← Chapters

ခန်းမဆောင်သခင်ငါးယောက် စိတ်ရှုပ်ထွေးသွားခြင်း

Vol. 12 Ch. 118

ခန်းမဆောင်သခင်ငါးယောက် စိတ်ရှုပ်ထွေးသွားခြင်း

Vol. 12 Ch. 118

တန်တင်းမျှော်စင်၏ ပင်မခန်းမအတွင်း၌ ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ ထွက်ခွာသွားချိန်၌ ခန်းမဆောင်သခင်ငါးယောက်သည် ထပ်မံ၍ စုဝေးလိုက်ကြသည်။ သူတို့ငါးယောက်လုံး စိတ်အခြေအနေ ကောင်းမွန်နေပုံရသည်။ သူတို့သည် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။

ခန်းမဆောင်သခင်တစ်ဦးက ပြောဆိုသည်။

"ဒီလူနှစ်ယောက်သာ ငါတို့ဆီ ဝင်ရောက်လာရင် အဆင့်မြင့်မားပြီးတော့ အဆင့်ခြောက် အထွတ်အထိပ်နဲ့ နီးစပ်တဲ့ အဲ့ဒီဆေးလုံးကို စတင်ဖော်စပ်နိုင်မယ်လို့ ငါ ထင်တယ်"

သူ ပြောဆိုလိုက်သည်နှင့် လူများအားလုံး၏ မျက်လုံးအကြည့်များ လှုပ်ခတ်သွားပြီး သူတို့၏မျက်နှာများတွင် တည်ကြည်လေးနက်သော အမူအယာများ ထင်ဟပ်လာသည်။ တန်ထင်းခန်းမဆောင်သည် အရှေ့ပိုင်းဒေသတွင် ထိပ်သီးတည်ရှိမှုကြီးတစ်ခုပင်။ ဤသည်မှာ မရေမတွက်နိုင်သောလူများ၏ စိတ်နှလုံးသားများထဲတွင် မြင့်မြတ်နယ်မြေတစ်ခုပင်။ တန်ထင်းခန်းမဆောင်၏ စီးပွားရေးလုပ်ငန်းများသည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ပျံ့နှံ့နေပေ၏။

သို့သော် ဤမျှထိ ကြီးမားသော အတိုင်းအတာ ရှိသည့်တိုင် တန်ထင်းခန်းမဆောင်သည် ဖွံ့ဖြိုးတိုးတက်မှု ပိတ်ဆို့နေသော ကာလတစ်ခုသို့ ရောက်ရှိနေလေပြီ။ အဆင့်ခြောက် အထွတ်အထိပ်နှင့် နီးစပ်သော ထိုဆေးညွှန်းသည် သူတို့၏တန်ထင်းခန်းမဆောင် နောက်တစ်ဆင့်တက်လှမ်းရန် အရှေ့ပိုင်းဒေသပြင်ပသို့ ကုန်ပစ္စည်းများ ရောင်းချရန်နှင့် တခြားနေရာများသို့ ရွှေ့ပြောင်းရန် သော့ချက်ပင်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ အဆင့်ခြောက် အထွတ်အထိပ်နှင့်နီးစပ်သော ဤဆေးဖော်ညွှန်းကို တန်ထင်းခန်းမဆောင်တစ်ခုလုံး၏ စုပေါင်းအင်အားဖြင့်ပင် ဖော်စပ်နိုင်မှု မရှိခြင်းပင်။ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ထွက်ပေါ်လာခြင်းသည် ဤဆေးလုံးကို ဖော်စပ်နိုင်မည့် မျှော်လင့်ချက် ပေးစွမ်းနိုင်ခဲ့လေသည်။

ကျွင်းရှောင်ယောက်သည် ပင်မထိုင်ခုံတွင် ထိုင်နေသည်။ သူတို့၏စိတ်ဓာတ်ကို မြှင့်တင်ရန် တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် သူ၏ခါးရှိ ကျောက်စိမ်းပြားမှ ရုတ်တရက် အလင်းရောင်များ ဖြာထွက်လာသည်။ ဤလှုပ်ခတ်မှုသည် တခြားလူများ၏အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်လိုက်ပြီး သူတို့အားလုံး ဝမ်းသာသွားကြသည်။

"အဲ့ဒါ ဝူယွဲ့နဲ့ရှီရောင်ထျန်းကို ပေးထားတဲ့ ဆက်သွယ်ရေးကျောက်စိမ်းပြားက လင်းနေတာလား"

ခန်းမဆောင်သခင်တစ်ဦး မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"အတိအကျပဲ"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။

"ငါ မမှားဘူးဆိုရင် သူတို့ သေချာစဉ်းစားပြီးပြီ ဖြစ်လောက်တယ်... ပြီးတော့ ငါရဲ့တန်ထင်းခန်းမဆောင်မှာ ဂုဏ်ထူးဆောင် အကြီးအကဲတွေ ဖြစ်လာဖို့ သဘောတူလောက်ပြီ"

"ဒါက ကောင်းတာပေါ့"

ကျွင်းရှောင်ယောက်၏ အတည်ပြုချက်ကို ကြားချိန်၌ တခြားခန်းမဆောင်သခင်လေးယောက်လုံး စိတ်လှုပ်ရှားသွားကြသည်။ ကျွင်းရှောင်ယောက်သည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေပေ၏။ နှစ်ပေါင်းတစ်ထောင်ကျော် အတွင်း၌ သူတို့၏တန်ထင်းခန်းမဆောင်တွင် အကန့်အသတ်ရှိသော အဆင့်ငါးဆေးပညာရှင် အနည်းငယ်မှလွဲ၍ အဆင့်မြင့် ဆေးပညာရှင်အသစ်များ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

ယခု သူတို့ ထွက်ပေါ်လာချိန်၌ လူနှစ်ယောက် ဖြစ်နေသဖြင့် ဤသည်က တန်ထင်းခန်းမဆောင်၏ အလုံးစုံအင်အားကို ကြီးမားစွာ တိုးတက်စေခြင်း ဖြစ်ပေမည်။ ဒြပ်စင်ငါးပါး ဆေးဖော်စပ်ခြင်းနည်းစနစ် အကြောင်း ပြောရလျှင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် မည်ကဲ့သို့သော အခွင့်အရေးမျိုး ရရှိခဲ့၍ ပိုင်ဆိုင်ထားသနည်း ဆိုတာကို သူတို့ မသိသော်လည်း ထိုကဲ့သို့ နည်းစနစ်မျိုးကို သူတို့ မည်သို့လျှင် မလိုချင်ဘဲ နေပါမည်နည်း။ အနာဂတ်တွင် သူတို့အကြား၌ ဆက်ဆံရေး တိုးတက်လာပါက သူတို့သည်လည်း ဤနည်းစနစ်ကို ရရှိရန် အခွင့်အရေး ရှိကောင်းရှိလာနိုင်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်သာ တန်ထင်းခန်းမဆောင်သို့ ဝင်ရောက်လာပါက ခန်းမဆောင်၏ အလုံးစုံအင်အား တိုးတက်လာမည်သာမက သူတို့တစ်ဦးချင်းစီအတွက်လည်း များစွာအကျိုးရှိလာပေမည်။ ဤအပြန်အလှန်အကျိုးပြုမှုက သူ၏တန်ကျွင်းခန်းမဆောင် အတွက် အခွင့်အရေးတစ်ခုဟု ယူဆနိုင်သည်။

ကျွင်းရှောင်ယောက်သည် အချိန်ဆွဲမနေဘဲ ကျောက်စိမ်းပြားကို အလျင်အမြန် ထုတ်ယူလိုက်လေသည်။ သူသည် အသက်အောင့်ထားပြီး သတင်းစကားကို စောင့်ဆိုင်းနေပေ၏။ သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ တခြားခန်းမသခင်လေးယောက်လည်း တိတ်ဆိတ်သွားပြီး ဤအချိနိအခိုက်အတန့်ကို စောင့်ဆိုင်းနေကြသည်။ နောက်ဆုံးတွင် ကျွင်းရှောင်ယောက်သည် ကျောက်စိမ်းပြားထဲသို့ စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်ချိန်၌ ဝူယွဲ့၏အသံသည် ကျောက်စိမ်းပြားမှ ထွက်ပေါ်လာတော့သည်။

သို့သော် ထိုအသံ အဆုံးသတ်သွားသည်နှင့် သူတို့ငါးယောက်လုံး လုံးလုံးလျားလျား ဆွံ့အသွားကြသည်။

"သောက်ချေးပဲ... အကြီးအကဲအဖြစ် စာရင်းသွင်းရမှာလား... မင်းအမေကိုသာ စာရင်းသွင်းခိုင်းလိုက်...."

ထိုအသံတွင် ပြင်းထန်သောဒေါသများ ပါဝင်နေပြီး အနည်းငယ်စူးရှသောအသံ ထွက်ပေါ်နေသည်။ ယခုအချိန်တွင် စူးရှသော အသံသည် လူငါးယောက်၏ နားစည်များကို တုန်ခါသွားစေပြီး ခန်းမဆောင်သခင်ငါးယောက်ကို အံ့အားသင့်သွားစေခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် သူတို့သည် နေရာတွင်ပင် တောင့်တင်းသွားကြပြီး သူတို့၏မျက်နှာအမူအယာများ တစ်ယောက်ထက်တစ်ယောက် ပို၍ပျက်ယွင်းသွားကြတော့သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ... ခုဏက သူတို့တွေ ပျော်ပျော်ရွှင်ရွှင် ထွက်သွားကြတာ မဟုတ်ဘူးလား"

"ဟုတ်တယ်... ငါတို့ ပေးထားတဲ့ အကျိုးခံစားခွင့်တွေနဲ့ဆိုရင် သူတို့ ငြင်းပယ်စရာ အကြောင်းမရှိဘူး"

"ပြီးတော့ လေသံကို နားထောင်ကြည့်ရင် ဒေါသထွက်နေပုံပဲ....ဘယ်သူက သူတို့ကို စော်ကားလိုက်တာလဲ"

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြ၏။ ကျွင်းရှောင်ယောက်သည်လည်း ကြောင်တောင်တောင် ဖြစ်နေသည်။ 'မင်းတို့က ငါ့ကို လာမေးနေတယ်... ငါက ဘယ်သူ့ကို သွားမေးရမှာလဲ' ဟု သူ တွေးနေမိသည်။

ခန်းမဆောင်သခင်တစ်ဦးက အလျင်အမြန် ပြောဆိုလိုက်သည်။

"အဘိုးကြီးရှောင်ယောက်... ဒီအတိုင်း ရပ်မနေနဲ့... တကယ်တမ်း ဘာဖြစ်ခဲ့လဲဆိုတာ အမြန် မေးကြည့်လိုက်တော့... ဒီလူနှစ်ယောက်က ငါတို့တန်ထင်းခန်းမဆောင်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလွန်းတယ်... ငါတို့ သူတို့ကို လုံးဝ စော်ကားလို့မဖြစ်ဘူး"

"ဟုတ်တယ် ဟုတ်တယ်... ဘာဖြစ်ခဲ့လဲဆိုတာ အမြန် မေးကြည့်ပါ"

တခြားခန်းမဆောင်သခင်များလည်း ထပ်တူထပ်မျှ စိုးရိမ်ပူပန်နေကြသည်။ ကျွင်းရှောင်ယောက်သည် ဤကိစ္စ အရေးကြီးကြောင်း သဘာဝကျကျ သိထားပြီး လျစ်လျူမရှုရဲပေ။ သူသည် အကြောင်းအရင်းကို အလျင်အမြန် စုံစမ်းမေးမြန်းလိုက်၏။

သို့သော် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ဝူယွဲ့က ခြေမွှဖျက်ဆီးပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ပြီဖြစ်ရာ သူ မည်သို့ ဆက်သွယ်၍ ရတော့မည်နည်း။ သူ မည်မျှပင် သတင်းစကား ပေးပို့ပါစေ တစ်ဖက်က လုံးဝတုံ့ပြန်မှု မရှိတော့ချေ။ ဤသည်မှာ ကျောက်တုံးတစ်တုံး ပင်လယ်ထဲသို့ နစ်မြုပ်သွားသည့်အလားပင်။ ဤအခြေအနေသည် ခန်းမဆောင်သခင်ငါးယောက်၏ မျက်နှာများကို အလွန်အမင်း တင်းမာသွားစေပြီး မည်သည်ကြောင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာရသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

...

တစ်ချိန်တည်းမှာပင် ကျုံးချင်သည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့နှင့်အတူ ဆေးမြို့တော်အတွင်း၌ လျှောက်လှမ်းသွားနေသည်။ လမ်းတလျှောက်တွင် သူတို့နှစ်ယောက်သား အဆက်မပြတ် ဆဲဆိုနေကြသည်။

"တောင်သခင်... ကျွန်တော့်ကို မေးရင် ဒီတန်ထင်းခန်းမဆောင်က အကောင်းအဆိုး နားမလည်တာ သေချာတယ်... သူတို့က တောင်သခင်ကို ဒီလို မျိုး ဆက်ဆံရဲတယ်ပေါ့... ဒီဆေးပညာရှင်လက်မှတ်က မရှိတာ ပိုကောင်းတယ်"

ဝူယွဲ့ ဒေါသတကြီး ပြောလိုက်သည်။

ရှီရှောင်ထျန်းသည်လည်း ဒေါသထွက်နေပေ၏။

"တောင်သခင်... စိတ်မပူပါနဲ့... တစ်နေ့ကျရင် ဒီကိစ္စအတွက် သူတို့ကို သေချာပေါက် လက်စားချေပေးပါ့မယ်"

သူတို့နှစ်ယောက်သား အဆက်မပြတ် ပြောဆိုနေကြပြီး ထိုအရာအားလုံးက ကျုံးချင်ကိုယ်စား ဒေါသထွက်နေကြခြင်းပင်။ သူတို့နှစ်ယောက်၏ မုတ်ဆိတ်မွေးများ ထောင်ထနေပြီး နှာမှုတ်နေကြသည်ကို မြင်တွေ့ချိန်၌ ကျုံးချင်သည် မပြုံးဘဲ မနေနိုင်တော့ပေ။

"တော်လောက်ပြီ... မင်းတို့ရဲ့ တောင်သခင်က မင်းတို့ ထင်သလောက် မပျော့ညံ့ပါဘူး... ဒီကိစ္စကို ထပ်မပြောကြနဲ့တော့... ဆေးမြို့တော်က အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာ အစည်ကားဆုံး နေရာလို့ ကြားဖူးတယ်... အရင်တုန်းက နာမည်ပဲ ကြားဖူးပြီး ရှုခင်းကို မမြင်ဖူးဘူး... အခု ငါတို့ ဒီကို ရောက်လာကြပြီဆိုတော့ ငါနဲ့အတူ လမ်းလျှောက်ထွက်ပြီး အရှေ့ပိုင်းဒေသရဲ့ အစည်ကားဆုံးမြို့လို့ လူသိများတဲ့ ဒီမြို့ရဲ့ ထူးခြားချက်တွေကို ခံစားကြရအောင်"

ကျုံးချင် ပြောဆိုလိုက်ချိန်၌ ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ စိတ်ပါလက်ပါ သဘောတူလိုက်ကြလေသည်။ ဆေးမြို့တော်၏စည်ကားမှုနှင့် ပတ်သက်လျှင် ကိုယ်တိုင်ကိုယ်ကျ မျက်စိဖြင့် မမြင်ဖူးပါက စာရွက်ပေါ်တွင် ဖော်ပြရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။ ကျုံးချင်သည် လင်းမြို့သို့ အများဆုံးသွားလေ့ရှိသည်။ ထိုနေရာကို အရပ်မျက်နှာအားလုံးမှ ဝင်ထွက်သွားလာနိုင်ပြီး သယ်ယူပို့ဆောင်ရေး အဆင်ပြေကာ ရှန်ကျန်းဂိုဏ်း၏ကျောထောက်နောက်ခံ ရှိသဖြင့် သက်ဝင်လှုပ်ရှားသည်။ လူစည်ကားမှုမှာ နိမ့်ပါးခြင်းမရှိချေ။

သို့သော် ဆေးမြို့တော်နှင့် နှိုင်းယှဉ်လျှင် မြို့နှစ်မြို့သည် လုံးလုံးလျားလျား အဆင့်မတူချေ။ ဤမြို့တွင် ခမ်းနားထည်ဝါသော စားသောက်ဆိုင်များနေရာတိုင်း၌ ရှိနေသည်။ လူစည်ကားမှုနှင့် ပတ်သက်လျှင် သူ၏ယခင်ဘဝက ပထမတန်းစားမြို့ကြီးများထက် မလျော့နည်းသည့်အပြင် ပို၍ပင် များပြားနေသည်။ ဆေးပညာရှင်များသည် မြို့ထဲတွင် အဓိကလူအများစုဖြစ်ပြီး တခြားအလွှာအသီးသီးမှ လူများလည်း အမြောက်အများရှိနေသည်။

လမ်းမကြီး၏ဘေးနှစ်ဖက်တွင် မျက်စိကျိန်းလောက်သော တောက်ပသော ကုန်ပစ္စည်း အမျိုးမျိုး ရှိနေသည်။ ထိုအရာများအနက် အများစုမှာ ဆေးလုံးနှင့် အဖိုးတန်ဆေးပင်များ ဖြစ်ကြသည်။

"လာကြည့်ကြ... လာကြည့်ကြပါ...ဒါက လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ ဆေးပင်တွေပဲ... ဒါတွေအားလုံးက အဆင့်မြင့် စိတ်ဝိညာဥ်ဆေးပင်တွေပါ... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ ကျသင့်မယ်... ၁၀ တုံး... ၁၀ တုံး... ဒါတွေအားလုံးမှ ၁၀ တုံးပါပဲ"

"စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးနဲ့ ခင်ဗျားတို့ ရှုံးမှာ မဟုတ်ပါဘူး... စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးနဲ့ ခင်ဗျားတို့ အလိမ်ခံရမှာ မဟုတ်ပါဘူး... စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးနဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်တွေကို အိမ်ပြန်ယူသွားနိုင်ပါတယ်"

ဤရင်းနှီးပြီး ညှို့ငင်ဖမ်းစားနိုင်သော ဈေးကွက်ရှာဖွေရေး စကားလုံးများသည် ကျုံးချင်ကို အချိန်ကာလ လွဲမှားနေသကဲ့သို့ ခံစားမှုအား ပေးစွမ်းနိုင်ခဲ့သည်။

'အိုး ဘုရားရေ... လူတွေ ကူးပြောင်းရောက်ရှိလာတယ်လို့ ငါ ကြားဖူးပေမယ့် ကြော်ငြာ စကားလုံးတွေပါ ကူးပြောင်းရောက်ရှိလာတယ်လို့ တစ်ခါမှ မကြားဖူးဘူး'

ကျုံးချင်က သူ၏ဆိုင်ရှေ့တွင် မတ်တတ်ရပ်လိုက်သည်ကို မြင်တွေ့ချိန်၌ ဈေးသည်၏ မျက်နှာ တောက်ပသွားသည်။

"လူကြီးမင်း... အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်လောက် အိမ်ပြန်ယူသွားချင်လား"

"ကျွန်တော့်ဆီမှာ ရှိတာတွေက လုံးဝးစစ်မှန်ပြီး ဈေးနှုန်းကလည်း အသက်သာဆုံးပါ... ကျွန်တော်က တကယ့်ကို ရိုးရိုးသားသား ပြောတာပါ"

"ဒါကိုဝယ်ပြီးတော့ အိမ်ပြန်ယူသွားရင် ခင်ဗျားရဲ့ ဂိုဏ်းတူတွေက ခင်ဗျားကို အားကျလိမ့်မယ်... ခင်ဗျားရဲ့ အကြီးအကဲတွေက ခင်ဗျားကို ချီးကျူးလိမ့်မယ်... ပြီးတော့ ခင်ဗျားရဲ့ စေ့စပ်ထားသူက ခင်ဗျားရဲ့ စူးရှတဲ့အမြင်ကို ချီးကျူးလိမ့်မယ်"

"ဒါကိုဝယ်ပြီး အိမ်ပြန်ယူသွားလိုက်ပါ... ခင်ဗျားရဲ့ ပါရမီကို မြှင့်တင်ဖို့ ရန်သူတွေကို ချေမှုန်းဖို့နဲ့ လက်စားချေဖို့ ဒီစိတ်ဝိညာဉ်ဆေးပင်ကို အများကြီး အသုံးပြုနိုင်တယ်... ခင်ဗျားက ဆေးပင်ဝယ်နေတာလား... မဟုတ်ဘူး... ဒါက ကောင်းကင်ဘုံကို ပျံတက်ဖို့ အခွင့်အရေး တစ်ခု ဖြစ်နိုင်ခြေ အများကြီး ရှိတယ်"

"ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံး... ဒီအရောင်းအဝယ်က လုံးဝ တန်ပါတယ်... လုံးဝဈေးပေါပါတယ်"

ကျုံးချင်၏ပါးစပ် အနည်းငယ် မဲ့ရွဲ့သွားသည်။ ဤလူ၏ သတင်းအချက်အလက် အားလုံးကို ထွင်းဖောက်မြင်နိုင်သော ကောင်းကင်ဘုံမျက်လုံးသာ သူ့ထံ၌ မရှိပါက ကူးပြောင်းရောက်ရှိလာသူ အချင်းချင်း တွေ့လိုက်ရပြီဟု သူ အမှန်တကယ်ကို ထင်မှတ်မိပေလိမ့်မည်။ ဤစျေးသည်၏ စကားပြောစွမ်းရည်နှင့် ဆိုလျှင် လူသေကိုပင် အသက်ပြန်ရှင်လာအောင် ပြောနိုင်လောက်သည်။ သူ၏ယခင်ဘဝမှာသာ ဆိုလျှင် နောက်ထပ်ဂျက်မားတစ်ယောက် ထွက်ပေါ်လာနိုင်လောက်ပေသည်။

သူ ပြုံးလိုက်ပြီး ထိုဈေးသည်၏ဆိုင်မှ ထွက်ခွာလာခဲ့သည်။ ကြွင်းကျန်သော အချိန်များတွင် ကျုံးချင်က မြို့ကိုပတ်ပြီး ထပ်မံ၍ လျှောက်သွားခဲ့သည်။ သူသည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းကို ဒေသအစားအစာများနှင့် အထူးအစားအစာများကို မြည်းစမ်းကြည့်ရန် ခေါ်သွားခဲ့သည်။ စည်ကားသော မြို့ထဲတွင် ဝင်ထွက်သွားလာနေသော လူများထံမှ တီးတိုးစကားသံများသည် မရပ်မနား ထွက်ပေါ်နေပေ၏။

လူတချို့သည် သူတို့၏ ဝမ်းရေးအတွက် စိုးရိမ်နေကြကာ တချို့က သူတို့၏ အနာဂတ်အတွက် စိုးရိမ်နေကြပြီး တချို့ကမူ သူတို့၏သားသမီးမြေးမြစ်တွေအတွက် စိတ်ပူနေကြသည်။ လူတချို့သည် ပျော်ရွှင်နေကြပြီး တချို့က ဝမ်းနည်းနေကြကာ တချို့ကမူ ဒုက္ခရောက်နေကြသည်။ ဤသည်က လူ့လောက၏ကဏ္ဍပေါင်းစုံကို အပြည့်အဝ ပြသနေခြင်းပင်။

သူ့ထံသို့ လူလောက၏ စိတ်ခံစားချက်လှိုင်းလုံးကြီးတစ်ခု ဝင်ရောက်လာသည်။ ကျုံးချင်သည် ဤလူလောက၏ဆူညံသံများကို မမုန်းတီးချေ။ တစ်ချိန်တုန်းက သူလည်း ဤရှုပ်ထွေးသော လူလောကကြီး၏အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ဤလူများ ရှိနေ၍သာ ဤကမ္ဘာကြီးက ပို၍အရောင်အသွေး စုံလင်နေခြင်း ဖြစ်သည်။

'တစ်နေ့ကျရင် ဒီစည်ကားတဲ့ မြို့တော်ကို လာပြီး နေစရာရှာ... သူငယ်ချင်း သုံးလေးယောက်လောက် ဖိတ်... နေ့တိုင်း လမ်းလျှောက်ထွက်... ဝိုင်အရက်သောက်... ပြီးတော့ ပျော်ပွဲစားရုံတွေ သွားလည်တာမျိုး လုပ်ရင် ကောင်းမွန်တဲ့ ရွေးချယ်မှုမျိုး ဖြစ်လောက်တယ်'

သေချာတာသည်မှာ ထိုကိစ္စများအားလုံးသည် အနာဂတ်အတွက်ပင်။ ယခုလောလောဆယ်တွင် သူ၏အာရုံစိုက်မှုသည် သူ့တပည့်များ၏ တိုးတက်မှုအပေါ်၌ ရှိနေပေမည်။ မည်သို့ပင်ဆိုစေကာမူ သူ၏တပည့်များ တိုးတက်မှု မြန်ဆန်လေလေ သူ၏ကိုယ်ပိုင်စွမ်းအား ပို၍မြင့်မားလေပင်။ မည်သည့်နေရာတွင်မဆို စွမ်းအားသည် တစ်စုံတစ်ယောက်ရပ်တည်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သည်။ သူ၏စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် နေထိုင်ရန်ဆိုလျှင် မည်သည့်အရာကိုမျှ မကြောက်ရွံရသော စွမ်းအားများရှိရန် လိုအပ်သည်မှာ သဘာဝကျပေ၏။

"ပိုင်လင်း ဘယ်လိုနေလဲ မသိဘူး"

ကျိုးပဲ့နေသော တံတားတစ်စင်းပေါ်တွင် မတ်တတ်ရပ်ရင်း ကျုံးချင်က ရေရွတ်လိုက်သည်။ တစ်ဖက်လူသည် သူနှင့် တခြားနှောင်ကြိုးတစ်မျိုး စတင်ရန် ဖြစ်နိုင်ခြေ များကြောင်း သူ မမေ့သေးချေ။ သို့ရာတွင် စာခြောက်ရုပ်က သူမကို စောင့်ရှောက်ပေးထားသဖြင့် သူမ ဘေးကင်းပေမည်။ ဤနှောင်ကြိုးသစ် အသက်ဝင်ရန်အတွက် အချိန်စောင့်ရပေမည်။ အချိန်တန်လျှင် အရာအားလုံး သူ့အလိုလို ဖြစ်လာမည် ဖြစ်သော်လည်း အချိန်မတန်သေးလျှင် အတင်းအကျပ် လုပ်ယူ၍ မရနိုင်ချေ။

All Chapters