← Chapters

သူလျှိုများ ... ။

Vol. 71 Ch. 841

သူလျှိုများ ... ။

Vol. 71 Ch. 841

သုံးရက်မြောက်သော နေ့သစ်၏ နံနက်ခင်းတွင် ဝူထုံမြို့ ဖီးနစ်တောင်သည် ကဗျာရွတ်သံများဖြင့် အသက်ဝင်နေသည်။

တောင်ခြေတွင် ထိုကဗျာရွတ်သံများကို လာရောက်နားထောင်နေသော ကျင့်ကြံသူအချို့ သည်လည်းရှိ၏။

ထိုသူများသည် ကဗျာများအတွင်းရှိ တာအိုအနက်အဓိပ္ပာယ်များကို ဖော်လျက် နှစ်ခြိုက်စွာ နစ်မျောနေကြသည်။

သို့သော် ထိုမြင်ကွင်းကို အဝေးမှ မြင်နေရသော ဖေးယွမ်၏ မျက်ဝန်းများတွင်မူ အထင်အမြင်သေးသော အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။

“ လူမိုက်တွေကသာ နတ်ဘုရားတွေကို ရှိခိုးပြီး ဘေးကင်းဖို့အတွက် ဆုတောင်းကြတယ် ကဗျာရွတ်သံကို နားထောင်ပြီး တာအိုကို ယူနေတာကတော့ အရူးနဲ့မခြားပါဘူး။”

ဖေးယွမ်သည် အစိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ချောမောလှပသော မျက်နှာသည် နံနက်ခင်း အလင်းရောင် အောက်တွင် နှစ်လိုဖွယ်လင်းလက်နေသည်။

ထို့နောက် ဖီးနစ်တောင်ပေါ်သို့ ဆင်းသက်လိုက်ပြီး လက်နှစ်ဖက်နောက်ပို့ကာ အေးအေးလူလူ လှမ်းတက်သွား၏။

တောင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်း ကာကွယ်ထားသော တားမြစ်ဝင်္ကပါကြီးသည် ပျက်ပြယ်သွားသည့်အလား သူ့အပေါ် တားဆီးနိုင်ခြင်း မရှိချေ။

တောင်ပေါ်သို့ ရောက်ရှိလာသည်အထိ အကယ်ဒမီတစ်ခုလုံး ငြိမ်သက်နေဆဲဖြစ်ပြီး တစ်စုံတစ်ဦး ကျူးကျော်ဝင်ရောက်လာသည်ကို မည်သူမျှ မသိနိုင်ဖြစ်နေခဲ့သည်။

ထိုစဉ် ဖေးယွမ်၏ အကြည့်သည် ဝေးလံလှသော ချောက်ကမ်းထိပ်ရှိ ကျောက်တုံး တစ်တုံးပေါ်သို့ ကျရောက်သွား၏။

ထိုအရပ်တွင် ကျောက်စိမ်းရောင်ဝတ်ရုံ ဆင်မြန်းထားသည့် လူငယ်လေးတစ်ဦးသည် အေးအေးလူလူ လှဲလျောင်းနေသည်။

သစ်ပင်ရိပ်များကြားမှ ကျဆင်းလာသော နေရောင်ခြည်များသည် ရွှေရောင်အမျှင်အလား လူငယ်အပေါ် ကျဆင်းနေ၏။

အလွန်ပင် အေးဆေးတည်ငြိမ်ကာ နံနက်ခင်းပန်းချီကားတစ်ချပ်လို တင့်တယ်လွန်း နေတော့သည်။

“ ဒီကောင်လေးက စာပေကို သင်ကြားဖို့စိတ်မဝင်စားဘဲ မနက်စောစော ဒီမှ အရက်လာခိုးသောက်နေတာကိုး။ ”

ထိုလူငယ်လက်ထဲရှိ ဝိုင်အိုးကို မြင်လိုက်ချိန်တွင် မေးစေ့ပွတ်သပ်ပြီး ပြုံးရယ် မှတ်ချက်ပေးလိုက်သည်။ ဤလူငယ်သည် အကြီးအကဲတစ်ဦးဦး၏ ပျက်စီးနေသော မျိုးဆက် ဖြစ်ပေမည်။

“ နေဦး သူ့ဝိညာဉ်ကို ရှာဖွေလိုက်ရင် ငါအချိန်ကုန်သက်သာမယ်။ ”

ရုတ်တရက် အတွေးပေါ်လာပြီး ဖေးယွမ်တစ်ယောက် လေထဲပျံတက်သွားကာ ချောက်ကမ်းထံ ဦးတည်လိုက်တော့၏။

သို့သော် ချဉ်းကပ်လာသည်နှင့်အမျှ စိတ်မသက်မသာဖြစ်စေသော အမည်မသိ ခံစားချက်များ တစ်စတစ်စတိုးလာလေသည်။ ယင်းသည် သားရဲတွင်းသို့ တိုးဝင်နေသော ယုန်သူငယ်အလား ခံစားရ၏။

“ ဘာတွေဖြစ်နေတာလဲ။ ”

နှလုံးသားအနည်းငယ် ရှုပ်ထွေးလာသဖြင့် နှာခေါင်းရှုံ့လျက် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ရ၏။ သူ့မျက်ဝန်းတစ်စုံသည် ရွှေရောင်များ ပြောင်းလဲသွားသည်။

ထိုမျက်ဝန်းအောက်တွင် တစ်ဖက် လူငယ်သည် တည်ငြိမ်စွာဖြင့် ဘေးတိုက်အသွင် ထိုင်နေဆဲဖြစ်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ လူငယ်ပတ်ဝန်းကျင်ရှိလေထုသည် မဟာတာအို ရောင်ဝါများဖြင့် လှိုင်းလေငြိမ်နေသော သမုဒ္ဒရာ အလား ခန့်မှန်းရခက်စွာ လည်ပတ်နေချေပြီ။

“ ဒီကောင်လေး မရိုးရှင်းဘူး ... ငါ့ကို စောင့်နေတာများလား။ ”

ရုတ်တရက် အတွေးက ဖေးယွမ်ကို မျက်နှာပျက်သွားစေ၏။ ထိုစဉ်ကျောက်တုံး ပေါ်မှ လူငယ်သည် ဝိုင်စ်ငုံသောက်လျက် စကားပြောလာတော့သည်။

“ မင်း တစ်ယောက်တည်းလား။ ”

“ မှန်တယ် ... ဟမ့်။ ”

ချက်ချင်း အလိုအလျောက် ပြန်ဖြေလိုက်မိသည့် သူ့ကိုယ်သူ အံ့အားသင့် သွားလေသည်။ သို့တိုင်တည်ငြိမ်အောင် ပြင်ယူ လျက်ဖြင့် ချောက်ကမ်းပါးထိပ်သို့ ဆင်းသက်လိုက်၏။

“ ဖန်းကျိကို သတ်လိုက်တာ မင်းလား။ ”

ဖေးယွမ်မှ မေးမြန်းလိုက်၏။ တစ်ဆက်တည်းမှာပင် ကြက်သွေးရောင်ဓားကို ဆင့်ခေါ်ရန် ပြင်ဆင်ထားလိုက်သည်။

“ အလျင်မလိုပါနဲ့ ... ငါတို့ စကားနည်းနည်းပြောရအောင်။ ”

လူငယ်က လှည့်မကြည့်ဘဲ သူ့လုပ်ရပ်ကိုမြင်နေဟန် တားဆီးလာချေ၏။ ဖေးယွမ်မှ မျက်ခုံးပင့်လိုက်သည်။

တစ်ဖက်လူသည် ပေါ့ပေါ့ပါးပါးဖြင့် စကားနှစ်ခွန်းမျှသာဆိုခဲ့သော်လည်း သူ့ကို ပို၍ မသက်မသာဖြစ်စေသည်။

ထို့ကြောင့် လွှမ်းမိုးလိုသောလေထုကို ချိုးဖြတ်နိုင်ရန် ချောက်ကမ်းသို့ လက်နှစ်ဖက် နောက်ပို့ကာ လျှောက်လှမ်းလိုက်၏။

“ မင်း ... ငါ့ကိုဒီမှာစောင့်နေတာ ငါနဲ့စကားပြောချင်လို့လား။ ”

သည့်နောက် လူငယ်နှင့် ဘေးတိုက် အနေအထားတွင်ရပ်ကာ တိမ်ပင်လယ်ထံ ငေးမောလျက် မေးမြန်းလိုက်၏။

“ ဟုတ်တယ်... မင်းရဲ့နှလုံးသားပြခန်း ဂိုဏ်းအကြောင်းကို စိတ်ဝင်စားနေတယ်။ ”

ဤနေရာအရောက်တွင် စုရီက သက်ပြင်းတစ်ချက်ချကာ၊

“ နှမြောစရာကောင်းတာက ဟိုတနေ့က မင်းပြောတဲ့အဖိုးကြီးသေဆုံးတော့ သူ့ဆီကနေ ဘာအချက်အလက်မှ မရလိုက်ဘူး။ ”

-ဟု ညည်းတွားတော့၏။ ဖေးယွမ်တစ်ယောက် မျက်ခုံးပင့်လျက် ပြုံးရယ်လိုက်သည်။

သို့သော် သူ့အပြုံးများသည် ယခင်ကဲ့သို့ သက်တောင့်သက်သာအသွင်မျိုး မရှိတော့ချေ။ ဤလူငယ်သည် ကုလားထိုင်တစ်လုံးတွင် ပေါ့ပေါ့ပါးပါးထိုင်ကာ အရာအားလုံးကို ချုပ်ကိုင်ထားသလိုခံစားနေရ၏။

ထိုအခြေအနေကို မကြိုက်သောကြောင့် ကိုယ်ဟန်အနေအထား အကြိမ်ကြိမ်ပြောင်းကာ လွှမ်းမိုးမှုရယူရန် ပြင်လိုက်သည်။

“ ဒီတစ်ကြိမ်တော့ အဲဒီလိုအမှားမျိုး ထပ်မဖြစ်အောင် မင်းနဲ့အေးအေးဆေးဆေး စကားပြောချင်တယ် မဟုတ်ရင် ... ။ ”

သို့သော် လူငယ်က သူ့စကားကိုရပ်ကာ ကုလားထိုင်ပေါ် ကျောမီချလိုက်၏။ ဖေးယွမ်မှ ကုလားထိုင်ထံ အကြည့်ရောက်သွားသည်။

ဤသည်မှာ သာမန်ကုလားထိုင် တစ်လုံးပေပင်။ တန်ဖိုးရှိသည့် မည်သို့သော် ရတနာမျှ မပါရှိချေ။ ဆိုလိုသည်မှာ အမှိုက် တစ်စပေပင်။

“ ဖန်းကျိလို ... မင်းငါ့ဝိညာဉ်ကို ရှာချင်နေတာလား။ ”

ဖေးယွမ်မှ မေးမြန်းလိုက်သည်။ တစ်ဆက်တည်းမှာပင် သူမျက်လုံးများကို ကုလားထိုင်မှ ခွာလိုက်၏။

ထိုအမှိုက်နှင့် ဤလူငယ်သည် သဘာဝကျစွာပေါင်းစပ်နေပြီး လွှမ်းမိုးနိုင်သည့် လေထုကိုပေးစွမ်းနေခြင်းဖြစ်သည်။

ယင်းကြောင့် ထိုင်စရာနေရာတစ်ခုကို လှည့်ပတ်ရှာဖွေလိုက်မိလေသည်။ သစ်မြစ်များ၊ ကျောက်တုံးများမှလွဲ၍ အခြားမရှိချေ။

ထိုအရာက သူ့ကိုနာကျင်သွားစေ၏။ မည်သို့သော ဧကရာဇ်မျိုးမဆိုသူနှင့်အတူ ဤမျှ စုတ်ပဲ့သော ထိုင်ခုံတစ်လုံးကို အမြဲယူဆောင်ရန် အားလပ်နေမည်မဟုတ်ချေ။

ယင်းကြောင့်အတွေးဖြင့် သွေးဓားကို ကြက်သွေးရောင်ခေါင်းတလားအဖြစ် ပြောင်းလဲ ဝင်ထိုင်ရန်အကြံရလာ၏။

ထိုစဉ် စုရီကခေါင်းငြိမ့်ပြကာ သူ့ထံလှည့်ကြည့်ပြီး လက်ဖဝါးဖြန့်ပြလာသည်။ လက်ဖဝါးပေါ်တွင် နှစ်ပေအရွယ် ကျောက်စိမ်း ပေတံတစ်ချောင်း ထွက်ပေါ်လာ၏။

ခေါင်းတလားကြီး ထုတ်ယူကာထိုင်ရန် စိတ်ကူးကိုဖျက်ပစ်လိုက်ရသည်။ ယင်းသည် အမြင်တွင် တင့်တယ်မည်မဟုတ်ချေ။

“ ဒီရတနာထဲမှာ မိခင်ချီစွမ်းအားတွေ ရှိနေတယ် မင်းရဲ့နှလုံးသားပြခန်းကဒါတွေကို ရှာဖို့လာခဲ့တာ မဟုတ်လား။ ”

ဖေးယွမ်က အံ့အားသင့်သွားသည်။ ဤလူငယ်သည် မည်မျှယုံကြည်ချက် ပြင်းထန် နေသနည်း။ ရတနာကိုပင် ဗြောင်ကျကျ ထုတ်ပြကာ မေးမြန်းဝံ့နေသည်။

“ မှန်တယ် ... ငါတို့က ရွှမ်ဟွမ်မိခင်ချီကို ရှာနေတာပဲ ... အကယ်၍မင်းသာငါ့ကို ဒီပေတံ ပေးမယ်ဆိုရင် ငါတို့သူငယ်ချင်းဖြစ်လို့ရပါတယ် မင်းသိချင်တာမှန်သမျှကိုလည်း ငါပြောပြနိုင်တယ်။ ”

“ သူငယ်ချင်းလား ... ။ ”

လူရွယ်က လှောင်ပြုံးဖြင့် ရွှမ်ပေတံကို ပြန်သိမ်းလိုက်၏။ ဖေးယွမ်မှ မျက်မှောင်ကြုတ် လိုက်ကာ ခြိမ်းခြောက်စကားဆိုလေသည်။

“ မင်းမှာ အားကိုးစရာ ရှိတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ငါတို့နှလုံးသားပြခန်းဆိုတာ ဒီကမ္ဘာက အင်အားစုတွေနဲ့ မတူဘူး ...

... ငါတို့မျက်စိထဲမှာ ဒီကမ္ဘာကြီးဟာ စွန့်ပစ်မြေပဲ ပင်းမိုရဲ့ ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ ဆိုတာတောင် ငါတို့အတွက်တော့ တတိယ တန်းစား အင်အားစုအဆင့်ပဲ ရှိသေးတယ်။ ”

ထိုစကားကြောင့် လူရွယ်မှ အံ့သြသွားကာ၊

“ ဒါဆို မင်းတို့နဲ့ ပင်းမိုကပူးပေါင်းလိုက်ပြီပေါ့။”

-ဟု မေးမြန်းလာသည်။ ဖေးယွမ်က ဝင့်ကြွားသောအသွင်ဖြင့်၊

“ သူက ကံကောင်းသွားတဲ့ လူမိုက်တစ်ယောက်ပါ ... လွန်ခဲ့တဲ့နှစ်တွေက မိန်းကလေးရဲ့ အသိအမှတ်ပြုမှုကိုရခဲ့တယ် ...

... မကြာခင်မှာ သူ့ကို ငါတို့နှလုံးသားပြခန်းက အမာခံတပည့်အဖြစ် လက်ခံတော့မယ်။ ”

-ဟု ပြန်လည်ဖြေကြားလိုက်သည်။

ထိုစကားကြောင့် စုရီ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ ပင်းမိုသည်လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ပြင်ပအင်အားစုနှင့် ပူးပေါင်းနေခဲ့ပုံရ၏။ ထိုအသိက လူသတ်ချင် စိတ်ကို ပို၍တိုးပွားလာစေသည်။

“ အဲဒီမိန်းကလေးက ဘယ်သူလဲ။ ”

“ မင်းသာ ... ဒီပေတံကိုပေးရင် ငါသူနဲ့မိတ်ဆက်ပေးမယ် ပင်းမိုလိုပဲ မင်းလည်း ကောင်းကင်အပြင်ဘက်က ကြယ်စုတွေဆီမှာ ကျင့်ကြံခွင့်ရလိမ့်မယ် ...

... ငါတို့နှလုံးသားပြခန်းရဲ့ စွမ်းအားက ဒီကမ္ဘာစုတ်ရဲ့အင်အားစုတွေထက် အဆပေါင်း များစွာ သာလွန်ပါတယ် ဘယ်လိုလဲ။ ”

သို့သော် စုရီက ခေါင်းခါပြလိုက်ပြီး၊

“ ဒါတွေက ငါ့ကိုစိတ်မလှုပ်ရှားစေဘူး ငါသိချင်တာက မင်းတို့ရဲ့မိန်းကလေးနဲ့ ပင်းမို ဘယ်တုန်းက စသိခဲ့တာလဲ ဆိုတာပဲ။ ”

“ ဟားဟားဟား ... မင်းက ပင်းမိုကို မနာလိုဖြစ်နေတာလား ကောင်းပြီပြောပြမယ် ငါတို့မိန်းကလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်း ရှစ်ထောင်တည်းက ...

... ဒီကမ္ဘာစုတ်ကို ရောက်နေခဲ့တဲ့သူပဲ သူမက မတူညီတဲ့အသွင်အပြင်တွေနဲ့ ကမ္ဘာ အနှံ့ကို လှည့်လည်နေခဲ့တယ် ... ။ ”

“ ဟမ့် ... နှစ်ပေါင်း တစ်သောင်းရှစ်ထောင်တုန်းကလား။ ”

စုရီက ကြားဖြတ်မေးလိုက်သည်။

“ ဟုတ်တယ်... သူမက ရှေးဟောင်း ရတနာတွေပဲ စိတ်ဝင်စားနေလို့ ဒီကမ္ဘာကြီးက ဘယ်သူမှ သတိမထားမိခဲ့ဘူး အဲဒီတုန်းက မိန်းကလေးအမည် စုန့်ချိုင်ပဲ ...

... သူမက ကောင်းကင်လှိုဏ်ဂူမှာ တပည့်အဖြစ်ဝင်ရောက်ခဲ့ဖူးတယ် သိပ်မကြာခင် မှာပဲ စုရွှမ်ကြွယ်ရဲ့ ပြင်ပတပည့် (၃၆)ယောက် အတွင်း ဝင်ခွင့်ရသွားတယ်။ ”

“ စုန့်ချိုင် ... ။ ”

ဖေးယွမ်ထံမှ အမည်ကိုကြားလိုက်ရချိန်တွင် စုရီတစ်ယောက် မျက်မှောင်ကြုတ်ကာ ရေရွတ် လိုက်မိတော့၏။

All Chapters