← Chapters

အခန်း (၉၀၇-၉၀၈)

Vol. 55 Ch. 907-908

အခန်း (၉၀၇-၉၀၈)

Vol. 55 Ch. 907-908

အပိုင်း (၉၀၇)

ခုနစ်ရက်အကြာ မင်္ဂလာရှိသည့် နေ့တစ်နေ့မှာတော့ ထွက်ခွာရမည့်နေ့သို့ တရားဝင် ရောက်ရှိလာခဲ့၏။ ရှမ့်လန်က အမေဇုန်စစ်တပ်၊ ဦးခေါင်းခွံစစ်တပ်နှင့် အရှုံးမရှိသည့် သင်္ဘောအုပ်စုကြီးကို ဦးဆောင်ကာ အနောက်လောကမှ ထွက်ခွာသွားလေတော့သည်။

“ယောက်ျား... ကျမရဲ့စကားကို မမေ့နဲ့။ ကျွန်မတို့ ရော့ဆိုမိသားစု ရှေ့ဆက်ပြီး တိုးတက်နိုင်ဖို့ဆိုတာ ယောက်ျား အပေါ်မှာ မူတည်နေတယ်။ ကျွန်မတို့ရဲ့သား မင်းသားအဆင့်ထိ တိုးမြှင့်ခံရဖို့ ဆိုတာလည်း ယောက်ျားအပေါ်မှာပဲ မူတည်နေတယ်။ ပြီးတော့ ကျွန်မဆီကို စာရေးဖို့ မမေ့နဲ့အုံး။”

ဤသည်က ဒီဘိုရာ၏ နောက်ဆုံးနှုတ်ဆက်စကားများ ဖြစ်၏။

ရှမ့်လန်က သူမ၏ ဝမ်းဗိုက်လေးကို အသာအယာ ပွတ်သပ်ပေးပြီးနောက် ဦးခေါင်းခွံဂိုဏ်း၏ ပင်မစစ်သင်္ဘောကြီး ရှိရာဆီသို့ လျှောက်လှမ်းသွားလေသည်။

“သွားကြရအောင်။”

ရှမ့်လန်၏ အမိန့်တော်အတိုင်းပင် တကယ် ကြီးမားလွန်းသည့် ရေတပ်အုပ်စုကြီးက အရှေ့ဘက် လောကဆီသို့ ဦးတည်ကာ ရွက်လွှင့်၏။ ထိုအချိန်မှာတော့ ကုန်းမြေပေါ်၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ မင်းသမီးဟယ်လင်က မြင်းဖြူကြီးတစ်ကောင်ကို စီးနင်းပြီး နောက်မှ လိုက်ပါလာခဲ့ခြင်းပင်။ မဟုတ်သေးပေ။ ယခုအချိန်၌ သူမကို ရှီလွန်အင်ပါယာ၏ ဒုတိယဧကရာဇ်ဟု ခေါ်ဆိုရပေလိမ့်မည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်အတန်းအရ လှိုင်းတံပိုးများပေါ်တွင် တိုက်ရိုက်လမ်းလျှောက်ကာဖြင့် ရှမ့်လန်၏ သင်္ဘောဆီသို့ လာနိုင်သော်လည်း သူမက ထိုသို့မလုပ်ခဲ့ချေ။ ထို့အစား ရှမ့်လန်၏ ရေတပ်အုပ်စုနှင့်အပြိုင် ကုန်းပေါ်မှ မြင်းစီး၍ လိုက်ပါလာ၏။ ရှမ့်လန်၏သင်္ဘောများ မည်မျှ မြန်မြန်ရွက်လွှင့်စေကာမူ သူမက မြင်းကို အရှိန်တင်ကာ လိုက်ပါလာခဲ့၏။

ဤသို့နှင့် သူမက ရှမ့်လန်အား အသူရာလှိုင်းပြည်နယ်၏ အစွန်အဖျားထိ လိုက်လံပို့ဆောင်ပေးခဲ့၏။ မိုင်ပေါင်း ၂၀၀ ကျော် ခရီးကို လိုက်လံပို့ဆောင်ပြီးနောက် သူမက ရှမ့်လန်အား လက်ဝှေ့ယမ်း နှုတ်ဆက်သည်။

“နှုတ်ဆက်ပါတယ် မောင်လေး.... ငါ့ရဲ့ ချစ်လှစွာသော မောင်လေး... မောင်လေးကို မုန်းလို့ မဟုတ်ပါဘူး။ မောင်လေးကို အစ်မ တကယ်ချစ်ပါတယ်။ အပြစ်မတင်ပါနဲ့။”

ရှမ့်လန်က သူ၏သမီးလေးကို ရင်ထဲတွင် ပွေ့ပိုက်ပြီး ကုန်းမြေပေါ်တွင် ရှိနေသည့် မင်းသမီးဟယ်လင်ကို လက်ဝှေ့ယမ်း နှုတ်ဆက်၏။

“နှုတ်ဆက်ခဲ့ပါတယ် အစ်မ... ကျုပ် အစ်မကို အပြစ်မတင်ပါဘူး။ တကယ်ပါ။”

................

ထိုအချိန်မှာတော့ အသူရာလှိုင်းပြည်နယ်၏ အနောက်ဘက် အကျဆုံး မီးပြတိုက် အထက်တွင် အမျိုးသမီး တစ်ဦးရှိနေပြီး သူမက ပင်လယ်ပြင်ကို ငေးကြည့်ရင်း တိတ်တဆိတ် လက်ဝှေ့ယမ်းနေ၏။ သူမက ရှမ့်လန်၏ ချစ်သူဟောင်းဖြစ်သော မုဆိုးမဟေးလ်ပင် ဖြစ်သည်။

“နှုတ်ဆက်ပါတယ် ကျွန်မရဲ့ အချစ်ဦး။”

ဟေးလ်က မိမိဘာသာ တီးတိုးရေရွတ်၏။ “အရှေ့ဘက်လောကရောက်ရင် ရှင့်ရဲ့ဆန္ဒတွေ တကယ်ပဲ ပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်တစ်ချိန်မှာ တစ်ခါတစ်ရံ ဆိုသလို ကျွန်မကို သတိရပေးနိုင်ရင် ကျေနပ်ပါပြီ။”

ပြီးနောက် သူမက ရှမ့်လန်၏ ရေတပ်ကြီး ပင်လယ်ပြင်အဆုံး၌ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေသည်။

…………….

ရွှဲ့ပြည်နယ်၏ မြို့တော် ထျန်းရွှဲ့မြို့...

အေးစက်စက် နန်းဆောင်တစ်ခုအတွင်းမှာတော့ ရွှဲ့ပြည်နယ်၏ ဘုရင်ဟောင်း နင်ယွမ်ရှန်းက တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် ထိုင်နေရှာ၏။ သူ၏ ပါကင်ဆန်ရောဂါက ပိုမိုကာ ဆိုးရွားလာခဲ့၏။ လမ်းလျှောက်ရန် မဆိုထားနှင့် မတ်တပ်ပင် မရပ်နိုင်တော့ချေ။ လက်ကိုပင် မမြှောက်နိုင်ရှာတော့ပေ။ သူ၏ ခန္ဓာကိုယ်က အချိန်ပြည့် တုန်ယင်နေ၏။

သူက အသက် ၆၀ ကျော်အရွယ်သာ ရှိသေးသော်လည်း အသက် ၈၀ အရွယ် အဖိုးကြီးကဲ့သို့ ဖြစ်နေ၏။ ဆံပင် အားလုံးက ဖြူသလောက်ဖြစ်နေပြီး ဆံပင်နက်ဟူ၍ပင် သိပ်မကျန်တော့ချေ။ အမျိုးသမီးတစ်ဦးက ရေနွေးဝတ်ကို ညှစ်၍ နင်ယွမ်ရှန်း၏ ခြောက်သွေ့နေသည့် ခန္ဓာကိုယ်ကို အသာအယာ သုတ်ကာ ရေပတ်တိုက်ပေးသည်။

သူမက ပျံ့ဖေး မဟုတ်ဘဲ ဆဋ္ဌမမင်းသား၏ မယ်တော် မိဖုရားကြီးစု ပင် ဖြစ်၏။ ထိုအချိန်မှာတော့ နင်ယွမ်ရှန်းက အရိုးနှင့်အရေသာ ကျန်တော့သည်အထိ ပိန်ချုံးနေ၏။ ခန္ဓာကိုယ်ကို ရေပတ်ဝတ်နှင့် သုတ်သင်ပြီးနောက် မိဖုရားကြီးစု က သူ့ကို အဝတ်အစားများ ပြန်လည်ဝတ်ဆင်ပေးပြီး စာဖတ်ပြ၏။

နင်ယွမ်ရှန်းက မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ သူ၏ မျက်ဝန်းများက အရောင်အဝါ ကင်းမဲ့နေ၏။ ခန္ဓာကိုယ်ကမူ ဆက်တိုက် တုန်ယင်နေ၏။ တစ်ခါတစ်ရံ တံတွေးများပင် ယိုကျတတ်သေး၏။ တစ်နာရီကျော်ကြာသည်ထိ စာဖတ်ပြီးနောက် အမျိုးသမီးက အနည်းငယ် မျက်မှောင်ကြုတ်မိ၏။ အဘယ်ကြောင့် အစားအသောက်များ ရောက်ရှိ မလာရသေးသနည်း။ နာရီဝက်ခန့်ပင် ကြာနေသည်။

နောက်ထပ် ၁၅ မိနစ်ခန့်ကြာချိန်မှာတော့ အပြင်ဘက်မှ ခြေသံများကို ကြားရ၏။ လူရိပ်တစ်ခုက ဝင်လာပြီး နင်ယွမ်ရှန်း၏ အရှေ့၌ ဒူးထောက်၏။ “အဖေ့ကို ကန်တော့ပါတယ်။”

ထိုသူက လက်တစ်ဖက်သာရှိသော ယခင်အိမ်ရှေ့စံ နန်းကျနင်ယီပင် ဖြစ်၏။ သူက ကျင်းကျွင်း၏ ဖမ်းဆီးချုပ်နှောင်ခြင်း ကို ကာလရှည်ကြာ ခံခဲ့ရသူပင်။

“ကျုပ် အဖေ့အတွက် စားစရာတွေ ယူလာပေးတာပါ။” နင်ယီက ပြောသည်။

မိဖုရားကြီးစုက စိုးရိမ်တကြီးဖြင့် ပြော၏။ “နင်ယီ... မင်းမှာ ဒီလိုစိတ်ရှိတာပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့ဘာသာပဲ ကျွေးပါရစေ။”

နင်ယီက ပြောလိုက်သည်။ “သားတစ်ယောက်အနေနဲ့ အဖေ့အပေါ် သိတတ်ရမှာပါ။ အဖေ့ကို အစားကျွေးရတာ ဘာများ ခက်လို့လဲ။”

မိဖုရားကြီးစုက ကြောက်ရွံ့စွာဖြင့် ဘေးသို့ ဆုတ်ပေး၏။ ပြီးနောက် နင်ယီက လက်တစ်ဖက်ဖြင့် ဆန်ပြုတ် တစ်ပန်းကန်ကို ယူ၍ စားပွဲပေါ်တင်၏။ သူက ဆန်ပြုတ်ကို တစ်ဇွန်းခပ်ပြီး နင်ယွမ်ရှန်းအား ခွံ့ကျွေး၏။

နင်ယွမ်ရှန်းက မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ သူက ပင်ကိုဗီဇအတိုင်း ပါးစပ်ဟကာ ဝါးနေခဲ့၏။ သူက ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမျှ သတိမပြုမိတော့ဘဲ မိန်းမောတွေဝေနေပုံပေါ်သည်။

“အဖေ သိလား။ ရွှဲ့ပြည်နယ်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီ။ အခုကစပြီး ဝန်ကြီးအဖွဲ့ပဲ ရှိတော့တယ်။ ကျူးဟုန်ကျူးက နောက်တစ်ကြိမ် ဝန်ကြီးအဖွဲ့ရဲ့ အဓိက အကြီးအကဲ ဖြစ်လာခဲ့ပြန်ပြီ။”

နင်ယွမ်ရှန်းက တုံ့ပြန်ခြင်း မရှိသေးချေ။ နင်ယီက နင်ယွမ်ရှန်းကို ဆန်ပြုတ်တစ်ဇွန်းပြီး တစ်ဇွန်း ဆက်၍ ခွံ့ကျွေး နေ၏။ နင်ယွမ်ရှန်းက စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် မျိုချနေ၏။

“ဒါနဲ့ အဖေ... ချင်နိုင်ငံက ပျက်သုဉ်းသွားပြီ။ အာယုနာနာရဲ့ အရိုင်းအစိုင်း နိုင်ငံလေ။ ဘုရင်မ အာယုနာနာက ထွက်ခွာသွားခဲ့ပြီး မကြာခင်မှာပဲ ချင်နိုင်ငံထဲမှာ ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။ စစ်ပွဲက တစ်နှစ်ကျော်လောက် ကြာတယ်။ မျိုးနွယ်စုခေါင်းဆောင်တွေက ထီးနန်းအတွက် အသည်းအသန် တိုက်ခိုက်ခဲ့ကြတာပဲ။ အခုတော့ ချင်နိုင်ငံ က သမိုင်းရဲ့ မြစ်ကျဉ်းထဲမှာ လုံးဝကို ပျောက်ကွယ်သွားရပြီ။

ကျုပ် မှတ်မိသလောက်ဆိုရင် အဖေက အဲဒီနိုင်ငံအတွက် အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့တယ် မဟုတ်လား။ အခု အဲဒီနိုင်ငံ ပျက်စီးသွားခဲ့ပြီဆိုတော့ အဖေ ဘယ်လို ခံစားရလဲ။”

နင်ယွမ်ရှန်းက ဘာမှမသိသလိုပင် ငြိမ်သက်နေဆဲ ဖြစ်၏။

“ပြီးတော့ မင်းသားကျင်းရဲ့ နန်အိုနိုင်ငံရော၊ တာ့နန်နိုင်ငံပါ ကျရှုံးသွားခဲ့ပြီ။ သဲကန္တာရလူရိုင်းမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် တည်နေရာကိုလည်း ကောင်းကင်ပင်လယ် နန်းဆောင်က သိမ်းပိုက်သွားခဲ့ပြီ။

အဖေ မသိလောက်ဘူး။ မင်းသားကျင်း အာဏာရလာခဲ့တာ အဲဒီ အမွေနှစ် တည်နေရာထဲကို မတော်တဆ ဝင်သွားခဲ့လို့ပဲ။ ကျန်းလီ စူးစမ်းပြီးသားနေရာမို့လို့ သူက အလွယ်တကူ ဝင်ရောက်သွားနိုင်ခဲ့တာ။ ကျုပ်လည်း တွေးနေမိတယ်။ မင်းသားကျင်းက ဘယ်လိုလုပ်ပြီး အချိန်တိုအတွင်းမှာ သဲကန္တာရလူရိုင်းမျိုးနွယ် တစ်ခုလုံးကို စည်းရုံးနိုင်ခဲ့တာလဲပေါ့။

ဒါပေမဲ့ မင်းသားကျင်းက တကယ့်ကို တော်တယ်လေ။ ရှမ့်လန် ထွက်ပြေးသွားခဲ့ပြီးတဲ့နောက်မှာ သူက လူပေါင်း သိန်းနဲ့ချီပြီး တစ်နှစ်ပတ်လုံး ခုခံခဲ့သေးတယ်။ နန်အိုနိုင်ငံကျရှုံးသွားတော့ သူက သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ တောအုပ်ကြီးထဲကို စွန့်ခွာသွားတယ်။ အဲဒီတောက သဲကန္တာရလူရိုင်းမျိုးနွယ်တွေရဲ့ အိမ်ဝင်းပဲ။ သူတို့က မျောက်တွေလိုပဲ ဂူတွေ၊ တောတွေထဲမှာ နေကြတာ။ တိုက်ရခက်ခဲတယ်။

အစကတော့ နင်ချီက စစ်သည်ပေါင်း ၃ သိန်းနဲ့ တောင်ဘက်ကို စစ်ချီခဲ့ပေမဲ့ သဲကန္တာရလူရိုင်းမျိုးနွယ်စုကို မအောင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့က တော်ဝင်ရန်အင်ပါယာရဲ့ စွမ်းအားကို မသိကြဘူး။ ကောင်းကင် ပင်လယ်နန်းဆောင် နဲ့ စေတီတောင်တို့ရဲ့ အစွမ်းကိုလည်း မသိခဲ့ကြဘူး။ သဲကန္တာရလူရိုင်းမျိုးနွယ်တွေရဲ့ တောအုပ်က သဘာဝလွန်အင်အားစုတွေကို ဘယ်လိုလုပ် တားနိုင်မှာလဲ။

ကျူးဟုန်ရွဲ့က သွေးဝိညာဉ်တပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ဘက်ကို စစ်ချီတယ်။ ဘယ်သူမှ မယှဉ်နိုင်ခဲ့ဘူး။ မင်းသားကျင်း အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတယ်။ ရှမ့်လန်အပေါ် သစ္စာရှိခဲ့တဲ့ လူယုံတွေ အမြောက်အမြား သေကုန်ကြပြီ။ သဲကန္တာရလူရိုင်းမျိုးနွယ်စု တစ်ခုလုံးက ကပ်ဘေးဆိုက်ခဲ့တာပဲ။

ကျုပ်ကိုတော့ ကျူးဟုန်ရွဲ့က ကယ်ခဲ့တာမို့ သူ့ကို တကယ်ကျေးဇူးတင်ရမယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ကို သွားပြီး ဖားလို့မရသေးဘူး။ သိလား။ မင်းသားကျင်းက သဲကန္တာရလူရိုင်းမျိုးနွယ်တွေရဲ့ တောင်ဘက်အစွန်ဆုံးက တစ္ဆေတောင်ကို ထွက်ပြေးသွားခဲ့တယ်။

နောက်ဆုံး ကျူးဟုန်ရွဲ့က တောကို မီးရှို့လိုက်တယ်။ လပေါင်းများစွာ ကြာခဲ့တယ်။ မင်းသားကျင်းက ပြာဖြစ်သွားလောက်ပြီ။ ရှမ့်လန်ရဲ့လူယုံတွေကလည်း အကုန်မီးလောင် သေကုန်ကြပြီ။ အဲဒီမီးက တကယ့်ကို ကြောက်ဖို့ကောင်းတယ်။ မိုင်ပေါင်း ထောင်ချီတဲ့ တောအုပ်ကြီးကို ပြာပုံအဖြစ် ရောက်သွားစေခဲ့တယ်။”

မိုးဘယ်လောက်ပဲရွာရွာ မငြိမ်းသတ်နိုင်ခဲ့ဘူး။ ၁၀ ရက်ကျော်လောက် ရွာချတဲ့မိုးကြီးသာ မရှိဘူးဆိုရင် သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ တည်နေရာတစ်ခုလုံးက ကျွမ်းလောင်သွားလောက်တယ်။

ကျူးဟုန်ရွဲ့က တကယ့်ကို ရက်စက်လွန်းတယ်။ သူက လူပေါင်းသိန်းနဲ့ချီကို သတ်ခဲ့သလို နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ တောအုပ်ကိုလည်း မီးရှို့ပစ်ခဲ့တယ်။ အဲဒါက ရှမ့်လန်ရဲ့ နောက်ကို လိုက်ခဲ့တဲ့ လူတွေရဲ့ ကံကြမ္မာပဲ။ အကုန်လုံးက မျိုးဖြုတ်ခံရတယ်။”

နင်ယွမ်ရှန်းက ဘာကိုမှ မကြားသည့်အလားပင် မလှုပ်မယှက် ရှိနေ၏။

“ဪ... ပြီးတော့ ပျံ့ရှောင်း... သူ့ကို မှတ်မိသေးရဲ့လား။ သူက အဖေ့ရဲ့ သစ္စာအရှိဆုံး လူယုံလေ။ သူ့ရဲ့ စစ်သည်တစ်သိန်း က ရွှဲ့ပြည်နယ်မှာ အင်အားအကောင်းဆုံးလို့ ကြွေးကြော်ခဲ့တယ် မဟုတ်လား။ နောက်ဆုံးတော့ ၃ ရက် မပြည့်ခင်မှာပဲ ပျက်စီး သွားခဲ့ရတယ်။

အဲဒါကလည်း ကျူးဟုန်ရွဲ့ပဲ။ သူက အင်အားတစ်သောင်းတောင် မပြည့်သေးတဲ့ သွေးဝိညာဉ်တပ်ဖွဲ့ကို ဦးဆောင်ပြီး ပျံ့ရှောင်းရဲ့ စစ်သည်တစ်သိန်းကို အလွယ်တကူနဲ့ နှိမ်နင်းလိုက်တယ်။ သူတို့တွေက ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ စွမ်းအားကို ဘာမှ မသိခဲ့ကြဘူး။ ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်က အဲဒီလောက် အစွမ်းထက်နေရင် ကျုပ်တို့ ရှုံးနိမ့်နေတုန်းက ဘာလို့ ထိုင်ကြည့်နေခဲ့ရတာလဲ။

ရှမ့်လန်က သူကိုယ်တိုင် သွေးမျိုးဆက်တွေ အကြောင်းကို နားလည်နေတယ် ထင်တာ။ သူ့မှာ ပထမနိဗ္ဗာန တပ်တော်နဲ့ ဒုတိယနိဗ္ဗာနတပ်တော်တွေပဲ ရှိတာ။ ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်က သွေးမျိုးဆက်တွေ ကို လေ့လာခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ။ သူတို့က သက်ရှိဇီဝလေ့လာရေး ဌာနတောင် ရှိတယ်။

ရှမ့်လန်ရဲ့ သွေးမျိုးဆက် ပြုပြင်ပြောင်းလဲနိုင်စွမ်းက ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ ရှေ့မှာတော့ ကလေးကစားစရာလိုပဲ။ အခု ပျံ့ရှောင်းရော၊ ကျန်းချုံးရော ထောင်ထဲ ရောက်နေကြပြီ။”

နင်ယွမ်ရှန်းက တုံ့ပြန်မှု မရှိသေးချေ။

နင်ယီက ဆို၏။ “မဖြစ်နိုင်တာ။ အဖေ... ဒီနှစ်ယောက်ကိုတောင် မေ့သွားပြီလား။ မဖြစ်နိုင်ဘူး။ တကယ်ပဲ ဘာမှ မမှတ်မိဘူးလား။”

နင်ယွမ်ရှန်း၏ မျက်ဝန်းများက အာရုံစူးစိုက်မှု ကင်းမဲ့နေသည်။

နင်ယီက ပြောပြန်၏။ “အဖေ... အဖေ ရူးနေတာက အစစ်လား၊ အတုလား။ တခြားသူတွေကို မမှတ်မိရင်တောင်မှ နင်ကျန်းကိုတော့ မှတ်မိရမယ်။ သူက အဖေ့ရဲ့ သစ္စာအရှိဆုံးသားပဲ။ ရှမ့်လန်ကို သစ္စာဖောက်မယ့်အစား အသေခံမယ့် နင်ကျန်း... အဖေ ရွှဲ့ပြည်နယ်ရဲ့ ဘုရင်အဖြစ် သတ်မှတ်ခဲ့တဲ့ လူလေ။”

နင်ကျန်းဟူသည့် နာမည်ကို ကြားချိန်မှာတော့ နင်ယွမ်ရှန်း၏ အရောင်ကင်းမဲ့နေသည့် မျက်ဝန်းများက ရုတ်တရက် လှုပ်ရှားသွား၏။ သူက တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားပုံ ပေါ်သည်။

“နင်... နင်... နင်ကျန်း...။” နင်ယွမ်ရှန်းက ဗလုံးဗထွေးနှင့် ရေရွတ်၏။

“ဟုတ်တယ်။ ဟုတ်တယ်... နင်ကျန်းပဲ။ အဖေ့ရဲ့ အချစ်ဆုံးသားပေါ့။ သူ ဘာဖြစ်နေလဲ သိလား။” နင်ယီက မေးသည်။

နင်ယွမ်ရှန်းက အသည်းအသန်ဖြင့် ပြန်လည်အမှတ်ရရန် ကြိုးစားနေသော်လည်း မမှတ်မိနိုင်သေးပေ။ ထို့ကြောင့် သူက လက်လျှော့၏။ သူ၏ မျက်ဝန်းများက ပြန်လည် အရောင်မှေးမှိန်သွား၏။

“သူ့ကို လူသိရှင်ကြား စစ်ဆေးနေခဲ့တာ။ ဒါပေမဲ့ ရှမ့်လန်က အရှေ့ဘက်လောကကြီးရဲ့ သစ္စာဖောက် ဖြစ်ပါတယ်လို့ သူ ဝန်မခံဘူး။ ကမ္ဘာ့လောကကြီးရဲ့ ရန်သူဖြစ်ပါတယ်လို့ ဝန်မခံဘူး။ ဒါကြောင့်မို့ သူ့ကို မကြာခင် ခေါင်းဖြတ်သတ်တော့မယ်။ နင်ဟန်က အဖေ့ရဲ့အသက်ကိုတော့ ကယ်ကောင်း ကယ်နိုင်လိမ့်မယ်။ ဒါပေမဲ့ နင်ကျန်းရဲ့ အသက်ကိုတော့ ကယ်ချင်မှ ကယ်မှာ။ အဖေ... သတိရစမ်းပါ။ အဖေ့ရဲ့ အချစ်ဆုံးသားက ခေါင်းဖြတ် သတ်ခံရတော့မှာ။ အဖေ ဘာမှ မခံစားရဘူးလား။”

“ကောင်းပြီ... ကောင်းပြီ ဖြတ်... ဖြတ်။” နင်ယွမ်ရှန်းက ဗလုံးဗထွေးနှင့် ရေရွတ်နေပြန်သည်။

နင်ယီက မျက်မှောင်ကုတ်ကာဖြင့် နင်ယွမ်ရှန်း၏ မျက်နှာအိုကြီးကို စိုက်ကြည့်၏။ သူ၏အဖေက တကယ်ပဲ စိတ်ဖောက်ပြန်သွားပြီလား။ သူက ဆန်ပြုတ်တစ်ဇွန်းကို ထပ်ခပ်ပြီး နင်ယွမ်ရှန်း၏ ပါးစပ်ထဲသို့ ထည့်ပေး၏။

နင်ယီက ရုတ်တရက် ပြောလိုက်သည်။ “ဒါနဲ့ အဖေ... ရှမ့်လန်ကို သိလား။ သူ ဘယ်မှာလဲ သိလား။ သူ သေသွားခဲ့ပြီ။ မိစ္ဆာတြိဂံပင်လယ်ထဲမှာ မိုးကြိုးပစ်ခံရပြီး သေသွားခဲ့ပြီ။"

“ရှမ့်လန်... ရှမ့်လန်... ရှမ့်လန် သေပြီ... သေပြီ။” နင်ယွမ်ရှန်း၏ မျက်ဆံများက ထပ်မံလှုပ်ရှားလာပြန်၏။ သူက ပြန်လည်စဉ်းစားရန် အသည်းအသန် ကြိုးစားနေရသော်လည်း မှတ်ဉာဏ်များက ကစဉ့်ကလျားနှင့် ဖြစ်နေ၏။

နင်ယီက နင်ယွမ်ရှန်းကို အချိန်တော်ကြာ စိုက်ကြည့်သည်။

“အဖေ... ထပ်စားချင်သေးလား။” နင်ယီက မေးမြန်းလိုက်၏။

“အင်း... အင်း...။” နင်ယွမ်ရှန်းက ပင်ကိုဗီဇအတိုင်းသာ ပြန်ပြောသည်။

နင်ယီက နောက်ထပ်တစ်ဇွန်း ထပ်ခွံ့၏။

နင်ယွမ်ရှန်းက ပြန်စားလေသည်။

“အင်း... ဟုတ်ပါပြီ။”

နင်ယီက ပြော၏။ “အဖေ.. ဒီဆန်ပြုတ်က ထားထားတာ ရက်တော်တော် ကြာနေပြီ။ သိုးပြီး မှိုတွေတောင် တက်နေပြီ။ အဖေ တကယ်ပဲ စားချင်သေးရဲ့လား။”

“အင်း... အင်း....။”

နင်ယီက အားရပါးရ ရယ်မောကာ ပြောလိုက်သည်။ “ဟားဟားဟား... ဒါဆိုရင် အညစ်အကြေးတွေကို စားချင်သေးလား။”

“အင်း... အင်း...။”

“ဒါဆိုရင်လည်း ကိုယ့်ဘာသာ စားပေတော့။”

ပြီးနောက် သူက သိုးနံ့ နံနေသည့် ဆန်ပြုတ်များကို နင်ယွမ်ရှန်း၏ ခေါင်းပေါ်သို့ လောင်းချ၏။ နင်ယွမ်ရှန်းက ခေါင်းကို အသဲအသန် မော့ကာဖြင့် သိုးနံ့နံနေသည့် ဆန်ပြုတ်များကို လျှာဖြင့်ထိုးကာ ယက်နေရှာ၏။ သူက အလွန်တရာ မြိန်ရှက်စွာဖြင့် စားသောက်နေ၏။

...............

နန်းတော်အတွင်းမှာတော့ ဘုရင်မင်းမြတ် နင်ရှောင်က မေးသည်။ “သူ တကယ်ပဲ စိတ်ဖောက်ပြန် သွားတာလား။ ဒါမှမဟုတ် ဟန်ဆောင်နေတာလား။”

နင်ယီက ပြန်ပြော၏။ “အစစ်ပဲ ဖြစ်မှာပါ။ ပြီးတော့ အရူးဟန်ဆောင်နေတော့ကော ဘာထူးမှာလဲ။ ရှမ့်လန် ပြန်လာမှာကို တကယ်ကြီး စောင့်နေတာလား။ မိစ္ဆာတြိဂံထဲကနေ ပြန်ထွက်လာမှာလား။ ကံဆိုးတဲ့ ရှမ့်လန်က သေတာတောင် ကြာနေလောက်ပြီ။ သူ့ရဲ့ အလောင်းတောင် ပုပ်ဆွေးနေလောက်ပြီ။”

ဘုရင်နင်ရှောင်က တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေသည့်အလားပင် တိတ်ဆိတ်နေ၏။ သူက အမြဲတမ်း ဤသို့ပင်။ စကားနည်းပြီး အခြားသောသူများ သူ၏စိတ်ထဲမှ ခံစားချက်ကို မသိနိုင်အောင် နေတတ်သူပင်။

နင်ယီက ပြောသည်။ “အရှင်မင်းကြီး... ရှမ့်လန်က သေသွားခဲ့ပြီ။ သူ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။ အရှင်မင်းကြီးရဲ့နောက်မှာ ကျူးဟုန်ရွဲ့၊ ကောင်းကင်ပင်လယ်နန်းဆောင်၊ တုံ့ကျန်းဘုရားကျောင်း၊ တော်ဝင်ရန်အင်ပါယာတို့ ရှိနေတယ်။ ဒါကြောင့် လုပ်စရာရှိတာကို လုပ်ပါ။ နင်ကျန်းကို စစ်မနေနဲ့တော့။ သတ်လိုက်တော့။ ပြီးတော့ ပျံ့ရှောင်း၊ ကျန်းချုံးနဲ့ ရှမ့်လန်ရဲ့ တခြားလူယုံတွေကို အကုန် သတ်ပစ်လိုက်။ အရှင်မင်းကြီး လက်မရဲဘူးဆိုရင် ကျုပ်ကို လက်လွှဲပေးလိုက်ပါ။”

အပိုင်း (၉၀၈)

ရှမ့်လန် ထွက်ခွာသွားခဲ့ပြီးနောက် ရွှဲ့ပြည်နယ်တွင် အကြပ်ကိုင် ဖမ်းဆီးမှုများ အကြီးအကျယ် ပြုလုပ်ခဲ့၏။ အစပိုင်းတွင် လူထောင်ဂဏန်းမျှသာ ဖြစ်သော်လည်း နောက်ပိုင်းသောင်းဂဏန်း၊ သိန်းဂဏန်းထိ ဖြစ်လာ၏။ ကျင်းမူကုန်း နှင့် သက်ဆိုင်သည့် အနည်းငယ်သော ကျောင်းသားမိသားစုများပင် ဖမ်းဆီးခံရ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ရှမ့်လန်နှင့် အနည်းငယ်မျှ ပတ်သက်ဖူးသူတိုင်းက ဖမ်းဆီးခြင်းကို ခံရ၏။

နင်ရှောင်က ပြောလိုက်သည်။ “နုရှောင့်မြို့ရယ်၊ နယ်စားဟောင်းကြီး ရွှမ်ဝူရဲ့ စံအိမ်တော်ရယ်၊ ထျန်းနန် ပြည်နယ်မှာ ငါတို့တပ်ဖွဲ့တွေ ဘယ်လောက်ရှိလဲ။”

နင်ယီက ပြန်ဖြေ၏။ “ရွှဲ့ပြည်နယ်မှာ စစ်သည်ပေါင်း နှစ်သိန်းရှိတယ်။ တခြား မဟာမိတ်တပ်ဖွဲ့တွေပါ နဲ့ဆိုရင် ၃ သိန်းရှိတယ်။”

နင်ရှောင်က ထပ်မေးသည်။ “ရေတပ်ကကော။”

နင်ယီက ပြော၏။ “တစ်သိန်းခွဲလောက် ရှိပြီးတော့ စစ်သင်္ဘော အမျိုးမျိုးက ၂၀၀၀ အထိ ရှိတယ်။”

ရွှဲ့ပြည်နယ်တွင် ပင်ကိုယ်ရေတပ်အင်အား ထိုမျှမရှိသည်မှာ သေချာ၏။ ဤသည်က ရေတပ်အုပ်စုများကို ပေါင်းစည်းထားခြင်း ဖြစ်ပေလိမ့်မည်။ ပြီးနောက် ရွှဲ့ပြည်နယ်၏ ရေတပ်ဟူသာ အမည်တပ်ထားခြင်းပင်။

“အရှင်မင်းကြီး... အရှင်မင်းကြီးက အင်ပါယာကိုယ်တိုင် ဘွဲ့အပ်နှင်းထားတဲ့ ရွှဲ့မင်းသားပဲ။ စိတ်အေးအေး ထားပြီးတော့ ဘုရင်အဖြစ် စိုးစံပါ။ ရှမ့်လန်က သေသွားခဲ့ပြီ။ ပြန်မလာနိုင်တော့ဘူး။ အရှင့်ရဲ့ ထီးနန်းက တောင်ကြီးသဖွယ် ခိုင်မြဲနေပါတယ်။ အရှင်... အမိန့်သာ ပေးလိုက်ပါ။ ရှမ့်လန်ရဲ့ လူယုံတော်တွေကို အကုန် သတ်ပစ်လိုက်ပါ။ သူတို့ကို ဆက်ထားနေလို့ ဘာထူးမှာလဲ။ အလကား ဆန်ကုန်ရုံပဲ ရှိမယ်။”

ရွှဲ့မင်းသား နင်ရှောင်က ထပ်မံက တိတ်ဆိတ်သွားပြန်၏။

နင်ယီ၏ ရင်ထဲတွင် ဒေါသထွက်မိနေသော်လည်း ဘာမှမပြောရဲချေ။ ဤထီးနန်းက ယခင်က သူ၏ ထီးနန်း ဖြစ်သော်လည်း ယခု နန်းတွင်းအစေခံမ၏သားဖြစ်သူ နင်ရှောင်က စိုးစံနေ၏။ သို့သော်ငြား နင်ယီက နင်ရှောင်အပေါ် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်နေခဲ့၏။ ဤကြောက်ရွံ့မှုက မည်သည့်နေရာမှ ရောက်ရှိလာကြောင်းတော့ သူ မသိချေ။

……………..

နုရှောင့်မြို့... တစ်ချိန်က ရွှမ်ဝူစံအိမ်တော်၏ ဗဟိုဌာနကြီး ဖြစ်ခဲ့ဖူး၏။ ထိုအရာက ရှမ့်လန်၏ ပထမဦးဆုံးနှင့် ဂုဏ်ယူရဆုံးသော အောင်ပွဲလက်ရာ ဖြစ်သည်။

ပင်လယ်ရေခြား၌ ဘုရင်ဖြစ်ရေး မဟာဗျူဟာမှ ရရှိလာခဲ့သည့် ရေပိုင်နက်လည်း ဖြစ်၏။ မူလက ကျင်းမိသားစု၏ ရာစုသစ်အတွက် အခြေခံအုတ်မြစ် ဖြစ်ခဲ့သော်လည်း လောကပျက်လုမတတ် ပြောင်းလဲမှုကြီး၏နောက်တွင် ကျင်းမိသားစုက နုရှောင့်မြို့နှင့် နယ်မြေအားလုံးကို စွန့်လွှတ်ခဲ့ရ၏။

ယခု နုရှောင့်မြို့က ရွှဲ့ပြည်နယ်ရေတပ်၏ အခြေစိုက်စခန်း ဖြစ်လာခဲ့၏။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က တော်ဝင်ရန် အင်ပါယာက မိုင်ပေါင်းနှစ်သောင်းပတ်လည် ပင်လယ်ပြင်ကို ပိတ်ဆို့ရန် အလွန်များပြားသည့် ရေတပ်ကြီးကို အသုံးပြု၏။ နောက်ဆုံးမှာတော့ ထိုရေတပ်အုပ်စုကြီးက တောင်ဘက်ဆီသို့ ရွက်လွှင့်ပြီး ရှမ့်လန်၏ ထွက်ပေါက်ကို ပိတ်ဆို့ခဲ့သည်။

ဤရေတပ်က နိုင်ငံပေါင်း ဒါဇင်နှင့်ချီမှ အင်အားစုများစွာ၏ မဟာမိတ်ဖြစ်၏။ ရှမ့်လန် ပျောက်ကွယ် သွားခဲ့ပြီးနောက် ဤရေတပ်ကြီးက လူစုခွဲခဲ့သော်လည်း သုံးပုံတစ်ပုံခန့်က အရှေ့ဘက်ပင်လယ်ပြင်၌ အခြေချ နေဆဲဖြစ်ပြီး လွတ်လမ်း မရှိသည့် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြန့်ကြက်ထား၏။

ရှမ့်လန်က နောက်ဆုံးမှာတော့ မိစ္ဆာတြိဂံဒေသအတွင်းသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့၏။ သူက အသက်ရှင်နေသည်လား ၊ သေဆုံးနေပြီလား ဆိုသည်ကို မသိနိုင်ပေ။ စစ်သည်ပေါင်း တစ်သိန်းခွဲရှိသည့် ရေတပ်သားများက ဤပင်လယ်တည်နေရာကို အစဉ်အမြဲ စောင့်ကြည့်နေကြပြီး အနည်းငယ်မျှသော လှုပ်ရှားမှု ကိုပင် လက်မလွတ်ကြချေ။

အကယ်၍ ရှမ့်လန်သာ ပြန်ပေါ်လာခဲ့ပါက ဤရေတပ်သား တစ်သိန်းခွဲတို့က အလွယ်တကူနှင့် ချေမှုန်းနိုင်ပေလိမ့်မည်။ ဤရေတပ်၏ တပ်မှူးက မည်သူဖြစ်သနည်း။

ရန်နန်းဖေး၊ ရွှဲ့ပြည်နယ်၏ မဟာပညာရှင်၊ တောင်ပင်လယ်ဓားဂိုဏ်း၏ ခေါင်းဆောင်၊ ရွှယ်မိသားစု၏ ဒုတိယ အာဏာအရှိဆုံးလူနှင့် စေတီတောင်၏ ရွှဲ့ပြည်နယ်လုံးဆိုင်ရာ ကိုယ်စားလှယ်ပင်။

ရှမ့်လန်နှင့် ရွှယ်မိသားစုတို့အကြား ဖြစ်ပွားခဲ့သည့် ကြီးမားသော ရေကြောင်းစစ်ပွဲကြီးတွင် ရှမ့်လန်က ကြီးမားလွန်းသည့် ဆူနာမီလှိုင်းကြီးကို အသုံးပြုပြီး ရွှယ်မိသားစု၏ ရေတပ်ကို အမြစ်ပြတ် ချေမှုန်းခဲ့၏။ ထိုဆူနာမီ ဒီရေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရှမ့်လန်က အကြီးအကျယ် ရှာဖွေမှုများကို ပြုလုပ်ခဲ့ပြီး ရွှယ်မိသားစု၏ အမွေခံ ရွှယ်ဖန်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့၏။ သို့သော်လည်း ရန်နန်းဖေးကို လုံးဝ ရှာမတွေ့ခဲ့ချေ။

ရန်နန်းဖေးက အဘယ်သို့ ရောက်နေသနည်း။ သူက စေတီတောင်၏ အဆိပ်အတောက်များနှင့်အတူ နုရှောင့်မြို့သို့ ခိုးဝင်ရန် ကြံစည်ခဲ့ပြီး ရှမ့်လန်အား အကြီးအကျယ် ထိုးနှက်နိုင်ရန် ကျင်းမိသားစု တစ်ခုလုံးကို မျိုးဖြုတ်ဖို့ ရည်ရွယ်ခဲ့၏။ သို့သော်လည်း သူ ဘာမှမလုပ်နိုင်ခင်မှာပင် တားဆီးခြင်း ခံခဲ့ရ၏။

မကြာခင်မှာပဲ လောကပျက်လုမတတ် ပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့၏။ ရှမ့်လန် ပျောက်ကွယ်သွားခဲ့ပြီးနောက် တော်ဝင်ရန် အင်ပါယာ၏ ရေတပ်အများစုက လူစုခွဲသွားရ၏။ ကျန်ရှိနေသည့်တစ်သိန်းခွဲက ရှမ့်လန် ပြန်မလာနိုင်စေရန် ဤပင်လယ်ပြင်ကို စောင့်ကြပ်ရန် တာဝန်ပေးထားခံရသည်။

ရန်နန်းဖေးက စေတီတောင်နှင့် သူ၏ ပတ်သက်မှုကို အသုံးချပြီး ဤရေတပ်ကြီး၏ တပ်မှူး ဖြစ်လာခဲ့၏။ ရွှယ်ချီ သေဆုံးသွားခဲ့ပြီးနောက် ရန်နန်းဖေးက ဝူအန်းမြို့စား ဖြစ်လာခဲ့ပြီး အမည်ကလည်း ရွှယ်နန်းဖေး ဟု ပြောင်းလဲခဲ့၏။ သို့သော်ငြား ပြင်ပလောကလူများက သူ့ကို ရန်နန်းဖေး ဟုသာ ခေါ်ဆိုနေကြဆဲပင်။

ရွှယ်မိသားစု၏ တောင်ပိုင်းကျွန်းကို ပြန်လည်သိမ်းယူ၍ မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် စေတီတောင်က ထိုကျွန်း၏ မြေအောက်၌ ထူးခြားပြီး ကြီးကျယ်သည့် ရှာဖွေမှုကို ပြုလုပ်နေသောကြောင့်ပင်။ ထို့ကြောင့် တောင်ပိုင်းကျွန်းသည် စေတီတောင်၏ နယ်မြေ အဖြစ်သို့ လုံးလုံး ပြောင်းလဲသွား၏။

သို့သော်လည်း သူတို့က ရန်နန်းဖေးကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ ထို့ကြောင့် နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစု တစ်ခုလုံးကို ရွှယ်မိသားစုအား အပိုင်စားပေးခဲ့၏။ ဤသို့ဖြင့် ရန်နန်းဖေးက တစ်သိန်းခွဲသော ရေတပ်ကြီး၏ တပ်မှူးသာမက လေ့ကျိုးကျွန်းစု၏ အရှင်သခင်လည်း ဖြစ်လာခဲ့သည်။

သူက ရွှဲ့ပြည်နယ်၏ ရေတပ်တပ်မှူးသာမက လျှို့ဝှက်အဖွဲ့၏ ဒုတိယအကြီးအကဲလည်း ဖြစ်၏။ ရွှဲ့ပြည်နယ် စစ်ဘက်တွင် ဒုတိယ အာဏာအရှိဆုံးသူ ဟုလည်း သတ်မှတ်နိုင်၏။

ယခင်က ရှမ့်လန်ကြောင့် နုရှောင့်မြို့က ကောင်းကင်တာအိုအဖွဲ့အစည်း၏ ကုန်သွယ်ရေး ဗဟိုချက် ဖြစ်၏။ ယခု ကောင်းကင်တာအိုအဖွဲ့အစည်းသည် နုရှောင့်မြို့၏ ကုန်သွယ်ခွင့် အားလုံးကို ဆုံးရှုံးခဲ့ရပြီး ထိုလုပ်ပိုင်ခွင့်များက ယင်ယွမ်အဖွဲ့အစည်း၏ လက်ထဲသို့ လုံးဝရောက်ရှိသွားသည်။ နုရှောင့်မြို့သာမက ယင်ယွမ်အဖွဲ့အစည်းက မှန်လုပ်ငန်း အတတ်ပညာ အားလုံးကို သိမ်းပိုက်သွားသည်။

ကောင်းကင်တာအိုအဖွဲ့က ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်ခါနီးမှ မြေလှန်ကာ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ သူတို့က ရှမ့်လန်နှင့် ကံကြမ္မာချင်း ဆက်နွယ်နေခဲ့သည် မဟုတ်ပါလား။

ယခု နုရှောင့်မြို့က ရွှဲ့ပြည်နယ်၏ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်နေဆဲပင်။ တော်ဝင်ရန် မင်းဆက်၏ ကုန်သွယ်ရေး ဗဟိုချက်ပင်။ ယခင်ကထက် ပိုမို စည်ကားလာခဲ့သော်လည်း ဤအရာများက ကောင်းကင်တာအိုအဖွဲ့ချုပ်နှင့် ဘာမှမဆိုင်တော့ချေ။ ဟွမ်တုံ၏ လက်အောက်ရှိ ကောင်းကင်တာအိုအဖွဲ့အစည်းမှ အကြီးအကဲအားလုံးက ရှမ့်လန်နှင့် ပတ်သက်မှုကြောင့် အဖမ်းခံရပြီး ထောင်ကျနေသည်။

……………..

နုရှောင့်မြို့၏ ရဲတိုက်အတွင်းမှာတော့ ....

ရန်နန်းဖေးက အမြင့်ဆုံးနေရာတွင် ရပ်ပြီး အရှေ့တောင်ဘက်ဆီသို့ ငေးကြည့်နေ၏။ ရှမ့်လန်က မိစ္ဆာတြိဂံနယ်မြေ၌ ပျောက်ကွယ်သွားခဲ့သောကြောင့် အကယ်၍ ရှမ့်လန်သာ ပြန်လာမည်ဆိုပါက မိစ္ဆာတြိဂံ နယ်မြေအတွင်းမှ ပေါ်ပေါက်လာလိမ့်မည်ဟု ရန်နန်းဖေးက ယုံကြည်နေခဲ့၏။

“အရှင် ရန်နန်းဖေး... ဘာလို့ မျက်မှောင်ကြုတ်နေရတာလဲ။ ရှမ့်လန်က သေသွားခဲ့ပြီ။ သူ ပြန်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”

စကားပြောလိုက်သူက အမျိုးသမီးဖြစ်၏။ ထိုသူကို အားလုံး ရင်းနှီးပြီးသား ဖြစ်ပေမည်။ သူမက ကျိုးကျောင်းရန် ပင် ဖြစ်သည်။

အပြင်ပန်းတွင် သူမက ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံဟောင်း နင်ယီ၏ မယားငယ် ဖြစ်သော်လည်း သူမ၏ တကယ့် အထောက်အထား ကတော့ မင်းသမီး နင်ဟန်၏ ကိုယ်စားလှယ်ပင်။ သူမ၏ တာဝန်က ကျန်းလီ၏ ကျန်ရှိနေသည့် အဖွဲ့ဝင်များကို တစိုက်မက်မက် ရှာဖွေရန်ပင်။

ရှမ့်လန်၏အထောက်အထားကို ဖော်ထုတ်ရာတွင် ကျိုးကျောင်းရန်က တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ဆုလာဘ်များ ရရှိခဲ့၏။

ကျိုးမိသားစုက ဘွဲ့ထူးဂုဏ်ထူးများကို ပြန်လည်ရရှိခဲ့ပြီး အန့်တင်းမြို့စားစံအိမ်ကလည်း တဖန် ပြန်လည် ရှင်သန်လာခဲ့၏။ ကျိုးကျောင်းရန်၏ မောင်ဖြစ်သူ ကျိုးကျိရှင်းက ရွှဲ့ပြည်နယ်၏ မြို့စားသစ် ဖြစ်လာခဲ့သော်လည်း အမည်ခံသာ ဖြစ်၏။ တကယ့် ဆုံးဖြတ်ချက်ချသူက ကျိုးကျောင်းရန်သာလျှင်။

ကျိုးမိသားစု၏ နယ်မြေအသစ်က ဘယ်နေရာမှာနည်း။ ထိုအရာက မူလ ရွှမ်ဝူမြို့စားကြီး၏ နယ်မြေပင် ဖြစ်၏။ ကျင်းမိသားစု ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရဲတိုက်ကြီးက ကျိုးကျောင်းရန်၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့၏။ ကျင်းမိသားစု၏နယ်မြေကို ရရှိပြီးနောက် ကျိုးကျောင်းရန်က ရန်နန်းဖေးနှင့် ချက်ချင်းပဲ နိုင်ငံရေး မဟာမိတ် ဖွဲ့၏။ သူမက နုရှောင့်မြို့သို့ မကြာခဏ လာရောက်တတ်သည်။

“မြို့စားရွှယ်... ကြားတယ် မဟုတ်လား။ အခုပဲ နုရှောင့်မြို့ရဲ့ ကုန်သွယ်ရေးကို အာရုံစိုက်လို့ ရပါပြီ။ ရှမ့်လန်က သေသွားခဲ့ပြီ။ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ အဲဒီတော့ ကျွန်မတို့ ကုန်သွယ်ရေးတွေကို ဆက်လုပ်လို့ ရပြီလား။” ကျိုးကျောင်းရန်က ပြော၏။

ကျိုးမိသားစုက ကျင်းမိသားစု၏ နယ်မြေကို ရရှိပြီးနောက် ပိုးစာခင်းအမြောက်အများကို ရရှိခဲ့၏။ ယခု သူတို့က အင်အားကြီးမားသည့် ပိုးကုန်သည်များ ဖြစ်လာခဲ့၏။ သူမက ထိုပိုးထည်များကို ရန်နန်းဖေး၏ ကုန်သွယ်ရေး ရေတပ်မှ တဆင့် တောင်ပင်လယ်ဘက်ရှိ နိုင်ငံများသို့ ရောင်းချလိုနေခြင်းပင်။

“လူတွေက မေ့လွယ်ကြတယ်။ ရှမ့်လန် ပျောက်သွားတာ ခဏလေးပဲ ရှိသေးတာကို။ သူ ဖန်တီးခဲ့တဲ့ အံ့ဖွယ်ရာတွေ အားလုံးကို မေ့ကုန်ကြပြီလား။”

ရန်နန်းဖေးက လှောင်ပြောင်လိုက်မိသည်။ “ခင်ဗျားတို့ အားလုံးက ပေါ့ဆကြတယ်။ ဒါပေမဲ့ ကျုပ်ကတော့ မပေါ့ဆဘူး။ ကျုပ်ရဲ့ တစ်သိန်းခွဲသော ရေတပ်သားတွေကလည်း ပေါ့ဆမှာ မဟုတ်ဘူး။”

ရေတပ်သား တစ်သိန်းခွဲ ဟူသည့် စကားကိုကြားချိန်မှာတော့ ကျိုးကျောင်းရန်က မနာလိုစိတ်ကြောင့် သွေးအန်လုမတတ် ဖြစ်နေ၏။ ထိုရေတပ်သား တစ်သိန်းခွဲက အမည်အားဖြင့် ရွှဲ့ပြည်နယ်၏ ရေတပ် ဖြစ်သော်လည်း လက်တွေ့တွင်မူ နိုင်ငံများစွာတို့၏ မဟာမိတ်တပ်ဖွဲ့ ဖြစ်၏။ ထိုအထဲတွင် အရှေ့တောင်ဘက်နှင့် မြောက်ဘက်နိုင်ငံများမှ ပင်လယ်ဓားပြများနှင့် ကြေးစားစစ်သည်များပင် ပါဝင်သေး၏။

ယခု ရန်နန်းဖေးက ထိုရေတပ်ကြီး၏ တပ်မှူး ဖြစ်လာခဲ့၏။ ဤရေတပ်က ရွှယ်မိသားစု၏ အထွတ်ထိပ် ကာလက ထက် ၅ ဆမျှ ပိုမိုကာ အင်အားတောင့်တင်း၏။ စစ်စရိတ်ကို ယင်ယွမ်အဖွဲ့အစည်းက ကျခံပေးထားသည်။

“ဒေါင်... ဒေါင်..”

ထိုအချိန်မှာပဲ ပင်လယ်ပြင်ထက်၌ ခေါင်းလောင်းသံများ ကြားရ၏။ ပြီးနောက် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်လား ရေတပ်အုပ်စုကြီးတစ်ခုက သူတို့၏ အမြင်အာရုံ၌ ပေါ်လာ၏။

ဤသည်က အမည်ခံအားဖြင့် ရွှဲ့ပြည်နယ်၏ ရေတပ်ပင် ဖြစ်၏။ သူတို့တွင် တာဝန်တစ်ခုတည်းသာ ရှိ၏။ ထိုအရာက မိုင်ပေါင်းသောင်းချီသည့် ပင်လယ်ပြင်ကို အမြဲမပြတ် စောင့်ကြည့်ပိတ်ဆို့ရန်နှင့် အထူးသဖြင့် မိစ္ဆာတြိဂံနယ်မြေ၏ လမ်းကြောင်းကို စောင့်ကြည့်ရန်ပင်။ မည်သည့်သင်္ဘောမဆို ပေါ်လာခဲ့ပါက သူတို့က ရက်ရက်စက်စက် ချေမှုန်းရပေလိမ့်မည်။

ရန်နန်းဖေးက ကောင်းကင်ကို ဖုံးလွှမ်းသွားလောက်သည့် ရေတပ်ကြီးကို ကြည့်ပြီး တကယ့်ကို အင်အား တောင့်တင်းသည် ဆိုသော ခံစားချက်များကို ခံစားနေရသည်။

“ရှမ့်လန်... တကယ်ပဲ သေသွားခဲ့ပြီလားဆိုတာတော့ ငါ မသိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းအတွက် လွတ်လမ်းမရှိတဲ့ ပိုက်ကွန်ကြီးကို ဖြန့်ကြက်ထားမှာပဲ။ မင်းသာ ပေါ်လာမယ်ဆိုရင် ငါ့ရဲ့ တစ်သိန်းခွဲသော ရေတပ်သားတွေ က မင်းကို မြှုပ်စရာနေရာမရှိအောင်တော့ သတ်ပစ်ရလိမ့်မယ်။”

…………..

အရှေ့ဘက်လောကနဲ့ အနောက်လောကကြီးကြား အကွာအဝေးက တကယ်ကို ဝေးကွာ၏။ ရှမ့်လန်၏ ရေတပ်အုပ်စု က သုံးလကျော်ကြာ ရွက်လွှင့်လာခဲ့၏။ သူတို့ မြင်တွေ့နေရသည်က မည်သို့မှ မဆုံးနိုင်သည့် အလား ကျယ်ပြောသည့် ပင်လယ်ပြင်ကြီး ဖြစ်သည်။ ဤကဲ့သို့သော အချိန်ကာလမျိုးတွင် မည်သူမဆို စိတ်ဓာတ် ကျဆင်းသွားနိုင်၏။

ဤနေရာတွင် ဦးခေါင်းခွံဂိုဏ်းနှင့် အမေဇုန်တပ်ဖွဲ့တို့၏ စွမ်းအားက ပေါ်လွင်လာ၏။ သူတို့က မည်သို့မျှ ထိတ်လန့်မှု မရှိကြသည့်အပြင် နေ့စဉ်နေ့တိုင်း စိတ်ဓာတ်တက်ကြွနေ၏။ တိုက်ပွဲဝင်လိုသည့် ဆန္ဒများကလည်း ပြင်းထန်နေသေးသည်။

ထို့မျှမကသေးချေ။ အမေဇုန်အမျိုးသမီးစစ်သည်တော်များက နေ့စဉ် ပင်လယ်ထဲတွင် လေ့ကျင့်မှုများကို ပြုလုပ်၏။ အထူးသဖြင့် မင်းသမီးဒိုဟာက နေ့စဉ် ပင်လယ်ကြမ်းပြင်အောက်သို့ ဆင်းပြီး ဓားရေးလေ့ကျင့် နေခဲ့၏။ အရှေ့ဘက်လောကနှင့် နီးကပ်လာလေလေ သူတို့၏ လေ့ကျင့်မှုများက ပိုမိုကာ ကြမ်းတမ်း လာလေပင်။ သူတို့က တိုက်ပွဲကို ဆာလောင်နေကြ၏။

အထူးသဖြင့် ဦးခေါင်းခွံဂိုဏ်း၏တပ်ဖွဲ့ဝင်များက နေ့စဉ် မိုင်နှင့် ရက်စွဲများကို တွက်ချက်၏။ အချိန်များက အလွန် နှေးကွေးလျက်ရှိ၏။ သူတို့က အရှေ့ဘက်လောကသို့ အမြန်ဆုံးရောက်ရှိကာဖြင့် သွေးချောင်းစီးသည့် တိုက်ပွဲများ ကို ဆင်နွှဲနေချင်ကြ၏။ အထူးသဖြင့် သူတို့၌ အသစ်စက်စက် လက်နက်များ၊ အမြောက်များနှင့် စစ်သင်္ဘောများ ရှိလို့နေ၏။

“အရှေ့ဘက်လောကကို မြန်မြန်သွားရအောင်။ ပင်လယ်ပြင်မှာ မြင်သမျှ သင်္ဘောအကုန်လုံးကို ဖျက်ဆီးပစ် ချင်နေပြီ။ သူတို့တွေကို ဘယ်အချိန်မှာ ဖျက်ဆီးရမလဲဆိုတာနဲ့ မျှော်လင့်ချက်မဲ့တယ်ဆိုတာ ဘာလဲ သိရအောင် လုပ်ပြမယ်။”

ဤအရာက ဟီလာ မကြာခဏ ပြောဆိုနေသည့် စကားပင် ဖြစ်သည်။

ဤခရီးစဉ်၏ အကြီးမားဆုံးသော အံ့အားသင့်စရာကောင်းသည့် အရာက သမီးငယ်လေး ယောင်ယောင်ပင်။ မူလန်အား ရှေးဟောင်းရိုးတွင်းခြင်ဆီ သန့်စင်ခြင်းဆေးရည်ကို ထိုးသွင်းပြီးနောက် သူမက သဘာဝတရားကို အာရုံခံနိုင်စွမ်းရှိပြီး ငလျင်နှင့် မုန်တိုင်းများကို ကြိုတင်ခန့်မှန်းနိုင်၏။

ယောင်ယောင်က ဤနေရာတွင် ပိုမိုကာ ထူးခြားနေပုံရ၏။ သူမက ပင်လယ်ပြင်နှင့် တစ်သားတည်း ဖြစ်တည်နေသည့် အလားပင်။ အစပိုင်းက ရှမ့်လန် သတိမပြုမိသော်လည်း ဟီလာက ထိုထူးခြားချက်ကို ရှာဖွေတွေ့ရှိခဲ့၏။ လမ်းတစ်လျှောက်လုံး လင်းပိုင်များနှင့် ဝေလငါးများက တစ်နေ့ထက်တစ်နေ့ သူတို့၏ သင်္ဘောနောက်သို့ ပိုမိုများပြားစွာ လိုက်ပါလာသည်။

လင်းပိုင်များက သင်္ဘောနောက်သို့ လိုက်ပါရခြင်းကို သဘာဝအတိုင်း နှစ်သက်ကြသောကြောင့် လူအများက ထိုအရာကို ပုံမှန်ဟုသာ ထင်မြင်တတ်ကြ၏။ သို့သော်ငြား လိုက်ပါလာသည့် လင်းပိုင်နှင့် ဝေလငါး အရေအတွက်က တကယ်ကို များပြားလာ၏။ မရေတွက်နိုင်အောင် များပြားပြီး သိပ်သည်းလာခဲ့၏။

လင်းပိုင်နှင့် ဝေလငါးများသာမကဘဲ တခြားသော ပင်လယ်သတ္တဝါများလည်း ပါဝင်လာ၏။ ပြီးနောက် ဟီလာက ထိုပင်လယ်သတ္တဝါး အားလုံးတို့က ပင်မစစ်သင်္ဘောကြီးဆီသို့ ဦးတည်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယောင်ယောင် ပေါ်လာတိုင်း ထိုပင်လယ်သတ္တဝါများက အထူးသဖြင့် လင်းပိုင်များက အလွန်စိတ်လှုပ်ရှားစွာဖြင့် ပင်လယ်ပြင်ထက်တွင် ခုန်ပေါက်ကာ ပျော်ရွှင်စွာ အော်ဟစ်နေတတ်၏။

ထိုအချိန်မှာတော့ ရှမ့်လန်က မြင်ကွင်းတစ်ခုကို သတိရသွား၏။ တံလျှပ်မြင်ကွင်းထဲတွင် ဘုရင်မ မီဒူဆာ၏ရုပ်ထု ပေါ်လာချိန်တွင် ရေနေမွန်းစတားပေါင်းများစွာတို့က ထိုရုပ်ထုကြီးကို မေးမောတွေဝေစွာ ငေးကြည့်နေကြသည် မဟုတ်ပါလား။

ယောင်ယောင်တွင် အမေနှစ်ယောက်ရှိ၏။ တစ်ဦးက ချောင်ယောင်းအာ ဖြစ်ပြီး နောက်တစ်ဦးမှာတော့ ဘုရင်မ မီဒူဆာပင်။ သူမ၏ ဝိညာဉ်နှင့် ဉာဏ်ရည်ဉာဏ်သွေးက ဘုရင်မ မီဒူဆာမှ အမွေရရှိထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်က ဖြစ်နိုင်ချေတစ်ခုကို မတွေးဘဲ မနေနိုင်တော့ချေ။

ယောင်ယောင်၏ ခန္ဓာကိုယ်က တကယ်ကို အားနည်းလွန်းသောကြောင့် လပေါင်းများစွာ ရွက်လွှင့်ရသည့် ဤခရီးစဉ်အတွက် ရှမ့်လန်က စိုးရိမ်ခဲ့၏။ လူကြီးများပင် ခံနိုင်ရည်မရှိသော ဤခရီးကို ယောင်ယောင်ကဲ့သို့ ကလေးငယ်လေးတစ်ဦးအနေနှင့် မည်သို့ခံနိုင်မည်နည်း။

သို့သော်ငြား ပင်လယ်ပြင်သို့ ထွက်လာခဲ့ပြီးနောက် ယောင်ယောင်က စိတ်ဓာတ်မကျသွားသည့်အပြင် ပိုမို၍ စိတ်လှုပ်ရှားကာဖြင့် အင်အားပြည့်ဝလာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလာခဲ့၏။

ဤအချိန်မှာတော့ ယောင်ယောင် က ဟီလာ၏ ချီပိုးခြင်းကို ခံထားရပြီး ပုံကလည်း ဆွဲနေ၏။

အရှေ့ဘက် ပင်လယ်ပြင်ရှိ လင်းပိုင်တချို့က ရေပြင်ပေါ်တွင် ကခုန်နေပြီး ပျော်ရွှင်စွာ အော်ဟစ်နေ၏။ သူမက ထိုလင်းပိုင်များကို ပုံဆွဲနေခြင်းပင်။ သူမ၏ ပုံဆွဲစွမ်းရည်က တကယ့်ကို ထူးချွန် ပြောင်မြောက်လာသောကြောင့် ရှမ့်လန်ပင်လျှင် သူမ၏ ရှေ့၌ စုတ်တံ ကိုင်ရန် ရှက်ရွံမိလာသည်။

သူမက အတွင်းစိတ်ကမ္ဘာကို ပုံဖော်ရန် ရိုးရှင်းသည့် မျဉ်းများကို အသုံးပြုရခြင်းကို အထူး နှစ်သက်၏။ ရှမ့်လန်ကဲ့သို့ သက်ရှိထင်ရှားရှိနေသကဲ့သို့ အသက်ဝင်အောင် မဆွဲနိုင်သော်လည်း သူမ၏ ပန်းချီကားများက အဆုံးစမဲ့သည့် ရှင်သန်ခြင်း စွမ်းအင်များနှင့် ပြည့်နှက်နေ၏။

ပုံဆွဲနေရင်းမှ ရုတ်တရက် ယောင်ယောင်က ရပ်လိုက်သည်။

“ဖေဖေ...။” ယောင်ယောင်က ရှမ့်လန်ကို လှမ်းခေါ်၏။

“သမီးလေး... ဘာဖြစ်လို့လဲ။” ရှမ့်လန်က သူမကို ပွေ့ချီလိုက်သည်။

ယောင်ယောင်က သူမ၏ လက်ကလေးဖြင့် ရှေ့သို့ ညွှန်ပြ၏။

ရှမ့်လန်က မင်သက်သွား၏။ ရှေ့တွင် ဘာမှမရှိပေ။ သို့သော်ငြား နာရီအနည်းငယ် ကြာပြီးနောက် ထူးဆန်းသည့် မြင်ကွင်းတစ်ခုက လူတိုင်း၏ ရှေ့၌ ပေါ်လာ၏။ သူတို့က မိစ္ဆာတြိဂံနယ်မြေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

All Chapters