← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 29 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 29 Ch. 313-314

အခန်း (၃၁၃)။

"မန်ပိုင်ယွန်ကို သခင်မယီနန်အဖြစ် ချီးမြှင့်ပြီး၊ နတ်ဘုရားမဘွဲ့ပေးအပ်ကာ၊ ကိုးကွယ်ခံ ဘုရားကျောင်း တည်ဆောက်ပေးပြီး အမွှေးနံ့သာတွေနဲ့ ပူဇော်မှု ခံစားခိုင်းမှာလား။ သူက အထွဋ်အထိပ်ကောင်းကင်နယ်မြေနဲ့ စတင်တော့မှာလား။ ဒါပေမဲ့ ဟုန်ရွှန်ကျိက အထွဋ်အထိပ်ကောင်းကင်နယ်မြေကနေ လာတာလေ... ဒီအုပ်စိုးသူနဲ့ ဒီဝန်ကြီးအတွဲက နှစ်ပေါင်း နှစ်ဆယ်ကြာ အချင်းချင်း အားကိုးခဲ့ကြတာလေ။ ချန်ဧကရာဇ်က အခု နန်းတွင်း မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်တော့မယ်ဆိုတော့, သူတို့အနေနဲ့ သူတို့ရဲ့ ဆက်ဆံရေး ကို ကိုယ်တိုင် ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး...။ ဒီလိုလုပ်ရပ်မျိုးနဲ့ ဧကရာဇ် ယန်ဖန် ဘာတွေ ကြံစည်နေတာလဲ။ ဟုန်ယွိ အခုနက ပြသခဲ့တဲ့ စွမ်းအားဟာ အထွတ်အထိပ် သိုင်းသူတော်စင်အဆင့် စွမ်းအားဖြစ်ပေမယ့် ဟုန်ယွိက လျှပ်စီးကပ်ဘေးအဆင့် အင်မော်တယ်ဆိုတာ ယန်ဖန် မသိဘူး...။ ဟုန်ယွိနဲ့ ဒီပရိယာယ်များတဲ့ တော်ဝင်ချန် ဧကရာဇ်တို့ ဘယ်လို တိုက်ခိုက်ကြမလဲ ကြည့်ရသေးတာပေါ့...။"

ကြင်ယာတော်ယွမ်သည် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ဓလေ့ထုံးတမ်းဝန်ကြီးဌာနကို မန်ပိုင်ယွန်အတွက် နံ့သာပူဇော်မှု ခံစားနိုင်စေရန် နတ်ဘုရားအဖြစ် ဘွဲ့ချီးမြှင့်ပြီး၊ ဘုရားကျောင်း ပြင်ဆင်ရန် အမိန့်ပေးသည်ကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။

အခြားတစ်ဖက်တွင်မူ တော်ဝင်ချန်ဧကရာဇ်၏ မျက်လုံးများက အနည်းငယ် မှိတ်တုတ် မှိတ်တုတ် ဖြစ်သွားပြီး သူ ဘာတွေ တွေးနေလဲဆိုသည်ကို မည်သူမှ မသိနိုင်ခဲ့ပေ။

ဧကရာဇ်သည် မိုးကောင်းကင်မှ အမိန့်တော်ကို ရရှိထားပြီး မိုးကောင်းကင်ကိုယ်စား နတ်ဘုရားများကို ဘွဲ့ချီးမြှင့်ရန် အရည်အချင်း ရှိသူ ဖြစ်သည်။

ဓလေ့ထုံးတမ်းဝန်ကြီးဌာနက နတ်ဘုရားဘွဲ့ကို ချီးမြှင့်သည့် အမိန့်တော် ထုတ်ပြန်ရန်သာ လိုအပ်သည်။ ဘုရားကျောင်းမြောက်မြားစွာ တည်ဆောက်ခံရမည် ဖြစ်ပြီး ပို၍ များပြား သော လူများက ကိုးကွယ်ကြမည်ဖြစ်ကာ နံ့သာပူဇော်မှုများ အဆက်မပြတ် ရရှိမည် ဖြစ်သည်။ အခု တော်ဝင်ချန် ဧကရာဇ်သည် မန်ပိုင်ယွန်ကို နန်ကျိုး(တောင်ပိုင်းပြည်နယ်) ၌ ဘွဲ့ချီးမြှင့်လိုက်ခြင်းက နန်ကျိုးတစ်ခုလုံးတွင် နန်းတွင်းမှ အသိအမှတ်ပြုသော နတ်ဘုရားမသည် သခင်မယီနန် မန်ပိုင်ယွန်တစ်ဦးသာ ဖြစ်သည်ဟု ဆိုလိုသည်။ ကိုးကွယ်ခံ အခြား နတ်ဘုရားများအားလုံးသည် နတ်ဘုရားအတုများနှင့် ဆိုးယုတ်သော နတ်ဘုရားများသာ ဖြစ်သည်။

ကြင်ယာတော်ယွမ်သည် နန်ကျိုး တစ်ခုလုံးတွင် ဘိုးဘွားများကို ကိုးကွယ်ခြင်းမှအပ မင်းမျိုးမင်းနွယ် အများအပြား ကိုးကွယ်သော နတ်ဘုရားမှာ မဟာကောင်းကင်ဘုံသခင် ဖြစ်သည်ကို သိရှိထားပါသည်။

မဟာကောင်းကင်ဘုံသခင်သည် နန်ကျိုး၏ အမြင့်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု လည်း ဆိုနိုင်သည်။

အကယ်၍, မန်ပိုင်ယွန်သည် သခင်မယီနန်အဖြစ် ရွှေစင်ရုပ်ထု ထုလုပ်ပြီး၊ နန်ကျိုး၌ အမွှေးနံ့သာ ပူဇော်မှုများကို ခံစားစေလိုပါက မဟာကောင်းကင်ဘုံသခင် နတ်ဘုရားနှင့် ထိပ်တိုက်တွေ့ဆုံရမည် ဖြစ်သည်။ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည် ဟုန်ယွိကို နန်ကျိုးရှိ အထွဋ်အထိပ် ကောင်းကင်နယ်မြေအပြင်, မင်းမျိုးမင်းနွယ်များ၊ လူကုံထံ မိသားစု အများအပြားနှင့် ရန်သူဖြစ်နိုင်သည့်အဆင့်သို့ မျက်စိတစ်မှိတ်အတွင်း တွန်းပို့ လိုက်ခြင်း ဖြစ်ပါသည်။

နန်းတွင်းမှ မန်ပိုင်ယွန်ကို သခင်မယီနန်ဘွဲ့ ချီးမြှင့်လိုက်သော်လည်း ၎င်းကို အမှန်တကယ် အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ ၎င်းသည် သူမအား ဘွဲ့တစ်ခု ပေးအပ်ခြင်းနှင့် ညီမျှသည်။ ရွှေစင်ရုပ်တု ထုခြင်းကိစ္စများကိုမူ ဟုန်ယွိကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်ဆဲ ဖြစ်သည်။

တော်ဝင်နန်းသည်လည်း အရာရှိများကို စည်းရုံးပြီး၊ မင်းမျိုးမင်းနွယ်များနှင့် အခြားလူများ မဟာကောင်းကင်ဘုံသခင် နတ်ဘုရားကို ကိုးကွယ်ခြင်းမှ ရဲရဲတင်းတင်း တားဆီးရန် မဖြစ်နိုင်ပေ။

ဤကဲ့သို့သော ကိစ္စများတွင် အနည်းငယ်မျှ ပေါ့ဆလိုက်ပါက ကြီးမားသော ပြည်တွင်း ပဋိပက္ခကို ဖြစ်ပွားစေနိုင်ပြီး သူဌေးသူကြွယ်များနှင့် အစွမ်းထက်သော မင်းမျိုး မင်းနွယ်များထံမှ ပြင်းထန်သော ခုခံမှုများလည်း ရှိလာနိုင်သည်။ သူတို့ ပုန်ကန်လာရန်ပင် ဖြစ်နိုင်ချေရှိသည်။

သို့သော် ကြင်ယာတော်ယွမ်သည် ဟုန်ယွိအနေဖြင့် ဤကဲ့သို့ ကိစ္စမျိုးကို လုံးဝ ငြင်းပယ် မည် မဟုတ်ကြောင်း သူမစိတ်ထဲတွင် သိထားသည်။

ထို့အပြင် ဤကျေးဇူးသည် အလွန် ကြီးမားသည်။ ဟုန်ယွိသည် ကျေးဇူးတရားကို ပြန်လည် ပေးဆပ်တတ်သူ ဖြစ်သည်။

"အရင်ဆုံး ဒီအမိန့်တော်ကို ဓလေ့ထုံးတမ်းဝန်ကြီးဌာနကို ပြင်ဆင်ခိုင်းထားလိုက်ပါ။ တောင်ပိုင်းပြည်နယ်ကို မပို့ဘဲ ငါကိုယ်တော် နောက်ထပ် အမိန့်မထုတ်မချင်း လအတော် ကြာ သိမ်းဆည်းထားပါ။" အမိန့်တော်ကို လွှဲပြောင်းပြီးနောက် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က အတွင်းဝန်ကို ပြောလိုက်သည်။

ကြင်ယာတော်ယွမ်သည် ဤသည်မှာ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ အစီအစဉ်တစ်ခု ဖြစ်ကြောင်း သိလိုက်ပါပြီ။ ဟုန်ယွိ၏ နာမည်ကျော်ကြားမှု ကြီးထွားလာပြီးနောက်မှ ဤအမိန့်ကို ကြေညာပေးခြင်းဖြင့် ဟုန်ယွိအား တော်ဝင်နန်းတော်၏ အထက်မြက်ဆုံး လှံအဖြစ်သို့ ရောက်ရှိစေမည်။ ထက်ရှသော ဓားတစ်ချောင်းအဖြစ် ရောက်ရှိစေမည်။

နောင်အနာဂတ်တွင် ဟုန်ယွိ၏ ဩဇာအာဏာသည် ကြီးမားလာမည်မှာ သေချာသည်။ အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦးကို အရေးကြီးသော ရာထူးတွင် မထားပါက ဧကရာဇ်သည် မျက်စိကန်းနေ၍ ဖြစ်ပေလိမ့်မည်။ "ငါ ဒီကိစ္စကို ဟုန်ယွိနဲ့ ဆွေးနွေးပြီး သူ့ကို ပြောပြမယ်။"

ကြင်ယာတော်ယွမ်၏ စိတ်သည် လျင်မြန်စွာ လည်ပတ်နေသည်။

"ချစ်ကြင်ယာတော်… ဘာတွေ တွေးနေတာလဲ။"

တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည် စကားပြောပြီးနောက် သူ့အကြည့်ကို ကောင်းကင်မှ ပြန်ရုတ်သိမ်းလိုက်သည်။

"ဒီတစ်ခါ တော်ဝင် သိုင်းပညာ စာမေးပွဲမှာ ကျွမ်းကျင်ပညာရှင်တွေ အတော်များများ ပါလိမ့်လို့ တွေးနေတာပါ။ ပြီးတော့ ဟုန်ယွိမှာ ဒီလို စွမ်းအားမျိုး ရှိနေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့မိဘူး။ ပြီးခဲ့တဲ့နှစ် ဝူဝမ်မြို့စားစံအိမ်ကို ဆွေမျိုးတွေဆီ လည်ပတ်ဖို့ သွားတုန်း က သူက ကျွန်မအတွက် ကဗျာတစ်ပုဒ်တောင် ရေးပေးခဲ့ဖူးတယ်။" ကြင်ယာတော်ယွမ်က သူမ၏ အကြည့်ကို ရည်ရွယ်ချက်မဲ့ လည်ပတ်ကြည့်နေရင်း ပြောလိုက်သည်။

ဧကရာဇ် တော်ဝင်ကြင်ယာတော်များ အပါအဝင် အခြား မြင့်မြတ် ကြင်ယာတော်များ သည် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ရှေ့တွင် သူတို့ကိုယ်သူတို့ လက်အောက်ခံနှင့် ကျွန်မအဖြစ် ရည်ညွှန်းကြရသော်လည်း ကြင်ယာတော်ယွမ်သည် သူမကိုယ်သူမ "ကျွန်မ" ဟု ရည်ညွှန်းခဲ့ပြီး တစ်ခါမှ မပြောင်းလဲခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်သည်လည်း ထိုအချက်ကို ဂရုမစိုက်ခဲ့ပေ။

"ချန်ပီယံမြို့စားရဲ့ ကဗျာလည်း အရမ်း ကောင်းပါတယ်။ ဒီနေ့ စာမေးပွဲမှာ ဒီလို ကြီးကျယ် ခမ်းနားတဲ့ မြင်ကွင်းမျိုးနဲ့….၊ ချန်ပီယံမြို့စား… မင်း ကဗျာတစ်ပုဒ်လောက် မရေးဖွဲ့ချင်ဘူး လား။" တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က အဝေးရှိ ချန်ပီယံမြို့စားကို ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကြင်ယာတော်ယွမ်က ကဗျာနှစ်သက်တယ်ဆိုရင်, ကျွန်တော်မျိုးက ဒီမြင်ကွင်းအတွက် ကဗျာတစ်ပုဒ် ရေးဖွဲ့ပါ့မယ်။" ချန်ပီယံမြို့စားက ထရပ်လိုက်သည်။

ထိုအချိန်မှာ မှူးမတ်အားလုံးက ချန်ပီယံမြို့စားကို စောင့်ကြည့်နေကြပြီး သူ ဘယ်လို တုန်လှုပ်ဖွယ် ကဗျာမျိုး ရေးဖွဲ့မလဲဆိုသည်ကို သိချင်နေကြသည်။

"အီယာ…၊ အရှင်မင်းကြီး၊ ကျွန်မ နည်းနည်း ခေါင်းမူးနေသလို ခံစားရလို့ နားဖို့ ခွင့်တောင်း ချင်ပါတယ်။ ချန်ပီယံမြို့စားမှာ တုန်လှုပ်ဖွယ် ကဗျာတစ်ပုဒ် ရှိရင် အတွင်းဝန်တွေကို ကူးယူခိုင်းပြီး နန်းတော်ကို ပို့ခိုင်းလိုက်ပါ။"

ရုတ်တရက် ကြင်ယာတော်ယွမ်သည် သူမ၏ နဖူးကို ပွတ်လိုက်သည်။

"ဒီလိုဆိုရင် ကြင်ယာတော်ယွမ်ကို ရထားပေါ်တင်ပြီး နန်းတော်ကို ပြန်ပို့ခိုင်းလိုက်ပါ။" တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာပြီး မိန်းမစိုးများ ကို ကြင်ယာတော်ယွမ်ကို လိုက်ပို့ရန် အမိန့်ပေးလိုက်သည်။

"ချန်ပီယံမြို့စား၊ မင်းမှာ ဘယ်လို ကဗျာမျိုုးရှိလဲ။ ငါကိုယ်တော်အတွက် ရေးဖွဲ့ပြပါဦး။" တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ပြောသည်။

"ဟင်…." ကြင်ယာတော်ယွမ် ထွက်သွားသည်ကို မြင်သောအခါ ချန်ပီယံမြို့စား၏ မျက်နှာ အမူအရာက ပြောင်းသွားပါသည်။

"ကျွန်တော်မျိုး ကဗျာရေးဖွဲ့ဖို့ စိတ်ခံစားချက် ရုတ်တရက် ပျောက်သွားပါပြီ။ အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ။"

"အိုး။ ကောင်းပါပြီ။ ဒီလို အသေးဖွဲ့ ကိစ္စလေးအတွက် ငါကိုယ်တော်က မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ။ ကဗျာရေးဖွဲ့ဖို့ စိတ်ခံစားချက်ဆိုတာက လျင်မြန်တဲ့အတွေး၊ လက်ရာ မြောက်တဲ့ လက်တစ်စုံပဲ။ တမုဟုတ်ချင်း ပျောက်ကွယ်သွားနိုင်တယ်လေ။ အဲဒါကို ဖမ်းဆုပ်နိုင်လိုက်ရင် ကဗျာကောင်းတစ်ပုဒ် ဖြစ်မယ်။ လွဲသွားရင်တော့ နှမြောစရာပဲ။ ထိုင်ပါ။"

တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ချန်ပီယံမြို့စား ထိုင်လိုက်ပြီးနောက် သူသည် ကုလားထိုင်၏ လက်တင်ခုံကို ဖျစ်ညှစ်လိုက် ရာ သစ်သားမှာ အက်ကွဲသွားခဲ့သည်။

... ...

"တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ဟာ ခုနက ငါ အဝါရောင်ကော့ထ်စ် ရတနာမြင်းပျိုထဲ ပို့လိုက်တဲ့ နတ်ဘုရား အတွေးကို ခံစားမိမလား မသိဘူး။ ဒါပေမဲ့ သူ မခံစားမိသင့်ပါဘူး။ ငါ လက်ကို အဝါရောင်ကော့ထ်စ် ရတနာမြင်းပျိုရဲ့ ကိုယ်ပေါ် တင်ပြီး သိမ်မွေ့ပြီး ထူးခြားတဲ့ နည်းလမ်းကို သုံးပြီး ထိုးဖောက်ဝင်ရောက်ခဲ့တာပဲ။ သူသာ ဒီလို ကြီးမားတဲ့ နတ်ဘုရား စွမ်းရည်မျိုး ပိုင်ဆိုင်ထားရင် မိုနိုဂါတာရီကို ဘာလို့ ကြောက်နေရမှာလဲ။"

"အခုနက ငါ ပြသလိုက်တဲ့ အထွတ်အထိပ် သိုင်းသူတော်စင်ရဲ့ စွမ်းအားက တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ရဲ့ နှလုံးသားထဲမှာ ဘယ်လောက် အရေးပါသွားမလဲ မသိဘူး။ သူ ငါ့ကို ဘယ်လို ရာထူး တိုးမြှင့်ပေးမလဲ။ ပြီးတော့ ဘယ်လို ဆုလာဘ်မျိုး ပေးမလဲ။ သူက မင်းမျိုး မင်းနွယ်တွေနဲ့ မြင့်မြတ်မိသားစု အားလုံးကို အခွန်ထမ်းခိုင်းပြီး၊ ကမ္ဘာပေါ်က အရာရှိတွေနဲ့ လူကုံထံအားလုံးကို ပြစ်မှားဖို့ ဆန္ဒရှိနေပုံအရဆို၊ ငါ့ခန့်မှန်းချက်သာ မှန်ခဲ့ရင်, သူက ငါ့ အမေကို နတ်ဘုရားမဘွဲ့ ချီးမြှင့်လိမ့်မယ်။ ဘုရားကျောင်း တည်ထောင်ပြီး နံ့သာကိုးကွယ် မှု ခံစားစေတာက အကြီးမားဆုံး ဂုဏ်ပြုမူပဲလေ။ ဧကရာဇ်ရဲ့ နတ်ဘုရားဘွဲ့ ပေးသနားတဲ့ အမိန့်တော်ထက် ပိုအရေးကြီးတာ ဘာမရှိဘူး... သူက ငါ့ကို သူ့အတွက် သေချာပေါက် အလုပ်လုပ်ပေးမယ်လို့ တွေးနေမှာ သေချာတယ်။..."

ရှူး ရှူး ရှူး။

ဟုန်ယွိ၏ လက်ထဲရှိ ရှည်လျားပြီး ကျဉ်းမြောင်းသော ဆေဘာက သူ့လက်ဖဝါးထဲတွင် လည်ပတ်နေသည်။ သူ့ရှေ့ရှိ ဆူးပင်များနှင့် ဆူးချဉ်သစ်ပင်များစွာသည် ဆေဘာ၏ အလင်းနှင့်အတူ အားလုံး ကွဲကြေသွားခဲ့သည်။

မြင်းသည် ဆူးချဉ်သစ်တောကို ဖြတ်၍ သွားနေပြီး၊ ၎င်းသည် လူသူမနေသော တောအုပ်ထဲ သို့ ဝင်ရောက်သွားနေသည့်အတိုင်းပင်။

ဆူးပင်တောကို ဖြတ်၍ မြင်းကို ကဆုန်ပေါက် မောင်းနှင်ခြင်းသည် ထိန်းချုပ်ရာတွင် အလွန် ခက်ခဲသော အလုပ်ဖြစ်သည်။ ၎င်းသည် မြင်းအပေါ် အလွန် နက်နဲသော ထိန်းချုပ်မှု စွမ်းရည် လိုအပ်ပြီး တစ်ချိန်တည်းမှာပင် အလွန် သွက်လက်ရန်လည်း လိုအပ်သည်။

လူတစ်ဦးသည် ဆူးချဉ်သစ်တောခေါ် 'ဆူးမြို့'ကို တစ်ယောက်တည်း ဖြတ်ကျော်ရန် မလွယ်ကူသည့်အပြင် မြင်းတစ်ကောင်ကိုပါ ခေါ်ဆောင်သွားရခြင်းကြောင့် ဆိုဖွယ်ရာ မရှိပေ။

ဟုန်ယွိ၏ မြင်းစီးစွမ်းရည်သည် နက်နဲသော်လည်း ဆယ်စုနှစ်များစွာ မြင်းစီးခဲ့သည့် ကျွမ်းကျင်သူများကဲ့သို့ လက်ရာမြောက်ခြင်းတော့ မရှိပေ။ သို့သော် သူသည် သူ၏အတွေး ကို ကြိုးတစ်ချောင်းအဖြစ် အသုံးပြု၍ မြင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည်။ သူသည် မြင်းကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီး သူ၏ ခန္ဓာကိုယ်ကဲ့သို့ပင် သွက်လက်နေသည်။

ဟုန်ယွိသည် ရှည်လျားသော 'ဆူးမြို့'ကို အသက်ရှူချိန် ဆယ်ချက်မျှအတွင်း ဖြတ်ကျော်ခဲ့ သည်။ သူ့ရှေ့တွင် ခြေလှမ်းငါးရာ ရှည်လျားသော ရွှံ့နွံအိုင်တစ်ခု ရှိသည်။ မြင်းသည် ရှေ့ဆက် တိုးဝင်၍ မရနိုင်တော့ပေ။ ရွှံ့နွံအိုင်၏ အလယ်ဗဟိုတွင် ပစ်မှတ် တစ်ထောင် ကျော်ကို တပ်ဆင်ထားပြီး ပစ်မှတ်များ၏ အပေါ်တွင် ဂဏန်းများစွာ ရှိသည်။

ဟုန်ယွိသည် ပစ်မှတ်များကို ဂရုတစိုက် မကြည့်တော့ပေ။ တစ်ချက်ကြည့်ရုံဖြင့် သူနှင့် သက်ဆိုင်သော ပစ်မှတ်ပေါ်ရှိ ဂဏန်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူ၏ လေးကို ထုတ်ယူကာ မြှားတစ်စင်း တပ်ဆင်လိုက်သည်။ ရွှီး…၊ ရွှီး…၊ ရွီး…၊ ရွှီး…၊ ရွှီး…၊

မြှားငါးစင်းကို ဆက်တိုက် ပစ်ခတ်လိုက်ရာ မြှားများသည် ရှည်လျားသော လေခွင်းသံကို ထုတ်ဖော်ရင်း ပစ်မှတ်၏ ဗဟိုဆီသို့ တည့်တည့် ပျံသန်းသွားသည်။

ထိုအချိန်မှာပင် ရုတ်တရက် သူ့နောက်ကွယ်မှ ပြင်းထန်သော အော်ဟစ်သံ အချို့ ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်အချို့သည် သူတို့၏ လေးနှင့် မြှားတွေကို ဆွဲထုတ်ပြီး၊ မြှားများက ရုတ်တရက် ပေါက်ကွဲထွက်သွားကာ သူ ပစ်မှတ်ဆီ ပစ်ခတ်လိုက်သော မြှားများကို ကြားဖြတ်တိုက်ခိုက်လိုက်သည်။

"ဟွန့်။"

ဟုန်ယွိသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် မြင်းပေါ်တွင် အနည်းငယ် လှည့်၍ မြှားတစ်စင်း တပ်ဆင်လိုက်သည်။ သူသည် အနက်ရောင်ဝတ်စုံနှင့် လူများကို ပစ်မှတ်ထားခြင်း မရှိဘဲ သူတို့၏ မျက်လုံးများကို တည့်တည့် ပစ်မှတ်ထား၍ မြှားအချို့ကို ပစ်ခတ်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်များသည် မြှားများကို အလျင်အမြန် ကာကွယ်လိုက် ကြသည်။ ဟုန်ယွိသည် သိုင်းစာမေးပွဲတွင် လူများကို တိုက်ရိုက် ပစ်ခတ်ဝံ့သည်ဟု သူတို့ လုံးဝ မထင်မှတ်ခဲ့ကြပေ။

သူတို့ မြှားများကို ကာကွယ်နေချိန်မှာ, ဟုန်ယွိသည် သူ၏ ရှည်လျားသော မြင်းသတ်ဓား ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးလျှပ်စီးနှင့်တူသော ဆေဘာအလင်း လှိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်မှ လျှပ်စီးမြွေဟောက်ကဲ့သို့ ထွက်ပေါ်လာပြီး၊ လေထဲသို့ ပျံဝဲသွားကာ အနက်ရောင်ဝတ်စုံနှင့် လူများကို ခုတ်ပိုင်းလိုက်သည်။

ဤအနက်ရောင်ဝတ်စုံနှင့် လူများသည် ချန်ပီယံမြို့စား၏ လက်အောက်ခံ ကနဦးအဆင့် သိုင်းသူတော်စင် လေးဦးဖြစ်ပြီး မြေအနှစ်သာရ ရွှေဆေးလုံးကို အသုံးပြု၍ သူတို့၏ ခန္ဓာကိုယ်များကို ကြံ့ခိုင်အောင် လေ့ကျင့်ထားသူများ ဖြစ်သည်။

ကနဦးအဆင့် သိုင်းသူတော်စင် လေးဦးသည် သိုင်းစာမေးပွဲတွင် ထိပ်ဆုံး သုံးနေရာကို ယူရန်အတွက် လုံလောက်သည်ထက်ပင် ပိုသည်။

ဤကျွမ်းကျင်သူ လေးဦးသည် ဟုန်ယွိ သူ၏အော်ရာကို ထုတ်လွှတ်ခဲ့သည့် အချိန်ကတည်း က ထိတ်လန့်သွားကြသည်။ သို့သော် ချန်ပီယံမြို့စား၏ အမိန့်ကို မနာခံဘဲ နေ၍ မရနိုင် သောကြောင့် သူတို့သည် အပြေးအလွှား ရောက်လာကြကာ၊ ဟုန်ယွိကို ထိန်းချုပ်ရန် ရည်ရွယ်ခဲ့ကြသည်။

ဟုန်ယွိသည် လူကို တိုက်ရိုက် သတ်ပစ်ရန်အထိ အတင့်ရဲလိမ့်မည်ဟု သူတို့ပင် မမျှော်လင့်ခဲ့ကြပေ။

"မိုးကြိုးလျှပ်စီးဆေဘာကျမ်း။"

ဟုန်ယွိ၏ ဆေဘာသည် တားဆီး၍မရနိုင်သော အရှိန်ဟုန်ဖြင့် လေထဲတွင် ပျံဝဲသွားခဲ့ သည်။ ၎င်းသည် လျှင်မြန်သော လျှပ်တပြက် မိုးကြိုးစက်ဝိုင်း ဖြစ်သည်။ ဤကမ္ဘာမြေကို တုန်လှုပ်စေသော ဆေဘာတိုက်ကွက်ကို ရင်ဆိုင်ရသောအခါ သိုင်းသူတော်စင် လေးဦးသည် ရှောင်တိမ်းခြင်း မပြုဘဲ သူတို့၏ ဆေဘာများကို ဆွဲထုတ်ပြီး ဟုန်ယွိကို သတ်ဖြတ်ရန် ပတ်ပတ်လည်သို့ ဝှေ့ယမ်းလိုက်ကြသည်။

"ကောင်းတယ်။ ချန်ပီယံမြိုးစားရဲ့ လက်အောက်ခံတွေက တကယ်ကို ကြမ်းတမ်းတာပဲ။ သူတို့ဟာ ငါ့အော်ရာနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတောင် မတုန်လှုပ်ကြဘူးလား။ ပြီးတော့ ငါ့ကို လိုက်သတ်ရဲကြတယ်။ ငါ ဒီအထွတ်အထိပ် သိုင်းသူတော်စင်ရဲ့ အော်ရာကို အားကိုးထားတာ။ ဒါပေမဲ့ သူတို့က မတုန်လှုပ်ကြဘူး။ ဆေဘာအလင်းချင်း ထိတွေ့တဲ့ အခါ ငါ့စွမ်းအားတစ်ခုတည်းက သိုင်းသူတော်စင် လေးဦးကို ရင်ဆိုင်ဖို့ မလုံလောက်မှာ စိုးရတယ်။"

"စစ်နတ်ဘုရားဓား၊ သတ်။"

ချက်ချင်းဆိုသလိုပင် ဟုန်ယွိသည် သူ့ဆေဘာပေါ်တွင် အတွေးတစ်ခုကို တွယ်ကပ်လိုက် သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ ဆေဘာသည် တုန်ယင်သွားပြီး ဆေဘာက ရုတ်တရက် ပစ်လွှတ်သွားရာ လခြမ်းကွေးပုံစံ အလင်းအကွေ့ကို ထုတ်လွှတ်ပြီး၊ လေထဲကို ဖြတ်တောက်လိုက်ရာ ခုနစ်ပေ, ရှစ်ပေခန့် ရှည်လျားသော "ဓားချီ"ကို ဖန်တီးလိုက်သည်။

ဟုန်ယွိ၏ ဓားဝှေ့ယမ်း တိုက်ခိုက်မူသည် လက်မောင်းခွန်အားကို အသုံးပြုခြင်းနှင့် တူသော် လည်း, အမှန်တွင်, သူသည် စစ်နတ်ဘုရား၏ ဆန္ဒကို ဓားပေါ်တွင် တွယ်ကပ်ကာ၊ ပြင်းထန် သော ဓားအလင်းကို ပေါက်ကွဲစေခြင်း ဖြစ်သည်။

စစ်နတ်ဘုရား၏ အော်ရာသည် အထွတ်အထိပ် သိုင်းသူတော်စင်နှင့် အလွန် ဆင်တူပြီး ထိုအခိုက်တန့်တွင် သွေးချီ အမြောက်အများဖြင့် ဖုံးကွယ်ထားသောကြောင့် မည်သူမှ သတိမထားမိပေ။

ဖန်း…၊ ဖန်း…၊ ဖန်း…၊ ဖန်း…၊

ကြီးမားသော စက်ဝိုင်းပြတ် ဆေဘာအလင်းသည် အကွေ့ဝိုက်တစ်ခုအသွင် ဖြစ်ပေါ်လာ ပြီး၊ သိုင်းသူတော်စင် လေးဦး၏ ဆေဘာအလင်းနှင့် ထိတွေ့သောအခါ ကမ္ဘာမြေကို တုန်လှုပ်စေသည့် သတ္တုချင်းချင်း ထိတွေ့သံ ထွက်ပေါ်လာသည်။ ထိုအသံကို ဧကရာဇ် ယန်ဖန် အပါအဝင် အပြင်ဘက်ရှိ မှူးမတ်များပင် ရှင်းရှင်းလင်းလင်း ကြားနိုင်ကြသည်။

ဟုန်ယွိ၏ ရှည်လျားပြီး ကျဉ်းမြောင်းသော မြင်းသတ်ဓားသည် ကောင်းကင် အပြည့် အပိုင်းအစများ အဖြစ်သို့ ပေါက်ကွဲသွားခဲ့သည်။ အပိုင်းအစ တစ်ခုစီသည် အလွန် အားကောင်းပြီး အရပ်မျက်နှာအားလုံးသို့ ပျံသန်းသွားသည်။

ချက်ချင်းဆိုသလိုပင် သိုင်းသူတော်စင် လေးဦး၏ ခန္ဓာကိုယ်များသည် လှိမ့်ထွက်သွားသော် လည်း ၎င်းတို့အောက်ရှိ မြင်းများသည် အပိုင်းအစများစွာ ထိမှန်သွားခဲ့ပြီး ၎င်းတို့သည် ကျယ်လောင်စွာ ဟီ၍ ရူးသွပ်စွာ ပြေးထွက်သွားကြသည်။

"ဟားဟားဟားဟား၊ မင်းတို့က ငါ့မြှားကို ပိတ်ဆို့တားဆီးခဲ့တော့, ငါ မင်းတို့ကို နည်းနည်း ပါးပါး နောက်ပြောင်တာပဲ။"

ဟုန်ယွိက စိတ်ပါလက်ပါ ရယ်မောလိုက်ပြီး သူ၏ မြင်းပေါ်သို့ ပြန်ရောက်လာသည်။ သူသည် လေးကြိုးကို ပြန်ဆွဲကာ မြှားဆယ်စင်းကို ဆက်တိုက် ပစ်ခတ်လိုက်ရာ တစ်စင်းစီ သည် ပစ်မှတ်ကို ထိမှန်သွားသည်။ နောက်ဆုံးတွင် သူ၏ ပစ်မှတ်ကို ပစ်ချလိုက်သည်။

သူ၏ ပစ်မှတ်ကို ပစ်ချလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဟုန်ယွိ၏ မြင်းသည် သူ့ကို ဆူးချဉ်သစ်တောသို့ ပြန်သယ်ဆောင်သွားပြီး၊ ပြန်လာခဲ့သော လမ်းအတိုင်း ကဆုန်ပေါက် ပြေးလွှားကာ ကွင်းပြင်သို့ ပြန်ရောက်လာကြသည်။

"ပထမနေရာ ရရှိသူကတော့ ပစိဖိတ် ရေတပ်ရဲ့ ဗိုလ်ချုပ်ဟောင်း၊ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိရဲ့ တရားမဝင်သား၊ မျက်ခုံးစိမ်းကို သတ်ဖြတ်ခဲ့သူ ဟုန်ယွိ ဖြစ်ပါတယ်။ သူက ဆူးမြို့ထဲ ဝင်ရောက်ပြီး၊ သူ့ပစ်မှတ်ကို ပစ်ချခဲ့ကာ၊ နံ့သာတိုင်တစ်ဝက် လောင်ကျွမ်းချိန် မပြည့်မီ အချိန်အတွင်း ကွင်းပြင်ထဲ ပြန်ရောက်လာခဲ့ပါတယ်။"

ဟုန်ယွိ ကွင်းပြင်သို့ ပြန်ရောက်လာသောအခါ စာမေးပွဲကို ဦးဆောင်သော စစ်ဘက်ရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးသည် ဧကရာဇ်ထံ လျင်မြန်စွာ အစီရင်ခံသည်။ "ဆူးမြို့ကို ဖြတ်ပြီးနောက် နံ့သာတိုင်တစ်ဝက် လောင်ကျွမ်းချိန် မပြည့်မီ အချိန်အတွင်း ပြန်ရောက် လာသူ နှစ်ဆယ်ကနေ သုံးဆယ်အတွင်း ရှိသင့်ပါတယ်။" ဧကရာဇ်သည် ကွင်းပြင်ကို အဝေးမှ ကြည့်လိုက်ရာ နံ့သာတိုင်တစ်ဝက် လောင်ကျွမ်းချိန် ကုန်ဆုံးခါနီးပြီ ဖြစ်ပြီး စာမေးပွဲ ဖြေဆိုသူ အများအပြားသည် ဆူးမြို့မှ ထွက်မလာသေးသည်ကို တွေ့လိုက်ရ သည်။

သတ္တုတုံးခေါက်သံ ထွက်ပေါ်လာခြင်းက မြင်းစီးလျက် ဆူးမြို့မှ ထွက်မလာသေးသူများ သည် အရည်အချင်း မပြည့်မီတော့ကြောင်း ဖော်ပြသည်။

နံ့သာတိုင်တစ်ဝက် လောင်ကျွမ်းချိန် မပြည့်မီ မြင်းစီးကာ ဆူးမြို့ကို ဖြတ်ကျော်ခြင်း၊ ပစ်မှတ်ကို ထိမှန်အောင် ပစ်ရခြင်းနှင့် ပြန်လာရခြင်းသည် တော်ဝင်ချန် တော်ဝင်မိသားစု က သူတို့၏ တပည့်များကို စမ်းသပ်ရန် အသုံးပြုသော နည်းလမ်းဖြစ်သည်။ ယနေ့တွင် ၎င်းကို သိုင်းပညာရှင်စာမေးပွဲအတွက် ပထမဆုံး စမ်းသပ်မှုအဖြစ် အသုံးပြုခဲ့သည်။

ဤပထမဆုံး စမ်းသပ်မှုသည် စာမေးပွဲဖြေဆိုသူ၏ ကိုးဆယ် ရာခိုင်နှုန်းကို ဖယ်ရှားပစ်လိမ့် မည်။

"ဟုတ်ကဲ့၊ သုံးဦး ကျန်ပါသေးတယ်။ ဒါ့အပြင်, ချီလင်စစ်တပ်က အခြား ဗိုလ်ချုပ် လေးဦး လည်း သူတို့မြင်းတွေ သေဆုံးသွားတာကြောင့် ဖယ်ရှားခံလိုက်ရတယ်။" စစ်ဘက်ဝန်ကြီး ဌာန၏ ဝန်ကြီးက ပြောသည်။

"ကောင်းပြီ၊ ဟုန်ယွိကို ပထမနေရာအဖြစ် မှတ်တမ်းတင်လိုက်တော့။ ဒီစစ်ဘက်စာမေးပွဲ အတွက် ငါ အထူးတလည် ပုံသွင်းထားတဲ့ 'မဟာဝါးဓား'ကို သူ့ဆီ ယူဆောင်ပေးလိုက်ပါ။ နောက်လာမယ့် စမ်းသပ်မှုက ဓားရဲ့ခွန်အား ဖြစ်လိမ့်မယ်။"

ဧကရာဇ် ယန်ဖန်က ပြောသည်။

"ဟုတ်ကဲ့။"

"မြင်းစီး မြှားပစ်ပြီးနောက် ဓားစွမ်းရည်များ၊ ထို့နောက် စစ်ပညာနှင့် ကာကွယ်ရေး သီအိုရီ တို့ ပါဝင်လာမည်။" ဟုန်ယွိသည် ဦးဆောင်၍ ဆူးမြို့ကို ဖြတ်ကျော်ကာ ပစ်မှတ်ကို ပစ်ချခဲ့ သည်။ သူ ပြန်ရောက်လာသောအခါ အမှန်တကယ် ကြောက်မက်ဖွယ်ရာဖြစ်ပြီး ပရိသတ် အားလုံး၏ အာရုံစူးစိုက်ရာ ဖြစ်လာခဲ့သည်။

သို့သော် ဤသည်မှာ ပထမဆုံး စမ်းသပ်မှုသာ ဖြစ်သည်။ နောက်လာမည့် စမ်းသပ်မှုမှာ ဓားစွမ်းရည်များ ဖြစ်ပြီး၊ ထို့နောက် စစ်ပညာနှင့် ကာကွယ်ရေး သီအိုရီများ ဖြစ်သည်။ စစ်တပ်တွင် သိုင်းပညာခန်းမ စမ်းသပ်မှုလည်း အတူတူပင် ဖြစ်သည်။

သိုင်းပညာရှင် စာမေးပွဲကို ဖြေဆိုရန်အတွက် သိုင်းပညာတွင် ကျွမ်းကျင်ရရုံသာမက စစ်ပညာနှင့် ကာကွယ်ရေး သီအိုရီတွင်ပါ ကျွမ်းကျင်ရန် လိုအပ်သည်။

...

"ဝိုး၊ ဒီဓားက တကယ်ကို လေးလံတာပဲ။ ဒါက ပျက်သုန်းခြင်းရှစ်မျိုး လှံပုဆိန်ထက် အဆပေါင်းများစွာ ပိုလေးတယ်။ ကံကောင်းစွာပဲ၊ ငါ တောက်ပသော မိုးကြိုးကိုယ်ထည် နည်းစနစ်နဲ့ စိုက်ပျိုးရေးနတ်ဘုရားမရဲ့ ပထမ အပ်စိုက်မှတ်ကို လေ့ကျင့်ထားလို့ ငါ့ခန္ဓာကိုယ်က ကြီးမားတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။ မဟုတ်ရင် ငါ ဒီလက်နက်ကို မနိုင်ရင်တောင်မှ ဆန္ဒရှိသလို ဓားစွမ်းရည်တွေကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။"

ထိုအချိန်မှာပင် ကြံ့ခိုင်သန်မာသည့် တော်ဝင် အစောင့်အရှောက် ဆယ်ဦးသည် ဓားရှည်ကြီး တစ်ချောင်းကို သယ်လာခဲ့သည်။

သူတို့သည် ၎င်းကို မယူစဉ်မှာပင်, မန္တာန်များ ရွတ်ဆိုနေကြသည်။

ဤဓားရှည်သည် အလျား ဆယ်ပေးပြည့်ရှည်လျားပြီး၊ ၎င်း၏လက်ကိုင်သည် ဇလုံအဝ လောက် ထူသည်။ သံမဏိတစ်မျိုးဖြင့် အပြည့်အဝ ပုံသွင်းထားပြီး၊ ၎င်း၏ ခေါင်းပိုင်းသည် ပို၍ပင် ကြီးမားကာ တံခါးရွက်ကြီးနှင့်တူသည်။ ဓားကိုယ်ထည် နှစ်ဖက်သွားသည် ထက်ရှခြင်းမရှိဘဲ ဆူးချွန်သွားများ ပါရှိသည်။

ထိုလက်နက်သည် ဓားတစ်ချောင်းမဟုတ်ဘဲ ရေတွင်းထဲက တိုင်တစ်တိုင် သို့မဟုတ် ဘုရားကျောင်းထဲက နတ်ဘုရားများ၏ ဓားတစ်ချောင်း ဖြစ်နေပါပြီ။

"ဟား…၊ ဟား၊ ကောင်းလိုက်တဲ့ ဓား….။"

ဓားကို မယူလိုက်သည်နှင့် ဟုန်ယွိသည် ရှေ့သို့ လှမ်းသွားပြီး သူ၏ လက်မောင်းရှည်များကို ဆန့်ထုတ်ကာ ဇလုံအဝလောက် ထူသော လက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်စလုံးဖြင့် အားစိုက်ထုတ်ကာ သူ၏ခေါင်းကို နောက်သို့ ပစ်၍ မာန်သွင်းလိုက် သည်။

ဘန်း...

ဟုန်ယွိ၏ မာန်သွင်းသံသည် သစ်တောထဲရှိ ကျားနတ်ဘုရား၏ ဟိန်းသံကဲ့သို့ ဖြစ်သည်။ ဟစ်ကြွေးသံ ထွက်ပေါ်လာသည်နှင့် မြေကြီးသည် တုန်ခါသွားပြီး လေတိုးသံများ တဝှီးဝှီး မြည်ဟီးလာသည်။ လူတိုင်း ပြင်းထန်သော လေလှိုင်းရနံ့ကိုပင် ရရှိနိုင်ကြသည်။

ရုတ်တရက် တစ်စုံတစ်ယောက်သည် ဓားကို ကောက်ကိုင်လိုက်သည်။ တော်ဝင် အစောင့် အရှောက် ဆယ်ဦးသည် သူတို့၏ ဆုပ်ကိုင်ထားမှုကို ဖြေလျှော့ချလိုက်ပြီး အနည်းငယ် နောက်သို့ ဆုတ်သွားကြသည်။

ဝှီး!

ဓားရှည်ကို ကောက်ကိုင်ပြီးနောက် သူ၏ လက်မောင်းများတွင် အားစိုက်ထုတ်ကာ မြေပြင် ကို ခုတ်ချလိုက်သည်။

ချက်ချင်းဆိုသလို မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချောင်းမြောင်းတစ်ခု ပေါ်လာသည်။ ဟုန်ယွိသည် ဓားကို ပြန်မြှောက်ပြီး အဝေးတွင် ထိုင်နေသော ချန်ပီယံမြို့စားကို ဓားဖြင့် ချိန်လိုက်သည်။

ပရိသတ်ထဲရှိ ကျွမ်းကျင်သူများသည် ဟုန်ယွိ ဓားကို ထိုးချိန်လိုက်သောအခါ ဓား၏ ထိပ်ဖျားမှ အားကောင်းသော လက်သီးဆန္ဒ ပေါက်ထွက်လာခဲ့ပြီး ချန်ပီယံမြို့စားကို ပစ်မှတ်ထားသည်ကို သူတို့ ခံစားနိုင်ကြသည်။

သူတို့သည် ခြေလှမ်း ထောင်ပေါင်းများစွာ ကွာဝေးနေသော်လည်း ကျွမ်းကျင်သူများသည် အလွန် အာရုံခံစားလွယ်ကြသည်။ ဤသည်မှာ ပြောင်ပြောင် တင်းတင်း စိန်ခေါ်သည့် လုပ်ရပ်ပင် ဖြစ်ပါသည်။

အခန်း (၃၁၄)။

"ဒီနှစ် သိုင်းစာမေးပွဲမှာ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာဖို့…။ စဉ်းစားမိဖို့တောင် ခက်တယ်။"

"ဒီလို ခွန်အား၊ ဒီလို စွမ်းပကားမျိုး...။"

"မျိုးနွယ်စုထဲက အကြီးအကဲ သိုင်းသူတော်စင်တွေမှာတောင် ဒီလို ခွန်အားမျိုးနဲ့ ဒီလို စွမ်းပကားမျိုး ရှိမှာ မဟုတ်ဘူး။"

"ငါဆို နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ပြီးနောက် ငါတို့မျိုးနွယ်စုရဲ့ တိမ်တိုက်ဖြိုခွင်း ကြယ်စွမ်းအင်ကို ၈၀ ရာခိုင်နှုန်းအထိ ကျင့်ကြံနိုင်ခဲ့ပြီး၊ ဒီနှစ် သိုင်းစာမေးပွဲမှာ ချန်ပီယံ ဖြစ်မယ်လို့ သေချာပေါက် ထင်နေခဲ့တာ။ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။"

"အူး... ဒီလူက တကယ်ပဲ အရမ်း အစွမ်းထက်တယ်။ သူက ချန်ပီယံမြို့စားကို စိန်ခေါ်ရဲ တယ်။ ချန်ပီယံမြို့စားက စစ်နတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ စစ်သား သိန်းပေါင်းများစွာကို ဦးဆောင်နိုင်တယ်။ သူက ယွန်မင်ကို အနိုင်ယူခဲ့ပြီး နိုင်ငံတော် စစ်သင်္ဘောကြီးကိုတောင် သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါပေမယ့်၊ ဒီလိုသိုင်းသူတော်စင် တစ်ပါးဟာ အခြား အင်အားစုတွေ ကို ထည့်မတွက်ဘူးဆိုရင် သူ့ကိုယ်ပိုင် ခွန်အားနဲ့ ချန်ပီယံမြို့စားကို စိန်ခေါ်နိုင်တာ အမှန်ပဲ။"

ဆွေးနွေးငြင်းခုံသံများ ပေါ်ပေါက်လာခဲ့သည်။

ဤလူများသည် "မြင်းစီး၍ ဆူးမြို့ကို ဖြတ်ကျော်ခြင်း"၏ ပထမ စမ်းသပ်မှုကို အောင်မြင်ခဲ့ သည့် သိုင်းစာမေးပွဲ ဖြေဆိုသူများ ဖြစ်ကြသည်။

ဤသိုင်းစာမေးပွဲဖြေဆိုသူများ အားလုံးသည် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အချို့မှာ ရှင်တန်သိုင်းသခင် နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိကြပြီး အချို့မှာ မဟာဆရာသခင် များပင် ဖြစ်ကြသည်။

သူတို့ထဲတွင် မဟာဆရာသခင်အဆင့်၏ အထွတ်အထိပ်နှင့် နီးကပ်နေသူ အနည်းငယ် ရှိပြီး၊ ၎င်းတို့သည် စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် အလွန် ဆန်းကြယ်သူများ ဖြစ်သည်။

သိုင်းစာမေးပွဲ ဖြစ်သော်လည်း သိုင်းပညာကို ကျင့်ကြံသည့် မင်းမျိုးမင်းနွယ်ဝင် မိသားစု အချို့လည်း ပါဝင်နိုင်ပြီး၊ သိုင်းပညာကို အသုံးပြု၍ ဗိုလ်ချုပ်ရာထူးကို ရယူနိုင်ကြသည်။

တော်ဝင်ချန် ကောင်းကင်နိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေများတွင် မင်းမျိုးမင်းနွယ်ဝင်များ အများအပြား ရှိသည်။ ၎င်းတို့ထဲတွင် အချို့သော မင်းမျိုးမင်းနွယ်ဝင်များသည် အရာရှိများ အဖြစ် တာဝန်ထမ်းဆောင်ရန် ထွက်မလာကြပေ။ သူတို့သည် အိမ်မှာသာ နေထိုင်ကြပြီး၊ ဆေးလုံးများ ဖော်စပ်ခြင်း၊ ပညာရပ်များ လေ့လာခြင်း၊ စိတ်ကို ကျင့်ကြံခြင်း၊ သိုင်းပညာ လေ့ကျင့်ခြင်းနှင့် သိုင်းပညာကို တိုးတက်အောင် လုပ်ဆောင်နေကြသည်။

အချို့ သေးငယ်သည့် မင်းမျိုးမင်းနွယ်ဝင် မိသားစုများလောက်သာ စာပေပညာရပ်များ လေ့လာခြင်းနှင့် သိုင်းပညာ လေ့ကျင့်ခြင်းကို အရာရှိတစ်ဦး ဖြစ်လာရန် ခြေလှမ်းအဖြစ် အသုံးပြုကြပြီး၊ သူတို့၏ မိသားစုများကို ခိုင်မာအောင် လုပ်ဆောင်ကြသည်။

စစ်မှန်သော မင်းမျိုးမင်းနွယ်ဝင်များကမူ ပညာရပ်များ လေ့လာခြင်းနှင့် သိုင်းပညာ လေ့ကျင့်ခြင်းကို မိသားစု၏ ကျင့်ကြံခြင်း အရင်းအမြစ်များ စုဆောင်းနိုင်ရန် နည်းလမ်း အဖြစ် အသုံးပြုကြသည်။

ထိုမိသားစုကြီးများ၏ အင်အားသည် အလွန် ကြီးမားပြီး သူတို့၏ အရင်းအမြစ်များက အလွန် နက်နဲသည့်အတွက်, သူတို့အနေဖြင့် တော်ဝင်နန်းတော်၌ ပြဿနာ ရှာရန် မလိုအပ်ပေ။ မင်းဆက်တစ်ခု ပြောင်းသွားလျှင်ပင် တော်ဝင်နန်းတော်က သူတို့ကို ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်။ ဥပမာအားဖြင့် ရှီဝမ်ယွမ်လို မဟာပညာရှင်တစ်ဦးသည် အိမ်၌ပင် ပညာရပ်များကို လေ့လာနေခဲ့ပြီး သူ့စိတ်ကို ကျင့်ကြံကာ တော်ဝင်နန်းတော်ကို လျစ်လျူရှုခဲ့သည်။ စာမေးပွဲ အောင်မြင်ပြီးနောက် သူသည် ထပ်မဖြေတော့ချေ၊ အကြောင်းမှာ တော်ဝင်နန်းတော်၏ ပညာရှင် ဂုဏ်ထူးဘွဲ့များသည် သူ့အတွက် ဘာမှ မဟုတ်တော့သောကြောင့် ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော တော်ဝင်နန်းတော် မရှိခဲ့သော်လည်း နှစ်ထောင် ပေါင်းများစွာ တည်ရှိခဲ့သော မှူးမတ်မျိုးနွယ်ဝင်များက တည်ရှိနေဆဲ ဖြစ်သည်။

လက်ရှိ တော်ဝင်ချန် မင်းဆက်တွင် ယန်မိသားစုသည်လည်း တော်ဝင်ကျိုး မင်းဆက်တုန်း က မြင့်မြတ်သော မှူးမတ်မျိုးနွယ်များ ဖြစ်ခဲ့သည်။ (လက်ရှိဧကရာဇ် ယန်ဖန်၏ မျိုးနွယ် ဖြစ်သည်)။

တော်ဝင်ကျိုး မင်းဆက် ဗရမ်းဗတာ ဖြစ်နေချိန်တွင်, ယန်မိသားစုက သူတို့၏ အင်အားကို စုဆောင်းရန် အခွင့်အရေး ယူနိုင်ခဲ့သည်။ ထို့နောက် သူတို့ အင်အားတွေကို ပူးပေါင်းပြီး အခြား သူရဲကောင်းများကို တစ်ချက်တည်း အနိုင်ယူကာ ကမ္ဘာကြီးကို ထိန်းချုပ်ပြီး သူတို့၏ အနေအထားကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။

ပုံမှန်အတိုင်းဆို, ဤမှူးမတ်မျိုးနွယ်များ၏ တပည့်များသည် ထွက်လာမည် မဟုတ်ပေ။ သို့သော် တော်ဝင်နန်းတော်က "အစိုးရ အရာရှိနှင့် လူကုံထံများသည်လည်း အတူတကွ အမူထမ်းခြင်းနှင့် အခွန်ဆောင်ခြင်း" မူဝါဒကို အကောင်အထည် ဖော်ရန် ကြိုးစားနေခြင်း သည် မြင့်မြတ်သော မင်းမျိုးမင်းနွယ်ဝင် မိသားစုများကို အမှန်တကယ် စတင်လာခြင်း ဖြစ်သည်။ ဤအချက်ကို ထိုမိသားစုကြီးများ၏ သက်ကြီးရွယ်အို အကြီးအကဲများသည် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ ဤသို့ဖြင့် သူတို့၏ တပည့်များကို အင်ပါယာ စာမေးပွဲများတွင် ပါဝင်ရန် စေလွှတ်ခဲ့ကြသည်။ တော်ဝင်နန်းတော်၌ အချို့သော ရာထူးများကို ရယူပြီးနောက်၊ သူတို့၏တပည့်များကို တော်ဝင်နန်းတော်ကို ဖိအားပေးရာ တွင် အသုံးပြုချင်ကြသည်။

ဤအချိန်တွင် ကျန်ရှိနေသည့် မှူးမတ်မျိုးနွယ်ဝင်များ အားလုံးသည် အစွမ်းထက်သူများ ဖြစ်ကြသည်။ သူတို့သည် ပညာရပ်များ လေ့လာခြင်း၊ သိုင်းပညာ လေ့ကျင့်ခြင်းနှင့် ကမ္ဘာ အနှံ့ ခရီးသွားလာကြသည်။ သူတို့ ပြန်ရောက်လာသောအခါ သူတို့၏ ကိုယ်ကျင့်တရားကို ကျင့်ကြံကြသည်။ သူတို့သည် စံပြ "ပညာရှင်-အရာရှိ" များ ဖြစ်ကြသည်။

ဤကျွမ်းကျင်သူများသည် မူလက ဒီတစ်ကြိမ် စစ်ဘက် စာမေးပွဲတွင် ပါဝင်ခြင်းက သူတို့ အနေဖြင့် ၉၀ ရာခိုင်နှုန်း အောင်မြင်ရန် အခွင့်အရေး ရှိသည်ဟု တွေးထားကြသည်။ သို့သော် ဟုန်ယွိကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ဘယ်သူ ကြိုသိနိုင် မည်နည်း။

ပထမဆုံးအနေဖြင့် ဧကရာဇ် ရောက်ရှိလာသည့် အခိုက်မှာပင် သူသည် "အထွတ်အထိပ် သိုင်းသူတော်စင်"၏ အော်ရာကို ထုတ်လွှတ်ပြီး ပရိသတ်အားလုံးကို တုန်လှုပ်စေခဲ့သည်။ ပြီးနောက် သူက ဦးဆောင်ပြီး မိုးကြိုးနှင့်တူသော ခုတ်ချက်ဖြင့် ချန်ပီယံမြို့စား၏ လက်အောက်ခံ အခြား ကျွမ်းကျင်သူ လေးဦး၏ ပိတ်ဆို့မှုကို ဖြတ်ကျော်ကာ မြင်းစီးခြင်း ဆူးမြို့ကို ဖြတ်ကျော်ခြင်းတွင် ပထမနေရာကို ရယူခဲ့သည်။

ဤသည်မှာ ကြီးမားသော အစွမ်းပြမှုကြီး ဖြစ်နေပါပြီ။

သို့သော် ဤမျှဖြင့် မပြီးသေးပေ။ ဓားစွမ်းရည် စာမေးပွဲ၏ ဒုတိယအချီတွင် ဟုန်ယွိသည် မဟာဝါးဓားကြီးကိုတောင် ကောက်ကိုင်ပြီး ချန်ပီယံမြို့စားကို အနည်းငယ် စိန်ခေါ်သည့် အနေဖြင့် သူ၏ အော်ရာကို ထုတ်လွှတ်ခဲ့သည်။

ဤကဲ့သို့ လွှမ်းမိုးကြီးစိုးပြီး၊ ဤကဲ့သို့ သတ်ဖြတ်လိုခြင်း အငွေ့အသက်သည် တုနှိုင်း၍ မရနိုင်ပေ။

ဟုန်ယွိ၏ ဆောင်ရွက်ချက်များက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသည်။ ပထမဆုံး, သူသည် ဓားရှည်ကြီးကို အရိုင်းဆန်စွာ ဝှေ့ရမ်းခဲ့သည်။ ထို့နောက်, နတ်ကျားတစ်ကောင် ဟိန်းသံကဲ့သို့ မြေကြီး တုန်လှုပ်သွားအောင် ဟစ်ကြွေးခဲ့သည်။

ထို့နောက်, သူသည် သူ၏ဓားရှည်ကို အသုံးပြုပြီး မြေကြီးကို ဟစ်တက်ခွဲခဲ့သည်။

အဆုံးတွင်, သူသည် သူ၏ဓားရှည်ကို အဝေးမှ ချန်ပီယံမြို့စားကို ထိုးချိန်ပြီး မောက်မာစွာ စိန်ခေါ်ခဲ့သည်။ သူ၏ ကြီးစိုးမူနှင့် မောက်မာမှုသည် တုနှိုင်း၍ မရနိုင်ပေ။

ဤကဲ့သို့ အပြုအမူမျိုးကြောင့် သူတို့ကိုယ်သူတို့ အလွန် အစွမ်းထက်သည်ဟု ထင်ခဲ့ကြ သော မင်းမျိုးမင်းနွယ် မိသားစုများ၏ တပည့်များသည်ပင် သူတို့၏ နိမ့်ကျမှုအတွက် ရှက်ရွံ့စေခဲ့သည်။ သူတို့သည် ဤတစ်ကြိမ် စစ်ဘက် စာမေးပွဲမှ နုတ်ထွက်ရန်ပင် စီစဉ်နေခဲ့ကြသည်။

ဟုန်ယွိ၏ မချေမငံဆက်ဆံပြီး မောက်မာသော သဘောထားသည် ဤတစ်ကြိမ် သိုင်းစာမေးပွဲကို တုန်လှုပ်စေခဲ့သည်။

ဓားရှည်ထိပ်ဖျားက ချန်ပီယံမြို့စားကို ထိုးချိန်လိုက်သည့် အခိုက်မှာပင်, ဟုန်ယွိသည် ဤတစ်ကြိမ်တွင် သူ၏ စစ်မှန်သော ဩဇာအာဏာက စတင်ပျံ့နှံ့ပြီး ချဲ့ထွင်လာပြီဆိုသည် ကို သိလိုက်သည်။ ဟုန်ယွိသည် အနာဂတ်ကိုပင် လှမ်းမြင်နေပြီ။ ကျောက်စိမ်းမြို့တော်ရှိ မင်းသားများ မြင့်မြတ် မိသားစုများအားလုံး၊ နယ်စပ်က စစ်ဗိုလ်ချုပ်ကြီးတွေ၊ မင်းမျိုး မင်းနွယ်မိသားစုတွေ၊ သူဌေးသူကြွယ်များနှင့် တော်ဝင်ချန်၏ အရာရှိအားလုံးသည် သူ့အကြောင်းကို ပြောဆိုကြလိမ့်မည်။

သူသည် တက်သစ်စ ကြယ်ပွင့်တစ်ဦး ဖြစ်လာလိမ့်မည်။

လူတိုင်း သူ့ကို သတိထားမိကြလိမ့်မည်။

အခြားအရာများကို မတွေးနှင့်ဦး။ အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦးသည် ကမ္ဘာပေါ် ရှိ အဓိက အင်အားစုများစွာ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့ လုံလောက်သည်။

ဆန်းကြယ်ကောင်းကင်ဘုံခန်းမနှင့် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းလို မြင့်မြတ်နယ်မြေ များပင်လျှင် အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦးကို မျက်ကွယ်ပြုမည် မဟုတ်ပေ။

ဟုန်ယွိ၏ အစစ်မှန် ခွန်အားသည် အစစ်မှန် အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦး မဟုတ်သလို၊ အစစ်မှန် တိုက်ခိုက်ရေးစွမ်းအားအရဆို, သူသည် ကနဦး သိုင်းသူတော်စင် နှင့် တန်းတူသာ ရှိသည်။ သူသာ ပစ္စုပ္ပန်ဗုဒ္ဓကျမ်း တစ်ဝက်၌ ပါရှိသော အပ်စိုက်မှတ် ၁၀၈ ခု လုံးကို မကျင့်ကြံနိုင်သေးပါက သူသည် အထွတ်အထိပ် သိုင်းသူတော်စင်နှင့် ယှဉ်နိုင်ဦး မည် မဟုတ်ပေ။

သို့သော် ဟုန်ယွိသည် စစ်နတ်ဘုရား နတ်ဆိုးကျမ်း၏ နတ်ဆိုးရုပ်တု အော်ရာကို အသုံးပြု ၍ သူ့ကိုယ်သူ အထွတ်အထိပ် သိုင်းသူတော်စင်အဖြစ် ဟန်ဆောင်နိုင်ခဲ့သည်။

၎င်းသည် ဘာမှမဟုတ်သည့် အော်ရာသက်သက်မျှသာ ဖြစ်သည်။

အကယ်၍, သူသာ ချန်ပီယံမြို့စားကဲ့သို့ အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦးနှင့် ယှဉ်ပြိုင်ရပါက ဟုန်ယွိ သုံးဦး ပူးပေါင်း တိုက်ခိုက်လျှင်ပင်, ချန်ပီယံမြို့စားကို အနိုင်ယူရန် ခက်ခဲလိမ့်မည်။

ဟုတ်ပါသည်။ အကယ်၍, ဟုန်ယွိသာ တာအို နည်းလမ်းတွေကို အသုံးပြု တိုက်ခိုက်မည် ဆိုပါက, ပြောဖို့ ခက်လိမ့်မည်။

"ဟမ့်…။"

ဟုန်ယွိ သူ၏ ဓားရှည်ကို အဝေးမှ ချန်ပီယံမြို့စားကို ထိုးချိန်လိုက်သည့် အခိုက်မှာပင်, ခြေလှမ်း ထောင်ပေါင်းများစွာ ကွာဝေးသည့်နေရာမှ သူ၏ စိတ်ပိုင်းဆိုင်ရာ အော်ရာနှင့် လက်သီးဆန္ဒများအပေါ် ဖိအားများ ကျရောက်လာခဲ့သည်။

ချန်ပီယံမြို့စား၏ မျက်လုံးများက အမျက်ဒေါသကြောင့် လင်းလက်လာခဲ့သည်။ ပြင်းထန် သော စိတ်စွမ်းအင် အငွေ့အသက်သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ ဒေါသကြောင့် သူ၏ ကြွက်သားများက လှုပ်ရှားပြီး သူ၏ အဝတ်အစားများက ဖောင်းကား လာခဲ့သည်။

အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦး၏ အမျက်ဒေါသသည် ပရိသတ်အားလုံးအပေါ် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားကြီး ချက်ချင်း သက်ရောက်စေခဲ့သည်။

ဟုန်ယွိ၏ မျက်လုံးများထဲတွင် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်အပေါ်ရှိ အနှစ်သာရချီသည် မီးရှူးတိုင်ကဲ့သို့ ကောင်းကင်ယံသို့ တည့်မတ်စွာ ပျံတက်သွားခဲ့ပြီး၊ ကျိချန်ယွဲ့၏ ကောင်းကင်ယံသို့ ထိုးဖောက်သွားသော ကောင်းကင်ဘုံနန်းတော် နတ်ဘုရားအလင်းကဲ့သို့ ဖြစ်နေခဲ့သည်။

ပို၍ပင် ပြင်းထန်သည်မှာ အနှစ်သာရချီ အခိုးအငွေ့သည် ကောင်းကင်၌ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် ဝေဝါးဝါး ပုံဖော်၍မရသော ပန်းချီကားတစ်ချပ်ကို ဖန်တီးခဲ့ပုံရသည်။

ဤပုံဖော်မရသော ပန်းချီကားထဲ၌ ဟုန်ယွိသည် တောတောင်များ၊ မြစ်များနှင့် ကမ္ဘာမြေကြီးကို သိမ်းပိုက်ထားသည့် ခံစားချက်ကိုပင် ခံစားခဲ့ရသည်။

အကယ်၍, ဟုန်ရွှန်ကျိ၏ ရှင်ခြင်း သေခြင်းဘီးသည် ရှင်ခြင်းသေခြင်းနှင့် နတ်ဘုရားများ၏ ဆန္ဒကို ထိန်းချုပ်နိုင်သည်ဆိုပါက, ချန်ပီယံမြို့စားသည် အခြားသူများအတွက် ဘာမှ မကျန်အောင် အရာအားလုံးကို သိမ်းပိုက်မည့်သူ ဖြစ်သည်။ ကောင်းသော အရာများ အားလုံး၊ လှပသော အမျိုးသမီးများ အားလုံး၊ ကြီးမြတ်သော မြစ်များနှင့် တောတောင်များ အားလုံး၊ စည်းစိမ်ဥစ္စာများ အားလုံး၊ လူတွေအားလုံး သူ့အမိန့်ကို နာခံရမည်၊ အနည်းငယ်မျှ ပင် ခုခံတာမျိုး မလုပ်ရဘူး။ စိတ်ထဲကတောင် နည်းနည်းလေးမှ ခုခံတာမျိုး မလုပ်ရဘူး။ မင်းကို ခုခံဖို့ အခွင့်အရေး လုံးဝ မပေးနိုင်ဘူး။ နည်းနည်းလေးတောင်မှ မပေးနိုင်ဘူးဆို သည့် လူစားမျိုး ဖြစ်သည်။

မင်းရဲ့ ခန္ဓာကိုယ်ကို ငါ သိမ်းပိုက်မယ်။ မင်းရဲ့ စိတ်ကို ငါ သိမ်းပိုက်မယ်။

တစ်ယောက်က 'ထိန်းချုပ်မည့်လူ။

နောက်တစ်ယောက်က 'သိမ်းပိုက်မည့်လူ။

'ထိန်းချုပ်ခြင်း'က အနည်းငယ် သက်ညှာမူအရိပ်ယောင် ရှိသေးသော်လည်း 'သိမ်းပိုက် ခြင်း'ကမူ အဆင်ခြင် ကင်းမဲ့၏။ အကြောင်းပြချက်မရှိ၊ အာဏာရှင်ဆန်ပြီး အကန့်သတ်မဲ့ ဆန္ဒ ဖြစ်သည်။ ကြီးမားသော ဖျက်ဆီးခြင်းဆန္ဒနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အကန့်သတ်မဲ့ ပြီး၊ ပြင်းထန်သော ဆန္ဒ ဖြစ်သည်။

"ကောင်းကင်နဲ့ မြေကြီးကြားမှာ ဒီလိုလူမျိုး၊ ဒီလို စိတ်ဆန္ဒရှိသူမျိုး... ဒီလို အဆင်ခြင်မဲ့ နတ်ဆိုးအတွေးမျိုး တကယ် ရှိနေတာလား။ ကောင်းကင်တာအိုက 'အောင်မြင်မှုနဲ့ ဖန်တီးမှုက သိမ်းပိုက်ခြင်း မဟုတ်ဘူး။ ဒါပေမဲ့ ချန်ပီယံမြို့စားရဲ့ စိတ်ဓာတ်ကတော့ အရာရာကို လိုချင်တယ်။ အရာရာကို သိမ်းပိုက်ချင်တယ်။ တကယ်ဆို သူဟာ ကောင်းကင် မြွေ ဘုရင်မ၊ ချန်ယင်းရှာနဲ့ ကြင်ယာတော်ယွမ် ညှို့ငင်မြေခွေးဘုရင်မတို့ကိုတောင် သိမ်းပိုက်ချင်တယ်။ ဒီလို စိတ်ဓာတ်မျိုးနဲ့ ဒီလိုအတွေးမျိုးဟာ အနှောင်ဖွဲ့ကင်းတဲ့ ကောင်းကင်နတ်ဆိုးတောင်မှ သူ့အောက်ရောက်မှာ စိုးရတယ်။"

ဤအချိန်တွင် ဟုန်ယွိသည် အမျက်ဒေါသ နောက်ကွယ်က ချန်ပီယံမြို့စား၏ စိတ်ဆန္ဒ၏ အနက်ရှိုင်းဆုံး အပိုင်းကို နောက်ဆုံး၌ ထိတွေ့ခဲ့လေပြီ။

၎င်းသည် နတ်ဆိုးလမ်းစဉ်ထက်ပင် ပိုပြီး နတ်ဆိုးဆန်သော ပြင်းထန်သော သိမ်းပိုက်လို စိတ် ဖြစ်သည်။

၎င်းသည် ကြီးမားသော ဖျက်ဆီးခြင်းအတွေးထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဖြစ်သည်။ ဤသည်ကို နတ်ဆိုးလမ်းစဉ်ဟုပင် မယူဆနိုင်တော့ချေ... နတ်ဆိုးလမ်းစဉ်၏ ဆန္ဒသည်ပင် အရှုံးပေး ဦးညွတ်ရမည့် လုံးဝ အဆင်ခြင်ကင်းမဲ့ပြီး၊ ဖောက်ပြန်သော အတွေးတစ်ခု ဖြစ်နေလေပြီ။

လူတိုင်းတွင် သိမ်းပိုက်လိုစိတ် ရှိသော်လည်း ချန်ပီယံမြို့စားကဲ့သို့ အစွမ်းထက်သူတစ်ဦး သည် ထိုစိတ်ဆန္ဒမျိုး ရှိနေခြင်းက ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်ရသည်။ သို့သော် ချန်ပီယံမြို့စားသည် အမြဲတမ်း ဤကဲ့သို့ပင် လုပ်ဆောင်ခဲ့သည်။

သူသည် ကောင်းကင်မြွေ ဘုရင်မကဲ့သို့ အစွမ်းထက်သူတစ်ဦးကို မြင်သည့်အခါ၌ပင် ချန်ပီယံမြို့စားသည် သူ့နှလုံးသား၏ ဆန္ဒအတိုင်း စနောက်ရန်နှင့် သူမကို သိမ်းပိုက်ရန် နည်းလမ်းများ ရှာဖွေဖို့ တွေးခဲ့သည်။

ဟုန်ယွိသည်လည်း သိမ်းပိုက်လိုစိတ် ရှိသော်လည်း ချန်ပီယံမြို့စားကဲ့သို့၊ သူသည် ဧကရာဇ်၏ လူများ၊ ယောင်ချီဂိုဏ်း၏ အမေနှင့် သမီးဖြစ်သည့် ယောင်ချင်းဟွေနှင့် ယောင်ယွဲ့ရှင်းတို့ကိုပင် လိုချင်ခဲ့သည်။ သူသည် ဓလေ့ထုံးတမ်းကို လုံးဝ လျစ်လျူရှုသည်။ ကိုယ်ကျင့်တရားကို လျစ်လျူရှုထားသည်။ လူ့သဘာဝကိုတောင် လျစ်လျူရှုထားခဲ့သည်။ ဤသည်ကား ပုရွက်ဆိတ်နှင့် ဆင်ကြားမှ ကွာခြားချက်ကဲ့သို့ ဖြစ်သည်။

"သူက ဘယ်သူလဲ။ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလဲ။ အရာရာတိုင်း သူ့ပိုင်ဆိုင်သင့် တယ်လို့ ထင်နေတာလား။ တကယ်လို့, သူ အစွမ်းထက် နတ်ဆိုးနတ်ဘုရား တစ်ပါး ပြန်ဝင်စားသူ ဆိုရင်တောင်မှ ဒီလို ပြင်းထန်တဲ့ သိမ်းပိုက်လိုစိတ်မျိုး ရှိမှာ မဟုတ်ဘူး...။ ဒါကြောင့် သူ့ရဲ့သိုင်းတာအိုဟာ ဒီလိုနယ်ပယ်အထိ ရောက်နိုင်တာပေါ့။ အံ့သြစရာ မရှိဘူး။ သူ ပိုင်ဆိုင်မှုတစ်ခု ပိုရလေ၊ သူ့အတွေးတွေက ပိုအေးချမ်းလေပဲ။ သူက လူသား အင်မော်တယ် နယ်ပယ်ထဲ ဝင်ရောက်နိုင်လိမ့်မယ်လို့ ငါ ခံစားမိတယ်။"

"လျှပ်တပြက် မိုးကြိုးစက်ဝိုင်း။"

ချန်ပီယံမြို့စား လုံးဝ ဒေါသပေါက်ကွဲနေသည့် အချိန်မှာပင် ဟုန်ယွိသည် သူ့ဓားရှည် ထိပ်ဖျားကို လှုပ်ခါပြီး ပြန်ရုပ်သိမ်းလိုက်ပါသည်။ လက်သီးဆန္ဒနှင့် စိတ်ဝိညာဉ် အားလုံးကို အလုံးတစ်ခုအဖြစ် စုစည်းပြီး သူ့ခန္ဓာကိုယ်၏ အဓိက အပ်စိုက်အမှတ်များတွင် သိမ်းဆည်း ပြီးနောက်၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ပေါက်ကွဲထွက်လာပြီး မိုးကြိုးလျှပ်စီးဆေဘာ ကျမ်းကို အသက်သွင်းကာ ဓားရှည် စွမ်းအားကို ပေါက်ကွဲထွက်စေသည်။

မဟာဝါးဓားသည် ကြီးမားသော ဓားရှည်တစ်ချောင်း ဖြစ်ပြီး ၉၉၉ ကီလိုဂရမ် အလေးချိန် ရှိသည်။ ၎င်းသည် လက်တွေ့ တိုက်ခိုက်ရေးသုံး ဓားရှည်တစ်ချောင်း မဟုတ်ပေ။ တကယ့် တိုက်ခိုက်များတွင် ဤကဲ့သို့ ဓားရှည်မျိုးကို အသုံးပြုပါက သိုင်းသူတော်စင်တစ်ဦးပင်လျှင်, မကြာမီ ခွန်အား ကုန်ဆုံးသွားမည်ဖြစ်ပြီး၊ စစ်မြေပြင်တွင် အချိန်အကြာကြီး ခုခံနိုင်မည် မဟုတ်ပေ။

ဤဓားရှည်သည် ပင်လယ်ကြမ်းပြင်မှ လေးလံသံမဏိနှင့် အေးခဲသံတို့ကို ပေါင်းစပ်ကာ၊ ထုတ်လုပ်ထားသည့် လေးလံ ဓားရှည်တစ်ချောင်းဖြစ်ပြီး စာမေးပွဲအတွက် အသုံးပြုသော ဓားရှည်တစ်ချောင်းလည်း ဖြစ်သည်။

သိုင်းစာမေးပွဲ ဖြေဆိုသူတစ်ဦးသည် စာမေးပွဲအတွင်း ဤကဲ့သို့ ဓားရှည်မျိုးကို ကိုင်နိုင်ပါက ဤဗိုလ်ချုပ်သည် နိုင်ငံတော်တာဝန်ကို ထမ်းနိုင်သူဖြစ်ပြီး စစ်သူကြီး၊ သို့မဟုတ်, မြို့စားရာထူးအတွက် အစစ်မှန် အရည်အချင်းရှိသူ ဖြစ်ပြီး၊ နယ်မြေတစ်ခု ပိုင်ဆိုင်ဖို့ အရည်အချင်းရှိကာ၊ ဧကရာဇ်အတွက် နယ်မြေများကို ကာကွယ်ပေးနိုင်သူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသည်။

ဟုန်ယွိသည် သမိုင်းစာအုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရူထားသူ ဖြစ်သဖြင့် ဤအချက်ကို သဘာဝအတိုင်း နားလည်သည်။

All Chapters