အခန်း (၃၁၁-၃၁၂)
Vol. 29 Ch. 311-312
အခန်း (၃၁၁)။
"အာ…၊ အခုနက အထက်တန်းပညာရှင်က....။"
"ကောင်းကင်တိမ်တိုက်မျှော်စင်" ရှေ့မှာ ရှီဝမ်ယွမ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်၊ မုတ်ဆိတ်နှင့် မျက်ခုံးများသည် ဖြူဖွေးနေသော်လည်း သူ့မျက်နှာမှာ နီမြန်းနေပြီး အရေပြားပေါ်တွင် အရေးအကြောင်း သို့မဟုတ် အိုမင်းရင့်ရော်ခြင်း အစက်အပြောက် တစ်စုံတစ်ရာမှ မရှိပေ။ သူ၏ခြေထောက်က မြေပြင်ပေါ် ဆင်းသက်ပြီးသည်နှင့် ရှီဝမ်ယွမ်သည် လှည့်၍ လမ်းမပေါ်ရှိ လူအုပ်ကြီးကို ကြည့်ရှုလိုက်သည်။
သူ၏မျက်လုံးများမှ အလွန်နက်နဲသော အလင်းတန်းတစ်ခု ပွင့်ထွက်လာကာ အချိန်နှင့် လေဟာနယ်ကိုပါ ထွင်းဖောက်မြင်နိုင်သကဲ့သို့ ဖြစ်နေသည်။
"အဘိုး၊ ဘာဖြစ်လို့လဲ။" တချိန်တည်းမှာပင်, သူ့ဘေးတွင် ခါး၌ ဓားချိတ်ဆွဲထားကြသော လူငယ်အချို့ရှိနေပြီး၊ ၎င်းတို့၏ အော်ရာများကလည်း နက်ရှိုင်းသည်။
အဖြူရောင်ဝတ်စုံနှင့် ယပ်တောင် ယတ်ခတ်နေသည့် မိန်းကလေးတစ်ဦးလည်း ရှိနေပါသည်။ သူမတွင် လည်ဇလုတ် မရှိသောကြောင့် အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်မှန်း သိသာပါသည်။
စာပေလောက၏ ခေါင်းဆောင်ဖြစ်သော ရှီဝမ်ယွမ်သည် သူ့မျက်ခုံးများကို အနည်းငယ် ပင့်ပြီး၊ ဟုန်ယွိ ပျောက်ကွယ်သွားသည့် ဘက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"အခုနက အထက်တန်းပညာရှင်ဟာ နားလည်ရခက်လွန်းတယ်...။"
"နားလည်ရခက်တယ်…။" ယောကျ်ားလို ဝတ်ထားသည့် မိန်းကလေးသည် အံ့အားသင့်သွားသည်။ ရှီဝမ်ယွမ်ဘေးရှိ လူငယ်များနှင့် စာအုပ်ဆိုင်ပိုင်ရှင်တို့လည်း ထိတ်လန့်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင်, ရှီဝမ်ယွမ်နှင့်အတူ လိုက်ပါလာကြသော လူငယ်များ၏ မျက်နှာများတွင်လည်း နက်နက်ရှိုင်းရှိုင်း အံ့အားသင့်သွားသည့် အမူအရာများ ပြသလာကြသည်။
သူတို့ကို လာရောက် နှုတ်ဆက်သော ကောင်းကင်တိမ်စာအုပ်ဆိုင်၏ ပိုင်ဆိုင်ရှင်နှင့် ကျောက်စိမ်းမြို့တော်မှ စာပေပညာရှင်အချို့ပင်လျှင်, အလွန်မင်း အံ့ဩသွားကြလေ သည်။
တောင်ပိုင်းပြည်နယ်မှ စာပေ မဟာပညာရှင်ကြီးတစ်ဦးက နားမလည်နိုင်ဟု ဖော်ပြခံရသူ မျိုး ဤလောကတွင် မည်သူမျှ မရှိနိုင်ပေ။ ဤစာပေလောက၏ မဟာပညာရှင်ကြီးသည် စာအုပ်များစွာ ရေးသားခဲ့ပြီး၊ ရှေးခေတ် သူတော်စင်တို့၏ စာအုပ်များကို ရှင်းပြတင်ပြခဲ့သူ ဖြစ်သည်။ သူသည် ကွန်ဖြူးရှပ်ဘာသာ၏ တည်ထောင်သူ ဆရာတစ်ဦး ဖြစ်ရုံသာမက တာအိုဝါဒီများကြားတွင်ပါ ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။ အမှန်တရားတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကပင်လျှင် တစ်ချိန်က သူ၏ ကျောင်းသား ဖြစ်ခဲ့ဖူးသည်။
"ဆရာ၊ ဒီလူက ဘယ်သူလဲ။ ကျွန်တော် သွားစုံစမ်းပါ့မယ်။" ထိုအခိုက်တန့်တွင်, အသက်အလယ်အရွယ် ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးက ပြောသည်။
အကယ်၍, ထိုနေရာတွင် ရှိနေသည့် မည့်သည့်အရာရှိမဆို, ထိုအသက်အလယ်လတ် အရွယ် ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးသည် ပညာရှင်တစ်ဦးဖြစ်သလို ဟန်လင်းအကယ်ဒမီ ၏ အရာရှိတစ်ဦးဖြစ်သည်ကို သိကြလိမ့်မည်။
ထိုအရာရှိသည် ရှီဝမ်ယွမ်ကို ဆရာဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။
"မလိုပါဘူး။ ဒီလူက အထက်တန်း ပညာရှင်တစ်ဦး ဖြစ်တာကြောင့် သူဟာ နန်းတွင်း စာမေးပွဲမှာ သေချာပေါက် ပါဝင်လာမှာပဲ။ အဲဒီအခါကျရင် ငါ သူ့ကို သေချာပေါက် မြင်တွေ့ရမှာပါ။" ရှီဝမ်ယွမ်က ပြောသည်။
ရှီဝမ်ယွမ်၏ မျက်လုံးထဲတွင် ဟုန်ယွိသည် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူသည် ဟုန်ယွိ၏ ကျောပြင်ကို မြင်နေရဆဲ ဖြစ်သည်။
"တကယ်တော့, ဆရာအနေနဲ့ ဒီခရီးစဉ်မှာ ပါဝင်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ အတူတူ ဧကရာဇ်ထံ အစီရင်ခံစာ ရေးတင်မယ်ဆိုရင် ဧကရာဇ်က ဆရာကို ပညာရှင်ဘွဲ့အသစ် ချက်ချင်း ချီးမြှင့်မှာပါ။" အသက်လတ်ပိုင်းအရွယ်က ကွန်ဖြူးရှပ်ပညာရှင်က ပြောသည်။
"အဲဒါတွေ မလိုအပ်ပါဘူး။ ငါ အခု အသက် ၁၀၃ ရှိနေပြီ။ နှစ်ပေါင်းခြောက်ဆယ်ကြာ တစ်ကိုယ်တည်း နေထိုင်ရင်း စာတွေ ရေးသားခဲ့တယ်။ ဂုဏ်သိက္ခာနဲ့ စည်းစိမ်အပေါ် တက်မက်တဲ့ ဆန္ဒတွေလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငြိမ်းသတ်သွားခဲ့ပြီ။ တော်ဝင်နန်းတော်က အရာရှိတွေရဲ့ အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲပြီး မူဝါဒအသစ်တွေ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက် ရှိနေတာကိုမြင်လို့ ရုတ်တရက် စိတ်ကူးရပြီး၊ ဒီကို လာခဲ့တာပါ။ တကယ်လို့, ငါသာ ဧကရာဇ်ရဲ့ မျက်နှာသာကို တောင်းဆိုမယ်ဆိုရင်, ငါ့လို ပညာရှင်တစ်ယောက်က အသုံးမကျတဲ့ လူတုံးတစ်ယောက်လို ဖြစ်သွားလိမ့်မပေါ့။ အရင်တုန်းက လီယန်ဟာ မဟာကျိုးမင်းဆက်ရဲ့ စာပေပညာရှင်တစ်ဦး ဖြစ်တယ်။ မဟာကျိုးမင်းဆက် ပျက်စီးပြီးနောက် သူဟာ အင်ပါယာစာမေးပွဲတွေကို ပြန်ဝင်ဖြေပြီး တော်ဝင်ချန်မင်းဆက်ရဲ့ ပညာရှင်တစ်ဦး ထပ်မံ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ သူဟာ ဝန်ကြီးချုပ် ဖြစ်သွားခဲ့တယ်။ ငါ မူလက သူ့ကိုအတုယူဖို့ ရည်ရွယ်ချက်မရှိဘူး။ မဟာကျိုးကို အဆုံးအထိ သစ္စာရှိဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ အခု လောကကြီးက ပြောင်းလဲသွားပြီ၊ နန်းတွင်းလည်း ပြောင်းလဲသွားပြီ။ ငါလည်း ငါတတ်နိုင်တာကို လုပ်ဆောင်ဖို့ မဖြစ်မနေ ထွက်လာရတာပဲ။ မင်းတို့ ကိုယ့်ကိုယ်ကို မဝါကြွားကြနဲ့။ ဒီတစ်ခါ ရှစ်နှစ်သား ကလေးငယ်တစ်ဦး စာမေးပွဲ ဝင်ဖြေမယ်လို့ ငါ ကြားထားတယ်။ ကလေးငယ်တစ်ဦးနဲ့အတူ စာမေးပွဲ အတူတူဖြေရတာက အနာဂတ်မှာ အံ့ဩဖွယ် ပုံပြင် တစ်ပုဒ် ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် ဒီနေ့မှာ ဒီလို နားမလည်နိုင်တဲ့ အထက်တန်း ပညာရှင် တစ်ဦးနဲ့ တွေ့ဆုံခဲ့ရတဲ့အတွက် ငါ ပိုပြီးတော့တောင် ဝမ်းသာမိတယ်။ သူ့နဲ့ အသိပညာနဲ့ အရည်အချင်းတွေကို ယှဉ်ပြိုင်ရမှာဆိုတော့ ငါ့ဘဝက အချည်းနှီး မဖြစ်တော့ ဘူး။"
ရှီဝမ်ယွမ်က တပည့်အချို့ကို လှည့်ကြည့်၍ ပြောလိုက်သည်။
"ငါ့ရဲ့ တပည့်တွေအနေနဲ့ မင်းတို့လည်း မှတ်ထားရမယ်။ အသက်ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကို မကြွားဝါမိစေနဲ့။ လူသုံးယောက် အတူတူ လမ်းလျှောက်လာရင်တောင်, တစ်ယောက်က ငါတို့ဆရာ ဖြစ်နေရမယ်။ အရင်တုန်းက သူတော်စင်တွေတောင် အသက်ကြီးတဲ့အထိ ကလေးငယ်တွေဆီကနေ မေးမြန်းသင်ယူခဲ့ဖူးတယ်။ ငါတို့က ပညာရှင်တွေ ဖြစ်တယ်။ ငါတို့ ပိုသိလာလေ၊ ငါတို့ မသိသေးတာတွေ ပိုများလာလေဆိုသာ ပိုသဘောပေါက်ရမယ်။ သင်ယူမှုနဲ့ပတ်သက်ပြီး၊ အသက်ခွဲခြားထားတာ မရှိဘူး။ နှိမ့်ချဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်တာမှာ ကိုယ့်အတွက် ဘာမှမထိခိုက်ဘူး၊ အကျိုးကျေးဇူးပဲ ရှိတယ်။"
အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက မေးသည်။
"အဘိုး၊ ကျွန်မ ခုနက အဲဒီ အထက်တန်း ပညာရှင်ကို မတွေ့လိုက်ပါဘူး။ သူက ဘယ်က လဲ။ ချန်ပီယံမြို့စား နန်ကျိုးကို လာပြီး ယွန်မိန်နိုင်ငံရဲ့ စိတ်ကူးနတ်ဘုရား စစ်သင်္ဘော ကြီးကို ပင်လယ်ပေါ်မှာ တားဆီးခဲ့တုန်းက၊ သူက လူတစ်ယောက်ကို အဘိုးဆီ လာလည်ဖို့ စေလွှတ်ခဲ့တုန်းကတောင် အဘိုး သူ့အကြောင်း ဘာမှ မပြောခဲ့ဘူး မဟုတ်လား။ ကမ္ဘာပေါ် မှာ ချန်ပီယံမြို့စားထက်တောင် ပိုအစွမ်းထက်တဲ့ လူငယ်သူရဲကောင်း ရှိနိုင်ပါ့မလား။ သူက အနောက်တိုင်းဒေသကို မိုင်ပေါင်း ရာထောင်ချီ ဖြတ်ကျော်ခဲ့တဲ့ ချန်ပီယံမြို့စားလေ။"
"ချန်ပီယံမြို့စားလား..။ သူက လူငယ်သူရဲကောင်းတစ်ဦး ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ကံကြမ္မာနဲ့ လွှမ်းမိုးနိုင်တဲ့ ဟန်ပန်ကို အားကိုးခဲ့တာပါ။ သူ့ရဲ့ စိတ်နေ သဘောထားက ရှေးသူတော်စင်တွေရဲ့ ထိုးထွင်းသိမြင်မှု၊ လူမူဆက်ဆံရေးမှာ ကျွမ်းကျင်မှု၊ နတ်ဘုရားတစ်ပါးရဲ့ စိတ်ရင်းမှန်တွေ မရှိဘူး။ မဟုတ်ရင်, သူက အင်မော်တယ်ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့မှာ။ ဒီလူမှာတော့ အတိတ်လို ငါက ထာဝရ၊ မပြောင်းလဲနိုင်၊ လှုပ်ခါလို့ မရနိုင် တဲ့ တာအို နှလုံးသား တစ်မျိုးကို မြင်လိုက်ရတယ်။ ဒါက တကယ်ကို နားမလည်နိုင်ဘူး။ နားမလည်နိုင်ဘူး။ သူ ခုနက ငါ့ကို အာရုံခံမိလို့ ထွက်သွားတာ ဖြစ်လိမ့်မယ်။ တော်ဝင် ချန်ရဲ့ ပညာရှင်တွေကြားမှာ ဒီလိုလူမျိုး ရှိနေတာပဲ...။"
ရှီဝမ်ယွမ်က ခေါင်းယမ်းလိုက်ပါသည်။
"အဘိုး၊ အဘိုးလည်း လေ့လာတာများတော့ ခေါင်းရှုပ်နေပြီထင်တယ်။ လာပါ၊ အပေါ်ထပ် ကို သွားရအောင်။ ညီမလော့က ကျွန်မတို့ကို စောင့်နေတုန်းပဲ။ သူမက အဘိုးကို နတ်ဘုရားလေနိုင်ငံကို စာပေပို့ချဖို့ ဖိတ်ချင်နေတာ။ သူမက အဘိုးကို နတ်ဘုရားလေ နိုင်ငံရဲ့ ဓလေ့ထုံးတမ်းနဲ့ ဂီတ စာအုပ်တစ်အုပ်ကိုတောင် ပေးခဲ့သေးတယ်။ အဘိုး ဒါကို ဖတ်ချင်တယ် မဟုတ်လား။"
"ကောင်းပြီ၊ သွားကြစို့။"
“ဒီ စာပေ မဟာပညာရှင်ကြီးက တကယ်ကို အစွမ်းထက်ပါတယ်။ သူ့မှာ ရှေးသူတော်စင် တစ်ပါးရဲ့ အငွေ့အသက် တကယ်ကို ရှိနေတယ်။ ငါ သူ့ကို အဝေးကြီးကနေ မြင်ခဲ့ရတယ်။ မျှော်လင့်မထားတာက, သူဟာ ဒီလောက် ရှုတ်ယှက်ခတ်နေတဲ့ လူအုပ်ကြီးကြားထဲမှာ တောင် ငါ့ကို မြင်နိုင်ခဲ့တယ်။ သူ့အကြည့်မှတဆင့်, သူ ငါ့ကို မြင်သွားတယ်ဆိုတာ ထင်ရှား တယ်။ ဒါပေမဲ့၊ ဒါကလည်း အံ့ဩစရာ မဟုတ်ပါဘူး။ သူက နှစ်တစ်ရာနီးပါး သင်ယူ လေ့လာပြီးပြီ။ သူက နှစ်တစ်ရာနီးပါး ကွန်ဖြူးရှပ်ဘာသာ, တာအိုဘာသာ, ဗုဒ္ဓဘာသာ၊ စစ်ရေး, နိုင်ငံရေး, စီးပွားရေးနဲ့ အလုပ်မျိုးစုံ အားလုံးကို လေ့လာသင်ယူနေတဲ့ သူတော်စင် တစ်ဦးပဲ။ ကမ္ဘာပေါ်က အသိပညာအားလုံးက သူ့ဆီ စုစည်းသွားခဲ့ပြီ။”
ဟုန်ယွိသည် ဝမ်ချန်လမ်းကနေ ထွက်လာပြီးနောက် အခုနက ခံစားခဲ့ရသည့် ခံစားချက်ကို တွေးတောနေမိသည်။
တောင်ပိုင်းပြည်နယ် စာပေလောက၏ မဟာပညာရှင်တစ်ဦးဖြစ်သူ ရှီဝမ်ယွမ်သည် အမှန်ပင် သူ့ကို ရှေးခေတ် သူတော်စင်တစ်ပါး၏ အော်ရာကို ပေးခဲ့ပါသည်။ ထိုလူ၏ သင်ယူလိုစိတ်သည် ထင်ရှားလွန်းသည်။ သူသည် သူ့စည်းမျဉ်းတွေကို သူ့နှလုံးသားထဲမှာ သိုလှောင်ထားပြီး၊ ၎င်းတို့ အပြင်ကို ထွက်လာသည့်အခါ စကားလုံးတိုင်းက ထွန်းလင်း တောက်ပနေသည့် ကျောက်မျက်ရတနာနှင့် တူသည်။ သူသည် မည်သည့်တာအိုပညာကိုမှ မသိသော်လည်း နတ်ဆိုးများကို ခုခံနိုင်ပြီး၊ မကောင်းမူအားလုံးကြောင့် မထိခိုက်နိုင်ပေ။
“တကယ်လို့, ဒီလူသာ တာအိုပညာတွေ ကျင့်ကြံခဲ့မယ်ဆိုရင်, ဘယ်အဆင့်အထိ ရောက်နေမလဲ သိချင်မိသား။ ဒါပေမဲ့ သူက တာအိုရဲ့ မူလအစကို တိုက်ရိုက် လိုက်စားတဲ့ မဟာပညာရှင် တစ်ဦး ဖြစ်တယ်။ အသေးစား ပညာရပ်တွေကို စိတ်ဝင်စားပုံမပေါ်ဘူး။”
ဟုန်ယွိသည် မင်းသားယု၏ နေအိမ်သို့ ပြန်သွားရင်း စဉ်းစားနေသည်။
ပြန်ရောက်လာပြီးနောက် သူသည် ဥယျာဉ်ထဲတွင် ကြမ္မာလှိုင်းလုံး တွန်းကန်လေလှိုင်း လက်ဖဝါးကို ဆက်လက် လေ့ကျင့်နေသည့် စတုတ္ထမင်းသား ယုယန်ချန်နှင့် တွေ့ဆုံသည်။ မင်းသားယုသည် ဟုန်ယွိ လမ်းလျှောက်ထွက်ရာမှာ ပြန်ရောက်လာသည်ကို မြင်တော့, သူလေ့ကျင့်မှုကို ရပ်ပြီး လက်ဆေးကာ စာကြည့်ခန်းတွင် ဝင်ထိုင်ကြသည်။ ဟုန်ယွိက ခုနက အဖြစ်အပျက်ကို ပြန်ပြောပြခဲ့သည်။
"ခမည်းတော်က အစိုးရရဲ့ အုပ်ချုပ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲပြီး အရာရှိတွေကို သန့်ရှင်းရေး လုပ်ချင်နေတယ်။ အစိုးရက အရာရှိ အရေအတွက် အများအပြား သေချာ ပေါက် လိုအပ်လာလိမ့်မယ်။ သူဌေးသူကြွယ်တွေ, မင်းမျိုးမင်းနွယ်ဝင်တွေနဲ့ ဂုဏ်ထူး ဆောင် မြင့်မြတ်ပုဂ္ဂိုလ်တွေဟာ သတင်းအချက်အလက် အရမ်းကောင်းကြတယ်။ သူတို့ဆီ ကောလာဟလတချို့ သေချာပေါက် ကြားထားကြပြီး၊ အင်ပါယာ စာမေးပွဲတွေကို ထိန်းချုပ်ဖို့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကို စေလွှတ်ကြလိမ့်မယ်။ ဒီတစ်ခါ စာမေးပွဲက အရင်ကထက် ဆယ်ဆ ပိုပြီး ခက်ခဲလိမ့်မယ်။ စာပေ မဟာပညာရှင် ရှီဝမ်ယွမ်တောင် စာမေးပွဲအတွက် ရောက်လာတယ်။ ဒီစားပွဲပေါ်မှာ ဒီတစ်ကြိမ် စာမေးပွဲအတွက် ပညာရှင် ၉,၀၀၀ ရဲ့ ထောက်လှမ်းရေး အချက်လက်တွေ ရှိနေတယ်။ ဒါပေမဲ့ ဒါက အပြည့်စုံ မဟုတ်သေးဘူး။"
မင်းသားယုသည် စားပွဲပေါ်က စာရွက်စာတမ်း အထပ်လိုက်ကို လက်ညှိုးထိုးပြလိုက်သည်။
ဟုန်ယွိသည် ကောက်ကိုင်ပြီး စာရွက်များကို တစ်မျက်နှာချင်းစီ လှန်လှောဖတ်ရှုပြီး နောက် အချိန်တိုအတွင်း အရာအားလုံးကို နားလည်သွားခဲ့သည်။ သူက သက်ပြင်းရှည်ကြီး ချကာ ပြောသည်။ "ဒီအင်ပါယာ စာမေးပွဲဟာ မင်းဆက်အားလုံးမှာ အခက်ခဲဆုံး ဖြစ်နိုင် တယ်။ ဒါပေမဲ့ ဒါက စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီလောက် လူအများကြီးနဲ့ စာစီစာကုံး တွေ ဖလှယ်နိုင်တာက ငါ့တာအို နှလုံးသား ကျင့်ကြံမှုကို မိုးကြိုးကပ်ဘေး ဖြတ်ကျော်တာ ထက် မနိမ့်ကျအောင် တိုးတက်စေလိမ့်မယ်။"
"ဟုန်ယွိ၊ မင်းက စာပေမှာတော့ အစွမ်းထက်ပေမယ့် သိုင်းပညာရှင် စာမေးပွဲ ဖြေဖို့က ခက်ခဲလိမ့်မယ်။ အရင်က မဟာဆရာသခင် အဆင့်လောက် ဖြစ်ပေမယ့် ဒီနှစ် သိုင်းသူတော်စင်တွေ ပါလာမှာကို ငါ စိုးရိမ်တယ်။ မင်းက ပြန်လည်မွေးဖွားနိုင်တဲ့ တာအိုပညာကိုပဲ ကျင့်ကြံနေတာလေ။..." မင်းသားယုက ပြောသည်။
"လက်ထဲမှာ စစ်သားတွေ ရှိနေရင် ငြင်းခုန်မူတွေ မလိုအပ်တော့။ တော်ဝင် သတင်းစာကို ကျွန်တော် ဖတ်ခဲ့တယ်။ အနောက်တိုင်းဒေသရဲ့ နယ်စပ်က အရေးပေါ် အခြေအနေမှာ ရှိနေတယ်။ ဟွာလျိုနိုင်ငံက အဲဒီမှာ တပ်စွဲထားပြီး၊ အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးက နယ်စပ်ကို တစ်ယောက်တည်း စောင့်ကြပ်နေရတယ်။ သူတစ်ယောက် တည်းနဲ့ သူတို့ကို ကိုင်တွယ်ဖို့ ခက်ခဲနေပုံရတယ်။ ဒီအင်ပါယာ စာမေးပွဲပြီးရင် တော်ဝင် နန်းတော်က စစ်တပ်ကို သေချာပေါက် စေလွှတ်လိမ့်မယ်။ ကျွန်တော် သိုင်းပညာရှင် စာမေးပွဲ အောင်မြင်ခဲ့ရင် အစွမ်းထက်တဲ့ စစ်တပ်ကို ထိန်းချုပ်နိုင်ပြီ။ ဟွာလျှိုနဲ့ တိုက်ပွဲမှာ အလွန် အစွမ်းထက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင်, မင်းသားမှာလည်း အားကိုးစရာတစ်ခု ရှိလာမှာပါ။"
ဟုန်ယွိက နန်းတော်၏ လှုပ်ရှားမူများကို ဂရုတစိုက် ရှင်းပြသည်။
"ဒါပေမဲ့ မင်းအဖေ ဟုန်ရွှမ်ကျီက ငါ့ကို တားဆီးလာမှ ငါ စိုးရိမ်တယ်။"
"ကျွန်တော့်ရဲ့ ပြိုင်ဘက်ကင်း သိုင်းစွမ်းရည်နဲ့ အရည်အချင်းတွေကို ထုတ်ပြလိုက်တာနဲ့ သူ ဘယ်လိုလုပ် တားနိုင်တော့မလဲ။ အခု တော်ဝင်နန်းတော်မှာ အရာရှိအများစုက မင်းမျိုး မင်းနွယ်တွေနဲ့ လူကုံထံ မိသားစုတွေက ဆင်းသက်လာကြသူတွေပဲ။ ဧကရာဇ်က အရည်ချင်းရှိတဲ့ လူတွေ အသည်းအသန် လိုအပ်နေတယ်။ သူ ကျွန်တော့်ကို ဘယ်လိုလုပ် အသုံးမပြုဘဲ နေနိုင်မှာလဲ။ သူက အခု ဧကရာဇ် ဖြစ်နေတယ်။ ဒါပေမဲ့ စနစ်ကို အကောင်အထည်ဖော်ချင်ရင် ဆူးခုံပေါ်မှာ ထိုင်ရလိမ့်မယ်။ လူတစ်ယောက် အရမ်းကို ရေငတ်နေချိန်မှာ အဆိပ်ဝိုင်ဆိုလည်း သောက်ရမှာပဲ။ ဒီပြုပြင်ပြောင်းလဲရေးကြီး ပြီးရင်တော့ ဟုန်ရွန်ကျီနဲ့ ဧကရာဇ်က ငါ့ကို ဖိနှိပ်ချင် ဖိနှိပ်လိမ့်မယ်။ ဒါပေမဲ့ အခုတော့... သူတို့က ငါ့ကို ချန်ပီယံမြို့စားကို ဖိနှိပ်ဖို့ လိုအပ်နေတုန်းပဲ။"
ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
မင်းသားယုသည် ဟုန်ယွိ၏ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားပြီး စိတ်လှုပ်ရှားစွာ လက်ခုပ် တီးလိုက်မိသည်။
"မှန်တယ်..။ တော်ဝင်နန်းတော်က လူသစ်တွေ၊ ချန်ပီယံမြို့စားလို ပါရမီရှင်တွေကို လိုအပ်နေတယ်။ ဒါ့အပြင် ချန်ပီယံမြို့စားက မလှုပ်ခါနိုင်တဲ့ အင်အားစုကြီး တစ်ခု ဖြစ်နေပြီ။ တော်ဝင်ခမည်းတော်အနေနဲ့လည်း သူ့ကို ဖိနှိပ်ဖို့အတွက် လူသစ်တွေ သုံးဖို့ လိုအပ်နေတယ်။ ဟုန်ယွိ၊ မင်း ဒီအချိန်မှာ ပေါ်ထွက်လာတာက အခွင့်အရေးကို အရ ယူလိုက်တာပဲ။ မင်းရဲ့ ဖုံးကွယ်ထားတဲ့ ခွန်အားကလည်း ကမ္ဘာကို တုန်လှုပ်စေလိမ့်မယ်။ ဟုန်ယွိ၊ မင်းက တကယ်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ။ မင်းရဲ့အတွေးတွေဟာ ကျောက်တုံးက နေတောင် ဆီညှစ်ထုတ်နိုင်ပါတယ်။"
"ကမ္ဘာလောကကြီးရဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားက အသိပညာဖြစ်ပြီး လူ့စိတ်ခံစားချက်တွေကို ကျွမ်းကျင်စွာ နားလည်ထားတာက စာရေးသားခြင်းပဲ။ စာရေး သား ကောင်းရင်, လူ့စိတ်ခံစားချက်တွေကို ကျွမ်းကျင်စွာ နားလည်နိုင်တဲ့စွမ်းရည်က သဘာဝအတိုင်း ဖြစ်ပေါ်လာမယ်။ ကျွန်တော့်ရဲ့ တာအိုပညာက နက်ရှိုင်းတဲ့အတွက် ကျွန်တော့်ရဲ့ စိတ်ကလည်း နှိုင်းယှဉ်ကြည့်ရုံနဲ့ သဘာဝအတိုင်း နားလည်နိုင်လိမ့်မယ်။ မင်းသားကို ကျွန်တော် ပြောပြလိုက်ပါဦးမယ်။ မင်းသား, တော်ဝင်ချန် တော်ဝင် နန်းတော် ထဲက ကျွန်တော် မသိသေးတဲ့ လျှို့ဝှက် အင်အားစုတချို့ကလွဲရင်, တော်ဝင်နန်းတော်ရဲ့ အခြေအနေတစ်ခုလုံးကို ကျွန်တော် သိထားတယ်။ သိုင်းပညာအတွက် တော်ဝင်စာမေးပွဲ ကို သုံးရက်အတွင်း ကျင်းပလိမ့်မယ်။ အဲဒီနောက်မှာ နိုင်ငံလုံးဆိုင်ရာ စာပေစာမေးပွဲတွေ ကျင်းပမယ်။ ကျွန်တော် သိုင်းပညာမှာ ပထမရရမယ်။ ပြီးတော့ စာပေမှာ ပထမအရယူပြီး၊ မင်းသားကို ကူညီပေးမှာကို စောင့်ကြည့်လိုက်ပါ။ ကျွန်တော်က ချန်ပီယံမြို့စားကို ဖိနှိပ်နိုင် တဲ့ တည်ရှိမှုတစ်ခုဖြစ်တယ်ဆိုတာ ဧကရာဇ်ကို သိစေရမယ်။ အဲဒီအချိန်ကျရင်, တော်ဝင်နန်းတော်က ကျွန်တော် ပိုအားကောင်းလာဖို့ သေချာပေါက် ခွင့်ပြုလိမ့်မယ်။ ပြီးရင်, ချန်ပီယံမြို့စားကို ကြီးကြီးမားမား ခံစားရအောင် လုပ်ခိုင်းလိမ့်မယ်။ ဒါပေမဲ့, ကျွန်တော်ကိုယ်တိုင်ကလည်း တော်ဝင်နန်းတော်ရဲ့ အာဏာကိုလည်း ငှားရမ်းပြီး မင်းသား ကို ပိုပြီး အားကောင်းလာစေနိုင်တယ်။" ဟုန်ယွိက စန္ဒကူးထိုင်ခုံပေါ် လက်တင်ကာ မာန်ပါပါအသံဖြင့် ပြောသည်။
ချက်ချင်းဆိုသလို မင်းသားယုသည် ဟုန်ယွိက ရုတ်တရက် ဖော်ပြ၍မရနိုင်သည့် တည်ရှိမှု တစ်ခု ဖြစ်လာသည်ဟု ခံစားလိုက်ရ၏။ ...
တစ်ချိန်တည်းမှာပင်၊ ကျောက်စိမ်းမြို့တော်၊ ဧကရာဇ်က ကိုယ်တိုင် ချီးမြှင့်ထားသည့် ချန်ပီယံမြို့စား၏ နေအိမ်၌ ဖြစ်သည်။ ချန်ပီယံမြို့စားသည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျွမ်းကျင်သူအုပ်စုဖြင့် ဝန်းရံထားသည်။
"သုံးရက်အတွင်းမှာ မင်းတို့က သိုင်းစာမေးပွဲမှာ ပထမ၊ ဒုတိယ၊ တတိယနဲ့ ထိပ်ဆုံး ဆယ်နေရာ ရအောင် လုပ်ရမယ်။ နားလည်လား။ သုံးရက်အတွင်း သိုင်းစာမေးပွဲကို ငါ ကိုယ်တိုင် သွားကြည့်မယ်။ ဒီတစ်ခါ တော်ဝင်နန်းတော်က အနောက်တိုင်းဒေသကို စစ်တပ် စေလွှတ်တော့မယ်။ ဒီသိုင်းစာမေးပွဲပြီးရင် အောင်မြင်သူတွေကို စစ်ဘက် အရာရှိတွေအဖြစ် ခန့်အပ်ပြီး အနောက်တိုင်းဒေသကို တပ်တွေ စေလွှတ်မှာ သေချာတယ်။ အနောက်တိုင်းဒေသက တပ်တွေကို အစွမ်းထက် နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးက ဦးဆောင်နေတာ။ ငါ သူတို့ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ မတတ်နိုင်သေးဘူး။ ဒါက ကြီးမားတဲ့ အခွင့်အရေးပဲ။ ပြီးတော့ အနှစ်သာရနတ်ဘုရား ဘုရားကျောင်းမှာ နတ်ဆိုး နတ်ဘုရားသွေးလည်း ရှိတယ်။ ဟွာလျိုစစ်တပ်ကို အနိုင်ယူပြီးတာနဲ့ စစ်ရေး သတင်း အချက်အလက်တွေကို ငါ့ဆီ လက်ဆင့်ကမ်းပေးရမယ်။”
ချန်ပီယံမြို့စားက နှာမှုတ်လိုက်သည်။
"ဟွန့်၊ တော်ဝင်နန်းတော်ရဲ့ သိုင်းစာမေးပွဲနဲ့ စာပေစာမေးပွဲတွေ။ အခု မင်းမျိုးမင်းနွယ်တွေ၊ မြင့်မြတ်မိသားစုတွေနဲ့ မင်းသားအများအပြားဟာ သူတို့ကိုယ်ပိုင်လူတွေကို စာမေးပွဲတွေ မှာ ဖြေခိုင်းဖို့ စီစဉ်နေကြတယ်။ အရာရှိတွေ ဖြစ်လာပြီးနောက် တော်ဝင်နန်းတော်မှာ သူတို့ရဲ့ မျက်လုံးနဲ့ နားတွေကို စိုက်ထားချင်ကြတာ။ ဒါပေမဲ့ အရပ်ဘက် အရာရှိ အုပ်စု တစ်စုက ဘာအသုံးဝင်မှာလဲ။ စစ်တပ်ကို ထိန်းချုပ်တာကမှ ရှင်ခြင်းသေခြင်းကို ထိန်းချုပ်နိုင်တဲ့ အစစ်မှန်အာဏာပဲ။"
"ဟုတ်ကဲ့ပါ…။ မြို့စား။"
……….။
သုံးရက်ကြာပြီးနောက်။
ကျောက်စိမ်းမြို့တော်၏ မိုင်တစ်ရာအပြင်ဘက်၊ တော်ဝင် အမဲလိုက်ကွင်းတွင် သိုင်းစာမေးပွဲများ စတင်ခဲ့ပြီ။
တော်ဝင်ချန် တော်ဝင်နန်းတော်၏ သိုင်းစာမေးပွဲသည် စာပေစာမေးပွဲထက် အများကြီး သေးငယ်ပြီး လူအများကြားတွင် ၎င်းစာမေးပွဲ၏ အရေးပါမှုက နည်းပါးသည်။
နှိုင်းယှဉ်ရလျှင်, သိုင်းစာမေးပွဲသည် မိန်းမငယ်တစ်ယောက်၏ သားနှင့်တူပြီး အရပ်ဘက် စာမေးပွဲသည် တရားဝင်သားနှင့်တူသည်။
သို့သော် ဤသိုင်းစာမေးပွဲအတွက် ဧကရာဇ်က စစ်ဘက်ဝန်ကြီးဌာနကို ကျင်းပမည့်နေရာ ကို တော်ဝင်အမဲလိုက်ကွင်းသို့ ပြောင်းရွှေ့ရန် ရုတ်တရက် အမိန့်ပေးခဲ့ပြီး ဧကရာဇ်က ကိုယ်တိုင် လာရောက် ကြည့်ရှုမည်။ ဤသည်မှာ စစ်ဘက်ဝန်ကြီးဌာနကို အလုပ်များစေပြီး ဓလေ့ထုံးတမ်းဝန်ကြီးဌာနကို စိုးရိမ်ပူပန်စေခဲ့ သည်။
ဟုန်ယွိသည် ကြီးမားကျယ်ဝန်းသော တော်ဝင် အမဲလိုက်ကွင်းသို့ ရောက်သောအခါ, သိုင်းစာမေးပွဲဖြေသူ တစ်ထောင်ကျော် စုဝေးနေသည်ကို တွေ့လိုက်ရပါသည်။ ထိုအပြင်, မင်းမျိုးမင်းနွယ်များနှင့် ပုံမှန် မတွေ့ရနိုင်သည့် တော်ဝင်နန်းတော်၏ ဗိုလ်ချုပ်ဟောင်း တချို့ကိုပါ မြင်ရသည်။
ဟုန်ယွိသည် ဗိုလ်ချုပ်ဟောင်းများနှင့် စစ်သူကြီးများ အုပ်စုတစ်စု၏ အလယ်မှာရှိနေသော ချန်ပီယံမြို့စားကို ပထမဆုံး အကြည့်တစ်ချက်မှာပင် တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော သွေးချီ၊ မှိန်ဖျော့ဖျော့ လက်သီးဆန္ဒကို ပိုင်ဆိုင်ထား သည့် သိုင်းစာမေးပွဲဖြေဆိုသူအချို့ကိုလည်း မြင်တွေ့ရသည်။ ၎င်းတို့သည် ငယ်ရွယ်သော သိုင်းသူတော်စင်များ ဖြစ်ပြီး ထိုနေ့က ချန်ပီယံမြို့စား၏ ကိုယ်ရံတော်များ ဖြစ်နေသည်ကို ဟုန်ယွိ သတိပြုမိသည်။
ဟုန်ယွိသည် ချန်ပီယံမြို့စားက ဤအခွင့်အရေးကို အသုံးပြု၍ သူ၏ အင်အားစုများကို အစွမ်းထက် နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၏ အနောက်တိုင်းဒေသ စစ်တပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ဓလေ့ထုံးတမ်းဝန်ကြီးဌာနနှင့် စစ်ဘက်ဝန်ကြီးဌာနက အရာရှိများသည် သိုင်းစာမေးပွဲ ဖြေဆိုသူ တစ်ထောင်ကို စုဝေးခိုင်းတုန်းမှာ ရုတ်တရက် အတွင်းဝန်၏ ကြည်လင် ပြတ်သားသော အသံက အဝေးကနေ ထွက်ပေါ်လာသည်။
"ဧကရာဇ် ကြွရောက်လာပါပြီ။"
မင်းမျိုးမင်းနွယ်များ အားလုံး အလျင်အမြန် ထိုင်ခုံတွေကနေ ထွက်ခွာသွားကြပြီး၊ ရပ်ကာ အရိုအသေ ပေးကြသည်။ သိုင်းစာမေးပွဲ ဖြေဆိုသူများလည်း ဒူးထောက်လိုက်ကြသည်။
“ကောင်းလိုက်တာ။ ဧကရာဇ်က သိုင်းစာမေးပွဲကို ကိုယ်တိုင် လာကြည့်တာလား။ သူက တကယ်ကို အရည်အချင်းတွေကို ငတ်မွတ်နေပြီး၊ သူကိုယ်တိုင်င် အရည်အချင်းတွေကို ရွေးချယ်ရတော့မယ် ထင်တယ်။”
ဟုန်ယွိ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။ အနှစ်သာရချီနှင့် သွေးချီတစ်ခုက သူ့ခန္ဓာကိုယ်ကနေ တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး၊ မှိန်ဖျော့ဖျော့ ပူလောင်ပြင်းထန်သော ချီသည် မီးရှူးတိုင်နှင့် ဝံပုလွေမီးခိုးကဲ့သို့ ကောင်းကင်ဆီသို့ တည့်တည့် ပစ်လွှတ်သွားခဲ့ သည်။ လေတိုက်ခတ်မူအတွင်းမှာပင် ပျောက်ကွယ်မသွားခဲ့ပေ။
ဘန်း…။
ဟုန်ယွိ အနီးမှာရှိနေသည့် သိုင်းစာမေးပွဲ ဖြေဆိုသူအချို့သည် အလိုလိုအသိစိတ်အရ ရှောင်တိမ်းသွားပြီး ဟုန်ယွိကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
မီးရှူးတိုင်လို သွေးချီ..။
ဧကရာဇ် ရောက်လာချိန်တွင် ဟုန်ယွိသည် သူ၏ အစွမ်းထက်သော ခွန်အားဖြင့် ရုတ်တရက် ပေါက်ကွဲလိုက်သည်။ အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေကို အသုံးပြု၍၊ သူ၏သွေးချီကို အသက်သွင်းကာ၊ မီးခိုးလို သွေးချီကို အမှန်ပင် ထုတ်လွှတ်လိုက်သည်။
အခန်း (၃၁၂)။
ဧကရာဇ် ကြွရောက်ရှိလာပြီဟု ကြေညာလိုက်ချိန်တွင်, ဟုန်ယွိသည် သူ၏ သိုင်း လက်သီး ဆန္ဒကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပါသည်။ သူ၏ သွေးအနှစ်သာရသည် လှိုင်းလုံးများ ကဲ့သို့ ရိုက်ခတ်ကာ မီးရှူးတိုင်တစ်ခုကဲ့သို့ ကောင်းကင်သို့ တည့်တည့် ပျံတက်သွားခဲ့ သည်။ ဤသည်မှာ သူ သိုင်းသူတော်စင် ဖြစ်လာပြီးနောက် သူ၏ စွမ်းအား အစစ်အမှန်ကို လုံးဝ ထိန်ချန်မထားဘဲ ပြသလိုက်ခြင်း ဖြစ်သည်။
"အနှစ်သာရ အခိုးငွေ့" ၏ စွမ်းအားနှင့် ပြင်းထန်မှုသည် အထွတ်အထိပ် သိုင်းသူတော်စင် အဆင့်တွင်သာ ရနိုင်သော်လည်း, ဟုန်ယွိ၏ လက်ရှိ ခွန်အားမှာ ကနဦး သိုင်းသူတော်စင် အဆင့်သာ ရှိသေးသည်။ သို့သော် ပုံမှန်အားဖြင့် သိုင်းသူတော်စင်တစ်ဦးသည် သူ၏ ရုပ်ခန္ဓာကိုယ် အနှစ်သာရချီကို မီးရှူးတိုင်အခိုးအငွေ့အဖြစ် ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ဟုန်ယွိသည် စစ်နတ်ဘုရား နတ်ဆိုးကျမ်းကို ကျင့်ကြံပြီးနောက်၊ စစ်နတ်ဘုရား ကို သူ၏စိတ်ထဲတွင် သိမ်းဆည်းနိုင်ရန် အနှစ်သာရချီကို အသုံးပြုခဲ့ပြီး၊ ၎င်းကို သူ၏ ကိုယ်ပိုင် သွေးချီနှင့် ရောနှောခဲ့သည်။ စစ်နတ်ဘုရား၏ ချီနှင့် စစ်မှန်သော သိုင်းလက်သီး ဆန္ဒကို အများပြား အသုံးပြုကာ ထိုကဲ့သို့သော အခြေအနေကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူ၏ သိုင်းလက်သီးဆန္ဒကို အစွမ်းကုန် ထုတ်လွှတ်ပြီးနောက် ဟုန်ယွိသည် သူ၏ ချီနှင့် သွေးချီကို ချက်ချင်း ပြန်ရုတ်သိမ်းကာ သူ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များတွင် သိုလှောင် လိုက်ပါသည်။ သူ၏ တစ်ကိုယ်လုံးသည် မည်သည့်အငွေ့သက်မျှ မရှိတော့ဘဲ သာမန် အားနည်းသည့် စာပေပညာရှင်တစ်ဦး ကဲ့သို့ ပြန်ဖြစ်သွားခဲ့သည်။
သို့သော် သူ၏ ဘေးပတ်ပတ်လည်ရှိ သိုင်းစာမေးပွဲ ဖြေဆိုသူ ဒါဇင်ပေါင်းများစွာသည် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ လျှပ်တစ်ပြက် ပေါ်လာသည်။
ဤသည်က ဟုန်ယွိသည် မည်မျှ ကြောက်စရာကောင်းကြောင်း ပို၍ ထင်ရှားစေသည်။ သူ၏ အနှစ်သာရချီကို ထုတ်လွှတ်ပြီး၊ ၎င်းသည် မီးရှူးတိုင်ကဲ့သို့ ကောင်းကင်သို့ တည့်တည့်မတ်မတ် ပျံတက်သွားသည်။ သူသည် ထိုအနှစ်သာရချီကို သူဆန္ဒရှိသလို ထုတ်လွှတ်နိုင်၊ ရုပ်သိမ်းနိုင်ခဲ့သည်။ ဤသည်မှာ အမှန်ပင် "နတ်ဘုရားနယ်ပယ်” ဖြစ်သည်။
လက်ရှိ ပရိသတ်ထဲတွင် ရှိနေကြသည့် သိုင်းစာမေးပွဲ ဖြေဆိုသူ ထောင်ပေါင်းများစွာတွင် သိုင်းပညာရှင် မဟုတ်သူ မည်သူ ရှိသနည်း။ သဘာဝအတိုင်း ဟုန်ယွိ ထုတ်ဖော်ပြသသော စွမ်းအားကို သူတို့ သိသည်။ ဤသည်မှာ အထွတ်အထိပ် သိုင်းသူတော်စင်၏ ခွန်အား ဖြစ်သည်။
တော်ဝင်ချန် မင်းဆက်တစ်ခုလုံးတွင် အထွတ်အထိပ် မဟာဆရာသခင် ကျွမ်းကျင်သူများ အများအပြား ရှိသည်။ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ် နှစ်ခုလုံးတွင် အဆင့်ဖြတ်ကျော်နိုင် ခြင်း မရှိသေးသည့် သိုင်းသူတော်စင်တစ်ပိုင်းများလည်း အများအပြား ရှိသည်။ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုလုံးတွင် ဖြတ်ကျော်နိုင်ခဲ့သည့် ဝူအိမ်တော်ထိန်းနှင့် မိန်းမစိုးဖန်းတို့လို သိုင်းသူတော်စင်များသည် ရှားပါးသော်လည်း ဖီးနစ်အမွေး သို့မဟုတ် ယူနီကွန်၏ ဦးချိုကဲ့သို့ ရှားပါးခြင်းမျိုး မဟုတ်ပေ။
သို့သော် အထွတ်အထိပ် သိုင်းသူတော်စင်ကတော့ ကွဲပြားခြားနားပါသည်။
အထွတ်အထိပ် သိုင်းသူတော်စင်များ၏ သင်္ကေတမှာ သူ၏ အနှစ်သာရချီသည် မီးရှူးတိုင် တစ်ခုကဲ့သို့ ကောင်းကင်သို့ တည့်တည့် ပျံတက်သွားခြင်း ဖြစ်သည်။ ဝေးလံသော နေရာမှ တစ္ဆေအင်မော်တယ်များပင် ကြည့်ရှုပြီးနောက် ရှောင်ရှားရန် ကြိုးစားကြလိမ့်မည်။ ဤ အခြေအနေအရ, သူသည် လူသားအင်မော်တယ်တစ်ဦး ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုလိုသည်။
တစ်နည်းအားဖြင့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ လူသားအင်မော်တယ် အဆင့်သို့ ဝင်ရောက်နိုင်ရန် အခွင့်အရေးရှိမည် ဖြစ်သည်။ ဤကဲ့သို့သော သိုင်းသူတော်စင်မျိုးသာ လျှင် နိုင်ငံတော်၏ ကံကြမ္မာကို အမှန်တကယ် လွှမ်းမိုးနိုင်သည့် "သူတော်စင်" တစ်ဦးဟု ခေါ်ဆိုနိုင်သည်။ အခြားသူများသည် အယောင်ဆောင် သူတော်စင်များသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း တော်ဝင်ချန်မင်းဆက်တွင် ဤအဆင့်သို့ ရောက်ရှိခဲ့သူ သုံးဦးသာ ရှိဖူးပါသည်။ တစ်ဦးမှာ ဟုန်ရွှန်ကျိဖြစ်ပြီး၊ နောက်တစ်ဦးမှာ နတ်ဘုရား တန်ခိုးရှင် ဘုရင်ယန်တူး ဖြစ်ကာ၊ နောက်ဆုံးတစ်ဦးတော့ ချန်ပီယံမြို့စား ဖြစ်သည်။
ယခု နောက်ထပ် တစ်ဦး ထွက်ပေါ်လာပြီ။
ရောက်ရှိနေသူများသည် မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။
ထိုအချိန်တွင် ထိုဧရိယာအတွင်းရှိ လူတစ်ထောင်ကျော်သာမက ဘေးရှိ မင်းမျိုးမင်းနွယ် များပါ အလွန်အမင်း ထိတ်လန့်သွားကြသည်။ တစ်ဦးပြီးတစ်ဦး ထရပ်ကာ ဟုန်ယွိကို ကြည့်ရှုကြသည်။
အခြားနည်းလမ်း မရှိပေ။ ယခုအချိန်တွင် ဟုန်ယွိသည် အလွန် သိသာထင်ရှားနေသည်။ အခုနက, သူသည် သူ၏အော်ရာကို ထုတ်လွှတ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ သိုင်းစာမေးပွဲ ဖြေဆိုသူများ အားလုံး နောက်သို့ ဆုတ်သွားကြသည်။ ၎င်းဿည် သူ့ကို ကြက်အုပ်ထဲမှ ကြိုးကြာတစ်ကောင်ကဲ့သို့ ထင်ရှားစေခဲ့သည်။
"ဟင်…၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ သိုင်းပညာက ဒီအဆင့်ထိ ရောက်သွားပြီလား။ လွန်ခဲ့တဲ့သုံးလ ယွန်နိုင်ငံမှာတုန်းက သူက မဟာဆရာသခင်အဆင့်မှာပဲ ရှိနေသေးတာ သေချာပါတယ်။ ဒီလိုတိုတောင်းတဲ့ သုံးလတာ ကာလလေး အတွင်းမှာ သူက ဘယ်လို လုပ်ပြီး အထွတ်အထိပ် သိုင်းသူတော်စင်အဆင့်ကို ရောက်သွားတာလဲ။ ငါနဲ့တောင် ဘေးချင်း ယှဉ်ရပ်နိုင်ပေါ့။ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းက ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းလမ်းက ဒီလောက် အစွမ်းထက်တာလား။ ဒါပေမဲ့ တောက်ပသော မိုးကြိုးကိုယ်ထည် နည်းလမ်းက ခေတ်အဆက်ဆက်မှာ ထူးခြားတဲ့ ပညာရပ်တစ်ခုလို့ ဒဏ္ဍာရီတွေက ဆိုထားတယ်။... ဒါပေမဲ့ မင်း အထွတ်အထိပ် သိုင်းသူတော်စင် ဖြစ်နေရင်တောင်မှ ငါ့ရှေ့မှာတော့ မင်းက ကြက်တစ်ကောင်နဲ့ ခွေးတစ်ကောင်သာသာ လောက်ပါပဲ။... ငွေငါးမန်းက စကားပြောတတ်ရုံလောက်ပဲ သိတဲ့ ဒီအမှိုက်ကို ဒီလိုကျင့်စဉ်မျိုး ပေးလိုက် တော့ရော ဘာအကျိုးရှိလဲ။"
ချန်ပီယံမြို့စား၏ မျက်လုံးများက လင်းလက်သွားပါသည်။ သူ နေရာမှမထဘဲ ဟုန်ယွိကို ကြည့်နေပြီး သူ့လက်ချောင်းများက သူ့ထိုင်ခုံ၏ လက်တင်ခုံ နှစ်ဖက်ကို ဖြည်းညှင်းစွာ ခေါက်နေသည်။
ဧကရာဇ် ယန်ဖန်၏ နဂါးရထား သူ့ရှေ့သို့ ရောက်မှသာ ချန်ပီယံမြို့စားသည် သူ့ထိုင်ခုံမှ ထကာ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
"ထကြပါ။"
ဧကရာဇ် ယန်ဖန်က ဦးစွာ ပြုံးလိုက်ပြီးနောက် နဂါးရထားမှ ဆင်းကာ မှူးမတ်များကို ထခိုင်းလိုက်သည်။ သူသည် ချန်ပီယံမြို့စားကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် နားလည်ရခက်သည့် စိတ်ခံစားချက်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။
ဤနားလည်ရခက်သည့် စိတ်ခံစားချက်သည် သူ့စိတ်ထဲမှ လျှပ်တစ်ပြက် ပျောက်ကွယ် သွားပြီးနောက် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည် ဟုန်ယွိကို အပေါ်စီးမှ ကြည့်လိုက် သည်။
ဟုန်ယွိကို ကြည့်ရင်း ဧကရာဇ် ယန်ဖန်၏ မျက်နှာတွင် ဝမ်းမြောက်ပြီး ကျေနပ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ချန်ပီယံမြို့စား၏ မျက်လုံးများတွင်လည်း လှောင်ပြောင်ခြင်း အရိပ်အယောင်တစ်ခု လျှပ်တပြက် ပေါ်လာပြီးနောက်၊ သူသည် ဧကရာဇ်၏ နောက်ကွယ်ရှိ ကြင်ယာတော် ယွမ်ကို စိုက်ကြည့်နေသည်။
ယနေ့ ကြင်ယာတော်ယွမ်သည်လည်း ဧကရာဇ်နှင့်အတူ ပြိုင်ပွဲကျင်းပရာ နေရာသို့ လိုက်ပါလာခဲ့သည်။
ကြင်ယာတော်ယွမ်သည် ချန်ပီယံမြို့စား၏ အကြည့်ကို အာရုံမစိုက်ဘဲ သူမ၏ မျက်ခုံးများတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဧကရာဇ်ကဲ့သို့ပင် သူမသည်လည်း ကွင်းလယ်ရှိ ဟုန်ယွိကို ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားပြီး အနည်းငယ် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော အမူအရာကို ဖော်ပြနေသည်။
ယနေ့ ကြင်ယာတော်ယွမ်သည် နှင်းဖြူရောင် ပိတ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံ ပေါ်တွင် ကျောက်စိမ်းဆွဲသီးများနှင့် ကျောက်စိမ်းကွင်းများက တချွင်ချွင် မြည်နေသည်။ သူမသည် ရေခဲကဲ့သို့ သန့်စင်ပြီး၊ ကျောက်စိမ်းကဲ့သို့ စင်ကြယ်ကာ နှင်းပြင်ပေါ်ရှိ ပုလဲကဲ့သို့ ဖြစ်နေသည်။ သူမသည် အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်ပြီး၊ ဤလောကနှင့် မသက်ဆိုင် ဘဲ ဤလူ့လောကထဲသို့ ကျရောက်လာသော နတ်သမီးတစ်ပါးနှယ်ပင်။ သူမသည် ဤလောကနှင့် မသက်ဆိုင်သည့်အပြင် ဆွဲဆောင်မှုမျိုးကိုလည်း ပိုင်ဆိုင်ထားပြန်သည်။
"အရှင်မင်းကြီး။"
စစ်ဘက်ဝန်ကြီးဌာန၏ ဝန်ကြီးနှင့် ဓလေ့ထုံးတမ်းဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး တို့သည် အပြေးအလွှား ပြေးလာကာ မြေပေါ်တွင် ဦးညွှတ်လိုက်ကြသည်။
"ငါ့ကိုယ်တော်ရဲ့ တော်ဝင်ချန်ဟာ စာပေကို အသုံးပြုပြီး၊ ပညာရှင်တွေကို ရွေးချယ်ကာ လောကကြီး ကို အုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ရဲ့နယ်မြေကို ကာကွယ်ဖို့နဲ့ နယ်နိမိတ်တွေ ချဲ့ထွင်ဖို့အတွက် စစ်သည်တွေကိုလည်း ပြင်ဆင်ထားရမယ်။ အခု ဟွာလျိုနိုင်ငံက လှုပ်လှုပ် ရှားရှား ဖြစ်လာပြီး၊ အနောက်တိုင်းဒေသမှာ တပ်စွဲထားတယ်။ ဟွာလျိုဘုရင် အသောကဟာ ငါကိုယ်တော်ရဲ့ ကောင်းကင်ဧကရာဇ်နိုင်ငံကို ကျူးကျော်ဖို့ ရည်ရွယ်ချက် ရှိနေတယ်။ ငါကိုယ်တော်က သူ့ကို သေချာပေါက် ဖမ်းဆီးပြီး သူ့အလောင်းကို သန်းခေါင် တံခါးမှာ ချိတ်ဆွဲထားရမယ်။ ဒီနေ့ စစ်ဘက်ဆိုင်ရာ စာမေးပွဲကို ငါကိုယ်တော် ကိုယ်တိုင် လာရောက် ကြည့်ရှုတာက ငါကိုယ်တော်ရဲ့ တောင်ဝင်ချန်ရဲ့ စစ်ရေးပုံစံကို လှုပ်ခါစေဖို့ ဖြစ်တယ်။" (“သန်းခေါင်တံခါး”ဟူသည် နန်းတော်၏ ဗဟို (သို့မဟုတ်) မြို့ရိုး၏ တောင်ဘက် အလယ်ဗဟို) တွင် တည်ရှိပြီး တောင်ဘက်သည် ရှေးခေတ်က အရေးကြီးဆုံး ဦးတည်ရာ အရပ်ဖြစ်သည်။)
စစ်ဘက် စာမေးပွဲ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဧကရာဇ် ယန်ဖန်သည် ဖြည်းဖြည်းချင်း နှုတ်ခမ်းဖွင့်၍ ပြောလိုက်သည်။ ကောင်းကင်ဘုံ၏ အသံကဲ့သို့ စကားလုံးတစ်လုံးစီသည် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေသည်။
ထိုကဲ့သို့အသံဖြင့်, ဧကရာဇ် ယန်ဖန်ဆီမှ ထွက်ပေါ်လာသော စကားလုံးတိုင်းသည် ကိုယ်ပိုင် အသက်ဝင်နေပြီး, တက်ကြွနေကာ အစစ်အမှန်ကဲ့သို့ ဖြစ်နေသည်။
"ဥပဒေသ စကားလုံး။ ဘယ်လောက် ကောင်းလိုက်လဲ။" ဧကရာဇ်၏ အသံကို ကြားသော အခါ ဟုန်ယွိ၏ နှလုံးသားက တုန်လှုပ်သွားပါသည်။ ပထမ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော် ပြီးနောက် သူသည် တာအိုပညာတွင် ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ အစစ်မှန် တိုက်ခိုက်ရေး စွမ်းရည်အရ သူသည် ဥဒေါင်းဘုရင်ကဲ့သို့ ကျွမ်းကျင်သူ မျိုးကိုပင် လုံးဝ မကြောက်တော့ပေ။ ဤအချိန်တွင် ဧကရာဇ်၏ အသံကို ကြားသောအခါ သူသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ ဧကရာဇ်၏ အသံသည် "စကားလုံးတိုင်းက ဉပဒေသ ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်ခြင်း" သဘောတရားကို ဖော်ပြနေပုံရသည်။
လူတစ်ယောက်သည် တာအိုနည်းလမ်းများကို ဤအဆင့်အထိ ကျင့်ကြံပြီးသောအခါ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာရန် မလိုအပ်တော့ပေ။ သူ ပြောဆိုသည့်အခါ သူ၏ အသံတွင် အားကောင်းသော အတွေးများ ပါဝင်လာပြီး၊ ပတ်ဝန်းကျင်ရှိ အနှစ်သာရချီကို တိုက်ရိုက် စုစည်းကာ တာအို နည်းလမ်း အမျိုးမျိုးကို ဖန်တီးနိုင်သည်။ အကယ်၍, သူက သင့်ကို သေလိုက်တော့ဟု ပြောလျှင် သင် သေရလိမ့်မည်။
"ဒီချန်ဧကရာဇ်ရဲ့ တာအိုနည်းလမ်းတွေက ဥဒေါင်းဘုရင် အထက်မှာ ရှိနေလောက်တယ်။ ငါ သူ့ကို တိုက်ခိုက်ရင် အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက် ရှိမလဲ။"
သာမန် တစ္ဆေအင်မော်တယ်များ၏ သဘာဝလွန် စွမ်းအားများပင်, ချန်ဧကရာဇ်၏ နက်နဲမှု ကို မြင်နိုင်မည် မဟုတ်ဘဲ သူ့ကို သာမန် ဧကရာဇ်တစ်ပါးဟုသာ ထင်ကြလိမ့်မည်။ သို့သော် ဟုန်ယွိ၏ ကျင့်ကြံမှုသည် အလွန် နက်ရှိုင်းသည်။ သူသည် ဤလောကရှိ တာအို ကျင့်ကြံသူများကြား၌ပင် ထိပ်တန်းတည်ရှိမှု ဖြစ်ပြီး၊ ချန်ဧကရာဇ်နှင့် ပတ်သက်၍ သဲလွန်စ အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ဟုန်ယွိသည် ချန်ဧကရာဇ်၏ အစစ်မှန် ကျင့်ကြံမှုကို မမြင်နိုင်သေးပေ။ ချန်ဧကရာဇ်၏ အသံက အချက်အလက်အချို့ကို ဖော်ပြနေသော်လည်း ဟုန်ယွိကို ခြောက်လှန့်ခြင်းမဟုတ်သလို၊ ခြိမ်းခြောက်ခြင်းမျိုးလည်း မရှိခဲ့ပေ။
"ငါ ခုနက ငါ့အော်ရာကို ထုတ်လွှတ်ပြီး ချက်ချင်း ပြန်သိမ်းလိုက်တယ်။ ချန်ဧကရာဇ်က သိပေမယ့် ဒီအချိန်တိုလေးအတွင်းမှာ ငါ့ရဲ့ အစစ်မှန် ကျင့်ကြံမှုက တာအိုနည်းလမ်း ဖြစ်တယ်ဆိုတာ သူ သတ်မှတ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။ သူက ငါ့ကို စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ် နှစ်ခုလုံးနဲ့ တစ်သားတည်းဖြစ်နေတဲ့ လက်သီးဆန္ဒကို ကျင့်ကြံ ထားသူ သိုင်းသူတော်စင်တစ်ဦးလို့ပဲ ထင်လိမ့်မယ်။" ဟုန်ယွိက တွေးလိုက်သည်။ "ဒါပေမဲ့၊ ငါ အခုနက ပြင်းပြင်းထန်ထန် ငါ့အော်ရာကို ထုတ်လွှတ်လိုက်တာက ချန်ဧကရာဇ်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့နဲ့ ချန်ပီယံမြို့စား စေလွှတ်လိုက်တဲ့ လူငယ်သိုင်းသူတော်စင် လေးဦး ကို ခြိမ်းခြောက်ဖို့ပဲ။ သူတို့ရဲ့ နှလုံးသားထဲမှာ ငါ့အပေါ် တွန်းလှန်လို့မရတဲ့ ကြောက်ရွံ့မှု တစ်ခု ဖြစ်ပေါ်နေပြီ။ နောက်လာမယ့် ပြိုင်ပွဲမှာ ငါ ချန်ပီယံဖြစ်ဖို့ လွယ်ကူသွားလိမ့်မယ်။ မဟုတ်ရင် သူတို့နဲ့ ရင်ဆိုင်ဖို့ တကယ်ပဲ ခက်ခဲလိမ့်မယ်။"
ဟုန်ယွိ၏ ခုနက ပြင်းထန်သော စွမ်းအင် ထုတ်လွှတ်မှုသည် ချန်ဧကရာဇ်၏ အာရုံစိုက်မှု ကို ဆွဲဆောင်ရန်နှင့် သိုင်းချန်ပီယံအတွက် ယှဉ်ပြိုင်ရန် ချန်ပီယံမြို့စား စေလွှတ်လိုက် သော လူငယ် သိုင်းသူတော်စင်များကို ခြိမ်းခြောက်ရန် ဖြစ်သည်။
ချန်ပီယံမြို့စား၏ လက်အောက်ခံများ အားလုံးသည် ရက်စက်ကြမ်းကြုတ်သော သိုင်းပညာရှင်များ ဖြစ်ကြပြီး၊ လူသတ်ကာ သွေးသောက်ကြကာ၊ သူတို့၏ လက်များသည် နာကျည်း ဝိညာဉ်များဖြင့် ရစ်ပတ်နေသည်။ သူတို့၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်သားတည်းဖြစ်ပြီး သူတို့၏ နှလုံးသားများသည် မာကျောကာ သတ်ဖြတ်ခြင်း နည်းလမ်းဖြင့် လွှမ်းမိုးထားသည်။ ဤကဲ့သို့သော လူများသည် သူတို့၏ နှလုံးသားတွင် ချို့ယွင်းချက် တစ်ခုမျှ မရှိဘဲ အသုရာနတ်ဆိုးများကဲ့သို့ ဖြစ်နေသည်။ မြေအနှစ်သာရ ရွှေဆေးလုံးကို စားပြီးနောက် သူတို့သည် အစစ်မှန် သိုင်းသူတော်စင်များအဖြစ် ပြန်လည် မွေးဖွားလာကြပြီး၊ သူတို့နှင့် ရင်ဆိုင်ရန် အလွန် ခက်ခဲသည်။
ဟုန်ယွိသည် သူ၏ လက်ရှိ သိုင်းနယ်ပယ်ဖြင့် ဤလူများကို ရင်ဆိုင်ရင် မကြောက်သော် လည်း အစစ်မှန် တိုက်ပွဲတွင် သူတို့ထဲမှ တစ်ယောက်ကိုပင် အလွယ်တကူ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ အများကြီးဆို ပြောစရာပင် မလိုတော့ပေ။
သို့သော် အခုနက သူ သူ့အော်ရာကို ထုတ်လွှတ်လိုက်သောအခါ ဤလူများသည် သူက အထွတ်အထိပ် သိုင်းသူတော်စင်ဖြစ်သည်ဟူ၍ အထင်ရောက်ပြီး၊ ရှုပ်ထွေးသွားကြကာ၊ သူတို့၏ နှလုံးသားထဲတွင် တွန်းလှန်၍ မရနိုင်ဟူသော အတွေးတစ်ခု ဝင်လာလိမ့်မည်။ ရန်သူကို ရင်ဆိုင်သည့်အခါ သူတို့သည် မကြောက်ရွံ့ခြင်း မဟုတ်တော့ပေ။ ဤသည်မှာ ဟုန်ယွိအနေဖြင့် အောင်ပွဲခံနိုင်ရန် ကိုးဆယ် ရာခိုင်နှုန်း အခွင့်အရေး ရှိသည်။
စစ်ဘက်ရေးရာ စာမေးပွဲတစ်ခုလုံးတွင် ကျွမ်းကျင်သူများစွာ ရှိသော်လည်း၊ ဟုန်ယွိ အတွက် အစစ်မှန် ကြောက်စရာကောင်းသူများမှာ ချန်ပီယံမြို့စား၏ လက်အောက်ခံများ နှင့် မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင် တစ်စုံတစ်ရာမျှ မရှိသော မင်းမျိုး မင်းနွယ်မိသားစုများမှ တပည့်အနည်းငယ်သာ ဖြစ်သည်။
မူလကတည်းက နိုင်ငံတော်သည် အင်ပါယာ စာမေးပွဲကို အရေးကြီးသည်ဟု သတ်မှတ် ထားသော်လည်း ဧကရာဇ် ကိုယ်တိုင် လာရောက်ရန် မထိုက်တန်ပေ။ သာမန် မင်းမျိုး မင်းနွယ်များလည်း လာရောက် ကြည့်ရှုမည် မဟုတ်ပေ။ ထို့အပြင်, မင်းမျိုး မင်းနွယ်ဝင် များ၏ ကလေးများသည် စစ်တပ်ထဲသို့ ဝင်ရောက်ရန်အတွက် စာမေးပွဲ ဖြေဆိုဖို့ မလိုအပ် ပေ။ သူတို့သည် စစ်တပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီး၊ အင်ပါယာ စာမေးပွဲကို ဖြတ်သန်းရန် မလိုအပ်ပေ။
ယေဘုယျအားဖြင့် စစ်ဘက် စာမေးပွဲတွင် ပါဝင်ရန် လာရောက်ကြသူများသည် သိုင်းပညာ တွင် ကျွမ်းကျင်သော်လည်း မင်းမျိုးမင်းနွယ်များ သို့မဟုတ် လူကုံထံ မိသားစုများမှ မဟုတ်ကြပေ။
သို့သော် ဤတစ်ကြိမ်တွင် တော်ဝင်နန်းတော်သည် ဟွှာလျိုနိုင်ငံကို ပြစ်ဒဏ်ခတ်ရန် စစ်ချီလိုပြီး နိုင်ငံတော်၏ စစ်တပ်ထဲသို့ မင်းမျိုးမင်းနွယ်ဝင်များနှင့် လူကုံထံ မိသားစုများ၏ ထိုးဖောက်ဝင်ရောက်မှုကို တားဆီးရန်အတွက် ပညာရှင်များကြားတွင် အရည်အချင်းရှိသူ များကို ရှာဖွေလိုခဲ့သည်။ ထို့ကြောင့် မင်းမျိုးမင်းနွယ်ဝင်များနှင့် လူကုံထံ မိသားစုများသည် သဘာဝအတိုင်း ခုခံရမည်ဖြစ်ပြီး သူတို့သည် အင်ပါယာ စာမေးပွဲကို ဖြေဆိုရန် သိုင်းပညာရှင်အချို့ကို ထည့်သွင်းခဲ့ကြသည်။
ဤသည်မှာ ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည့် အတိုက်အခံအဖြစ် သတ်မှတ်နိုင် ကာ၊ ချန်ဧကရာဇ်ပင်လျှင် ၎င်းနှင့် ပတ်သက်၍ ဘာမှ မတတ်နိုင်ခဲ့ပေ။
အကယ်၍, ဧကရာဇ်သည် မင်းမျိုးမင်းနွယ်ဝင်များ၏ နိုင်ငံတော်၏ စစ်တပ်နှင့် တော်ဝင် နန်းတော်၏ အရာရှိများကို လက်ဝါးကြီးအုပ်ထားမှုကို ချိုးဖျက်လိုပါက, သူ့ကိုယ်ပိုင် ထူးချွန်သော အရည်အချင်းရှိသူများကို အင်ပါယာ စာမေးပွဲထဲသို့ ထည့်သွင်းလိမ့်မည်။ ပညာရှင်များသည် မင်းမျိုးမင်းနွယ်ဝင်များနှင့် လူကုံထံအသိုင်းဝိုင်းများမှ ကလေးများ ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်သည် သူ့ကိုယ်ပိုင် လူများကို အသုံးပြုနိုင်မှ ဖြစ်လိမ့်မည်။
ဤသည်မှာ လျှို့ဝှက် တိုက်ပွဲတစ်မျိုးဖြစ်သည်။
ဟုန်ယွိ၏အမြင်က ထက်မြက်ပြီး သူသည် ၎င်းကို ကြာမြင့်စွာကတည်းက ရှင်းရှင်း လင်းလင်း သိမြင်ထားခဲ့သည်။
သူသည် မင်းသားယုကို ကူညီနေပြီး၊ မူလက သူ့အတွက် အခွင့်ရေးရယူဖို့ အားနည်းချက် ရှိသည်။ သို့သော် ယခု အင်ပါယာတရားရုံးသည် ဖရိုဖရဲ ဖြစ်နေပြီး မင်းမျိုးမင်းနွယ်ဝင် မိသားစုများနှင့် ဧကရာဇ်တို့သည် အင်ပါယာတရားရုံးအတွက် အချင်းချင်း ဆန့်ကျင် တိုက်ခိုက်နေကြရာ သူသည် ဤအခွင့်အရေးကို အသုံးပြု၍ ပေါ်ထွက်လာနိုင်ခဲ့သည်။
"စတင်ကြ။"
ဤစကားကို ပြောပြီးနောက် ချန်ဧကရာဇ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ နဂါးရထားသို့ ပြန်သွားခဲ့သည်။ တော်ဝင်ချန် ဧကရာဇ်၊ ဤကမ္ဘာပေါ်တွင် အစွမ်းအထက် ဆုံး ပုဂ္ဂိုလ်သည် သူ၏ မျက်လုံးများကို ဟုန်ယွိအပေါ်တွင် ဆက်လက်ထားရှိနေခဲ့သည်။
ဓလေ့ထုံးတမ်းဝန်ကြီးဌာနနှင့် စစ်ဘက်ဝန်ကြီးဌာနမှ အရာရှိများသည် အလျင်အမြန် ဆုတ်ခွာသွားကြသည်။ ထို့နောက် တော်ဝင် အမဲလိုက်ကွင်း ပတ်လည်ရှိ ဧရာမ ကြံ့အရေခွံ ဗုံများသည် စတင် တီးခတ်လာသည်။
နားကွဲမတတ် စစ်ဗုံအသံများသည် အရပ်မျက်နှာအားလုံးသို့ ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ သွေးကို ဆူပွက်စေခဲ့သည်။ လေပြင်းတစ်ခု တိုက်ခတ်လာပြီး သွေးရနံ့ဖြင့် စစ်မြေပြင်၏ အနံ့ ရရှိလာသည်။
သိုင်းစာမေးပွဲ ဖြေဆိုသူ ထောင်ပေါင်းများစွာကို အဝါရောင်ကော့ထ်စ် ရတနာမြင်းပျို၊ အရည်အသွေးမြင့် သံမဏိသစ်သား မဟူရာအရိုးလေးနှင့် မြှားထည့်ဘူးတစ်ခုစီ ပေးအပ်ခဲ့သည်။
စစ်ဘက် စာမေးပွဲ၏ ပထမဆုံး စမ်းသပ်မှုမှာ မြင်းစီးခြင်းနှင့် မြှားပစ်ခြင်း ဖြစ်သည်။
အရှေ့ မိုင်အနည်းငယ်အကွာတွင် ဆူးချဉ်သစ်တော တစ်ခု ရှိသည်။ ဆူးချဉ်သစ်တောသည် ဆူးပင်တစ်မျိုးဖြစ်ပြီး သစ်တောအပြင်ဘက်တွင် ရွှံ့နွံအိုင်တစ်ခု ရှိသည်။ ရွှံ့နွံအိုင်ထဲတွင် ပစ်မှတ်များစွာကို တပ်ဆင်ထားပြီး လူတိုင်း၏ ပြားနံပါတ်သည် ပစ်မှတ်တစ်ခုနှင့် ကိုက်ညီသည်။
ပထမဆုံး စမ်းသပ်မှုမှာ ဤဆူးချဉ်သစ်တောကို ဖြတ်၍ မြင်းစီးခြင်းနှင့် ရွှံ့နွံအိုင် အပြင် ဘက် ခြေငါးရာအကွာတွင် မြင်းကို ရပ်တန့်ကာ ပစ်မှတ်အလယ်ဗဟိုကို ပစ်ပြီး လျင်မြန်စွာ ပြန်လာခြင်း ဖြစ်သည်။
"ဒီဟာက တော်ဝင်ချန်မင်းဆက်က တော်ဝင် တပည့်တွေ မြင်းစီးနဲ့ မြှားပစ် လေ့ကျင့်တဲ့ နေရာလား။ ဆူးချဉ်သစ်တောကို လူတွေတောင် ဖြတ်ကျော်ဖို့ ခက်ခဲတယ်။ မြင်းစီးသွားရင် သွေးသံရဲရဲ ဖြစ်သွားမှာ မဟုတ်ဘူးလား။"
ဟုန်ယွိသည် ဆူးပင်များနှင့် ဆူးခက်များ ထူထပ်စွာ ပေါက်နေသော ဆူးချဉ်သစ်တောကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက လင်းလက်သွားသည်။
ဆူးချဉ်သစ်တောကို "ဆူးမြို့"ဟုလည်း ခေါ်ပြီး၊ အကယ်ဒမီ၏ ခြံဝန်းအပြင်ဘက်တွင် လည်း ဤကဲ့သို့ စက်ဝိုင်းတစ်ခု ရှိသည်။
ဤတော်ဝင် အမဲလိုက်ကွင်းရှိ "ဆူးမြို့"သည် မိုင်ဆယ်မိုင်ကျော်အထိ ကျယ်ပြန့်ပြီး အတွင်း၌ မြင်းစီးသူရဲကောင်းတစ်ထောင် ဝင်ရောက်ရန် လုံလောက်သော နေရာလပ်များ စွာ ရှိသည်။ ဤသည်မှာ တော်ဝင် တပည့်များသည် တောနက်ထဲတွင် မြင်းစီး တိုက်ခိုက် ရန် လေ့ကျင့်သည့် နေရာဖြစ်ပြီး၊ ယခု ၎င်းကို စစ်ဘက် စာမေးပွဲအတွက် ယာယီ အသုံးပြုနေခြင်း ဖြစ်သည်။
"ဒီဆူးမြို့ တစ်ခုတည်းနဲ့တင် လူများစွာ ဖယ်ရှားခံရမှာ စိုးရတယ်။ ဝင်လာတဲ့ ကျွမ်းကျင်သူ တိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်လေးနဲ့ မြင်းကို ကာကွယ်ရမှာ ဖြစ်ပြီး လူနဲ့ မြင်း တစ်သားတည်း အဖြစ်ကို ချက်ချင်း ရောက်နိုင်ရမယ်...။"
ဟုန်ယွိသည် "ဆူးမြို့"ကို ကြည့်ရင်း သူ၏ မျက်လုံးများကို မှေးစင်းလိုက်ပါသည်။
ရုတ်တရက် စစ်ဗုံများက ရပ်တန့်သွားသည်။
"မြင်း၊ မြင်း၊ မင်းက ငါ့ရဲ့ လျှပ်စီးဖမ်းမြင်း မဟုတ်ပေမယ့် ငါ ဒီအတိုင်းပဲ အသုံးပြုရတော့ မယ်။" ဟုန်ယွိသည် ခုန်တက်လိုက်ပြီး မျက်တောင် တစ်ခတ်အတွင်း မြင်းပေါ်သို့ ရောက်ရှိ သွားသည်။ သူ၏လက်ကို မြင်း၏ ဦးခေါင်းပေါ် တင်လိုက်ရာ အားကောင်းသော အတွေး တစ်ခုသည် အဝါရောင်ကော့ထ်စ် ရတနာမြင်းပျို၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက် သွားသည်။
ရွှီး…။
အဝါရောင်ကော့ထ်စ် ရတနာမြင်းပျို၏ ခြေလေးချောင်းအထိ ပျံ့နှံ့သွားပြီး အရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ "ဆူးမြို့"ထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် မြင်းတစ်ထောင်ကျော်သည် "ဆူးမြို့"ထဲသို့ ပြေးဝင်သွားကြသည်။
"အဲ…" ဧကရာဇ် ယန်ဖန်သည် ဟုန်ယွိက ရှေ့မှဦးဆောင်ပြီး "ဆူးမြို့"ထဲသို့ ပြေးဝင်သွား သည်ကို ကြည့်ရှုနေပြီး၊ အတွေးတစ်ခုဖြင့် သူ၏ လက်ချောင်းများက လှုပ်ရှားသွားကာ၊ သူ၏ မျက်ခုံးနှစ်ခုကြားတွင် သံသယအရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။
"ကြင်ယာတော်ယွမ်၊ "ဆူးမြို့"ထဲကို ဦးဆောင် ဝင်သွားတဲ့ အဲဒီဟုန်ယွိဟာ ဒီတစ်ကြိမ် စာပေနဲ့ သိုင်းချန်ပီယံ ဖြစ်လာနိုင်မယ်လို့ မင်း ထင်လား။ ဟုန်ရွှန်ကျိမှာ ဒီလိုသားမျိုး ရှိတယ်။ သူက သူ့ရဲ့အမွေကို ဆက်ခံနိုင်တယ်။"
"စာပေနဲ့ သိုင်းချန်ပီယံကို အရှင်မင်းကြီးက ဆုံးဖြတ်ရမှာပါ။ အရှင်မင်းကြီးက ဘယ်သူ ဖြစ်ရမယ်လို့ ပြောလိုက်ရင်, အဲဒီသူပဲ ဖြစ်ရမှာပါ။" ကြင်ယာတော်ယွမ်က ပြောသည်။
"အဲဒီလို မဟုတ်ဘူး။ ဒီဧကရာဇ်ဟာ နိုင်ငံတော်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားထဲမှာ ကိုယ့်ဆန္ဒရှိသလို လုပ်လို့ မရဘူး။ မဟုတ်ရင် လူထုက ဘယ်လိုလုပ် ယုံကြည်တော့မလဲ။" ချန်ဧကရာဇ်သည် သူ့မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက် သည်။
"ဓလေ့ထုံးတမ်းဝန်ကြီးဌာနကို အမိန့်ပေးလိုက်ပါ။ မန်ပိုင်ယွန်ကို သခင်မယီနန်အဖြစ် ဘွဲ့ ပေးအပ်ပြီး တောင်ဘက်ပြည်နယ်မှာ မြေယာ ပေးသနားလိုက်ပါ။ အရာရှိတွေကလည်း သူမကို ဝတ်ပြုကိုးကွယ်နိုင်ဖို့ ဘုရားကျောင်းတစ်ခု တည်ဆောက်ပေးရမယ်။ ဒီဧကရာဇ် ဟာ မန်ပိုင်ယွန်ကို နတ်ဘုရားမဘွဲ့လည်း ပေးအပ်မယ်။"
ချန်ဧကရာဇ်သည် စကားဆုံးပြီးနောက် သူ၏ မျက်လုံးများက ကောင်းကင်နှင့် မြေကြီးကြားတွင် ကြည့်ရှုနေသည်။