အခန်း (၅၆၈-၅၇၀)
Vol. 38 Ch. 568-570
အခန်း (၅၆၈) - သွမ့်မိုမင်နှင့် ပြန်လည်ရင်ဆိုင်ခြင်း
~"သွမ့်မိုမင်ပါလား"
"တကယ်ပဲ ဒီလူ ဖြစ်နေတာပဲ။ သေချင်လို့ နေမှာ"
"ခန်းမသခင် လက်ချက်နဲ့ ရှုံးထားပြီးသားကို အရှက်မရှိ ပြန်လာရဲသေးတယ်"
ယီထျန်းချင်းနှင့် အခြားသူများအားလုံး ထိတ်လန့်အံ့သြကုန်ကြသည်။ ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် သွမ့်မိုမင်က ဒီအထိ ရောက်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။
"သူ့အရှိန်အဝါက နည်းနည်း ထူးဆန်းနေတယ်။ ဝင်္ကပါပင်လယ်နယ်မြေတုန်းက ဒီလောက် မကြမ်းတမ်းပါဘူး။ ဘာကိစ္စကြောင့် ဒီလောက် ဒေါသထွက်နေရတာလဲ"
မြောင်ချင်းချင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဝီ"
မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်မိုမင်သည် ရှေ့သို့ တရှိန်ထိုး ရောက်ရှိလာပြီး၊ သူ့ထံမှ ဖြာထွက်လာသော ကြောက်မက်ဖွယ် စွမ်းအားများက နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
သွမ့်မိုမင်၏ ခန္ဓာကိုယ်မှ လူသတ် အရှိန်အဝါများ တဖွားဖွား ထွက်ပေါ်နေပြီး၊ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေကာ သွေးကြောများ ထောင်ထနေ၏။ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်အလား ဖုန်းဝူချန်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေလေ၏။
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ သွမ့်မိုမင်ကို ကြည့်လိုက်သည်။ သွမ့်မိုမင် တစ်ယောက် ဘာကြောင့် ဒီလောက်ထိ ဒေါသထွက်နေမှန်း သူ နားမလည်ပေ။
"ဖုန်းဝူချန်... ရှောင်ယောင် နန်းတော် နဲ့ တခြား အင်အားကြီး ဂိုဏ်းတွေကို သတ်ပစ်လိုက်တာ မင်း လက်ချက်လား"
သွမ့်မိုမင်က ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။
"ဪ... ဒီကိစ္စကိုး"
ဖုန်းဝူချန်က သဘောပေါက်သွားသလို ခေါင်းညိတ်လိုက်သည်။ သို့သော် သတင်းက ဘယ်သူ့ဆီက ပေါက်ကြားသွားသလဲ ဆိုတာကိုတော့ သူ စဉ်းစားနေမိသည်။
သန့်ရှင်းသော နေမင်းဂိုဏ်းသည် ဝင်္ကပါပင်လယ်နယ်မြေကို အုပ်စိုးထားသူ ဖြစ်သဖြင့် နယ်မြေအတွင်းရှိ အင်အားစု အကြီးအငယ်များကို ထိန်းချုပ်ထားနိုင်သည်။
ဖုန်းဝူချန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။
"သူတို့က သေလမ်းရှာလို့ သေကြတာလေ... ငါနဲ့ ဘာဆိုင်လို့လဲ"
"သေစမ်း"
သွမ့်မိုမင်က ဒေါသတကြီး အော်ဟစ်ရင်း ဘာမှ ဆက်မပြောတော့ဘဲ အရှိန်ပြင်းစွာ ထိုးဆင်းလာ၏။ သူ့တိုက်ခိုက်မှုက လျှပ်စီးလက်သကဲ့သို့ လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။
ဖုန်းဝူချန်၏ တုံ့ပြန်မှုကြောင့် သွမ့်မိုမင်က ဖုန်းဝူချန် လက်ချက်မှန်း သေချာသွားပြီ ဖြစ်၏။
သွမ့်မိုမင်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ဖုန်းဝူချန်ကို အားကုန်လွှဲ၍ ထိုးနှက်လိုက်သည်။
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း အစွမ်းကုန် ခုခံကာကွယ်လိုက်သည်။
"ဝုန်း"
"ဝီ... ဝီ"
လက်သီးနှစ်ဖက် ထိတိုက်မိသည်နှင့် မိုးမြေသိမ့်သိမ့်တုန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ သွမ့်မိုမင်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်းဝူချန်မှာ လွင့်စင်ထွက်သွားပြီး လေထုကြီးတစ်ခုလုံး တုန်ခါသွားတော့သည်။
"ခန်းမသခင်"
ယီထျန်းချင်းနှင့် အခြားသူများ၏ မျက်နှာများ ဖြူလျော်သွားကြသည်။
ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် သွမ့်မိုမင်၏ စွမ်းအားသည် တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
"သွမ့်မိုမင်... သူက တကယ်ပဲ သွမ့်မိုမင်ကိုး"
ဒဏ်ရာအပြင်းအထန် ရထားသော ယဲ့ထျန်းဝေက အံ့သြတကြီး ပြောလိုက်သည်။
"ဝုန်း"
ဖုန်းဝူချန်သည် အမည်းရောင် မျဉ်းကြောင်းတစ်ကြောင်းအလား ပြုတ်ကျလာပြီး ရင်ပြင်ပေါ်သို့ ယယ ကျရောက်သွားရာ တွင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အက်ကြောင်းများက ရင်ပြင်အစွန်းအထိ ပျံ့နှံ့သွားသည်။
လက်သီးချက် တစ်ချက်တည်း၏ စွမ်းအားက သွမ့်မိုမင် မည်မျှ သန်မာကြောင်း သက်သေပြနေ၏။
နဂါးနတ်ဘုရား နန်းတော်သားများအားလုံး သွမ့်မိုမင်၏ စွမ်းအားကြောင့် ကြက်သေသေနေကြသည်။
"သွမ့်မိုမင်... မင်း တကယ်ပဲ သေချင်နေတာလား"
ရင်ပြင်ပေါ်ရှိ တွင်းကြီးထဲမှ ဖုန်းဝူချန်၏ အေးစက်သော အသံ ထွက်ပေါ်လာ၏။
"ဟွန့်... မင်းက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား"
သွမ့်မိုမင်က မထီမဲ့မြင် ပြောလိုက်သည်။
"အဲဒီတုန်းက ဟိုကောင်မလေးရဲ့ အကာအကွယ်ကြောင့်သာ ငါ ဒဏ်ရာရသွားလို့... မဟုတ်ရင် မင်း ငါ့ကို နိုင်စရာ အကြောင်းမရှိဘူး"
"ဟုတ်လို့လား"
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။
"ဝီ... ဝီ"
ကမ္ဘာပျက် စွမ်းအားများ မြင့်တက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ မုန်တိုင်းတစ်ခုအလား စုစည်းလာ၏။ မီးတောင်ပေါက်ကွဲသကဲ့သို့ စွမ်းအင်များ ပေါက်ကွဲထွက်လာရာ နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားတော့သည်။
ကမ္ဘာပျက် စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ ဖုန်းဝူချန်၏ အရှိန်အဝါသည်လည်း ထပ်မံ မြင့်တက်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းဝူချန်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာသို့ ထိုးဖောက်ရောက်ရှိသွားသည်။ တောက်ပသော အနီရောင် အလင်းတန်းများသည် သွေးရောင်တိုင်ကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ကြောက်မက်ဖွယ် စွမ်းအားများကြောင့် မိုးနှင့်မြေ အရောင်ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။
"ဆေးဧကရာဇ်က အစွမ်းကုန် မထုတ်သေးတာကိုး။ ဒါ ဘယ်လို စွမ်းအားကြီးလဲ"
ဖုန်းဝူချန် ထုတ်ဖော်လိုက်သော စွမ်းအားကို ခံစားမိလိုက်သောအခါ ဒဏ်ရာရနေသော ယဲ့ထျန်းဝေ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားပြီး မျက်လုံးများ ပြူးကျယ်လာ၏။
"ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာ အရှိန်အဝါပဲ"
နဂါးနတ်ဘုရား နန်းတော်သားများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ခန်းမသခင်ရဲ့ အရှိန်အဝါက တက်နေတုန်းပဲ။ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို စုပ်ယူပြီးနောက်ပိုင်း ခန်းမသခင်ရဲ့ ကမ္ဘာပျက် စွမ်းအားက ပိုပြီး ကြောက်စရာ ကောင်းလာတယ်"
ယီထျန်းချင်းက အံ့သြတကြီး ပြောလိုက်သည်။
ကောင်းကင်ထက်မှ သွမ့်မိုမင်သည်လည်း ဖုန်းဝူချန်ကို ကြည့်ရင်း ကြောင်အမ်းသွားသည်။
တစ်လကျော်လောက် မတွေ့ရုံနဲ့ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်က (၃) ဆင့်တောင် တက်လာပြီး ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာ အရှိန်အဝါကို ထုတ်ဖော်နိုင်သည်တဲ့လား။
"ရွှစ်"
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် ကောင်းကင်ပေါ်သို့ ရောက်ရှိသွားပြီး သွမ့်မိုမင်ကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။
"ရွှစ်"
"ဝုန်း"
ဖုန်းဝူချန်၏ ပုံရိပ်သည် ရိပ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ သွမ့်မိုမင်သည် အမြောက်ဆန်ပမာ လွင့်စင်ထွက်သွားပြီး ဖုန်းဝူချန်၏ ဖိနှိပ်မှုအောက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။
"ဘာ"
သွမ့်မိုမင်မှာ အလွန် အံ့အားသင့်သွားသည်။ ဖုန်းဝူချန် ဘယ်အချိန် လှုပ်ရှားလိုက်မှန်းတောင် သူ မမြင်လိုက်ရပေ။
ဖုန်းဝူချန်၏ အမြန်နှုန်းက မြန်ဆန်လွန်းလှသည်။ ခန့်မှန်းလို့ပင် မရနိုင်ပေ။
"မင်း သေချင်မှတော့... ဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ဖုန်းဝူချန်က လူသားဆန်သော ခံစားချက်မရှိဘဲ အေးစက်စွာ ပြောလိုက်သည်။
"ရွှစ်... ရွှစ်... ရွှစ်"
"ဝုန်း... ဝုန်း... ဝုန်း"
နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုကာ ဖုန်းဝူချန်သည် ဒေါသတကြီးဖြင့် ဆက်တိုက် တိုက်ခိုက်လေ၏။ သွမ့်မိုမင်မှာ ခုခံရန် အချိန်မရဘဲ အရိုက်ခံနေရသည်။
အောက်မှ ကြည့်နေသော နဂါးနတ်ဘုရား နန်းတော်သားများမှာ သွမ့်မိုမင် လွင့်စင်ထွက်သွားသည်ကိုသာ မြင်ရပြီး ဖုန်းဝူချန် ဘယ်နေရာက တိုက်ခိုက်နေမှန်း မသိနိုင်ကြပေ။
စောစောက မာန်တက်နေသော သွမ့်မိုမင်သည် စက္ကန့်ပိုင်းအတွင်း ကြောင်နာလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားရှာသည်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယဲ့ထျန်းဝေမှာ တစ်ကိုယ်လုံး တုန်ယင်နေ၏။ ဖုန်းဝူချန်၏ တိုက်ခိုက်စွမ်းရည်က ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မယုံနိုင်ပေ။
ဒေါသထွက်နေသော သွမ့်မိုမင်သည် ကောင်းကင်ဘုံလူသား နဝမအလွှာနှင့် ညီမျှသော စွမ်းအားကို ထုတ်ဖော်ခဲ့သော်လည်း ယခုအခါ ဖုန်းဝူချန်၏ ရှေ့တွင် ဘာမှ မတတ်နိုင် ဖြစ်နေ၏။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ သူ့အမြန်နှုန်းနှင့် လှုပ်ရှားမှုများသည်လည်း သိသိသာသာ တိုးတက်လာခဲ့၏။
"အား..."
"ဝီ... ဝီ"
အဆက်မပြတ် အရိုက်ခံရပြီးနောက် သွမ့်မိုမင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြမ်းတမ်းသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ထိုစွမ်းအားများကြောင့် ဖုန်းဝူချန် နောက်သို့ လွင့်စင်သွားသည်။
"ဖုန်းဝူချန်... မင်းစွမ်းရည်က ဒီလောက်ပဲလား"
သွမ့်မိုမင်က ရက်စက်စွာ အော်ဟစ်လိုက်သည်။ သူ့လူသတ် အရှိန်အဝါများက ပိုမို ပြင်းထန်လာ၏။
ဖုန်းဝူချန်၏ တိုက်ခိုက်မှုများက သွမ့်မိုမင်ကို အနည်းငယ်သာ ဒဏ်ရာရစေခဲ့၏။
ကောင်းကင်ဘုံလူသား နဝမအလွှာ စွမ်းအားပိုင်ရှင် သွမ့်မိုမင်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ရန်မှာ မလွယ်ကူလှပေ။
"ဘယ်ဟုတ်မလဲကွ"
ဖုန်းဝူချန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး နောက်ကျောမှ အတောင်ပံများကို ခတ်ကာ သွေးရောင် လျှပ်စီးတစ်စင်းအလား ပြေးဝင်တိုက်ခိုက်လိုက်ပြန်သည်။
"လာစမ်း"
သွမ့်မိုမင်က တိုက်ခိုက်လိုစိတ် ပြင်းထန်စွာဖြင့် အော်ဟစ်လိုက်ပြီး လက်သီးတွင် အမည်းရောင် အလင်းတန်းများ စုစည်းကာ ထိုးနှက်လိုက်သည်။
"ရှေးဦး နဂါးနတ်ဘုရား လက်သီး"
အနီးကပ် ရောက်သည်နှင့် ဖုန်းဝူချန်က ပြင်းထန်သော လက်သီးချက်ဖြင့် သွမ့်မိုမင်ကို ရက်ရက်စက်စက် ထိုးချလိုက်သည်။
"မြေကမ္ဘာအဆင့် အောက်တန်းစား သိုင်းကွက်... ကြယ်ခုနစ်လုံး ကောင်းကင်ခွဲ လက်ဝါး"
သွမ့်မိုမင်သည်လည်း စွမ်းအားကုန် စုစည်းကာ လက်ဝါးချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ သူ့လက်ဝါးချက်သည် ရေကြီးရေလျှံသကဲ့သို့ ကောင်းကင်တစ်ခုလုံး လွှမ်းခြုံသွားသည်။
"ဝုန်း... ဝုန်း"
"အွတ်"
လက်သီးနှင့် လက်ဝါး ထိတိုက်မိသောအခါ မိုးမြေသိမ့်သိမ့်တုန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ပေါက်ကွဲမှု အရှိန်ကြောင့် ဖုန်းဝူချန် နောက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။
"အစ်ကိုကြီးဖုန်း"
လင်ရှောင်ရှောင်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"ခန်းမသခင်"
နဂါးနတ်ဘုရား နန်းတော်သားများလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဝီ... ဝီ"
ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက အရပ်မျက်နှာအနှံ့ ရိုတ်ခတ်သွားပြီး ကောင်းကင်ယံတွင် အက်ကြောင်းများ ဖြစ်ပေါ်လာကာ ကောင်းကင်ကြီး ပြိုကျတော့မတတ် ဖြစ်နေတော့သည်။
အခန်း (၅၆၉) - နဂါးနတ်ဘုရား နန်းတော်၏ အကျပ်အတည်း
~သွမ့်မိုမင်သည် ဒေါသကြောင့် အသိစိတ်လွတ်သွားကာ ပုံမှန်ထက် များစွာ သာလွန်သော စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ဒေါသ၏ စွမ်းအားကို လျှော့တွက်၍ မရပေ။
ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာသည် ဖုန်းဝူချန်အတွက် အကန့်အသတ် ဖြစ်နေပြီ။
သွမ့်မိုမင်၏ စွမ်းအားသည် ကောင်းကင်ဘုံလူသား နဝမအလွှာနှင့်ပင် ယှဉ်နိုင်နေရာ ဖုန်းဝူချန်အနေဖြင့် ခံနိုင်ရည် မရှိတော့ပေ။
သွမ့်မိုမင်သည် ဝိညာဉ်လက်နက်ကိုပင် မထုတ်ရသေးပေ။ အကယ်၍ ဝိညာဉ်လက်နက်သာ သုံးလိုက်ပါက သူ့စွမ်းအားသည် ကောင်းကင်ဘုံလူသား နဝမအလွှာကိုပင် ကျော်လွန်သွားနိုင်သည်။
"ဝုန်း"
"ဝုန်း... ဝုန်း... ဝုန်း"
ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်းဝူချန် လွင့်စင်ထွက်သွားသည်။ သွမ့်မိုမင်သည် လေဟာနယ်ကို နင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်အား လက်သီး၊ ခြေထောက်တို့ဖြင့် အရူးအမူး ဆက်တိုက် တိုက်ခိုက်လေ၏။ ပေါက်ကွဲသံများ မိုးချုန်းသံအလား ဆက်တိုက် ထွက်ပေါ်နေ၏။
"မင်း သိပ်တော်တယ်ဆို... အခု မင်းရဲ့ စွမ်းအားတွေ ဘယ်ရောက်သွားပြီလဲ"
သွမ့်မိုမင်က ရက်စက်စွာ အော်ဟစ်လိုက်သည်။
"ဝရော"
သွမ့်မိုမင်၏ ရက်စက်သော တိုက်ခိုက်မှုအောက်တွင် ဖုန်းဝူချန်သည် ပါးစပ်မှ နီရဲသော သွေးများ ပန်းထွက်လာ၏။
နောက်ဆုံးတွင် သွမ့်မိုမင်၏ ခြေကန်ချက်ကြောင့် ဖုန်းဝူချန်သည် အမည်းရောင် မျဉ်းကြောင်းတစ်ကြောင်းအလား အောက်ဘက်ရှိ တောင်တန်းများဆီသို့ လွင့်စင်ကျသွားသည်။ ကြီးမားသော တောင်ထိပ်တစ်ခုကို ဝင်ဆောင့်မိရာ မြေကြီးများ တုန်ခါသွားပြီး တောင်တန်းများ ပြိုကျကုန်သည်။
"အစ်ကိုကြီးဖုန်း"
"ခန်းမသခင်"
မြောင်ချင်းချင်းနှင့် နဂါးနတ်ဘုရား နန်းတော်သားများ၏ မျက်နှာတွင် စိုးရိမ်မှုများ အထင်းသား ပေါ်လွင်နေ၏။
"ဖုန်းဝူချန်... သေဖို့ ပြင်ထားလိုက်တော့"
သွမ့်မိုမင်က ဒေါသတကြီး အော်ဟစ်ရင်း အဝေးရှိ ဖုန်းဝူချန်ထံသို့ လက်ဝါးချက်ပေါင်း ဒါဇင်ချီကာ ပစ်လွှတ်လိုက်သည်။
"ရွှစ်... ရွှစ်... ရွှစ်"
"ဝီ... ဝီ"
ကြောက်မက်ဖွယ် လက်ဝါးရာများသည် တစ်ခုပြီးတစ်ခု ပျံသန်းသွားပြီး လေထုကို ခွဲဖြတ်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
"ဝုန်း... ဝုန်း... ဝုန်း"
လက်ဝါးချက်များ ကျရောက်ရာ နေရာတွင် မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာ၏။ တောင်တန်းများ ပြိုကျပျက်စီးသွားပြီး ဖုန်မှုန့်များ ကောင်းကင်ယံသို့ လွင့်ပျံသွားသည်။ မြေကြီးပေါ်တွင် လက်မောင်းလုံးခန့် ရှိသော အက်ကြောင်းကြီးများ ဖြစ်ပေါ်လာပြီး ပေရာချီသော ဧရိယာတစ်ခုလုံး တုန်ခါသွားတော့သည်။
ဖျက်ဆီးအားက ကြီးမားလွန်းလှသည်။ ဒီလို ရက်စက်သော တိုက်ခိုက်မှုမျိုးကို တောင်တန်းကြီးတွေတောင် မခံနိုင်တာ... ဖုန်းဝူချန်လို လူသားတစ်ယောက်က မည်သို့ ခံနိုင်ပါ့မည်လဲ။
နဂါးနတ်ဘုရား နန်းတော်သားများ၏ ရင်ထဲတွင် မီးစ တစ်ခု တောက်လောင်နေသကဲ့သို့ ပူလောင်နေကြသည်။ သူတို့၏ မျက်လုံးများက ပေါက်ကွဲမှု ဖြစ်ရာ နေရာမှ မခွာတမ်း ကြည့်နေကြသည်။
"သွမ့်မိုမင်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်။ ခန်းမသခင် သူ့ကို မယှဉ်နိုင်ဘူး"
ချီဟွမ်က စိုးရိမ်တကြီး ပြောလိုက်သည်။ သူ့လက်ဖဝါးများတွင် ချွေးစေးများ ပြန်နေ၏။
"ဒီအတိုင်း ဆက်သွားရင် ခန်းမသခင် သူ့လက်ချက်နဲ့ သေသွားလိမ့်မယ်"
တောက်ဟွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ကျန်းကျွင့်လန် ပြန်မရောက်သေးဘူးလား။ ယန်ရန်ကို သွားခေါ်မယ်ဆိုပြီး ထွက်သွားတာ ကြာလှပြီ"
မြောင်ချင်းချင်းလည်း စိုးရိမ်တကြီး မေးလိုက်သည်။
"ဆရာဟန်ခွန်း... သူ့ကို မြန်မြန် တားပေးပါဦးဗျ"
ဟု လိန်မူချန်က အလျင်စလို တောင်းဆိုလိုက်သည်။
ဟန်ခွန်းက ခေါင်းခါရင်း၊
"ငါ့ရဲ့ ကောင်းကင်ဘုံလူသား သတ္တမအလွှာ စွမ်းအားလောက်နဲ့ သူ့ကို မယှဉ်နိုင်ဘူး။ ငါက ဆဋ္ဌမအဆင့် ဆေးပညာရှင် မဖြစ်သေးတော့ သန့်ရှင်းသော နေမင်းဂိုဏ်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ငါတို့ အားလုံး ဝိုင်းတိုက်ရင်တောင် နိုင်ဖို့ မသေချာဘူး။ ပြီးတော့ ခန်းမသခင် ရှုံးသေးတာမှ မဟုတ်တာ"
"အစ်ကိုကြီးဖုန်းက ဒီလောက် လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူ မဟုတ်ပါဘူး"
လင်ရှောင်ရှောင်က စိုးရိမ်စိတ်ကို ထိန်းရင်း နှစ်သိမ့်လိုက်သည်။
ကောင်းကင်ထက်တွင် သွမ့်မိုမင်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
ဖုန်းဝူချန် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားပြီဟု သူ ယုံကြည်နေ၏။
ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသော်လည်း ထက်ရှသော အရှိန်အဝါများက ကျန်ရှိနေဆဲပင်။
"ရွှစ်... ရွှစ်... ရွှစ်"
ထိုအချိန်တွင် အဝေးတစ်နေရာမှ လေတိုးသံများ ဆူညံစွာ ထွက်ပေါ်လာပြီး လူသတ် အရှိန်အဝါများ လှိုင်းလုံးကြီးများအလား ဝင်ရောက်လာ၏။
"လာတဲ့လူတွေက ရည်ရွယ်ချက် မကောင်းဘူး"
ဟန်ခွန်းက မျက်မှောင်ကြုတ်လိုက်သည်။
"လူတွေ အများကြီးပါလား။ ကောင်းကင်ဘုံလူသား အဆင့်တွေက ဒါဇင်နဲ့ချီပြီး ပါလာတယ်။ ထျန်းကျီဘုံ အဆင့်တွေတောင် ပါသေးတယ်"
ပေတိုယန်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားသည်။
"ဒုက္ခတော့ ရောက်ပြီ"
ယီထျန်းချင်းက လေးလေးနက်နက် ပြောလိုက်သည်။
လူဦးရေ တစ်ထောင်နီးပါး ရှိသည်။
အစွမ်းထက် ပုဂ္ဂိုလ်ပေါင်း တစ်ထောင်နီးပါး။ ထိုအထဲတွင် ကောင်းကင်ဘုံလူသား အဆင့် ဒါဇင်ချီ ပါဝင်ပြီး ထျန်းကျီဘုံ အဆင့်များပင် ပါဝင်နေ၏။ ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
ဒီလူအုပ်ကြီးက နဂါးနတ်ဘုရား နန်းတော်ကို ရည်ရွယ်ပြီး လာနေတာ သေချာသည်။
အခန်း (၅၇၀) - နဂါးနတ်ဘုရား နန်းတော်၏ အကျပ်အတည်း (၂)
~နဂါးနတ်ဘုရား နန်းတော်သားများအားလုံး အကြီးမားဆုံးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီဟု ခံစားလိုက်ရသည်။ ဖုန်းဝူချန်ကလည်း သွမ့်မိုမင်၏ တိုက်ခိုက်မှုကြောင့် သေသည်ရှင်သည် မသိရသေး။ အခု ရန်သူအသစ်တွေ ထပ်ရောက်လာပြန်ပြီလား။
မကြာမီမှာပင် မည်းမှောင်နေသော လူအုပ်ကြီးသည် ကောင်းကင်ယံမှ ပျံသန်းလာကြသည်။
လူတစ်ထောင်၏ အရှိန်အဝါက နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဖိနှိပ်ထားလိုက်သည်။ လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။
နဂါးနတ်ဘုရား နန်းတော်သားများသည် သေရေးရှင်ရေး တိုက်ပွဲများကို ကြုံဖူးသော်လည်း... ဤမျှ ကြီးမားသော အင်အားစုကြီး၏ ရှေ့တွင်မူ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ကြတော့ပေ။
လင်ရှောင်ရှောင် တစ်ယောက်သာ မျက်နှာထား တင်းမာနေပြီး မျက်လုံးများတွင် အေးစက်သော လူသတ် အရှိန်အဝါများ တောက်လောင်နေ၏။
လူတစ်ထောင်ကျော်သည် နဂါးနတ်ဘုရား နန်းတော်အပေါ်သို့ ရောက်ရှိလာကြသည်။ သူတို့ကို ဦးဆောင်လာသူများမှာ ထျန်းကျီဘုံ အဆင့် (၃) ယောက် ဖြစ်၏။
"သူတို့က ဝင်္ကပါပင်လယ်နယ်မြေက အင်အားကြီး ဂိုဏ်းတွေပဲ"
ဟန်ခွန်းက လူအချို့ကို မှတ်မိလိုက်သည်။
"ဟုတ်တယ်။ တော်တော်များများကို ဆေးပညာပြိုင်ပွဲတုန်းက တွေ့ဖူးတယ်"
မြောင်ချင်းချင်းက အတည်ပြုလိုက်သည်။
"သူတို့တွေ.. သေလမ်းရှာနေတာပဲ"
"ဂိုဏ်းချုပ်လင်းရဲ့ (၇၀) ပြည့် မွေးနေ့ပွဲတုန်းက... ငါတို့ ရှောင်ယောက်နန်းတော် အပါအဝင် ဝင်္ကပါပင်လယ်နယ်မြေက ဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေ အများကြီး အသတ်ခံခဲ့ရတယ်။ ဒါတွေအားလုံး ဖုန်းဝူချန်ကြောင့် ဖြစ်ရတာ"
ဟု ခေါင်းဆောင်ဖြစ်သူ ထျန်းကျီဘုံ ပညာရှင်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
"ဆေးပညာရှင် ဟန်ခွန်း... ခင်ဗျားရဲ့ ဂုဏ်သတင်းကို ကျုပ်တို့ သိပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ကျုပ်တို့ရဲ့ လက်စားချေမှုကို မတားနဲ့။ခင်ဗျား ဝင်မပါဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျုပ်တို့လည်း ညှာတာနေမှာ မဟုတ်ဘူး"
နောက်ထပ် ထျန်းကျီဘုံ ပညာရှင်တစ်ဦးက ခြိမ်းခြောက်လိုက်သည်။
ဟန်ခွန်းက အေးဆေးစွာ တုံ့ပြန်လိုက်သည်။
"ငါ ဝူကျိနယ်မြေမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါ့ကို ဒီလို လာပြောရဲတာ မင်း ပထမဆုံးပဲ"
"အဲ့ဒီတော့ ဘာဖြစ်လဲ။ ခင်ဗျားက ဆဋ္ဌမအဆင့် ဆေးပညာရှင်မှန်း ကျုပ် သိတယ်။ ခင်ဗျား လူခေါ်ချင်ရင် ခေါ်လိုက်။ ငါက ဖုန်းဝူချန်ကိုတောင် မကြောက်တာ... ခင်ဗျားကို ကြောက်စရာလား"
သွမ့်မိုမင်က ဝင်ပြောလိုက်သည်။
"ရှင်တို့အားလုံဦး သေလမ်းရှာနေတာပဲ"
လင်ရှောင်ရှောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်လိုက်သည်။
"ချီဟွမ်၊ ရွှယ်ဖုန်း၊ တောက်ဟွမ်၊ ကျုပ် လိန်မူချန်၊ နျဲ့ကျုံး၊ သွမ့်ထျန်းဖုန်း၊ ခွမ်းကျန့်... မင်းတို့ (၈) ယောက်က ဟန်ခွန်းကို ကူညီပြီး အခင်းအကျင်းကို ထိန်းထား"
"ဟုတ်ကဲ့ပါ ခန်းမသခင်"
"လွမ်ရှန်း၊ ဟွမ်ယန်... မင်းတို့ ညီအစ်ကိုတွေကို ဦးဆောင်ပြီး ရန်သူတွေကို သနားမနေနဲ့"
"ဟုတ်ကဲ့"
ရာချီသော ညီအစ်ကိုများက စိတ်ဓာတ်တက်ကြွစွာဖြင့် ကြွေးကြော်လိုက်ကြသည်။
အမိန့်ပေးပြီးနောက် ဖုန်းဝူချန်သည် လေဟာနယ်ကို လက်လှမ်းလိုက်ရာ နဂါးနတ်ဘုရား ဓား ပေါ်လာ၏။ သူ့အရှိန်အဝါများ ထပ်မံ မြင့်တက်လာပြီး ယခင်ကထက်ပင် ပိုမို ပြင်းထန်လာ၏။
"နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကို အထင်သေးတဲ့သူ ဘယ်သူမဆို စမ်းကြည့်လို့ ရတယ်"
ဖုန်းဝူချန်က အေးစက်စွာ ရယ်မောရင်း အတောင်ပံများကို ဖြန့်ကားကာ သွမ့်မိုမင်ထံသို့ တရှိန်ထိုး ပြေးဝင်သွားသည်။
"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ"
သွမ့်မိုမင်က ဒေါသတကြီး အော်ဟစ်ရင်း အဖြူရောင် အလင်းတန်းတစ်စင်းအလား ပြောင်းလဲကာ ပြေးထွက်လာ၏။
"ဟွန့်... ဒီအခင်းအကျင်းက ဘယ်လောက် စွမ်းလဲ ကြည့်ကြသေးတာပေါ့"
ထျန်းကျီဘုံ နဝမအလွှာ ပညာရှင်တစ်ဦး ရိပ်ခနဲ ပေါ်လာပြီး မထီမဲ့မြင် ပြုကာ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ရိုက်ချလိုက်သည်။
"ဟွန့်... သေချင်နေတာပဲ"
ဟန်ခွန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
"ဝုန်း"
"ဝီ... ဝီ"
ထျန်းကျီဘုံ ပညာရှင်၏ လက်ဝါးချက် ကျရောက်လာသည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အခင်းအကျင်းကြီး တုန်ခါသွားသည်။ အခင်းအကျင်း ပြိုကျတော့မည်ဟု ထင်မှတ်ကာ သူ့မျက်နှာပေါ်တွင် အောင်နိုင်သူအပြုံး ပေါ်လာသော်လည်း... နောက်တစ်စက္ကန့်တွင် နောင်တရသွားတော့သည်။
"ဘာ... မဖြစ်နိုင်ဘူး"
ထျန်းကျီဘုံ ပညာရှင်မှာ အံ့အားသင့်သွားသည်။ အခင်းအကျင်း မပြိုကျရုံသာမက ကြောက်မက်ဖွယ် စွမ်းအားများ သူ့ထံသို့ ပြန်ကန်ထွက်လာသဖြင့် မျက်နှာပျက်သွားတော့သည်။
"ဝုန်း"
"အွတ်"
ပြန်ကန်ထွက်လာသော စွမ်းအားများကြောင့် ထျန်းကျီဘုံ ပညာရှင်မှာ သွေးအန်ကာ လွင့်စင်ထွက်သွားသည်။
"ဟာ..."
ကောင်းကင်ထက်မှ ဝင်္ကပါပင်လယ်နယ်မြေ အစွမ်းထက် ပုဂ္ဂိုလ်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"အခင်းအကျင်းက ဒီလောက်တောင် စွမ်းအားကြီးတာလား"
ကျန်ရှိသော ထျန်းကျီဘုံ ပညာရှင် (၂) ဦးလည်း ထိတ်လန့်သွားကြသည်။
"ထျန်းကျီဘုံ အဆင့်တောင် မဖျက်ဆီးနိုင်ဘူး ဟုတ်လား"
သွမ့်မိုမင်လည်း စိတ်ထဲတွင် အံ့သြသွားသည်။
ထျန်းကျီဘုံ အဆင့် ပညာရှင်တွေတောင် မဖျက်ဆီးနိုင်တဲ့ အခင်းအကျင်းဆိုတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
"ဘယ်သူ စမ်းချင်သေးလဲ"
ဟန်ခွန်းက အေးစက်စွာ မေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာ၏။
"အားလုံး ဝိုင်းတိုက်ပြီး အခင်းအကျင်းကို ဖျက်ဆီးကြမယ်။ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... ငါတို့ လူအများကြီးရဲ့ စွမ်းအားကို ခံနိုင်မှာ မဟုတ်ဘူး"
နောက်ထပ် ထျန်းကျီဘုံ ပညာရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါဆိုရင်လည်း... ကြိုက်သလောက် စမ်းကြည့်ကြပါဗျာ"
ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။
သွမ့်မိုမင်နှင့် မီတာအနည်းငယ် အကွာသို့ ရောက်သောအခါ ဖုန်းဝူချန်သည် နဂါးနတ်ဘုရား ဓားထဲသို့ စွမ်းအားများ အကုန်သွင်းလိုက်သည်။ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားပြီး ဓားသွားမှ သွေးရောင်အလင်းတန်းများ တောက်ပလာ၏။
"မင်းရဲ့ ဓားသိုင်းကို ငါ ခံစားဖူးပြီးသားပါကွ"
ဟု သွမ့်မိုမင်က အေးစက်စွာ အော်ဟစ်လိုက်သည်။
"အို... ဟုတ်လား။ ဘယ်လိုနေလဲ။ တကယ်လို့ မင်းသာ လုံးဝ အကာအကွယ်မဲ့နေရင် ဘာဖြစ်သွားမလဲ ဆိုတာ စဉ်းစားကြည့်ဖူးလား"
ဖုန်းဝူချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ ဝင်းလက်သွားတော့သည်။