← Chapters

အခန်း (၁၈၁၇-၁၈၁၉)

Vol. 97 Ch. 1817-1819

အခန်း (၁၈၁၇-၁၈၁၉)

Vol. 97 Ch. 1817-1819

အခန်း (၁၈၁၇) - ခင်ဗျားကို 'တိုင်-ရန့်' လို့ ခေါ်ရမလား

~အမှန်အတိုင်း ပြောရလျှင်... USB stick ထဲက အချက်အလက်တွေက သိပ်အများကြီးတော့ မဟုတ်။

သို့သော်၊ အရေးကြီးဆုံးကတော့... ဒီအချက်အလက် အနည်းငယ်က နေမဝင်အင်ပါယာ လုပ်ကြံသတ်ဖြတ်သူ လောက၏ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် 'တိုင်-ရန့်' ၏ မျက်နှာဖုံးကို ခွာချဖို့ လုံလောက်နေ၏။

မိုင်ရွန် ဂျင်းနင်း (Myron Jennings)...

အသက် (၃၁) နှစ်။ ကိန်းဘရစ်ချ် တက္ကသိုလ် ဥပဒေကျောင်းမှ မဟာဘွဲ့ရ ကျောင်းသား တစ်ဦး။

ကမ္ဘာ့ထိပ်တန်း ဥပဒေအကျိုးဆောင် ကုမ္ပဏီကြီး (၄) ခုအနက် တစ်ခုတွင် အလယ်အလတ်တန်းစား မန်နေဂျာ ရာထူးဖြင့် အလုပ်လုပ်နေသူ။

ဒါက နာမည်ကျော်ကြားပေမယ့် လူမသိသူမသိ နေထိုင်တတ်သည့် 'တိုင်-ရန့်' ၏ အထောက်အထားမှန်ပင် ဖြစ်၏။

အချက်အလက်များအရ... မိုင်ရွန် ဂျင်းနင်းသည် အရပ် (၁.၉) မီတာကျော် မြင့်မားပြီး၊ သပ်ရပ်သန့်ရှင်းသော ရုပ်ရည်ရှိ၏။ မျက်မှန်ဝိုင်းလေး တပ်ထားတတ်ပြီး၊ ကျောင်းသား ဆံပင်ပုံစံဖြင့် ရိုးရိုးကုတ်ကုတ် နေတတ်သူ ဖြစ်၏။

ကျောင်းဝင်းထဲက သာမန် ကျောင်းသားလေး တစ်ယောက်နှင့် ဘာမှ မခြားနားပေ။

ယဲ့ဖန်သည် အချက်အလက်များကို ဖတ်ပြီးသည်နှင့် ကားပေါ်မှ ပြန်ဆင်းလာပြီး မိန်းမချောလေးကို ကြည့်လိုက်၏။

"ဒီ ပြဿနာကို အမြစ်ပြတ် ရှင်းပစ်ချင်လား..."

"ဒါမှ ခင်ဗျားဗိုက်ထဲက ကလေးလေး နောက်တစ်ကြိမ် ထပ်ပြီး ထိတ်လန့်စရာ မလိုတော့မှာ"

မိန်းမချောလေးက ဉာဏ်ကောင်းသူ ပီပီ၊ ယဲ့ဖန်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီး မေးလိုက်၏။

"ရှင်... 'တိုင်-ရန့်' ကို ရှင်းပစ်ချင်နေတာလား"

"လွန်ခဲ့တဲ့ နှစ်ရက်က သူ ထောင်ချောက်တစ်ခု ဆင်ခဲ့တယ်... ကြည့်ရတာ ကျွန်တော့်ကို ပစ်မှတ်ထားနေပုံ ရတယ်"

ယဲ့ဖန် ဝန်ခံလိုက်၏။

"ဒါကြောင့် ကျွန်တော် သူ့ကို မေးစရာ မေးခွန်းတချို့ ရှိနေတယ်"

"သူက... အရမ်း အစွမ်းထက်လိမ့်မယ်နော်"

သူမ စိတ်ဝင်စားသွားသော်လည်း၊ တွန့်ဆုတ်နေဆဲ။

"ကျွန်မက သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဘက်ခြမ်းကို တိုက်ရိုက် မမြင်ဖူးပေမယ့်... တစ်ခါတုန်းက ကျွန်မတို့ ဒိတ် လုပ်နေတုန်း၊ ဆိုင်ကယ်စီး လူမိုက်တချို့က ကျွန်မကို လေချွန်ပြီး စနောက်ကြဖူးတယ်"

"အဲ့ဒီတုန်းက သူက ဆိုင်ကယ်အမြန်နှုန်းကို အမီလိုက်ပြီး... အဲ့ဒီလူတွေကို ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီးတော့ ရိုက်နှက်ခဲ့ဖူးတယ်"

"ဘာလို့ အဲ့လောက်ထိ ကြမ်းတမ်းရတာလဲလို့ မေးတော့ သူ ဘာမှ ပြန်မဖြေဘူး... ဒါပေမဲ့ ကျွန်မ သေချာ မှတ်မိတာ တစ်ခုက၊ အဲ့ဒီ ဆိုင်ကယ်တွေက အရမ်း မြန်နေတာပါ"

"ကျွန်တော်လည်း အားမနည်းပါဘူး..."

ယဲ့ဖန် ပြုံးလိုက်၏။ သူသည် ယွီဖုန်းရှန်း ကားနောက်ဖုံး (Trunk) ထဲ ထည့်ထားသော အလောင်းများကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်၏။

ထိုအခါမှ မိန်းမချောလေး သဘောပေါက်သွားပြီး ခေါင်းဖြည်းညှင်းစွာ ညိတ်လိုက်၏။

"သူက ရော့ခ်လမ်း (Rock Street)၊ အမှတ် (၃၆) က (၉) လွှာ တိုက်ခန်းမှာ နေပါတယ်"

"သူ့ရဲ့ နေ့စဉ် အချိန်ဇယားအရ ဆိုရင်... ဒီဘက်က အခြေအနေကို သူ မသိသေးသရွေ့၊ ဒီအချိန်ဆို သူ ကိန်းဘရစ်ချ် တက္ကသိုလ် ဥပဒေကျောင်းမှာ ရှိနေလောက်ပြီ"

ယဲ့ဖန် ချက်ချင်း မထွက်ခွာသေးဘဲ ထပ်မေးလိုက်၏။

"သူ့ပုံစံက... ဒီအချက်အလက်တွေထဲက အတိုင်းပဲလား"

"ဟုတ်ပါတယ်ရှင်"

သူမ ပြန်ဖြေ၏။

"ကျွန်မ သူ့ကို စသိကတည်းက ဒီပုံစံ အတိုင်းပါပဲ"

"ဒီဘက်က သတင်းတွေ သူ့ဆီ မရောက်သေးသရွေ့... သူ ရုတ်တရက်ကြီး ပုံစံပြောင်းသွားမယ် မထင်ပါဘူး"

"ကောင်းပြီ..."

ယဲ့ဖန် ဘာမှ ထပ်မပြောတော့။ မိန်းမချောလေးကို ကာကွယ်ပေးရန်နှင့် အခင်းဖြစ်နေရာကို ရှင်းလင်းရန် ယွီဖုန်းရှန်းကို မျက်လုံးဖြင့် မှာကြားခဲ့ပြီး၊ ကိန်းဘရစ်ချ် တက္ကသိုလ် ဥပဒေကျောင်း ရှိရာသို့ တန်းတန်းမတ်မတ် မောင်းနှင် ထွက်ခွာသွားတော့၏။

ကိန်းဘရစ်ချ် ဥပဒေကျောင်းသည် ပြင်ပလူ ဝင်ရောက်မှုအပေါ် တင်းကျပ်သော စည်းကမ်းများ ရှိသော်လည်း၊ ယဲ့ဖန်က ဝုဖ်ဂန်းကို ဖုန်းတစ်ချက် ဆက်လိုက်ရုံဖြင့် စည်းကမ်းများ လျော့ရဲသွားပြီး ကားဖြင့် ကျောင်းဝင်းထဲအထိ ဝင်ရောက်ခွင့် ရရှိသွားသည်။

ဥပဒေကျောင်း ဝင်ပေါက်သို့ ရောက်သောအခါ၊ ဝန်ထမ်းများနှင့် အတည်ပြုပြီးနောက် မိုင်ရွန် ဂျင်းနင်း ရှိရာသို့ အလွယ်တကူ ရှာဖွေနိုင်ခဲ့၏။

သူသည် ဟောပြောပွဲ ခန်းမကျယ်ကြီး တစ်ခုထဲတွင် ပါမောက္ခ တစ်ဦး၏ ပို့ချချက်ကို အာရုံစိုက် နားထောင်နေလေ၏။

နားထောင်ရင်းနှင့် ရံဖန်ရံခါ စဉ်းစားခန်း ဝင်နေသည့် အမူအရာ လုပ်လိုက်၊ မှတ်စုစာအုပ်ထဲတွင် ခေါင်းငုံ့ပြီး တစ်ခုခု ရေးမှတ်လိုက်နှင့်...။

ကြည့်ရတာ ဒီကျောင်းက သာမန် ကျောင်းသား တစ်ယောက်နှင့် ဘာမှ မခြားနားပေ။

ယဲ့ဖန် အလျင်စလို မလုပ်။ အတန်းပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်၏။

အတန်းချိန် တစ်ဝက်လောက် ရောက်တော့ မိုင်ရွန် ဂျင်းနင်း ဖုန်းဝင်လာပုံ ရ၏။ သူသည် အလျင်စလိုဖြင့် အတန်းထဲမှ ထွက်ခွာသွားသည်။

ယဲ့ဖန်လည်း တိတ်တဆိတ် နောက်ယောင်ခံ လိုက်သွားလိုက်၏။

မိုင်ရွန် ဂျင်းနင်းသည် ယဲ့ဖန် လိုက်လာသည်ကို သတိမထားမိ။

သူသည် ဥပဒေကျောင်းမှ ထွက်ခွာပြီးနောက်၊ အိမ်သာတစ်ခုထဲသို့ ဝင်သွားပြီး ရုပ်ဖျက်လိုက်၏။ ပြန်ထွက်လာသောအခါ လုံးဝ တခြားလူတစ်ယောက် အသွင်ဖြင့် ဟန်မပျက် ထွက်လာသည်။

ထို့နောက်... ကျောင်းဝင်းအပြင်ဘက်သို့ ရောက်သည်နှင့် လူပြတ်သော လမ်းကြားလေး တစ်ခုထဲသို့ ဝင်သွားလိုက်၏။

သူ ဖုန်းထုတ်ပြီး တစ်နေရာရာသို့ ခေါ်ဆိုရန် ပြင်လိုက်စဉ်...

"ဟယ်လို..."

အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်လာသော ယဲ့ဖန်သည် သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်၏။

ယဲ့ဖန်က သူ့ကို အပြုံးဖျော့ဖျော့လေးဖြင့် ကြည့်နေ၏။

"မိုင်ရွန် ဂျင်းနင်း..."

"ဒါမှမဟုတ်... ခင်ဗျားကို 'တိုင်-ရန့်' လို့ပဲ ခေါ်ရမလား"

မူလက အေးဆေးတည်ငြိမ်နေသော မိုင်ရွန် ဂျင်းနင်း လန့်ဖျပ်သွားသည်။ သူသည် ယဲ့ဖန်ဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိ၏။

ယဲ့ဖန်ကို မြင်လိုက်ရသောအခါ... ယဲ့ဖန် ဘာမှ ဆက်မပြောနိုင်မီမှာပင်၊ သူ့မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး...

မသိစိတ်၏ စေခိုင်းမှုအရ ထွက်ပြေးရန် ပြင်လိုက်လေတော့သည်...။

အခန်း (၁၈၁၈) - ခင်ဗျား ကျုပ်ကို သိတယ် မဟုတ်လား

~ထင်ထားသည့်အတိုင်းပင်... မိုင်ရွန် ဂျင်းနင်း (ခေါ်) 'တိုင်-ရန့်' သည် သာမန်လူ မဟုတ်။ သူသည်လည်း မျိုးဗီဇ ပြုပြင်ထားသော လူသား တစ်ဦး ဖြစ်ပြီး၊ စွမ်းအား အတော်အတန် မြင့်မားသူ ဖြစ်၏။ သူ့ခွန်အားသည် 'အတွင်းအား' အဆင့်ရှိ ကိုယ်ခံပညာရှင် တစ်ယောက်နှင့် နီးစပ်နေ၏။

သူ အစွမ်းကုန် ထွက်ပြေးလိုက်သောအခါ၊ မြေကြီးပင် အနည်းငယ် တုန်ခါသွားသယောင် ထင်ရ၏။

"ဘုန်း..."

လေခွင်းသံနှင့်အတူ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။

သူ တစ်ချက် ခုန်လိုက်ရုံဖြင့် (၅) မီတာ၊ (၆) မီတာလောက် အဝေးသို့ ရောက်ရှိသွားသည်။

သာမန်လူ တစ်ယောက်သာ သူ့ကို လာဖမ်းမည် ဆိုပါက၊ အဖမ်းမခံရသည့်အပြင် အသတ်ပါ ခံလိုက်ရနိုင်၏။

သို့သော်လည်း၊ .. ကံဆိုးစွာဖြင့် သူ တွေ့လိုက်ရသည်က ယဲ့ဖန် ဖြစ်နေ၏။

မိုင်ရွန် ဂျင်းနင်း အစွမ်းကုန် ထွက်ပြေးနေသည်ကို မြင်သောအခါ၊ ယဲ့ဖန်သည်လည်း ညှာတာမနေတော့။ သူသည် မြေကြီးကို ဆောင့်ကန်ပြီး ခုန်တက်လိုက်၏။ လမ်းကြားကျဉ်းလေး၏ ဘေးနံရံများကို ခြေကန်ခုန်ပျံကျော်လွှားရင်း အတားအဆီးများကို ဖြတ်ကျော်ကာ မိုင်ရွန် ဂျင်းနင်း အနားသို့ လျှပ်စီးလက်သလို ရောက်ရှိသွားတော့၏။

ထွက်ပြေးနေသော မိုင်ရွန် ဂျင်းနင်း ပို၍ ထိတ်လန့်သွားသည်။ သူသည် လက်မောင်းအင်္ကျီစကို ယဲ့ဖန်ဘက်သို့ လှန်လိုက်၏။

"ရွှီ..."

တိုးညင်းသော လေတိုးသံနှင့်အတူ...

မြှားတိုလေး တစ်စင်းသည် ယဲ့ဖန်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာတော့၏။

"ကလေးကစားစရာတွေ…”

ယဲ့ဖန် အလွယ်တကူပင် ရှောင်တိမ်းလိုက်၏။

ထို့နောက်... နံရံတစ်ခုကို ကန်ကျောက်လိုက်ပြီး၊ အမြောက်ဆံ တစ်ခုကဲ့သို့ မိုင်ရွန် ဂျင်းနင်း ဆီသို့ တိုးဝင် ပစ်သွင်းလိုက်တော့၏။

မိုင်ရွန် ဂျင်းနင်းလည်း ရှောင်တိမ်း၍ မရတော့မှန်း သိလိုက်၏။

ကျားရိုင်းတစ်ကောင်လို ခုန်အုပ်လာသော ယဲ့ဖန်ကို ရင်ဆိုင်ရန်အတွက်၊ သူသည် သံမဏိ ကြိုးကြီးများကဲ့သို့ သန်မာသော လက်မောင်းနှစ်ဖက်ကို ယှက်ကာ ကာကွယ်လိုက်၏။

တချိန်တည်းမှာပင် ဒူးတစ်ဖက်ကို မြှောက်တင်လိုက်ပြီး၊ ယဲ့ဖန်၏ ရင်ဘတ်ကို တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော်... သူ ဒူးမမြှောက်နိုင်ခင်မှာပင်...

"ဂျွတ်..."

အရိုးကျိုးသံနှင့်အတူ... မိုင်ရွန် ဂျင်းနင်း၏ နှုတ်ဖျားမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာတော့၏။

ကျောက်တောင်ကိုပင် ခွဲနိုင်သည်ဟု ဆိုသော မျိုးဗီဇ ပြုပြင်ထားသည့် သူ့လက် နှစ်ဖက်သည်... ယဲ့ဖန်၏ လက်သီးချက်အောက်တွင် ကျိုးပဲ့ ကြေမွသွားခဲ့၏။

အရိုးများ ကျိုးသွားရုံသာမက၊ ကျိုးပဲ့သွားသော အရိုးစများက အသားကို ဖောက်ထွက်ပြီး သူ့ရင်ဘတ်ထဲသို့ပါ စိုက်ဝင်သွားကြသည်။

"အ..."

မိုင်ရွန် ဂျင်းနင်း၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားပြီး၊ လမ်းကြား အဆုံးရှိ နံရံနှင့် ဝင်ဆောင့်မိမှသာ ရပ်တန့်သွားတော့၏။

ဒါတောင်မှ ယဲ့ဖန်က လွှတ်ပေးမည့်ပုံ မပေါ်။

ယဲ့ဖန်သည် ချက်ချင်းပင် ရှေ့သို့ တိုးဝင်လိုက်ပြီး၊ မိုင်ရွန် ဂျင်းနင်း၏ ခြေထောက် တစ်ဖက်ကို ထပ်မံ ချိုးပစ်လိုက်၏။

ထို့နောက် သူ့ညာဘက် လက်မောင်းအင်္ကျီစထဲမှ လျှို့ဝှက်လက်နက်များနှင့် ကိုယ်ပေါ်ရှိ အခြား လက်နက်များကို ဖြုတ်သိမ်းလိုက်ပြီးမှ ရပ်တန့်လိုက်၏။

"ကဲ... စကားပြောကြမလား"

"ပြော... ပြောကြတာပေါ့"

မိုင်ရွန် ဂျင်းနင်း (ခေါ်) 'တိုင်-ရန့်' မှာ ယဲ့ဖန်၏ ရက်စက် ကြမ်းကြုတ်မှုကို မျက်မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်တကြား ဖြစ်နေ၏။ သူသည် နံရံကိုမှီပြီး ခန္ဓာကိုယ်ကို မနည်း ထိန်းထားရ၏။ ရေထဲက ဆယ်ထားသလို တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အသက်ကို ပြင်းပြင်းရှူနေရ၏။

"ခုနက ကျုပ်ကို မြင်တာနဲ့ ထွက်ပြေးတယ် ဆိုတော့... ခင်ဗျား ကျုပ်ကို သိတယ်ပေါ့"

ယဲ့ဖန်က လိုရင်းကို ဒဲ့မေးလိုက်၏။

မိုင်ရွန် ဂျင်းနင်း ခဏမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းဖြည်းညှင်းစွာ ညိတ်လိုက်၏။

"သိပါတယ်..."

"ယဲ့ဖန်... နဂါးနိုင်ငံက ရှေးဟောင်းပစ္စည်း ကုန်သည်... နေမဝင်အင်ပါယာရဲ့ နှစ်ပတ်လည် ပရဟိတ လေလံပွဲကို လာတက်ရောက်တဲ့ သူ..."

"ဒါပဲလား..."

ယဲ့ဖန် သူ့ကို စိုက်ကြည့်လိုက်၏။

မိုင်ရွန် ဂျင်းနင်း ဘာမှ ဆက်မပြောဘဲ နှုတ်ဆိတ်နေလိုက်၏။

ယဲ့ဖန် သဘောပေါက်လိုက်၏။

"ခင်ဗျားက လုပ်ကြံသတ်ဖြတ်သူ လောကရဲ့ ဒဏ္ဍာရီ တစ်ပါးပဲ... သာမန် စစ်ဆေးမေးမြန်းတဲ့ နည်းလမ်းတွေ၊ သေမိန့်ပေးပြီး ခြိမ်းခြောက်တာတွေက ခင်ဗျားအတွက် အထူးအဆန်း မဟုတ်လောက်ဘူး"

"ဒါပေမဲ့... ကျုပ် အကြံပေးချင်တာကတော့၊ ရိုးရိုးသားသား ဖြေတာ ပိုကောင်းလိမ့်မယ်"

"မဟုတ်ရင်... နောက်မှ နောင်တရနေလည်း အလကား ဖြစ်သွားလိမ့်မယ်"

မိုင်ရွန် ဂျင်းနင်း ယုံပုံ မရ။ သူ ဘာမှ ပြန်မပြောသော်လည်း၊ မျက်လုံးထဲတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။

*(မင်းလိုကောင်က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ...)*

ယဲ့ဖန် ဘာမှ ဆက်ရှင်းပြမနေတော့။ သူသည် မိုင်ရွန် ဂျင်းနင်း၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာ အချို့ကို လက်ချောင်းဖြင့် အသာအယာ တို့ထိလိုက်၏။

မိုင်ရွန် ဂျင်းနင်း၏ ကျိုးနေသော လက်မောင်းနှင့် ရင်ဘတ်မှ သွေးထွက်နေမှုများ ချက်ချင်း ရပ်တန့်သွားသည်။

သို့သော်...

ထိုအချိန်မှာပင် မိုင်ရွန် ဂျင်းနင်းသည် သူ၏ နာကျင်မှု အာရုံခံစားနိုင်စွမ်း အဆတစ်ရာ၊ တစ်ထောင်မက တိုးမြင့်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

မူလက ထုံကျင်နေသော လက်မောင်းကျိုးသည့် ဒဏ်ရာ၊ ရင်ဘတ်ထဲ အရိုးစိုက်ဝင်နေသည့် ဒဏ်ရာနှင့် ခြေထောက်ကျိုးသည့် ဒဏ်ရာများ၏ နာကျင်မှုကို... အခုမှ အသေးစိတ် ပြတ်ပြတ်သားသား ခံစားလိုက်ရတော့၏။

နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာရုံသာမက၊ စိတ်အာရုံထဲတွင် သူ့အရိုးတွေ ဘယ်လို ကျိုးသွားသလဲ၊ အသားတွေ ဘယ်လို စုတ်ပြတ်သွားသလဲ၊ အရိုးစတွေ ရင်ဘတ်ထဲ ဘယ်လို စိုက်ဝင်နေသလဲ ဆိုတာကိုပါ ပုံရိပ်ထင်ထင် မြင်ယောင်လာရတော့၏။

တခဏချင်း အတွင်းမှာပင်... သူ့ဦးရေပြားများ ထုံကျင်လာပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ခါလာသည်။ တချိန်တည်းမှာပင် ပျို့အန်ချင်စိတ်များ တလှိမ့်လှိမ့် တက်လာသည်။

သာမန် ပျို့အန်ခြင်းမျိုး မဟုတ်...။ အစာအိမ် အတွင်းသားများ လှုပ်ရှားနေမှုကိုပါ အဆတစ်ရာမက ပိုမို ခံစားနေရခြင်း ဖြစ်၏။

သူ့အစာအိမ် ဘယ်လို ဖြစ်ပျက်နေလဲ ဆိုတာကိုပါ ဝါးတားတား မြင်ယောင်လာရ၏။

"အွတ်..."

သူ အန်ချလိုက်သည့် အချိန်မှာပင်... သူ့၏ စိတ်ဓာတ် ခံစစ်စည်း လုံးဝ ပြိုကျပျက်စီးသွားတော့၏။

"ကျုပ်... ကျုပ် ပြောပါ့မယ်"

"ပူးပေါင်းပါ့မယ်ဗျာ…”

အခန်း (၁၈၁၉) - ခင်ဗျား ကျုပ်ကို နောက်နေတာလား

~ယဲ့ဖန်သည် မိုင်ရွန် ဂျင်းနင်း၏ အန်ဖတ်နံ့များ ရလာသဖြင့် နှာခေါင်းရှုံ့လိုက်ပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်၏။

"ကာနာရီဝေါ့ဖ်က ရွှေဗုဒ္ဓရုပ်ပွားတော် ကိစ္စကို စီစဉ်ခဲ့တာ ခင်ဗျား မဟုတ်လား"

မိုင်ရွန် ဂျင်းနင်းသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မခံမရပ်နိုင်အောင် ညှဉ်းပန်းနှိပ်စက် ခံနေရသဖြင့် ယဲ့ဖန်ကို မနည်း အားယူကြည့်လိုက်၏။

"ခင်ဗျား မေးတာကို မဖြေခင်... ကျုပ် ခံစားနေရတာကို အရင် ဖယ်ရှားပေးလို့ မရဘူးလား"

"ဒီပုံစံအတိုင်း ဆိုရင်... ကျုပ် စကားတစ်ခွန်းနှစ်ခွန်း ပြောပြီးတာနဲ့ ထပ်အန်မိတော့မယ်"

"ဒီခံစားချက်က အရမ်း ဆိုးရွားလွန်းတယ်ဗျာ... ပြီးတော့ ကျုပ်ရဲ့ တွေးခေါ်နိုင်စွမ်းကိုပါ ထိခိုက်လာလိမ့်မယ်"

ယဲ့ဖန် ပခုံးတွန့်လိုက်၏။

"ဒီ အာနိသင်က အနည်းဆုံး (၅) မိနစ်ကနေ (၁၀) မိနစ်လောက် ကြာမှ ပျောက်မှာ"

"ဒါကြောင့် ကျုပ် ခုနက ပြောခဲ့တယ်လေ... ခင်ဗျား မပူးပေါင်းရင် နောက်မှ နောင်တရနေလည်း အလကားပဲလို့"

"ဘာ..."

မိုင်ရွန် ဂျင်းနင်း မယုံနိုင်အောင် ဖြစ်သွားသည်။ သူသည် ယဲ့ဖန်ကို "ခင်ဗျား ကျုပ်ကို နောက်နေတာလား" ဟူသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဒီလောက် ခံစားနေရတာတောင်မှ ပူးပေါင်းခိုင်းနေသေးတာလား။

ယဲ့ဖန်က သူ့အတွေးကို ရိပ်မိပုံရ၏။ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒါပေမဲ့ ခင်ဗျား ရွေးချယ်မှု မှန်ကန်ခဲ့တယ် ဆိုတာကိုတော့ ဝမ်းသာသင့်တယ်"

"မဟုတ်ရင်... နောက်ထပ် (၅) မိနစ်၊ (၁၀) မိနစ်လောက် မဟုတ်ဘဲ၊ နောက်ထပ် ရက်ပေါင်းများစွာ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ခံစားရမှာ"

"တကယ်တော့ ကျုပ်က ခင်ဗျားအတွက် 'အထူးသီးသန့် မီနူး' တောင် ပြင်ဆင်ထားပြီးသား"

"ဥပမာဗျာ... ခင်ဗျားရဲ့ နာကျင်မှုနဲ့ အာရုံကြော ခံစားနိုင်စွမ်းက အဆတစ်ရာလောက် တိုးနေတဲ့အချိန်မှာ၊ ခင်ဗျား ပါးစပ်ထဲကို ပိုးဟပ်အရှင်တွေ လောင်းထည့်လိုက်ရင် ဘယ်လိုနေမလဲ..."

"အ..."

မိုင်ရွန် ဂျင်းနင်း တကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာပြီး၊ ပျို့အန်ချင်စိတ်များ တလှိမ့်လှိမ့် တက်လာပြန်၏။

"တော်... တော်ပါတော့ဗျာ။ ကျုပ် အောင့်အီးပြီး ဖြေပါ့မယ်"

ယဲ့ဖန်က ကျေနပ်သလို ခေါင်းညိတ်ပြလိုက်၏။

"အဲ့ဒီညက ကာနာရီဝေါ့ဖ် အဖြစ်အပျက်နဲ့ တွန်းဟောင် ရွှေဗုဒ္ဓရုပ်ပွားတော် ကိစ္စက ကျုပ်လက်ချက်ပါပဲ"

မိုင်ရွန် ဂျင်းနင်းသည် အန်ချင်စိတ်ကို မနည်း ထိန်းချုပ်ရင်း ဖြေလိုက်၏။

"မူလ အစီအစဉ်က... ဖော့ခ်စီးတီးကို ရောက်လာကြတဲ့ ရွှေရှာသူအဖွဲ့တွေထဲက ထက်ဝက်လောက်ကို အဲ့ဒီ ရွှေဗုဒ္ဓရုပ်ပွားတော်နဲ့ ရှင်းထုတ်ပစ်ဖို့ပါ"

"ပြီးတော့... ရွှေဗုဒ္ဓရုပ်ပွားတော်ထဲမှာ ထည့်ထားတဲ့ 'အီရစ်ဒီယမ်-၁၉၂' (Iridium-192) ကို သုံးပြီး၊ အဲ့ဒီညက အကြီးမားဆုံး အောင်နိုင်သူ... တစ်နည်းအားဖြင့် အစွမ်းအထက်ဆုံး ရွှေရှာသူ အဖွဲ့ကိုပါ တစ်ပါတည်း ရှင်းပစ်ဖို့ ရည်ရွယ်ထားတာ"

"ဒါပေမဲ့ ခင်ဗျားနဲ့ ခင်ဗျားလူတွေက ရိပ်မိသွားပြီး အစီအစဉ်ကို ဖျက်ဆီးလိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ယဲ့ဖန် ခေါင်းအနည်းငယ် ညိတ်လိုက်၏။

"ခင်ဗျား မူလက ထင်ထားတာ... အဲ့ဒီညရဲ့ အကြီးမားဆုံး အောင်နိုင်သူက ကျုပ် ဖြစ်လိမ့်မယ် လို့ တွက်ထားတာ မဟုတ်လား"

"ပြီးတော့... The Watch သင်္ဘောပေါ်ကနေ ထွက်ပြေးလာတဲ့ သူဌေးဆန့်ကျင်ရေး အဖွဲ့ဝင်က ကျုပ်ဆီကို ရွှေဗုဒ္ဓရုပ်ပွားတော် လာပို့အောင် တမင် စီစဉ်ခဲ့တာလား"

ဒီတစ်ခါတော့ မိုင်ရွန် ဂျင်းနင်း ခဏ တွန့်ဆုတ်သွားပြီးမှ ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်..."

"ကျုပ် အီရစ်ဒီယမ်-၁၉၂ နဲ့ သတ်ချင်ခဲ့တဲ့ လူက... ခင်ဗျားပါပဲ"

"ဘာလို့လဲ..."

ယဲ့ဖန် မျက်လုံးကို မှေးစင်းလိုက်၏။

သူ 'တိုင်-ရန့်' ကို ဘယ်တုန်းကမှ ရန်စဖူးခြင်း မရှိကြောင်း သေချာ၏။ သူတို့နှစ်ယောက် တစ်ခါမှပင် မဆုံဖူးခဲ့။ 'တိုင်-ရန့်' ဆိုသော နာမည်ကိုတောင် မကြာသေးခင်ကမှ ကြားဖူးတာ ဖြစ်၏။

ယုတ္တိနည်းကျကျ တွေးကြည့်လျှင်... နေမဝင်အင်ပါယာ လုပ်ကြံသတ်ဖြတ်သူလောကကို နောက်ကွယ်ကနေ ချယ်လှယ်နေတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်က၊ ဘာအကြောင်းမှ မရှိဘဲ သူ့ကို ပစ်မှတ်ထားစရာ အကြောင်းမရှိ။

"ဘာလို့လဲဆိုတော့..."

မိုင်ရွန် ဂျင်းနင်း အနည်းငယ် တွန့်ဆုတ်နေပြီးမှ ခက်ခဲစွာ ပြောလိုက်၏။

"ကျုပ် နောက်ကွယ်က ငွေရှင်ကြေးရှင်က ခင်ဗျားကို သေစေချင်နေလို့ပဲ"

"သူက နေမဝင်အင်ပါယာထဲက ရွှေရှာသူတွေကိုလည်း ရှင်းထုတ်ပစ်ချင်နေတယ်"

"ဒါကြောင့် သူက ကျုပ်ကို ဒီထောင်ချောက် ဆင်ခိုင်းခဲ့တာ... ခင်ဗျားရော၊ ရွှေရှာသူ အများစုကိုရော တစ်ချက်တည်း ရှင်းပစ်လို့ ရအောင်ပေါ့"

"ခင်ဗျားရဲ့ ငွေရှင် ဟုတ်လား..."

ယဲ့ဖန်၏ မျက်လုံးများ ပိုမို ကျဉ်းမြောင်းသွားသည်။

"ဘယ်သူလဲ..."

"နေမဝင်အင်ပါယာ လုပ်ကြံသတ်ဖြတ်သူ လောကရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ သတ်မှတ်ခံထားရတဲ့ ခင်ဗျားလို လူတစ်ယောက်ကိုတောင် ကြိုးဆွဲ ခိုင်းစေနိုင်တဲ့သူက ဘယ်သူ ဖြစ်မလဲ"

ဒီတစ်ခါတော့ မိုင်ရွန် ဂျင်းနင်း ချက်ချင်း မဖြေ။ သူသည် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်၏။

ပုံမှန်မဟုတ်တာ ဘာမှ မရှိဘူးဆိုတာ သေချာမှ တံတွေးတစ်ချက် မျိုချလိုက်၏။

"ကျုပ် ဖြေလိုက်ရင်... တခြားဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးနိုင်မလား"

ယဲ့ဖန် ဘာမှ ပြန်မပြော။ သူ့ကို အေးစက်စွာသာ ကြည့်နေလိုက်၏။

မိုင်ရွန် ဂျင်းနင်းလည်း သူ့မှာ ယဲ့ဖန်နှင့် အပေးအယူ လုပ်ပိုင်ခွင့် မရှိမှန်း သိလိုက်၏။ သူ ထပ်မံ တံတွေးမျိုချလိုက်ပြီး ဆက်ပြောလိုက်၏။

"အထင်မလွဲပါနဲ့ဗျာ..."

"ကျုပ်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြောတာပါ"

"ဒီကိစ္စကို ခင်ဗျားကို ပြောပြလိုက်လို့ ပြဿနာ မရှိပါဘူး။ ခင်ဗျားသိ၊ ကျုပ်သိ ဆိုရင်... နောက်ဆုံး ကျုပ်ကို ခင်ဗျား သတ်ပစ်လိုက်ရင်တောင် ကျုပ်အစ်မ ပါဝင်ပတ်သက်မှု ရှိလာမှာ မဟုတ်ဘူး"

"ဒါပေမဲ့... ကျုပ် သူ့လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်တယ်ဆိုတာ ကျုပ်ရဲ့ ငွေရှင်သာ သိသွားရင်..."

"ကျုပ် သေရမှာတင် မကဘူး... ကျုပ်အစ်မပါ လူမဆန်စွာ နှိပ်စက်ခံရပြီးမှ အသတ်ခံရလိမ့်မယ်…”

All Chapters