← Chapters

အခန်း (၁၈၁၁-၁၈၁၃)

Vol. 97 Ch. 1811-1813

အခန်း (၁၈၁၁-၁၈၁၃)

Vol. 97 Ch. 1811-1813

အခန်း (၁၈၁၁) - ဒီလိုနည်းလမ်းလည်း ရှိသေးတာလား

~ယွီဖုန်းရှန်းလည်း ယဲ့ဖန် အလျင်လိုနေမှန်း သတိထားမိသွားသည်။

"အရေးကြီးကိစ္စ ရှိလို့လား... ဘယ်သွားမလို့လဲ"

တကယ်တမ်းတွင်မူ ယဲ့ဖန်ကိုယ်တိုင်လည်း ဤ 'အခွင့်အလမ်းလမ်းညွှန်စနစ်' ၏ ဦးတည်ရာမှာ မည်သည့်နေရာဖြစ်သည်ကို အသေအချာ မသိရသေးပေ။

လမ်းညွှန်စနစ်မှ ဖော်ပြနေသော ဦးတည်ချက်မှာလည်း ခဏခဏ ပြောင်းလဲနေလေ၏။

သို့သော် ပြောင်းလဲသွားသော နေရာများမှာ တစ်ခုနှင့်တစ်ခု သိပ်မဝေးလှသဖြင့် တစ်ဖက်လူမှာ နေရာကို အမြဲမပြတ် ရွှေ့ပြောင်းနေကြောင်းမှာ သိသာလှပေသည်။

"ရောက်ရင် သိမှာပေါ့..."

ယဲ့ဖန်က ရေရေရာရာ မဖြေဘဲ ကားမောင်းနေရင်း အာရုံစိုက်ထားလိုက်၏။

နောက်ဆုံးတော့... လမ်းညွှန်စနစ်၏ ဦးတည်ရာ နေရာ ငြိမ်သွားသည်။

*(တော်ပါသေးရဲ့... တစ်ဖက်လူက နေရာထပ်မရွှေ့တော့ဘူး ထင်တယ်)*

ကားရပ်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည့်အခါ၊ ယဲ့ဖန် မသိစိတ်ဖြင့် ရှေ့မှ အဆောက်အဦးကို မော့ကြည့်လိုက်မိ၏။

ဆင်ခြေဖုံး ရပ်ကွက်တစ်ခုအတွင်းရှိ စုတ်ပြတ်သတ်နေသော ရဲစခန်းအိုကြီး တစ်ခု...။

ရဲစခန်း ပတ်ဝန်းကျင်တွင် အခြား အဆောက်အဦးများ ဟိုတစ်စ၊ ဒီတစ်စ ရှိနေသော်လည်း အားလုံးက ဟောင်းနွမ်း ဆွေးမြည့်နေကြသည်။

သို့သော်...

ယဲ့ဖန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက်၊ ပတ်ဝန်းကျင် အဆောက်အဦးများ ဆီမှ သူ့ကို စောင့်ကြည့်နေသော အကြည့် (၃) ခုလောက် ရှိနေကြောင်း စူးရှစွာ အာရုံခံမိလိုက်၏။

ထိုအကြည့်များသည် ခဏတာ ဖြတ်ခနဲ ကြည့်လိုက်ရုံသာ ဖြစ်သော်လည်း၊ ကိုယ်ခံပညာရှင် တစ်ယောက်၏ အင်တင်နာများက ထိုအကြည့်များထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြောင်း ဖမ်းယူမိနေ၏။

‘ဒီ ဆင်ခြေဖုံး ရဲစခန်းရဲ့ ပတ်ဝန်းကျင် အငွေ့အသက်က ပုံမှန် မဟုတ်ဘူး...။’

"ယဲ့ဖန်...ကျွန်မတို့ ဒီကို ဘာလာလုပ်တာလဲ"

ယွီဖုန်းရှန်းကတော့ ဘာမှ သတိမထားမိ။ သူမသည် ရှေ့မှ ရဲစခန်းအိုကြီးကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေရှာ၏။

သူမကဲ့သို့ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ဦးအတွက်မူ ရဲစခန်းဆိုသည်မှာ အခန့်မသင့်လျှင်ပင် ခြေဦးမလှည့်လိုသော နေရာမျိုး ဖြစ်လေသည်။ အထူးသဖြင့် မိမိနယ်မြေမဟုတ်သည့် ပြည်ပနိုင်ငံမျိုးတွင်မူ ထိုအခြေအနေမှာ ပို၍ပင် ဆိုးရွားလှပေ၏။

ယဲ့ဖန်က ဘာမှ ရှင်းပြမနေတော့ဘဲ၊ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ပြီး ရဲစခန်းထဲသို့ ဝင်သွားလိုက်၏။

ရဲစခန်း အတွင်းပိုင်းသည်လည်း အပြင်ဘက်နှင့် မခြားနားလှပေ။ ခြောက်ကပ် တိတ်ဆိတ်နေ၏။

ဧည့်ခန်းမဆောင်က ကျယ်ဝန်းသော်လည်း၊ ကောင်တာနောက်တွင် ထိုင်နေသော ရဲအရာရှိ (၃) ဦး၊ သက်ကြီးရွယ်အို အနည်းငယ်နှင့် ရဲအရာရှိများကို တုန်တုန်ရီရီဖြင့် တစ်စုံတစ်ခု ရှင်းပြနေသော မိန်းမချောလေး တစ်ဦးမှလွဲ၍... ဖုန်းထိုင်ပွတ်နေသော ညစ်ပတ်ပေရေနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသာ ရှိ၏။

ယဲ့ဖန် ခြေချလိုက်သည်နှင့် တပြိုင်နက်...

ရဲအရာရှိ (၃) ဦးက သူ့ကို လှမ်းကြည့်၏။ ပြီးတော့ ရှင်းပြနေသော မိန်းမချောလေးကလည်း လှည့်ကြည့်၏။ ဖုန်းပွတ်နေသော ညစ်ပတ်ပေရေနေသည့် လူလတ်ပိုင်းကြီးကလည်း သူ့ကို တစ်ချက် မော့ကြည့်၏။

ထို့နောက်... မိန်းမချောလေးသည် ထိုလူလတ်ပိုင်းကြီးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တစ်ချက် ခိုးကြည့်လိုက်ပြီး၊ ရဲအရာရှိများကို အသည်းအသန် ထပ်မံ ရှင်းပြပြန်၏။

"ဆရာတို့... ကျေးဇူးပြုပြီး ကျွန်မ ပြောတာ ယုံပေးကြပါ"

"ကျွန်မ နောက်နေတာ မဟုတ်ပါဘူး... ကျွန်မ လာပြီး အဖမ်းခံတာပါ"

ယဲ့ဖန် တစ်ယောက် ဒီ 'အခွင့်အလမ်း လမ်းညွှန်' ၏ တကယ့် ပစ်မှတ်က ဘယ်အရာလဲ ဆိုတာ ဝေခွဲမရ ဖြစ်နေ၏။

သူသည် ရဲစခန်းထဲရှိ လူများကို စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။

ထိုအခါမှ... ဟို ညစ်ပတ် ပေရေနေသည့် လူလတ်ပိုင်းကြီးက သာမန်လူ မဟုတ်ဘဲ၊ မျိုးဗီဇ ပြုပြင်ထားသော လူသား တစ်ယောက် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

သူ၏ စွမ်းရည်က မဆိုးပေ... ‘'အလင်းကျင့်စဉ် အဆင့် ရှိသည့် ကိုယ်ခံပညာရှင် တစ်ယောက်နှင့် နီးစပ်နေ၏။

ကိုယ့်ကိုယ်ကို လာအဖမ်းခံနေသော မိန်းမချောလေးကတော့ ထိုလူကြီးကို အလွန်အမင်း ကြောက်ရွံ့နေပုံရ၏။ သူမသည် ထိုလူကြီးကို ခဏခဏ ခိုးကြည့်လိုက်၊ ရဲအရာရှိများကို တောင်းပန်လိုက်နှင့် အလုပ်ရှုပ်နေရှာ၏။

"ကျွန်မက အရင်တုန်းက အရမ်း ယုတ်မာခဲ့တာပါ... ပိုက်ဆံမက်ပြီး သူများ မယားငယ် လုပ်ခဲ့မိပါတယ်"

"အခု ကျွန်မ မှားမှန်း သိပါပြီ... ဒါကြောင့် လာပြီး အဖမ်းခံတာပါ။ ကျေးဇူးပြုပြီး ကျွန်မကို အခုချက်ချင်း ဖမ်းချုပ်ပေးကြပါ"

*(ဒီ လမ်းညွှန်စနစ်ရဲ့ ပစ်မှတ်က ဒီမိန်းမ ဖြစ်နေမလား...)*

ယဲ့ဖန် သံသယ ဝင်သွားသည်။

ဒီလောက် လှပသော အမျိုးသမီး တစ်ယောက်က ဘာကိစ္စနှင့်များ ကိုယ့်ကိုယ်ကို အဖမ်းခံချင်နေရတာလဲ ဆိုတာ သူ နားမလည်နိုင်ခင်မှာပင်...

ရဲအရာရှိ (၃) ဦးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်ကြသည်။

"မဒမ်... ကျွန်တော် ထပ်ပြီး အလေးအနက် ပြောလိုက်ပါမယ်။ မယားငယ် ဖြစ်တာက ရာဇဝတ်မှု မမြောက်ပါဘူး"

"နေမဝင်အင်ပါယာရဲ့ ဥပဒေအရ... ခင်ဗျားရဲ့ အပြုအမူကို ကျွန်တော်တို့က ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အရပဲ ရှုတ်ချလို့ ရမှာပါ။ ထောင်ချလို့ ရတဲ့ စံချိန်စံညွှန်း မမီပါဘူး"

"ကိုယ့်အမှား ကိုယ်သိပြီး ပြုပြင်ချင်တာက ကောင်းပါတယ်။ အခု... အိမ်ပြန်လိုက်ပါတော့"

သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ မိန်းမချောလေး ပိုပြီး ပျာသွားသည်။

"ကျွန်မက ပြည်သူ့ ငြိမ်ဝပ်ပိပြားရေးနဲ့ ကောင်းမွန်တဲ့ ဓလေ့ထုံးတမ်းတွေကို ဖျက်ဆီးနေတာလေ... ဘာလို့ ထောင်ချလို့ မရရမှာလဲ"

"ဒါမှမဟုတ်ရင်လည်း... တစ်ခုခု အမှုဆင်ပြီး ကျွန်မကို ဖမ်းပေးကြပါလား။ ကျေးဇူးပြုပြီးတော့ပါ... ကျွန်မ ထောင်ထဲမှာ ရက်နည်းနည်းလောက် ဝင်ပုန်းနေမှ ဖြစ်မှာမို့လို့ပါ"

“မဟုတ်ရင်... ကျွန်မ အသက်အန္တရာယ် ရှိနေလို့ပါရှင်”

အခန်း (၁၈၁၂) - ကုသိုလ်ယူတဲ့ အနေနဲ့ လုပ်ပေးလိုက်ပါလား

~ ရဲအရာရှိများမှာ ထိုစကားကို ကြားသောအခါ ဆွံ့အသွားကြရ၏။

"မဒမ်... ဒီမှာ အဲ့လို ဝန်ဆောင်မှုမျိုး မရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ တာဝန်အရလည်း အပြစ်မရှိတဲ့ ပြည်သူတစ်ယောက်ကို ဖမ်းချုပ်ခွင့် မရှိဘူး"

"တကယ်လို့ ခင်ဗျား အခက်အခဲ တစ်ခုခု ကြုံနေရတာဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်တော်တို့ ကူညီဖြေရှင်းပေးပါ့မယ်... ဟုတ်ပြီလား"

ဘေးပတ်ဝန်းကျင်မှ လူများကလည်း တစ်ီးတိုး ပြောဆိုနေကြသည်။

"ဒီမိန်းမ ဘာဖြစ်တာလဲ... ရဲစခန်းကို လာပြီး သူများမယားငယ် ဖြစ်ခဲ့ပါတယ် ဆိုပြီး ကိုယ့်အရှုပ်ထုပ် ကိုယ်ဖြည်ချနေတယ်။ ပြီးတော့ အဖမ်းခံချင်နေသေးတယ်"

"သူ ဝင်လာတုန်းက ကြည့်ရတာ တော်တော်လေး ပျာယာခတ်နေပုံပဲ... ဝတ်ထားတဲ့ အဝတ်အစားတွေက ဈေးကြီးပေမယ့် စုတ်ပြတ်ပေရေနေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ"

"ငါလည်း အဲ့လို ထင်တယ်"

"သူ့လက်မောင်းမှာ ဒဏ်ရာတစ်ခု ရှိနေသလိုပဲ..."

ဖုန်းပွတ်နေသော ညစ်ပတ်ပေရေနေသည့် လူလတ်ပိုင်းကြီး တစ်ယောက်တည်းကသာ ထိုမိန်းမချောလေးကို မသိမသာ ခိုးကြည့်လိုက်ပြီး၊ မျက်လုံးထဲတွင် အေးစက်သော အရောင်တစ်ချက် ဖြတ်သန်းသွားသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ဤ 'အခွင့်အလမ်း' ၏ ပစ်မှတ်မှာ ထိုမိန်းမချောလေး ဖြစ်ကြောင်း ယဲ့ဖန် ပိုမို သေချာသွားသည်။

အဖမ်းခံရန် ရောက်လာသော ထိုအမျိုးသမီးသည် ညစ်ပတ်ပေရေနေသော လူလတ်ပိုင်းကြီးကို သတိထားမိနေပုံ ရ၏။

သူ့မျက်လုံးထဲမှ အေးစက်မှုကို အာရုံခံမိလိုက်ပြီးနောက်၊ ရဲအရာရှိ၏ မေးခွန်းကို ကြားသောအခါ သူမ တစ်ခုခုကို တွေးလိုက်မိပုံရ၏။ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားပြီး ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်၏။

"အန္တရာယ်နဲ့ ကြုံနေရတာ မဟုတ်ပါဘူး... အခက်အခဲလည်း မရှိပါဘူး။ ကျွန်မက အရင်တုန်းက အမှားတွေ လုပ်ခဲ့မိလို့... အချုပ်ခန်းထဲမှာ နေပြီး ကိုယ့်အပြစ်ကိုကိုယ် ပြန်သုံးသပ်ချင်ရုံ သက်သက်ပါ"

ရဲအရာရှိ (၃) ဦး၏ မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်များ ပေါ်လာသည်။

"မဒမ်... သေချာလို့လား။ ခုနကပဲ ခင်ဗျား ပြောတယ်လေ... ထောင်ထဲမှာ ရက်နည်းနည်းလောက် ဝင်ပုန်းနေမှ ဖြစ်မယ်၊ မဟုတ်ရင် အသက်အန္တရာယ် ရှိတယ် ဆို"

မိန်းမချောလေးက ခေါင်းခါလိုက်ပြန်၏။

"ကျွန်မ ဆိုလိုတာက... သူများ မယားငယ် ဖြစ်ရတာ တော်တော် ရှက်စရာကောင်းမှန်း အခုမှ သိတော့လို့ပါ။ ပြစ်ဒဏ်တစ်ခုခု မခံယူရဘဲ၊ အချုပ်ခန်းထဲမှာ ရက်ပိုင်းလောက် မနေရရင်... ကျွန်မ အပြစ်ရှိစိတ်နဲ့ သေလိမ့်မယ်"

"ဒါကြောင့်... ကျေးဇူးပြုပြီး ခြွင်းချက်အနေနဲ့ ထားပေးပါရှင်။ ကုသိုလ်ယူတဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်... ကျွန်မကို ရက်နည်းနည်းလောက် ဖမ်းချုပ်ထားပေးကြပါ"

ရဲအရာရှိများက မယုံသင်္ကာ ဖြစ်နေဆဲပင်။ သူတို့သည် ထောင့်နားမှ လူလတ်ပိုင်းကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အသံကို နှိမ့်လိုက်ကြသည်။

"မဒမ်... ခင်ဗျားမှာ ထုတ်မပြောရဲတဲ့ အကြောင်းကိစ္စ တစ်ခုခု ရှိနေတာလား"

"တကယ်လို့ ရှိတယ်ဆိုရင်... မျက်တောင်လေး တစ်ချက်လောက် ခတ်ပြလိုက်ပါ။ ကျွန်တော်တို့ ခင်ဗျားကို သီးသန့် အခန်းထဲ ခေါ်ပြီး မေးမြန်းပေးမယ်"

သို့သော် ထိုအမျိုးသမီးက ငြင်းဆန်နေဆဲ။

"ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူးရှင်... ဆရာတို့ လျှောက်တွေးမနေပါနဲ့။ ကျွန်မက အချုပ်ခန်းထဲမှာ တရားထိုင်ချင်ရုံ သက်သက်ပါ"

"ကျွန်မလို အပြစ်သားကို သနားတဲ့အနေနဲ့ ကူညီပေးလိုက်ပါလားရှင်"

သို့သော် သူမ ဒီလို ငြင်းလေလေ... ရဲအရာရှိများက ပိုပြီး သံသယ ဝင်လေလေ ဖြစ်လာသည်။

ရဲအရာရှိ တစ်ဦးသည် သူမ မသိစိတ်ဖြင့် ခိုးကြည့်နေသော ညစ်ပတ်ပေရေနေသည့် လူလတ်ပိုင်းကြီးကို သတိထားမိသွားသည်။ သူသည် ခါးကြားမှ သေနတ်ကို အသာစမ်းလိုက်ပြီး ထိုလူကြီးရှိရာသို့ လျှောက်သွားလိုက်တော့၏။

ထိုအခြေအနေကို မြင်သောအခါ အမျိုးသမီးမှာ ပိုပြီး ထိတ်လန့်သွားရှာ၏။ သူမသည် ရဲအရာရှိကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။

ကျန်ရဲအရာရှိများကလည်း အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် ခါးကြားသို့ လက်ရောက်သွားကြပြီး၊ အချိန်မရွေး သေနတ်ဆွဲထုတ်ရန် အသင့်ပြင်လိုက်ကြသည်။

သို့သော်...

ရဲအရာရှိက ထိုလူကြီးအနားသို့ မရောက်မီမှာပင်၊ ယဲ့ဖန်သည် ထူးဆန်းသော အငွေ့အသက်တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။

*(မကောင်းတော့ဘူး...)*

"ခင်ဗျား... မြန်မြန် လာ"

သူသည် ယွီဖုန်းရှန်း၏ လက်ကို ဆွဲပြီး အပြင်သို့ အလျင်အမြန် ပြေးထွက်လိုက်၏။

ထင်ထားသည့်အတိုင်းပင်...

သူတို့နှစ်ဦး ရဲစခန်းအပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်၊ ရဲအရာရှိများ ထိုလူကြီးအနား မကပ်နိုင်ခင်မှာပင် မီးလောင်သတိပေးသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။

"မီးလောင်ပြီ... မီးလောင်ပြီဟေ့"

"ရဲစခန်းအတွင်းမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ သက်ဆိုင်သူတွေ အားလုံး... အပြင်ကို အမြန်ဆုံး ထွက်ခွာပေးကြပါ"

ဧည့်ခန်းမဆောင် တစ်ခုလုံး အချက်ပေး ခေါင်းလောင်းသံများဖြင့် ဆူညံသွားတော့၏။

မူလက ပွဲကြည့်နေသော လူအုပ်ကြီးမှာ လန့်ဖျပ်သွားပြီး ဖရိုဖရဲ ထွက်ပြေးကြတော့၏။

သေနတ်ဆွဲထုတ်ရန် ပြင်နေသော ရဲအရာရှိများပင် အံ့အားသင့်သွားကြသည်။

သူတို့ သတိပြန်ဝင်လာချိန်မှာတော့... ဟို ညစ်ပတ်ပေရေနေသည့် လူကြီး မရှိတော့။ ထိုလူသည် မိန်းမချောလေးကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ပြီးနောက်၊ ရှုပ်ထွေးနေသော လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"သွားပြီ... ငါတော့ သွားပြီ"

မိန်းမချောလေး မျှော်လင့်ချက် ကုန်ဆုံးသွားသည်။

ရဲစခန်းက မီးလောင်နေပြီ ဖြစ်သဖြင့် ရဲတွေ သူမကို ဂရုစိုက်နိုင်တော့မည် မဟုတ်။ သူမကို လိုက်သတ်နေသော လူသတ်သမားကလည်း သူမကို စိန်ခေါ်သလို ကြည့်ပြီး ထွက်သွားခဲ့၏။

ရဲအရာရှိများ မီးငြှိမ်းသတ်ရန် ပြေးလွှားနေကြသည်ကို မြင်သောအခါ၊ သူမသည် အနီးနားရှိ ကားတစ်စီးကို အတင်း ဖွင့်ကာ မောင်းနှင် ထွက်ပြေးလိုက်တော့၏။

သူမ မျှော်လင့်ထားသည့်အတိုင်းပင်...

သူမ ရဲစခန်းဝင်းထဲမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက်၊ လမ်းကြားအသီးသီးမှ ကား (၃) စီးခန့် ရုတ်တရက် ပြေးထွက်လာပြီး သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

သိပ်မကြာခင်မှာပင်... ထိုကားများသည် သူမကို မှီလာတော့မည့်အပြင်၊ ရှေ့မှ ပိတ်ဆို့ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်...။

အခန်း (၁၈၁၃) - ငါတို့က အဲ့လိုလုပ်ရတာကို သဘောကျတယ်

~ဆင်ခြေဖုံးရပ်ကွက် လမ်းမပေါ်တွင်…

ယခုအချိန်သည် နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း၊ လူသူကင်းမဲ့ပြီး စောင့်ကြည့်ကင်မရာ (CCTV) များပင် မရှိသော နေရာဖြစ်၏။

ကား (၃) စီးက သူမ၏ ကားကို ရှေ့နောက်ဝဲယာ ပိတ်ဆို့လိုက်သောအခါ၊ မိန်းမချောလေးသည် ထွက်ပြေးရန် လမ်းစ မရှိတော့မှန်း သိလိုက်၏။

သူမ ကားစက်သတ်လိုက်ပြီး လက်မြှောက်ကာ ကားပေါ်မှ ဆင်းလိုက်၏။

"ရှင်တို့ကို ဘယ်သူ စေခိုင်းလဲဆိုတာ ကျွန်မ သိတယ်"

ကားပေါ်မှ ဆင်းလာသော လူ (၄) ယောက်ကို ကြည့်ပြီး သူမ ညှိနှိုင်းရန် ကြိုးစားလိုက်၏။

"ဒါပေမဲ့ ကျွန်မကို သတ်ဖို့ သိပ်မလောကြပါနဲ့ဦး... ဘာလို့လဲဆိုတော့ ရှင်တို့ရဲ့ နောက်ကွယ်က သခင်ကြီးက သူ့လျှို့ဝှက်ချက်တွေကို ကျွန်မ ဖွင့်ချလိုက်မှာကို လိုလားမယ် မထင်ဘူး"

ကားပေါ်မှ ဆင်းလာသူများအနက် ခေါင်းဆောင်ဖြစ်သူမှာ ရဲစခန်းထဲတွင် တွေ့ခဲ့ရသော ညစ်ပတ်ပေရေနေသည့် လူလတ်ပိုင်းကြီးပင် ဖြစ်၏။

သူသည် မိန်းမချောလေး၏ စကားကို ကြားသောအခါ၊ ခါးကြားမှ သေနတ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီး သူမ၏ လက်မောင်းကို ပစ်ထည့်လိုက်၏။

"ဒိုင်း..."

ကျည်ဆန်သည် သူမ၏ အင်္ကျီလက်ကို ဖောက်ထွင်းသွားပြီး၊ လက်မောင်းသားကို ရှပ်ထိသွားသည်။

"အား..."

သူမ လန့်ဖျပ်သွားသည်။

လူလတ်ပိုင်းကြီးက သေနတ်ကို ပြန်သိမ်းလိုက်ရင်း အေးစက်စွာ ပြောလိုက်၏။

"ရဲစခန်းထဲမှာတုန်းက မင်း ထုတ်မပြောရဲခဲ့တာကို ကြည့်ရင်... မင်းက ဉာဏ်ရှိတဲ့ မိန်းမတစ်ယောက်ပါ"

"ပြောစမ်း... အဲ့ဒီပစ္စည်းတွေ ဘယ်မှာလဲ။ အခု ပြောရင် မင်းကို အသက်ချမ်းသာပေးဖို့ ထည့်စဉ်းစားပေးမယ်"

မိန်းမချောလေးသည် ကြောက်လန့်နေသော်လည်း ခေါင်းမာစွာပင် ပြန်ပြောလိုက်၏။

"ရှင်တို့ အလုပ်ရှင်နဲ့ ကျွန်မကို စကားပြောခွင့် ပေးပါ..."

"မဟုတ်ရင်... အဲ့ဒီပစ္စည်းတွေ ဘယ်မှာထားလဲဆိုတာ ကျွန်မ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး"

လူလတ်ပိုင်းကြီးက ဘာမှ ပြန်မပြော။

ခလုတ်ကို နောက်တစ်ကြိမ် ဆွဲလိုက်ပြန်၏။

"ဒိုင်း..."

ဒီတစ်ခါ ကျည်ဆန်သည် သူမ၏ နားရွက်နှင့် ဦးရေပြားကြားသို့ ကပ်၍ ထိမှန်သွားသည်။ သွေးများ ပန်းထွက်လာရုံသာမက၊ ဆံပင်အချို့ပါ ကျည်ဆန်နှင့်အတူ ပါသွားလေ၏။

"ငါ ရထားတဲ့ အမိန့်က... နည်းလမ်းပေါင်းစုံ သုံးပြီး အဲ့ဒီပစ္စည်းကို မင်းဆီက ရအောင် ယူဖို့ပဲ။ ငါ မယူနိုင်ရင် ငါ့ဇာတ်သိမ်းက မင်းထက် ကောင်းမှာ မဟုတ်ဘူး... ဒါကြောင့် ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းစမ်းပါနဲ့"

မိန်းမချောလေး တစ်ကိုယ်လုံး တုန်ရီနေပြီ။ သို့သော် သူမ မလျှော့ပေ။

"ကျွန်မ ပြောပြီးပြီလေ... 'တိုင်-ရန့်' နဲ့ ကျွန်မကို ကိုယ်တိုင် ပေးပြောပါလို့"

"သူက ကျွန်မနဲ့ ကျွန်မဗိုက်ထဲက ကလေးရဲ့ လုံခြုံရေးကို အာမခံနိုင်မှ... အဲ့ဒီပစ္စည်းတွေကို သူ့လက်ထဲ အပ်နိုင်မှာ"

"မဟုတ်ရင်တော့..."

လူလတ်ပိုင်းကြီး စိတ်မရှည်တော့။ သူသည် ဘေးနားရှိ အပေါင်းအပါများကို လက်ဟန်ပြလိုက်၏။

"သူက လွယ်လွယ်ကူကူ ပေးချင်တဲ့လမ်းကို ငြင်းပယ်နေမှတော့... ကဲ၊ ဝိုင်းချကြကွာ"

"ဒီ ကောင်မလေးနဲ့ အရင် ပျော်ပါးကြတာပေါ့... သူ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

မိန်းမချောလေး ကြောက်လန့်တကြား နောက်ဆုတ်လိုက်၏။

"ရှင်... ရှင်တို့ မမိုက်မဲကြနဲ့နော်"

"ကျွန်မ ခြိမ်းခြောက်နေတာ မဟုတ်ဘူး..."

"အဲ့ဒီပစ္စည်းတွေကို ကျွန်မက ကုဒ်တွေ ခတ်ထားတဲ့ ဒေတာဖိုင် (Encrypted Data File) အဖြစ် ပြောင်းပြီး ကမ္ဘာအနှံ့က Cloud Server တွေပေါ်မှာ သိမ်းထားပြီးပြီ"

"နောက်ထပ် တစ်နာရီ အတွင်း... ကျွန်မဆီကနေ အဲ့ဒီဖိုင်တွေကို Signal မပေးနိုင်ဘူးဆိုရင်၊ အဲ့ဒီ လျှို့ဝှက်ချက်တွေ အကုန်လုံး အင်တာနက်ပေါ်မှာ အလိုအလျောက် ပျံ့နှံ့သွားလိမ့်မယ်"

လူလတ်ပိုင်းကြီး တွန့်ဆုတ်သွားသည်။ သူသည် အပေါင်းအပါများကို ခဏ ရပ်ခိုင်းလိုက်၏။

မိန်းမချောလေးက သူမ၏ ခြိမ်းခြောက်မှု အလုပ်ဖြစ်သွားပြီဟု ထင်မှတ်လိုက်၏။

သို့သော်...

နောက်တစ်စက္ကန့်မှာပင် လူလတ်ပိုင်းကြီးသည် လျှပ်စီးလက်သလို လှုပ်ရှားလိုက်ပြီး သူမ၏ ရှေ့သို့ ရောက်လာကာ လည်ပင်းကို ညှစ်လိုက်တော့၏။

"အ၊ အ..."

"ငတုံးမ..."

သူ့မျက်လုံးများက ကြမ်းကြုတ်ရက်စက်နေ၏။

"မင်း ဒီလို လုပ်ရဲတယ်ပေါ့လေ..."

"မင်း 'တိုင်-ရန့်' ကို ခြိမ်းခြောက်ဖို့ ကြိုးစားရင်... ပိုပြီး ပြင်းထန်တဲ့ စစ်ဆေးမေးမြန်းမှုနဲ့ ပြစ်ဒဏ်တွေကိုပဲ ခံရလိမ့်မယ် ဆိုတာ မသိဘူးလား"

"ပြီးတော့ မင်းက ဘယ်လို ခြိမ်းခြောက်ထားတယ် ဆိုတာကိုပါ ငါတို့ကို ပြောပြလိုက်သေးတယ်... တော်တော် တုံးတဲ့ မိန်းမ"

"ဒါဆို ငါတို့အတွက် ပိုလွယ်သွားတာပေါ့... မင်း ပါးစပ်ကို ဟခိုင်းဖို့ နည်းလမ်း ရှာလိုက်ရင် ပြီးပြီပဲ"

သူ့အပေါင်းအပါများကလည်း ရယ်မောလိုက်ကြသည်။

"မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကို ဟခိုင်းဖို့ နည်းလမ်းတွေက အများကြီး ရှိပါတယ်ကွာ..."

"ပြီးတော့ အဲ့ဒီနည်းလမ်း အများစုက... ငါတို့ရဲ့ 'သားရဲစိတ်' ကို ကျေနပ်စေနိုင်တာတွေချည်းပဲ"

"ဟား... ဟား... ဟား...၊ ငါတို့က အဲ့လို လုပ်ရတာကို သဘောကျတယ်ကွ"

မိန်းမချောလေးခမျာ ရုပ်ရှင်တွေထဲမှာ မြင်ဖူးသော အိပ်မက်ဆိုးတွေ သူမခေါင်းထဲ ဝင်ရောက်လာသည်။

"ဟင့်အင်း... မလုပ်ပါနဲ့"

သူမ ရုန်းကန်ဖို့ ကြိုးစားလိုက်သော်လည်း၊ လည်ပင်းကို ညှစ်ထားသော လက်က ပြုတ်တူကြီးကဲ့သို့ မာကျောလွန်းလှ၏။

လူလတ်ပိုင်းကြီးက သူမကို မေ့လဲသွားအောင် ရိုက်ချပြီး ဖမ်းခေါ်သွားရန် လက်မြှောက်လိုက်စဉ်...

"ဘွန်း..."

ကားအင်ဂျင်သံ တစ်ခု ဟိန်းထွက်လာသည်။

ထို့နောက်... ရဲစခန်းမှာတုန်းက သူမ တွေ့ခဲ့ရသည့် အာရှသား စုံတွဲ ကားပေါ်မှ ဆင်းလာကြသည်ကို မိန်းမချောလေး တွေ့လိုက်ရ၏။

"သူ့ကို လွှတ်လိုက်စမ်း..."

ယဲ့ဖန်သည် ကားပေါ်မှ ဆင်းလာပြီး လူလတ်ပိုင်းကြီးကို ခေါင်းမော့ကာ အမိန့်ပေးလိုက်လေတော့၏။

မိန်းမချောလေး တစ်ယောက် အံ့အားသင့်သွားရရှာသည်...။

All Chapters