← Chapters

အခန်း (၁၈၀၉-၁၈၁၀)

Vol. 96 Ch. 1809-1810

အခန်း (၁၈၀၉-၁၈၁၀)

Vol. 96 Ch. 1809-1810

အခန်း (၁၈၀၉) - တောင်းပန်လို့ ရရင် ရဲတွေ ဘာလုပ်ဖို့ ရှိတော့မှာလဲ

~လူပုံအလယ်မှာ မြို့စားကြီး မိသားစုဝင် တစ်ယောက်ကို အရှက်ခွဲခြင်း၊ ထိခိုက်နစ်နာစေခြင်း ဆိုတာ နေမဝင်အင်ပါယာရဲ့ ဥပဒေအရ သေးငယ်သော ပြစ်မှုမျိုး မဟုတ်။

အကယ်၍ ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့သာ ဒီကိစ္စကို အစဖော်ပြီး အမှုဖွင့်လိုက်လျှင်၊ အယ်လီနာ တစ်ယောက် သေဒဏ်ပေးသည့် ကွပ်မျက်ကွင်း (Execution Ground) သို့တောင် ရောက်သွားနိုင်သည် မဟုတ်ပါလော။

ဒါက နေမဝင်အင်ပါယာမှာ သေဒဏ်အထိ ပေးနိုင်သည့် ရာဇဝတ်မှု အနည်းငယ်ထဲက တစ်ခုဖြစ်၏။

"တောင်းပန်ပါတယ်... မစ္စတာ၊ မစ္စစ်..."

အယ်လီနာသည်လည်း ပြဿနာ၏ လေးနက်မှုကို သဘောပေါက်သွားသဖြင့်၊ ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့ ရှေ့တွင် ခေါင်းငုံ့ကာ ချက်ချင်း တောင်းပန်လိုက်လေ၏။

ယဲ့ဖန်ကတော့ တွန့်ဆုတ်မနေ။

"တောင်းပန်လို့ ရရင်... ရဲတွေ ဘာလုပ်ဖို့ ရှိတော့မှာလဲ"

"ခင်ဗျားရဲ့ စကားတွေကို ရဲစခန်းရောက်မှပဲ ပြောပါတော့"

"တကယ်ကို တောင်းပန်ပါတယ် မိတ်ဆွေ..."

အာဂျိုင်း ဟန်ဆန်ကလည်း အားနာနေရှာ၏။

"ငါတို့ နိုင်ငံရဲ့ နယ်မြေထဲမှာ မင်းနဲ့ မင်းမိတ်ဆွေကို ဒီလို ကိစ္စမျိုး ကြုံတွေ့စေခဲ့မိတာ ငါ တကယ် စိတ်မကောင်းဘူး"

"စိတ်မပူပါနဲ့... နေမဝင်အင်ပါယာရဲ့ ဥပဒေနဲ့ ငါကိုယ်တိုင်က မင်းတို့ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်"

"ကျေးဇူးပြုပြီး... ဒီကိစ္စလေးတစ်ခုကြောင့် နေမဝင်အင်ပါယာအပေါ် မင်းနဲ့ မင်းမိတ်ဆွေတို့ အထင်မလွဲကြပါနဲ့လို့ တောင်းဆိုပါရစေ"

"ငါ မင်းကို ယုံပါတယ်"

ယဲ့ဖန်လည်း ဒီကိစ္စက အာဂျိုင်း ဟန်ဆန်နှင့် ဘာမှမဆိုင်ဘူး ဆိုတာ သိ၏။ ဟန်ဆန်က သူ့ကို မျက်နှာသာ ပေးနေမှတော့၊ သူကလည်း ဟန်ဆန်အတွက် ထွက်ပေါက်လေး တစ်ခု ပေးရမည်ပေါ့။

"ငါနဲ့ ငါ့မိတ်ဆွေအတွက် တရားမျှတမှု ရမယ်ဆိုရင် ပြီးတာပါပဲ... ငါ့မှာ လုပ်စရာကိစ္စ ရှိသေးလို့ သွားခွင့်ပြုပါဦး"

"ကောင်းပြီ... မင်း သွားနှင့်လိုက်ပါ။ ရဲတွေ ရောက်လာရင် ငါ ရှင်းလိုက်မယ်"

အာဂျိုင်း ဟန်ဆန် ခေါင်းညိတ်လိုက်၏။ သူသည် သက်တော်စောင့်များကို ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့အတွက် လမ်းဖယ်ပေးရန် အမိန့်ပေးလိုက်၏။

ယဲ့ဖန်သည် အားနာဟန်ဆောင်မနေတော့ဘဲ၊ ဟန်ဆန်ကို ခေါင်းညိတ်နှုတ်ဆက်ကာ ယွီဖုန်းရှန်းကို ခေါ်၍ ထွက်ခွာလာခဲ့တော့၏။

ကားပေါ်ရောက်သည့်တိုင် ယွီဖုန်းရှန်း တစ်ယောက် မှင်သက်အံဩနေဆဲ။

"ရှင်က... အာဂျိုင်း မိသားစုနဲ့လည်း ထူးခြားတဲ့ ဆက်ဆံရေး ရှိတာလား"

"အဲ့လိုကြီးလည်း မဟုတ်ပါဘူး... ရန်ဖြစ်ရင်းနဲ့ ခင်သွားကြတာပါ"

ယဲ့ဖန်က ကားစက်နှိုးရင်း ပေါ့ပါးစွာပင် ပြန်ဖြေလိုက်၏။

"ပြီးတော့ တိုက်ဆိုင်မှုတချို့ကြောင့် မိတ်ဆွေတွေ ဖြစ်သွားကြတာ"

သူသည် စနစ် ၏ လမ်းညွှန်ချက်အတိုင်း ဦးတည်ရာသို့ ဆက်လက် မောင်းနှင်လိုက်၏။

"ထင်တဲ့ အတိုင်းပါပဲ... နင့်ရဲ့ စွမ်းရည်ကို ငါ သံသယ မဝင်ခဲ့သင့်ဘူး"

ယွီဖုန်းရှန်း၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရောင်အဝါများ လက်သွားသည်။

"ရှင် ဘယ်ရောက်ရောက်... အမြဲတမ်း အံ့သြစရာတွေ ယူဆောင်လာပေးတတ်တာပဲ"

"ခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်..."

"ရှင်သာ မရှိရင်... ဒီနေ့ ကျွန်မ တော်တော် ခံလိုက်ရမှာ"

"ကိစ္စ သေးသေးလေးပါ"

ယဲ့ဖန်က သိပ်အရေးမကြီးသလို ပြန်ပြောလိုက်၏။

သို့သော် ထိုအချိန်တွင် သူ့ခေါင်းထဲရှိ စနစ် ၏ လမ်းညွှန်ချက်သည် ဦးတည်ရာ နေရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိထားမိလိုက်၏။

*(ဟေ... ဘာဖြစ်လို့လဲ)*

ယဲ့ဖန် စိတ်ရှုပ်သွားသည်။

ယွီဖုန်းရှန်းကတော့ ယဲ့ဖန်၏ အတွေးများကို သတိမထားမိ။ သူမသည် တွဲဖက်ယာဉ်မောင်း ခုံတွင် ထိုင်ရင်း၊ ယဲ့ဖန်က သူမကို ကူညီခဲ့သည်ကို အရေးမကြီးသလို သဘောထားနေသည်ကို ကြည့်ပြီး အားနာစိတ် ဝင်လာသည်။

"ရှင် ဒီလို လုပ်လေ... ကျွန်မ ပိုပြီး ဖိအားများလေပဲ ဆိုတာ သိရဲ့လား"

"ရှင် ကျွန်မဆီက တစ်ခုခု တောင်းဆိုလိုက်ရင် ပိုကောင်းဦးမယ်... ဒါမှ ရှင့်အတွက် တစ်ခုခု ပြန်လုပ်ပေးခွင့် ရမှာ"

"မဟုတ်ရင်...တကယ် မပြောထွက်တဲ့ စကားတချို့ ရှိနေလို့"

"ဘာတွေ မပြောထွက်တာလဲ"

ယဲ့ဖန်သည် စနစ်၏ လမ်းညွှန်ချက်မှ အာရုံလွှဲပြီး သူမကို လှည့်ကြည့်လိုက်၏။

"ခုနက ဖြစ်သွားတဲ့ ကိစ္စကြောင့်... ပြောရမှာ နည်းနည်း ရှက်နေလို့ပါ"

ယွီဖုန်းရှန်း သက်ပြင်းချလိုက်၏။

"ဒီလိုလုပ်ပါလား... တစ်ခုခု အရင် တောင်းဆိုလိုက်ပါလား"

"ဒါဆိုရင် ကျွန်မစိတ်ထဲမှာ အားနာတာတွေ၊ အကြွေးတင်သလို ခံစားရတာတွေ လျော့သွားပြီး... ပြောချင်တာကို ပြောထွက်လာလိမ့်မယ် ထင်တယ်"

"ခင်ဗျား အတည် ပြောနေတာလား"

ယဲ့ဖန် သူမကို စူးစိုက်ကြည့်လိုက်၏။

"အတည် ပြောတာ"

ယွီဖုန်းရှန်း ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင်"

ယဲ့ဖန် ပြုံးလိုက်၏။

"ကျွန်တော် အရင်ရက်တွေက အလုပ်တွေ နည်းနည်း များထားတော့ ခါး နည်းနည်း ညောင်းနေတယ်။ အခု နောက်တစ်နေရာကို ဆက်သွားရဦးမှာ ဆိုတော့ အနားယူချိန်လည်း မရှိဘူး။ ခင်ဗျား ကျွန်တော့်ကို နှိပ်ပေးလို့ ရမလား"

ယဲ့ဖန်က နောက်သလိုလိုနှင့် ပြောလိုက်ခြင်း ဖြစ်၏။

သို့သော် သူ မထင်မှတ်ထားသည်မှာ... ယွီဖုန်းရှန်းက ခဏမျှ စဉ်းစားပြီးနောက်၊ ကိုယ်ကို ဘေးသို့ စောင်းလိုက်ပြီး သူ့ဘက်သို့ လှည့်လာခြင်းပင် ဖြစ်တော့၏။

သူမသည် လက်ဝါးချင်း ပွတ်လိုက်ပြီးနောက်၊ ယဲ့ဖန်၏ ခါးနှစ်ဖက်ကို ထိတွေ့ကာ ကျောပြင်ကို ညင်သာစွာ စတင် နှိပ်နယ်ပေးလေတော့၏။

"ဒီလိုလား..."

သူမ၏ အသံမှာ ပုံမှန် မဟုတ်ဘဲ အနည်းငယ် တုန်နေ၏။

ယဲ့ဖန်၏ အကြည့်များ တောင့်တင်းသွားသည်။

ကျန်းနန်မြို့၏ ရက်စက်ကြမ်းကြုတ်လှပါသည် ဆိုသော မြေအောက်ဘုရင်မက သူ့ခါးကို ညင်သာစွာ နှိပ်နယ်ပေးနေသည်တဲ့လား။

သူမ၏ ခန္ဓာကိုယ်က သူ့ဘက်သို့ ကိုင်းညွတ်နေသဖြင့်၊ သူမ၏ ကော်လာအောက်မှ လှပသော ရှုခင်းများကို ယဲ့ဖန် တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွယ်တကူ မြင်တွေ့နေရ၏။

"သူဌေး ယွီ... တကယ်ကြီး လုပ်နေတာလား"

ယဲ့ဖန် အံ့သြသွားသည်။

"တကယ် မလုပ်လို့ ဘာလုပ်ရမှာလဲ"

ယွီဖုန်းရှန်း၏ လက်များ ခဏ ရပ်တန့်သွားသည်။

"ကျား၊ မ မထိတွေ့သင့်ဘူး ဆိုတဲ့ စကားတွေ လာပြောပြီး၊ ရှက်သွေးဖြာပြတာမျိုး ကျွန်မဆီက မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော်"

"အဲ့လို မဟုတ်ပါဘူး..."

ယဲ့ဖန် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။

"ကျွန်တော်က... ကျန်းနန် မြေအောက်ဘုရင်မ ယွီဖုန်းရှန်းက ဒီလို လုပ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့မိလို့ပါ"

"မြေအောက်ဘုရင်မ ဆိုပေမယ့်... မိန်းမသား တစ်ယောက်ပါပဲ"

ယွီဖုန်းရှန်းက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

"ရှင်သာ လုံလောက်တဲ့ စွမ်းရည် ရှိမယ်ဆိုရင်... နှိပ်ပေးတာလောက် မကဘူး၊ ကြောင်လေး တစ်ကောင်လို အော်မြည်ပြခိုင်းရင်တောင် ကျွန်မ လုပ်ပေးနိုင်တယ်"

"အဟွတ်... အဟွတ်..."

ယဲ့ဖန် တစ်ယောက် ထိုမျှ ကြမ်းတမ်းသော စကားလုံးကို သူမ ပြောထွက်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် သီးပြီး ချောင်းဆိုးသွားရတော့သည်...။

အခန်း (၁၈၁၀) - တွေးကြည့်ရင် ကြက်သီးထစရာပဲ

~"သူဌေး ယွီ ကတော့ အရင်အတိုင်းပဲ... သတ္တိတွေ ကောင်းတုန်း"

ယဲ့ဖန် အနည်းငယ် ချောင်းဆိုးပြီးနောက်၊ စကားလမ်းကြောင်း လွှဲလိုက်၏။

"ကဲ... ပြောပါဦး၊ ပြောစရာ ရှိတယ်ဆိုတာ ဘာလဲ"

"ကျွန်တော်တို့က သူငယ်ချင်းဟောင်းတွေပဲ... အားနာနေစရာ မလိုပါဘူး"

ယွီဖုန်းရှန်းသည် ယဲ့ဖန်၏ ကျောပြင်ကို ခဏမျှ အာရုံစိုက် နှိပ်နယ်ပေးနေပြီးမှ၊ ကိုယ်ကို မတ်လိုက်၏။

"ဦးလေးကို 'တိုင်-ရန့်' အကြောင်း စုံစမ်းပေးဖို့ အကူအညီ တောင်းထားတယ် မဟုတ်လား"

ယဲ့ဖန် သူမ၏ လေသံကို နားထောင်ပြီး တစ်စုံတစ်ခုကို ရိပ်မိလိုက်၏။

"ဘာဖြစ်လို့လဲ... ခင်ဗျားတို့ဘက်မှာလည်း အခက်အခဲ ကြုံရလို့လား"

"'လည်း' ဟုတ်လား..."

ယွီဖုန်းရှန်းက စကားလုံး တစ်လုံးကို အမိအရ ဖမ်းဆုပ်လိုက်၏။

"ဒါဆို ရှင် တခြားလူတွေကိုရော အကူအညီ တောင်းထားသေးတာလား"

"အင်း... နေမဝင်အင်ပါယာမှာ ကျွန်တော့်အတွက် သတင်းရယူပေးနိုင်တဲ့ တခြားလမ်းကြောင်းတွေ ရှိသေးတယ်လေ"

ယဲ့ဖန် ဘာမှ ဖုံးကွယ်မထားပါ။

"ခင်ဗျားတို့ အခြေအနေကို အရင် ပြောပြပါဦး"

"ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရတာလဲ"

"ဦးလေးက ရှင့်ကိစ္စ ဆိုတော့... နေမဝင်အင်ပါယာရဲ့ မှောင်ခိုဈေးကွကက သတင်းပေး တချို့ကို ကိုယ်တိုင်ကိုယ်ကျ သွားတွေ့ပြီး စုံစမ်းခဲ့တယ်"

ယွီဖုန်းရှန်း၏ မျက်ဝန်းများထဲတွင် သတိထားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဒါပေမယ့် ဦးလေးရဲ့ မိတ်ဆွေဟောင်းတွေက... ဒီကိစ္စကို ဆက်မလိုက်ဖို့ သတိပေးကြတယ်"

"ဦးလေးကတော့ ဂရုမစိုက်ဘဲ ဆက်ပြီး အဆုံးထိ စုံစမ်းဖို့ ကြိုးစားခဲ့တာပေါ့... ဒါပေမယ့် မကြာခင်မှာပဲ သတိပေးချက် တစ်ခု ရောက်လာတယ်"

"ဒီနေ့ နေ့လည် ဦးလေး နေ့လည်စာ စားပြီး တစ်မှေး အိပ်ပျော်နေတုန်း... သူ အိပ်ရာနိုးလာတော့ ကုတင်ဘေးမှာ ခေါင်းဖြတ်ခံထားရတဲ့ ခွေးသေကောင် တစ်ကောင် ရောက်နေတယ်တဲ့"

"အဲ့ဒီခွေးက ဦးလေး အချစ်ဆုံး ခွေးလေ..."

"အဲ့လောက်တောင်လား..."

ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဒါက ရိုးရှင်းတဲ့ သတိပေးချက် မဟုတ်ဘူး။ ဒါက ခြိမ်းခြောက်မှု (Deterrence) သက်သက်ပဲ။

'ကြွယ်ဝခြင်း အသင်း' ရဲ့ ပိုင်နက်နယ်မြေထဲမှာ...၊ လုံခြုံရေး အစောင့်အရှောက်တွေ အများကြီးကြားကနေ ယွီကျင်းနမ် အိပ်ပျော်နေတဲ့ ကုတင်ဘေးအထိ ရောက်အောင် လာနိုင်တယ်။ ပြီးတော့ သူ အချစ်ဆုံးခွေးကို သတ်ပြီး ခေါင်းလာပို့ထားနိုင်တယ် ဆိုတာ...

ဒါ ဘာကို ဆိုလိုသလဲ ရှင်းနေတာပဲ။

သူတို့သာ လိုချင်လျှင်... ယွီကျင်းနီယန် အိပ်ပျော်နေတုန်း သူ့ခေါင်းကိုပါ လာဖြတ်သွား၍ ရသည် ဆိုသော သဘော မဟုတ်ပါလော။

ဒီကိစ္စကို သေချာ တွေးကြည့်ရင်... တကယ်ကို ကြက်သီးထစရာ ကောင်းလွန်း၏။

"အင်း... ဟုတ်တယ်"

ယွီဖုန်းရှန်း ခေါင်းညိတ်လိုက်၏။

"ဒါကြောင့် အဲ့ဒီကိစ္စ ဖြစ်ပြီးပြီးချင်းမှာပဲ... ဦးလေးက နင့်အတွက် သတင်းစုံစမ်းပေးနေတဲ့ ညီအစ်ကိုတွေကို အကုန် ပြန်ခေါ်လိုက်ရတယ်"

"သူ့လုံခြုံရေးကိုလည်း အရင်ထက် ပိုတိုးမြှင့်လိုက်ရတယ်"

"အဲ့ဒါကြောင့် ငါက နင့်ကို အားနာလို့... လက်ဆောင် တစ်ခု ထွက်ဝယ်ရင်း ကိုယ်တိုင် လာတောင်းပန်မလို့ စဉ်းစားထားတာ..."

အခုမှ ယဲ့ဖန် နားလည်သွားသည်။

‘ဘာလို့ သူမက "ရှင် တစ်ခုခု မတောင်းဆိုရင် ကျွန်မ ပြောရမှာ အားနာတယ်" လို့ ပြောခဲ့သလဲ ဆိုတာကို ပေါ့။’

"ဒီကိစ္စက ခင်ဗျားအပြစ် မဟုတ်ပါဘူး... ဦးလေး ယွီ ရဲ့ အပြစ်လည်း မဟုတ်ဘူး"

ယဲ့ဖန် ချက်ချင်း ပြောလိုက်၏။

"ခင်ဗျားတို့ အကောင်းဆုံး ကြိုးစားပေးခဲ့ကြတာပဲ"

"ကျွန်တော်ကသာ... 'တိုင်-ရန့်' ဆိုတဲ့ကောင်ရဲ့ အလေးချိန်ကို လျှော့တွက်ခဲ့မိတာ"

"ကျွန်တော်တို့ အားနည်းလွန်းလို့ပါ..."

ယွီဖုန်းရှန်းက အားနာနေဆဲ။

"မဟုတ်ဘူး... တစ်ဖက်လူက လွန်လွန်ကဲကဲ အစွမ်းထက်လွန်းနေတာ"

ယဲ့ဖန် သူမ စကားကို ဖြတ်ပြောလိုက်၏။

"အမှန်အတိုင်း ပြောရရင်...ကျွန်တော့်ရဲ့ တခြား သတင်းလမ်းကြောင်းက တော်တော်လေး အစွမ်းထက်တယ်"

"ဒါပေမယ့် မကြာသေးခင်ကပဲ ကျွန်တော့်ဆီ သတင်းရောက်လာတယ်... သတင်းစုံစမ်းဖို့ လွှတ်လိုက်တဲ့ ညီအစ်ကို မောင်နှမတွေ အကုန်လုံး အသတ်ခံလိုက်ရပြီတဲ့"

"ကြည့်ရတာ ဒီ 'တိုင်-ရန့်' ဆိုတဲ့လူက တကယ့်ကို ကိုင်တွယ်ရ ခက်မယ့်ပုံပဲ... ဒါကြောင့်လည်း ကာနာရီဝေါ့ဖ် မှာ အဲ့လောက် ကြီးမားတဲ့ ပြဇာတ်ကြီးကို ကပြနိုင်ခဲ့တာကိုး"

"ကာနာရီဝေါ့ဖ်က ပြဇာတ်..."

ယွီဖုန်းရှန်း နားမလည်။

"သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော် သတင်းလေ... အဲ့ဒါ 'တိုင်-ရန့်' ရဲ့ လူတွေ တမင် လွှင့်ခဲ့တာ"

ယဲ့ဖန်က ထိုညက ဖြစ်ပျက်ခဲ့ပုံများကို အကျဉ်းချုပ် ပြောပြလိုက်၏။

အသေးစိတ် အချက်အလက်တချို့ကို ချန်လှပ်ထားခဲ့သော်လည်း၊ ယွီဖုန်းရှန်း ကြားလိုက်ရသည့်အခါ အံ့သြမှင်သက်သွားရ၏။

"ဒါဆို... ရွှေဗုဒ္ဓရုပ်ပွားတော်က ငါးစာ သက်သက်ပဲပေါ့"

"'တိုင်-ရန့်' က အဲ့ဒီ ငါးစာကို သုံးပြီး... ဖော့ခ်စီးတီးက ရွှေရှာသူ ထက်ဝက်လောက်ကို တစ်ချက်တည်း ရှင်းပစ်ချင်နေတာလား"

"အဲ့လို ပြောလို့ ရပါတယ်"

ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

"ပြီးတော့ သံသယ ရှိတာတစ်ခုက... ရွှေရှာသူတွေကို ရှင်းချင်တာအပြင်၊ ကျွန်တော့်ကိုပါ ပစ်မှတ်ထားပြီး လုပ်ကြံချင်နေပုံ ရတယ်"

"ဒီလူရဲ့ အာဏာစက်က... နည်းနည်းတော့ မကြီးလွန်းဘူးလား"

ယွီဖုန်းရှန်း ဆွံ့အသွားသည်။

"လူအင်အား အရင်းအမြစ်တွေ အများကြီးကို တစ်ပြိုင်နက်တည်း အသုံးချနိုင်တယ် ဆိုတာ..."

"ဒါကြောင့် ဒီလူကို အမြစ်ဖြတ် ရှင်းပစ်မှ ရမယ်"

ယဲ့ဖန် ပြတ်သားစွာ ပြောလိုက်၏။

"မဟုတ်ရင်... နောင်ကျရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်"

ယွီဖုန်းရှန်း မိတ်ဆွေဖြစ်သူ ဒုက္ခရောက်နေတာကို ဘာမှ မကူညီနိုင်သည့်အတွက် စိတ်မကောင်း ဖြစ်မိ၏။

ယဲ့ဖန် သူမ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို သတိထားမိပြီး၊ သူမ ဘာတွေးနေလဲ ဆိုတာ ခန့်မှန်းမိလိုက်၏။

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းခါလိုက်၏။

"ထားလိုက်ပါတော့... ဒီအကြောင်း ခဏ မေ့ထားလိုက်ကြရအောင်"

"လောလောဆယ် အရေးကြီးတဲ့ တခြားကိစ္စတစ်ခု သွားရှင်းကြစို့ဗျာ…”

All Chapters