းတွင် မူဝါဒနှစ်ခုကို ယာယီကျင့်သုံးခြင်းနှင့် အတူတူပင်။ အကယ်၍ မမှားပါက တောင်ဘက်ပိုင်းရှိ မူဝါဒများက တဖြည်းဖြည်း ပြောင်းလဲလာကာဖြင့် မြောက်ဘက်ပိုင်းသို့ ယိုင်နဲ့လာပေလိမ့်မည်။

ထိုအရာက ဆယ်စုနှစ်တစ်ခုထက် အချိန်ယူရမှာဖြစ်ပြီး ကျွန်စနစ်ကို ဖျက်သိမ်းခြင်း၊ လူမျိုးစုကြားမှ အတားအဆီး များကို ဖြိုဖျက်ပြီး ရှီလွန်လူမျိုးနှင့် ဗီတာလူမျိုးတို့ကြား လက်ထပ်ထိမ်းမြားခြင်းကို ကျင့်သုံးလာကြပေလိမ့်မည်။ နောက်ဆုံး တောင်နှင့်မြောက်က တရားဝင် ပြန်လည်ပေါင်းစည်းသွားပေလိမ့်မည်။

ထိုကဲ့သို့ လက်ထပ်ထိမ်းမြားခြင်းအားဖြင့် ပေါင်းစည်းခြင်းက ထိရောက်မှု ရှိနိုင်မည်လား။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် လူဖြူနှင့် လူမဲကြားတွင် ဆိုပါက သေချာပေါက် အရေးနိမ့်ပေလိမ့်မည်။ သို့သော်လည်း ရှီလွန်လူမျိုးနှင့် ဗီတာလူမျိုးတို့ကြားတွင်ဖြစ်သောကြောင့် အောင်မြင်မှုနှုန်းက တကယ်ကို မြင့်မား၏။

တစ်ဦးက အသားဖြူပြီး အခြားတစ်ဦးက အသားညိုသည် ဆိုစေကာမူ နှစ်ဖက်လုံး၏ လူမျိုးနွယ်များက ဆင်တူကြ၏။ ဆံပင်အရောင်နှင့် မျက်နှာသွင်ပြင်တို့ကလည်း အနည်းငယ် တူညီ၏။ ထိုအရာက ဥရောပ တိုက်သားများနှင့် တောင်အမေရိကတိုက်သားများ ပေါင်းစည်းခြင်းနှင့် ဆင်တူပေလိမ့်မည်။

ရုပ်ရည်သွင်ပြင်အရ ကြည့်မည်ဆိုလျှင် လူမျိုးစုပေါင်းစည်းရေးအတွက် အတားအဆီးများက သေးငယ်လွန်း၏။ ဥပမာအားဖြင့် အမေရိကတွင် တောင်အမေရိကတိုက်သားများက ခွဲခြားဆက်ဆံခံနေရဆဲ ဖြစ်သော်လည်း လူဖြူများနှင့် လက်ထပ်ထိမ်းမြားသူ များပြားစွာရှိသလို အချို့က လူ့အဖွဲ့အစည်း ထိပ်တန်းအလွှာသို့ပင် ရောက်ရှိနေ၏။ သို့သော်လည်း လူဖြူနှင့် လူမဲကြားတွင်တော့ လက်ထပ်ထိမ်းမြားမှုက တကယ်ကို နည်းပါး၏။ လူဝါနှင့် လူဖြူကြားတွင်လည်း ထိုနည်းလည်းကောင်းပင်။

ဤနေရာတွင်တော့ တတိယ ရှီလွန်အင်ပါယာကို တရားဝင် တည်ထောင်နိုင်ခဲ့ပြီဖြစ်၏။ ပေါင်းစည်းနေသည့် လောကကြီးက ကွဲပြားရမြဲဖြစ်သလို ကွဲပြားနေသည့် လောကကြီးကလည်း ပြန်လည်ပေါင်းစည်းရမြဲပင်။

ဒုတိယ ရှီလွန်အင်ပါယာ ပြိုကွဲပြီးနောက် ဆယ်စုနှစ်အနည်းငယ်အကြာတွင် နောက်ဆုံး ပြန်လည် ပေါင်းစည်းခြင်း ဆီသို့ ဦးတည်နိုင်ခဲ့၏။ ဤနေရာတွင် ရှီလွန်အင်ပါယာ၏ ကွဲပြားမှုက တရားဝင် ပြီးဆုံးသွားခဲ့သည်။

ရှမ့်လန်က ကြွေးကြော်လျက်ရှိနေသည့် လူပေါင်းများစွာတို့ကို ကြည့်ရှုနေ၏။ ဤသည်က တတိယ ရှီလွန်အင်ပါယာ ၏ အမျိုးသားနေ့ပင် ဖြစ်ပေလိမ့်မည်။ သူ၏အစ်မ ဟယ်လင်၏ ကြီးမားသည့် ရည်မှန်းချက်က ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး အောင်မြင်မှုများ ရရှိသွား၏။

ထို့နောက် ရှမ့်လန်၏ လက်စားချေရေး ရည်မှန်းချက်က နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းရပေတော့မည်။ ရှမ့်လန်က ယောင်ယောင်လေးကို ပွေ့ချီသည်။

“သမီးလေး… တို့တွေ အိမ်ပြန်ကြရအောင်။ တို့တွေ အရှေ့လောကကို ပြန်ကြမယ်။ မင်းရဲ့ မောင်လေး၊ ညီမလေးတွေကို သွားတွေ့ကြရအောင်။”

ယောင်ယောင်က ခေါင်းညိတ်ပြ၏။ “အိမ်ပြန်ကြရအောင်။”

........................

ဤသည်က အနောက်လောက၏ ဇာတ်သိမ်းခန်းပေလား။ ယာယီအားဖြင့်တော့ ဟုတ်ပေ၏။ သို့သော်ငြား ရန်ငြိုးရန်စများက ကျန်ရှိနေဆဲပင်။ ရှမ့်လန်နှင့် ဆော်ရွန်တို့ကြားမှ ရန်ငြိုးပင်ဖြစ်၏။ တစ်ခါက ဘုရင်မ မီဒူဆာကို ဒူးထောက်၍ သူ၏ မိဖုရားအဖြစ် အညံ့ခံရန် သို့မဟုတ် အသေခံရန် ဆော်ရွန်က ပြောဆိုခဲ့ဖူး၏။ ဘုရင်မမီဒူဆာက ရှမ့်လန်၏ မိန်းမမဟုတ်သော်လည်း သူမက ယောင်ယောင်၏ တခြားသော မိခင်တစ်ဦး ဖြစ်သည်။

စိတ်သဘောထား သေးသိမ်သည့် ယောက်ျားတစ်ယောက်အနေဖြင့် ရှမ့်လန်က ဤရန်ငြိုးကို မှတ်ထားမှာ ဖြစ်ပြီး လက်စားလည်း ချေရပေလိမ့်မည်။ သို့သော်ငြား ယခုမဟုတ်သေးချေ။ ယခင်တုန်းက ရှမ့်လန်သည် မင်းသမီးဟယ်လင်ကို ထီးနန်းရအောင် ကူညီရန် စဉ်းစားခဲ့သော်လည်း သူမနှင့် တွေ့ဆုံပြီးနောက်မှာတော့ ဟယ်လင်၏ ဆန္ဒကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရ၏။

ဟယ်လင်က ရှီလွန်အင်ပါယာ၏ ဧကရာဇ်ဖြစ်လာရန် ဆန္ဒမရှိခဲ့ချေ။ သူမက ရှီလွန်အင်ပါယာ၏ တောင်ဘက်ပိုင်း ကို ကာကွယ်ရန်၊ သူမ၏အဘွားဖြစ်သူ ဧကရီဟယ်လင်၏ ပြုပြင်ပြောင်းလဲမှုများကို ကာကွယ်ရန်နှင့် ရှီလွန်အင်ပါယာ ပြိုကွဲမှုကို တားဆီးရန်သာ အလိုရှိခဲ့သည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဟယ်လင်က ရှမ့်လန်၏ အကူအညီ မလိုအပ်ချေ။ အနည်းဆုံးတော့ ယခုအချိန်တွင် ဖြစ်၏။ အရှေ့က အရှေ့၊ အနောက်က အနောက် ဖြစ်သောကြောင့်ပင်။ ဤသည်က ဒီဘိုရာ၏ အတွေးသာမက မင်းသမီးဟယ်လင်၏ အတွေးလည်း ဖြစ်နိုင်၏။

ဟယ်လင်က ခိုင်မာသည့် မိမိကိုယ်ပိုင်ဆန္ဒ ရှိသူဖြစ်သောကြောင့် မည်သို့မှ ပြောင်းလဲသွားမည့် လူမျိုး မဟုတ်ချေ။ သူမက နင်ကျန်းနှင့် မတူပေ။ နင်ကျန်းက အားနည်းသောကြောင့် ရှမ့်လန်က သူ့ကို တစ်လှမ်းချင်း ပံ့ပိုးပေးခဲ့ရ၏။ ဟယ်လင်ကမူ အစောကြီးတည်းက အလွန်သန်မာခဲ့သလို ရှီလွန်အင်ပါယာ တောင်ဘက်ပိုင်းတစ်ခုလုံး၏ ထောက်ခံမှုကိုလည်း ရရှိထားသူဖြစ်သည်။

ထိုအရာကို ရှင်းလင်းစွာ တွေ့မြင်ပြီးနောက် ရှမ့်လန်က သံသယဖြစ်ဖွယ်ရာများကို ရှောင်ရှားရန် ရှီလွန်အင်ပါယာ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ချေ။ ရွှဲ့ပြည်နယ်တွင်ရှိစဉ်က ရှမ့်လန်က ရွှယ်မိသားစု၊ အိမ်ရှေ့စံနင်ယီတို့နှင့် ရန်သူဖြစ်ခဲ့၏။ လက်စားချေရန် သူက နင်ကျန်းကို ပံ့ပိုးပေးခဲ့ပြီး နင်ကျန်း၏ အမည်ကို အသုံးချကာဖြင့် ရွှယ်မိသားစုကို ဖျက်ဆီး၏။ နင်ယီကို ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့၏။

ထို့ကြောင့် အကယ်၍ သူသာ ဆော်ရွန်ကို လက်စားချေလိုပါက မင်းသမီးဟယ်လင်၏ အမည်နာမကို အသုံးပြုရလိမ့်မည်။ ထီးနန်းလုပွဲတွင် ဆော်ရွန်ကို အနိုင်ယူပြီး အမြစ်ပြတ် ချေမှုန်းရမည်။ သို့သော်ငြား ယခု ဟယ်လင်က သူ၏အကူအညီကို မလိုအပ်ချေ။ မောင်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ရှမ့်လန်က မည်သည့်အချိန်တွင် ရှေ့ကို တိုးရမည်၊ မည်သည့်အချိန်တွင် နောက်ကိုဆုတ်ရမည်နှင့် မည်သည့်အချိန်တွင် စည်းမကျော်ရမည်ကို သိရှိထားသည်။

သွေးသောက်ဘာရွန်နှင့် ဖြစ်ပွားခဲ့သည့် ပင်လယ်ဓားပြတိုက်ပွဲကို သူ မှတ်မိသေး၏။ ရှမ့်လန်က သွေးသောက်ဘာရွန်နှင့် သူ၏ သောင်းချီသည့် ပင်လယ်ဓားပြများကို သတ်ဖြတ်ခဲ့၏။ သူ၏ လုပ်ရပ်က မင်းသမီးဟယ်လင်၏ စိတ်ရင်းနှင့် ဆန့်ကျင်နေသော်လည်း သူမက ရှမ့်လန်၏လုပ်ရပ်များကို ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်းများ မလုပ်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာက ရှမ့်လန်၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်ဟု သူမ ယူဆထားသောကြောင့်ပင်။ ရှမ့်လန် ဘာပဲလုပ်လုပ် သူမအနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။

တစ်နည်းအားဖြင့် ရှမ့်လန်တွင်လည်း အနောက်လောကရှိ မင်းသမီးဟယ်လင်၏ ဆုံးဖြတ်ချက်များကို ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိချေ။ ဤအခြေအနေ၌ ရှမ့်လန်က ဆော်ရွှန်ကို လက်စားချေရန် အရည်အချင်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

သူက ယခု မည်သူဖြစ်သနည်း။ သူက အနောက်လောကတွင် နေထိုင်နေသည့် အရှေ့တိုင်းသား တစ်ဦးပင်။ သူ၏ တရားဝင် အဆင့်အတန်းမှာ ပြည်နှင်ဒဏ် ခံစားနေရသည့် တော်ဝင်ချန်အင်ပါယာ၏ အရှင်သခင် ဖြစ်သည်။ ထို့အပြင် သူက ယခုအချိန်တွင် မင်းသမီးဟယ်လင်၏ ကာကွယ်မှုအောက်တွင် ရှိနေပြီး ရှီလွန်အင်ပါယာ၏ ကျေးဇူး ကို ရယူထားသူပင်။

ဆော်ရွန်က ရှီလွန်အင်ပါယာ၏ အရှင်သခင်ဖြစ်ပြီး ရှမ့်လန်က ဧည့်သည်ပင်။ ဧည့်သည်တစ်ဦးအနေဖြင့် အိမ်ရှင်ကို လက်စားချေပိုင်ခွင့် ရှိပါမည်လား။ သူ့၌ ထိုကဲ့သို့သော အရည်အချင်းမျိုး မရှိချေ။ ရှမ့်လန်က မည်သည့်အချိန်တွင် အာဏာ လက်ဝယ်ရရှိမည်နည်း။

အရှေ့လောကသို့ ပြန်ရောက်ပြီး နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ပါက တရားဝင် အရှင်သခင်တစ်ဦး ဖြစ်လာပြီး ဆော်ရွန်နှင့် တန်းတူသည့် အဆင့်အတန်း ရှိလာပေမည်။ ထိုအချိန်သို့ ရောက်မှသာလျှင် လက်စားချေ နိုင်ပေလိမ့်မည်။ သူ၏ရည်မှန်းချက်က လောကတွင် ရန်ငြိုးမရှိစေရန် ဖြစ်သောကြောင့် သေချာပေါက် သူ၏ ရန်သူစာရင်းထဲတွင် ပါဝင်သော ဆော်ရွန်ကလည်း သေချာပေါက် ပျောက်ကွယ်ရပေလိမ့်မည်။

.......

All Chapters