← Chapters

အခန်း (၁၈၂၀-၁၈၂၂)

Vol. 97 Ch. 1820-1822

အခန်း (၁၈၂၀-၁၈၂၂)

Vol. 97 Ch. 1820-1822

အခန်း (၁၈၂၀) - 'တိုင်-ရန့်' ရဲ့ နောက်ခံ ငွေရှင်

~"ကျုပ် လက်ရှိ ငွေရှင်နဲ့ တွဲလုပ်ဖို့ ရွေးချယ်ကတည်းက... တစ်နေ့ကျရင် အသတ်ခံရနိုင်တယ် ဆိုတာ သိထားပြီးသားပါ"

မိုင်ရွန် ဂျင်းနင်း၏ မျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးသော အရိပ်အယောင်များ ပေါ်လာသည်။

"အသတ်မခံရရင်တောင်... သူ့လျှို့ဝှက်ချက်တွေ အများကြီး သိထားတဲ့အတွက် တစ်နေ့ကျရင် ရှင်းထုတ်ခံရမှာ သေချာတယ်"

"ဒါပေမဲ့... ကျုပ်အစ်မက အပြစ်မရှိပါဘူးဗျာ"

"သူက ကျုပ်ရဲ့ အထောက်အထားမှန်ကို လုံးဝ မသိသလို... ကျုပ် ဘာတွေ လုပ်ခဲ့တယ် ဆိုတာလည်း မသိပါဘူး"

"သူ့ကို ကျုပ် မထိခိုက်စေချင်ဘူး"

"ခင်ဗျားမှာလည်း ရင်းနှီးတဲ့သူတွေ ရှိတယ် မဟုတ်လား... ငယ်ငယ်လေးကတည်းက အစ်မဖြစ်သူရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မောင်တစ်ယောက်ရဲ့ ခံစားချက်ကို ခင်ဗျား နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်"

"ကျုပ် ဒီအရွယ်အထိ ကြီးပြင်းလာနိုင်တာ... အားလုံး သူ့ကျေးဇူးတွေချည်းပါပဲ"

ယဲ့ဖန်သည် သူ့လေသံထဲမှ စိုးရိမ်ပူပန်မှုနှင့် ရိုးသားမှုတို့ကို ခံစားမိလိုက်၏။

မိုင်ရွန် ဂျင်းနင်းသည် သူ့အစ်မအကြောင်း ပြောရင်းနှင့် ယဲ့ဖန်ရှေ့တွင် ဒူးထောက်လုမတတ် ဖြစ်နေသည်ကို မြင်သောအခါ၊ ယဲ့ဖန် ချက်ချင်း ပြောလိုက်၏။

"ဒီကိစ္စကို တတိယလူ တစ်ယောက်မှ မသိစေရဘူးလို့ ကျုပ် အာမခံတယ်"

"ကျေးဇူးပါဗျာ..."

ထိုအခါမှ မိုင်ရွန် ဂျင်းနင်း သက်ပြင်းချနိုင်တော့၏။

"ကျုပ် ခင်ဗျားကို မထိန်းချုပ်နိုင်ဘူး ဆိုတာ သိပါတယ်"

"ဒါပေမဲ့ ကျုပ် လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်... အဲ့ဒါကတော့ ခင်ဗျားကို စကားတစ်ခွန်း မှာထားခဲ့ဖို့ပဲ"

"တကယ်လို့ ဒီနေ့ ခင်ဗျားပေးတဲ့ ကတိကို ဖျက်ခဲ့ရင်... ကျုပ် သေပြီး ငရဲရောက်သွားရင်တောင်၊ ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး"

ယဲ့ဖန် သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်။

"ကဲ... မေးခွန်းကို ဖြေတော့"

"ဘယ်သူက ကျုပ်ကို သတ်ချင်တာလဲ"

"ဒီဗွန်ရှိုင်းယား ဟွတ်ခ်..."

ဒီတစ်ခါတော့ မိုင်ရွန် ဂျင်းနင်း အချိန်ဆွဲမနေတော့။ နာမည် တစ်ခုကို ပြတ်ပြတ်သားသား ထုတ်ပြောလိုက်၏။

"ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုရဲ့ ပါရမီရှင် သခင်လေး..."

"ခင်ဗျားကို သေစေချင်နေတာ သူပဲ"

"သူ ဟုတ်လား..."

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

"သူက... ဘယ်လိုလုပ် မင်းရဲ့ ငွေရှင် ဖြစ်နေရတာလဲ"

"ဇာတ်လမ်းက ရှည်တယ်ဗျ..."

မိုင်ရွန် ဂျင်းနင်း၏ မျက်လုံးများထဲတွင် အတိတ်ကို ပြန်လည် တမ်းတသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

...

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်...

ဖော့ခ်စီးတီးရှိ ရဲစခန်းတစ်ခု၏ ဝင်ပေါက်တွင်...

ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ဒဏ်ရာများနှင့် ဖြစ်နေဆဲ။ သူသည် သာမန်လူတစ်ယောက်၏ မျက်နှာဖုံးကို တပ်ဆင်ထားဆဲ ဖြစ်သော်လည်း၊ မျက်လုံးများထဲတွင်မူ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။

"တောက်..."

"ယဲ့ဖန် ဆိုတဲ့ကောင့် လက်ထဲမှာ ငါ ထပ်ရှုံးပြန်ပြီ"

"ပြီးတော့ ဒီတစ်ခါ... ဒီဗွန်ရှိုင်းယား မိသားစုရဲ့ အာဏာကိုသာ မသုံးခဲ့ရင်၊ ငါ အချုပ်ခန်းထဲ ရောက်သွားလောက်ပြီ"

"ဒီကိစ္စကို ငါ အပြတ်အသတ် လက်စားချေမှ ရမယ်"

သူ့ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာ အမျိုးသား၊ အမျိုးသမီးများသည် သူ့ဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါနှင့် မျက်နှာထားကို သတိထားမိကြသဖြင့်၊ မသိစိတ်ဖြင့် ဝေးဝေး ရှောင်သွားကြသည်။

တချို့ဆိုလျှင် သူ့ကို ရာဇဝတ်ကောင် တစ်ယောက်ဟု ထင်မှတ်ပြီး လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။

"တောက်... ကြည့်စမ်း၊ ငါ့ကိုများ"

ဟွတ်ခ် ဒေါသတကြီး ကျိန်ဆဲလိုက်မိ၏။

ဒီတစ်ခါ သူ၏ "ဘဝဇာတ်ညွှန်း စီမံကိန်း" ကတော့ လုံးဝ ကျရှုံးသွားခဲ့ပြီဟု ဆိုရမည်။

လူရှင်းသော နေရာတစ်ခုသို့ ရောက်သောအခါ၊ သူ့မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဖုန်းကို ထုတ်လိုက်ပြီး "ဒါရိုက်တာ လေးဖို့ဒ်" (Director Layford) ဆိုသော နာမည်ကို ရှာပြီး ခေါ်ဆိုလိုက်၏။

"ဒါရိုက်တာ လေးဖို့ဒ်...ကျုပ်ခွန်အားကို မြှင့်တင်ချင်တယ်"

"ခင်ဗျားတို့ရဲ့ 'သက်ရှိသိပ္ပံ သုတေသန အင်စတီကျု' မှာ ရှိသမျှ မျိုးဗီဇ ပြုပြင်ခြင်း အဆင့် အမြင့်ဆုံးအထိ ကျုပ် မြှင့်တင်ချင်တယ်"

ဖုန်းတစ်ဖက်မှ လူက သူ့အထောက်အထားကို သိနေပုံရ၏။ သိပ်ပြီး စိတ်ဝင်စားပုံ မပြဘဲ အေးဆေးစွာပင် ပြန်ပြောလိုက်၏။

"နောက်ဆုံးပေါ် မျိုးဗီဇ ပြုပြင်တဲ့ နည်းပညာက သိပ်ပြီး မရင့်ကျက်သေးဘူးနော်"

"တကယ်လို့ မင်းက ပြုပြင်ပြီး အဆင့်မြှင့်တင်ချင်တယ် ဆိုရင်တော့... ပြုပြင်တဲ့ လုပ်ငန်းစဉ် ဘေးကင်းဖို့နဲ့ အောင်မြင်မှု ရာခိုင်နှုန်း များဖို့အတွက် 'မှော်ဆေးပင်' တချို့ လိုအပ်လိမ့်မယ်"

"ဒါ့အပြင်... ငါတို့ သုတေသန အင်စတီကျု အတွင်းရော အပြင်မှာပါ ရှိတဲ့ အတော်ဆုံး သုတေသီတွေကို ကြိုတင် စုစည်းထားရမယ်။ သူတို့ လက်ရှိ လုပ်နေတဲ့ တာဝန်တချို့ကို ခဏ ရပ်ဆိုင်းပြီး မင်းကို စောင့်ရှောက်ဖို့ တာဝန်ပေးရလိမ့်မယ်"

ဟွတ်ခ်သည် ဒါရိုက်တာနှင့် အလုပ်လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်။ မှော်ဆေးပင် လိုတယ်လို့ ကြားလိုက်တာနဲ့ ဘာသဘောလဲ ဆိုတာ ချက်ချင်း နားလည်လိုက်၏။

"ဒါရိုက်တာ လေးဖို့ဒ်...ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲဟာ။ လိုရင်းတိုရှင်းပဲ ပြောပါ... ကျုပ်ဘက်က ဘယ်လောက် စပွန်ဆာပေးရမလဲ"

ဒါရိုက်တာ လေးဖို့ဒ် ပြုံးလိုက်၏။

"ဒါက စီမံကိန်းကြီး တစ်ခုလေ... ပြင်ဆင်ဖို့နဲ့ ပြုပြင်ဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်။ အရင်းအမြစ်တွေလည်း အများကြီး လိုအပ်တယ်"

“ငါ့ရဲ့ ခန့်မှန်းခြေ အရဆိုရင်တော့... အနည်းဆုံး ဒေါ်လာ (၁၀) ဘီလီယံ လောက်တော့ လိုမယ်”

"(၁၀) ဘီလီယံ က ကိစ္စမရှိဘူး..."

ဟွတ်ခ်၏ မျက်လုံးများ အရောင်လက်သွားသည်။

"ဒါပေမဲ့... ဘာအကျိုးထူးမလဲ ဆိုတာ သိချင်တယ်"

"ပြုပြင်မှုသာ အောင်မြင်သွားရင်... မင်းရဲ့ ခွန်အားက နေမဝင်အင်ပါယာ တစ်ခုလုံးမှာ ရှိတဲ့ တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းရည်ရဲ့ မျက်နှာကြက် အထိ ရောက်သွားလိမ့်မယ်"

ဖုန်းတစ်ဖက်မှ ဒါရိုက်တာ လေးဖို့ဒ် ထပ်မံ ပြုံးလိုက်၏။

"ပိုပြီး မြင်သာအောင် ပြောရရင်တော့... 'နာရေး အဖွဲ့အစည်း’ ရဲ့ ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုတွေ အားလုံးကို မင်းတစ်ယောက်တည်းနဲ့ ရှင်းပစ်နိုင်မယ့် အဆင့်မျိုးပေါ့"

"သူတို့ ရှားရှားပါးပါး ထုတ်သုံးတတ်တဲ့ 'ခရစ္စတယ် တိုက်ခိုက်ရေးသမား' တွေ အပါအဝင်ပေါ့ကွာ…”

အခန်း (၁၈၂၁) - ဝမ်းမြောက်ဝမ်းသာ ဆုံးဖြတ်လိုက်ကြတာပေါ့

~"နေမဝင်အင်ပါယာရဲ့ တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းရည် မျက်နှာကြက် ဟုတ်လား... နားထောင်လို့ ကောင်းသားပဲ"

ဟွတ်ခ်၏ မျက်လုံးများ စိတ်ဝင်စားမှုကြောင့် အရောင်လက်လာ၏။

"ကောင်းပြီလေ... ဒါဆိုရင် ဝမ်းမြောက်ဝမ်းသာပဲ ဆုံးဖြတ်လိုက်ကြတာပေါ့"

"ပြင်ဆင်ထားလိုက်... ငါ အခုပဲ မင်းတို့ သုတေသန စခန်းကို လာခဲ့မယ်"

"ပြဿနာ မရှိပါဘူး..."

ဖုန်းတစ်ဖက်မှ ဒါရိုက်တာ လေးဖို့ဒ်ကလည်း အတွေ့အကြုံ ရင့်နေသူ ပီပီ၊ ချက်ချင်း ပြန်ပြောလိုက်သည်။

"ခန္ဓာကိုယ် ပြုပြင်တာနဲ့ ခွဲစိတ်ပြီးနောက် အသားကျအောင် စောင့်ရမယ့် အချိန်က (၇) ရက်ကနေ (၁၅) ရက်လောက် ကြာနိုင်တယ်"

"ပြီးတော့... ပြုပြင်ပြောင်းလဲနေတဲ့ အချိန်အတွင်းမှာ ထုံဆေးနဲ့ ထိန်းချုပ်လို့ မရနိုင်တဲ့ နာကျင်မှုတချို့ ရှိလာနိုင်တယ်နော်... စိတ်ကို ကြိုတင် ပြင်ဆင်ထားပါ"

"ကျုပ်ခွန်အား တိုးလာပြီး၊ ကျုပ်အရှက်တရားတွေကို ဆေးကြောနိုင်မယ် ဆိုရင်... နာကျင်မှုလောက်က အရေးမကြီးပါဘူးကွာ"

ဟွတ်ခ်၏ မျက်လုံးထဲတွင် ရက်စက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဖုန်းချပြီးနောက်... သူသည် လက်အောက်ငယ်သား မောင်းနှင်သော သံမဏိ သားရဲကောင်ကြီး (Steel Behemoth) ပေါ်သို့ တက်လိုက်ပြီး၊ လေးဖို့ဒ် သက်ရှိသိပ္ပံ သုတေသန အင်စတီကျု ဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။

...

အခြားတစ်ဖက်တွင်... မှောင်မိုက်နေသော လမ်းကြားလေး တစ်ခုထဲ၌...

ယဲ့ဖန်နှင့် မိုင်ရွန် ဂျင်းနင်းတို့ကတော့ ဟွတ်ခ် ရူးသွပ်နေပြီ ဆိုတာကို မသိကြသေး။

မိုင်ရွန် ဂျင်းနင်းသည် သူနှင့် ဟွတ်ခ်တို့၏ အတိတ်ဇာတ်ကြောင်းကို အလျင်အမြန် ပြောပြနေ၏။

"ကျုပ် အရင်က ပြောဖူးသလိုပါပဲ..."

"ကျုပ်က ငယ်ငယ်လေးကတည်းက မိဘမဲ့ တစ်ယောက်ပါ... အစ်မရဲ့ ကျေးဇူးကြောင့်သာ အသက်ရှင်ခွင့် ရခဲ့တာ"

"ဒါပေမဲ့ အစ်မကလည်း ကျုပ်ထက် သိပ်မကြီးဘူးလေ။ ကြုံရာကျပန်း အလုပ်တွေ လုပ်ပြီး ရတဲ့ငွေက သူ့ကိုယ်သူ ဝမ်းစာဖူလုံအောင် ရှာဖို့တောင် ခက်ခဲနေတာ... ကျုပ်ကိုပါ ရှာကျွေးဖို့ ဆိုတာ ပိုခက်ခဲတာပေါ့"

"ဒါကြောင့်... ဗိုက်ဝဖို့အတွက် ကျုပ် လမ်းသရဲတွေဆီကနေ 'အလုပ်' သင်ခဲ့ရတယ်"

"အစပိုင်းမှာတော့ စားသောက်ဆိုင်တွေကနေ ပေါင်မုန့်တွေ၊ အမဲသားတွေ ခိုးစားကြတာပေါ့။ နောက်ပိုင်း ကျွမ်းကျင်လာတော့ ကုန်တိုက်တွေထဲက အရုပ်တွေ၊ မုန့်တွေ၊ လိုချင်တာ မှန်သမျှ ခိုးကြတယ်"

"နောက်ဆုံးတော့... ကျုပ်တို့ ပိုရဲလာကြပြီး လမ်းသွားလမ်းလာတွေရဲ့ ပိုက်ဆံအိတ်တွေကိုပါ နှိုက်လာကြတယ်... အထူးသဖြင့် ချမ်းသာတဲ့ သားကောင်တွေကိုပဲ ရွေးပြီး ရှာကြတာပေါ့"

"..."

"အဲ့ဒီလို အဆင်ပြေနေတဲ့ အချိန်မှာပဲ... ကျုပ်တို့ ဒီဗွန်ရှိုင်းယား ဟွတ်ခ်နဲ့ သွားတိုးမိတာ"

"အဲ့ဒီတုန်းက သူ့ပုံစံက ကလေးလေးပါ... ကျုပ်တို့ထက်တောင် အသက်ငယ်ဦးမယ်"

"ဒါပေမဲ့ သူ့မှာက နောက်စေ့မှာ မျက်လုံးပါသလား အောက်မေ့ရတယ်... ကျုပ်အပေါင်းအပါတွေက သူ့ကို ဝိုင်းပြီး အာရုံလွှဲ၊ ကျုပ်က ပိုက်ဆံအိတ် နှိုက်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာတင် ချက်ချင်း အမိဖမ်းခံလိုက်ရရော"

"ကျုပ်တို့ ကြောင်သွားပြီး ထွက်ပြေးဖို့ ကြိုးစားပေမယ့်... သူက ကျားတစ်ကောင်လို ခုန်အုပ်လာပြီး ကျုပ်တို့ အားလုံးကို ဖမ်းချုပ်လိုက်တယ်"

"..."

"ပြီးတော့ရော..."

ယဲ့ဖန် နားထောင်နေရင်း ဝင်မေးလိုက်သည်။ မျက်နှာထားကတော့ ပြောင်းလဲခြင်း မရှိ။

မိုင်ရွန် ဂျင်းနင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာ၏။

"အဲ့ဒီနောက်ပိုင်းကတော့... ကျုပ်တို့ တစ်သက် မမေ့နိုင်တဲ့ ထိတ်လန့်စရာ ပုံပြင်တစ်ပုဒ် ဖြစ်သွားတာပေါ့"

"အဲ့ဒီတုန်းက ဟွတ်ခ်က အသက်နည်းနည်းပဲ ရှိသေးပေမယ့်... သူ့စိတ်ဓာတ်က စာတန်မာရ်နတ်လို ရက်စက်လွန်းတယ်"

"သူ ကျုပ်တို့ သူခိုးဂိုဏ်း တစ်ဖွဲ့လုံးကို ဖျက်ဆီးပစ်လိုက်တယ်"

"ပြီးတော့... ကျုပ်တို့ အားလုံးကို 'ဂီနီဝက်' (Guinea Pig) တွေလို သဘောထားပြီး၊ ဇီဝ သုတေသန အင်စတီကျု တစ်ခုဆီ ပို့ပြီး စမ်းသပ်ခိုင်းလိုက်တယ်"

[ ဂီနီဝက် ဆိုတာကတော့ဗျာ... ဓာတ်ခွဲခန်းထဲမှာ အသေသတ်ပြီး အစမ်းသပ်ခံရတဲ့ တိရစ္ဆာန်လေးတွေကို ပြောတာပါ။

ခေတ်သစ်သိပ္ပံပညာမှာဆိုရင် ဆေးအသစ်တွေ ဖော်စပ်တဲ့အခါ လူတွေဆီမှာ တိုက်ရိုက်မစမ်းသပ်ခင် အဲ့ဒီ တိရစ္ဆာန်လေးတွေပေါ်မှာ အရင်စမ်းကြတာလေ။ ဘာဘေးထွက်ဆိုးကျိုးရှိမလဲ၊ ဘယ်လောက်အထိ အသက်အန္တရာယ် ပေးနိုင်မလဲဆိုတာကို သိဖို့အတွက် သူတို့ကို မြေစာပင်လုပ်ပြီး စမ်းသပ်ကြတာပေါ့။

မိုင်ရွန်က သူတို့ကို 'ဂီနီဝက်' လို့ တင်စားလိုက်တာက... ဟွတ်ခ်ဆိုတဲ့ လူက သူတို့ကို လူလိုမမြင်တော့ဘဲ ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေးတွေလိုမျိုး၊ သေချင်သေ ရှင်ချင်ရှင်ဆိုတဲ့ စိတ်နဲ့ ရက်ရက်စက်စက် အစမ်းသပ်ခံခိုင်းခဲ့တယ်လို့ ဆိုလိုတာပါ။ ]

"..."

"အဲ့ဒီတုန်းက ကျုပ်တို့အဖွဲ့မှာ စုစုပေါင်း (၁၃) ယောက် ရှိတယ်"

"ပထမအကြိမ် စမ်းသပ်မှုမှာတင် (၈) ယောက်က နေရာမှာတင် သေသွားကြတယ်"

"အဲ့ဒီ (၈) ယောက် မသေခင် အော်ဟစ်အသနားခံသွားတဲ့ အသံတွေက အခုထိ ကျုပ် နားထဲက မထွက်ဘူး... မကောင်းဆိုးဝါးက အသက်လာတောင်းနေသလိုပဲ"

"ဒါပေမဲ့ ဟွတ်ခ်ကတော့... ပြဇာတ်တစ်ပုဒ် ကြည့်နေသလိုပဲ အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့တာ"

"..."

"အဲ့ဒီနောက်... ကျုပ်နဲ့ တခြား အပေါင်းအပါ (၄) ယောက် ကံကောင်းပြီး အသက်ရှင် ကျန်ရစ်ခဲ့တယ်... မျိုးဗီဇ ပြုပြင်ထားတဲ့ လူသားတွေ ဖြစ်လာကြတာပေါ့"

"ဒါပေမဲ့ ကျန်တဲ့ (၂) ယောက်က မျိုးဗီဇ ပြုပြင်ပြီးတာတောင် စွမ်းရည် သိပ်မထွက်လို့ ဆိုပြီး... ဟွတ်ခ်က နေရာမှာတင် သတ်ပစ်လိုက်ပြန်တယ်"

"(၁၃) ယောက်မှာ... နောက်ဆုံး ကျုပ်နဲ့ တခြား (၂) ယောက်ပဲ ကျန်တော့တယ်"

"..."

"အဲ့ဒီ အခြေအနေမှာ... အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ ကလေးသူငယ်လေးက ကျုပ်တို့ကို သေမိန့်တူတဲ့ မေးခွန်းတစ်ခု မေးလာတယ်"

"သူ့ရဲ့ 'ခွေး' ဖြစ်ချင်သလား တဲ့..."

"..."

"ကျုပ်ရဲ့ အပေါင်းအပါ (၂) ယောက်က သူ့ရဲ့ ရက်စက်မှုတွေကို မြင်ဖူးထားပြီးသားလေ... ပြီးတော့ သူငယ်ချင်း (၁၀) ယောက်လောက်ကို သူ သတ်ပစ်လိုက်တာလည်း မြင်ထားတော့ သူ့ကို အရိုးထဲထိ မုန်းနေကြတာ"

"သူ့မေးခွန်းကို ကြားတော့... သူတို့က ချက်ချင်း ငြင်းလိုက်ကြတယ်"

"နောက်ဆုံးတော့... သူတို့အားလုံးကို ဟွတ်ခ်က သုတေသန ပစ္စည်းတွေ အဖြစ် သတ်မှတ်ပြီး၊ အရှင်လတ်လတ် ခွဲစိတ် စမ်းသပ်ဖို့ ပို့လိုက်တော့တာပဲ"

"..."

"ခင်ဗျားကတော့ ကြောက်လို့... သူ့ရဲ့ လက်ပါးစေ လုပ်ဖို့ ရွေးချယ်လိုက်တယ် ပေါ့"

ယဲ့ဖန်က ဇာတ်လမ်းကို ဆက်ပေးလိုက်သည်။

မိုင်ရွန် ဂျင်းနင်း ခေါင်းညိတ်လိုက်သည်။

"ကျုပ် အသက်ရှင်ချင်တယ်လေ..."

ယဲ့ဖန် နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။ ဒါပေမဲ့ သူက ဒီအတွေ့အကြုံကို သိပ်စိတ်မဝင်စား။

"စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ... ဒါပေမဲ့ ကျုပ် ပိုစိတ်ဝင်စားတာက အဓိက အချက်ပဲ"

"ဘာဖြစ်လို့... ဒီဗွန်ရှိုင်းယား ဟွတ်ခ်က ခင်ဗျားကို သူ့လက်အောက် ငယ်သားအဖြစ် မွေးစားချင်ရတာလဲ”

အခန်း (၁၈၂၂) - တော်ဝင်မိသားစုအောက်က နံပါတ်တစ်

~"ဘာလို့လဲဆိုတော့... အဲ့ဒီလူက တကယ့်ကို ကြောက်စရာကောင်းတဲ့ ကောင်မို့လို့လေ"

မိုင်ရွန် ဂျင်းနင်း၏ မျက်လုံးထဲတွင် လေးစားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သူက ကောလာဟလတွေ ထွက်နေသလို ပါရမီရှင် တစ်ယောက် မဟုတ်ပါဘူး"

"ဒါပေမဲ့... တကယ်တမ်းကျတော့ သူက အရမ်းကို တွေးခေါ်မြော်မြင်တတ်တဲ့ လူတစ်ယောက်ပါ"

"သူက သာမန်လူတွေနဲ့ ဆက်ဆံတဲ့အခါ ဦးနှောက်သုံးဖို့တောင် မလိုဘူး၊ အလေးအနက်ထားဖို့ မလိုဘူးလို့ ယူဆထားတာ။ ဒါကြောင့် သူ့ကို ကောင်းကောင်း မသိတဲ့ လူတွေက... သူ့ကို မာနကြီးတယ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးတယ်၊ သူများတွေကို အထင်သေးတယ် ဆိုပြီး ကောက်ချက်ချကြတာပေါ့"

"သူ့မှာ ရှိတာဆိုလို့... အရပ်ရှည်တာ၊ ခန့်ညားတာ၊ ရုပ်ချောတာနဲ့ မိသားစု နောက်ခံကောင်းတာပဲ ရှိတယ်လို့ ထင်နေကြတာ"

ယဲ့ဖန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူလည်း ဒီအချက်ကို သဘောတူသည်။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်က တချို့ နေရာတွေမှာ ဆိုးချင်ဆိုးလိမ့်မည်...။ သူက အသုံးမကျသည့် လူတော့ လုံးဝ မဟုတ်။

မဟုတ်ရင် အန်းကျူ တေလာလို အမြော်အမြင် ကြီးမားသည့် ပုဂ္ဂိုလ်တွေက သူ့ကို အထူးတလည် ထည့်ပြောစရာ အကြောင်းမရှိ။

"ကျုပ် အရင်က ပြောခဲ့သလိုပဲ... ကျုပ် သူ့နဲ့ စတွေ့တုန်းက သူက ကလေးလေးပဲ ရှိသေးတာ"

မိုင်ရွန် ဂျင်းနင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ဒီတုန်းကတည်းက သူက တွက်ချက်မှုတွေ ပြည့်နှက်နေပြီ"

"အဲ့ဒီအချိန်ကတည်းက... သူက သူ့ရဲ့ ကိုယ်ပိုင် အင်အားစုကို တည်ဆောက်ဖို့ စိတ်ကူးနေခဲ့တာ"

"သူ ကောင်းကောင်း သိတယ်... အဲ့ဒီ အင်အားစုတွေက မီးခိုးရောင် နယ်မြေမှာ လှုပ်ရှားတာ အကောင်းဆုံးပဲ ဆိုတာကိုလေ။ အစွမ်းထက်ရမယ်၊ သစ္စာရှိရမယ်... ဒါမှ ဒီဗွန်ရှိုင်းယား မိသားစု ဖြေရှင်းလို့ မရတဲ့ ကိစ္စတွေကို သူတို့က ဖြေရှင်းပေးနိုင်မှာ"

"ဒါကြောင့် သူက ကျုပ်ကို ပြုပြင်ပြောင်းလဲပေးတယ်၊ လက်ခံပေးတယ်၊ ထောက်ပံ့ပေးတယ်။ တချိန်တည်းမှာပဲ... ကျုပ်ကို သစ္စာခံ.. ကတိသစ္စာတွေ တစ်ခုပြီးတစ်ခု ပေးခိုင်းပြီး၊ သူ့ကို ဘယ်တော့မှ သစ္စာမဖောက်နိုင်တဲ့ 'ခွေး' တစ်ကောင် ဖြစ်လာအောင် လုပ်ခဲ့တာ"

"သူ့ရဲ့ ထောက်ပံ့မှုနဲ့ အကွက်ချ စီစဉ်မှုတွေကြောင့်... ကျုပ်က နေမဝင်အင်ပါယာ လုပ်ကြံသတ်ဖြတ်သူ လောကရဲ့ 'တိုင် - ရန့်' ဖြစ်လာခဲ့တယ်။ လုပ်ကြံသတ်ဖြတ်သူ လောက တစ်ဝက်ကျော်က သူ့ထိန်းချုပ်မှုအောက် ရောက်သွားခဲ့တာပေါ့"

ယဲ့ဖန် ရင်ထဲမှာ အံ့သြသွားမိသည်။

‘အဲ့ဒီတုန်းက သူ ဘယ်လောက်တောင် ငယ်သေးလို့လဲ... ဒီလောက်ထိ ရှေ့ရေးကို မြင်ပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာ။

ဒီဗွန်ရှိုင်းယား ဟွတ်ခ်က တကယ်ကို ဘီလူးသဘက် တစ်ကောင်ပဲ။ ဒဏ္ဍာရီလာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။’

သို့သော်၊ မိုင်ရွန် ဂျင်းနင်း စကားမဆုံးသေး။

လုပ်ကြံသတ်ဖြတ်သူ လောကအကြောင်း ပြောပြီးနောက် သူ ထပ်ဖြည့်စွက်လိုက်သည်။

"ဒါတင် မကသေးဘူးဗျ..."

"လုပ်ကြံသတ်ဖြတ်သူ လောက အပြင်... နေမဝင်အင်ပါယာရဲ့ နောက်ထပ် အင်အားကြီး အဖွဲ့အစည်း တစ်ခုလည်း သူ့လက်ထဲ ရောက်လုနီးပါး ဖြစ်နေပြီ"

"ကျုပ် ထင်တာတော့... နေမဝင်အင်ပါယာရဲ့ တော်ဝင်မိသားစုနဲ့ တော်ဝင်အေးဂျင့်တွေတောင် ဒီကိစ္စကို သိကြဦးမယ် မထင်ဘူး"

ယဲ့ဖန် မျက်နှာထား တည်သွားသည်။

"ဘယ် အင်အားကြီး အဖွဲ့အစည်းလဲ..."

"ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ ဆိုရင်... နည်းနည်းလောက် စဉ်းစားကြည့်လိုက်တာနဲ့ သိနိုင်မှာပါ"

မိုင်ရွန် ဂျင်းနင်းက သတိပေးလိုက်သည်။

"ခင်ဗျား အရင်က ကာနာရီဝေါ့ဖ် အကြောင်း ပြောခဲ့တယ် မဟုတ်လား"

"ကာနာရီဝေါ့ဖ်မှာ... ကျုပ်တို့ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အလွန် အစွမ်းထက်တဲ့ အင်အားစု တစ်ခု ရှိတယ်လေ"

"နာရေး အဖွဲ့အစည်း…"

ယဲ့ဖန် အလွန်အမင်း အံ့သြသွားသည်။

ကာနာရီဝေါ့ဖ်၏ ညကမူ အတိုင်းအတာတစ်ခုအထိ ပြောရလျှင် နာရေးအဖွဲ့အစည်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်လေ၏။ ထိုတိုက်ခိုက်မှုများမှာ သူနှင့် ချန်းဖေးအယ်တို့ထံသို့ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ တိုက်ဆိုင်၍ဖြစ်စေ ဦးတည်နေခဲ့သည်မှာ အမှန်ပင်။

ထို့ကြောင့် 'တိုင်-ရန့်' နှင့် ပူးပေါင်းရန် အလားအလာအရှိဆုံးသူမှာ နာရေးအဖွဲ့အစည်းသာ ဖြစ်ရပေမည်။

"ဟုတ်ပါတယ်... နာရေး အဖွဲ့အစည်းပါပဲ"

မိုင်ရွန် ဂျင်းနင်း၏ အဖြေက သူ့ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။

"ဒီဗွန်ရှိုင်းယား ဟွတ်ခ်က ဘယ်လို လုပ်လိုက်လဲ ဆိုတာ ကျုပ် မသိပေမယ့်... ပြီးတော့ သူက နာရေး အဖွဲ့အစည်းကို အမိန့်ပေးတာမျိုးလည်း ကျုပ် တိုက်ရိုက် မမြင်ဖူးပေမယ့်..."

"ဒါပေမဲ့... လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်းက နာရေး အဖွဲ့အစည်းဟာ သူ့အင်အားစုတွေထဲက တစ်ခု ဖြစ်နေပြီ ဆိုတာကိုတော့ ကျုပ် (၁၀၀) ရာခိုင်နှုန်း သေချာတယ်"

"ဘာလို့လဲဆိုတော့... အဲ့ဒီနှစ်က စပြီး ကျုပ်က နာရေး အဖွဲ့အစည်းရဲ့ အကူအညီ လိုတိုင်း၊ သူတို့က ကျုပ်အတွက် တံခါးဖွင့်ပေးနေလို့ပဲ။ ပြီးတော့ အဲ့ဒီအချိန်က စပြီး နာရေး အဖွဲ့အစည်းက မျိုးဗီဇ ပြုပြင်ထားတဲ့ လူသားတွေကို အသုတ်လိုက် စတင် ထုတ်လုပ်လာခဲ့တာ"

"တစ်ခုက လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း... နောက်တစ်ခုက နာရေး အဖွဲ့အစည်း"

ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ဒီဗွန်ရှိုင်းယား ဟွတ်ခ်ရဲ့ ကိုယ်ပိုင် အာဏာစက်က... တော်တော်လေး ကြီးမားနေတာပဲ"

'တိုင်-ရန့်' အုပ်ချုပ်သော လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းမှာ နေမဝင်အင်ပါယာတစ်ခုလုံးနီးပါးသို့ ပျံ့နှံ့ရောက်ရှိနေလေသည်။ သူတို့သည် သတင်းအချက်အလက် ကြွယ်ဝရုံမျှမက ပုန်းအောင်းခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာတို့၌လည်း အထူးပင် ကျွမ်းကျင်ကြ၏။

နာရေးအဖွဲ့အစည်းမှာမူကား အထူးတလည် ပြောနေရန်ပင် မလိုတော့ချေ။ သူတို့သည် ဥပဒေ၏ အစွန်းတစ်ဖက်တွင် လျှောက်လှမ်းနေသော ကြမ်းတမ်းသည့် စက်ယန္တရားကြီးတစ်ခုအလား တရားဝင်နှင့် တရားမဝင်ကြားမှ ပုဂ္ဂလိကလက်နက်ကိုင်တပ်ဖွဲ့ တစ်ခု ဖြစ်နေလေသည်။

အကယ်၍သာ ဤအဖွဲ့အစည်းနှစ်ခုလုံးကို ဟွတ်ခ်က ထိန်းချုပ်ထားသည်ဆိုပါက...။

လက်တွေ့ဩဇာအာဏာနှင့် တိုက်ခိုက်ရေးစွမ်းရည်အရ ကြည့်လျှင် သူသည် အခြားသော မြို့စားကြီးမိသားစုများထက် အဘက်ဘက်မှ အပြတ်အသတ် သာလွန်နေပြီ မဟုတ်ပါလော။

နေမဝင်အင်ပါယာမှာ တော်ဝင်မိသားစုပြီးလျှင်... သူက ဒုတိယ အကြီးမားဆုံး အင်အားရှင် ဖြစ်နေပြီဟုတောင် ပြော၍ ရ၏။

"လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းနဲ့ နာရေး အဖွဲ့အစည်း အပြင်..."

ယဲ့ဖန် ထပ်မေးလိုက်သည်။

"ဒီဗွန်ရှိုင်းယား ဟွတ်ခ်နဲ့ ပတ်သက်တဲ့ တခြား လျှို့ဝှက်ချက်တွေရော... ခင်ဗျား သိသေးလား”

All Chapters