အခန်း (၃၁၇-၃၁၈)
Vol. 29 Ch. 317-318
အခန်း (၃၁၇)။
"ယူလူလက်၊ ငါ မင်းကို အိမ်ရှေ့စံမင်းသားကို စုံစမ်းခိုင်းတာ မင်း စုံစမ်းပြီးပြီလား။"
"မြို့စား၊ အိမ်ရှေ့စံမင်းသားရဲ့ အသက်မဲ့အနာဂတ်ကျမ်းက နဝမအဆင့်ထဲ ရောက်ရှိနေပြီ။ သူ တိုက်ခိုက်တဲ့အခါ နတ်ဘုရား ရောင်ခြည်စက်ဝန်းကိုးခု ထွက်ပေါ်လာမယ်။ သူက အင်မော်တယ် မူလစိတ်ဝိညာဉ်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဲဒီနေ့က နတ်ဘုရား ကျောက်တုံးကို ခိုးယူသွားတဲ့လူက အလင်းရောင်ခြည်စက်ဝိုင်း ခုနစ်လွှာပဲ ရှိခဲ့တာ။ သူက မဟာလေဟာနယ်လက်ဝါးကို အပြည့်အဝ မကျင့်ကြံနိုင်သေးဘူးဆိုတာ ထင်ရှားတယ်။ အဲဒီလူက အိမ်ရှေ့စံမင်းသား ကိုယ်တိုင် မဟုတ်ဘူး။ သူ့လူ ဖြစ်နိုင်တယ်။ ဒါပေမဲ့, မဟာ လေဟာနယ်လက်ဝါးကို ကျွမ်းကျင်သူက နှစ်ယောက်ပဲ ရှိတာလေ။ တစ်ယောက် ထာဝရ မိခင်ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ တာအိုပညာရှင် ဂျင်ကုန်းပဲ။ ဒါပေမဲ့၊ တာအို ပညာရှင် ဂျင်ကုန်းဟာ ယွမ်တူးက နှင်းခဲကန္တာရကို သွားနေပြီ။ ထာဝရမိခင်ကို မင်းသားယု ရဲ့ လူတွေက ဖမ်းဆီးထားတယ်။ အခု, သူမက မင်းသားယုရဲ့ အိမ်တော်ထဲမှာ အကျဉ်းချ ခံနေရတယ်။"
ချန်ပီယံမြို့စား၏ အိမ်တော်အတွင်း၌ မင်းသမီး ယူလူလက်က အေးစက်စက် အမူအရာ ဖြင့် ပြောလိုက်သည်။
"ဒီကိစ္စကို ငါ သိပါတယ်။ ယန်ချန်က ထာဝရမိခင်ကို ကျောက်စိမ်းမြို့တော်ဆီ ခေါ်ဆောင် ရာမှာ အစောင့်အရှောက်အဖြစ် ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ကို ငွေဒင်္ဂါး ငါးသောင်းပေးပြီး ငှားရမ်းခဲ့တယ်။ ယူလူလက်၊ မင်းလည်း အဲဒီအစောင့်အရှောက်တွေထဲ က တစ်ယောက် ဖြစ်ခဲ့တယ် မဟုတ်လား။ မင်းက အိမ်ရှေ့စံမင်းသားရဲ့ လက်အောက်ခံ သခင်လန်နဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်၊ ဟုတ်တယ် မဟုတ်လား။" ချန်ပီယံမြို့စား သည် ငြိမ်သက်စွာ ထိုင်နေသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
"ယန်ချန်လည်း ဘေးကနေ လက်ပိုက်ကြည့်နေဖို့ ဆန္ဒရှိပုံမရဘူး။ သူလည်း ကျွမ်းကျင်သူတွေကို စုဆောင်းနေပုံရတယ်။ ဟုန်ယွိလည်း သူ့လက်အောက်ခံ ဖြစ်နေပြီ။ သူ့နောက်ကွယ်မှာလည်း ကျွမ်းကျင်သူတစ်ဦး ရှိနေသေးပုံရတယ်။ အဲဒီ ကျွမ်းကျင်သူ ဘယ်သူလဲဆိုတာ ငါ သိချင်တယ်။ မင်း စုံစမ်းကြည့်လိုက်ပါ။ ပြီးတော့ ဟုန်ရှီ.. သူ့အခြေအနေက ဘယ်လိုရှိလဲဆိုတာ ကြည့်လိုက်ဦး။ မြေအနှစ်သာရ ရွှေဆေးလုံးကို သောက်ပြီးနောက် သူ့သိုင်းပညာက သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်သွားပြီလား။ ဟွန်း…၊ မြေအနှစ်သာရ ရွှေဆေးလုံးကို မဖြုန်းတီးသင့်ဘူးဆိုတာ ငါ သိထားသင့်တယ်။ သူက လုံးဝ သုံစားမရဘူး။ ဟုန်ရွှန်ကျိကလွဲလို့ ဟုန်မိသားစုက ကျန်တဲ့လူတွေ အားလုံး အမှိုက်တွေချည်းပဲ။ ဒီနေ့ သိုင်းစာမေးပွဲမှာ အဲဒီဟုန်ယွိက ငါ့ကို စိန်ခေါ်ရဲတယ်လား။"
ချန်ပီယံမြို့စားသည် သူ့မျက်လုံးများကို မှေးစင်းပြီး၊ တခဏအကြာအတွင် ဖြည်းဖြည်းချင်း ပြောဆိုလာသည်။ ရုတ်တရက် သူက "ဟန်ယွဲ့၊ ငါ့အတွက် ဖန်တီးခြင်းဗူးသီးကို ဖွင့်လိုက် ပါ" ဟု ပြောလိုက်သည်။
"မြို့စားက ယွမ်တူးနိုင်ငံကို သွားတော့မလို့လား။" ယူလူလက်က ရုတ်တရက် မေးလိုက် သည်။
"ယူလူလက်၊ မင်း တကယ်ကို ထက်မြက်တယ်။" ချန်ပီယံမြို့စားက ယူလူလက်၏ ပါးပြင် ကို ပုတ်လိုက်သည်။ "အခု အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ပိုင်ဖေးရှန် က ခန္ဓာကိုယ် ပြိုကွဲပြီး၊ သေသွားခဲ့ပြီ။ ပညာရှင် အများပြားက အဲဒီခေါင်းဆောင် နေရာ အတွက် တိုက်ခိုက်ချင်နေကြတယ်။ အကြီးအကဲ ရွှီယွဲ့၊ သခင် ပိုင်ယွိကုန်း၊ ပိုင်ဖေးရှန်ရဲ့ သမီး ရေခဲမြစ်နတ်ဘုရားမနဲ့ ကြင်ယာတော်ယွမ်ရဲ့ ချစ်သူ မျောက်ဝံဖြူဘုရင် ဇိယွဲ့တို့ တောင် ပါဝင်နေတယ်။ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းရဲ့ တာအိုသခင် တိုင်တန်ဝိညာဉ်၊ ယွမ်ရှီဇူတို့လည်း ရှိသေးတယ်။... ဒီလူတွေထဲမှာ တစ္ဆေအင်မော်တယ်တွေ၊ သိုင်းသူတော် စင်တွေ၊ မိုးကြိုးကပ်ဘေးအဆင့် သခင်တွေတောင် ပါဝင်နေတယ်။ ငါ ဒီအခွင့်အရေးကို ယူပြီး သူတို့ကို တစ်ဦးချင်းစီ ငါ့လက်အောက်ခံအဖြစ် သွတ်သွင်းရရမယ်။ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းတစ်ခုလုံး ငါ့ရဲ့သစ္စာရှိ လက်အောက်ခံ ဖြစ်စေရမယ်။"
"ဒီနှစ်တွေအတွင်း သခင်မြို့စားဟာ အင်အားစု အများပြားကို အနိုင်ယူပြီး၊ လက်အောက်ခံ အဖြစ် ဖိနှိပ်ခဲ့တယ်။ အနောက်တိုင်းဒေသက မုန်တိုင်းတပ်ဖွဲ့ အပါအဝင်ပေါ့။ ဒါပေမဲ့ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းလို မြင့်မြတ်နယ်မြေတစ်ခုဟာ မုန်တိုင်းတပ်ဖွဲ့ထက် အဆ ထောင်ပေါင်းများစွာ ပိုကြီးမားတယ်။ သခင် မြို့စားသာ သူတို့ကို အနိုင်ယူနိုင်ခဲ့ရင်, ကမ္ဘာလောကတစ်ခုလုံး သခင်မြို့စားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိလာလိမ့်မယ်။ သခင် မြို့စားဟာ မြင့်မြတ် နယ်မြေတစ်ခုကို တစ်ခါမှ အနိုင်ယူဖူးခြင်း မရှိသေးဘူး။"
ဘေးနားရှိ ကျင်းရှီရှီက ချိုမြိန်သော အပြုံးဖြင့် ပြောခဲ့သည်။
"ငါက အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းတစ်ခုကိုပဲ အနိုင်ယူချင်တာ မဟုတ်ဘူး။ ဆန်းကြယ် ကောင်းကင်ဘုံခန်းမ၊ အနှစ်သာရ နတ်ဘုရားကျောင်း၊ မက်မွန်နတ်ဘုရားဂိုဏ်းနှင့် တိုင်ရှန် တာအိုဂိုဏ်းတို့ကိုပါ သိမ်းပိုက်ချင်တာ။" ချန်ပီယံမြို့စားက ပြုံးလိုက်ပြီး "ငါ တိုင်ရှန်တာအို ဂိုဏ်းက သူတော်စင် မိန်းမပျို ဆုမူကို မတွေ့ဖူးသေးဘူး။ သူမက ကျောက်စိမ်းမြို့တော်မှာ ထိပ်တန်း ပါရမီရှင်တစ်ဦးလို့ ကြားထားတယ်။ ဒါပေမဲ့ မိုနိုဂါတာရီရဲ့ တာအိုပညာတွေက အရမ်း မြင့်မားတယ်။ သူမကို ကိုင်တွယ်ဖို့ ငါ့မှာ ယုံကြည်မှု မရှိဘူး။"
သူ စကားပြောနေစဉ် ချန်ပီယံမြို့စား၏ မျက်လုံးများတွင် စူးရှသော အလင်းအရောင်တစ်ခု လက်ခနဲ လင်းလက်သွားခဲ့သည်။ "တကယ်လို့, ငါ့နတ်ဘုရား ကျောက်တုံးသာ လုယူမခံခဲ့ ရဘူးဆိုရင်, အဲဒီဝိညာဉ် သန္ဓေသား ကျောက်တုံးထဲကနေ မွေးဖွားလာတာနဲ့, ငါ လူသား အင်မော်တယ်ကိုယ်ပွားကို ချက်ချင်း ပိုင်ဆိုင်နိုင်မှာ။ ဒါ့အပြင်, ငါ အဲဒီကိုယ်ပွားနဲ့ လျှို့ဝှက် နည်းလမ်းအချို့ကိုသုံးပြီး၊ ကိုယ်ပွားကို ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကျွမ်းကျင်စွာ ကိုယ်တွယ်နိုင်လိမ့်မယ်။ ဒါဆို, ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ မိုနိုဂါတာရီတောင် မဟုတ်တော့ဘူး။ အဲဒီ ကျွမ်းကျင်သူက ဘယ်သူလဲ။"
"မြို့စား၊ စိတ်မဆိုးပါနဲ့။ ဒီတစ်ကြိမ် ယွမ်တူးကို သွားပြီး၊ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းကို ဖိနှိပ်နိုင်တဲ့အခါ အဲဒီမြင့်မြတ်နယ်မြေက ကျွမ်းကျင်သူအားလုံးကို မြို့စားအတွက် အလုပ် ခိုင်းနိုင်ပါပြီ။ အချိန်တန်ရင် အဲဒီ အမည်မသိ ကျွမ်းကျင်သူကို သေချာပေါက် သတ်နိုင်ပြီး နတ်ဘုရား ကျောက်တုံးကို ပြန်ယူနိုင်လိမ့်မယ်။" ကျင်းရှီရှီက ပြောသည်။ တစ်ချိန်တည်း မှာပင် သူမက မင်းသမီး ယူလူလက်ကို မျက်စောင်းထိုးပြီး "ယူလူလက်၊ ကျောက်စိမ်း မြို့တော်မှာ မြို့စားအတွက် ထောက်လှမ်းရေးကို တာဝန်ယူထားသူဆိုတော့, မင်း ပိုပြီး အာရုံစိုက်ရမယ်။ ဖန်ရှင်းတာအိုဂိုဏ်း ဌာနချုပ်မှာ နတ်ဘုရား ကျောက်တုံးကို ခိုးယူသွားတဲ့ ကျွမ်းကျင်သူ ဘယ်သူလဲဆိုတာ မင်း ရှာဖွေရမယ်။ မဟုတ်ရင် မြို့စားက မင်းကို ဘာလို့ လိုအပ်မှာလဲ။"
"ဟွန်း…။" ယူလူလက်သည် အေးစက်စွာ ရယ်မောလိုက်သည်။
"တော်ပြီ၊ မင်းတို့အားလုံးက ငါ့ရဲ့ မိန်းမတွေပဲ။ နောက်နန်းဆောင်က ပိုပြီး သဟဇာတ ရှိသင့်တယ်။" ချန်ပီယံမြို့စားက အလျင်အမြန် ပြောလိုက်ပါသည်။ "ဒါပေမဲ့, ယူလူလက်၊ ငါ မင်းဘေးမှာ မရှိတဲ့အခါ မင်း သတိထားရမယ်။ အဲဒီ အမည်မသိ ကျွမ်းကျင်သူက အရမ်း အစွမ်းထက်တယ်။ ငါ ဖန်ရှင်းတာအိုဂိုဏ်းက ခေါင်းဆောင် ရှောင်အန်ရန်နဲ့ ရှောင်ယွင်ဖုန်း ဆိုတဲ့ တစ္ဆေအင်မော်တယ် ကျွမ်းကျင်သူ နှစ်ဦးကို မင်းဘေးမှာ အမြဲတမ်း နေခိုင်းခဲ့မယ်။ ပြီးတော့ နတ်လင်းယုန်ဘုရင်လည်း မင်းဘေးမှာ ရှိနေလိမ့်မယ်။ ဒါ့အပြင်, ယောင်ယွဲ့ရူနဲ့ ယောင်ယွဲ့ရှင်းတို့ ညီအစ်မနှစ်ယောက်လည်း အခု ကျောက်စိမ်းမြို့တော်မှာ ရှိနေတယ်။ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ရဲ့ ကောင်းကင်နတ်ဘုရားဒူးလေး၊ နဂါးတပ်ဖွဲ့ နဲ့ နှင်းမုန်တိုင်းတပ်ဖွဲ့တို့လည်း မင်းထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်။ ဒါ့အပြင် ရွှေ ပင့်ကူဘုရင်က မင်းကို လျှို့ဝှက် ကာကွယ်ပေးနေတယ်ဆိုတာ ငါသိတယ်။ ငါ မင်းကို မှော် ရတနာနှစ်ခု ထပ်ပေးမယ်။ မင်း သေသေချာချာ သန့်စင်ပြီးရင် ကိုယ့်ကိုယ်ကို အပြည့်အဝ ကာကွယ်နိုင်လိမ့်မယ်။"
ထိုသို့ ပြောပြီးနောက် ချန်ပီယံမြို့စား၏ ရှေ့တွင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ အက်ကြောင်းအတွင်းသည် ဖန်တီးခြင်းဗူးသီး၏ အသေးစား စကြဝဠာတစ်ခု ဖြစ်သည်။
ဤအသေးစား စကြဝဠာအတွင်းမှာ ပုတီးစေ့ငါးလုံး ပျံဝဲနေသည်။ ရွှေရောင်တစ်လုံး၊ အနက်ရောင်တစ်လုံး၊ အဖြူရောင်တစ်လုံး၊ အညိုရောင်တစ်လုံးနှင့် မြေဝါရောင်တစ်လုံးတို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤပုတီးစေ့ငါးလုံး၏ အလယ်တွင် ယပ်တောင်တစ်ခု ပေါ်လာသည်။ ၎င်းသည် ခေါက်ယပ်တောင် မဟုတ်သလို၊ ထန်းရွက်ယပ်တောင်လည်း မဟုတ်ဘဲ သားမွေးယပ်တောင်တစ်ချောင်း ဖြစ်သည်။
ဤယပ်တောင်ကို အမည်မသိ ငှက်တောင်ပံမွှေးများဖြင့် ပြုလုပ်ထားပြီး၊ ယပ်တောင်အရိုး က အနက်ရောင် ကျောက်စိမ်း ဖြစ်ကာ၊ အမွေးအတောင်များမှာ ဒေါင်းမြီးအရောင် ဖြစ်ကာ၊ စုစုပေါင်း အမွှေးကိုးချောင်း ပါသည်။
"ဒြပ်ကြီးငါးပါး နတ်ဆိုးဓားတွေ…။ ဒါက ဉဒေါင်းဘုရင်က သန့်စင်ထားတဲ့ ဒြပ်စင်ငါးပါး နတ်ဆိုးဓားတွေ မဟုတ်ဘူးလား။ ဒီယပ်တောင်က ဘာလဲ။ ဒီယပ်တောင်က ဉဒေါင်းဘုရင် က သူ့ရဲ့ ဉဒေါင်း အမွေးအတောင်တွေနဲ့ သန့်စင်ထားတဲ့ ကောင်းကင်ယပ်တောင် မဟုတ်လား။" ကျင်းရှီရှီက ထိတ်လန့်စွာ ပြောခဲ့သည်။
"ရှီရှီ၊ မင်းရဲ့ဗဟုသုတကလည်း မကြာသေးခင်က တော်တော်လေး တိုးတက်လာပုံရ တယ်။" ချန်ပီယံမြို့စားက အပြုံးဖြင့် ပြောခဲ့သည်။
"ဟုတ်ပါတယ်။ မြို့စားနောက်ကို လိုက်နေတော့ ကျွန်မရဲ့ အမြင်တွေလည်း သဘာဝအတိုင်း ကျယ်ပြန့်လာတာပေါ့။" ကျင်းရှီရှီက ပြောသည်။
"မြို့စားရဲ့ နောက်နန်းဆောင်မှာ ရှင်းယုဆန်ဆိုတဲ့ အမျိုးသမီးတစ်ဦး ထပ်ရှိလာတော့မယ် ထင်တယ်။ မြို့စား ဒီတစ်ကြိမ် တောရိုင်းဒေသကို သွားတုန်းက ရှင်းယုဆန်နဲ့ ချိတ်မိခဲ့ တယ် မဟုတ်လား။ မဟုတ်ရင် ဒီဒြပ်ကြီးငါးပါး နတ်ဆိုးဓားတွေက မြို့စားရဲ့ လက်ထဲကို ဘာလို့ ရောက်လာမှာလဲ။ ဒီကောင်းကင် ယပ်တောင်ကလည်း အဲဒီတုန်းက ဒေါင်းဘုရင် ဟာ ခက်ခက်ခဲခဲ သန့်စင်ထားတဲ့ မှော်ရတနာတစ်ခုပဲ။ သူက ဒီယပ်တောင်ကို အသုံပြုပြီး၊ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်နဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ထားခဲ့။"
ယူလူလက်လည်း အံ့ဩသွားခဲ့သည်။
"ဒီတစ်ကြိမ်, ငါ တောရိုင်းဒေသကို သွားတုန်းက ရှင်းယုဆန်နဲ့ တကယ်ပဲ တွေ့ခဲ့တယ်။ သူမရဲ့ ဒြပ်ကြီးငါးပါး နတ်ဆိုးဓားတွေကလည်း ငါ သူမနဲ့ လောင်းကြေးထပ်ပြီး အနိုင်ရခဲ့ တာ။ ဒါပေမဲ့, ငါ သူမကို တစ္ဆေအင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးခဲ့ တယ်။ ငါ သူမနဲ့ ရင်းနှီးအောင် မလုပ်နိုင်ခဲ့တာ ဝမ်းနည်းစရာပဲ။ ဒါပေမဲ့ ဒါက အနှေးနဲ့ အမြန် ဖြစ်လာမယ့် ကိစ္စပါ။" ချန်ပီယံမြို့စားက ပြုံးလိုက်ပြီး "ဒီကောင်းကင် ယပ်တောင် ကတော့ ဒေါင်းဘုရင်ရဲ့ကိုယ်ပွားနဲ့ အတူတူသေဆုံးသွားတဲ့ မီးလျှံနဂါးကိုးကောင်ဆီက ကောက်ရခဲ့တာ။ ဒီရက်တွေအတွင်း ဟန်ယွဲ့ဟာ ဒီယပ်တောင်ကို သန့်စင်ပြီး ဒေါင်းဘုရင် ရဲ့ စိတ်ဝိညာဉ် တံဆိပ်ကို ဖျက်ဆီးပစ်ဖို့ အများကြီး အားထုတ်ခဲ့ရတယ်။ မင်း သန့်စင်ပြီးရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီ။" ချန်ပီယံမြို့စားက ပြုံးလိုက်ပါသည်။
"မြို့စားကရော….။ ဒီတစ်ကြိမ် အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းကို သွားတဲ့ ခရီးက အရမ်းကို အန္တရာယ်များတယ်။" ယူလူလက်၏ မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
"ငါ့မှာ သဘာဝအတိုင်း တခြားဝှက်ဖဲတွေ ရှိနေပါသေးတယ်။ ဒါ့အပြင်, ဟန်ယွဲ့လည်း နိုးထနေပြီ။ ငါသာ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ နှစ်ပေါင်းဘီလီယံ သက်တမ်းရှိ ဆန်းကြယ်ရေခဲတုံးမှာ ထွင်းထုထားတဲ့ မဟာဝိညာဉ်တာအိုကျမ်းကို ရတာနဲ့ ဟန်ယွဲ့လည်း ဖန်ဆင်းခြင်းဗူးသီးရဲ့ အကူအညီနဲ့ ဆန်းကြယ်ရေခဲရဲ့ အနှစ်သာရကို အသုံးပြုပြီး သူမရဲ့ ရုပ်ခန္ဓာကိုယ်ကို ဖန်တီးနိုင်လိမ့်မယ်။"
"အီယာ…၊ ယူလူလက်၊ မြို့စားက မင်းကို ဒီလို မှော်ရတနာမျိုး ပေးလိုက်တာနော်။ မင်း ဘယ်တော့မှ မြို့စားရဲ့ ကိုယ်လုပ်တော်အဖြစ်၊ မြို့စားနဲ့ လက်ထပ်ပြီး အတူနေမှာလဲ။" ကျင်းရှီရှီက ပြောခဲ့သည်။
"တော်ပြီ။" ချန်ပီယံမြို့စားက သပ်သဲ့သဲ့ ပြုံးလိုက်ပြီး ဖရိုဖရဲဖြစ်နေသော လေဟာနယ် အက်ကြောင်းထဲသို့ ဝင်ရောက်ကာ၊ ပျောက်ကွယ်သွားခဲ့သည်။ သူ၏အသံက ခပ်သဲ့သဲ့ ပြန့်လွင့်လာသည် "ယူလူလက်၊ ငါ မင်းကို ဒြပ်စင်ငါးပါးနတ်ဆိုးဓားတွေနဲ့ ကောင်းကင် ယပ်တောင် ပေးလိုက်တာက မင်း ဟုန်ယွိကို ကိုင်တွယ်ရာမှာ ခွန်အားရှိစေဖို့ပဲ။ ငါ ပြန်မရောက်ခင် မင်း ဟုန်ယွိကို လုံးဝ အညံ့အောင် လုပ်ရမယ်။ ပြီးရင် သူ့ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ချက်တွေ အားလုံးကို ရှာဖွေရမယ်။ သူဘယ်လို အံ့ဩဖွယ် ဆေးဝါးမျိုး သောက်ထားလဲဆိုတာ ကြည့်ရအောင်။"
"ယူလူလက်၊ အဲဒီ ဟန်ယွဲ့က ဘယ်သူလဲ။" ကျင်းရှီရှီက ချန်ပီယံမြို့စား ထွက်သွားပြီး နောက် ရုတ်တရက် မေးလိုက်သည်။
"သူမက မြို့စားအတွက် အရေးကြီးဆုံး နတ်ဘုရားမပဲ။ မြို့စားက မျိုးနွယ်တစ်ခုကို ဖျက်ဆီးခဲ့တာ၊ ပြီးတော့ ဒီဟန်ယွဲ့က အဲဒီမျိုးနွယ်က ယုံကြည်ကိုးကွယ်တဲ့ လနတ်ဘုရားမ ပဲ။ သူမက လူမဟုတ်ဘူး။ ယုံကြည်ချက်ကနေ မွေးဖွားလာတဲ့ နတ်ဘုရားမတစ်ပါး ဖြစ်တယ်။" ယူလူလက်က ပြောသည်။
ညဘက်၊ တော်ဝင်ချန်မင်းဆက် နောက်နန်းတော်ဆောင်၊ ကောင်းကင်ရနံ့စံအိမ်တွင်…။
ဟုန်ယွိသည် သူ၏ စားပွဲရှေ့တွင် ထိုင်နေပြီး စုတ်တံဖြင့် တစ်ခုခုကို ဂရုတစိုက် အသေး စိတ် ရေးသားနေသည်။ စာလုံးများက တစ်ကြောင်းချင်းစီ ပေါ်လာသည်။ စာလုံးများသည် လှပပြီး ကျက်သရေရှိကာ အသက်ဝင်ပြီး ပျံသန်းတော့မယောင်ပင်။ စာသားအကြောင်း အရာကိုပင် မဖတ်ရသေးဘဲ စကားလုံးများကို ကြည့်ရုံဖြင့်ပင် "စကားလုံးတိုင်းသည် ပုလဲလုံးများဖြစ်ပြီး တောက်ပနေသည်" ဟူသော ခံစားချက်ကို ရရှိစေသည်။
မီးခွက်၏ အရိပ်အောက်တွင် ကြင်ယာတော်ယွမ်သည် သူမ၏ ဖြူးဖွေးသွယ်လျသော လက်ဖြင့် မွှေးရနံ့ ဆီမီးခွက်၏ မီးစာကို ညင်သာစွာ ဖြတ်လိုက်သည်။
"ယင်းရှာက အခုထိ ကျင့်ကြံနေတုန်းလား။" ကြင်ယာတော်ယွမ်သည် မီးစာကို ညှပ်နေရင်း မေးလိုက်သည်။
"ဟုတ်တယ်။ သူမ မိုးကြိုးကပ်ဘေးကို ဖြတ်သန်းတော့မှာ။ သူမ လုံးဝ ဘေးကင်းလုံခြုံစေ ဖို့ သူမရဲ့တာအိုပညာကို တိုးတက်အောင် လုပ်ရမယ်။" ဟုန်ယွိက ပြောသည်။
"မိုးကြိုးကပ်ဘေး..." ထိုစကားကို ကြားတော့ ကြင်ယာတော်ယွမ်သည် တုန်လှုပ်သွားပုံရ သည်။ သူမက တိုးညှင်းစွာ သက်ပြင်းချပြီး "ဟုန်ယွိ၊ မင်းရဲ့ လက်ရေးက တကယ်ကို လှပလွန်းတယ်။ စာလုံးတွေထဲမှာ အင်မော်တယ် အငွေ့အသက်တွေ ထွက်ပေါ်နေပြီး၊ ငါ့ကို ထူးခြားပြီး မြင့်မြတ်တဲ့ စွမ်းအားကို ပေးစွမ်းနေတယ်။"
"ဟုတ်လား။ ဒါက သူတော်စင်တွေရဲ့ စာရေးဟန်ပုံစံလောက်ပါပဲ။ ကျွန်တော် အင်ပါယာ စာမေးပွဲအတွက် ပြင်ဆင်ရင်း လေ့လာမူအချို့ ပြုလုပ်ပြီး၊ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုကို လေ့ကျင့်နေတာပါ။ ဒါကို ကျွန်တော့်စိတ်ကို ကျင့်ကြံနေတာလို့လည်း သတ်မှတ်နိုင်ပါ တယ်။" ဟုန်ယွိက စုတ်တံကို ကောက်ကိုင်ပြီး စာရွက်ပေါ်တွင် နောက်ဆုံး စကားလုံးကို ရေးထည့်လိုက်ပါသည်။ ထိုစာလုံးသည် အဆုံးသတ် စုတ်ချက်ကဲ့သို့ ဆောင်းပါးတစ်ခုလုံး ချက်ချင်း အသက်ဝင်လာခဲ့သည်။
ကြင်ယာတော်ယွမ်သည် ဆောင်းပါးတစ်ခုလုံး အသက်ဝင်လာသည်ဟု ခံစားရပုံပေါ်သည်။ သူမသည် သူမ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ခွဲလိုက်ပြီး ဆောင်းပါးကို ကြည့်လိုက်သည်။ အံ့ဩစရာကောင်းစွာ, စာလုံးတိုင်းသည် တောက်ပနေပြီး စာရွက်ပေါ်မှ ပျံထွက်လာခဲ့သည်။
"ဟုန်ယွိ၊ မင်းလည်း စကားလုံးနိယာမ အဆင့်ကို ရောက်ရှိနေပြီပဲ။ ဒဏ္ဍာရီအရ ရှေးခေတ် သူတော်စင်တွေရဲ့ စာပေအရေးသားကို တစ္ဆေသရဲတွေနဲ့ နတ်ဘုရားတွေပဲ မြင်နိုင်ပြီး၊ စကားလုံးတိုင်းက ကောင်းကင်တာအို လည်ပတ်နေသလို လေထဲမှာ ပျံဝဲပြီး၊ မြေပြင်ပေါ် ပြဒါးရည် စီးဆင်းနေသလို တောက်ပနေတယ်လို့ အဆိုရှိတယ်။ မင်းမှာလည်း အဲဒီလို အရှိန်ဝါမျိုး ရှိနေပုံရတယ်။"
"ကျွန်တော်က ရှေးခေတ်သူတော်စင်တွေရဲ့ နယ်ပယ်နဲ့ အလှမ်းဝေးနေပါသေးတယ်။" ဟုန်ယွိသည် စာရေးသားခြင်းကို ရပ်ပြီး၊ သူ ယခုလေးတင် ရေးသားထားသော ဆောင်းပါး ကို မီးခွက်အောက်တွင် ရှို့လိုက်သည်။ ထို့နောက် သူက လက်ဆေးလိုက်သည်။
"မင်း ဒီတစ်ကြိမ် သိုင်းချန်ပီယံဆုကို ရယူခဲ့ပေမယ့် ချန်ပီယံမြို့စားကို စော်ကားခဲ့တယ်။ မင်း သူ့စိတ်နေသဘောထားကို အကဲခတ်မူအရ, သူ့ရဲ့ပိုင်ဆိုင်လိုစိတ်က မာဟေဆွာရ နတ်ဆိုးထက် သာလွန်နေတယ်။ သူ မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ့အထင် မင်း သူ့ကို အရင် တိုက်ခိုက်သင့်တယ်။ မဟုတ်ရင်, မင်းရဲ့လက်အောက်ခံတွေ ဒီအကျိုးဆက်ကို ခံစားရလိမ့်မယ်။” ကြင်ယာတော်ယွမ်က ရှင်းလင်းပြတ်သားစွာ ပြောသည်။
"သူ့မှာ သူ့ကို ဖန်ဟွမ်အသက်ဝိညာဉ်ဓားက ကာကွယ်ပေးနေတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို မကိုင်တွယ်နိုင်သေးဘူး။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက မင်းသားယုဆီ သတင်းစကား တစ်ခု ပေးပို့ခဲ့တယ်။ အဲဒါကတော့ ချန်ပီယံမြို့စားဟာ ကျောက်စိမ်းမြို့တော်ကနေ ထွက်ခွာပြီး ယွမ်တူးကို သွားနေပြီတဲ့။ သူလည်း အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ ရုပ်ခန္ဓာပြိုကွဲတဲ့အကြောင်းနဲ့ ဂိုဏ်းတစ်ခုလုံး ရှုပ်ထွေးနေတဲ့ အခြေအနေကို သိနေနိုင်ခြေ ရှိတယ်။" ဟုန်ယွိက ပြောသည်။ "ကျွန်တော်လည်း ယွမ်တူးကို သွားဖို့ အချိန်ပေးရတော့ မယ်နဲ့ ထင်တယ်။"
"အင်း၊ ဟုန်ယွိ၊ မင်းရဲ့ အကူအညီနဲ့ ဇိယွဲ့ ဂိုဏ်းချုပ်နေရာ ရယူနိုင်ဖို့ သေချာပေါက် ပိုလွယ်ကူလာလိမ့်မယ်။ ဒါပေမဲ့ ဒါက မင်းရဲ့ အင်ပါယာစာမေးပွဲကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။” ကြင်ယာတော်ယွမ်က မေးသည်။
"အင်ပါယာ စာမေးပွဲက ပုံမှန် ထုံးတမ်းစဉ်လာတစ်ခု သက်သက်ပါပဲ။ ကျွန်တော်က တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ရှေ့မှာ ကျွန်တော့် ခွန်အားကို ပြသခဲ့ပြီးပြီဆိုတော့, ကျွန်တော် ပထမဆု မရရင်တောင် အနည်းဆုံးတော့ ထိပ်တန်း သုံးဦးထဲ ဝင်ပါလိမ့်မယ်။ သေချာတာက, ရှီဝမ်ယွမ် ဘာစဉ်းစားနေလဲဆိုတာပဲ။ သူက ဧကရာဇ်ကို အကြံပေးဖြစ်ဖို့, ဒါမှမဟုတ် နန်းတော်ကို ကူညီဖို့ ရောက်နေတာလားပေါ်မှာ မူတည်တယ်။ ကျွန်တော် သူ့ရဲ့ စာပေပညာကို ကျော်လွန်နိုင်မယ် မထင်ဘူး။ ဒါပေမယ့်, ရွှေခန်းမမှာ အဲဒီလို မဟာ ပညာရှင်တစ်ဦးနဲ့ စာပေ ဖလှယ်ခွင့်ရတာက ဉဒေါင်းဘုရင်နဲ့ ဆန်းကြယ်ကောင်းကင် ခန်းမသခင်တို့နဲ့ တိုက်ခိုက်တာထက် ပိုပြီး အကျိုးရှိပါတယ်။"
ဟုန်ယွိက ပြောသည်။ "ချန်ပီယံမြို့စားမှာ လျှို့ဝှက်နည်းလမ်းတွေ ပရိယာယ်တွေ အရမ်း များတယ်။ သူ့ရဲ့ပိုင်ဆိုင်လိုစိတ်က မာဟေဆွာရနတ်ဆိုးထက် သာလွန်တယ်။ ဒီလို စိတ်ဓာတ်ပိုင်ရှင်မျိုးကို ရှေးပဝေသဏီကတည်းက ရှားရှားပါးပါး မြင်တွေ့ရခဲတယ်။ စကြဝဠာတစ်ခုလုံး သူ့ပတ်ပတ်လည်မှာ လည်ပတ်နေသလို၊ ကောင်းတဲ့အရာမှန်သမျှ သူပိုင်ဆိုင်ရမယ်။ မိန်းမလှအားလုံး သူ့အပိုင် ဖြစ်ရမယ်ဆိုပြီး၊ အဲဒီအတွေးတိုင်းလည်း လုပ်ဆောင်တယ်။ သူက သူ့စိတ်ဆန္ဒအတိုင်း ပြုမူပြီး၊ သူ့စိတ်ဆန္ဒအတိုင်း အောင်မြင်နေခဲ့ ရင်, သူ့အတွေးတွေက ရှင်းလင်းလာပြီး လူအင်မော်တယ်အဖြစ် ကျင့်ကြံနိုင်ခဲ့ရင်၊ သူ့ကို ထိန်းချုပ်လို့ မရနိုင်တော့ဘူး။ ကြင်ယာတော်ယွမ် ပြောသလို သူ့ကို အရင် တိုက်ခိုက်သင့် တယ်ဆိုတဲ့စကားကို ကျွန်တော် သဘောတူတယ်။ ကျွန်တော့်မှာလည်း အဲဒီရည်ရွက်ချက် မျိုး ရှိတယ်။ အဲဒီယူလူလက်က ရိုရန်အင်ပါယာရဲ့ မင်းသမီးတစ်ပါး ဖြစ်ပြီး၊ ဆန်းကြယ် ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ရဲ့ ပံ့ပိုးပေးသူတစ်ဦးလည်း ဖြစ်တယ်။ သူမနောက်ကွယ်မှာ ရွှေပင့်ကူဘုရင်တောင် ကျော်ထောက်ခံအဖြစ် ရှိနေသေးတယ်။ ဒီည ကျွန်တော် သူမကို သွားရှာမယ်။ တစ်ချိန်တည်းမှာပဲ ရွှေပင့်ကူဘုရင်နဲ့တွေ့ဖို့ အခွင့်ရေးရှာမယ်။"
"ရွှေပင့်ကူဘုရင်လည်း ကျောက်စိမ်းမြို့တော်ကို ရောက်လာတာလား။ သူက တောရိုင်း ဒေသမှာတုန်းက စကြဝဠာအိတ်ကို ရသွားခဲ့တယ်လို့ ကြားတယ်။"
ကြင်ယာတော်ယွမ်က ပြောသည်။
"စကြဝဠာအိတ်က ကျွန်တော့်လက်ထဲမှာ ရှိတယ်။" ဟုန်ယွိက မထင်မရှား ပြုံးလိုက်ပြီး၊ လှပသော မျက်လုံးများ ပြူးကျယ်လာသည့် ကြင်ယာတော်ယွမ်ကို ကြည့်လိုက်ပါသည်။ "ကျွန်တော်က သူ့ဟန်ဆောင်ပြီး စကြာဝဠာအိတ်ကို ရယူခဲ့တာပဲ။"
"ဟုန်ယွိ၊ မင်းရဲ့ တာအိုပညာဟာ ဇိယွဲ့ကိုတောင် ကျော်လွန်သွားပြီပဲ။ မင်း ယွမ်တူးကို ရောက်လို့ ဇိယွဲ့မြင်ရင် အံ့ဩသွားလိမ့်မယ် ထင်တယ်။" ကြင်ယာတော်ယွမ်က ချီးကျူးလိုက်သည်။
"ကျွန်တော် ရှောင်ဆန်၊ ရှောင်ဖေးနဲ့ ရှောင်ရှူတို့ကို တွေ့ချင်မိတယ်။ သူတို့ရဲ့ ကျင့်ကြံမှုက ရော ဘယ်လောက် တိုးတက်နေပြီလဲ။ ကျွန်တော် သူတို့ကို အရမ်း လွမ်းမိတယ်။" ဟုန်ယွိ၏ မျက်လုံးများတွင် လွမ်းဆွတ်သည့် အရိပ်ယောင် ဖြစ်ပေါ်လာပါသည်။
သူသည် ထိုမြေခွေးညီအစ်မ သုံးဦးနှင့် အနောက်တောင် ကျောက်ဂူထဲတွင် အသက်ရှင် ရပ်တည်ဖို့ တစ်ဦးနှင့်တစ်ဦး မှီခိုခဲ့ရသည့် နေ့ရက်များကို သဘာဝအတိုင်း ဘယ်တော့မှ မမေ့နိုင်ပေ။
"ကြင်ယာတော်ယွမ်၊ အနားယူသင့်ပြီ။ ဒီည လမင်းကြီးက အရမ်း လှပတယ်။ ကျွန်တော် ကျောက်စိမ်း နဂါးတောင် ဒါမှမဟုတ် ချန်ပီယံမြို့စားရဲ့ အိမ်တော်မှာ မင်းသမီး ယူလူလက် ကို သွားရှာလိုက်ဦးမယ်။"
ဟုန်ယွိသည် ထရပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မြေထဲသို့ နစ်ဝင်ပြီး ပျောက်ကွယ်သွားခဲ့သည်။
...
"ဒါက ဉဒေါင်းဘုရင်ရဲ့ အသက်ဝိညာဉ် မှော်ရတနာ ကောင်းကင် ယပ်တောင်လား။"( အသက်ဝိညာဉ် မှော်ရတနာဟူသည် အသက်ဝိညာဉ်ဖြင့် ချည်နှောင်ထားသည့် ရတနာကို ဆိုလိုပါသည်)။
ကျောက်စိမ်းနဂါးတောင်၊ ဖန်ရှင်းတာအိုဂိုဏ်း၏ လှပသော တာအို ခြံဝန်းတစ်ခုတွင် မင်းသမီး ယူလူလက်သည် ကောင်းကင် ယပ်တောင်ကို ကိုင်ဆောင်ထားသည်။ သူမ၏ ခန္ဓာကိုယ်မှ နက်ရှိုင်းပြီး အုံ့မှိုင်းနေသော အတွေးတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင် ယပ်တောင်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ချက်ချင်းပင် ကောင်းကင် ယပ်တောင်တစ်ခုလုံးသည် တောက်ပလာခဲ့ပြီး၊ မြင့်မြတ်သော အငွေ့အသက်များက စီးဆင်းလာခဲ့ကာ၊ သူမ၏ အတွေးများကို ရစ်ပတ်ထားပြီး သူမ၏ အတွေးများကို သန့်စင်သော ယန်အဖြစ် ဖြစ်ပေါ်လာစေခဲ့သည်။
သူမ၏ အတွေးများသည် ကောင်းကင်ယပ်တောင်နှင့် ပေါင်းစည်းသွားသည့် အချိန်တွင် ယူလူလက်သည် သူမ၏ တာအိုပညာက အဆုံးမဲ့ တိုးတက်လာသည်ကို ခံစားခဲ့ရသည်။
"ဒီယပ်တောင်မှာ အကန့်အသတ်မဲ့ စွမ်းအားတွေ ရှိနေတယ်။"
ယူလူလက်သည် ယပ်တောင်နှင့် သွေးနှောင်ဖွဲ့ ချည်နှောင်ပြီးနောက် သူမသည် တာအို ခြံဝန်းထဲမှ ထွက်လာခဲ့သည်။ ကောင်းကင်ယံမှ လမင်းကြီးသည် အလွန် တောက်ပနေ သောကြောင့် သူမသည် အပေါ်ဘက်ရှိ ရှုခင်းကို မြင်နိုင်လိမ့်မည်ဟု ထင်ရသည်။
"မင်းသမီး ယူလူလက်၊ ဒီလိုလှပတဲ့ ညချမ်းအခါမျိုးမှာ ကျွန်တော်တို့ စကားပြောလို့ ရမလား။"
မင်းသမီး ယူလူလက်သည် လမင်းကြီးကို ကြည့်ရူနေစဉ် ခြံဝန်း၏ အလယ်တွင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ယူလူလက်သည် သတိကြီးစွာဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ ဟုန်ယွိသည် ခြံဝန်းထဲတွင် ရပ်နေသည်ကို မြင်လိုက်ရပါသည်။
အခန်း (၃၁၈)။
"ရှင် ဘယ်သူလဲ။"
ထွန်းလင်းတောက်ပနေသော လရောင်အောက်တွင် ရိုရန်နိုင်ငံ၏ မင်းသမီး ယူလူလက် သည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမ၏ လက်ထဲရှိ ကောင်းကင်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် မှုန်ဝါးဝါး တိမ်တိုက်တစ်ခုက သူမ၏ ကိုယ်ခန္ဓာကိုယ် ဝန်းရံသွားခဲ့သည်။
ထိုတိမ်တိုက်အမျှင်တိုင်းသည် သက်ရှိဝိညာဉ်တစ်ခုကဲ့သို့ သက်ဝင် လှုပ်ရှားနေသည်။
ချက်ချင်းပင်, ယူလူလက်၏ ကိုယ်ခန္ဓာသည် အင်မော်တယ်များ ကာကွယ်ပေးထားသကဲ့ သို့ ဖြစ်သွားခဲ့သည်။ အင်မော်တယ်များနှင့် နတ်ဘုရားများသည် ကွဲပြားခြားနားသည်။ အင်မော်တယ်များသည် ဝေဝေဝါးဝါးနှင့် ဖမ်းဆုပ်ရခက်သော်လည်း နတ်ဘုရားများသည် ကြီးစိုးပြီး ကျယ်ပြန့်သော အရှိန်အဝါကို ပိုင်ဆိုင်ကြသည်။
ဟုန်ရွှန်ကျိ၏ ကောင်းကင်ဘုံသေမင်းဘီးကို အသက်သွင်းလိုက်ချိန်တွင်, သူ၏ အပ်စိုက် မှတ်များမှ နတ်ဘုရားများ ထွက်ပေါ်လာကြပြီး၊ ကြီးစိုးသော အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေခဲ့သည်။ ယခု ယူလူလက်သည် သူမ၏ ကောင်းကင်ယပ်တောင်ကို အသက်သွင်းလိုက်သောအခါ သူမ၏ အင်မော်တယ် အငွေ့အသက်က လူများကို အရှိန်ဟုန်ပြင်းစွာ ရိုက်ခတ်လာခဲ့သည်။ သူမသည် အလွန်ဆန်းကြယ်နေပြီး နေရာတိုင်း တွင် ရှိနေသယောင်ထင်ရသော်လည်း မည်သည့် နတ်ဘုရား စိတ်ဝိညာဉ်အတွေးကမျှ သူမ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်၍ မရနိုင်ပေ။
မရေမတွက်နိုင်သော ကိုယ်ပွားများရှိနေပြီး၊ သူမသည် နေရာတိုင်းတွင် ရှိနေသော်လည်း အစစ်အမှန် ခန္ဓာကိုယ်မရှိသည့် ခံစားချက်မျိုး ဖြစ်သည်။ ဤသည်မှာ ကောင်းကင် ယပ်တောင်ကို အသက်သွင်းပြီးနောက် ယူလူလက်က ဟုန်ယွိကို ပေးနေသော ခံစားချက် ပင် ဖြစ်သည်။
"ဒါ ဘယ်လို ဓမ္မရတနာမျိုးလဲ။ ဘာလို့ ဒီလောက် ဆန်းကြယ်နေရတာလဲ။"
ဟုန်ယွိသည် ခေါင်းငုံ့ကာ ယူလူလက်၏ မျက်နှာနှင့် မျက်လုံးများကို စိုက်ကြည့်ရင်း အံ့ဩသံဖြင့် မေးလိုက်သည်။ "ချန်ပီယံမြို့စားမှာ တကယ်ကို ဓမ္မရတနာတွေ အများကြီး ရှိနေတာပဲ။ သူက နယ်စပ်တွေကို လွှမ်းမိုးထားပြီး၊ ကောင်းတဲ့အရာမှန်သမျှကို ပိုင်ဆိုင်ချင် နေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ မင်းသမီး ယူလူလက်ဟာ ကျယ်ပြောလှတဲ့ မြက်ခင်း လွင်ပြင်ရဲ့ ပုလဲတစ်လုံးလို့ ကြားဖူးနေတာ ကြာပြီ။ သူမက အေးစက်ပြီး၊ ချစ်စရာကောင်း တယ်။ သူမဟာ မြင့်မြတ်တဲ့ “ယူနီကွန်”လို သဘာဝရှိပြီး၊ ကျယ်ပြောလှတဲ့ လွင်ပြင်ကြီးထဲ မှာ လွတ်လပ်စွာ ပြေးလွှားချင်သူ ဖြစ်တယ်။ ဘယ်သူ့လက်အောက်မှာမှ အညံ့မခံဘူး။ အခု ဘာလို့ သူတစ်ပါးဆီမှာ အညံ့ခံနေရတာလဲ။"
ဟုန်ယွိ စကားပြောနေချိန်မှာ သူ့လေသံက အလွန်နူးညံ့သိမ်မွေ့ပြီး၊ မိန်းမလှလေး တစ်ဦး နှင့် ကဗျာဆွေးနွေးနေသည့် သာမန် ပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
မြက်ခင်းလွင်ပြင်များတွင် ထို “ယူနီကွန်” သတ္တဝါသည် မြင့်မြတ်သော အရာဖြစ်သည်။ ၎င်းသည် မြင်းနှင့်တူသော်လည်း မြင်းမဟုတ်၊ ချီလင်နှင့် တူသော်လည်း ချီလင် မဟုတ်ပေ။ ဒဏ္ဍာရီထဲတွင်သာ ပေါ်လာလေ့ရှိပြီး ဖြူစင်မှု၊ အလှအပနှင့် လွတ်လပ်မှုကို ကိုယ်စားပြု သည်။
ဤတစ်ကြိမ်တွင် ဟုန်ယွိသည် ချန်ပီယံမြို့စားက ယွမ်တူးနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ရှုပ်ထွေးမှုကို အခွင့်ကောင်းယူရန် ပြင်ဆင်နေသည်ဟု အိမ်ရှေ့စံမင်းသားထံမှ သတင်းရရှိထားသည်။ ထို့ကြောင့် ဟုန်ယွိသည် လက်ဦးမှုယူကာ မင်းသမီး ယူလူလက်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ချန်ပီယံမြို့စားသည် သူ၏ ခွန်အားကြောင့်သာမက နိုင်ငံအနှံ့ လွှမ်းမိုးထားသော သူ၏ စီးပွားရေးနှင့် ထောက်လှမ်းရေး ကွန်ရက်များကြောင့်လည်း အလွန်အစွမ်းထက်သူ ဖြစ်သည်။ သူသည် အနောက်တိုင်းဒေသနှင့် လွင်ပြင်ဒေသများ၌ပင် ထောက်လှမ်းရေး စနစ်များကို ပိုင်ဆိုင်ထားသည်။
ဟုန်ယွိသည် ရွှေပင့်ကူထံမှ ရိုရန်မင်းသမီ ယူလူလက်အကြောင်းကို ကြားဖူးထားသဖြင့် ယနေ့ သူမကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။ ပထမအချက်မှာ ချန်ပီယီမြို့စား အကြောင်း သတင်းစုံစမ်းရန် ဖြစ်ပြီး၊ ဒုတိယအချက်မှာ လက်ဦးမှုယူ၍ ချန်ပီယံမြို့စားကို ထိုးနှက်တိုက်ခိုက်ပြီး သူ့အင်အားကို အားနည်းသွားစေရန် ဖြစ်သည်။ ဟုန်ယွိသည် ချန်ပီယံမြို့စား၏ စိတ်နေစိတ်ထားအရ သူ့ကို ရန်စခဲ့သူအား သေချာပေါက် အလွှတ်ပေး မည် မဟုတ်ကြောင်း သိရှိထားသဖြင့်၊ ယူလူလက်အား သူ့ကို လျှို့ဝှက် လုပ်ကြံ သတ်ဖြတ် ခိုင်းမည်ကိုပါ သိရှိထားသည်။
ချန်ပီယံမြို့စားသည် သူ့ကို သိုင်းသူတော်စင်တစ်ဦးမျှသာ ဖြစ်ပြီး၊ နက်ရှိုင်းသော တာအို ပညာရှင်တစ်ဦး မဟုတ်ဟု အထင်မှားနေသော အချက်ကို အခွင့်ကောင်းယူ၍ အလစ်အငိုက် တိုက်ခိုက်လိုခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်, သူ တာအိုပညာကို ထုတ်ဖော်လိုက်သည်နှင့် ချန်ပီယံမြို့စားသည် ကြိုတင်ပြင်ဆင်ထားပြီး၊ ကိစ္စတွေက ပိုမို ခက်ခဲလာလိမ့်မည်။
မူလက ဟုန်ယွိသည် ယူလူလက်ကို တွေ့သောအခါ စကားအများကြီး မပြောလိုသော် လည်း သူမလက်ထဲရှိ ယပ်တောင်သည် အလွန်အစွမ်းထက်ကြောင်း သတိပြုမိသဖြင့် သူမ၏ စိတ်ဓာတ်ကို ဖြိုခွဲရန် စကားစလိုက်ခြင်း ဖြစ်သည်။ သူမ၏ တာအိုကျင့်စဉ်သည် ရှင်းယုဆန်နှင့် အဆင့်တူလုနီးပါး ရှိနေပြီး၊ ရုပ်လုံးဖော်ခြင်းနှင့် သိမ်းပိုက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ္ဆေအင်မော်တယ် နယ်ပယ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။
ယခုလေးတင် ပြောဆိုခဲ့သော စကားများသည် ရွှေပင့်ကူထံမှ ရရှိခဲ့သော သတင်းအချက် လက်များ ဖြစ်သည်။
ယူလူလက်၏ တာအိုပညာဖြင့် သူမသည် ဟုန်ယွိ ကို သဘာဝအတိုင်း မထိနိုင်သော်လည်း သူမလက်ထဲတွင် ကောင်းကင် ယပ်တောင် ရှိနေသောအခါ ကိစ္စက ကွဲပြားသွားသည်။
ပို၍ အရေးကြီးသည်မှာ ဤနေရာသည် ဖန်ရှင်းတာအိုဂိုဏ်း၏ နယ်မြေဖြစ်ပြီး၊ တာအို သခင် များစွာ ရှိသည်။ ဟုန်ယွိသည် နတ်ဘုရားကျောက်တုံးကို လုယူခဲ့သည့် နောက်ဆုံး အကြိမ်က ကောင်းကင်ယံတွင် မိုးကြိုးမုန်တိုင်းများ ကျရောက်နေသောကြောင့် ထိုတာအိုသခင်များစွာသည် သူတို့တာအိုမှော်ပညာများကို အသုံးပြုရန် အဆင်မပြေခဲ့ပေ။ သို့သော် ယခုအခါ လရောင် ထိန်ထိန်သာနေပြီး၊ မိုးကောင်းကင်က သာယာနေသဖြင့် တာအိုသခင်များစွာသည် သူတို့၏ တာအိုမှော်ပညာများကို အပြည့်အဝ ထုတ်ဖော်နိုင် သည်။
"ရှင်က တကယ်ပဲ ဘယ်သူလဲ။"
သူမကို မြင့်မြတ်သော ယူနီကွန်သတ္တဝါနှင့် နှိုင်းယှဉ်သည်ကို ကြားသောအခါ ယူလူလက် ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပါသည်။ ဤသည်မှာ သူမ ငယ်စဉ်က တောင့်တခဲ့သော လွတ်လပ်မှု ဖြစ်သော်လည်း ယခုအခါတွင် သူမ၏ တောင့်တမှုမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဟုန်ယွိ၏ စကားများက သူမ၏ စစ်မှန်သော သဘာဝကို တည့်တည့် ထိမှန်စေသည်။
"ချန်ပီယံမြို့စားကို စွန့်ခွာပြီး မင်းရဲ့စိတ်ကို လွတ်လပ်စွာ ပျံသန်းလိုက်ပါ။ မဟုတ်ရင် မင်းရဲ့ တာအိုပညာဟာ နောက်ထပ် ဘယ်တော့မှ တိုးတက်နိုင်မှာ မဟုတ်တော့ဘူး။ မင်းဟာ ရှင်ခြင်းသေခြင်း အတားဆီးကို ဖြတ်ကျော်ပြီး၊ ရှင်ခြင်းသေခြင်းကို လွတ်လပ်စွာ ဖြတ်သန်းနိုင်တဲ့ တစ္ဆေအင်မော်တယ်နယ်ပယ်ထဲ ဝင်ရောက်နိုင်မှာ မဟုတ်တော့ဘူး။"
ဟုန်ယွိက ပြောလိုက်သည်။
"တစ္ဆေအင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်ဖို့လား။"
ယူလူလက်၏ မျက်လုံးများက ဟုန်ယွိကို စိုက်ကြည့်ရင်း သူမ၏ မျက်တောင်ရှည်များသည် နှစ်ကြိမ် ပုတ်ခတ်သွားခဲ့သည်။
"မင်းသမီး၊ သတိထား။"
ဤအချိန်တွင် တောင်ခြေမှ သိမ်းငှက်အော်သံကဲ့သို့ ရှည်လျားသော အသံတစ်ခု ထွက်ပေါ် လာပြီး၊ ရွှေရောင်အရိပ်ကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
၎င်းသည် ဧရာမ ရွှေလင်းယုန်ငှက်တစ်ကောင် ဖြစ်သည်။
၎င်း၏ ဖြန့်ကားထားသော သံမဏိချိတ်ကဲ့သို့ ခြေသည်းများသည် လုံးပတ် တစ်ပေ၊ နှစ်ပေခန့် ရှိကာ၊ နွားတစ်ကောင်ကိုပင် ဖမ်းဆုပ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ဤရွှေလင်းယုန်သည် အတောင်ပံများကို ဖြန့်လိုက်ရာ လရောင်ကို ပိတ်ဆို့သွားပြီး တာအိုကျောင်းတော်တစ်ခုလုံး မှောင်မိုက်သွားပြီး၊ လင်းယုန်တောင်ပံများက ပြင်းထန် သော လေထုကို စုတ်ဖြဲသွားသည်။ ၎င်း၏စွမ်းအားသည် ပြိုင်ဘက်ကင်းသည်။
"ဟွန်း…၊ ဒီလိုအသေးဖွဲ့ တာအိုပညာလေးနဲ့ ကျုပ်ကို ယှဉ်ပြိုင်ချင်တာလား။" ဟုန်ယွိ၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး၊ သူ့လက်ချောင်းကို တောက်ထုတ်လိုက်ရာ မီးလျှံပိုက်ကွန်တစ်ခု ထွက်ပေါ်လာပြီး ရွှေလင်းယုန်ငှက်ကြီးကို ဖမ်းဆုပ်လိုက်သည်။ ရွှေလင်းယုန်သည် နာကျင်စွာ အော်ဟစ်ရင်း မီးလောင်ထားသော အမွေးများအဖြစ် ပြောင်းသွားကာ အောက်သို့ ပြုတ်ကျသွားသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ရာ ကောင်းကင်မြစ် စီးဆင်းနေသကဲ့သို့ ခုနှစ်ရောင်ခြယ် အလင်းတန်းတစ်ခုသည် ယူလူလက်ထံသို့ ပစ်ဝင်သွားခဲ့သည်။
"ရှင်က ကျွန်မရဲ့စိတ်ကို စကားလုံးတွေနဲ့ ဖမ်းစားပြီး တိုက်ခိုက်ရဲတယ်ပေါ့။" ဤအခိုက်တန့်တွင် ယူလူလက်သည် ရုတ်တရက် သတိဝင်လာပြီး မြေဝါရောင် စက်လုံး တစ်ခုကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်ရာ သူမ၏ ပတ်ပတ်လည်တွင် မပျက်စီးနိုင်သော ဥခွံကဲ့သို့ အကာကွယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မျဉ်းများက လေဟာနယ်ကို ဆုတ်ဖြဲပြီး ဟုန်ယွိထံသို့ ဦးတည်သွားလေသည်။
"ဟင်…။ ဒြပ်ကြီးငါးပါး နတ်ဆိုးဓားတွေ၊ ဘာလို့ မင်းလက်ထဲ ရောက်နေတာလဲ။ တောရိုင်း ဒေသမှာ ဉဒေါင်းဘုရင်ရဲ့သမီး ရှင်းယုဆန် တစ်ခုခုဖြစ်သွားလို့ ချန်ပီယံမြို့စားက လုယူလာတာလား။ ဒီယပ်တောင်ကလည်း လေဟာနယ်ကိုတောင် ဆုတ်ဖြဲနိုင်တာပဲ။"
ဝှစ်…။
ဟုန်ယွိ၏ ခုနှစ်ရောင်ခြယ် အလင်းတန်းသည် ကောင်းကင်ယပ်တောင်ကြောင့် ညင်သာစွာ လှုပ်ခတ်သွားပြီး၊ အနက်ရောင်မျဉ်းကြောင်းများက ဖြတ်တောက်လာသည်။ ၎င်းတို့နှစ်ခု အပြင်းထန် ထိပ်တိုက်တွေ့ဆုံသောအခါ ပိုးထည်စ ကတ်ကြေးနှင့် တွေ့သကဲ့သို့ ချက်ချင်း ပင် ရောင်စုံအလင်းအပိုင်းများအဖြစ် စုတ်ပြဲသွားပြီး၊ ကောင်းကင်နှင့် မြေကြီးကြားထဲသို့ ပျံ့လွင့်သွားခဲ့သည်။
သို့သော် ကောင်းကင်ယပ်တောင်က ခတ်လိုက်သော အနက်ရောင် မျဉ်းကြောင်းများသည် စွမ်းအား မလျော့ဘဲ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဟုန်ယွိဆီသို့ ဆက်လက် စုတ်ဖြဲ နေသည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး အတွေးတစ်ခု ပေါ်လာကာ စစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်။ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး လက်ဝါးတစ်ချက် ရိုက် ထုတ်လိုက်ရာ အနက်ရောင် မျဉ်းကြောင်းများကို တိုက်ရိုက် ထိမှန်သည်။ ထို့နောက် စစ်နတ်ဘုရား၏ လက်သည် ပြတ်သွားသော်လည်း အနက်ရောင် မျဉ်းကြောင်းများလည်း ပျောက်ကွယ်သွားသည်။
"သူမကို ဖမ်းလိုက်။"
စစ်နတ်ဘုရားသည် အနက်ရောင် မျဉ်းကြောင်းများကို တားဆီးရာတွင် လက်ပြတ်သွား သော်လည်း မကြာခင် ပြန်ပေါက်လာသည်။ စစ်နတ်ဘုရားသည် အားကုန်သုံးကာ ကောင်ကင်သို့ ခုန်တက်ပြီး ဟစ်ကြွေးကာ၊ ခြေလှမ်း ငါးဆယ်ကျော် အကွာအဝေးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ပြင်းထန်သော လေပြင်းကို သယ်ဆောင်ကာ ယူလူလက်၏ ခန္ဓာကိုယ်ပေါ်ရှိ မြေအဝါရောင် ဥခွံအလွှာကို ရိုက်ခွဲသည်။
ဖျစ်…။
မြေကြီးနတ်ဆိုးစွမ်းအင်ဖြင့် စုစည်းထားသော ဥခွံအလွှာတစ်ခုလုံးသည် တစ်ချက်တည်း ဖြင့် ကြေမွသွားပြီး၊ ယူလူလက်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာ ပေါ်လာ သည်။
"ဟွန်း။ ယူလူလက်မပြောနဲ့ ဉဒေါင်းဘုရင် ကိုယ်တိုင်တောင် သူ့ရဲ့ဒြပ်ကြီးငါးပါး နတ်ဆိုးဓားတွေနဲ့ ကျုပ်ရဲ့စစ်နတ်ဘုရားကျမ်းရဲ့စွမ်းအားကို တားနိုင်မှာ မဟုတ်ဘူး။ နတ်လင်းယုန်ဘုရင်…၊ ခင်ဗျားလည်း ကျုပ်ပြိုင်ဘက် မဟုတ်ဘူး။"
ဟုန်ယွိသည် လက်နောက်ပစ်ကာ မောက်မာစွာ ပြောလိုက်သည်။
အလွန်မင်း ပူပြင်းသော ယန်အတွေးတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ဧရာမ လေပွေအဖြစ် ပြောင်းလဲကာ တောင်အောက်မှ ပျံသန်းလာသော ရွှေနက်ရောင် တိမ်တိုက် ပေါ်သို့ ကျဆင်းလာသည်။
ဝှစ်…။
ဤရွှေနက်ရောင် တိမ်တိုက်သည် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ထဲသို့ ချက်ချင်း စုပ်ယူ ခံလိုက်ရပြီး ပုတီးလုံးများအဖြစ် ပြောင်းလဲကာ အောက်သို့ ကျဆင်းလာသည်။ ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဤပုတီးလုံးများသည် သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာ သည်။ တစ်လုံးချင်းစီသည် ကြည်လင်သော ဓာတ်တော်တစ်ခုစီ ဖြစ်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ် ခင်ဗျားရဲ့ ပုတီးကို ဖျက်ဆီးပစ်ခဲ့တယ်။ ခင်ဗျားက ဒီပုတီးကို ပြန်ပြင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ, ဒီနေ့, ကျုပ် ဒီပုတီးကို ခင်ဗျားဆီမှာ ထားခဲ့လိုမဖြစ်တော့ဘူးနဲ့တူတယ်။ ဒါတွေက သိုင်းသူတော်စင်တွေရဲ့ အရိုးအနှစ်သာရနဲ့ ပြုလုပ်ထားတာပဲ။ သူတို့ကို ငြိမ်းချမ်းစွာ အနားယူခွင့် ပေးလိုက်ပါ။"
သူ့လက်ထဲရှိ ပုတီးလုံးများကို ကြည့်ပြီး ဟုန်ယွိက ပြုံးလိုက်သည်။ ရုတ်တရက် ကောင်းကင်ယံရှိ လရောင်သည် ဆယ်ဆ ပိုမို တောက်ပလာပြီး၊ နှင်းကျနေသကဲ့သို့ မြေပြင်ကို လင်းထိန်စေကာ၊ ကျောက်တုံးများအတွင်းရှိ အက်ကွဲကြောင်းများသည် မျက်စိ ကျိန်းလောက်သော အလင်းများဖြင့် ပြည့်နှက်နေသည်။
ပိုမို ပြင်းထန်ပြီး စူးရှသော လရောင်သည် ကောင်းကင်ယံမှ ကျဆင်းလာပြီးနောက် သူ၏ လက်ထဲရှိ ဝိညာဉ်ဂါထာဗုဒ္ဓပုတီးစေ့များကို တိုက်ရိုက် ထိမှန်သည်။
ဝိညာဉ်ဂါထာဗုဒ္ဓပုတီးစေ့များသည် အငွေ့ပျံသွားသကဲ့သို့ ဖြစ်နေပြီး မျက်စိတစ်မှိတ် အတွင်း သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားသည်။
"မဟုတ်ဘူး။"
နတ်လင်းယုန်ဘုရင်၏ စူးရှသော အော်သံသည် အပေါ်နှင့် အောက်ဘက်မှ တစ်ဖန် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော ယင်လေသည် တောင်ပေါ်မှ ဝှေ့ယမ်း တိုက်ခတ်လာသည်။ ၎င်းသည် တာအိုကျောင်းသို့ ရောက်ရှိသောအခါ ပုံရိပ် အများအပြားသည် ယင်လေအတွင်းမှ ထွက်ပေါ်လာသည်။
ဖန်ရှင်းတာအိုဂိုဏ်း၏ ခေါင်းဆောင် ရှောင်အန်ရန်၊ သူ၏ ဂျူနီယာညီ ရှောင်ယွင်ဖုန်းနှင့် ထူးဆန်းသည့် မျက်ဆံနှစ်ထပ်ပါသော မိန်းကလေးနှစ်ဦးဖြစ်သည်။
မျက်ဆံနှစ်ထပ်ပါသော မိန်းကလေးနှစ်ဦးထဲမှ တစ်ဦးသည် ယောင်ယွမ်ရူဖြစ်ပြီး၊ ဟုန်ယွိ သည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီညီအစ်မကို ကယ်တင်စဉ်က တိုက်ခိုက်ဖူးသည်။
ထိုအခိုက်တွင် ဟုန်ယွိက လျင်မြန်စွာ ကြည့်လိုက်ရာ ယောင်ယွဲ့ရူ၏ ခန္ဓာကိုယ်မှ ခပ်သဲ့သဲ့ မွှေးရနံ့ သင်းပျံ့နေသည်ကို သတိပြုမိသည်။ မည်သည့်အညစ်ကြေးမှ မရှိတော့ဘဲ သူမ၏ ရုပ်ခန္ဓာကိုယ်သည် "သိုင်းသူတော်စင်"အဆင့်သို့ ဝင်ရောက်ပြီးသည့် သိုင်းသူတော်စင် တစ်ဦးဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ဟုန်ယွိသည် သူမကို ရင်ဆိုင်တိုက်ခိုက်စဉ် ဤအမျိုးသမီးသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တစ်သားတည်း ပေါင်းစည်းနိုင်သည့် မဟာဆရာသခင်တစ်ဦး ဖြစ်နေခဲ့သည်။ တစ်နှစ်အကြာတွင် သူမသည် သိုင်းသူတော်စင်နယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့သည်။
နောက်တစ်ဦးမှာ ယောင်ယွဲ့ထင်း ဖြစ်ပြီး၊ ဥဒေါင်းဘုရင်၏သမီး ရှင်းယုဆန်ထက်ပင် ပိုမို ပါရမီထူးချွကာ တာအိုကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမသည် ရှင်ခြင်းသေခြင်း အတား အဆီးကို ကျော်ဖြတ်ကာ တစ္ဆေအင်မော်တယ် နယ်ပယ်သို့ အချိန်ကာမြင့်စွာကတည်းက ဝင်ရောက်ထားသူ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤအမျိုးသမီးနှစ်ဦးသည် ဟုန်ယွိ၏ ဖအေတူ မအေကွဲ ညီအစ်မများ လည်း ဖြစ်သည်။
ထို့အပြင် ရိုရန်အင်ပါယာ၏ မင်းသားရှီဒီလည်း ရှိနေသည်။ သူသည် စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ် နှစ်ခုစလုံးဖြင့် အထွက်အထိပ်သို့ မဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေ သည့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
မင်းသားရှီဒီ၏ သိုင်းပညာသည် ဆေးဝါးများဖြင့် အတင်းအကျပ် မြှင့်တင်ထားခြင်း မဟုတ် ဘဲ သဲကန္တာရ၏ သဲထဲတွင် အပြည့်အဝ ကျင့်ကြံထားခြင်း ဖြစ်သည်။ ထိုသို့သော မဟာဆရာသခင်မျိုးသည် ကြောက်စရာအကောင်းဆုံး ဖြစ်သည်။
နတ်လင်းယုန်ဘုရင်၊ ရှောင်အန်ရန်၊ ရှောက်ယွင်ဖုန်း၊ ယောင်ယွဲ့ရူ၊ ယောင်ယွဲ့ထင်၊ မင်းသားရှီဒီ၊ တစ္ဆေအင်မော်တယ် လေးဦး၊ သိုင်းသူတော်စင် တစ်ဦး၊ အထွက်ထိပ် မဟာ ဆရာသခင်တစ်ဦး၊ ကောင်းကင်ယပ်တောင်နှင့် ဓာတ်ကြီးငါးပါးနတ်ဆိုးဓားကို ကိုင်ဆောင် ထားသော မင်းသမီး ယူလူလက်။ ဤအဖွဲ့သည် သာမန် တစ္ဆေအင်မော်တယ်များထက် အများကြီး ပိုမို အစွမ်းထက်ပြီး၊ မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်များနှင့်ပင် နှိုင်းယှဉ် နိုင်လောက်သည်။ ဤသည်မှာ အလွန်မင်း အစွမ်းထက်သော တိုက်ခိုက်ရေး အင်အားစုတစ်ခု ဖြစ်သည်။
ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဘဲဉပုံစံ ကောင်းကင် ကန့်လန့်ကာအလွှာတစ်ခု က ကောင်းကင်ယံမှ ကျဆင်းလာပြီး၊ နဂါးကျောက်စိမ်းတောင်ပေါ်ရှိ တာအိုကျောင်း တစ်ခုလုံးကို ထိုကြည်လင်သော အလင်းကန့်လန့်ကာက လွှမ်းခြုံသွားပြီး၊ ထိုနေရာကို "လေဟာနယ်ပိုင်းခြားခြင်း" နည်းလမ်းဖြင့် ပြင်ပကမ္ဘာမှ ယာယီခွဲထုတ်လိုက်သည်။
ဤနည်းလမ်းသည် ကျီချန်ယွဲ့ မူလမြေနန်းဆောင်တွင် ပြသခဲ့သော "လေဟာနယ် ခွဲခြား ခြင်း" နည်းလမ်းပင် ဖြစ်သည်။ သို့သော် ၎င်းသည် ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာမျိုး မဟုတ်တော့ဘဲ ကမ္ဘာနှစ်ခုအဖြစ် ယာယီခွဲထုတ်ခြင်း ဖြစ်ကာ၊ ပုံရိပ်ယောင်လေဟာနယ် ကမ္ဘာထက် တစ်ဆင့်မြင့်သည်။
ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် မိုးကြိုးကပ်ဘေး၏ အလယ် အူတိုင်တွင် လေဟာနယ်ကို စုတ်ဖြဲပြီး၊ အကန့်သတ်မဲ့ စကြာဝဠာနှင့် အခြား အမည်မသိ ကမ္ဘာကြားရှိ လေဟာနယ် အက်ကွဲကြောင်းများကို ဖွင့်လှစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး နောက် ၎င်း၏ နိယာမ အချို့ကို နားလည်ခဲ့ပြီး ဖြစ်သည်။
"မင်း ထပ်ရောက်လာပြန်ပြီလား။ မြို့စားရဲ့ နတ်ဘုရားကျောက်တုံးကို မင်း လုယူသွားတာ မဟုတ်လား။ အခု မြို့စား မရှိတုန်း ပြဿနာ ရှာဖို့ ထပ်ရောက်လာတာလား။" နတ်လင်းယုန် ဘုရင်က ဟုန်ယွိကို ကြည့်ပြီး စူးရှသော အသံဖြင့် အော်ပြောလိုက်သည်၊ "မင်း အိမ်ရှေ့စံမင်းသားနဲ့ ဘယ်လို ပတ်သက်နေလဲ။ မင်းလို မိုးကြိုးကပ်ဘေးအဆင့် အစွမ်းထက်တဲ့ တာအိုသခင်တစ်ဦးက ဘာလို့ နန်းတော် အတွက် အလုပ်လုပ်နေရတာ လဲ။"
"အိုး…။ ခင်ဗျားဆိုတဲ့ နတ်လင်းယုန် ဘုရင်ဟာ မဟာနတ်ဆိုး အင်မော်တယ်ကြီး ရှစ်ဦးထဲ က တစ်ဦးဖြစ်သလို၊ အမြဲတမ်း တစ်ကိုယ်တော်အနေနဲ့ ကမ္ဘာလောကကြီးမှာ လွတ်လပ်စွာ လှည့်လည်ခဲ့တယ်။ ခင်ဗျားကရော ဘာလို့ ချန်ပီယံမြို့စားကို အလုပ်အကျွေး ပြုနေရတာ လဲ။" ဟုန်ယွိက နတ်လင်းယုန်ဘုရင်ကို ကြည့်ပြီး ပြောသည်။
"ဟွန်း..။ မြို့စားက ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ သခင် ဖြစ်တယ်။ သူဟာ အနာဂတ်မှာ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေလို တည်ရှိမူတစ်ဦး ဖြစ်လာလိမ့်မယ်။ ငါ သူ့နောက်ကို လိုက်ရင်, ဒီလောကကြီးကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ချက် ရှိတယ်။ ဒါ့အပြင် မြို့စားကို ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာကံတရားက ဝန်းရံထားတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး မြို့စားကို ဆန့်ကျင်သူတိုင်း သေဆုံးခဲ့ရတယ်။ မြို့စားကို အညံ့ခံမှပဲ ထွက်ပေါက် ရှိတယ်။ မင်းကို ငါ အကြံပေးလိုက်မယ်၊ နတ်ဘုရားကျောက်တုံးကို ချက်ချင်း ပြန်ပေးပြီး မြို့စား ရှေ့မှာ အညံ့ခံလိုက်ပါ။ အနာဂတ်မှာ မြို့စား ရှေးခေတ် သူတော်စင် ဧကရာဇ်တစ်ပါး ဖြစ်လာတဲ့အခါ မင်းလည်း ဒီကမ္ဘာလောကကို ကျော်လွှားနိုင်ဖို့ အခွင့်အရေး ရကောင်း ရလိမ့်မယ်။"
နတ်လင်းယုန် ဘုရင်သည် သူ၏ လင်းယုန်မျက်လုံးတစ်စုံဖြင့် ဟုန်ယွိကို စိုက်ကြည့်နေ သည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် ရုပ်လုံးဖော်ထား သောကြောင့် သူ၏ မျက်နှာအစစ်ကို သဘာဝအတိုင်း ဖော်ထုတ်ခြင်း မရှိပေ။
"ရှင်လို အစွမ်းထက် တာအိုသခင်တစ်ဦးက ဒီကမ္ဘာမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ။ ကျွန်မ ဘာလို့ ရှင့်အကြောင်း တစ်ခါမှ မကြားဖူးရတာလဲ။ ရှင်ရဲ့ တာအိုမှော်ပညာအရ ဆိုရင်, ရှင်ဟာ ဒီလောကတစ်ခွင်မှာ နာမည်ကျော် နေသင့်ပြီ။ ရှင် ဘာလို့ အမည်မသိ ဖြစ်နေရတာလဲ။ ရှင့်နာမည်နဲ့ တာအိုဘွဲ့နာမည်ကို ပြောပြပါ။"
ထိုစဉ် ရှင်းလင်းသော မိန်းမပျိုအသံ တစ်ခု ထွက်ပေါ်လာသည်။
အသံပိုင်ရှင်သည် မျက်ဆံနှစ်ထပ်ရှိသော အမျိုးသမီး ဖြစ်ပြီး၊ ယောင်ယွဲ့ရူနှင့် ရုပ်ခြင်း အလွန်ဆင်သည်။ ဤအမျိုးသမီး၏ ဆံပင်ဖဲကြိုးများသည် လေထဲတွင် လွင့်နေပြီး သူမ၏ မျက်နှာက အလွန် နူးညံ့သည်။ သူမသည် ယောင်ယွဲ့ထင်း ဖြစ်ကြောင်း ထင်ရှားသည်။
"ဒါဆို မင်းက ယောင်ချီဂိုဏ်းရဲ့ ပါရမီရှင် မိန်းကလေး ယောင်ယွဲ့ထင်းပေါ့။ မင်းက ဟုန်ရွှန်ကျိရဲ့ တရားမဝင် သမီးလို့ ငါ ကြားတယ်။" ဟုန်ယွိ၏ မျက်လုံးများက ထူးဆန်း သော အမူအရာဖြင့် လင်းလက်သွားပြီး စကားပြောသော ယောင်ယွဲ့ထင်းကို ကြည့်သည်။
"ဟီ..ဟီ..၊ ဟီ…ဟီ" ယောင်ယွဲ့ထင်းက စကားမပြောတော့ပေ။ ထိုစဉ် ယောင်ယွဲ့ရူက စတင် စကားပြောလိုက်ပြီး ငွေခေါင်းလောင်းအသံဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူမက "တာအိုရောင်းရင်း, ရှင်က တာအိုကျင့်ကြံသူ မဟုတ်ဘဲ ပညာရှင်တစ်ဦး ဖြစ်နေပုံရ တယ်။ ဒါပေမဲ့ ရှင် ဘယ်လောက် အစွမ်းထက်ပါစေ၊ ငါတို့ လူအများကြီး ဝိုင်းထားတော့ ရှင် အခြေအနေ မကောင်းနိုင်မှာ စိုးရတယ်။ ယူလူလက်ရဲ့ လက်ထဲက ယပ်တောင်က ဘာလဲ ဆိုတာ ရှင်သိလား။ ဒီယပ်တောင်က ဥဒေါင်းဘုရင်ရဲ့ အသက်ဝိညာဉ် ရတနာ ဖြစ်တဲ့ ကောင်းကင်ယပ်တောင်ပဲ။ ပြီးတော့ မဟာနတ်ဆိုး အင်မော်တယ်ကြီး ရှစ်ဦးထဲ တစ်ဦး အပါဝင်ဖြစ်တဲ့ ရွှေပင့်ကူဘုရင်လည်း ရှင့်နောက်မှာ ရှိနေတယ်။ ရှင် မလွတ်မြောက်နိုင်မှာ စိုးရတယ်။"
"ကောင်းကင်ယပ်တောင်လား။ ရွှေပင့်ကူဘုရင်လား" ဟုန်ယွိသည် မရယ်ဘဲ မနေနိုင်ပေ။ ဟိုတချိန်တုန်းက သူသည် ယောင်ယွဲ့ရူကို ခြောက်လှန့်ရန် ရွှေပင့်ကူဘုရင်၏ နာမည်ကို အသုံးပြုခဲ့သည်။ ဒီနေ့ ယောင်ယွဲ့ရူက သူ့ကို ရွှေပင့်ကူဘုရင်နှင့် ခြိမ်းခြောက်ရန် ကြိုးစားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
"ဥဒေါင်းဘုရင်နဲ့ ရွှေပင့်ကူဘုရင်တို့ အတူတူ လာရင်တောင် ကျုပ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ မူလက ဒီနေ့ ချန်ပီယံမြို့စားကို ထပ်မံ စိန်ခေါ်ပြီး သူ့ရဲ့ ဖန်ဟွမ်အသက်ဝိညာဉ် ဓားကို စမ်းကြည့်ဖို့ လာခဲ့တာ။ သူ ဒီမှာ မရှိဘူးဆိုတော့, မင်းတို့ အားလုံးကို တခါတည်း ဖမ်းဆီးပြီး၊ သူ့ရဲ့ အတောင်ပံတွေကို ဖြတ်ပစ်မယ်။"
ဟုန်ယွိက ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။
"ရွှေပင့်ကူဘုရင်ကတောင် မင်းကို ဘာမှ မလုပ်နိုင်ဘူး။" ဟုန်ယွိ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ချိန်တွင် သူ့နောက်က ကျောက်တုံး တစ်ခုသည် ရုတ်တရက် အက်ကွဲသွားပြီး ဆိုးသွမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။