← Chapters

အခန်း (၁၈၂၆-၁၈၂၈)

Vol. 97 Ch. 1826-1828

အခန်း (၁၈၂၆-၁၈၂၈)

Vol. 97 Ch. 1826-1828

အခန်း (၁၈၂၆) - ယွီဖုန်းရှန်းကို အမြတ်ထုတ်လိုက်ခြင်း

~အခြားတစ်ဖက်တွင်... ယွီဖုန်းရှန်းကတော့ ယဲ့ဖန် သူမအတွက် ဘယ်လို အံ့သြစရာတွေ ပြင်ဆင်ထားလဲ ဆိုတာ မသိသေး။

သူမသည် ကိုယ်တိုင်ကိုယ်ကျ အမှိုက်သိမ်းကား တစ်စီးကို မောင်းနှင်လာခဲ့သည်။ ယဲ့ဖန် ပြောသော နေရာသို့ ရောက်သောအခါ၊ ကားကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဖုန်းဆက်လိုက်၏။

"ရှင် ပြောတဲ့ အဆောက်အဦးရှေ့ကို ရောက်ပြီ..."

"ဘယ်ဆက်သွားရမလဲ"

ယဲ့ဖန်၏ လမ်းညွှန်ချက်အတိုင်း၊ သူမသည် အမှိုက်ပုံးအကြီးကြီး တစ်လုံးကို တွန်းပြီး ဆိုင်ခန်းနှစ်ခုကြားရှိ လမ်းကြားလေးထဲသို့ ဝင်ရောက်သွားသည်။

ကွေ့ကောက်နေသော လမ်းကြားလေးများကို ဖြတ်ကျော်ပြီးနောက်... နောက်ဆုံးတွင် သူမ လိုရာခရီးသို့ ရောက်ရှိသွားသည်။

မှောင်မိုက်နေသော လမ်းကြားထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက်၊ ပြင်းထန်သော သွေးညှီနံ့တစ်ခုကို ချက်ချင်း ရှူရှိုက်မိလိုက်သည်။

လေထုထဲတွင် ယမ်းနံ့တချို့လည်း ကျန်ရှိနေသေးသည်။

အမှိုက်ပုံးကို တွန်းပြီး ရှေ့ဆက်တိုးသွားလိုက်သောအခါ၊ ထောင့်ချိုးတစ်ခု၏ နောက်ကွယ်တွင် နံရံကိုမှီပြီး လဲလျောင်းနေသော အနောက်တိုင်းသား တစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုလူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး၊ ခြေထောက်နှစ်ဖက်စလုံး ကျိုးနေကာ ထူးဆန်းသော ပုံစံဖြင့် တွန့်လိမ်နေ၏။

ထိုလူ၏ ရှေ့တွင်တော့... ရင်းနှီးနေသော ပုံရိပ်တစ်ခု ရပ်နေလေ၏။

"ဦးလေး..."

ယွီဖုန်းရှန်း အံ့သြမှင်သက်သွားသည်။

"ဦးလေးက ဒီကို ဘယ်လို ရောက်နေတာလဲ"

"ယဲ့ဖန်ရော... သူ ဘယ်မှာလဲ"

မြေကြီးပေါ်တွင် လဲလျောင်းနေသော မိုင်ရွန် ဂျင်းနင်းမှာ ယဲ့ဖန် ဘာလို့ ရုပ်ဖျက်လိုက်လဲ ဆိုတာ နားမလည်ခဲ့။

သို့ရာတွင်၊... ယခုလို အလှပဂေးလေး တစ်ယောက် ရောက်လာပြီး၊ ယဲ့ဖန်ကို အံ့သြတကြီးနှင့် "ဦးလေး" လို့ ခေါ်လိုက်တာကို မြင်လိုက်ရတသည့်အခါ... ယဲ့ဖန်၏ ယုတ်မာသော အကြံအစည်ကို သူ ရိပ်မိသွားသည်။

ဒီလူက... မိန်းကလေးရဲ့ ဦးလေးအဖြစ် ဟန်ဆောင်ပြီး၊ သူ့တူမလေးကို အမြတ်ထုတ်ချင်နေတာပဲ။

မိုင်ရွန် ဂျင်းနင်း မျက်လုံးပြူးသွားသည်။ သူ့မျက်နှာထားက ထူးဆန်းနေ၏။

ဒီကောင့်မှာ ဒီလို ရောဂါမျိုး ရှိနေတာလား။

သာမန် ယောကျာ်းလေးတွေက မိန်းကလေးတွေ "ဒယ်ဒီ"လို့ ခေါ်တာကိုပဲ သဘောကျတတ်ကြတာ မဟုတ်ဘူးလား။

ဘာလို့ ဒီ အာရှ အလှပဂေးလေးရဲ့ အဖေအဖြစ် မဟန်ဆောင်ဘဲ၊ ဦးလေး လုပ်နေရတာလဲ။

ယဲ့ဖန်ကတော့ စိတ်ထဲမှာ ခိုးရယ်နေမိသည်။

သူသည် ယွီကျင်းနမ် ၏ လေသံကို အတုယူပြီး ပြောလိုက်သည်။

"အော်... သမီး ဖုန်းရှန်း။ ဦးလေးက ဒီနားမှာ စီးပွားရေး ကိစ္စ ဆွေးနွေးစရာ ရှိလို့ ရောက်နေတာလေ။ သေနတ်သံ ကြားလို့ လာကြည့်ရင်း မစ္စတာ ယဲ့ နဲ့ တွေ့တာ"

"မစ္စတာ ယဲ့ က အရေးတကြီး ကိစ္စပေါ်လာလို့ သွားစရာ ရှိတယ်တဲ့... ဦးလေးကို ဒီလူကို ခဏ စောင့်ကြည့်ပေးပါ၊ သမီး ရောက်လာရင် လွှဲပေးလိုက်ပါ ဆိုပြီး မှာသွားတယ်"

သူ့ခန္ဓာကိုယ် အနေအထား၊ ဟန်ပန်၊ အသံနှင့် လေသံတွေ အားလုံးက ယွီကျင်းနမ်နှင့် တစ်ထပ်တည်း တူနေ၏။

ယွီဖုန်းရှန်း လုံးဝ သံသယ မဝင်။

ပြီးတော့ ယွီကျင်းနမ် ပြောပုံဆိုပုံကလည်း ကျိုးကြောင်းဆီလျော်နေသည် မဟုတ်ပါလော။

သူမ ချက်ချင်း ယုံကြည်လိုက်သည်။

"ဪ... ဟုတ်လား"

သူမသည် အမှိုက်ပုံးကို တွန်းလာပြီး၊ မိုင်ရွန် ဂျင်းနင်းကို အမှိုက်အိတ်အမည်းကြီး တစ်လုံးဖြင့် စွပ်လိုက်သည်။

ထို့နောက်... အမှိုက်ပုံးထဲသို့ မညှာမတာ ပစ်ထည့်လိုက်တော့သည်။

ကိစ္စပြီးသွားတော့မှ သူမ မေးလိုက်သည်။

"ဦးလေး... ယဲ့ဖန် မသွားခင် ဘာတွေ မှာသွားသေးလဲ"

ယဲ့ဖန်က စဉ်းစားသလို ဟန်ဆောင်လိုက်ပြီး ပြန်ဖြေသည်။

"ထွေထွေထူးထူးတော့ မရှိပါဘူး..."

"သူ ပြောတာကတော့... ဒီလူက နည်းနည်း ကောက်ကျစ်တယ်တဲ့"

"သွေးကြောတချို့ ပိတ်ထားလို့ လှုပ်ရှားမရ၊ စကားပြောမရ ဖြစ်နေပေမယ့်... သတိထားပါတဲ့"

"သူ့ကို စောင့်ကြည့်ဖို့ လူစီစဉ်တဲ့အခါ... သစ္စာရှိပြီး စိတ်ချရတဲ့သူ ဖြစ်ဖို့ လိုသလို၊ ဦးနှောက်ရှိတဲ့သူ ဖြစ်ဖို့လည်း လိုတယ်တဲ့"

"ကောင်းပါပြီ... သမီး သတိထားလိုက်ပါ့မယ်"

ယွီဖုန်းရှန်း ခေါင်းညိတ်လိုက်သည်။

သူမသည် အမှိုက်ပုံးကို တွန်းပြီး ကျွမ်းကျင်စွာပင် ထွက်ခွာသွားတော့သည်။

ယဲ့ဖန်က သူမ၏ ကျောပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေလိုက်သည်။

သူမ လမ်းချိုးကွေ့သွားပြီး ပုံရိပ်ပျောက်ကွယ်သွားမှသာ... ယဲ့ဖန် မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

"ယွီဖုန်းရှန်းတောင်မှ ဘာမှ မရိပ်မိဘူး ဆိုတော့... ဒီ 'သရုပ်ဆောင် ပညာရှင်' စွမ်းရည်က တော်တော် အသုံးဝင်တာပဲ"

"ဒီစွမ်းရည်ကိုသာ ကောင်းကောင်း အသုံးချတတ်ရင်... အတုကို အစစ် ဖြစ်အောင် လုပ်ပြီး၊ ရန်သူတွေကို အလစ်အငိုက် ဖမ်းနိုင်မယ့် အခွင့်အရေးတွေ အများကြီး ရလာနိုင်တယ်"

တချိန်တည်းမှာပင်... ယဲ့ဖန်သည် သူ့ရုပ်ရည်ကို မပြောင်းလဲသေးဘဲ၊ ယွီကျင်းနမ် ပုံစံဖြင့်ပင် လမ်းကြားထဲမှ အေးဆေးစွာ လမ်းလျှောက်ထွက်လာခဲ့သည်။

သို့သော်... လမ်းကြားဝသို့ ရောက်ခါနီးတွင် ဖုန်းဝင်လာ၏။

ချန်းဖေးအယ်..

သူ့ရဲဘော်ရဲဘက်ဆီက အဆက်အသွယ် မရတာ ကြာပြီဖြစ်၍ ယဲ့ဖန်၏ ပထမဆုံး အတွေးက သူမ ပြဿနာ တစ်ခုခု ဖြစ်နေပြီလား ဆိုတာပါပင်။

သူ ချက်ချင်း ကိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ ခေါင်းဆောင်..."

အကျင့်ပါနေသဖြင့်... စကားစပြောလိုက်သည့် အသံနှင့် လေသံက ယွီကျင်းနမ်၏ အသံ ဖြစ်နေဆဲ။

ဖုန်းတစ်ဖက်မှ ချန်းဖေးအယ် ကြောင်သွားသည်။ သူမ ခေါ်လိုက်တဲ့ ဖုန်းနံပါတ်ကို ပြန်ကြည့်လိုက်မိသည်။

ယဲ့ဖန်၏ နံပါတ် ဆိုတာ သေချာမှ ပြန်မေးလိုက်သည်။

"ရှင် ဘယ်သူလဲ... ကျွန်မ ယဲ့ဖန်နဲ့ ပြောချင်လို့ပါ"

ယဲ့ဖန် ချက်ချင်း သတိဝင်လာပြီး အသံကို ပြန်ပြောင်းလိုက်ကာ အသာချောင်းဆိုးလိုက်သည်။

"အဟမ်း၊ အဟမ်း… ကိုယ်ပါ ခေါင်းဆောင်..."

"ပြောစရာ ရှိရင် ပြောပါ"

"ခုနက ရှင့်အသံ ဘာဖြစ်သွားတာလဲ"

ချန်းဖေးအယ် စပ်စုလိုက်သည်။

"ဘာလို့ အသက် (၄၀)၊ (၅၀) အရွယ် ဦးလေးကြီး အသံ ပေါက်သွားတာလဲ"

"ဒုတိယအကြိမ် လူပျိုဖော်ဝင်ပြီး အသံပြောင်းသွားတာပါဗျာ..."

ယဲ့ဖန် ဗလုံးဗထွေး ဖြေလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"ခေါင်းဆောင်ရဲ့ အချိန်တွေက တန်ဖိုးရှိတယ် ဆိုတာ ကိုယ် သိပါတယ်... ကဲ၊ အလေးအနက်ထားပြီး ပြောကြရအောင်”

အခန်း (၁၈၂၇) - အဲ့လိုသာ ထပ်ပြောရင် ငါ တရားစွဲလိုက်မှာနော်

~"ဟင်..."

ဖုန်းတစ်ဖက်မှ ချန်းဖေးအယ် ကြောင်သွားသည်။

"ဘာ... ဒုတိယအကြိမ် လူပျိုဖော်ဝင်တယ် ဟုတ်လား"

"ရှင်က ဘာလို့ အသံပြောင်းရတာလဲ... ရှင့်အသက် ဘယ်လောက်ရှိပြီမို့လို့လဲ။ အသက်ကြီးနေပြီဟာကို လူပျို ပြန်ဖြစ်ချင်နေသေးတာလား"

ယဲ့ဖန်ကတော့ ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

"ခေါင်းဆောင်ရယ်... ငါတို့က ရင်းနှီးပါတယ်နော်။ ဒါပေမဲ့ အဲ့လိုသာ ထပ်ပြောရင် ငါ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မှာ"

"တိတိကျကျ ပြောရရင်...ကိုယ်က တက္ကသိုလ် ပထမနှစ် ကျောင်းသားလေးပဲ ရှိပါသေးတယ်ဗျ"

"ကိုယ့်ကို အသက်ကြီးနေပြီလို့ လာပြောတာက... နည်းနည်းတော့ လွန်လွန်းမနေဘူးလား"

"..."

ချန်းဖေးအယ် ဘာပြန်ပြောရမှန်း မသိတော့။

သူမက ယဲ့ဖန်နဲ့ လက်တွဲလုပ်လာတာ ကြာပြီ ဖြစ်၍၊ သူ၏ လှည့်ကွက်တွေ၊ ကျွမ်းကျင်မှုတွေကို မြင်ဖူးထားတော့ သူ့အသက်ကို မေ့နေတတ်သည်။ မသိစိတ်ထဲမှာ ယဲ့ဖန်ကို စီနီယာ တစ်ယောက်လိုတောင် သဘောထားမိနေတတ်သည်။

‘ဒါပေမဲ့... ယဲ့ဖန် ပြောတာလည်း ဟုတ်နေပြန်သည်။ သူက တကယ်ပဲ ကျုံးဟိုင် တက္ကသိုလ် က ကျောင်းသားလေး တစ်ယောက်ပဲ ရှိသေးတာလေ။

ဒါတောင် ပထမနှစ် ကျောင်းသားတဲ့...။

အသက် (၂၀) ဝန်းကျင်လေးပဲ ရှိဦးမှာ။

ခေတ်မီ သိပ္ပံပညာအရ ဆိုရင်လည်း... ယောကျာ်းလေးတွေက အသက် (၂၅) နှစ် မပြည့်မချင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မရပ်တန့်သေးဘူး ဆိုတော့၊ ဒုတိယအကြိမ် ဖွံ့ဖြိုးတယ် ဆိုတာ ဖြစ်နိုင်ကောင်းပါရဲ့။’

"အဟမ်း..."

ချန်းဖေးအယ် ချောင်းဟန့်လိုက်သည်။

"တောင်းပန်ပါတယ်ဟယ်...ကျွန်မ အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပြီ"

"ရှင်က နှာဘူးကောင် ဆိုတာ ငါ ခဏ မေ့သွားမိလို့ပါ... ရှင့်ကို သာမန်လူတွေလို သတ်မှတ်လို့မှ မရတာ"

"ဒုတိယအကြိမ် လူပျိုဖော်ဝင်တယ် ဆိုတာ... ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်ပါတယ်"

ယဲ့ဖန် သူမက သူ့ကို နှာဘူးဟု ခေါ်တာကို ပြန်မပြောတော့။ ရယ်မောပြီး ပြောလိုက်သည်။

"ကဲ... လေးနက်တဲ့ ကိစ္စတွေ ဆက်ပြောကြရအောင်.. ရဲဘော် ချန်းဖေးအယ် "

"မင်းရဲ့ အထောက်အထားနဲ့ တာဝန်တွေကို မမေ့ပါနဲ့"

"ကောင်းပါပြီ... အလုပ်သဘော ပြောကြတာပေါ့"

ချန်းဖေးအယ်ကလည်း အလုပ်နှင့် ပတ်သက်လာလျှင် အလေးအနက် ထားတတ်သူ ပီပီ၊ လေသံကို ပြန်ပြင်လိုက်သည်။

"ငါ ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်တွေဆီက သတင်းတစ်ခု ရထားတယ်"

"ငါတို့ နိုင်ငံက အရေးပါတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်... ဒီရက်ပိုင်း နေမဝင်အင်ပါယာကို ရောက်နေပြီး၊ ဒီဗွန်ရှိုင်းယား မိသားစုနဲ့ စီးပွားရေး ကိစ္စကြီး တစ်ခု ဆွေးနွေးနေတယ်"

"အဲ့ဒီ လုပ်ငန်းရှင်ကြီးက ဒီဗွန်ရှိုင်းယား မိသားစု အိမ်တော်မှာ ဧည့်ခံပွဲ တက်ရောက်နေတုန်း... သူတို့ ထမင်းစားခန်းထဲမှာ အဖိုးတန် ရှေးဟောင်းပစ္စည်း တစ်ခုကို မတော်တဆ တွေ့လိုက်ရတယ်တဲ့"

"သူ ပို့ပေးလိုက်တဲ့ ဓာတ်ပုံတွေကို ငါတို့ ပညာရှင်အဖွဲ့က စစ်ဆေးကြည့်တော့... (၈၀) ရာခိုင်နှုန်း သေချာတယ်၊ အဲ့ဒါ ဂျယ်ရီ ဘားရိုး မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းပဲ"

"ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေထဲမှာ အဆင့် (၇) နေရာမှာ ရှိတဲ့... ချန်လုံခေတ်က 'အသက်ရှည် ဆေးဘူးပုံစံ ပန်းအိုး' ပဲ"

"..."

ပြောရင်းနှင့် ချန်းဖေးအယ် က ယဲ့ဖန်၏ ဖုန်းထဲသို့ ဓာတ်ပုံ တစ်ပုံ ပို့ပေးလိုက်သည်။

ယဲ့ဖန် ဖွင့်ကြည့်လိုက်သည်။

ထမင်းစားခန်းနှင့် ဧည့်ခန်းကြားရှိ စင်္ကြံလမ်းလေး တစ်ခုပေါ်တွင် တင်ထားသော ပန်းအိုးလေး တစ်လုံးကို တွေ့လိုက်ရ၏။

ဓာတ်ပုံကြည့်ရုံနှင့် အစစ်လား၊ အတုလား ဆိုတာ အတိအကျ ဆုံးဖြတ်ဖို့ ခက်ခဲသော်ငြား...

ဘေးပတ်ဝန်းကျင်မှာ ရှိသည့် တခြား ပန်းချီကားတွေ၊ အနုပညာ လက်ရာတွေနှင့် ဒီဗွန်ရှိုင်းယား မိသားစု၏ ဂုဏ်ဒြပ်ကို ထောက်ချင့်ကြည့်လျှင်...

အစစ်ဖြစ်ဖို့ ရာခိုင်နှုန်း အလွန် များသည်။

"ငါ့တစ်သက်... ဒီလောက် မောက်မာတဲ့ သူခိုးမျိုး တစ်ခါမှ မတွေ့ဖူးဘူး"

"ဒီနေ့မှပဲ ဗဟုသုတ တိုးတော့တယ်"

ချန်းဖေးအယ် က ယဲ့ဖန် ဒီလောက် ပွင့်ပွင့်လင်းလင်းကြီး သူခိုးဟု ခေါ်လိမ့်မည်ဟု ထင်မထား။

"ယဲ့ဖန်... ဆင်ခြင်ပါဦး။ သူတို့က နေမဝင်အင်ပါယာရဲ့ မြို့စားကြီး မိသားစုနော်... အထက်တန်းလွှာ အစစ်တွေ"

"အထက်တန်းလွှာ ဟုတ်လား..."

ယဲ့ဖန် မထီမဲ့မြင် ပြုလိုက်သည်။

"ဘာလို့ အထက်တန်းလွှာ ဆိုတဲ့ ကောင်တွေက ညစ်ပတ်တဲ့ အလုပ်တွေချည်း လုပ်နေကြတာလဲ"

သူ ဆက်ပြောလိုက်သည်။

"ဒီသတင်းကို လူသိပ်မသိဘူး မဟုတ်လား"

"လောလောဆယ် လုံခြုံရေး အဖွဲ့ဝင်တွေလောက်ပဲ သိကြတာ"

"ရှင် ဘယ်လို သဘောရလဲ"

"ဒီတစ်ခါတော့...ကျွန်မက ရှင့်ကို အဓိက ကူညီပေးမယ့်သူ အနေနဲ့ပဲ လိုက်ပါမယ်။ ရှင့်အစီအစဉ်အတိုင်း လုပ်ကြတာပေါ့"

"ဒါပေမဲ့... ကျွန်မ အဲ့ဒီ လုပ်ငန်းရှင်ကြီးကို အကူအညီတောင်းပြီး၊ ဒီဗွန်ရှိုင်းယား အိမ်တော်ရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံ မြေပုံကြမ်း တစ်ခု ဆွဲခိုင်းထားတယ်"

ယဲ့ဖန် သဘောပေါက်လိုက်သည်။

"ဒါဆို... ဟိုတယ် ပြန်ရောက်မှ တွေ့ကြတာပေါ့"

"ကိုယ် ဒီဗွန်ရှိုင်းယား အိမ်တော်ရဲ့ ဖွဲ့စည်းပုံကို သေချာ လေ့လာပြီးမှ ဆုံးဖြတ်ချက် ချမယ်"

"ကောင်းပြီ...ကျွန်မ အခုပဲ ဟိုတယ်ကို ပြန်လာခဲ့မယ်။ မိနစ် (၂၀) လောက်ဆို ရောက်ပြီ"

ချန်းဖေးအယ် ဖုန်းချလိုက်သည်။

ယဲ့ဖန်လည်း ကားပေါ်ပြန်တက်ပြီး 'ပဲလေ့စ် ဟိုတယ်' ဆီသို့ မောင်းနှင်လာခဲ့သည်။

ရင်းနှီးနေသော ဟိုတယ်အခန်းသို့ ရောက်သောအခါ၊ ဆိုဖာပေါ်တွင် ထိုင်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

ခဏအကြာတွင် တံခါးပွင့်လာ၏။

ချန်းဖေးအယ် သည် မြေပုံလိပ် တစ်ခုကို ကိုင်ဆောင်လျက် သွက်လက်စွာ ဝင်ရောက်လာ၏။

သို့သော်... ဧည့်ခန်းထဲသို့ ရောက်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသော လူကို မြင်လိုက်ရသောအခါ၊ သူမ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူမ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပေါ်လာ၏။

"ဦးလေး ယွီ..."

"ရှင် ဒီကို ဘာလာလုပ်တာလဲ”

အခန်း (၁၈၂၈) - ချန်းဖေးအယ် ရဲ့ သံသယ

~ချန်းဖေးအယ် က လုံခြုံရေး နယ်ပယ်က လူတစ်ယောက် ပီပီ၊ သူမ၏ စူးစမ်းလေ့လာနိုင်စွမ်းက သာမန် မဟုတ်ပေ။

ယွီကျင်းနမ်ကို မြင်လိုက်ရသည့် အခါ၊ သူမ ခဏတာ အံ့သြသွားသော်ငြား... သူမရဲ့ မျက်လုံးတွေက ယွီကျင်းနမ်ရဲ့ အရှေ့ဘက်ကို လျှပ်စီးလက်သလို ဖြတ်ခနဲ ကြည့်လိုက်သည်။

‘ကော်ဖီစားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းတစ်လုံး...။

အဲ့ဒါ ယဲ့ဖန်ရဲ့ ဖုန်းပဲ။’

သူမ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"မစ္စတာ ယဲ့ မရှိဘူးလား..."

ယဲ့ဖန်ကလည်း သူမရဲ့ အကြည့်ကို သတိထားမိသည်။ သူသည် ဖုန်းကို အိတ်ကပ်ထဲ အေးဆေးစွာ ထည့်လိုက်ရင်း၊ ယွီကျင်းနမ် အဖြစ် ဆက်လက် သရုပ်ဆောင်လိုက်သည်။

"ကျွန်တော်.. မစ္စတာ ယဲ့ နဲ့ ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ ရောက်နေတာပါ"

"မစ္စတာ ယဲ့ က ကျွန်တော့်ကို ဖိတ်ခေါ်ပြီးကာမှ၊ ရုတ်တရက် အရေးကြီး ကိစ္စ ပေါ်လာလို့ ဆိုပြီး ထွက်သွားတယ်"

"ဒါနဲ့... ညီမက ဘယ်သူလဲ မသိဘူး"

အရင်တုန်းက ချန်းဖေးအယ် နဲ့ ယွီကျင်းနမ် တစ်ခါမှ မဆုံဖူးကြ။ ဒါကြောင့် သူ ဒီလို မေးတာ ကျိုးကြောင်းဆီလျော်မှု ရှိသည်။

"ကျွန်မက မစ္စတာ ယဲ့ ရဲ့ လက်ထောက် ချန်းဖေးအယ် ပါ..."

ချန်းဖေးအယ် မိတ်ဆက်လိုက်ရင်း၊ မျက်လုံးထောင့်ကနေ အခန်းတစ်ခုလုံးကို အလျင်အမြန် စကင်န်ဖတ်လိုက်သည်။

တချိန်တည်းမှာပင်... သူမသည် ယွီကျင်းနမ်နှင့် ခြေတစ်လှမ်းမှ ပိုမနီးကပ်အောင် သတိထားနေ၏။

"မစ္စတာ ယဲ့ ထွက်သွားတာ ဘယ်လောက် ကြာပြီလဲ... ဘယ်တော့ ပြန်လာမယ်လို့ ပြောသွားသေးလားရှင့်"

ယဲ့ဖန် သူမ၏ သတိထားမှုကို ခံစားမိသည်။

သူမ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို စိတ်ထဲမှ ချီးကျူးလိုက်မိသလို... သူမကို စနောက်ချင်စိတ်လည်း ပေါ်လာ၏။

"လွန်ခဲ့တဲ့ (၂) မိနစ်၊ (၃) မိနစ်လောက်ကပါပဲ..."

"သူ တော်တော်လေး အလျင်လိုနေပုံ ရတယ်... ဘာမှ သေချာ မပြောသွားဘူး"

ထိုစကားကို ကြားသောအခါ ချန်းဖေးအယ် ခေါင်းညိတ်လိုက်သည်။

သို့သော်... သူမ၏ လက်တစ်ဖက်ကို နောက်ကျောဘက်တွင် ဝှက်ထားပြီး၊ အေးဂျင့် လက်ပတ်နာရီ ပေါ်မှ ခလုတ်တစ်ခုကို တိတ်တဆိတ် နှိပ်ကာ အချက်ပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် ဤလူကို လုံးဝ မယုံကြည်နိုင်တော့သောကြောင့် ဖြစ်၏။

ဤလူက ယခုအခန်းထဲသို့ ရုတ်တရက် ရောက်ရှိနေခြင်းမှာပင် သံသယဖြစ်ဖွယ်ရာ အလွန်ကောင်းလှပေသည်။ ထို့ပြင် သူပြောနေသော စကားများမှာလည်း ဟာကွက်များစွာ ရှိနေလေ၏။

အရေးကြီးဆုံးအချက်မှာ ချန်းဖေးအယ်၏ စူးရှသော မျက်လုံးများက အခန်းထဲ၌ လူတစ်ဦးတည်းသာ ရှိနေကြောင်း ချက်ချင်း သိရှိလိုက်ခြင်းပင်။ ဆိုဖာပေါ်တွင် ရှိနေသည့်အရာမှာ တစ်နေရာတည်း၌သာ တည်ရှိနေပြီး ယွီကျင်းနမ်မှလွဲ၍ အခြားမည်သူမျှ ဝင်ထွက်သွားလာထားသည့် အရိပ်အယောင်မျိုး မရှိချေ။

ထို့ပြင် ယဲ့ဖန်၏ ဖုန်းမှာလည်း ထိုသူ၏လက်ထဲသို့ ရောက်ရှိနေလေရာ ဤသည်မှာ ပုံမှန်အခြေအနေ တစ်ခုဟု မည်သို့မျှ ဆို၍ မရနိုင်တော့ပေ။

ချန်းဖေးအယ် ဟန်မပျက်ဘဲ ယွီကျင်းနမ် အနားသို့ တိုးသွားလိုက်သည်။

"မစ္စတာ ယဲ့ ဘာမှ မပြောသွားဘူး ဆိုရင်တော့... ကျွန်မ ဒီမှာ ခဏ စောင့်နေလိုက်ပါ့မယ်"

ဆိုဖာနား ရောက်သောအခါ၊ သူမသည် လက်ဖက်ရည် ကရားကို လှမ်းကိုင်လိုက်သည်။ ယွီကျင်းနမ် အတွက် လက်ဖက်ရည် ငှဲ့ပေးမလိုလို ဟန်ဆောင်ရင်း...။

ယွီကျင်းနမ်၏ အာရုံက လက်ဖက်ရည် ကရားဆီသို့ ရောက်သွားချိန်တွင်...

"ဝုန်း..."

သူမ၏ နောက်ထပ် လက်တစ်ဖက်က "ယွီကျင်းနမ်" ၏ မြင်ကွင်းကွယ်ရာမှ တဆင့် သူ့နှလုံးသားတည့်တည့်ဆီသို့ ပြင်းထန်သော လက်သီးချက် တစ်ချက် ပစ်သွင်းလိုက်တော့သည်။

"မစ္စစ် ချန်း... ဘာလုပ်တာလဲဗျ"

ယဲ့ဖန် လန့်ဖျပ်သွားသလို ဟန်ဆောင်လိုက်သည်။ သူသည် သူမ၏ လက်သီးချက်ကို "သီသီလေး" ရှောင်တိမ်းလိုက်ပြီး၊ ဘေးသို့ အလျင်အမြန် ခုန်ထွက်ကာ အကွာအဝေး ယူလိုက်သည်။

"ကျုပ်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲ"

ချန်းဖေးအယ် ကတော့ သူ့ကို အလွတ်မပေး။ မျက်လုံးများ အေးစက်နေ၏။

"ရန်ငြိုး မရှိဘူး ဟုတ်လား..."

"ရှင် ကျွန်မကို အရူးလို့ ထင်နေတာလား"

"ရှင့် ဆင်ခြေတွေက ဟာကွက်တွေ ပြည့်နှက်နေတာ ထားလိုက်ပါတော့... အခင်းဖြစ် နေရာကိုတောင် သေချာ ဟန်မဆောင်တတ်ဘူး"

"မစ္စတာ ယဲ့ က အရေးတကြီး ကိစ္စပေါ်လာလို့ ထွက်သွားတယ် ဆိုရင်... ဘာလို့ ဒီအခန်းထဲမှာ ရှင်ကလွဲရင် တခြား ဘယ်သူမှ ဝင်ထွက် သွားလာထားတဲ့ ခြေရာလက်ရာ မရှိရတာလဲ"

"ပြောစမ်း... ယဲ့ဖန်ရဲ့ ဖုန်းက ဘာလို့ ရှင့်လက်ထဲ ရောက်နေတာလဲ။ ရှင် သူ့ကို ဘာလုပ်လိုက်လဲ"

ယဲ့ဖန် အံ့သြသွားသည်။

ဒီ လုံခြုံရေး အေးဂျင့်မလေးက အချိန်တိုလေး အတွင်းမှာ ဒီလောက် အများကြီး စူးစမ်းမိသွားတယ်တဲ့လား။

မဆိုးဘူး... တော်တော်လေး မဆိုးဘူး။

သူ စိတ်ထဲကနေ ချီးကျူးလိုက်မိသော်ငြား၊ အပြင်ပန်းမှာတော့ ဒေါသထွက်သလို၊ ကြောက်လန့်သလို ပုံစံမျိုး ဆက်လက် သရုပ်ဆောင်နေလိုက်သည်။

သူမ၏ တိုက်ခိုက်မှုများကို မနိုင်ဝန်ထမ်း ရှောင်တိမ်းနေရသလိုမျိုး...။

"ခင်ဗျား ဘာတွေ လာပြောနေမှန်း ကျုပ် နားမလည်ဘူး..."

"ဘာပဲဖြစ်ဖြစ်... ကျုပ် ပြောတာ အမှန်တွေချည်းပဲ"

"မစ္စတာ ယဲ့ ဖုန်းက... သူ ဖုန်းပြောပြီးတော့ စားပွဲပေါ်မှာ မေ့ကျန်ခဲ့တာ။ အလောတကြီး ထွက်သွားတော့ မေ့သွားတာ ဖြစ်မယ်"

"လိမ်မနေနဲ့..."

ချန်းဖေးအယ် ပိုပြီး ဒေါသထွက်လာ၏။

တချိန်တည်းမှာပင်... သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာ၏။

"ရိုးရိုးသားသား ပြောစမ်း... ရှင် ယဲ့ဖန်ကို ဘာလုပ်လိုက်လဲ"

"သတိပေးလိုက်မယ်... သူက နဂါးနိုင်ငံရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ"

"သူ့ကို တစ်ခုခု ဖြစ်အောင် လုပ်ခဲ့ရင်... ကျွန်မ အသက်နဲ့ ရင်းပြီး ရှင့်ကို သွေးကြွေး ပြန်ဆပ်ခိုင်းမယ်"

ပြောရင်းဆိုရင်းနှင့်... သူမသည် အသက်ကို ပဓာနမထားသော ပုံစံဖြင့် ယွီကျင်းနမ် (ယဲ့ဖန်) ဆီသို့ ထပ်မံ ခုန်အုပ်လိုက်လေတော့သည်...။

All Chapters