အခန်း (၁၈၀၃-၁၈၀၅)
Vol. 96 Ch. 1803-1805
အခန်း (၁၈၀၃) - ကျွန်မရဲ့ ဆိုဖာက ကြီးပြီး သက်တောင့်သက်သာ ရှိတယ်
~အာဂျိုင်း ဟန်ဆန်သည် ယဲ့ဖန်နှင့် လက်ဆွဲ နှုတ်ဆက်ကာ မိတ်ဆွေဖွဲ့ပြီးနောက်၊ ဖုန်းနံပါတ်ချင်း လဲလှယ်ကြပြီး ပြန်လည်ထွက်ခွာသွားသည်။
"ကိစ္စ ပြတ်ပြီ..."
ဟန်ဆန် ထွက်သွားပြီး မကြာမီမှာပင်၊ ဝုဖ်ဂန်းသည် ဖုန်းကို ကိုင်လျက် ပြန်ရောက်လာ၏။
"ကျွန်တော် ရဲစခန်းမှူးဆီ ကိုယ်တိုင် ဖုန်းဆက်လိုက်ပြီ... အခု ဟိုဘက်မှာ တော်တော်လေး ပွက်လောရိုက်နေလောက်ပြီ"
"အဲ့ဒီလူတော့ ဒီတစ်ခါ ခံနိုင်ရည် ရှိပါ့မလား မသိဘူး"
"ပြီးတော့... ငါ အချုပ်ခန်းထဲမှာပါ အားလုံး စီစဉ်ထားပြီးပြီ။ ရဲတွေ ရိုက်လို့ ဝသွားရင်၊ အချုပ်ခန်းထဲက လူတွေက သူ့ကို ဆက်ပြီး 'ပညာပေး' ကြလိမ့်မယ်"
"ကောင်းတယ်..."
ယဲ့ဖန် ပြုံးလိုက်၏။ သူ ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ အမှန်တကယ် ဝိသေသလက္ခဏာ ကို ထုတ်မပြောခဲ့။
ဟွတ်ခ် ရေးဆွဲထားတဲ့ "ဘဝဇာတ်ညွှန်း" အရ ဆိုလျှင်၊ သူက သူ့ရဲ့ အထောက်အထားမှန်ကို ဖုံးကွယ်ထားချင်မှာ သေချာသည်။ သို့သော်၊ ရဲတွေက အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပေ။
အကယ်၍ သူ မနေနိုင်တော့ဘဲ သူ့အထောက်အထားမှန်ကို ထုတ်ပြောလိုက်မည် ဆိုလျှင်လည်း... သူ့ရဲ့ "ဘဝဇာတ်ညွှန်း စီမံကိန်း" တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ဒီအချိန်အထိ သူ ဖုံးကွယ်ထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားရတော့မည် မဟုတ်ပါလော။
...
ဝုဖ်ဂန်း တစ်ယောက် သူ့ကိုယ်သူ အစွမ်းထက်ကြောင်း ကြွားလုံးထုတ်ကာ ပြောဆိုနေသည်ကို ကြည့်ပြီး၊ ယဲ့ဖန်သည် အန်းကျူပရင့်စ် ဘက်သို့ လှည့်လိုက်၏။
"ဝုဖ်ဂန်း... ခင်ဗျား မထင်ဘူးလား၊ ဒီနေရာလေးက တော်တော် သာယာတယ်နော်"
"အေးလေ... သာယာသားပဲ။ ဘာဖြစ်လို့လဲ"
ဝုဖ်ဂန်း ကြောင်တောင်တောင် ဖြစ်သွားသည်။
အန်းကျူပရင့်စ်က ယဲ့ဖန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး၊ သူမ၏ ဝမ်းကွဲအစ်ကိုဘက်သို့ လှည့်ကာ စိတ်မရှည်စွာ ပြောလိုက်လေ၏။
"အမယ်လေး... ငတုံးလေးရယ်။ ယဲ့ဖန် ပြောနေတာက... ဒီနေရာမှာ ငါတို့နှစ်ယောက်တည်း ရှိနေရင် လုံလောက်ပြီ၊ မင်းလို တတိယလူ မလိုတော့ဘူးလို့ ပြောနေတာ"
"..."
ဝုဖ်ဂန်း တစ်ယောက် ချက်ချင်းပင် ဖိအားများ ခံစားလိုက်ရ၏။
"ဒါဆို... ကျွန်တော် ပြန်ရတော့မှာလား"
သူသည် တံခါးပေါက်ဘက်သို့ လက်ညှိုးထိုးပြပြီး ယဲ့ဖန်ကို မေးလိုက်၏။
သို့သော်လည်း သူ့အကြည့်တွေက သူ့အစ်မဝမ်းကွဲဆီမှာပဲ အဓိက ရောက်နေ၏။
အန်းကျူပရင့်စ်က တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
"..."
ဝုဖ်ဂန်း ရင်ထဲကို ဓားနှင့် ထိုးလိုက်သလို ခံစားလိုက်ရ၏။
အရင်တုန်းက သူ့ကို ဒီလောက် အလိုလိုက်ခဲ့တဲ့ အစ်မလေးက၊ အခုကျတော့ ဘာလို့ ဒီလောက် ရက်စက်သွားရတာလဲ။
အချစ်ဆိုတာ ပျောက်ကွယ်သွားတတ်တဲ့ အရာလား။
အန်းကျူပရင့်စ် ခေါင်းညိတ်ပြီးတာနှင့် ယဲ့ဖန်ဘက်ကို ချက်ချင်း ပြန်လှည့်သွားပြီး၊ မျက်လုံးထဲမှာ အချစ်ရည်တွေ ရွှန်းစိုနေတာကို မြင်လိုက်ရသည့်အခါ... ဝုဖ်ဂန်း တစ်ယောက် ကြောင်တောင်တောင်ဖြင့် ထွက်ခွာသွားရရှာတော့သည်။
ဒီအချိန်မှာ သူ နားလည်လိုကရဧ။်။ အန်းကျူပရင့်စ်၏ အချစ်တွေ ပျောက်ကွယ်သွားတာ မဟုတ်ဘူး... ယဲ့ဖန်ဆီ ပြောင်းသွားတာပဲ ဖြစ်မည်။
"ကိုယ့်လူတော့ တော်တော် စိတ်ပျက်သွားပုံရတယ်"
ဝုဖ်ဂန်း၏ ပုံစံကို ကြည့်ပြီး ယဲ့ဖန် မရယ်ဘဲ မနေနိုင်။
"ဂရုစိုက်မနေပါနဲ့..."
အန်းကျူပရင့်စ်က လက်ကာပြလိုက်၏။
"ရှင် ပျော်ဖို့က အဓိကပဲ"
"ဒါနဲ့... ကျွန်မရဲ့ စူပါဟီးရိုးကြီး။ ဒီနေ့ ရှင့်ရဲ့ စွမ်းဆောင်ရည်က ကျွန်မကို တော်တော်လေး စိတ်လှုပ်ရှားစေခဲ့တယ်... ဘယ်လို ဆုမျိုး လိုချင်လဲဟင်"
ပြောရင်းဆိုရင်းနှင့် အန်းကျူပရင့်စ်သည် ကြောင်ပေါက်လေး တစ်ကောင်အလား ယဲ့ဖန်၏ လည်ပင်းကို သိုင်းဖက်လိုက်၏။ သူမ၏ ကိုယ်ခန္ဓာက နွေးထွေးနူးညံ့နေပြီး၊ ယဲ့ဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကပ်နေလေ၏။
သူမ၏ ခန္ဓာကိုယ် အပူချိန် မြင့်တက်လာနေပြီး၊ နှလုံးခုန်သံများ မြန်ဆန်နေသည်ကို ယဲ့ဖန် ခံစားမိလိုက်၏။
သိသာပါသည်... သူမ "လိုချင်" နေပြီ။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။
"မင်းက ကိုယ့်ကို ဘယ်လို ဆုချချင်လို့လဲ"
အန်းကျူပရင့်စ်က ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ကျွန်မ ရုံးခန်းထဲ သွားကြမလား"
"အဲ့ဒီမှာ ဥက္ကဋ္ဌ ထိုင်တဲ့ ဆိုဖာကြီး တစ်လုံး ရှိတယ်... အကြီးကြီးပဲ၊ အရမ်း သက်တောင့်သက်သာ ရှိတယ်"
"ပြီးတော့... ရှုခင်းကလည်း အရမ်းကောင်းတယ်"
"ရုံးခန်းထဲမှာ..."
ယဲ့ဖန် နည်းနည်း စိတ်ဝင်စားသွားသည်။
နားထောင်ရတာ တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းမည့်ပုံပဲ။
"မသွားရဲဘူးလား"
အန်းကျူပရင့်စ်က တစ်မျိုး ထင်သွားပုံရ၏။ သူမ၏ လက်ချောင်းလေးများက ယဲ့ဖန်၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံ ဝဲကာ ဆော့ကစားနေ၏။
"အဲ့ဒီနေရာက ခံစားချက် တစ်မျိုး ပေးတယ်... အခွင့်အရေး ဆိုတာ ရတောင့်ရခဲ နော်"
"ကိုယ့် ရာဇဝင်မှာ မရဲတာ မရှိဘူး"
ယဲ့ဖန်က သူမ၏ တင်ပါးလေးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး၊ သူ့ကို လွှတ်ပေးရန် အသံတိတ် ပြောလိုက်၏။
"လမ်းပြလေ..."
"ဒါမှ ငါ ရွေးချယ်ထားတဲ့ ယောကျာ်း ပီသတာ..."
အန်းကျူပရင့်စ် ကျေနပ်သွားသည်။ သူမ စိတ်မရှည်တော့။
ချက်ချင်းပင် ယဲ့ဖန်ကို ဆွဲခေါ်ပြီး သူမ၏ ရုံးခန်းဆီသို့ ဦးတည်သွားတော့သည်။
ရုံးခန်းတံခါးဝသို့ ရောက်သောအခါ၊ သူမ၏ အလှပဂေး လက်ထောက်မလေးက အလုပ်ကိစ္စ တင်ပြရန် တားလိုက်သေး၏။
"နောက်တစ်နာရီ အတွင်း ငါ့ကို ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့..."
အမိန့်ပေးပြီးသည်နှင့် သူမသည် ယဲ့ဖန်ကို အထဲဆွဲခေါ်သွားပြီး တံခါးကို ဂျက်ချလိုက်တော့သည်။
"လာပါဦး... ငါ့အချစ်ကလေး။ ရှင် ကျေနပ်သွားအောင် ကောင်းကောင်းကြီး ဆုချပေးမယ်... ရှိသမျှ အကုန် ထုတ်သုံးလိုက်တော့"
တံခါးပိတ်လိုက်သည်နှင့် တပြိုင်နက်၊ သူမသည် ယဲ့ဖန်အပေါ်သို့ ရိုင်းစိုင်းစွာပင် ခုန်အုပ်လိုက်တော့သည်။
ယဲ့ဖန်ကို တံခါးနှင့် ကပ်၍ တွန်းကပ်လိုက်၏။
"..."
တံခါးဝတွင် ကျန်ရစ်ခဲ့သော လက်ထောက်မလေးမှာ အန်းကျူပရင့်စ်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။ သူမ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရရှာသည်။
‘ဪ... ဥက္ကဋ္ဌက ဒီကိစ္စကြောင့် အဲ့လောက် အလောတကြီး ဖြစ်နေတာကိုး’
‘နည်းနည်းတော့... ကြမ်းလွန်းမနေဘူးလား’
အခန်း (၁၈၀၄) - နှစ်တစ်သောင်းဆိုတာ ကြာလွန်းတယ်
~အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီ၊ ဥက္ကဋ္ဌ ရုံးခန်းအတွင်း...။
ယဲ့ဖန်နှင့် အန်းကျူပရင့်စ်တို့ နှစ်ဦးသားသည် အပြင်ဘက်မှ လက်ထောက်မလေး၏ တုံ့ပြန်မှုများကို မသိရှိကြပေ။
အန်းကျူပရင့်စ်က သူ့ကို တံခါးနှင့် ကပ်၍ တွန်းကပ်လိုက်သောအခါ၊ ယဲ့ဖန်သည် နဂါးနိုင်ငံသား တစ်ယောက်အနေဖြင့် အရှက်မကွဲစေရန် ဆုံးဖြတ်လိုက်၏။
*(မိန်းကလေး တစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ခံရတယ်ဆိုတာ ယောကျာ်းတို့ရဲ့ သိက္ခာပဲ...)*
သူသည် ချက်ချင်းပင် အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး သူမကို ပြန်လည် ဖိကပ်လိုက်တော့သည်။
ထို့နောက်... နမူနာ ပြသမှုလေးတစ်ခု အပြီးတွင်၊ ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးတစ်ခု ဆက်လက် ဖြစ်ပေါ်လာခဲ့တော့သည်။
တစ်နာရီပင် မပြည့်လိုက်...။
မာနကြီးလှပါသည် ဆိုသော အန်းကျူပရင့်စ် တစ်ယောက်၊ သူမ၏ သံချပ်ကာ ဝတ်စုံများကို စွန့်လွှတ်ကာ အလံဖြူထောင်၍ အသနားခံလိုက်ရလေတော့သည်။
...
တစ်နာရီကျော် ကြာမြင့်ပြီးနောက်...
ဥက္ကဋ္ဌ ရုံးခန်းရှိ ဆိုဖာပေါ်တွင် အန်းကျူပရင့်စ်သည် ဆံပင်များ ဖရိုဖရဲ၊ အဝတ်အစားများ တွန့်ကြေလျက် လဲလျောင်းနေ၏။ သူမ၏ မျက်လုံးများမှာ ရီဝေနေပြီး၊ ယဲ့ဖန်၏ ရင်ဘတ်ပေါ်တွင် လက်ချောင်းလေးဖြင့် စက်ဝိုင်းပုံ ဝဲကာ ဆော့ကစားနေလေ၏။
"ကျွန်မ ဘေးနားမှာ ထာဝရ ရှိနေပေးစေချင်တယ်"
ယဲ့ဖန် သူမ ဆိုလိုသည်ကို နားလည်သည်။
ဒီအမျိုးသမီးက အနောက်တိုင်း ယဉ်ကျေးမှုအောက်မှာ ကြီးပြင်းလာခဲ့ရသော်လည်း အရှေ့တိုင်း ယဉ်ကျေးမှုကိုလည်း မြတ်နိုးသူ ဖြစ်လေရာ၊ အရှေ့တိုင်း အမျိုးသမီးများ၏ သိမ်မွေ့နူးညံ့သော စရိုက်လက္ခဏာ အချို့လည်း သူမ၌ ရှိနေ၏။
သူမ ကောင်းကောင်း သိနေလောက်သည်။ ယဲ့ဖန်သည် ဖော့ခ်စီးတီးတွင် ကြာကြာ နေမည့်သူ မဟုတ်သလို၊ တစ်နေရာတည်းတွင် အကြာကြီး နေတတ်သူလည်း မဟုတ်ကြောင်းကို။
ယဲ့ဖန်သည် သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ပြုံးလိုက်၏။
"ကိုယ်တို့ နဂါးနိုင်ငံက ရုပ်ရှင်ကား တစ်ကားထဲမှာ ပါတဲ့ စကားတစ်ခွန်း ရှိတယ်... အဲ့ဒါလေးက သိပ်ကောင်းတာပဲ"
"ဘာတဲ့လဲ"
အန်းကျူပရင့်စ်က ခေါင်းမော့ကြည့်လိုက်၏။
"နှစ်တစ်သောင်းဆိုတာ ကြာလွန်းတယ်...ငါတို့က လက်ရှိ အခိုက်အတန့်လေးကိုပဲ ဆုပ်ကိုင်ထားသင့်တယ် "
ယဲ့ဖန်က သူမ၏ ဆံနွယ်များကို ညင်သာစွာ သပ်ပေးလိုက်၏။
"အနာဂတ်ကို မတွေးပါနဲ့... အခု ဒီအချိန်လေးမှာ ကိုယ်တို့ အတူတူ ရှိနေပြီး၊ ဒီအခိုက်အတန့်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းရရင်ပဲ လုံလောက်ပါပြီ"
"နှစ်တစ်သောင်းဆိုတာ ကြာလွန်းတယ်... လက်ရှိကိုပဲ ဆုပ်ကိုင်ထားမယ်... ကောင်းလိုက်တဲ့ စကားလေး"
အန်းကျူပရင့်စ်၏ ရင်ထဲတွင် လှုပ်ခတ်သွားရရှာသည်။
"ကျွန်မ ဒီစကားလေးကို မှတ်ထားချင်တယ်"
ပြောရင်းနှင့် သူမသည် ယဲ့ဖန်၏ ရင်ခွင်ထဲမှ ထလိုက်ပြီး၊ စာရွက် တစ်ရွက်ပေါ်တွင် ထိုစကားစုကို တရုတ်ဘာသာစကားဖြင့် မကျွမ်းကျင်သော လက်ရေးဖြင့် ရေးချလိုက်လေ၏။
"ဒီလို ရေးတာ မှန်လား"
ရေးပြီးသောအခါ သူမက ယဲ့ဖန်ကို ပြလိုက်၏။
"မှန်ပါတယ်"
ယဲ့ဖန်သည် သူမ၏ လက်ရေးနှင့် ပတ်သက်ပြီး ဘာမှ ဝေဖန်မနေတော့။ သူသည် ဘောပင်ကို ယူလိုက်ပြီး စာရွက်ပေါ်တွင် သေသပ်လှပသော တရုတ်စာလုံးများဖြင့် ပြန်လည် ရေးသားပေးလိုက်၏။
"ဒီလို ရေးရတာပါ"
"လှလိုက်တာ..."
အန်းကျူပရင့်စ်သည် ယဲ့ဖန်၏ လက်ရေးကို ကြည့်ပြီး ရတနာတစ်ပါး ရလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
"ရှင်တို့ နဂါးနိုင်ငံက ပေးစာ (Love Letter) တွေကိုတောင် ချက်ချင်း ပြေးမြင်မိစေတယ်"
"ကျွန်မ ဒီစာရွက်လေးကို မှန်ဘောင်သွင်းပြီး ရုံးခန်းထဲမှာ တစ်နှစ်ပတ်လုံး ချိတ်ထားမယ်"
"နောင်ကျရင် ရှင် မရှိတဲ့အချိန်... ရှင့်ကို သတိရတိုင်း ဒီစာလေးကို ကြည့်နေတော့မယ်"
ယဲ့ဖန်က ဒါဟာ တော်တော်လေး ရိုမန့်တစ် ဆန်သည်ဟု ခံစားမိသော်လည်း၊ ပြုံးပြီး သတိပေးလိုက်၏။
"ကိုယ်တို့ နှစ်ယောက်လုံးမှာ ဖုန်းတွေ ရှိနေတာပဲ မဟုတ်ဘူးလား... အချိန်မရွေး ဗီဒီယို ကောလ် (Video Call) ခေါ်လို့ ရနေတာပဲကို"
"မသိဘူး...ကျွန်မကတော့ မှန်ဘောင်သွင်းမှာပဲ"
အန်းကျူပရင့်စ်က ကလေးဆိုးလေးလို ချွဲနွဲ့လိုက်၏။
"ဒီလို လုပ်တာက တကယ်ကို ရင်ခုန်စရာ ကောင်းတယ်လို့ ထင်တယ်"
"ကောင်းပါပြီဗျာ... မင်း သဘောပါပဲ"
ယဲ့ဖန် သူမကို ဆက်ပြီး မတားတော့။ သူမ ပျော်ရင် ပြီးတာပါပဲ။
အန်းကျူပရင့်စ်က ဘယ်လို ဒီဇိုင်းမျိုး သုံးမလဲ၊ ဘယ် လက်မှုပညာသည်ကို ငှားပြီး ဘောင်သွင်းခိုင်းမလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားနေသည်ကို ကြည့်ပြီး ယဲ့ဖန် ပြုံးလိုက်မိသည်။
ထိုစဉ်... သူ့ဖုန်း ရုတ်တရက် တုန်ခါသွားသည်။
ထုတ်ကြည့်လိုက်တော့ ဆာမီယာ ဆီမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေ၏။
ယဲ့ဖန်သည် ဘေးတစ်ဖက်သို့ လျှောက်သွားပြီး ဖုန်းကိုင်လိုက်၏။
"ပြောပါ ဆာမီယာ... အဲ့ဒီလူနဲ့ ပတ်သက်ပြီး သတင်းရပြီလား"
သို့သော်... မထင်မှတ်ထားဘဲ တစ်ဖက်မှ ဆာမီယာ၏ တောင်းပန်သံ ထွက်ပေါ်လာ၏။
"တောင်းပန်ပါတယ် သူဌေး... အခြေအနေက ကျွန်မတို့ ထင်ထားတာထက် နည်းနည်း ပိုရှုပ်ထွေးနေပုံ ရပါတယ်"
" သူဌေး စုံစမ်းခိုင်းတဲ့ ပစ်မှတ်ဆီကနေ ပြန်လာတဲ့ ခုခံမှုက ကျွန်မတို့ အဖွဲ့သားတွေ မှန်းဆထားတာထက် အများကြီး ကျော်လွန်နေပါတယ်"
ယဲ့ဖန် အခြေအနေ မဟန်သည်ကို ရိပ်မိလိုက်၏။
"ပြဿနာ တစ်ခုခု ကြုံရလို့လား"
"ဟုတ်ကဲ့ပါ"
ဆာမီယာက ဘာကိုမှ ဖုံးကွယ်မထားပါ။
" သူဌေး ညွှန်ကြားချက် ရပြီးတာနဲ့... ကျွန်မတို့က စွမ်းရည်ရှိတဲ့ မိတ်ဆွေတချို့ကို အကူအညီတောင်းပြီး စုံစမ်းခိုင်းလိုက်ပါတယ်"
"ဒါပေမယ့် လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကမှ သတင်းရတယ်... 'တိုင်-ရန့်' အကြောင်း စုံစမ်းဖို့ လွှတ်လိုက်တဲ့ မိတ်ဆွေတွေ အားလုံး အသတ်ခံလိုက်ရပါပြီ"
"အခြေအနေက တော်တော် ဆိုးနေပါတယ်..."
ယဲ့ဖန်သည် ဆာမီယာ တစ်ခါမှ ဒီလို အခြေအနေမျိုး ကြုံဖူးခြင်း ရှိမရှိ မသိသော်လည်း၊ စုံစမ်းခိုင်းလိုက်သော လူတွေ အကုန် အသတ်ခံလိုက်ရတယ် ဆိုတာ ကြားလိုက်ရသည့် အခါ ကိစ္စက သွေးရိုးသားရိုး မဟုတ်မှန်း နားလည်လိုက်၏။
သူ ဆာမီယာကို ဘာဆက်လုပ်မလဲဟု ချက်ချင်း မမေးသေး။ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာ ပြောလိုက်၏။
"ဒါဆိုရင်..ခင်ဗျားတို့ရဲ့ စုံစမ်းမှုတွေကို ခဏ ရပ်ထားလိုက်တော့"
"ပြီးတော့ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် လျော်ကြေးငွေ နှစ်ဆ ပေးလိုက်ပါ"
"တောင်းပန်ပါတယ် သူဌေး"
ဆာမီယာက အားနာနေဆဲပင်။
"'တိုင်-ရန့်' ရဲ့ သတင်းအချက်အလက်တွေက ရှာဖွေရ ခက်ခဲမယ်ဆိုတာ သိပေမယ့်... ဒီလောက်ထိ အန္တရာယ်များလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး"
"ခင်ဗျား အပြစ် မဟုတ်ပါဘူး"
ယဲ့ဖန်က သူ့ကို နှစ်သိမ့်လိုက်၏။
ဖုန်းချပြီးနောက်... 'တိုင်-ရန့်' အကြောင်း စုံစမ်းဖို့ ဘယ်သူ့ကို အကူအညီ တောင်းရမလဲဟု စဉ်းစားနေစဉ်မှာပင်...
ကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော စနစ် ၏ အသိပေးသံသည် ရုတ်တရက် ထွက်ပေါ်လာလေတော့သတည်း...။
အခန်း (၁၈၀၅) - ယွီဖုန်းရှန်းနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခြင်း
[အခွင့်အလမ်း လမ်းညွှန်စနစ် စတင်ပါပြီ... လက်ရှိ လမ်းအတိုင်း ဘယ်ဘက်သို့ ဦးတည်သွားပါ။ (၅၁၇) မီတာ တည့်တည့်သွားပြီးလျှင် ညာဘက်သို့ ကွေ့ပါ။ (၇) ခုမြောက် မီးပွိုင့်ကို ဖြတ်ကျော်ပြီးနောက် ဘယ်ဘက်သို့ (၉.၆) ကီလိုမီတာခန့် ဆက်သွားပါ...]
ယဲ့ဖန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။
သူသည် ဖုန်းကို ချလိုက်ပြီး အန်းကျူပရင့်စ်အား အသိပေးလိုက်၏။
"ပရင့်စ်... ကိုယ့်မှာ အရေးတကြီး ဖြေရှင်းစရာ ကိစ္စတစ်ခု ပေါ်လာလို့။ ကိုယ် အခု သွားမှ ဖြစ်တော့မယ်"
"ကောင်းပြီလေ... ဒါဆို လိုက်ပို့ပေးမယ်"
အန်းကျူပရင့်စ်က သူမနှင့် ယဲ့ဖန်တို့ ရေးထားသော စာရွက်လေးကို ဖိပိုးတစ်ခုဖြင့် သေချာ ဖိထားလိုက်ပြီး၊ အလျင်စလို ထလိုက်၏။
"နေပါစေ... မင်းအလုပ် မင်းဆက်လုပ်ပါ။ ကိုယ့်ဘာသာ သွားလိုက်မယ်"
ယဲ့ဖန်က ယဉ်ကျေးမနေတော့။ သူမ၏ ပခုံးလေးကို အသာအယာ ဖိချလိုက်ပြီး၊ ကြယ်သီး ပြုတ်နေသော သူမ၏ အင်္ကျီများကို ပြန်တပ်ပေးလိုက်ကာ အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့တော့သည်။
ရုံးခန်းထဲမှ ထွက်လာပြီး ဓာတ်လှေကား ဆီသို့ လျှောက်သွားရန် ပြင်လိုက်စဉ်...
ရုံးခန်းတံခါးဝတွင် မတ်တတ်ရပ်နေသော အလှပဂေး လက်ထောက်မလေးကို တွေ့လိုက်ရသဖြင့် အံ့သြသွားရ၏။ သူမ၏ မျက်နှာလေးမှာ ရဲရဲနီနေပြီး၊ ရုံးခန်းဘက်သို့ နားစွင့်နေသည့် ပုံစံပင်။
သူမ၏ မျက်နှာအမူအရာနှင့် တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့်... ရုံးခန်းထဲမှ အသံဗလံများကို သူမ ကြားလိုက်ရပြီ ဆိုတာ သေချာသည်။
"ဒီရုံးခန်းက အသံလုံစနစ် ဒီလောက်တောင် ညံ့တာလား..."
ယဲ့ဖန် မျက်နှာ ပူသွားမိ၏။
လက်ထောက်မလေးကတော့ အခုမှ သတိဝင်လာသကဲ့သို့ ပြာပြာသလဲ လက်ကာပြရှာသည်။
"ဟို... ဟို... ဆရာ။ ကျွန်မ ဘာမှ မကြားပါဘူးနော်... တကယ်ပါ"
ပြောရင်းဆိုရင်းနှင့် သူမသည် ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားတော့သည်။ ထွက်မပြေးခင် ယဲ့ဖန်၏ ခါးအောက်ပိုင်းကို ခိုးကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်ကို ယဲ့ဖန် ကြားလိုက်ရသေး၏။
"ကြမ်းလိုက်တာနော်..."
"ဥက္ကဋ္ဌကြီး ဒီလောက် အလောတကြီး ဖြစ်နေတာ မပြောနဲ့..."
ယဲ့ဖန်၏ သိုင်းပညာ အဆင့်အတန်းက အတွင်းအား အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ၊ မီတာပေါင်းများစွာ အကွာအဝေးမှ လေတိုးသံကိုပင် ကြားနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ရေရွတ်သံကို သူ မကြားဘဲ နေပါ့မလား။
သို့သော်လည်း... မကြားချင်ယောင် ဆောင်လိုက်ရုံသာ တတ်နိုင်တော့သည်။
သူ ခေါင်းကို အသာခါမ်းပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်တော့သည်။
အန်းကျူ ကုမ္ပဏီမှ ထွက်ခွာလာပြီးနောက်၊ သူသည် ကားပေါ်တက်ကာ စနစ်၏ လမ်းညွှန်ချက်အတိုင်း မောင်းနှင်လာခဲ့သည်။
သို့သော်... (၁၀) မိနစ်ခန့်အကြာ၊ တတိယမြောက် လမ်းချိုးကို ကွေ့လိုက်သည့် အချိန်၌...
ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သူ့ရှေ့တွင် တွေ့လိုက်ရလေ၏။
ထိုနေရာသည် လူသွားလမ်း လမ်းမကြီးတစ်ခု၏ ဝင်ပေါက်ဖြစ်ပြီး၊ လူများ ဝင်ထွက်သွားလာ ရှုပ်ထွေးနေသော နေရာဖြစ်သည်။
သို့သော် ယဲ့ဖန်ကတော့ လူအုပ်ကြီး ဝိုင်းရံထားသော ထိုပုံရိပ်ကို ချက်ချင်း မှတ်မိလိုက်၏။
သူမသည် အနက်ရောင် ဝတ်စုံ (Suit) ကို ဝတ်ဆင်ထားသည်။ ဝတ်စုံက အနည်းငယ် ပွနေသော်လည်း၊ သူမ၏ ကျစ်လျစ်လှပသော ကိုယ်လုံးကိုယ်ပေါက်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ။
ကြက်ဥပုံသဏ္ဍာန် ကျက်သရေရှိသော မျက်နှာလေးပေါ်တွင် သေသပ်လှပသော မျက်နှာသွင်ပြင်များ ရှိနေ၏။
သို့သော် သူမ၏ မိတ်ကပ်လိမ်းခြယ်ပုံက ကျား/မ ခွဲခြားရ ခက်ခဲစေရန် (Unisex) တမင် ပြင်ဆင်ထားသည့်ပုံ ပေါက်နေ၏။ ယောက်ျားလေး ဆံပင်ပုံစံနှင့် ပေါင်းစပ်လိုက်သောအခါ၊ သေချာ မကြည့်လျှင် ရုပ်ချောသော ကောင်လေးတစ်ယောက်ဟုပင် ထင်မှတ်သွားနိုင်သည်။
သူမကား အခြားသူမဟုတ်... ကျန်းနန် (ကျန်းကော) မြို့၏ မြေအောက်ဘုရင်မ "ယွီဖုန်းရှန်း"ပင် ဖြစ်ချေသည်။
လက်ရှိအချိန်တွင် ယွီဖုန်းရှန်း၏ နောက်ပါး၌ သက်တော်စောင့် အချို့ ပါလာသော်လည်း၊ သူမသည် တစ်ဖက်လူအုပ်စု၏ ဝိုင်းရံခြင်းကို ခံထားရ၏။
သူမနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသူမှာ... နေမဝင်အင်ပါယာမှ ရင်းနှီးနေသော အလှမယ် တစ်ဦး။
ထိုအလှမယ်သည် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများဖြင့် တန်ဆာဆင်ထားပြီး၊ သူမဘေးတွင် တောင့်တင်းခိုင်မာသော သက်တော်စောင့် (၁၀) ယောက်ခန့် ဝန်းရံထားလေ၏။ သူမသည် ယွီဖုန်းရှန်းကို လက်ညှိုးထိုးကာ တရစပ် ပြောဆိုနေ၏။ ဘာတွေ ပြောနေလဲ ဆိုတာတော့ မကြားရ။
လမ်းသွားလမ်းလာများကလည်း ထိုမြင်ကွင်းကို စိတ်ဝင်စားသဖြင့် ဝိုင်းအုံကြည့်ရှုနေကြသည်။
ယဲ့ဖန်သည် ကားရပ်ရန် နေရာတစ်ခု ရှာလိုက်ပြီးနောက်၊ ထိုနေရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။ လူအများ၏ ပြောစကားများကို သူ ကြားလိုက်ရ၏။
"ဟို နဂါးနိုင်ငံက မိန်းကလေးတော့ ကံဆိုးပြီနဲ့ တူတယ်... ရန်စစရာ လူရှားလို့ ဒီ စူပါစတားကြီးကို သွားပြီး ရန်စရတယ်လို့"
"ဖော့ခ်စီးတီးမှာ ကြာကြာနေဖူးတဲ့ လူတိုင်း သိကြတယ်... အယ်လီနာ (Elena) က မာနကြီးပြီး ရိုင်းစိုင်းတယ်၊ ပြီးတော့ စိတ်ကြီးပဲလည်း အရမ်းကြီးတာ"
"သူ့ကို ဆန့်ကျင်တဲ့လူ ဘယ်သူမှ ဇာတ်သိမ်း မကောင်းကြဘူး"
"လမ်းပိတ်မိတာလေး တစ်ခုတည်းကို... နည်းနည်း သည်းခံပြီး ဖယ်ပေးလိုက်ရင် ပြီးသွားမယ့်ကိစ္စကို၊ သူနဲ့ သွားပြီး ရန်ဖြစ်နေတော့ အခု ဒုက္ခရောက်ပြီ မဟုတ်လား"
ယွီဖုန်းရှန်း၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော နေမဝင်အင်ပါယာ၏ စူပါစတား အလှမယ် အယ်လီနာသည် ယွီဖုန်းရှန်းကို လက်ညှိုးထိုးကာ ဆက်လက် ဆဲဆိုနေလေ၏။
"အောက်တန်းကျတဲ့ အရှေ့အာရှသူ... နင့်ကို ဘယ်သူက သတ္တိတွေ ပေးထားလို့ ငါ့ကို လမ်းမဖယ်ပေးရတာလဲ"
"နင့်ရဲ့ ညစ်ပတ်တဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို ဝင်တိုက်ရုံတင် မကဘူး... ငါ အသစ်ဝယ်ထားတဲ့ ဖိနပ်ကိုပါ နင်းရဲတယ်ပေါ့လေ။ ဒီနေ့ ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျှာနဲ့ ပြောင်စင်အောင် ယက်မပေးရင်၊ ဒီနေရာကနေ ထွက်သွားဖို့ စိတ်ကူးမယဉ်နဲ့"
ယွီဖုန်းရှန်း၏ မျက်နှာထားမှာ အလွန်အမင်း အရုပ်ဆိုးသွားတော့သည်။ လူပုံအလယ်တွင် လက်ညှိုးထိုး ဆဲဆိုခံနေရခြင်းကို သူမ ဘယ်လို သည်းခံနိုင်ပါ့မလဲ။
သူမသည် ထိုမိန်းမယုတ်ကို ပါးရိုက်ပစ်ရန် လက်ကို မြှောက်လိုက်၏။
သို့သော်... သူမ မလှုပ်ရှားနိုင်ခင်မှာပင်၊ သူမဘေးရှိ သက်တော်စောင့်တစ်ဦးက ကြောက်ရွံ့နေသည့်ပုံဖြင့် သူမကို အလျင်အမြန် တားဆီးလိုက်ပြီး နားနားကပ်ကာ တစ်စုံတစ်ခု တိုးတိုးလေး ပြောလိုက်လေ၏။
ထိုအခါ ယွီဖုန်းရှန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားရုံသာမက၊ မျက်နှာထားပါ ပိုမို ဆိုးရွားသွားတော့သည်။
ယဲ့ဖန်သည် သူမ ဘာကို ကြောက်နေသလဲ ဆိုတာ မသိသော်လည်း၊ ဖြစ်စဉ်တစ်ခုလုံးကို ကြားလိုက်ရပြီးနောက် လူအုပ်ကြီးကို တိုးဝှေ့ကာ ဝင်ရောက်သွားလိုက်၏။
"ယဲ့ဖန်..."
ယွီဖုန်းရှန်းက အံ့သြတကြီး နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင်...
"ဖြောင်း..."
ကျယ်လောင်ပြတ်သားသော ပါးရိုက်သံ တစ်သံ ထွက်ပေါ်လာပြီး၊ စူပါစတား အယ်လီနာ၏ မျက်နှာပေါ်သို့ လက်ဝါးစောင်းတစ်ခု ကျရောက်သွားလေတော့သတည်း...။