← Chapters

အခန်း (၉၂၁-၉၂၂)

Vol. 55 Ch. 921-922

အခန်း (၉၂၁-၉၂၂)

Vol. 55 Ch. 921-922

အပိုင်း (၉၂၁)

ရန်နန်းဖေး၏ ရေတပ် ဒုက္ခိတ ဖြစ်သွားခဲ့ပြီးနောက် တကယ့်သတ်ဖြတ်ပွဲကြီးက စတင်လေသည်။ အကွာအဝေးက တကယ့်ကို နီးကပ်နေပြီဖြစ်၍ ရှမ့်လန်၏ ရေတပ်က သံလုံးအမြှောက်ဆံများကို နောက်တစ်ကြိမ် လဲလှယ်လိုက်ပြန်သည်။

“ပစ်ကြစမ်း။ ပစ်... ပစ်...”

အမြောက်ပေါင်း ဒါဇင်နှင့်ချီ၍ နောက်တစ်ကြိမ် ပစ်ခတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူတို့က ရပ်တန့်နေသည့် ပစ်မှတ်များကို ပစ်ခတ်ကြခြင်းပင်။ ရန်သူ၏ စစ်သင်္ဘောများက ၎င်းတို့၏ အရှိန်အဟုန်များကို ဆုံးရှုံးသွားခဲ့ပြီး ပင်လယ်ပြင်ထက်၌ ဘေးတိုက်ကြီး ရွေ့နေ၏။ ထို့အပြင် ထိုအရာများက တစ်စင်းနှင့်တစ်စင်း ဝင်တိုက်မိကြ၏။ တကယ့်ကို ရှောင်လွှဲရန် ခက်ခဲလှ၏။

ပျက်စီးခြင်း မြင်ကွင်းများက တစစီ ပေါ်ပေါက်လာခဲ့၏။ တကယ့်ကို ဖျက်ဆီးခြင်းပင်။ နီးကပ်သည့် အကွာအဝေးတွင် သံမဏိအမြှောက်ဆံများ၏ အစွမ်းက တုန်လှုပ်ဖွယ်ရာ ကောင်း၏။ သူတို့က ရန်သူ၏ စစ်သင်္ဘောများ ကို အလွယ်တကူ ထိုးဖောက်သွား၏။ သင်္ဘောများက ရူးမတတ် စုတ်ပြတ်ကုန်သည်။

.................

စစ်သင်္ဘောများက တစ်စင်းပြီးတစ်စင်း မီးလောင်ကုန်၏။ နီးကပ်လာသည့် အကွာအဝေးကြောင့် ပစ်ခတ်လိုက်သည့် သံမဏိအမြှောက်ဆံများက ရဲရဲနီနေကြ၏။ ရန်သူ၏ စစ်သင်္ဘောများကို ဖျက်ဆီးနေစဉ်မှာပဲ ထိုသင်္ဘောများ၏ သစ်သားကိုလည်း မီးစွဲစေခဲ့၏။ ကြီးမားသည့် ဖျက်ဆီးခြင်းကြီးက ဖြစ်ပေါ်ခဲ့၏။ တကယ့်သတ်ဖြတ်ပွဲကြီး တစ်ခုကဲ့သို့ပင်။

စစ်သင်္ဘောများက မိနစ်တိုင်းတွင် နစ်မြုပ်နေ၏။ စစ်သင်္ဘောများပေါ်မှ လူများရော။ ထိုသူတို့က အလွယ်တကူပင် လျစ်လျူရှုခြင်းကို ခံထားရ၏။ အကြောင်းရင်းက ပင်လယ်ပြင်ဖြစ်နေပြီး ထွက်ပြေးရန် လမ်းစ မရှိသောကြောင့်ပင်။

“အတူတူ သေအတူရှင်အတူ တိုက်ခိုက်ကြစမ်း။ ရေကူးပြီး သွားတိုက်။ ရေကူးပြီး သွားတိုက်ကြ။”

ရန်နန်းဖေး၏ ရေတပ်မှ စစ်သည်များက ရဲရင့်၏။ သူတို့က ပစ်ခတ်ခံနေရပြီး ပြန်လည် မတိုက်ခိုက်နိုင်သည့် ခံစားချက်ကို သည်းမခံနိုင်ခဲ့ချေ။ သူတို့က ပင်လယ်ပြင်ထဲသို့ ခုန်ဆင်းလိုက်ကြပြီး ရှမ့်လန်၏ ရေတပ်ရှိရာဆီသို့ ရေကူးသွား၏။ လူပေါင်း ထောင်နှင့်ချီကာ ရှိနေကြ၏။

မီတာ ၂၀၀ မှ ၃၀၀ အကွာအဝေးက ဝေးကွာလှသော်လည်း ပင်လယ်ပြင်မှ ရေတပ်သား စစ်သည်များ အတွက်တော့ ထိုအရာက ကလေးကစားစရာမျှသာပင်။

နောက်တစ်ဆင့်က ရှမ့်လန်၏ စစ်သင်္ဘောများ ပေါ်သို့ တက်ရန်ပင်။ ဤလူတစ်စုက တကယ့်ကို ကောက်ကျစ်၏။ သူတို့က ရေထဲတွင် ရေကူးနေကြပြီး ရှမ့်လန် ရေတပ်၏ ဒူးလေးစာများကို မခံရစေရန် စစ်သင်္ဘောများ၏ အောက်ခြေသို့ ရောက်မှသာ သူတို့၏ ခေါင်းများကို ဖော်ကြသည်။

ထို့အပြင် ရှမ့်လန်၏ စစ်သင်္ဘောများအောက်သို့ ခိုးဝင်ပြီးနောက် ဤလူတစ်စုက စစ်သင်္ဘောများကို မြှုပ်နှံရန် စတင်လုပ်ဆောင်ကြ၏။ ဤအရာက ခေတ်ကာလ၏ ရေတပ်ဆိုင်ရာ ရိုးရာနည်းပညာတစ်ခုပင်။ ရန်သူ၏ စစ်သင်္ဘောများကို အပေါက်ဖောက်ကြမည်။ ပင်လယ်ရေများ စီးဝင်စေပြီး သင်္ဘောများကို နစ်မြုပ်စေမည်။

သို့သော်ငြား သူတို့အပေါက်ဖောက်ရန် ကြိုးစားချိန်မှာတော့ လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွား၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က သင်္ဘောအောက်ခြေကို သတ္ထုချပ်ဝတ်အလွှာတစ်ခုနှင့် ဖုံးအုပ်ထား သောကြောင့်ပင်။ သူတို့ အပေါက်ဖောက်နိုင်စရာ မရှိခဲ့ချေ။

မကြာခင်မှာပဲ ပိုမိုဆိုးဝါးသည့် အိပ်မက်ဆိုးမြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ ရှမ့်လန်၏ ရေတပ်ရှိ ဦးခေါင်းခွံ စစ်သည်များက ပင်လယ်ထဲသို့ ခုန်ချလာပြီး သူတို့ဆီသို့ ဝင်ရောက်သတ်ဖြတ်တော့၏။ ရှမ့်လန်၏ ရေတပ်၌ လူပေါင်း ၂ သောင်းပင် မပြည့်ပေ။

၆ ထောင်မှ ၇ ထောင်ခန့် ရှိသည့် လူများက အမြှောက်တစ်ရာကို ကိုင်တွယ်ရန် လုံလောက်၏။ ကျန်ရှိနေသည့် လူ ၁ သောင်းက သူတို့၏ ရဲဖော်ရဲဘက်များ သတ်ဖြတ်နေသည်ကို ထိုင်ကာ ကြည့်ရှုနေရုံသာ ရှိ၏။ တကယ့်ကို စိတ်မသက်မသာ ဖြစ်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့က သတ်ဖြတ်ချင်နေသောကြောင့်ပင်။ ယခုအချိန်မှာတော့ သူတို့ အလှည့်ရောက်လာခဲ့ကြ၏။

“ကဲ... တို့လာပြီဟေ့။”

ပြီးနောက် ရေတပ်အုပ်စု ၂ ခုမှ စစ်သည်များက ပင်လယ်ပြင်ထက်၌ ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲကြတော့၏။ တကယ့်ကို အကြမ်းတမ်းဆုံးနှင့် အပြင်းထန်ဆုံးသော တိုက်ပွဲပင်။

ရန်နန်းဖေး၏ ရေတပ်မှ စစ်သည်များက အစပိုင်းတွင် ယုံကြည်မှုအပြည့် ရှိကြ၏။ သူတို့က နောက်ဆုံး အချိန်မှာတော့ အနီးကပ်တိုက်ခိုက်နိုင်ကြပြီ မဟုတ်ပါလား။ သို့သော်ငြား ထိုအရာက အိပ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်မှတ်ခဲ့ချေ။

ရှမ့်လန်၏ ရေတပ်ထဲမှ စစ်သည်များက အသက်ကြီးသူများ ပါဝင်၏။ တချို့က သွားပင် မရှိကြတော့ပေ။ သူတို့က တစ်ကိုယ်လုံး စုတ်ပြတ်သတ်ကာဖြင့် ပိန်ချုံးနေ၏။ သို့သော်ငြား ပင်လယ်ပြင်ထက်တွင် ထိုသူတို့ကို ဖော်ညွှန်းရန် စကားလုံးတစ်ခုတည်းသာရှိ၏။ ထိုသူတို့က ပင်လယ်တစ္ဆေများပင်။

သူတို့၏ ရေကူးနိုင်စွမ်းက တကယ့်ကို အံ့အားသင့်စရာပင်။ ခြေထောက်များဖြင့်သာ ရေကူးသည်မဟုတ်ဘဲ သူတို့၏ တတိယခြေထောက်ဖြင့်ပင် ရေကူးနိုင်သကဲ့သို့ လူတို့ကို ခံစားရစေ၏။ ထိုသူတို့က တကယ့်ကို လျင်မြန်ပြီး ဖျတ်လတ်၏။ သူတို့၏ လခြမ်းပုံ ဓားတစ်လက်စီက တကယ့်ကို ကောက်ကျစ်ပြီး အလှည့်အပြောင်း များ၏။ ထိုသူတို့က သတ်ဖြတ်ရန် အနည်းဆုံးသော အင်အားကိုသာ အသုံးပြုကြ၏။ တကယ့်ကို သတ်ဖြတ်ပွဲကြီး တစ်ခု ဖြစ်သည်။

ဦးခေါင်းခွံဂိုဏ်း စစ်သည်များ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိခဲ့၏။ လွယ်လွန်းလှချေ၏။ ယခင်က သွေးသောက်ဘာရွန်၏ ရေတပ်က အားနည်းခဲ့သည်ပင်။ သို့ပေမည့် အဘယ်ကြောင့် အရှေ့ပိုင်းရေတပ်၏ စစ်သည်များက ဤမျှလောက် အားနည်းနေရသနည်း။ တဖက်လူများကို သတ်ဖြတ်ရသည်က ဖုန်မှုန့်ကို လေနှင့်မှုတ်ရသကဲ့သို့ပင် လွယ်ကူနေ၏။

သို့သော်ငြား သူတို့ကလည်း မူလအကြောင်းရင်းပင် ဖြစ်၏။ ရန်နန်းဖေး၏ ရေတပ်မှ စစ်သည်အများစုက အားနည်းနေခြင်းမဟုတ်ဘဲ ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်က အလွန်အမင်း အစွမ်းထက်နေခြင်းကြောင့်ပင်။ သူတို့က ပင်လယ် မွန်းစတားများနှင့် ဆယ်စုနှစ်တစ်ခုအကြာ တိုက်ခိုက်ခဲ့ရသည့် ရေတပ်တစ်ခု ဖြစ်သည်။

ပင်လယ်ပြင်ထက်မှ အမြှောက်များ၏ သတ်ဖြတ်မှုက တုန်လှုပ်ဖွယ်ရာ ကောင်းသော်လည်း ပင်လယ်ရေထဲရှိ ဦးခေါင်းခွံဂိုဏ်း၏ သတ်ဖြတ်မှုက ပိုမို၍ တုန်လှုပ်ဖွယ်ရာ ကောင်း၏။ နာရီဝက်မပြည့်သော အချိန်အတွင်းမှာပဲ ဦးခေါင်းခွံဂိုဏ်း၏ စစ်သည်များက ပြိုင်ဘက်ဟူ၍ မတွေ့ရတော့ချေ။

ရေထဲသို့ခုန်ဆင်းလာသော ရန်နန်းဖေး၏ စစ်သည်များက တစ်သောင်းပင် မပြည့်ပေ။ အဘယ်သို့ ခံနိုင်ရည် ရှိမည်နည်း။ အားလုံး အသတ်ခံလိုက်ရ၏။ ပင်လယ်ပြင်တစ်ခုလုံးက လွင့်မျောနေသည့် အလောင်းများနှင့် ပြည့်နှက်နေပြီး ပင်လယ်ရေများကလည်း သွေးနီရောင်အဖြစ် ပြောင်းလဲကုန်၏။

“တက်လာကြစမ်း။”

ဦးခေါင်းခွံဂိုဏ်းမှ တပ်မှူးက အော်ဟစ်လိုက်သည်။ ဦးခေါင်းခွံဂိုဏ်းမှ စစ်သည်များက မကျေမနပ်ဖြင့် ကုန်းပတ်ပေါ်သို့ ပြန်တက်လာကြ၏။ အမြှောက်များ၏ စွမ်းဆောင်ရည်ကိုသာ ဆက်လက် ကြည့်ရှုနေရ၏။ သို့သော်ငြား အမြှောက်များ၏ စွမ်းဆောင်ရည်က ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။

ပင်လယ်ပြင်တစ်ခုလုံးက ငရဲကန်အဖြစ် ပြောင်းလဲနေ၏။ နေရာအနှံ့တွင် မီးလျှံများ ရှိနေပြီး စစ်သင်္ဘောများက ပျက်စီးနေ၏။ မိုင်ပေါင်းရာနှင့်ချီကာ ပြန့်နှံ့လျက်ရှိနေပြီး ပျက်စီးလျက်ရှိနေသည့် စစ်သင်္ဘောများက နေရာအနှံ့ပင်။

ရန်နန်းဖေး၏ စစ်သည်တစ်သိန်းခွဲရှိသည့် ရေတပ်ကြီး၊ စစ်သင်္ဘောပေါင်း တစ်ထောင်ကျော်တို့က မူလက ခမ်းနားထည်ဝါစွာဖြင့် ကောင်းကင်ကို ဖုံးလွှမ်းလုမတတ် ရောက်ရှိလာ၏။ နာရီအနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက် ရန်နန်းဖေး၏ ရေတပ်မှ စစ်သင်္ဘော ၅၀၀ ကျော်တို့က နစ်မြုပ်သွားခဲ့ပြီး ကျန်ရှိသည့် သင်္ဘောတစ်ရာ တို့ကလည်း ပင်လယ်ပြင်ထက်တွင် ဝဲလည်လည်နှင့် လည်ပတ်နေ၏။ မကြာခင် နစ်မြုပ်ပေတော့မည်။

သူ စေလွှတ်လိုက်သည့် အရှေ့နှင့် အနောက်ဘက် ရေတပ်အုပ်စုက လုံးဝ ချေမှုန်းခြင်းကို ခံလိုက်ရ၏။ တိုက်ပွဲတွင် မပါခဲ့သည့် မြောက်နှင့် တောင်ဘက် ရေတပ်များကသာလျှင် အသက်ရှင်ကျန်ရစ်ခဲ့သည်။

…………..

ရန်နန်းဖေးက ဗဟိုမစစ်သင်္ဘော၏ အမြင့်ဆုံးနေရာ၌ ရပ်ပြီး မှန်ပြောင်းဖြင့် ပင်လယ်ပြင်တစ်ခုလုံးကို ကြည့်ရှုနေ၏။ သူ၏တစ်ကိုယ်လုံးက အေးစက်သွားခဲ့၏။ စစ်တပ်တစ်ခု ပြိုလဲခြင်းဆိုသည်က ကုန်းကြောင်း တိုက်ပွဲများတွင်သာ ရှိသင့်သည့် အရာဖြစ်သော်လည်း ယခု ပင်လယ်ပြင်ထက်တွင် ဤသို့သော မြင်ကွင်းမျိုး ပေါ်ပေါက်လာ၏။ စုစုပေါင်း သင်္ဘော ၆၀၀ နှင့် လူပေါင်း ၇ သောင်းကျော်က သေဆုံးသွားခဲ့ကြသည်။ ထိုအရာက တိုက်ပွဲတစ်ခုမဟုတ်ဘဲ သတ်ဖြတ်ပွဲတစ်ခုသာလျှင်။

အထူးသဖြင့် နောက်ဆုံး ၄ နာရီအတွင်း ရှမ့်လန်၏ ရေတပ်က သံကြိုးအမြှောက်များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့၏။ ထိုအရာက တကယ့်ကို ခမ်းနားပြီး ကြီးကျယ်မြင့်မြတ် လွန်းလှသည့် ဖျက်ဆီးခြင်းပြပွဲကြီး တစ်ခုကဲ့သို့ပင်။ ယင်ယွမ်အဖွဲ့အစည်းအနေဖြင့် ငွေကြေးအမြောက်အမြား ပုံအောခံပြီး တည်ဆောက်ခဲ့သည့် ရေတပ်ကြီးက နာရီအနည်းငယ်အတွင်းမှာပင် တစ်ဝက်ခန့် ပျက်စီးသွားရ၏။

“တပ်မှူး... ကျုပ်တို့ ဘာလုပ်ကြမှာလဲ။” အရာရှိတစ်ယောက်က လာကာမေးသည်။

ရန်နန်းဖေးက နာကျင်စွာဖြင့် မျက်လုံးကို မှိတ်လိုက်မိ၏။ သူ၏ ရေတပ် ထက်ဝက်ခန့်က ကျန်ရှိနေသေး၏။ စစ်သင်္ဘော အမျိုးမျိုး ၆၀၀ မှ ၇၀၀ ခန့်နှင့် လူပေါင်း ၈ သောင်းကျော် ကျန်ရှိနေသေးသည်။ သို့သော်ငြား ဤရေကြောင်း တိုက်ပွဲက ရှုံးနိမ့်သွားခဲ့ပြီဖြစ်၍ တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန်က အဓိပ္ပာယ် မရှိတော့ချေ။

“ဆုတ်ခွာကြမယ်။ ဆုတ်ခွာကြ။” ရန်နန်းဖေးက နာကျင်စွာဖြင့် အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ ဆုတ်ခွာရန် အချက်ပေးခရာသံ ထွက်ပေါ်လာ၏။ အလံကိုင်များက အလံများကို စတင်ဝှေ့ယမ်းကြ၏။ ပြီးနောက် ရန်နန်းဖေး၏ မြောက်နှင့် တောင်မှ ရေတပ်အုပ်စုများက စတင်ဆုတ်ခွာလာခဲ့ကြသည်။

ဤရေကြောင်းတိုက်ပွဲက အနိုင်ရရန် မဖြစ်နိုင်တော့ပေ။ ကုန်းမြေသို့ပြန်ပြီး နုရှောင့်မြို့၏ ရဲတိုက်ကို အခြေခံ ခုခံခြင်းက ပို၍ ကောင်းပေလိမ့်မည်။ အနည်းဆုံး ယခုအချိန်ထိ နုရှောင့်မြို့၏ ရဲတိုက်က မည်သည့်အခါကမှ မပျက်စီးခဲ့ဖူးသလို ကျရှုံးခြင်းလည်း မရှိခဲ့ဖူးချေ။

“နောက်ဆုတ်ကြ...”

ရန်နန်းဖေး၏ ကျန်ရှိနေသည့် ရေတပ်များက ထွက်ပြေးကြ၏။ ထိုအချိန်မှာတော့ ရှမ့်လန်၏ ရေတပ်က အဖွဲ့နှစ်ခုခွဲပြီး ပင်လယ်ပြင်ထက်၌ လိုက်လံတိုက်ခိုက်လျက် ရှိနေ၏။

.................

ဤသို့ လိုက်လံတိုက်ခိုက်မှုက တိရစ္ဆာန်လောကမှ မြင်ကွင်းတစ်ခုနှင့်ပင် တူ၏။ ခြင်္သေ့ကြီးတစ်ကောင်က တောကျွဲအုပ်ထဲသို့ ဝင်ရောက်ပြီး ရက်ရက်စက်စက်နှင့် လိုက်လံသတ်ဖြတ်နေခြင်း ကဲ့သို့ပင်။

ရှမ့်လန်၏ စစ်သင်္ဘော ၁၀၀ ထဲမှ အများစုက ဦးခေါင်းခွံဂိုဏ်းမှ စစ်သင်္ဘောများကို ပြုပြင်မွမ်းမံထားခဲ့ခြင်းဖြစ်ပြီး ဤပင်လယ်ဓားပြများက အမြန်ဆုံးသော စစ်သင်္ဘောများကို တည်ဆောက်ရာတွင် ကျွမ်းကျင်သူများပင်။ သူတို့၏ စစ်သင်္ဘောများက ရန်နန်းဖေး၏ ရေတပ်ထက် ၁၅ ရာခိုင်နှုန်းထက် ပိုမိုကာ မြန်ဆန်ကြ၏။ နှုန်းထားက ကြီးမားသည့် ကွာခြားချက်မျိုး မဟုတ်သော်လည်း ကျယ်ပြောသည့် ပင်လယ်ပြင်ထက်တွင် လုံလောက်သည့် အားသာချက်တစ်ခု ဖြစ်သည်။

ရန်နန်းဖေးက ရှမ့်လန်၏ ရေတပ်ကို မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်၏။ “သူ... သူ ဘာလုပ်နေတာလဲ။”

သူ၏ လက်အောက်ရှိ တပ်မှုးက တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “သူ... သူ ကျုပ်တို့ကို ဝိုင်းဖို့ ကြိုးစားနေတာပဲ။”

အမှန်စင်စစ် ရန်နန်းဖေးက အဖြေကို သိရှိပြီးဖြစ်သော်လည်း ယုံကြည်နိုင်ခြင်း မရှိပုံပင်။ ရှမ့်လန် ရူးသွပ်သွားပြီလား။ သူ့တွင် စုစုပေါင်း စစ်သင်္ဘော အစင်း ၁၀၀ သာရှိပြီး တောင်နှင့်မြောက် နှစ်ဖွဲ့ ခွဲထားသေး၏။ စစ်သင်္ဘော အစင်း ၅၀ က အစင်း ၄၀၀ ကို မည်သို့ ဝန်းရံမည်နည်း။ စစ်သင်္ဘော ၁ သောင်းက စစ်သင်္ဘော ၄ သောင်းကို ဝိုင်းရံသကဲ့သို့ ဖြစ်နေ၏။ ထိုအရာက လုံးဝ ရူးသွပ်သည့် လုပ်ရပ်ပင်။

ဟုတ်ပေ၏။ ရှမ့်လန်က သူတို့ကို ဝိုင်းရံချေမှုန်းရန် အမှန်တကယ် ကြံစည်နေခြင်းပင်။ ပုံမှန်လိုက်လံ တိုက်ခိုက်ခြင်း ဆိုပါက ရန်နန်းဖေး၏ ရေတပ်အများစုက လွတ်မြောက်သွားနိုင်၏။

သို့နှင့် ရှမ့်လန်၏ ဦးခေါင်းခွံရေတပ်စုက အမြန်နှုန်းကို အားပြုပြီး ရန်နန်းဖေး၏ ရေတပ်ကို ဘေးဘယ်ညာ နှစ်ဖက်မှ ကျော်တက်ကြ၏။ ပြီးနောက် ရှည်လျားသည့် ဝန်းရံပိတ်ဆို့မှုကြီးက စတင်လေတော့သည်။ သို့သော်ငြား ရန်နန်းဖေး၏ ရေတပ်က ဂရုမစိုက်ဘဲ ဆက်လက်ကာ ထွက်ပြေးနေသည်။

၃ ရက်နှင့် ၃ ည ကြာပြီးနောက် ပင်လယ်ပြင်ထက်တွင် ရှမ့်လန်၏ ဝန်းရံပိတ်ဆို့မှုက ပုံဖော်ပြီးစီးသွားသည်။ ကောင်းကင်မှ မိုးကြည့်လိုက်မည်ဆိုပါက ဤဝန်းရံပိတ်ဆို့မှုက သနားစဖွယ် ကောင်းလောက်အောင် သေးငယ်၏။ မိုင် ၂၀၀ ကျော် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင် ရန်နန်းဖေး၏ စစ်သင်္ဘော ၄၀၀ ကို ဝန်းရံထားသည့် စစ်သင်္ဘောက ၅၀ သာရှိ၏။

ဝန်းရံပိတ်ဆို့မှုကို ပုံဖော်ပြီးနောက် တဖြည်းဖြည်း ကျဉ်းမြောင်းလာကာဖြင့် အရှေ့ဆီသို့ တိုးလာကြ၏။ ဤမြင်ကွင်းက မည်မျှ တူညီလိုက်သနည်း။ သို့သော်ငြား ယခင်က ရန်နန်းဖေး၏ ရေတပ်က ရှမ့်လန်ကို ဝန်းရံခဲ့ခြင်း ဖြစ်ပြီး ယခု ရှမ့်လန်က ရန်နန်းဖေးကို ပြန်လည်ကာ ဝန်းရံမည့် အလှည့်ပင်။

“ပစ်ကြ...”

မီတာ ၈၀၀ အကွာသို့ ရောက်ချိန်မှာတော့ ရှမ့်လန်၏ရေတပ်က တရားဝင် စတင်ပစ်ခတ်၏။ သို့သော်ငြား ယခုအချိန်မှာတော့ အမြောက်ဆံများက နည်းပါး၏။ ထိခိုက်ပျက်စီးမှုက သာမန်သာဖြစ်ပြီး ခြိမ်းခြောက်ရန်အတွက်သာ အသုံးပြုခြင်းပင်။

“ရှေ့ကိုတိုး။ ရှေ့ကိုဆက်တိုး...”

ရှမ့်လန်၏ ရေတပ်က အမှန်တကယ်ပင် ရူးသွပ်နေ၏။ စစ်သင်္ဘော တစ်စင်းက ၁၀ စင်းကို ဝင်ရောက် တိုက်ခိုက်ရန် ကြံစည်နေသည်။

ရန်နန်းဖေးက ဒေါသကြောင့်ပင် တုန်ယင်နေ၏။ “ရှမ့်လန်... မင်း... မင်း သိပ်ပြီး မောက်မာလွန်းတယ်။”

ပြီးနောက် သူက ရေတပ်ကို လူစုခွဲရန် အမိန့်ပေးလိုက်၏။ စစ်သင်္ဘော ၈ စင်းကို အုပ်စု တစ်စုအဖြစ်ဖွဲ့ပြီး ရှမ့်လန်၏ စစ်သင်္ဘောတစ်စင်းကို ဝန်းရံကာ ချဉ်းကပ်ကြသည်။

ယခင်က စစ်သင်္ဘော ၆၀၀ က ရှမ့်လန်၏ စစ်သင်္ဘော ၁၀၀ ကို မနိုင်ခဲ့ချေ။ ထိုအရာက အုပ်စုဖွဲ့အင်အားကြောင့် ဖြစ်၏။ စစ်သင်္ဘော ၁၀၀ ၏ အမြှောက်များ ပေါင်းစပ်လိုက်သည့်အချိန်တွင် ပျက်စီးထိခိုက်မှုက တုန်လှုပ်ဖွယ်ရာ ကောင်း၏။ ယခု စစ်သင်္ဘော ရှစ်စင်းက တစ်စင်းကို တိုက်ခိုက်ခြင်းဖြစ်၏။ မနိုင်နိုင်ဟု သူတို့ မယုံကြည်နိုင်ပေ။

ရန်နန်းဖေးက အမိန့်ပေးပြီးနောက် ရေတပ်တစ်ခုလုံး၏ အလံအချက်ပြမှုများကို ပေးပို့လိုက်၏။ ပြီးနောက် သူတို့၏ ရေတပ်က သီးခြားစီ စတင်တိုက်ခိုက်ကြ၏။ စစ်သင်္ဘော ရှစ်စင်းက ရှမ့်လန်၏ စစ်သင်္ဘော တစ်စင်းကို ဝန်းရံတိုက်ခိုက်ရန် ဝင်ရောက်လာကြ၏။

ဟီလာက စစ်သင်္ဘောတစ်စင်းကို တစ်ဦးတည်း ကွပ်ကဲနေ၏။ သူမက ရွက်တိုင်ထိပ်တွင် ရပ်ပြီး စစ်တုရင် ကစားသမား တစ်ယောက်ကဲ့သို့ ကိုယ်တိုင်ပါဝင် ဆော့ကစားနေ၏။ သူမက အရည်အသွေး ပြည့်မီသည့် မာလိန်မှူးတစ်ယောက်တော့ မဟုတ်ချေ။

“ငြိမ်ငြိမ်ထား။ ငြိမ်ငြိမ်ထား။ မလန့်နဲ့...”

ရန်နန်းဖေး၏ စစ်သင်္ဘော ရှစ်စင်းက ဟီလာ၏ စစ်သင်္ဘောအနီးသို့ ဆက်လက်တိုးကပ်လာ၏။ အမှန်စင်စစ် သူမက မီတာ ၈၀၀ အကွာကတည်းက စတင်ပစ်ခတ်နိုင်သော်လည်း မပစ်ခတ်ခဲ့ချေ။

မီတာ ၅၀၀၊ မီတာ ၄၀၀...

ဦးခေါင်းခွံပင်လယ်ဓားပြများက အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤအကွာအဝေးက တကယ့်ကို အန္တရာယ်များနေပြီ ဖြစ်သောကြောင့်ပင်။ ရန်သူ၏ ကျောက်လွဲစက်များနှင့် ဧရာမဒူးလေးများက သူတို့၏ စစ်သင်္ဘောများကို ထိမှန်နိုင်နေ၏။ ထိုသူတို့၏ တိကျမှုက မမြင့်မားသော်လည်း ဧရာမကျောက်တုံးကြီးများ ထိမှန်ပါက ကြီးမားသည့် ပျက်စီးမှုမျိုး ဖြစ်နိုင်၏။

“မီတာ ၃၅၀...”

ဟီလာက ရုတ်တရက် အမိန့်ပေးသည်။ “ပစ်တော့...”

ချက်ချင်းပဲ သူမ၏ စစ်သင်္ဘောပေါ်ရှိ အမြောက် ၃၀ တို့က အရပ်လေးမျက်နှာဆီသို့ တပြိုင်နက်တည်း ပစ်လွှတ်ကြ၏။

“ရွှီ... ရွှီ... ရွှီ...”

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သံကြိုးအမြှောက်ဆံများက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

xxx

အပိုင်း (၉၂၂)

“ပစ်.. ပစ်.. မြန်မြန် မြန်မြန်...”

ဟီလာ၏စစ်သင်္ဘောပေါ်ရှိ အမြောက်တပ်သားများက ရူးသွပ်မတတ်ပင်။ သူတို့က အမြှောက်များကို ဆေးကြောခြင်း၊ ယမ်းဖြည့်ခြင်းနှင့် သံကြိုးအမြှောက်ဆံများကို တပ်ဆင်ခြင်းတို့ကို အမြန်ဆုံး လုပ်ဆောင်နေ၏။ မီတာ ၁၅၀ အကွာအဝေးက သေမင်းတမန် အကွာအဝေး ကဲ့သို့ပင်။

ရန်နန်းဖေး၏ စစ်သင်္ဘော ၈ စင်းက အနီးကပ်ဝင်ရောက်လာရန် အစွမ်းကုန် ကြိုးစားကြ၏။ တုန်လှုပ်ဖွယ်ရာ ကောင်းသည့် ဖျက်ဆီးရေးစွမ်းအားများကို ဟီလာတို့က ထုတ်ဖော်ပြသလျက်ရှိ၏။ သင်္ဘောတစ်စင်း၊ နှစ်စင်း၊ သုံးစင်း၊ လေးစင်း။ စစ်သင်္ဘောများက တစ်စင်းပြီးတစ်စင်း အရှိန်ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးပြီး ပင်လယ်ပြင်ထက် လည်လျက်ရှိ၏။ သို့သော်ငြား မီတာ ၂၀၀ အကွာအဝေးထိ ချဉ်းကပ်နိုင်သည့် သင်္ဘော ၄ စင်းက ကျန်ရှိနေသေး၏။

“ပစ်ကြ...”

ကျောက်လွဲစက်များကို အသုံးပြုရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများ၏ တိကျမှုက နိမ့်ကျသောကြောင့်ပင်။ ထိုသူတို့အားလုံးက ဧရာမဒူးလေးကြီးများကို အသုံးပြုပြီး မီးမြားများဖြင့် ပစ်လွှတ် ကြသည်။

“ရွှီ... ရွှီ...”

စစ်သင်္ဘော ၄ စင်းပေါ်တွင်တော့ ဧရာမဒူးလေးကြီးက ဒါဇင်နှင့်ချီကာရှိ၏။ ဤမျှ နီးကပ်သည့် အကွာအဝေးတွင် တိကျမှုနှုန်းက ၁၀ ရာခိုင်နှုန်းအောက်သာ ရှိနေသေး၏။ သို့သော်ငြား မီးမြား ငါးစင်းထက် မနည်းက ဟီလာ၏ စစ်သင်္ဘောကို ထိမှန်၏။

“ပေါက်ကွဲစမ်း။ မြန်မြန်ပေါက်ကွဲစမ်း...”

ရန်နန်းဖေး၏ ရေတပ်မှ အရာရှိတစ်ယောက်က စိတ်ထဲတွင် အော်ဟစ်နေမိ၏။ မီးမြားများ ပစ်လွှတ်ရခြင်း၏ အကြောင်းရင်းက ဟီလာ၏ သင်္ဘောပေါ်ရှိ ယမ်းများကို ပေါက်ကွဲစေရန်ပင်။ ဤနည်းအားဖြင့် အင်အားကြီးမားသည့် စစ်သင်္ဘောကြီးကို အလွယ်တကူ ဖျက်ဆီးနိုင်ပေလိမ့်မည်။

သို့သော်ငြား သူ အတွေးလွန်နေခြင်းသာလျှင်။ ရှမ့်လန်၏ စစ်သင်္ဘောရှိ ယမ်းမှုန့်များက တကယ့်ကို တည်ငြိမ်၏။ မီးဖြင့်ရှို့လျှင်ပင် ပေါက်ကွဲစေရန် အမြင့်ဆုံးအပူချိန်၌ စက္ကန့်အနည်းငယ် ကြာအောင် ထားရန် လိုအပ်၏။ သို့သော်ငြား သူတို့၏ မီးမြားများက ယမ်းများကို ထိမှန်သည့် ခဏမှာပဲ ပင်လယ်ရေကြောင့် မီးငြိမ်းသွား၏။

ဟီလာ၏ စစ်သင်္ဘောက ဆက်လက်ပစ်ခတ်နေပြီး အမြှောက်ဒါဇင်ပေါင်းများစွာကလည်း သံကြိုးအမြှောက်ဆံ များကို ဆက်တိုက်ပစ်ထုတ်နေ၏။ ရန်နန်းဖေး၏ ရေတပ်မှ တပ်မှူးက အစွမ်းကုန် အော်ဟစ်ပြီး အမိန့်ပေးသည်။ စစ်သင်္ဘောပေါ်ရှိ စစ်သည်များက မီးမြားများကို ပစ်လွှတ်ကြသည်။

“ရွှီ... ပစ်... ပစ်...” အကွာအဝေးက အလွန်နီးကပ်နေပြီ ဖြစ်သောကြောင့် ကြီးမားသည့် သံကြိုးအမြှောက်ဆံ များ၏ စွမ်းအားက တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။ အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်နေပြီး ကုန်းပတ်ပေါ်ရှိ စစ်သည် ဒါဇင်ပေါင်းများစွာက ပျောက်ကွယ်သွား၏။ ထိုသူတို့၏ ခန္ဓာကိုယ်များက နှစ်ပိုင်း ပြတ်သွားခဲ့ခြင်းပင်။

“သတ်.. သတ်ကြ...”

ရန်နန်းဖေး၏ ရေတပ်မှ တပ်မှူးက ဓားကို ဝှေ့ယမ်းပြီး အော်ဟစ်၏။ သို့သော်ငြား ပတ်ဝန်းကျင်ရှိ စစ်သင်္ဘောများက တစ်စင်းပြီးတစ်စင်း စွမ်းအင်ဆုံးရှုံးနေ၏။ နောက်ဆုံးမှာတော့ ထိုတပ်မှူး၏ စစ်သင်္ဘောများ က ဟီလာ၏ စစ်သင်္ဘောရှေ့သို့ အရောက်ဝင်တိုက်နိုင်၏။

“ဒုန်း...”

ကျယ်လောင်သည့် အသံကြီးနှင့်အတူ စစ်သင်္ဘောနှစ်စင်းက ပြင်းထန်စွာ တိုက်မိ၏။ ပြီးနောက် စစ်သင်္ဘောပေါ်တွင် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။

အဘယ်ကြောင့်ဆိုသော် ဟီလာ၏စစ်သင်္ဘောထိပ်တွင် ဧရာမသံမဏိ ဦးချိုကြီးပါရှိပြီး သံချပ်ကာများ ဖုံးအုပ်ထားသလို ဖြစ်နေသောကြောင့်ပင်။

“ကြိုဆိုပါတယ်။” ဟီလာက ရက်စက်စွာ ရယ်မော၏။ ပြီးနောက် ရာနှင့်ချီသည့် ဦးခေါင်းခွံ ပင်လယ်ဓားပြများက မြန်ဆန်စွာနှင့် ခုန်ကူးလာခဲ့ပြီး ဟီလာကိုယ်တိုင်ကလည်း တစ်ဖက်လူများ၏ သင်္ဘောပေါ်သို့ ခုန်ကူးသွား၏။

ဤစစ်သင်္ဘော၏ အရာရှိက လူတစ်ထောင် တပ်စုမှူး ဖြစ်ပြီး သိုင်းပညာရှင် တစ်ဦးလည်း ဖြစ်၏။ လှပသည့် ဟီလာကို မြင်ချိန်မှာတော့ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

“လှပတဲ့ မိန်းကလေး... မင်းက ဘာလို့ ပင်လယ်ဓားပြ ဖြစ်နေရတာလဲ။ ကဲ တိုက်ကြရအောင်...”

ထိုသူက ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး အော်ဟစ်၏။ “သတ်ကြစမ်း... မိသားစုရဲ့ ဂုဏ်သိက္ခာအတွက်၊ သခင်ကြီး ရန်နန်းဖေးရဲ့ ဂုဏ်သိက္ခာအတွက်...”

သူက ဓားကို ဝှေ့ယမ်းပြီး ဟီလာဆီသို့ ပြေးဝင်၏။ ဟီလာက ဓားကို ဆွဲမထုတ်ဘဲ သူ၏ လက်ဝှေ့လက်အိတ်ကို စွပ်ကာဖြင့် လက်သီးနှင့် ထိုးသည်။

နောက်တစ်စက္ကန့်မှာပဲ ထိုအရာရှိ၏ ခန္ဓာကိုယ်က လွင့်စင်သွား၏။ ခေါင်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ဟီလာ၏ လက်ချက်ဖြင့် ခေါင်းတစ်ခုလုံး ကြေမွသွားခြင်းပင်။ ပြီးနောက် ဟီလာက ကြမ်းကြုတ်လွန်းလှသည့် သားရဲတိရစ္ဆာန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်သူ၏ စစ်သည်များကြားထဲသို့ ဝင်ရောက်ပြီး ရူးသွပ်စွာ သတ်ဖြတ်နေလေတော့၏။ မိနစ် အနည်းငယ်အတွင်းမှာပဲ ဟီလာ၏ စစ်သင်္ဘောအနီးသို့ ကပ်နိုင်ခဲ့သည့် တစ်ခုတည်းသော ရွှဲ့ပြည်နယ်၏ စစ်သည်အားလုံးက အသတ်ခံလိုက်ရ၏။

“ပျော်ပွဲရွှင်ပွဲ စပြီဟေ့။”

ပြီးနောက် ဟီလာက စစ်သင်္ဘောကို ထိန်းချုပ်ပြီး ရန်သူ့ သင်္ဘောတစ်စင်းပြီး တစ်စင်းဆီ ချဉ်းကပ်သွား၏။ မီတာ ၁၀၀ အကွာအဝေး၌ သူမ၏ ရူးသွပ်ဖွယ်ရာ တိုက်ဖြတ်မှုကြီးက စတင်သည်။

ရန်သူ့စစ်သင်္ဘောများက သံကြိုးအမြှောက်ဆံများကြောင့် ရွက်တိုင်နှင့် ရွက်များ ပျက်စီးကုန်၏။ ရွေ့လျားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားရသည်။ မီတာ ၁၀၀ အကွာအဝေးတွင် ထိုသူတို့က တစ်ဖက်သတ် အနိုင်ကျင့် ခံရခြင်း သက်သက်မျှပင်။

ဘေးဘက်ရှိ အမြှောက် ဆယ်စင်းကျော်က ပစ်ခတ်၏။ ပြင်းထန်သည့် အမြှောက်ဆံများက ရန်သူ့စစ်သင်္ဘောများကို တိုက်ရိုက်ဖောက်ထွင်းကာ ဖျက်ဆီး၏။

၆ နာရီတိတိ ကြာမြင့်ပြီးနောက် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။

တိတိကျကျ ပြောရမည်ဆိုလျှင် အမဲလိုက်ပွဲကြီးက ပြီးဆုံးသွားခဲ့ခြင်းဖြစ်၏။ စစ်သင်္ဘော ၅၀ က စစ်သင်္ဘော ၄၀၀ ကို ဝိုင်းရံပိတ်ဆို့ပြီး ချေမှုန်းသုတ်သင်လိုက်၏။ ရန်နန်းဖေး၏ ရေတပ်ကြီးက အလုံးစုံ ချေမှုန်းခြင်းကို ခံလိုက်ရ၏။

“ဒေါင်... ဒေါင်... ဒေါင်...”

နုရှောင့်မြို့၌ ခေါင်းလောင်းသံကြီးက ဆက်တိုက်ဆိုသလို မြည်ဟီးနေ၏။ ရန်နန်းဖေး၏ လက်ကျန်ရေတပ်က သနားစဖွယ် အခြေအနေဖြင့် ဆိပ်ကမ်းသို့ ဝင်ရောက်လာခဲ့၏။ ရှုံးနိမ့်မှုက တကယ့်ကို ဆိုးဝါးလွန်းလှ၏။ ရေတပ်သား တစ်သိန်းခွဲနှင့် စစ်သင်္ဘော ထောင့်တစ်ရာတို့တွင် ဆယ်ရာခိုင်နှုန်းအောက်သာ ပြန်လည် ရောက်ရှိလာ၏။ ကျန်ရှိသည့် လူအားလုံးတို့က ရှမ့်လန်၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။

ရန်နန်းဖေးက ဝမ်းနည်းပူဆွေးမှုကိုပင် မခံစားနိုင်တော့ချေ။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။ နုရှောင့်မြို့ကို မည်သို့ ကာကွယ်ရမည်နည်း။ သို့သော်ငြား နုရှောင့်မြို့ ဆိပ်ကမ်းသို့ ရောက်ရှိချိန်မှာတော့ လူတချို့ကို သူ မြင်လိုက်ရ၏။

ရွှဲ့ပြည်နယ် ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယု၊ သူ၏ဖခင် ရှုပိုတောက်ပင်။ ရှုပိုတောက် က ရွှဲ့ပြည်နယ် ယင်ယွမ်အဖွဲ့အစည်း၏ ခေါင်းဆောင်များ အဖြစ်ရှိနေဆဲ ဖြစ်သော်လည်း လုပ်ငန်းဆောင်တာများကို တာဝန်ယူခြင်း မရှိတော့ဘဲ တော်ဝင်ရန်မြို့တော်တွင် နေထိုင်ကြသည်။ ရှုတင်းယုက ရွှဲ့ပြည်နယ် ယင်ယွမ်အဖွဲ့အစည်း၏ တာဝန်ခံ ဖြစ်လာခဲ့သည်။

ပြီးနောက် ရွှဲ့ပြည်နယ်၏ စစ်ဘက်ရေးရာ ကောင်စီ ဒုတိယအမတ်ချုပ်နှင့် ထျန်းနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကျူးကျွင်း ပါလာသည်။ အနည်းငယ်တော့ ထူးဆန်းနေ၏။ ကျူးကျွင်း၏သားဖြစ်သူ ကျူးဟုန်ရွှဲ့က ပါရမီရှင်တစ်ဦး ဖြစ်၏။

သူက သွေးဝိညာဉ်တပ်တော်ကို ဦးဆောင်ပြီး ပျံ့ရှောင်း၏ အင်အားသိန်းချီသည့် စစ်တပ်ကို ရက်အနည်းငယ်အတွင်း ချေမှုန်းပစ်ခဲ့သည်။ ထို့အပြင် မင်းသားကျင်း၏ အင်အားသိန်းချီသည့် စစ်တပ်ကိုလည်း အနိုင်ယူနိုင်ခဲ့၏။ နင်ယီတောင်မှ ကျူးဟုန်ရွှဲ့ ကို မျက်နှာလို မျက်နှာရ လုပ်နေရသည်။ ကောင်းကင်ပင်လယ်နန်းဆောင်က ယခုအခါတွင် ရွှဲ့ပြည်နယ်၏ တော်ဝင်မိသားစုအထက်သို့ ရောက်ရှိနေသည်။

ကျူးကျွင်းက ကျူးဟုန်ရွှဲ့၏ ဖခင်ဖြစ်သော်လည်း ထျန်းနန်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်သာ ရှိနေသေး၏။ တခြားသူအားလုံးက ရာထူးတိုးသွားခဲ့သော်လည်း သူကတော့ မတိုးခဲ့ချေ။ ဤသည်က ကျူးမိသားစု၏ လုပ်နည်းလုပ်ဟန်ပင်။

ရွှဲ့ပြည်နယ် ဝန်ကြီးချုပ်အဖွဲ့၏ ဝန်ကြီးချုပ်အနေဖြင့် ကျူးဟုန်ကျူး၏ ဩဇာအာဏာက နန်းတွင်း၌ လွှမ်းမိုးထား၏။ သူက တော်ဝင်ရန်အင်ပါယာ၏ ဆန္ဒသဘောထားကို ကိုယ်စားပြု၏။ သို့သော်ငြား ကျူးကျွင်း၏ ရာထူးနေရာက အနည်းငယ် အခက်တွေ့စရာပင်။

သူက ကျူးဟုန်ကျူး၏ ရာထူးကို ဆက်ခံပြီး ရွှဲ့ပြည်နယ် ဝန်ကြီးချုပ်အဖွဲ့တွင် ဝန်ကြီးချုပ် ဖြစ်လာရမှာ ဖြစ်၏။ သို့သော်ငြား ယခုအချိန်တွင် ဝန်ကြီးချုပ်အဖွဲ့သို့ ဝင်ရောက်ပါက ရှက်ရွံ့စရာ ဖြစ်ပေလိမ့်မည်။ လူအများက ကျူးမိသားစု လောဘကြီးလွန်းသည်ဟု ပြောဆိုကြပေလိမ့်မည်။ ရွှဲ့ပြည်နယ် ဝန်ကြီးအဖွဲ့တွင် ရာထူး ၄ နေရာသာ ရှိပြီး သူနှင့် သူ၏သားက နေရာနှစ်ခုကို ယူထားသကဲ့သို့ ဖြစ်မည်။

ထို့အပြင် နန်းတွင်း၌ သူက သင့်တော်သည့် ရာထူးမရှိသောကြောင့် ယခင်ရာထူးဖြစ်သည့် ထျန်းနန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်သာ ဆက်လက်တည်ရှိနေခြင်းပင်။ ဤရာထူးက အရပ်ဘက်နှင့် စစ်ဘက် နှစ်ခုလုံးအတွက် အသုံးဝင်ပြီး စစ်ဘက်ရေးရာဗျူရိုတွင် နေရာတစ်ခုကို ယူထားနိုင်၏။ စစ်ဘက်ရေးရာဗျူရိုသို့ သွားရောက်ခြင်းဖြင့် ကျူးကျွင်းက အနာဂတ် ဒုတိယဝန်ကြီး ရာထူးကို သွယ်ဝိုက်သောအားဖြင့် ယူနိုင်၏။

ကျူးဟုန်ကျူး ရာထူးမှ အနားယူပြီးနောက် သူက အလိုလျောက်ပင် ထိုနေရာကို ဆက်ခံမည်။ ထို့ကြောင့် ရွှဲ့ပြည်နယ်၏ စစ်ဘက်ရေးရာကောင်စီက ကျူးကျွင်း၏ အရည်အချင်း မွေးမြူလေ့ကျင့်ရာ နေရာတစ်ခု ဖြစ်လာ၏။ သူက ဝန်ကြီးချုပ်များအဖွဲ့သို့ ဝင်ရောက်ပြီးသည်နှင့် စစ်ဘက်ရေးရာ ကောင်စီက အလိုအလျောက် ဖျက်သိမ်းခံရပေလိမ့်မည်။

ကျူးကျွင်းနှင့်အတူ လိုက်ပါလာခဲ့သည့်သူများက နုကျန့်ပြည်နယ် အုပ်ချုပ်ရေးမှုး ထန်ယွင်နှင့် ဝူအန်းမြို့စား အိမ်တော်မှ ကိုယ်စားလှယ် ကျိုးကျောင်းရန် တို့ပင်။ ထို့အပြင် တခြားအရေးပါသော ပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင် လာသေး၏။ ထိုသူက စေတီတောင်အကြီးအကဲ၏သား ဝူကျူးပင်။ ရှမ့်လန်ကို ညီအစ်ကိုဟု ခေါ်ခဲ့သော်လည်း နောက်ကျောမှ ဓားဖြင့် အကြိမ်ကြိမ် ထိုးခဲ့သူက ဝူကျူးပင်။ သူတို့ ၅ ဦးက ရန်နန်းဖေးကို ကြိုဆိုရန် အတူတကွ ရောက်ရှိလာ၏။

“ရှုံးခဲ့ပြီလား။” ကျူးကျွင်းက မေးသည်။

ရန်နန်းဖေးက ဦးညွှတ်ကာ ဖြေ၏။ “ကျုပ်ရှုံးခဲ့ပြီ။ ကျုပ်မှာ အပြစ်ရှိပါတယ်။ ရေတပ်အင်အား တစ်သိန်းခွဲလောက် သုတ်သင်ခံလိုက်ရတယ်။ ၁၀ ပုံ ၁ ပုံ တောင် အသက်မရှင်ခဲ့ဘူး။”

ကျူးကျွင်းက တုန်လှုပ်စွာဖြင့် ပြောမိသည်။ “ရှမ့်လန်ရဲ့ ရေတပ်က အဲဒီလောက်တောင် အင်အားကြီးတာလား။”

သူတို့အားလုံး တုန်လှုပ်သွား၏။ ဤကဲ့သို့ ဖြစ်မည်ဟု မထင်မှတ်ခဲ့ချေ။ သို့သော်ငြား ရှမ့်လန် ဖန်တီးခဲ့သည့် အံ့ဖွယ်ရာများက သူတို့အပေါ် နက်ရှိုင်းသည့် အက္ခရာ ထင်ကျန်ရစ်ခဲ့စေသောကြောင့် ရှမ့်လန် ပြန်လာချိန်တွင် ဤမျှစွမ်းအားကြီးမားနေခြင်းက ပုံမှန်ပင် ဖြစ်မည်ဟု ဗီဇအရ ခံစားမိကြ၏။

“လာကြ။ အထဲဝင်ပြီး ဆွေးနွေးကြတာပေါ့။”

ရန်နန်းဖေးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် နုရှောင့်မြို့တော်တစ်ခုလုံး စစ်သည်များနှင့် ပြည့်နှက်နေကြောင်း သတိပြုမိ၏။ ထိုစစ်သည်များက ကျူးကျွင်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။

.............

ရန်နန်းဖေးက တိုက်ပွဲအကြောင်းကို ဖော်ပြရန် ၂ နာရီခန့် အချိန်ယူ၏။ အထူးသဖြင့် ရှမ့်လန်၏ အမြှောက်များ အကြောင်းကို အသေးစိတ် ဖော်ပြခဲ့၏။

“ဒီလက်နက်က ရေကြောင်းတိုက်ပွဲတွေအတွက် ဖန်တီးထားတာ။ တစ်မိုင်ကျော် အကွာအဝေးထိ ပစ်ခတ်နိုင်တယ်။”

ရန်နန်းဖေးက ပြောသည်။ “ကျုပ်မှာ ရေတပ်အကြီးကြီး ရှိပေမယ့် ခေတ်နောက်ကျနေပြီ။”

သို့သော်ငြား ကျူးကျွင်းက သိပ်ပြီး အံ့ဩပုံမရချေ။ ထို့အစား သူက မေး၏။ “ရှမ့်လန်ရဲ့ လက်နက်က မြို့သိမ်းတိုက်ပွဲတွေ မှာ သုံးလို့ရလား။ မဖြေခင် သေချာစဉ်းစား။”

ရန်နန်းဖေးက ခဏမျှ စဉ်းစား၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။ “ဒီလက်နက်က ရေကြောင်း တိုက်ပွဲတွေမှာ အရမ်းအစွမ်းထက်သလို ကွင်းပြင်တိုက်ပွဲတွေမှာလည်း အစွမ်းထက်တယ်။ လူပေါင်းများစွာကို သတ်ဖြတ်နိုင်မယ့် မြို့သိမ်းတိုက်ပွဲတွေမှာတော့ သိပ်ပြီး အသုံးမဝင်လောက်ဘူး။”

သူ၏ သုံးသပ်ချက်က မှန်ကန်၏။ အမြှောက်များ အနေဖြင့် မြို့ရိုးကာကွယ်ရေးများကို တိုက်ရိုက်ဖောက်ထွင်းရန်က တကယ့်ကို ခက်ခဲ၏။

ဒုတိယကမ္ဘာစစ်အတွင်း၌ အမြှောက်များက တကယ့်ကို စွမ်းအား ကြီးမား၏။ ဂျပန်များ ကျင်းနန်မြို့ကို တိုက်ခိုက်စဉ်က အမြောက်တပ်ရင်း တစ်ရင်း၊ တင့်ကား ၁၀ စီးကျော်နှင့် စက်မှုပညာရှင်ပေါင်းများစွာတို့ကို အသုံးပြုခဲ့သော်လည်း မြို့ရိုးများကို ဖြိုဖျက်နိုင်ခဲ့ခြင်း မရှိချေ။ နောက်ဆုံး လေယာဉ်များနှင့် ဗုံးကြဲခြင်း၊ ပိုမိုစွမ်းထက်သည့် လေကြောင်းဗုံးများကို အသုံးပြုမှသာ မြို့တံခါးတချို့ကို ဖြိုချနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်နန်းဖေးက ပြော၏။ “တော်ဝင်ရန်မြို့တော်က အမိန့်တော်များ ပါလာသေးလား။”

ကျူးကျွင်းက ခေါင်းခါယမ်းလိုက်သည်။ တော်ဝင်ရန်မြို့တော်မှ အမိန့်တော်ရှိမည် ဆိုလျှင်တောင် ဤမျှ မြန်ဆန်လိမ့်မည် မဟုတ်ချေ။

ရန်နန်းဖေးက ပြောသည်။ “သခင်မလေးကျိုး.... ခင်ဗျား ကောင်းကင်ပင်လယ်နန်းဆောင်ကို သွားခဲ့သေးလား။ ဘာညွှန်ကြားချက်တွေပါလဲ။ ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်တော်ကို အမြန်ဆုံး ပြန်ခေါ်လို့ ရမလား။”

ကျူးဟုန်ရွှဲ့က အင်အားကြီးမားသည့် သွေးဝိညာဉ်တပ်တော်ကို ဦးဆောင်ပြီး မည်သည့်နေရာသို့ ရောက်ရှိနေ သနည်း။ သူတို့က အနောက်ပိုင်းဒေသရှိနိုင်ငံများ၊ အထူးသဖြင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို သွားရောက် တိုက်ခိုက်နေခြင်း ဖြစ်၏။

(ကျူးဟုန်ရွဲ့က စိတ်ကြွဆေးမိထားသော ချောင်ယောင်းအာ နဲ့ ကမ်းခြေတွင် တိုက်ခိုက်ခဲ့သော ကျူးမိသားစုမှ ပညာရှင်ဖြစ်ပါတယ်။ ဇာတ်ကောင်က မပါတာကြာတော့ သတိမေ့နေမှာစိုးလို့ အစပြန်ဖော်ပေးတာပါ - ဘာသာပြန်သူ)

သွေးဝိညာဉ်တပ်တော်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မည်သို့ ဖော်ပြရမည်နည်း။ ၃ ရက်အတွင်း ပျံ့ရှောင်း၏ အင်အားတစ်သိန်းရှိသော တပ်တော်ကို ဖျက်ဆီးပစ်ခဲ့ပြီး မင်းသားကျင်း၏ သိန်းချီသည့် စစ်တပ်ကြီးကို အချိန်တို အတွင်း အနိုင်ယူနိုင်ခဲ့၏။ သဲကန္တာရ လူရိုင်းများကိုလည်း အမြစ်ပြတ်လုနီးပါး သုတ်သင်ခဲ့သည်။

ပြီးနောက် အနောက်ပိုင်းဒေသရှိ နိုင်ငံများနှင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးရန် သွေးဝိညာဉ် တပ်တော်ကို ဦးဆောင်ရန် အမိန့်ပေးခြင်း ခံရ၏။ ဤတိုက်ပွဲသတင်းကို ပိတ်ပင်ထား၏။ အခြေအနေ မည်သို့ရှိသည်ကို မည်သူမှ မသိရှိနိုင်ပေ။

သို့သော်ငြား ရန်နန်းဖေးက အင်အားကြီးမားသော အရာရှိတစ်ဦး ဖြစ်နေပြီး စေတီတောင်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိ၏။ ထို့ကြောင့် အနောက်ပိုင်းဒေသ၏ စစ်ပွဲအခြေအနေကို သိရှိနေခြင်းပင်။ လအနည်းငယ်အတွင်း ကျူးဟုန်ရွှဲ့က နိုင်ငံပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့၏။ သွေးဝိညာဉ်တပ်တော် တစ်ခုတည်းနှင့် နိုင်ငံပေါင်း ၁၃ နိုင်ငံကို ဖျက်ဆီးပစ်နိုင်သည်။

တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဆော်ဩမှုအောက်တွင် အနောက်ပိုင်းဒေသရှိ နိုင်ငံများက ကျူးဟုန်ရွှဲ့ကို ပြန်လည် တိုက်ခိုက် သုတ်သင်ပစ်ရန် သန်းချီသည့် စစ်တပ်ကြီးကို စုစည်းနိုင်ခဲ့၏။ ဤတိုက်ပွဲကြီးက ဆက်လက ်ဖြစ်ပွားနေဆဲပင်။ မကြာခင် ရလဒ် ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်ပေလိမ့်မည်။

သွေးဝိညာဉ်တပ်တော်က ရွှဲ့ပြည်နယ်နှင့် သက်ဆိုင်ခြင်းမရှိချေ။ ထိုအရာက ကောင်းကင်ပင်လယ်နန်းဆောင်၏ စစ်သည်သက်သက်သာလျှင်။ ထို့အပြင် သူတို့က စမ်းသပ်တပ်ဖွဲ့ တစ်ခုသာ ဖြစ်၏။

သို့သော်ငြား စစ်တပ်တစ်ခုကို ပိုင်ဆိုင်ထားသည့် သဘာဝလွန်အင်အားစု ဆိုသည့် ဂုဏ်သတင်းက မကောင်းလှချေ။ ထို့ကြောင့် သူတို့က ရွှဲ့ပြည်နယ်နှင့် ပူးပေါင်းထား၏။

အပေါ်ယံအားဖြင့် ရွှဲ့ပြည်နယ်က အနောက်ပိုင်းဒေသရှိ နိုင်ငံများကို တိုက်ခိုက်ခြင်းဟု ခေါင်းစဉ် တပ်ထားသည်။

ကောင်းကင် ပင်လယ်နန်းဆောင်က အဘယ်ကြောင့် အနောက်ပိုင်းဒေသရှိ နိုင်ငံများကို တိုက်ခိုက်ရသနည်း။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးရန်လား။ လုံးဝ မဟုတ်ချေ။

ကောင်းကင်ပင်လယ်နန်းဆောင်က တော်ဝင်ကပ်ဘေးဘုရားကျောင်းကို အလေးအနက်မထားချေ။ သူတို့အနေဖြင့် ဤကျောင်းတော်ကို ဂရုတစိုက်ဖြင့် ဖျက်ဆီးနေမည် မဟုတ်ချေ။ ရန်နန်းဖေးတွင် ထင်ကြေးတစ်ခု ရှိ၏။ ကောင်းကင်ပင်လယ်နန်းဆောင်က မိုင်တစ်သောင်း သဲကန္တာရထဲသို့ လမ်းဖောက်လိုခြင်းပင်။ သူတို့၌ ကြီးမားသည့် စီမံကိန်းတစ်ခု ရှိပုံပင်။

ကျိုးကျောင်းရန်က ခေါင်းခါယမ်းလိုက်၏။ “မရဘူး။ ကောင်းကင်ပင်လယ်နန်းဆောင်မှာ လုပ်စရာ အရေးကြီး ကိစ္စတွေ ရှိတယ်။ ရှမ့်လန် ပြန်လာတာလောက် သေးငယ်တဲ့ ကိစ္စကို သူတို့ ဂရုစိုက်နေမှာ မဟုတ်ဘူး။”

‘ဟမ့်... ဟန်ဆောင်ကောင်းလိုက်တာ။’

ရန်နန်းဖေးက ဝူကျူးကို မေးသည်။ “စေတီတောင်ကရော ဘယ်လိုလဲ။ သိုင်းပညာရှင် တပ်တော်ကို စေလွှတ်ပေး နိုင်မလား။ ခင်ဗျားတို့ရဲ့ ငရဲတပ်တော်မှာ လူအင်အား သိန်းချီရှိတယ်။ ချောင်၊ ရွှဲ့နဲ့ ဝူစစ်တပ်တွေကို အကြိမ်ကြိမ် ချေမှုန်းဖို့တောင် လုံလောက်ပါတယ်။ ကျုပ်ကိုကူညီပြီး ရှမ့်လန်ကို ချေမှုန်းဖို့ လူတစ်သောင်းလောက် လွှတ်ပေးရင် ရပါပြီ။ ငါးထောင်လောက်ဆိုရင်တောင် အဆင်ပြေပါတယ်။”

ဝူကျူးက ခေါင်းကို ခါယမ်းလိုက်၏။ “ရန်နန်းဖေး... ခင်ဗျား အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့။ စေတီတောင် က သဘာဝလွန်အင်အားစုပဲ။ ကျုပ်တို့မှာ ဘာငရဲတပ်တော်မှ မရှိဘူး။ ခင်ဗျား ကြားထားတာတွေက ကောလာဟလတွေပါ။”

All Chapters