← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း ၈၈ - မမျှော်လင့်ထားသော ဇာတ်သိမ်း

ရှဖေးသည် သူ၏ ဟောဗာကားအပေါ် လုံးဝ ယုံကြည်မှု မရှိတော့ပေ။ အင်ဂျင်သည် အမျိုးမျိုးသော အသံများကို ထုတ်လွှတ်နေပြီး ထိုအသံများမှတစ်ဆင့် ပြဿနာ တစ်ဒါဇင်ကျော် ရှိနေကြောင်း သူ သိရှိထားသည်။ ယုတ္တိနည်းကျကျ ပြောရလျှင် ဖြစ်နိုင်ချေရှိသော မတော်တဆမှုများကို ရှောင်ရှားရန် အကောင်းဆုံး နည်းလမ်းမှာ ရပ်တန့်ပြီး စစ်ဆေးရန် ဖြစ်သည်။

သို့သော် ရှဖေး ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ သူသည် ဤကိစ္စကို သေချာ စဉ်းစားပြီးနောက် ဤပြိုင်ပွဲ ပြီးဆုံးသည်အထိ ဆက်လက် မောင်းနှင်ပါက ကပ်ဘေးဆိုက်ရောက်နိုင်ခြေသည် ၅၀ ရာခိုင်နှုန်းခန့် ရှိကြောင်း တွက်ချက်ထားသည်။

အောင်မြင်ရန် အခွင့်အလမ်း တစ်ဝက် ရှိနေသည်ကို မြင်သောအခါ လောင်းကြေးထပ်ရန် ထိုက်တန်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူ နိုင်ခဲ့လျှင် ကောင်းကင်ဘုံက သူ့ဘက်တွင် ရှိနေသည်ဟု ဆိုရမည် ဖြစ်ပြီး ရှုံးနိမ့်သွားလျှင်လည်း နောင်တရစရာ မရှိပေ။

ဟောဗာကားသည် ပြိုင်ကွင်းကို မဆင်မခြင် ဖြတ်ကျော်မောင်းနှင်နေပြီး အင်ဂျင်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံများသည် မိုးခြိမ်းသံများကဲ့သို့ ဖြစ်နေသဖြင့် ကြားရသူတိုင်း အလိုအလျောက် ကြောက်ရွံ့သွားစေသည်။

ဤအလွန် စိတ်အနှောင့်အယှက် ဖြစ်စေသော အသံသည် လက်နက်တစ်ခု အဖြစ်လည်း အလုပ်လုပ်သည်။ သူ့ရှေ့မှ ပြိုင်ပွဲဝင်များသည် ဟောဗာကား ၉၉ ပေါက်ကွဲမည်ကို ကြောက်ရွံ့ကြသဖြင့် မည်သူမျှ ရှဖေးကို တားဆီးရန် အစွမ်းကုန် မကြိုးစားကြပေ။

ထိုကဲ့သို့သော အရူးတစ်ယောက်ကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူ့ကို ကျော်သွားခွင့် ပြုလိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ပင် ဆိုစေကာမူ ပြိုင်ပွဲ၏ ချန်ပီယံသာ ဆုရရှိမည် ဖြစ်ရာ ဂုဏ်သိက္ခာ ဟု ခေါ်သော အရာအတွက် စွန့်စားရကျိုး မနပ်ပေ။

“ ရှဖေးက အဆင့် ၁၁ နေရာကို ပြန်ရောက်လာခဲ့ပါပြီ၊ ဒါက သူ့ဟောဗာကား ပထမအကြိမ် ချွတ်ယွင်းမှု ဖြစ်ပြီးနောက် အကောင်းဆုံး ရလဒ်ပါပဲ၊ ဒါပေမယ့် နှစ်ပတ်ပဲ ကျန်တော့တယ်၊ သူ အဆင့် ထပ်တက်နိုင်ဦးမလား ”

ရှဖေး ထိုကဲ့သို့ ရူးသွပ်စွာ ပြိုင်ပွဲထဲ ပြန်ဝင်လာသည်ကို မြင်သောအခါ ဆံပင်အနီရောင် ကြေညာသူသည် စိတ်ဓာတ်နှင့် အသံ ပြန်လည် ရရှိလာပြီး ပရိသတ်ကို အခြေအနေ ဆက်လက် တင်ပြနေသည်။

အမှန်အတိုင်း ပြောရလျှင် သူ တစ်ယောက်တည်း မဟုတ်ပေ။ ကြည့်ရှုသူ အားလုံး နီးပါးသည် ပထမ နေရာအတွက် ရှဖေး၏ အားသစ်လောင်း တိုက်ခိုက်မှုကို ဝမ်းသာအားရ ဖြစ်နေကြသည်။

ချန်ပီယံများကို လူတိုင်း အမြဲ ချီးမွမ်းလေ့ ရှိသော်လည်း တစ်ခါတစ်ရံတွင် အနိုင်မရသော်လည်း ပရိသတ်ကို စိတ်လှုပ်ရှားဖွယ်ရာ စွမ်းဆောင်ရည် ပြသနိုင်သော ပြိုင်ပွဲဝင်များကိုလည်း လူအများ နှစ်သက်ကြသည်။ မည်သို့ပင် ဆိုစေကာမူ ချန်ပီယံ ဖြစ်ခြင်းသည် လူနည်းစုအတွက်သာ သီးသန့် ဖြစ်ပြီး အများစုမှာ ဇာတ်ပို့ နေရာများသာ ရရှိကြသည်။

“ ရှဖေး ဆဋ္ဌမ နေရာကို ရောက်လာပါပြီ၊ အို... မဖြစ်ဘူး၊ အမြွှာနဂါးရဲ့ ၀ က နောက်ကနေ မီလာပြီ၊ တကယ့်ကို ကြယ်တာရာ နယ်မြေမှာ ငါးကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်၊ ပြိုင်ပွဲဝင် အများအပြားကို သူတို့ ကျော်တက်သွားပါပြီ၊ ကံကောင်းပါစေ ရှဖေး... အမြွှာနဂါးရဲ့ ကျော်တက်တာ မခံပါနဲ့ ”

ဆံပင်အနီရောင် ကြေညာသူသည် စိတ်လှုပ်ရှားမှုများကြားတွင် သူ့အခန်းကဏ္ဍကို မေ့လျော့သွားပြီး ရှဖေးဘက်သို့ လုံးဝ ယိမ်းယိုင်သွားပုံ ရသည်။ ကြေညာသူ တစ်ဦး အနေဖြင့် သူသည် ပြိုင်ပွဲကို ပရိသတ်အတွက် ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သော်လည်း ယခုအချိန်တွင် သူသည် ရှဖေး ဖြစ်နေသကဲ့သို့ ပြိုင်ပွဲထဲ နှစ်မြှုပ်နေပြီ ဖြစ်သည်။ မသိသူများက သူသည် ပြိုင်ပွဲဝင်နှင့် ဆွေမျိုးတော်စပ်သည်ဟုပင် ထင်မှတ်နိုင်သည်။

ရှဖေး ရှေ့တွင် ဟောဗာကား ၇၃၊ ၂၁ နှင့် ၁၉၄ တို့ ရှိနေပြီး သုံးစီးစလုံးသည် တစ်စီးနှင့်တစ်စီး ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နေကြသည်။ ညီဝေ၏ ၇၃ သည် ရှေ့ဆုံးမှ ပြေးနေပြီး ၂၁ နှင့် ၁၉၄ တို့သည် ရှဖေး ကျော်တက်မသွားနိုင်အောင် တားဆီးရန် အတူတကွ လုပ်ဆောင်နေကြသည်။

ထိုအချိန်တွင် သူတို့သည် ဆက်တိုက် ဆံညှပ်ကွေ့များ၏ နောက်ဆုံး မတိုင်ခင် အကွေ့သို့ ဝင်ရောက်လာကြပြီး ဤအပိုင်း ပြီးပါက ရှဖေးအတွက် နောက်ဆုံး အကွေ့ ဖြစ်လိမ့်မည်။ ကွပ်ကဲမှု အခန်းမှ သတင်းပို့ချက် အရ ဤဆံညှပ်ကွေ့များကို ကျော်ဖြတ်ပြီးသော ပိုင်ရယ်၏ ၂၁ သည် ဖြောင့်တန်းသော လမ်းကြောင်းသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

အကယ်၍ ရှဖေးသည် ဒုတိယ နေရာရှိ ပိုင်ရယ်ကို ကျော်တက်လိုပါက သူတို့ကြားရှိ အကွာအဝေးကို လျှော့ချရမည်၊ ပိုင်ရယ်နှင့် နီးကပ်အောင် သွားရမည်၊ ထို့နောက် နောက်ဆုံး အပတ်တွင် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရမည်။

အကွေ့တစ်ခုတွင် ကျော်တက်ခြင်းသည် အလွန် အန္တရာယ်များပြီး ခက်ခဲကြောင်း ယာဉ်မောင်းတိုင်း သိကြသည်။ ၎င်းသည် ပြိုင်ကွင်းတစ်ခုပေါ်တွင် ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက ပို၍ပင် ခက်ခဲသည်။

ရှေ့မှ ဟောဗာကားများကို အတွေ့အကြုံရှိ ပြိုင်ကားသမားများ မောင်းနှင်နေသည် ဆိုသော အချက်ကို ထည့်မပြောဘဲ ရှေ့မှ သုံးဦးသည် သူတို့ နောက်ကို ကပ်လိုက်နေသော ဘုံရန်သူကို နှိမ်နင်းရန် ယခုအချိန်တွင် ပူးပေါင်းထားကြသည်။

တစ်ယောက်က နေရာလွတ် တစ်ခု ဖွင့်ပေးလိုက်သည်နှင့် နောက်တစ်ယောက်က ချက်ချင်း ဖြည့်ဆည်းပေးလိုက်သဖြင့် ရှဖေးသည် မည်သူ့ကိုမျှ ကျော်တက်၍ မရနိုင်အောင် တားဆီးထားသည်။ သူသည် ၁၉၄ ၏ နောက်တွင် ကပ်လျက် သုံးစီးစလုံးကို အလွန် တည်ငြိမ်စွာ လိုက်ပါနေသည်။ မီတာ ဒါဇင်အနည်းငယ် အကွာအဝေးကို ထိန်းထားပြီး အချိန်တိုင်း အခွင့်အရေး ရှာဖွေနေသည်။

ရုတ်တရက် အကွေ့တစ်ခုကို ဖြတ်သန်းနေစဉ် အလွန် ကျဉ်းမြောင်းသော ဆံညှပ်ကွေ့ကြောင့် ၁၉၄ သည် အပြင်ဘက်တွင် နေရာလွတ် အနည်းငယ် ဟသွားသည်။

ရှဖေးသည် ထိုနေရာလွတ်ကို ရယူရန် တုံ့ဆိုင်းမနေခဲ့ပေ။ အပြင်ဘက် လမ်းကြောင်းအတိုင်း လိုက်ကာ ရှဖေးသည် အကွေ့ကို ဖြတ်သန်းစဉ် ဗဟိုခွာအားကို အသုံးပြု၍ အရှိန်မြှင့်တင်လိုက်သည်။ ကွန်ကရစ် အတားအဆီးသည် ဆံခြည်မျှင် တစ်မျှင်စာ အကွာအဝေးတွင်သာ ရှိပြီး သူ၏ ဘက်မှ အနည်းငယ် အမှားအယွင်း လုပ်မိပါက တိုက်ရိုက် ဝင်တိုက်မိနိုင်သည်။

ဟောဗာကား ၂၁ သည် စတုတ္ထ နေရာတွင် ရှိနေသည်။ သူ၏ အသင်းဖော် အမှားလုပ်မိသည်ကို တွေ့လိုက်ရသောအခါ ဟနေသော နေရာလွတ်ကို ဖြည့်ဆည်းရန် ဘေးဘက် လမ်းကြောင်းမှ အလျင်အမြန် မောင်းထွက်လာသည်။

တစ်ခါ အကိုက်ခံရဖူးလျှင် နှစ်ခါ ရှက်တတ်သည် (တစ်ခါသေဘူး ပျဉ်ဖိုးနားလည်)၊ ရှဖေးသည် သူတို့ကို ဒုတိယ အခွင့်အရေး ပေးရန် ရည်ရွယ်ချက် မရှိပေ။

ရှဖေး၏ ဟောဗာကား ခေါင်းပိုင်းသည် ၂၁ ၏ နောက်ပိုင်းနှင့် တန်းနေပြီ ဖြစ်သော်လည်း သူ လမ်းဖယ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ သတိထားမှုကို လေထဲလွှင့်ပစ်လိုက်ပြီး အခြေအနေများ မည်သို့ပင် ရှိစေကာမူ အရှိန်မြှင့်တင်မှုကို ဆက်လက် ပြုလုပ်နေသည်။

ထိုကဲ့သို့ မဆင်မခြင် မောင်းနှင်မှုသည် ၂၁ ၏ ယာဉ်မောင်းကို အတော်လေး ထိတ်လန့်သွားစေသည်။ ဟနေသော နေရာလွတ်ကို ဂရုမစိုက်တော့ဘဲ မိုက်မဲသော ရှဖေးကို ရှောင်ရှားရန် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ မောင်းနှင်သွားလိုက်သည်။

ဝှစ်...

ရှဖေး၏ ၉၉ သည် ၁၉၄ ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခု ၂၁ ၏ ဘေးတွင် ဟိန်းဟောက် မောင်းနှင်နေသည်။

“ အရမ်းကောင်းတယ်၊ ရှဖေးက လှုပ်ရှားမှု တစ်ခုတည်းနဲ့ ကားနှစ်စီးကို ကျော်တက်သွားပြီး စတုတ္ထ နေရာကို ရောက်လာပြီ၊ သူ့ရှေ့မှာ ညီဝေရဲ့ ၇၃ နဲ့ ပိုင်ရယ်ရဲ့ ၂၀၁ ပဲ ကျန်တော့တယ်၊ တစ်ပတ်ပဲ ကျန်တော့တယ်၊ အံ့ဖွယ်ရာ တစ်ခု ဖြစ်လာမလား ”

ဆံပင်အနီရောင် ကြေညာသူက အော်ဟစ်လိုက်သည်။ အကွေ့မှ ထွက်လာပြီးနောက် ရှဖေးသည် သူ့နှင့် မီတာ ၁၀၀ ထက် မဝေးသော ၇၃ ၏ နောက်မီးများကို မြင်နေရပြီ ဖြစ်သည်။

ဤလမ်းကြောင်းသည် တတိယ အဆင့်ကို ပထမ အဆင့်နှင့် ချိတ်ဆက်ထားပြီး ထိုအချိန်မှ စ၍ ဖြောင့်တန်းသော လမ်းကြောင်း ဖြစ်သည်။ ရှဖေးသည် ၇၃ နှင့် နီးကပ်လာစေရန် သူ၏ အရှိန် အားသာချက်ကို အသုံးပြုလိုက်သည်။

ညီဝေသည် ရှဖေးကို တစ်ယောက်တည်း တားဆီးနိုင်မည် မဟုတ်ကြောင်း စိတ်ထဲတွင် သိနေသဖြင့် လမ်းဖယ်ပေးလိုက်ပြီး ပိုင်ရယ်နှင့် ယှဉ်ပြိုင်ခိုင်းလိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်သည်။ ဤမဆင်မခြင် ကောင်လေးကို ရန်စရန် အကြောင်းမရှိပေ။

သူ မျက်နှာမဲ့လိုက်ပြီး ခေါင်းခါကာ ဘီးများကို ဘေးသို့ အနည်းငယ် လှည့်၍ ရှဖေးကို ဖြတ်ခွင့်ပြုလိုက်သည်။

“ ဒါ တကယ် ကံဆိုးတာပဲ... ဒီနှစ်ထဲမှာ လူသစ်နှစ်ယောက်ကို ကျော်တက်ခွင့် ပြုလိုက်ရတယ် ”

ရှဖေး၏ အနီရောင် ဟောဗာကားသည် ညီဝေ၏ ဘေးမှ အလွန် လျှင်မြန်စွာ ဖြတ်ကျော်သွားပြီး ညီဝေသည် မျက်လုံးထောင့်စွန်းမှ တဆင့် လူသစ်လေးက သူ့အား ကျေးဇူးတင်ကြောင်း ပြသသည်ကို မြင်လိုက်ရသည်။

အားကိုးရာမဲ့စွာဖြင့် သူ လက်ဝှေ့ယမ်းပြလိုက်သည်။ ဆိုလိုရင်းမှာ - ‘ မြန်မြန်သွားပါ၊ ငါ ဒီနေ့ လုံလောက်အောင် စိတ်ပျက်နေပြီ ’

သုံးပတ်တိုင်တိုင် ရိုင်းစိုင်းစွာ မောင်းနှင်ပြီးနောက် အင်ဂျင်ခန်းမှ အဖြူရောင် မီးခိုးများ ထပ်မံ ထွက်ပေါ်လာပြီး အိုင်းယွန်း တွန်းကန်အား စက်များ၏ အပူချိန်သည် ဘေးကင်းသော အတိုင်းအတာထက် ကျော်လွန်သွားပြန်သည်။

ရှဖေးသည် မျက်လုံးထောင့်စွန်းမှ နောက်သို့ လှမ်းကြည့်လိုက်ပြီး အံကြိတ်ကာ အရှိန်မြှင့်တံကို ပြတ်ပြတ်သားသား နင်းလိုက်သည်။ သူ ပြိုင်ပွဲ၏ ဤအဆင့်ထိ ရောက်လာခဲ့ပြီ ဖြစ်သဖြင့် လက်လျှော့မည် မဟုတ်ပေ။ အပူလွန်ကဲနေမှုကို သူ အသိအမှတ် ပြုသော်လည်း ဟောဗာကား ရွေ့လျားနိုင်သမျှ ကာလပတ်လုံး ရှေ့သို့ ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သည်။

အဝေးတွင် ရှဖေးသည် ပိုင်ရယ်၏ ၂၀၁ ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီး သူတို့ကြားတွင် မိုင်ဝက်ခန့် ကွာဝေးသည်။ ရှဖေးသည် သူ၏ အရှိန် အားသာချက် တစ်ခုတည်းဖြင့် ပိုင်ရယ်နှင့် ပိုမို နီးကပ်လာအောင် ဆက်လက် လုပ်ဆောင်နေသည်။

၈၀၀ မီတာ

၅၀၀ မီတာ

၃၀၀ မီတာ

မကြာမီ ကားနှစ်စီးသည် မပြောပလောက်သော အကွာအဝေး အတွင်း ရောက်ရှိလာကြပြီး တစ်စီးက အခြားတစ်စီးကို ကျော်တက်ခွင့် ပြုရန် ဆန္ဒမရှိကြပေ။ ပိုင်ရယ်တွင် အလွန် ကောင်းမွန်သော မောင်းနှင်မှု ကျွမ်းကျင်မှု ရှိပြီး လမ်းကြောင်းကို နားလည်မှု အလွန် ကောင်းမွန်သဖြင့် သူ၏ ဟောဗာကားကို အားသာချက် အရှိဆုံး နေရာတွင် အမြဲ ထားရှိနိုင်သည်။

အကယ်၍ ရှဖေး သူ့ကို ကျော်တက်ရန် စီစဉ်ပါက အလွန် အဆင်မပြေသော လမ်းကြောင်းတွင် နေရမည် ဖြစ်သည်။ သူ၏ အင်ဂျင်မှ ထွက်လာသော အဖြူရောင် မီးခိုးများ မည်မျှ ထူထပ်သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ယာဉ်သည် ပျက်စီးရန် မဝေးတော့ကြောင်း သေချာနေသည်။

ကံကောင်းလျှင် နောက်ထပ် နှစ်မိနစ်ခန့် ခံနိုင်ရည် ရှိပေမည်။ ကံမကောင်းလျှင် သူ၏ ဟောဗာကားသည် နောက်တစ်စက္ကန့်တွင် ပျက်စီးသွားနိုင်သည်။ ဆက်တိုက် ဆံညှပ်ကွေ့ ၁၂၈ ခုကို ရှင်းလင်းပြီးနောက် ရှဖေးသည် ကိုယ်ထည် နှစ်ခုစာ အကွာအဝေးခန့် နောက်ကောက်ကျနေသေးသည်။

ရှဖေး မျက်မှောင်ကြုတ်လိုက်ပြီး ဦးနှောက်က အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေသည်။ အပူလွန်ကဲနေသော အင်ဂျင်၏ စွမ်းဆောင်ရည်သည် ပုံမှန်အားဖြင့် ကြီးမားသော ကျဆင်းမှုကို တွေ့ကြုံရလေ့ရှိပြီး သူ၏ ဟောဗာကားသည် သူ့ဘာသာသူ တိုက်ပွဲတွင် တဖြည်းဖြည်း ရှုံးနိမ့်နေသည်ကို ခံစားနေရသည်။

မူလက ဤဖြောင့်တန်းသော လမ်းကြောင်းသည် ရှဖေး၏ ဟောဗာကား စွမ်းဆောင်ရည် ပြသရန် အကောင်းဆုံး နေရာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ ဟောဗာကား အရှိန်သည် ပိုင်ရယ်ထက် ပိုမြန်ပြီး ဤသာလွန်သော အရှိန် တစ်ခုတည်းဖြင့် ပြိုင်ဘက်များကို အနိုင်ယူနိုင်သည်။

သို့သော် အပူလွန်ကဲနေသော အင်ဂျင်ကြောင့် ဟောဗာကားသည် ပုံမှန် စွမ်းဆောင်ရည်၏ ၉၀ ရာခိုင်နှုန်း ခန့်သာ လုပ်ဆောင်နိုင်သဖြင့် ရှဖေး တချိန်က ရရှိခဲ့သော အားသာချက် ဆုံးရှုံးသွားရသည်။

အံကြိတ်ကာ ရှဖေးသည် သူ၏ လက်ကို ဒိုင်ခွက်ပေါ်ရှိ အနီရောင် ခလုတ်တစ်ခု ပေါ် တင်လိုက်သည်။

ဤခလုတ်သည် အင်ဂျင်အတွက် ကိုယ်တိုင် ထိန်းသိမ်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်ရန် ဖြစ်သည်။ နှိပ်လိုက်သည်နှင့် အင်ဂျင်သည် ကိုယ်တိုင် ထိန်းသိမ်းခြင်းကို လစ်လျူရှုပြီး ချက်ချင်းပင် စွမ်းအား ၂၀၀ ရာခိုင်နှုန်းကို ထုတ်လွှတ်လိမ့်မည်။

သို့သော် ထိုကဲ့သို့ အစွန်းရောက်သော အစီအမံသည် တစ်စက္ကန့်သာ ခံမည် ဖြစ်ပြီး ထိုတစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့် အင်ဂျင်သည် လုံးဝ ပျက်စီးသွားမည် ဖြစ်ကာ ဟောဗာကားကို တစ်စင်တီမီတာမျှပင် ရွေ့လျားစေနိုင်မည် မဟုတ်တော့ပေ။

ပန်းဝင်မျဉ်းသို့ ရောက်ရန် သုံးမိုင်ခန့် လိုတော့သည့် အချိန်တွင် ရှဖေး အခွင့်အရေးကို မြင်လိုက်ပြီး ထိုခလုတ်ကို ပြတ်ပြတ်သားသား နှိပ်လိုက်သည်။

ဝှစ်...

ရှဖေး၏ ဟောဗာကား ရုတ်တရက် ခုန်တက်သွားသည်။

မှန်ပါတယ်... ခုန်တက်သွားတာ။ အလွန်အကျွံ စွမ်းအားသည် စက်နှိုးလိုက်သည့် အခိုက်အတန့်တွင် ယာဉ်ကို ပျံသန်းသွားစေသည်။ ပိုင်ရယ် သူ၏ မျက်လုံးများကို မယုံနိုင် ဖြစ်သွားသည်။ ရှဖေး၏ ဟောဗာကားသည် လေယာဉ်ပျံ တစ်စင်းကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားသည်။

“ ဒါ လုံးဝ မဖြစ်နိုင်ဘူး ” ပိုင်ရယ် အရှိန်မြှင့်တံကို ပြင်းပြင်းထန်ထန် နင်းလိုက်ပြီး အော်ဟစ်လိုက်သည်။ မျက်လုံးအိမ်များ ကျွတ်ထွက်လုနီးပါး ဖြစ်သွားသည်။

ရှဖေး စိတ်ကူးမယဉ်နိုင်လောက်အောင် လုပ်ဆောင်လိုက်သော ထိုအခိုက်အတန့်တွင် သူသည် ခန္ဓာကိုယ်ကို တစ်ဖက်သို့ ယိမ်းလိုက်ပြီး စတီယာရင်ကို တင်းကျပ်စွာ ထိန်းထားလိုက်သည်။

မီးနီရောင် ဟောဗာကားသည် ဘဲလေးကနေသကဲ့သို့ ဖြစ်နေသည်။ လေထဲတွင် လှပစွာ လှည့်ပတ်ပြီးနောက် ပိုင်ရယ်၏ ဟောဗာကား ရှေ့တည့်တည့်သို့ တည့်မတ်စွာ ကျဆင်းလာသည်။

အရာအားလုံး ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် ပိုင်ရယ် ဘရိတ်အုပ်ရန် အချိန်မရလိုက်ပေ။

ဝုန်း...

ပိုင်ရယ် ဟောဗာကား၏ ရှေ့ပိုင်းသည် ရှဖေး၏ နောက်ပိုင်းကို တည့်တည့်ဝင်တိုက်မိသွားသည်။

ဘုန်း...

ဟောဗာကား၏ ရှေ့ပိုင်းသည် မြင့်မားစွာ ကြွတက်သွားသည်။ ရှဖေးသည် ပိုင်ရယ်၏ တိုက်မိမှုမှ ရရှိသော တွန်းအားကို အသုံးပြုပြီး သူ၏ ဟောဗာကားကို ရှေ့သို့ တွန်းပို့လိုက်သည်။

ရှဖေး၏ ဟောဗာကား အင်ဂျင်သည် ယခုအချိန်တွင် လုံးဝ အသုံးမဝင်တော့ဘဲ ရှေ့ဆက်သွားရန် မည်သည့် တွန်းကန်အားမျှ မထုတ်လုပ်နိုင်တော့သော်လည်း ပိုင်ရယ်က သူ့ဟောဗာကား၏ နောက်ပိုင်းကို ဝင်တိုက်လိုက်ခြင်းက သူ့ကို တွန်းအား တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုတွန်းအားကြောင့်ပင် ရှဖေး၏ ဟောဗာကားသည် အဝါရောင် ပန်းဝင်မျဉ်းကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။

“ ဒီပြိုင်ပွဲရဲ့ ဒုတိယ နေရာက တကယ့်ကို မယုံနိုင်စရာပါပဲ၊ ရှဖေးက ပန်းဝင်မျဉ်းကို ဒုတိယ အနေနဲ့ ဖြတ်ကျော်နိုင်ခဲ့ပါပြီ ” ဆံပင်အနီရောင် ကြေညာသူသည် စိတ်လှုပ်ရှားစွာ မတ်တတ်ထခုန်လိုက်သည်။

“ နောက်ဆုံး နေရာကနေ ဒုတိယ နေရာအထိ... တကယ့် အံ့ဖွယ်ရာပါပဲ ”

“ ဟုတ်ပါတယ်၊ စောစောက စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကို ပြုပြင်ပြီး ပြိုင်ပွဲ ဆက်ဝင်ခဲ့ရာကနေ အခု ဒုတိယ ရသွားတာ၊ အဲဒီ လူငယ်လေးက ပြိုင်ပွဲ သမိုင်းမှာ မမေ့နိုင်စရာ မှတ်တိုင်တစ်ခု စိုက်ထူခဲ့တာ သေချာပါတယ် ”

တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော သက်လတ်ပိုင်း ကြေညာသူသည် ရှဖေး၏ အောင်မြင်မှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ကြည့်ရှုသူ စင်မြင့်ပေါ်တွင် လူအုပ်ကြီးသည် ဤအောင်ပွဲက သူတို့ပိုင်ဆိုင်သကဲ့သို့ ဤရလဒ်ကို ဂုဏ်ပြုရန် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ပေါက်များကို လေထဲသို့ ပစ်မြှောက်လိုက်ကြသည်။

လူတိုင်း ရိုင်းစိုင်းစွာ အောင်ပွဲခံနေကြပြီး ပျော်ရွှင်မှုကြောင့် လက်ထဲရှိသမျှ အရာများကို လေထဲသို့ ပစ်မြှောက်လိုက်ကြသည်။ ထိပ်ပြောင်ပြောင် ဝဖိုင့်ဖိုင့် အမျိုးသား တစ်ဦးသည် ခေါင်းကို ပွတ်သပ်ရင်း နောက်ဘက်ရှိ လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။

“ ဘယ်သူက ငါ့ကို ဖိနပ်နဲ့ ပစ်လိုက်တာလဲ ”

သူ စကားမဆုံးခင်မှာပင် ဆိုဒါပုလင်း တစ်လုံး လူအုပ်ထဲမှ ပျံထွက်လာပြီး သူ့ခေါင်းပေါ် တည့်တည့် ကျရောက်လာသည်။

အလင်းနှစ်များစွာ ဝေးကွာသော နေရာတွင် အီလက်ထရွန်နစ် ပစ္စည်း တစ်ခုခု ကျကွဲသံ တစ်ခု အေဗရယ်၏ အခန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အိုမင်းနေသော အိမ်တော်ထိန်းသည် တံခါးကို ထိတ်လန့်တကြား ဖွင့်ကာ ပြေးဝင်လာသည်။

“ သခင်မလေး... အဆင်ပြေရဲ့လား ”

အေဗရယ်သည် မြေကြီးပေါ်ရှိ ပျက်စီးနေသော ကွန်ပျူတာကို ညွှန်ပြပြီး ပြောလိုက်သည်။

“ သမီး ပျော်လွန်းလို့ ကွန်ပျူတာကို မတော်တဆ ပစ်ချလိုက်မိတယ်၊ နောက်ထပ် တစ်လုံး မြန်မြန် ယူလာပေးပါ၊ ရှဖေး ဆုယူတာကို သမီး ကြည့်ချင်လို့ ”

အိမ်တော်ထိန်းအိုကြီး နှုတ်ခမ်းမဲ့လိုက်သည်။ “ သိပါပြီ၊ သခင်မလေး အဆင်ပြေရင် အကုန် အဆင်ပြေပါတယ် ”

အခန်းမှ ထွက်ခွာရန် လှည့်ထွက်သွားရင်း အဘိုးကြီးသည် အနည်းငယ် စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“ သခင်မလေးက မူလက သူ့အရုပ်တွေကို ဖျက်ဆီးတာပဲ ကြိုက်တာ၊ အခု ကွန်ပျူတာပါ အပျက်အစီး စာရင်းထဲ ပါလာပြီ၊ မဖြစ်ဘူး... အရေးပေါ် အခြေအနေ အတွက် AI ကွန်ပျူတာ အနည်းငယ် ကြိုတင် မှာထားမှ ဖြစ်မယ် ”

ရှဖေး၏ အနီရောင် ဟောဗာကား အဝါရောင် ပန်းဝင်မျဉ်းကို ဖြတ်ကျော်သွားသည့် အခိုက်အတန့်တွင် ဟောဗာကား အတွင်းရှိ စက်ပိုင်းဆိုင်ရာ စနစ် တစ်ခုလုံး ပျက်စီးသွားသည်။ ဆိုင်းထိန်းစနစ် မပါဘဲ ဟောဗာကား၏ ကိုယ်ထည်သည် လမ်းကြောင်း တစ်လျှောက် လျှောတိုက်သွားပြီး မီးပန်းများထက် ပိုမို တက်ကြွသော မီးပွားများ ကိုယ်ထည်အောက်ပိုင်းမှ ထွက်ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် ဟောဗာကား၏ ကိုယ်ထည် ဘောင်သည် ခိုင်ခံ့သဖြင့် လမ်းကြောင်း တစ်လျှောက် အကွာအဝေး တစ်ခုအထိ လျှောတိုက်သွားသော်လည်း ဖွဲ့စည်းပုံ ပျက်စီးခြင်း မရှိဘဲ မီးလောင်ကျွမ်းခြင်းလည်း မရှိခဲ့ပေ။

ရှဖေး၏ ဟောဗာကားသည် နောက်ဆုံးတွင် ပြိုင်ကွင်း အလယ်တည့်တည့်၌ ရပ်တန့်သွားသည်။ အထဲမှ ခုန်ထွက်လိုက်ပြီး ရှဖေးသည် ဦးထုပ်ကို ဘေးသို့ ပစ်ချကာ ပိုင်ရယ်၏ ဟောဗာကားဆီသို့ လျှောက်သွားလိုက်သည်။

ပိုင်ရယ်၏ အခြေအနေသည် ရှဖေးထက် မသာလွန်ပေ။ သူ၏ ဟောဗာကား ရှေ့ပိုင်းသည် ရှဖေး၏ နောက်ပိုင်းကို ဝင်တိုက်မိသဖြင့် ပိုင်ရယ်သည် ထိုအခိုက်အတန့်တွင် ယာဉ်ထိန်းချုပ်မှု လွတ်သွားပြီး မြေကြီးပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားကာ လမ်းဘေးတွင် ရပ်တန့်သွားသည်။

ပို၍ ဆိုးရွားသည်မှာ ရှဖေးသည် ပိုင်ရယ်၏ တွန်းအားကို ယူပြီး ရှေ့သို့ ဆက်သွားခဲ့သဖြင့် ပိုင်ရယ်၏ ဟောဗာကားသည် ပန်းဝင်မျဉ်းနှင့် မီတာ အနည်းငယ် အကွာတွင် ရပ်တန့်သွားခြင်း ဖြစ်သည်။

ညီဝေသည် သူတို့ကို ကျော်ဖြတ်ပြီး တတိယ နေရာ ရရှိသွားသည်။ ထိုအတောအတွင်း ပိုင်ရယ်၏ ယာဉ်သည် ရှဖေးကြောင့် ယခု ပျက်စီးသွားပြီ ဖြစ်သဖြင့် သူ ပြိုင်ပွဲ ပြီးဆုံးအောင် မမောင်းနှင်နိုင်ခဲ့ပေ။

ပိုင်ရယ်သည် ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို မောင်းနှင်ခန်းထဲမှ ဆွဲထုတ်ပြီး တွားသွား ထွက်လာသည်။ လေ့ကျင့်ရေး စခန်းရှိ အမျိုးသမီးများကြား ရေပန်းစားသော ဤမင်းသားလေးသည် ပုံမှန်ကဲ့သို့ ကြည့်ကောင်းခြင်း မရှိတော့ပေ။ သူ၏ အဝတ်အစားများ စုတ်ပြတ်နေပြီး မျက်နှာတွင် ဖုန်များနှင့် အညစ်အကြေးများ ပေကျံနေသည်။ သူ ဂုဏ်ယူသော ဆံပင်များပင် ရှုပ်ပွနေသည်။

ရှဖေးသည် အပြုံးတစ်ခုနှင့်အတူ ပိုင်ရယ်ထံ လျှောက်သွားသည်။

“ အို... ဘုရားရေ၊ မင်းသားလေး ပိုင်ရယ် အဆင်ပြေရဲ့လား၊ ကျွန်တော့် ဟောဗာကား ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားလို့ ခင်ဗျားပါ ထိခိုက်သွားရတာ၊ တကယ်ပါ... ကျွန်တော် ဒီထက်ပိုပြီး နောင်တရလို့ မရတော့ပါဘူး ” ရှဖေး ဟန်ဆောင် တောင်းပန်လိုက်သည်။

စမ်းသပ်မောင်းနှင်မှု ကာလအတွင်း ပိုင်ရယ်သည် ရှဖေးကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့သည်။ ရှဖေး သည်းခံခဲ့သည်။ တကယ့် ပြိုင်ပွဲတွင် ပိုင်ရယ်သည် တမင်တကာ အရှိန်မြှင့် မောင်းနှင်ပြီး လေတိုးအားဖြင့် သူ့ကို နာကျင်စေရန် ကြိုးစားခဲ့သည်။ ဒုတိယ အကြိမ်တွင် ရှဖေးသည် လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည်။

ရှေးဟောင်း စကားပုံ ဆိုသလို ‘ကိစ္စရပ်တွေက အမြဲတမ်း တစ်ဖက်သတ် မဖြစ်နိုင်ဘူး’။ ထို့ကြောင့် ရှဖေးသည် ပြိုင်ပွဲ၏ နောက်ဆုံး အပတ်တွင် ပန်းဝင်မျဉ်းကို ဖြတ်ကျော်ရန် ပိုင်ရယ်၏ အရှိန်အဟုန်ကို ငှားရမ်းခဲ့ရုံသာမက အစောပိုင်းက ခံစားခဲ့ရသော အနှောင့်အယှက်များ အတွက် ပိုင်ရယ်ကို လက်တုံ့ပြန်ခဲ့သည်။

“ ရှဖေး... မင်း တမင်သက်သက် လုပ်တာ ” ပိုင်ရယ်၏ မျက်နှာသည် အေးစက်နေပြီး သွားတစ်ချောင်း ထွေးထုတ်လိုက်ကာ သွေးတစ်လုပ် မျိုချပြီးနောက် ယုတ်မာစွာ စွပ်စွဲလိုက်သည်။

ရှဖေး အပြစ်ကင်းစင်ဟန် ဆောင်လိုက်သည်။

“ မင်းသားလေး ပိုင်ရယ်... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ နာမည်ကောင်းကို မဖျက်ပါနဲ့၊ ဒါတွေ အားလုံးက မတော်တဆမှုပါ ”

ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ရှဖေး ဆက်ပြောသည်။

“ အရင်တုန်းက ကျွန်တော့် ဟောဗာကား ပြဿနာ ဖြစ်တုန်းက ခင်ဗျားလည်း ဒီနားတစ်ဝိုက်မှာ ကျွန်တော့်ကို တိုက်မိလုနီးပါး ဖြစ်ခဲ့တာပဲ၊ ခင်ဗျား အဲဒါကို တမင် လုပ်တာလား မလုပ်ဘူးလား ဆိုတာ ဘယ်သူ သိမှာလဲ ”

ပိုင်ရယ် ခေတ္တမျှ ကြောင်အသွားသည်။ ယခင်က ရှဖေးကို ဟောဗာကားဖြင့် တိုက်ရန် ကြံစည်ခဲ့သော နေရာတွင် သူ ရပ်နေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

ထိုအချိန်မှသာ ရှဖေး၏ လုပ်ရပ် အားလုံးသည် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပိုင်ရယ် သိလိုက်ရသည်။ လက်စားချေသည့် နေရာပင် အတူတူ ဖြစ်နေသည်။

ရှဖေး၏ နည်းလမ်းသည် ပိုမို သိမ်မွေ့ပြီး ပိုမို ရက်စက်သည်သာ ကွာခြားသည်။ ကြီးမားသော ဘေးကင်းလုံခြုံရေး စနစ်များသာ မရှိခဲ့လျှင် ပိုင်ရယ်သည် ဤနေရာတွင် အသက်ဆုံးရှုံးသွားနိုင်သည်။

ပိုင်ရယ် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာထား ပုံမှန် ပြန်ဖြစ်သွားသည်။ “ အမှားတစ်ခု ဖြစ်တဲ့အတွက် ဒီကိစ္စကို ထပ်မပြောကြရအောင်၊ ဘာပဲဖြစ်ဖြစ် ငါတို့က လေ့ကျင့်ရေး စခန်းမှာ အတူတူ ရှိနေကြတာ၊ ဒီကိစ္စကို သဘောမတူနိုင်စရာ အကြောင်းမရှိပါဘူး၊ ပြီးတော့ ငါ... ပိုင်ရယ်က အငြိုးအတေး ထားတတ်တဲ့သူ မဟုတ်ပါဘူး ”

ရှဖေး၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ရယ်မောလိုက်သည်။

“ တကယ်တော့ ကျွန်တော်လည်း အငြိုးအတေး ထားရတာ မကြိုက်ပါဘူး၊ ကျွန်တော်က နေရာမှာတင် လက်စားချေရတာကို ပိုသဘောကျတယ် ”

အခန်း ၈၉ - အသင်း ၁၃ ၏ မှားယွင်းသော စွပ်စွဲချက်

လရောင်လွှမ်းသောကွေ့ ပြိုင်ကွင်း၊ ဇိမ်ခံခန်းမ။ရဲ့ကျင်းရှန်းသည် နဖူးကြော ရှုံ့တွလျက် မေးလိုက်သည်။

“ မင်း ဟောဗာကားကို တစ်စုံတစ်ယောက်က တမင် ဖျက်ဆီးထားတယ်လို့ ဘာလို့ ယုံကြည်တာလဲ ”

ရှဖေး ပြုံးလိုက်သည်။

“ တပ်မှူးယဲ့... ကျွန်တော် အဲဒီ ဟောဗာကားကို ကိုယ်တိုင် တပ်ဆင်ထားတာပါ၊ ဝက်အူ တစ်ခုစီတိုင်း ဘယ်မှာ ရှိလဲ ဆိုတာ ကျွန်တော် သိပါတယ်၊ ပြိုင်ပွဲ မစခင်မှာ ကျွန်တော် အစိတ်အပိုင်း အားလုံးကို သေချာ စစ်ဆေးခဲ့တယ်၊ ဖိအား ထိန်းချုပ်ရေး စနစ်မှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး ”

“ ပြိုင်ပွဲ အတွင်းမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပေါ်လာတော့မှ ဖိအား ဗားရဲ့ ညှိနှိုင်း ခလုတ်ကို ညာဘက် ၁၅ ဒီဂရီလောက် တစ်စုံတစ်ယောက်က လှည့်ထားတာ တွေ့ခဲ့ရတယ်၊ ကျွန်တော် အစိတ်အပိုင်း အားလုံးကို ကန့်သတ်ချက် နီးပါးအထိ ချိန်ညှိထားတာ၊ ၁၅ ဒီဂရီ ဆိုတာ မများပေမယ့် ဖိအားပိုက် ခံနိုင်ရည် ရှိတဲ့ အတိုင်းအတာကို ကျော်လွန်သွားစေဖို့ လုံလောက်ပါတယ် ”

“ အဲဒီလူက အရမ်း ပါးနပ်တယ်၊ သူ့နည်းလမ်းတွေကလည်း သိမ်မွေ့တယ်၊ ဟောဗာကား ပျက်စီးသွားလို့ ဖိအား ထိန်းချုပ်ရေး စနစ်ရဲ့ အကာအကွယ် အဖုံး ပျက်စီးပြီး အတွင်းထဲက ချိန်ညှိမှုတွေကို ဖော်ပြမလာခဲ့ရင် တစ်စုံတစ်ယောက်က လက်နဲ့ ပြုလုပ်ထားတယ် ဆိုတာ ကျွန်တော် ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး ” ရှဖေးက ရှင်းပြလိုက်သည်။

ရဲ့ကျင်းရှန်းနှင့် ရောဘတ်တို့သည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။

ရောဘတ်က မေးလိုက်သည်။ “ ရှဖေး... ဒါတွေက မင်းပြောစကားတွေပဲ ရှိသေးတယ်၊ မင်းရဲ့ ပြောဆိုချက်ကို ထောက်ခံဖို့ သက်သေ အထောက်အထား မရှိဘူး ”

“ ပါဝင် ပတ်သက်သူ တစ်ယောက် အနေနဲ့ ကျွန်တော် သိသမျှ အားလုံးကို ထုတ်ဖော် ပြောဆိုဖို့က ကျွန်တော့် တာဝန်ပါ၊ ယုံတာ မယုံတာကတော့ ခင်ဗျားတို့ သဘောပါ၊ လေ့ကျင့်ရေး စခန်းက ဒီကိစ္စကို သင့်လျော်သလို စုံစမ်းစစ်ဆေးဖို့ သိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” ရှဖေးက တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

ရဲ့ကျင်းရှန်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ မင်းပြောတာ မှန်ပါတယ်၊ လေ့ကျင့်ရေး စခန်းက ဒီကိစ္စကို သေချာပေါက် စုံစမ်းစစ်ဆေးပါလိမ့်မယ်၊ တခြား ကိစ္စ မရှိရင် မင်း သွားလို့ ရပါပြီ ”

ရှဖေး ဦးညွှတ်ပြီး တံခါးပေါက်မှ ထွက်ခွာသွားသည်။

“ အသင်း ၁၃ လေ့ကျင့်ရေး စခန်းကို ရောက်လာလာချင်း ဒီလိုကိစ္စ ဖြစ်ပွားတာ... မင်း ပြောသလို တကယ် ဖြစ်နိုင်မလား၊ အသင်း ၁၃ က တစ်ယောက်ယောက် တရားစီရင်သူ ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတာလား၊ ဒါပေမယ့် ဘာလို့ အဲဒီလူက ရှဖေးကို ပစ်မှတ်ထားရတာလဲ ” ရှဖေး ထွက်ခွာသွားပြီးနောက် ရဲ့ကျင်းရှန်းသည် နဖူးကြော ရှုံ့တွလျက် ထိုပြဿနာကို အသံထွက် တွေးတောလိုက်သည်။

ရောဘတ် သက်ပြင်းချလိုက်သည်။ “ ငါသာ ဒီကိစ္စကို နားလည်ခဲ့ရင် သူတို့ကို ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းဆီ ပို့လိုက်စရာ အကြောင်းမရှိဘူး ”

“ အခုထိ ငါသိတာက အသင်း ၁၃ က တစ်ယောက်ယောက်က ပြိုင်ပွဲ ဇယားကို ပြုပြင်ပြီး ရှဖေးနဲ့ ချန်သုန်းကို ယှဉ်ပြိုင်စေခဲ့တယ် ဆိုတာပဲ၊ ချန်သုန်းရဲ့ အင်အားကို အားလုံး သိကြတယ်၊ သူက ရှဖေးနဲ့ လုံးဝ မတူညီတဲ့ အဆင့်မှာ ရှိတဲ့သူ၊ အဲဒါကြောင့် အဲဒီလူက ရှဖေးကို ရှင်းပစ်ချင်လို့ ဒီလိုလုပ်တာလို့ ငါ ကောက်ချက်ချခဲ့တာ ”

“ ပြီးတော့ အဲဒီတုန်းက ပြိုင်ပွဲဝင် ၁၂ ယောက် အကြောင်းပြချက် မရှိဘဲ ပျောက်ဆုံးသွားတာကို ထည့်သွင်းစဉ်းစားရင် အဲဒီလူက ဒီကိစ္စနဲ့ ဆက်စပ်မှု ရှိနိုင်ခြေ များတယ်၊ အဲဒါက ငါ အခုထိ သိထားသမျှ အားလုံးပဲ ”

ရောဘတ်သည် သူ သိထားသမျှ အားလုံးကို ရဲ့ကျင်းရှန်းအား ချန်လှပ်ထားခြင်း မရှိဘဲ ဖွင့်ဟ ပြောပြလိုက်သည်။ ရဲ့ကျင်းရှန်းသည် စားပွဲခုံကို လက်ချောင်းဖြင့် အချိန်အတော်ကြာ ခေါက်နေပြီး စဉ်းစားခန်း ဝင်နေသည်။

“ အဲဒီလို ဖြစ်နေမှတော့ မင်းရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့၊ အသင်း ၁၃ ကိစ္စကို ငါ့တာဝန်ထားလိုက် ” သူ နောက်ဆုံးတွင် ပြောလိုက်သည်။ “ ပျောက်ဆုံးနေတဲ့

ပြိုင်ပွဲဝင်တွေ အကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်က ဘယ်လိုလဲ ”

ရောဘတ် ခေါင်းခါလိုက်သည်။ “ ဒီနှစ်မှာ ငါတို့ အန်ဒါရို ကြယ်တာရာ နယ်မြေတင် မကဘူး၊ မဟာမိတ်အဖွဲ့ရဲ့ တခြား ကြယ်တာရာ နယ်မြေတွေမှာလည်း ပြိုင်ပွဲဝင်တွေ ပြန်ပေးဆွဲခံရမှုတွေ ဖြစ်ပွားနေတယ်၊ သူတို့အားလုံးက အသက် ၁၆ နှစ်အောက် အဆင့်မြင့် အထူးစွမ်းရည် ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေ ချည်းပဲ ”

“ အို... ” ရဲ့ကျင်းရှန်း အနည်းငယ် အံ့သြသွားသည်။

“ သူတို့အားလုံးက မိန်းကလေးတွေလား၊ ဘာလို့ အဲဒီလူတွေက အမျိုးသမီး ပြိုင်ပွဲဝင်တွေကိုပဲ ပစ်မှတ်ထားရတာလဲ ”

ရောဘတ် ခေါင်းခါလိုက်သည်။

“ ဘယ်သူမှ မသိကြဘူး၊ ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အရ ငါတို့ တစ်ဖွဲ့တည်း ဒီလို ကြုံတွေ့နေရတာ မဟုတ်ဘူး၊ ဟားမစ်အဖွဲ့နဲ့ တခြား စစ်သည်တော် အဖွဲ့အစည်း အသေးလေးတွေလည်း မလွတ်ဘူး၊ သူတို့လည်း အလားတူ နည်းလမ်းနဲ့ ကြုံတွေ့နေရတယ်၊ ဒီဖြစ်ရပ်တွေက ဆက်လက် ဖြစ်ပွားနေပြီး သိရှိထားတဲ့ စကြဝဠာ တစ်ဝှမ်းလုံးမှာ ဖြစ်ပျက်နေတယ် ”

ရဲ့ကျင်းရှန်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။ “ ဒီလို လုပ်ရပ်က စစ်ကြေညာတာနဲ့ ဘာမှ မခြားနားဘူး၊ အဲဒီလူတွေရဲ့ အင်အားနဲ့ ရဲရင့်မှုက တကယ့်ကို ချီးကျူးစရာပဲ၊ အဓိက အဖွဲ့အစည်းကြီး နှစ်ခုကို တစ်ပြိုင်နက် ရင်ဆိုင်ရဲတာကို ကြည့်ရင် သူတို့မှာ ကိုယ်ပိုင် ဝှက်ဖဲ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ် ”

ရောဘတ် ခေါင်းညိတ်လိုက်သည်။

“ အဲဒါက ငါတို့ စိုးရိမ်ရမယ့် ကိစ္စ မဟုတ်တော့ဘူး၊ ဌာနချုပ်က 'အလုံးစုံ သုတ်သင်ရှင်းလင်းရေး' အမိန့် ထုတ်ပြန်လိုက်ပြီ၊ ငါတို့ အဲဒီလူတွေကို ရှာဖွေရမယ်၊ သူတို့ ဘယ်သူပဲ ဖြစ်နေပါစေ၊ သူတို့ နောက်ခံ ဘယ်လောက်ပဲ ကြီးမားပါစေ၊ သမဂ္ဂက သူတို့ကို အဆုံးထိ တိုက်ခိုက်သွားလိမ့်မယ် ”

ရဲ့ကျင်းရှန်းသည် သုတ်သင်ရှင်းလင်းရေး အမိန့်ကြောင့် အံ့သြသွားသည်။

တရားစီရင်သူ သမဂ္ဂ၏ ဖမ်းဝရမ်းများသည် အဆင့် သုံးဆင့် ရှိသည်။ အနိမ့်ဆုံးမှာ 'လိုက်လံဖမ်းဆီးရေး' အမိန့် ဖြစ်ပြီး၊ ထို့နောက် 'သတ်ဖြတ်ရေး' အမိန့်၊ နှင့် နောက်ဆုံးတွင် 'သုတ်သင်ရှင်းလင်းရေး' အမိန့် တို့ ဖြစ်ကြသည်။ တကယ်တမ်းတွင် သမဂ္ဂ အဖွဲ့ဝင်များကို စည်းရုံးရန် နောက်ထပ် အမိန့် သုံးဆင့် ရှိသေးသော်လည်း ထိုအမိန့်များကို ငြိမ်းချမ်းရေး ကာလတွင် အသုံးပြုမည် မဟုတ်ဘဲ စစ်အတွင်း ကာလတွင်သာ အသုံးပြုမည် ဖြစ်သည်။

သုတ်သင်ရှင်းလင်းရေး အမိန့်သည် လက်ရှိ အခြေအနေများ အရ သမဂ္ဂက ထုတ်ပြန်နိုင်သော အမြင့်ဆုံး အမိန့် ဖြစ်သည်။ ဤဝရမ်းကို လက်ခံရရှိသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် တွေ့ရှိသည်နှင့် ချက်ချင်း သတ်ဖြတ်ခံရမည် ဖြစ်ပြီး မည်သူမျှ အသက်ရှင် မကျန်ရစ်စေရန် သုတ်သင်ရှင်းလင်းခြင်း ခံရမည် ဖြစ်သည်။

မသိရှိရသော ဂိုဏ်း၏ လုပ်ရပ်များကြောင့် သမဂ္ဂ၏ အတွင်းပိုင်း ဌာနသည် အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။

လေ့ကျင့်ရေး စခန်း ဝန်ထမ်းများသည် ရှဖေး၏ ဟောဗာကားကို ဝိုင်းရံထားကြသည်။ တမင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သောကြောင့် ဤဟောဗာကားကို စစ်ဆေးရန် လေ့ကျင့်ရေး စခန်းသို့ ပြန်ပို့မည် ဖြစ်သည်။ တကယ်တမ်းတွင် အတွင်းပိုင်း စုံစမ်းစစ်ဆေးရေး ယူနစ်သည် သူတို့၏ စစ်ဆေးမှုကို စတင်နေပြီ ဖြစ်သည်။

ပိုင်ရယ်သည် ဝတ်စုံအသစ် လဲလှယ်ဝတ်ဆင်ထားပြီး အဝေးတွင် ရပ်နေသည်။ အဘိုးအို အစေခံသည် သူနှင့်အတူ ရှိနေသည်။

ဝန်ထမ်းများသည် ရှဖေး၏ ဟောဗာကားကို မည်မျှ ဂရုတစိုက် ကိုင်တွယ်နေသည်ကို ပိုင်ရယ် မြင်သောအခါ အနည်းငယ် စိုးရိမ်မကင်း ဖြစ်လာသည်။ တရားစီရင်သူ သမဂ္ဂသည် အဖွဲ့ဝင် အချင်းချင်း သေသည်အထိ တိုက်ခိုက်ခွင့် ပြုထားသော်လည်း သစ္စာဖောက်မှု ပုံစံမျိုးကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။

ပိုင်ရယ်သည် ရှဖေး၏ ဟောဗာကားကို ဖျက်ဆီးခဲ့ပြီး ရှဖေး အသက်ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့သည်ကို တွေ့ရှိပါက သူသည် လေ့ကျင့်ရေး စခန်းမှ ချက်ချင်း ထုတ်ပယ်ခံရမည် ဖြစ်ပြီး နောက်တစ်ကြိမ် ဘယ်တော့မှ လက်ခံတော့မည် မဟုတ်ပေ။

ကျားပျံတောင် ပိုင်မိသားစုသည် အန်ဒါရို ကြယ်တာရာ နယ်မြေတွင် အင်အားကြီးမားသော တည်ရှိမှု တစ်ခု ဖြစ်သော်လည်း အားကြီးသော တရားစီရင်သူ သမဂ္ဂ ရှေ့တွင် ပြောပလောက်စရာ မဟုတ်ပေ။ အကယ်၍ သူသာ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ကြောင်း တွေ့ရှိပါက သူ့လုပ်ရပ်၏ အကျိုးဆက်များမှ မည်သည့်အရာကမျှ ကယ်တင်နိုင်မည် မဟုတ်ပေ။

အိုမင်းနေသော အစေခံသည် ပိုင်ရယ် စိုးရိမ်နေသည်ကို သိသဖြင့် မျက်လုံးများကို မှေးစင်းလိုက်ပြီး ပြောလိုက်သည်။

“ သခင်လေး... ပြန်ကြရအောင်၊ ဒီကိစ္စကို ကျွန်တော့် တာဝန်ထားလိုက်ပါ၊ ဘယ်သူမှ သိမှာ မဟုတ်ဘူး ”

ပိုင်ရယ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ ရှဖေး မသိနိုင်ဘူးလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား၊ နောက်ဆုံးကျတော့ သူ ဘယ်လို လုပ်ပြီး သိသွားတာလဲ ”

အဘိုးကြီး စကားမပြောနိုင် ဖြစ်သွားသည်။ သူ့မျက်လုံးမှေးမှေးများက အိပ်နေသကဲ့သို့ ဖြစ်စေသည်။ သို့သော် ဤအမှတ်သည် သူ့ခေါင်းပေါ်တွင် မဟုတ်ဘဲ အသင်း ၁၃ ခေါင်းပေါ်တွင် ကျရောက်သွားသည်ကို ပိုင်ရယ် မည်သို့ သိနိုင်မည်နည်း။

တစ်ခါတစ်ရံတွင် ကိစ္စရပ်များသည် ထူးဆန်းသော နည်းလမ်းဖြင့် ဖြစ်ပေါ်တတ်သည်။ ရှောင်ဟိုင်လီသည် ထိုအချိန်က သူ၏ စိတ်မကြည်လင်မှုကို ဖြေဖျောက်ရန် ထိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် သူ့ခေါင်းပေါ်သို့ ဦးထုပ်များစွာ ကျရောက်လာပြီး တစ်လုံးထက် တစ်လုံး ပိုလေးလံလာခဲ့သည်။

ပြိုင်ပွဲ ပြီးဆုံးသည့် နေ့တွင်ပင် ရှဖေးသည် လေ့ကျင့်ရေး စခန်းသို့ ပြန်လာခဲ့သည်။ နောက်တစ်နေ့တွင် သူသည် မနက်စောစော ထပြီး လူသူကင်းမဲ့သော လမ်းကြောင်းအတိုင်း တစ်ယောက်တည်း လျှောက်သွားလိုက်သည်။

ရှေ့တွင် အဖြူရောင် ခြောက်ထောင့်ပုံ အဆောက်အအုံကို မြင်လိုက်ရသည်။ ရှဖေး စာကြည့်တိုက်ထဲသို့ မဝင်မီတွင်ပင် ထိုဝဖိုင့်ဖိုင့် အဘိုးကြီး၏ အသံကို ကြားလိုက်ရသည်။

ရှဖေးသည် လေ့ကျင့်ရေး စခန်း၏ အတွင်းပိုင်း ကွန်ရက်မှ အချက်အလက်များကို ရှာဖွေကြည့်ရှုခဲ့ရာ ထိုအဘိုးကြီး၏ နာမည်မှာ ချင်မန် ဖြစ်ပြီး ဤနေရာတွင် စာကြည့်တိုက်မှူး ရာထူးကို နှစ်ပေါင်း ၅၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

“ ဒီခေတ်ကြီးမှာ လမ်းဘေးက လူရမ်းကားတွေတောင် စာကြည့်တိုက်မှူး ဖြစ်ချင်နေကြတယ်၊ မင်း အိပ်မက် ဆက်မက်နေလိုက်၊ နောက်တစ်ခါ ငါ့ရှေ့ မပေါ်လာနဲ့၊ မဟုတ်ရင် မင်းရဲ့ အသုံးမကျတဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ် ”

ချင်မန်သည် သူ၏ မကျေနပ်မှုကို ထေ့ငေါ့သော မှတ်ချက်များဖြင့် ထုတ်ဖော်နေစဉ် အသက် ၂၀ အရွယ် လူငယ်တစ်ဦး စာကြည့်တိုက်ထဲမှ ရှက်ရွံ့သော မျက်နှာဖြင့် အလျင်အမြန် ပြေးထွက်လာသည်။ ချင်မန် သူ့အပေါ် ကော်ဖီဖြင့် ပက်လိုက်သဖြင့် သူ၏ မျက်နှာ စိုရွှဲနေသည်။

ထိုလူငယ် အပြင်ရောက်သွားသောအခါ ခြေဆောင့်ပြီး ဒေါသတကြီး ညည်းညူလိုက်သည်။

“ ခင်ဗျားလို လူကြီးတွေ စာကြည့်တိုက်ထဲမှာတင် သေလိုက် ”

သူသည် ရှဖေးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ ဒေါသတကြီး ထွက်ခွာသွားသည်။

“ ကြည့်ရတာ ဒီဝဖိုင့်ဖိုင့် အဘိုးကြီးမှာ တော်တော် ပြင်းထန်တဲ့ ဒေါသ ရှိပုံရတယ် ” ရှဖေး ပြုံးလိုက်ပြီး စာကြည့်တိုက် တံခါးကို ဖွင့်လိုက်သည်။

စာကြည့်တိုက်သည် ယခင်ကကဲ့သို့ လူသူကင်းမဲ့နေပြီး သူနှင့် အဘိုးကြီး စာကြည့်တိုက်မှူးသာ ရှိသည်။ ချင်မန်သည် ကောင်တာတွင် ထိုင်နေပြီး အသက်ရှုသံ ပြင်းပြင်းဖြင့် မောဟိုက်နေသည်။ တစ်စုံတစ်ယောက်ကို ဆူပူကြိမ်းမောင်းခြင်းကပင် သူ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်မှာ ထင်ရှားသည်။

“ အဘိုးကြီး... ဘာလို့ ရုတ်တရက် ဒေါသထွက်နေတာလဲ၊ တစ်ယောက်ယောက်က စာကြည့်တိုက်မှူး လာလျှောက်တာ မကောင်းဘူးလား၊ လက်တစ်စုံ ပိုရှိတော့ အလုပ်တွေ အများကြီး သက်သာသွားမှာပေါ့ ” ရှဖေး လျှောက်လာရင်း ရယ်မောလိုက်သည်။

ဝဖိုင့်ဖိုင့် ချင်မန်သည် သူ၏ လက်ဝါးတုတ်တုတ်ဖြင့် စားပွဲခုံကို အားကုန် ရိုက်ချလိုက်သည်။

“ ဟွန့်... စောစောက ကောင်စုတ်လေးက ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လာတာ မဟုတ်ဘူး ဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ ငါသိတယ်၊ ငါအသက်ကြီးပြီ ဆိုတော့ စာကြည့်တိုက်ကို လက်ဝါးကြီးအုပ်ဖို့ စဉ်းစားနေတာ၊ ငါ အဲဒီလို လုပ်ခွင့်ပေးမယ်များ ထင်နေလား... ငါသေမှပဲ ရမယ် ”

ရှဖေးသည် သူ၏ သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်ပြီး အတွင်းမှ သေသပ်လှပသော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ စားပွဲပေါ် တင်လိုက်ပြီး လက်ဖက်ရည်အိုးအစုံနှင့် လက်ဖက်ခြောက် ဘူးငယ်တစ်ဘူးကို ထုတ်ယူလိုက်သည်။

“ အဘိုးကြီး... ဒါတွေက ကျွန်တော့် မွေးရပ်ဂြိုဟ်က အထူး ထုတ်လုပ်ထားတဲ့ 'မိုးမခ' လို့ ခေါ်တဲ့ လက်ဖက်ခြောက်ကောင်းတွေပါ၊ အရသာ အရမ်း ကောင်းတယ်၊ ဒါကြောင့် အဘိုး စိတ်အေးသွားအောင် ဖျော်ပေးပါရစေ ” ရှဖေး ပြုံးလိုက်သည်။

ချင်မန် မျက်လုံးများ မှေးစင်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သံသယဖြင့် မေးလိုက်သည်။

“ အကြောင်းပြချက် မရှိဘဲ ဒီလောက် ယဉ်ကျေးပြနေတာ၊ မင်းလည်း မကောင်းကြံနေတာ မဟုတ်လား ကောင်လေး ”

ရှဖေး ခေါင်းခါလိုက်ပြီး ရယ်မောလိုက်သည်။ “ အဘိုးကြီး... ကျွန်တော့်ကို အထင်မလွဲပါနဲ့၊ ကျွန်တော်က အဘိုးကို ကျွန်တော့် အိမ်က လက်ဖက်ရည် အရသာ မြည်းစမ်းစေချင်ရုံ သက်သက်ပါ ”

“ တကယ် တခြား ဘာမှ မရှိဘူးလား ” ချင်မန်က ထပ်မံ စစ်ဆေးလိုက်သည်။

ရှဖေး ရယ်မောလိုက်သည်။

“ ကောင်းပါပြီ အဘိုးကြီး... အဘိုးက တကယ် ထက်မြက်တာပဲ၊ ကျွန်တော် မငြင်းတော့ပါဘူး၊ တကယ်တော့ ကျွန်တော် ဈေးကွက် သုတေသန လုပ်နေတာပါ၊ ဒီကုန်ပစ္စည်းကို အဘိုး သုံးသပ်ပေးနိုင်မလား ဆိုပြီး မျှော်လင့်နေတာ၊ အမြတ်ရဖို့ ဈေးကွက်တင်လို့ ရမလား ဆိုတာ သိချင်လို့၊ အဘိုးက ကျွန်တော့် ပစ်မှတ် လက်ခံသူတွေထဲက တစ်ယောက် ဆိုတော့... ”

ရှဖေးသည် အလွန် ပါးနပ်သော လိမ်ညာမှု တစ်ခုကို ပြောလိုက်ခြင်း ဖြစ်သည်။ ဈေးကွက် သုတေသန ဟုတ်လား။ ဖက်ဒရယ် ဒေါ်လာ နှစ်သောင်း တန်ဖိုးရှိသော လက်ဖက်ခြောက်ကို ဈေးကွက် သုတေသန လုပ်ရုံသက်သက်ဖြင့် ဘယ်သူက အသုံးပြုမှာလဲ။

ရိုးရှင်းသော အကြောင်းပြချက် တစ်ခုတည်းသာ ရှိသည်။ စာအုပ်ဖတ်ရန် ဖြစ်သည်။

ရှဖေးသည် ဤစာကြည့်တိုက်တွင် သိမ်းဆည်းထားသော စာအုပ်များကို အလွန် စိတ်ဝင်စားသော်လည်း တစ်နာရီလျှင် ၁၀ မှတ် ပေးရခြင်းသည် ဈေးကြီးလွန်းသည်။ ထို့အပြင် ရှဖေး အမှန်တကယ် ဖတ်ချင်သည်မှာ ဒုတိယထပ်ရှိ စာအုပ်များ ဖြစ်ပြီး ချင်မန် မည်မျှ ကပ်စေးနည်းသည်ကို ထောက်ရှုပါက ဖတ်ရှုခမှာ သက်သာလိမ့်မည် မဟုတ်ကြောင်း သေချာသည်။ ဤအဘိုးကြီးက သူ့ကို ဖတ်ခွင့်ပင် ပေးချင်မှ ပေးပေလိမ့်မည်။

ထို့ကြောင့် ရှဖေးသည် ကမ္ဘာမြေသားများ အကျွမ်းကျင်ဆုံး နည်းလမ်း ဖြစ်သည့် လက်ဆောင်ပေးခြင်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဤအဘိုးကြီးနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်သမျှ ကာလပတ်လုံး မည်သည့်အရာမဆို ဆွေးနွေးနိုင်မည် ဖြစ်သည်။ ဒါသည် စကြဝဠာ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ မှန်ကန်သော ထာဝရ အမှန်တရား ဖြစ်သည်။

ချင်မန် ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ “ မင်းမှာ တခြား ရည်ရွယ်ချက် ရှိမှန်း ငါသိတယ် ကောင်စုတ်လေး၊ ငါ ထင်တာ မှန်တယ်မလား ”

“ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ လုပ်စရာ ပိုကောင်းတာ မရှိတော့ မင်းရဲ့ လက်ဖက်ရည်ကို မြည်းစမ်းကြည့်မယ်၊ ပြောရရင် ငါက လက်ဖက်ရည် ခံစားမှုနဲ့ ပတ်သက်ရင် ကျွမ်းကျင်သူ တစ်ယောက်ပါ၊ နော့ဒ် ဂြိုဟ်ရဲ့ အထူး ထုတ်ကုန် ဖြစ်တဲ့ နှင်းဖြူ ငွေအပ် လက်ဖက်ရည်တောင် သောက်ဖူးတယ်၊ အဲဒီ အရသာက... ငါ့တစ်ဘဝလုံး မေ့နိုင်မှာ မဟုတ်ဘူး ” ချင်မန်က အတိတ်ကို ပြန်ပြောင်း ပြောပြလိုက်သည်။

ရှဖေးသည် ချင်မန်နှင့် ခဏတာ စကားစမြည် ပြောဆိုပြီးနောက် ရေဖြည့်ရန် လက်ဖက်ရည်အိုးကို ကိုင်လျက် စာကြည့်တိုက်၏ လက်ဖက်ရည်ခန်းထဲသို့ ဝင်သွားသည်။

ချင်မန်သည် လက်ထဲရှိ ဝဖိုင့်နေသော ကြောင်နက်ကြီးကို ပွတ်သပ်ပေးလိုက်သည်။

“ အိုဘလက်... အဲဒီကောင်လေးက တော်တော် ပါးနပ်ပုံ ရတယ်၊ သူ့မှာ အလားအလာ ရှိတယ်လို့ မင်းထင်လား ”

ထိုကြောင်နက်ကြီးသည် လူ့စကား နားလည်သကဲ့သို့ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

“ ငါ သဘောတူတယ် ” ချင်မန် ထူးဆန်းစွာ ပြုံးလိုက်ပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ “ ဒါဆို သူ့ကို အခွင့်အရေး ပေးလိုက်ရမလား ”

အခန်း ၉၀ - အရန်လူများ

မိုးမခ လက်ဖက်ရည်၏ ရနံ့သည် လတ်ဆတ်ပြီး ကြည်လင်နေကာ အရသာသည် ချိုမြိန်ပြီး နူးညံ့သည်။ သူ ယူဆောင်လာသော ဤလက်ဖက်ခြောက်ဘူးလေးကို မိုးရာသီ မတိုင်မီ ခူးဆွတ်ထားခြင်း ဖြစ်သဖြင့် မိုးမခ ဟု ခေါ်ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် လက်ဖက်ပင်သည် မိုးရာသီ မတိုင်မီ အရွက်တစ်ရွက်တည်းသာ ထွက်တတ်သဖြင့် မိုးမခ လက်ဖက်ရည်သည် အခြား အမျိုးအစား ဖြစ်သော မင်မခ လက်ဖက်ရည်ထက် ပိုမို နူးညံ့ပြီး ကျက်သရေ ရှိသော အရသာကို ပေးစွမ်းသည်။ တစ်ဘူးတွင် တစ်ကျပ်သားခန့်သာ ပါဝင်သော်လည်း ဖက်ဒရယ် ဒေါ်လာ နှစ်သောင်းခန့် တန်ဖိုးရှိသည်။

ချင်မန်သည် ခရမ်းရောင် ရွှံ့စေး လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဖွဖွလေး မြည်းစမ်းလိုက်သည်။ အဘိုးကြီး၏ မျက်နှာတွင် နှစ်လိုဖွယ် အပြုံးတစ်ခု ပေါ်လာသည်။

“ လက်ဖက်ရည်ကောင်းလိုက်တာ၊ အရသာက နှင်းဖြူ ငွေအပ် လက်ဖက်ရည်ထက်တောင် ပိုနူးညံ့သေးတယ်၊ နှင်းဖြူ ငွေအပ် လက်ဖက်ရည်က လှပတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တူရင် ဒီလက်ဖက်ရည်က ပွင့်လန်းစ လူငယ်လေး တစ်ယောက်နဲ့ တူတယ်၊ နှစ်မျိုးစလုံးက သူ့နည်းသူ့ဟန်နဲ့ ကောင်းမွန်တဲ့ လက်ဖက်ရည်တွေပါပဲ၊ မင်းရဲ့ မွေးရပ်ဂြိုဟ်မှာ ဒီလို အံ့ဖွယ် လက်ဖက်ရည်မျိုး ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး ”

ရှဖေး ရယ်မောလိုက်သည်။

“ ဒီလက်ဖက်ရည်ကို ဒေသထွက် စမ်းရေနဲ့ ဖျော်ရင် အခု ခင်ဗျား မြည်းစမ်းနေတာထက် ပိုကောင်းတဲ့ အရသာ ရလိမ့်မယ်၊ ခင်ဗျား အရမ်း ကြိုက်နေမှတော့ ကျွန်တော့်မှာ နှစ်ဘူး ကျန်သေးတယ်၊ အဲဒါတွေကိုပါ ခင်ဗျားကို ပေးပါရစေ ”

ထို့နောက် ရှဖေးသည် သိုလှောင်လက်စွပ်ထဲမှ အစိမ်းရောင် ဘူးနှစ်ဘူးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။ ချင်မန်သည် အားနာဟန် မပြဘဲ လက်ဖက်ခြောက်ဘူးများကို အံဆွဲထဲသို့ သိမ်းဆည်းလိုက်သည်။

“ အရှိန်ပြင်း ဟောဗာကား ပြိုင်ပွဲတုန်းက မင်းရဲ့ စွမ်းဆောင်ရည်က မဆိုးပါဘူး၊ ပုံမှန် မော်ဒယ် ဟောဗာကား တစ်စီးကို ပြုပြင်မွမ်းမံပြီး ပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင် ဟောဗာကား တစ်စီးရဲ့ အရှိန် ရအောင် လုပ်နိုင်ခဲ့တယ် ဆိုတော့... မင်းကို ဒီပညာတွေ ဘယ်သူ သင်ပေးတာလဲ ” ချင်မန်က လက်ဖက်ရည် သောက်ရင်း မေးလိုက်သည်။

ရှဖေး ဆေးလိပ်တစ်လိပ် မီးညှိလိုက်သည်။

“ စစ်သင်္ဘော သင်္ချိုင်းမှာ တွေ့ခဲ့တဲ့ ဦးလေးပေါ်တာ ဆိုတဲ့ လူဆီက သင်ခဲ့တာပါ၊ တကယ်တော့ ပြုပြင်မွမ်းမံတဲ့ စွမ်းရည်နဲ့ ပတ်သက်ရင် ကျွန်တော်က သူ့ခြေဖျားတောင် မမီပါဘူး၊ ဒါပေမယ့် ဦးလေးပေါ်တာ ကျွန်တော့်ကို ပြောဖူးတဲ့ မူဝါဒ တစ်ခု ရှိတယ်၊ ‘စက်ပစ္စည်းတိုင်းမှာ ကန့်သတ်ချက် ရှိတယ်’ တဲ့၊ အဲဒီ ကန့်သတ်ချက်ကို ကျွန်တော် ရှာဖွေနိုင်သမျှ ကာလပတ်လုံး စက်ပစ္စည်းရဲ့ အလားအလာ အပြည့်အဝကို ထုတ်ယူနိုင်မှာပါ ”

ချင်မန်သည် တစ်စုံတစ်ခုကို ပြန်စဉ်းစားနေသကဲ့သို့ ခေါင်းပေါ်ရှိ ပါးပါးလေး ကျန်သော ငွေရောင် ဆံပင်များကို ပွတ်သပ်လိုက်သည်။

“ ပေါ်တာ ဟုတ်လား၊ အဲဒီနာမည်က ရင်းနှီးနေသလိုပဲ၊ သူ အသက် ဘယ်လောက် ရှိပြီလဲ၊ ဘယ်လို ပုံစံလဲ ” ချင်မန်က မေးလိုက်သည်။

ရှဖေးက ပေါ်တာ၏ ပုံစံကို ချင်မန်အား ဖော်ပြလိုက်ပြီး စစ်သင်္ဘော သင်္ချိုင်းတွင် အာကာသယာဉ် တပ်ဆင်စဉ် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။ ချင်မန်၏ မျက်လုံးများတွင် သတိပြုမိရန် ခက်ခဲသော အရောင်တစ်ချက် လက်သွားပြီး ကြီးမားသော စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

“ ဦးလေးချင်... ပေါ်တာအိုကြီးကို သိလား ” ရှဖေးက မေးလိုက်သည်။

ချင်မန် ခေါင်းခါလိုက်သည်။

“ မသိပါဘူး၊ ဒါပေမယ့် အဲဒီလူကို သိဖို့ ငါ တကယ် စိတ်ဝင်စားတယ် ”

“ ဟဲ... သူက လောလောဆယ် စစ်သင်္ဘော သင်္ချိုင်းမှာ တပ်ဆင်ရေး စက်ရုံ တစ်ခုကို စီမံခန့်ခွဲနေတာ၊ သူက နည်းနည်း ထူးဆန်းပေမယ့် သူ့အကြောင်း ပိုသိလာရင် ပေါင်းသင်းရ လွယ်ကူတာ တွေ့ရလိမ့်မယ်၊ တစ်နေ့နေ့ ခင်ဗျား အာကာသယာဉ် ဝယ်ချင်တဲ့ စိတ်ကူး ရှိလာရင် ကျွန်တော် ခင်ဗျားကို အဲဒီကို ခေါ်သွားပေးမယ် ” ရှဖေးက လေးနက်စွာ ကမ်းလှမ်းလိုက်သည်။

ချင်မန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ အာကာသယာဉ်က ငါ့အတွက် ဘာအသုံးဝင်မှာလဲ၊ ငါ့အသက်အရွယ်နဲ့ စကြဝဠာ အနှံ့ ခရီးသွားဖို့ ဆန္ဒ မရှိတော့ပါဘူး၊ ငါလိုချင်တာက အေးအေးဆေးဆေး အငြိမ်းစားယူဖို့ပဲ၊ အေးချမ်းတဲ့ နေ့ရက်တွေကို ခံစားနိုင်ရင် ကျေနပ်ပါပြီ ”

ရှဖေး စဉ်းစားလိုက်သည်။

“ တကယ်တော့ ခင်ဗျား အသက်အရွယ်နဲ့ ဆိုရင် အိမ်မှာ မြေးတွေကို ဖက်ပြီး မိသားစု ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသင့်တာ၊ ဘာလို့ အလုပ်လုပ်နေသေးတာလဲ ”

ချင်မန် သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများက လူသူကင်းမဲ့နေသော စာကြည့်တိုက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ “ မင်း ပြောဖို့ လွယ်တာပေါ့၊ ငါ အငြိမ်းစားယူလိုက်ရင် ဒီရတနာတွေ ဘာဖြစ်သွားမလဲ ”

“ မလွယ်ဘူးလား၊ ခင်ဗျား အငြိမ်းစားယူပြီးရင် စာကြည့်တိုက်ကို လွှဲယူမယ့် တခြားသူ တစ်ယောက် ရှာလိုက်ရုံပဲလေ ” ရှဖေး ဖြေလိုက်သည်။

ချင်မန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းစဉ် ပြောင်းလိုက်သည်။

“ သဘက်ခါကျရင် လေ့ကျင့်ရေး စခန်း တရားဝင် စတင် လည်ပတ်တော့မယ်၊ မင်း ဘယ်ဌာနခွဲကို ဝင်ဖို့ စီစဉ်ထားလဲ ”

ရှဖေး ဆေးလိပ်ကို မီးသတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

“ မသိသေးဘူး၊ ဌာနခွဲတွေက အရမ်းများတော့ ရွေးချယ်ရ ခက်နေတယ်၊ ကျွန်တော် တကယ် စိတ်ဝင်စားတာ ပြောရရင် လျှို့ဝှက်ဆန်းကြယ်တဲ့ အတွင်းပိုင်း ဌာနခွဲပဲ၊ ဒါပေမယ့် ဝင်ဖို့ အရည်အချင်း မမီသေးဘူး၊ ကျန်တဲ့ ဌာနခွဲတွေကတော့ သာမန်ပါပဲ ”

“ အို... ” ချင်မန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “ ဘာလို့ အဲဒီလို ပြောရတာလဲ ”

ရှဖေးသည် ဖြေကြားရန် သူ၏ အတွေးများကို စုစည်းလိုက်သည်။ “ ကျွန်တော် လေ့ကျင့်ရေး စခန်းရဲ့ စည်းမျဉ်းတွေကို စစ်ဆေးကြည့်တော့ အဆောက်အအုံတွေကို ကျောင်းသား အားလုံး အသုံးပြုခွင့် ရှိတယ် ဆိုတာ သိလိုက်ရတယ်၊ ဆိုလိုတာက ကျွန်တော် ဘယ်ဌာနခွဲကိုပဲ ဝင်ဝင် မတူညီတဲ့ အဆောက်အအုံ အားလုံးကို လေ့ကျင့်ဖို့ အသုံးပြုလို့ ရတယ်၊ ဘယ်နေရာ သွားသွား သိပ်ပြီး ထူးခြားမှု ရှိမှာ မဟုတ်ဘူး ”

“ ပြီးတော့ ဌာနခွဲ နည်းပြတိုင်းက သင်တန်းသား တစ်ယောက် ဝင်လာတာနဲ့ အသုံးဝင်တဲ့ အရာတွေ သင်ပေးမယ် ဆိုတာ မဟုတ်ဘူး၊ နည်းပြတွေပဲ ဖြစ်ဖြစ်၊ သင်တန်းတွေပဲ ဖြစ်ဖြစ် အားလုံးက အမှတ်တွေ လိုအပ်တယ်၊ မတူညီတဲ့ ဌာနခွဲတွေက ကူးလူးဆက်ဆံ လေ့လာခွင့် ပြုထားတယ်၊ ဆိုလိုတာက ထူးဆန်းတဲ့ သားရဲ ဌာနခွဲက သင်တန်းသား တစ်ယောက်က ကွပ်ကဲမှု ဌာနခွဲကနေ တိုက်ပွဲ ဗျူဟာ သင်ယူဖို့ အမှတ် ပေးလို့ ရတယ် ”

“ အခြေခံအားဖြင့် ဆိုလိုတာက ဌာနခွဲ တစ်ခုကို ဝင်ရင် အဲဒီ ဌာနခွဲရဲ့ အခြေခံ သင်တန်းတွေကို အခမဲ့ ရရှိမယ်၊ အဲဒီ အရာတွေ လေ့လာရုံနဲ့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာဖို့ မဖြစ်နိုင်ဘူး၊ တစ်ယောက်ယောက်က သူတို့ရဲ့ အထူးပြု ဘာသာရပ်ကို ဆုံးဖြတ်လိုက်တာနဲ့ ကြိုးကြိုးစားစား လေ့လာ သုတေသန ပြုလုပ်ရလိမ့်မယ် ”

“ ကျွန်တော့် အမြင်အရ ဒီလေ့ကျင့်ရေး စခန်းရဲ့ အရေးအကြီးဆုံး အချက်က အမှတ်တွေ ရှာဖွေဖို့ပဲ၊ သင်တန်းသား တစ်ယောက်မှာ အမှတ် ရှိသမျှ ကာလပတ်လုံး သူ လိုချင်တာ မှန်သမျှ သင်ယူနိုင်တယ်၊ အခမဲ့ အခြေခံ သင်တန်းတွေ အတွက်ကတော့... ရိုးရိုးသားသား ပြောရရင် ခေါင်းနှောက် ရှိတဲ့ ဘယ်သူမဆို သက်ဆိုင်ရာ စာအုပ်တွေကို ဖတ်ရုံနဲ့ တတ်မြောက်နိုင်ပါတယ်၊ အဲဒါက ဆွဲဆောင်မှု မရှိပါဘူး ”

ရှဖေး၏ အဖြေကို နားထောင်ပြီးနောက် ချင်မန်သည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

“ တော်တော် ထက်မြက်တဲ့ သုံးသပ်ချက်ပဲ၊ လေ့ကျင့်ရေး စခန်းက ကျောင်းတစ်ကျောင်း မဟုတ်ဘူး၊ သူတို့ ထောက်ပံ့ပေးတာက လူတွေ လေ့ကျင့်ဖို့ ပထမတန်းစား ပတ်ဝန်းကျင် တစ်ခုပဲ၊ မင်း ကြိုးကြိုးစားစား လုပ်ချင်စိတ် ရှိသမျှ ကာလပတ်လုံး ဘယ်ဌာနခွဲမှာမဆို ရလဒ်ကောင်းတွေ အလွယ်တကူ မြင်တွေ့နိုင်ပါတယ် ”

ရှဖေး ခေါင်းညိတ်လိုက်သည်။

“ ကျွန်တော် သတိထားမိတာ နောက်တစ်ခုက လေ့ကျင့်ရေး စခန်းက တကယ် ကြီးမားပြီး လူတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့ အများစုက အရန်လူတွေပဲ ”

“ မင်း ဘာကို ဆိုလိုတာလဲ ” ချင်မန် နားမလည်နိုင် ဖြစ်သွားသည်။

“ လေ့ကျင့်ရေး စခန်းက အဆောက်အအုံတွေ မကောင်းဘူးလို့ ပြောချင်တာလား ”

ရှဖေးသည် သူနှင့် ချင်မန် အတွက် လက်ဖက်ရည် ထပ်ငှဲ့ပေးပြီးနောက် ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။ “ လေ့ကျင့်ရေး စခန်းကို လေ့လာပြီးနောက် လျှို့ဝှက်ချက် တစ်ခု တွေ့ရှိခဲ့တယ် ”

ချင်မန်သည် သိသိသာသာ စိတ်ဝင်စားသွားပြီး နားစွင့်လိုက်သည်။

“ တကယ်တော့ စစ်မှန်တဲ့ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းက အတွင်းပိုင်း ဌာနခွဲ တစ်ခုတည်းပါ၊ တခြား ဌာနခွဲတွေ အားလုံးက အတွင်းပိုင်း ဌာနခွဲ အတွက် အရန်လူတွေ သက်သက်ပဲ ”

“ ဒါက စမ်းသပ်မှု တစ်ခုလိုပဲ၊ သောင်းနဲ့ချီတဲ့ သင်တန်းသားတွေ အားလုံးက ရွေးချယ်ခံရပြီး လေ့ကျင့်ရေး စခန်းကို ခေါ်ဆောင်လာတဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်ကြတယ်၊ နောက်ဆုံးမှာ သူတို့ အားလုံးအတွက် ပန်းတိုင် တစ်ခုတည်းပဲ ရှိတယ်... အတွင်းပိုင်း ဌာနခွဲရဲ့ ရွေးချယ်ခြင်း ခံရဖို့ပဲ ”

“ ကံမကောင်းစွာနဲ့ အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေသာ အတွင်းပိုင်း ဌာနခွဲရဲ့ ရွေးချယ်ခြင်း ခံရတယ်၊ ဒါဆို ကျန်ခဲ့တဲ့ သောင်းနဲ့ချီတဲ့ သင်တန်းသားတွေ ဘာဖြစ်သွားမလဲ၊ သူတို့လည်း ရွေးချယ်မှု အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ ရောက်လာကြတာ၊ သူတို့ထဲက ဘယ်သူမှ ထိပ်တန်း ပါရမီရှင်တွေ မဟုတ်ကြပေမယ့် အရည်အချင်း ရှိတဲ့ လူတွေပဲ၊ စခန်း အနေနဲ့ သူတို့ အားလုံးကို ဖယ်ရှားပစ်လိုက်ဖို့ မဖြစ်နိုင်ဘူး မဟုတ်လား ”

“ အဲဒါကြောင့် လေ့ကျင့်ရေး စခန်းက အတွင်းပိုင်း ဌာနခွဲ အပြင် ဌာနခွဲတွေ အများကြီး ဖွင့်လှစ်ထားတာ၊ တစ်ခုတည်းသော အကြောင်းရင်းက အတွင်းပိုင်း ဌာနခွဲ ဝင်ခွင့် မရတဲ့ သင်တန်းသားတွေကို လမ်းကြောင်းသစ် ရှာဖွေပေးဖို့ပဲ၊ ဘာပဲဖြစ်ဖြစ် ဒီလူတွေက ထိပ်တန်း ကျွမ်းကျင်သူတွေ မဖြစ်နိုင်ပေမယ့် သူတို့ကို စွန့်ပစ်လိုက်ပြီး တခြား နေရာတွေမှာ တောက်ပခွင့် မပေးဘဲ နေစရာ အကြောင်းမရှိဘူး ”

“ ပြီးတော့ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းက တရားစီရင်သူ သမဂ္ဂရဲ့ ဂုဏ်သတင်း အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်တယ်၊ သူတို့ နာမည်ကို ဒီလို နည်းလမ်းနဲ့ အဖတ်ဆည်လို့ မရဘူး မဟုတ်လား ” ရှဖေးက တိုးတိုးလေး မေးလိုက်သည်။

ချင်မန်၏ ခွက်ထဲမှ လက်ဖက်ရည် အနည်းငယ် တုန်ခါသွားသည်။ စိတ်လှုပ်ရှားမှုသည် သူ ယခု ခံစားနေရသည်ကို တိကျစွာ ဖော်ပြနိုင်ခြင်း မရှိပေ။ ရှဖေး၏ ကျိုးကြောင်းဆင်ခြင်မှုကို ကြားပြီးနောက် သူ လုံးဝ အံ့အားသင့်သွားခဲ့သည်။

“ ဒီအရာတွေ အားလုံးကို မင်းဘာသာ တွေးမိတာလား ” ချင်မန်က အသံ အနည်းငယ် တုန်ရီလျက် မေးလိုက်သည်။

ရှဖေး ပခုံးတွန့်လိုက်သည်။

“ ဟုတ်တယ်၊ ဒါပေမယ့် ဒီအကြောင်း မသိတဲ့ သင်တန်းသားတွေကို ပြောပြဖို့က ရက်စက်လွန်းရာ ကျတယ်၊ သူတို့ ဒီကို ရောက်ဖို့ အရမ်း ကြိုးစားခဲ့ကြရတယ်၊ ထောင်နဲ့ချီတဲ့ လူတွေကြားကနေ သွေးထွက်သံယို လမ်းကြောင်း တစ်ခု ဖောက်ပြီး လေ့ကျင့်ရေး စခန်းကို ရောက်လာခဲ့ကြတာ၊ သူတို့ မိဘတွေနဲ့ မိသားစုတွေကလည်း သူတို့ ဒီရောက်လာတာကို ဂုဏ်ယူနေကြမှာ ”

“ ဒါပေမယ့် သူတို့က တစ်ချိန်လုံး လူနည်းစု အတွက် အရန်လူတွေပဲ ဖြစ်နေခဲ့တာ၊ သူတို့ ဖယ်ရှားခံလိုက်ရပြီ၊ အကယ်၍ သူတို့သာ ဒီအကြောင်း သိသွားရင် သေချာပေါက် အရမ်း စိတ်ဆိုးကြလိမ့်မယ် ”

“ ရှဖေး... မင်း ဒါတွေကို ဘယ်လို သိတာလဲ ” ချင်မန်က ထပ်မေးလိုက်သည်။

ရှဖေး အနည်းငယ် ပြုံးလိုက်သည်။

“ ဒါတွေ အားလုံးက တကယ်တော့ အရမ်း သိသာပါတယ်၊ ပြင်ပလို့ ယူဆနိုင်တဲ့ ဌာနခွဲတွေ အများကြီး ရှိနေပြီး စစ်သည်တော်တွေကိုပဲ လက်ခံတဲ့ အတွင်းပိုင်း ဌာနခွဲ တစ်ခုတည်း ရှိနေတာ၊ ယုတ္တိနည်းကျကျ ပြောရရင် အတွင်းပိုင်း ဌာနခွဲက ထိပ်တန်းတွေ အတွက် သီးသန့် ဆိုရင် အတွင်းပိုင်း ဌာနခွဲကလည်း ကျန်တာတွေလိုပဲ ဌာနခွဲ အသီးသီးက ထိပ်တန်းတွေကို ခေါ်ယူဖို့ ဌာနခွဲခွဲတွေ ထပ်တူညီအောင် ဖွဲ့စည်းထားသင့်တယ်၊ စစ်သည်တော်တွေကိုပဲ သီးသန့် ရွေးချယ်နေမှာ မဟုတ်ဘူး ”

“ ဒါက အတွင်းပိုင်း ဌာနခွဲကိုပဲ စစ်မှန်တဲ့ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်း အဖြစ် သတ်မှတ်တယ် ဆိုတဲ့ ကျွန်တော့် ယူဆချက်ကို အတော်လေး သက်သေပြနေတယ်၊ ဌာနခွဲတွေ ဆိုတာက ပယ်ချခံရသူတွေကို လမ်းကြောင်းပေးဖို့ တည်ထောင်ထားတာ သက်သက်ပဲ၊ ဒါမှ သူတို့ လေ့ကျင့်ရေး စခန်းက ထွက်သွားပြီးတဲ့နောက် အလုပ်ရှာတဲ့အခါ အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေ ရရှိသွားမှာ ”

“ ဒါ့အပြင် အဲဒီလို လုပ်ခြင်းက ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းရဲ့ ဂုဏ်သတင်းကိုလည်း တိုးတက်စေတယ်၊ စခန်းက ထွက်သွားတဲ့ ဘယ်သူမဆို သူတို့ဘဝ သူတို့ ကောင်းကောင်း နေနိုင်တယ် ဆိုတာ ပြင်ပက လူတွေကို ပြောပြသလို ဖြစ်စေတယ် ”

ဒါတွေ အားလုံး ကြားပြီးနောက် ချင်မန် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။

“ အံ့သြစရာပဲ၊ ပြောင်မြောက်တယ်၊ ဒါ ငါ့တစ်သက်လုံး ကြားဖူးသမျှ အထူးခြားဆုံး သုံးသပ်ချက်ပဲ ”

“ မင်း ပြောတာ လုံးဝ မှန်တယ်၊ ဌာနခွဲတွေ အားလုံးက အတွင်းပိုင်း ဌာနခွဲ အတွက် အရန်လူတွေ သက်သက်ပဲ၊ ထူးချွန်တဲ့ သင်တန်းသားတွေ အများကြီး စုဝေးနေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အတွင်းပိုင်း ဌာနခွဲ အနေနဲ့ ရွေးချယ်ရ လွယ်ကူစေဖို့ပဲ။ ဘာပဲဖြစ်ဖြစ် အတွင်းပိုင်း ဌာနခွဲ အဖွဲ့ဝင် တစ်ယောက်က ကိုယ်ခံပညာမှာ ထူးချွန်ရုံနဲ့ မရဘူး၊ သူတို့ရဲ့ စရိုက်၊ ဉာဏ်ရည်နဲ့ တခြား အရည်အချင်းတွေကလည်း အရမ်း အရေးကြီးတယ်၊ အတွင်းပိုင်း ဌာနခွဲကို ဝင်ခွင့်ရတဲ့ လူတိုင်းကို ရေရှည် စောင့်ကြည့် စစ်ဆေးပြီးမှ ဆုံးဖြတ်တာ ” ချင်မန်က အဆင်သင့်ပင် ထောက်ခံလိုက်သည်။

“ ဒီအချက်ကို လေ့ကျင့်ရေး စခန်းမှာ တစ်ဘဝလုံး နီးပါး အလုပ်လုပ်လာတဲ့ ဝန်ထမ်းအဟောင်း အများစုတောင် အခုထိ နားမလည်ကြသေးဘူး၊ မင်းက ဒီကို ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ ဒါပေမယ့် ဒီလေ့ကျင့်ရေး စခန်းရဲ့ အနှစ်သာရကို ရှာဖွေတွေ့ရှိခဲ့ပြီ၊ ဒီအချက် တစ်ခုတည်းနဲ့တင် မင်းရဲ့ တွေးခေါ်နိုင်စွမ်းက အတွင်းပိုင်း ဌာနခွဲ ဝင်ခွင့် စံနှုန်းကို မီနေပြီလို့ ဆိုလိုတယ် ”

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကြောင်နက်ကြီးသည် မည်သည့်အချိန်က မျက်လုံးဖွင့်လိုက်သည်ကို မသိရသော်လည်း ၎င်း၏ ရွှေရောင် မျက်လုံးများသည် ရှဖေးအပေါ် စူးစိုက်ထားပြီး ခေါင်းအစ ခြေအဆုံး စစ်ဆေးကြည့်ရှုနေသည်။

၎င်းသည် မတ်တတ်ထရပ်လိုက်ပြီး ပျင်းရိသော ကြောင်ဟန်ပန်ဖြင့် ရှဖေးဘေးသို့ လျှောက်သွားသည်။ အကြိမ်အနည်းငယ် အော်မြည်လိုက်ရာ ရှဖေးကို ချီခိုင်းနေသကဲ့သို့ ဖြစ်နေသည်။

ရှဖေးသည် ကြောင်ကို ပွေ့ချီလိုက်သည်။ “ သောက်ကျိုးနည်း... မင်းက တကယ် လေးတာပဲ ”

ကြောင်နက်ကြီးသည် ရှဖေး၏ ရင်ခွင်ထဲတွင် နေရာယူလိုက်ပြီး သူ၏ ဝဖိုင့်နေသော မျက်နှာဖြင့် ပွတ်သပ်ကာ ခေါင်းငုံ့၍ အိပ်ပျော်သွားပြန်သည်။

“ ကြည့်ရတာ အိုဘလက် ဗိုက်ဆာနေပြီ ထင်တယ် ” ချင်မန် ပြုံးလိုက်သည်။ ငွေရောင် သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရှဖေးကို ပေးလိုက်သည်။

“ ငါ့ကို အကူအညီ တစ်ခုလောက် ပေးပါ၊ မြေအောက်ခန်းကို ဆင်းပြီး အိုဘလက် အတွက် ကြောင်စာ ယူပေးပါ၊ ငါက အသက်ကြီးပြီ ဆိုတော့ အဲဒီလောက် အဝေးကြီး လမ်းမလျှောက်ချင်တော့ဘူး ”

“ သိပါပြီ ” ရှဖေးသည် အိုဘလက်ကို စားပွဲပေါ် တင်လိုက်ပြီး မြေအောက်ခန်းသို့ ဆင်းသွားသည်။

“ ကြောင်စာက ဘယ်အခန်းထဲမှာလဲ ”

“ သော့က မင်းလက်ထဲမှာ ရှိတယ်၊ မင်းဘာသာ ရှာကြည့် ” ချင်မန် ပြောလိုက်သည်။

ရှဖေး ထောင့်ချိုးကွေ့ပြီး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချင်မန်သည် အိုဘလက်ကို ပွေ့ဖက်ကာ ပွတ်သပ်ပေးလိုက်သည်။ “ မင်းက ငါ့အကြောင်း အသိဆုံးပဲ၊ သူ့ကို အခွင့်အရေး ပေးလိုက်ပြီ၊ အခုကတော့ အဲဒီ ကောင်စုတ်လေး ရှဖေး တကယ် ပါးနပ်မှု ရှိမရှိ စောင့်ကြည့်ရုံပဲ ”

မြေအောက်ခန်းတွင် တံခါးနှစ်ပေါက် ရှိသည်။ ဘယ်ဘက်တွင် တစ်ပေါက်နှင့် ညာဘက်တွင် တစ်ပေါက်။ ငွေရောင် သတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး နှစ်ပေါက်စလုံး လုံးဝ တူညီနေကာ ကွဲပြားခြားနားသော အမှတ်အသား မရှိပေ။

ရှဖေးသည် ညာဘက် တံခါးဆီသို့ ဦးစွာ သွားလိုက်ပြီး သော့ခလောက်ထဲသို့ သော့ထည့်ကာ လှည့်ကြည့်သော်လည်း ပွင့်မလာပေ။ ထို့ကြောင့် ဘယ်ဘက်သို့ သွားလိုက်သည်။

ဤတံခါးကို အလွယ်တကူ ဖွင့်နိုင်ခဲ့ပြီး အခန်းထဲရှိ အရာများကို မြင်လိုက်ရသောအခါ ရှဖေး ခေတ္တမျှ ကြောင်အသွားသည်။

All Chapters