← Chapters

မြက်ပင်ဖျားမှအစပြုသော မုန်တိုင်းတစ်စင်း။

Vol. 71 Ch. 846

မြက်ပင်ဖျားမှအစပြုသော မုန်တိုင်းတစ်စင်း။

Vol. 71 Ch. 846

“ ဒီတစ်နှစ်အတွင်းမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ထားပါ မင်းအတွက် ဒီအခွင့်အရေးက ကြယ်ဗဟိုဒေသကိုသွားပြီး ကျင့်ကြံခွင့်ရမဲ့ အခွင့်အရေးကြီးပဲ။ ”

မျက်လုံးသုံးလုံး ရွှေဖားသည် ပင်းမို၏စိတ်ခံစားချက် အပြောင်းအလဲများကို သတိမပြုမိဘဲ ဝင့်ကြွားသောအသွင်မျိုးဖြင့် အမိန့်ပေးသွားသည်။

“ နားလည်ပါပြီ သံတမာန်။ ”

ပင်းမိုက ခေါင်းညိတ်ပြလိုက်ပြီး ရှေးဟောင်းမိစ္ဆာနယ်မြေ ပန်းချီကားကိုသိမ်းကာ ခန်းမအတွင်း တစ်ဦးတည်း တိတ်ဆိတ်စွာ ရပ်ကျန်ရစ်ခဲ့လေသည်။

အတော်ကြာတိတ်ဆိတ်နေပြီးနောက် မျက်ဝန်းများ၌ ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်သော အလင်းတန်းများ လျှပ်ခနဲ ပေါ်လာတော့၏။

“ ငါ့ဆရာနဲ့ ... ငါ့ဂိုဏ်းကို မင်းတို့ရဲ့ မိန်းကလေးအတွက် ငါသစ္စာဖောက်ခဲ့ရတယ် နှစ်ပေါင်းများစွာ မငြီးမငြူဘဲ အလုပ်အကျွေး ပြုခဲ့တယ် ... ငါ့မှာဆုတ်ခွာရာလမ်းလည်း မရှိတော့ဘူး ... အကယ်၍သာ ...

... ငါ့ရဲ့အဆိုးဆုံးအခြေအနေမှာ မင်းတို့နှလုံးသားပြခန်းက လက်တွဲဖြုတ်မယ် ဆိုရင်တော့ ... ငါ့အသက်ပေးပြီး မင်းတို့ကို အတူဆွဲခေါ်သွားရလိမ့်မယ် ... ။ ”

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ ခန်းမနံရံတစ်ဘက်သို့ လျှောက်လှမ်းသွားပြီး တံဆိပ်တစ်ခုဖန်တီးကာ မျက်နှာပြင်ပေါ် ဖိနှိပ်ချလိုက်သည်။

“ ဝုန်း ... ။ ”

လေဟာနယ်လှိုင်းတွန့်များ ပေါ်ထွက် လာပြီးနောက် ကျောက်နံရံတွင် တံခါးတစ်ချပ် ပွင့်ဟလာတော့၏။ တုန့်ဆိုင်းခြင်းမရှိ ထိုတံခါး အတွင်းသို့ လှမ်းဝင်လိုက်သည်။

ဤသည်မှာ လျှို့ဝှက်မြေအောက် အကျဉ်းထောင်ဖြစ်၏။ အကျဉ်းထောင်အတွင်း မှေးမှိန်သော ကြေးမီးခွက်တစ်လုံး၏ အလင်းရောင်သာ ရှိနေသည်။

ထိုမှိန်ဖျဖျအလင်းရောင်အောက်တွင် အကျဉ်းသားတစ်ဦးကို တွေ့မြင်နိုင်၏။ ထိုသူမှာ ဆံပင်ဖရိုဖရဲနှင့် ပိန်ပိန်ပါးပါးဖြစ်ကာ အလွန်ပင် စိတ်ဓါတ်ကျနေပုံရသည်။ နံရံသို့မျက်နှာမူလျက် အလောင်းကောင်ပမာ ထိုင်နေတော့၏။

“ ဂျူနီယာညီလေး ... ။ ”

ပင်းမို၏ နူးညံ့စွာခေါ်လိုက်သည်။ သို့တိုင် နံရံကိုငေးနေသောလူက တုန့်ပြန်ခြင်းမပြုချေ။ ပင်းမိုက အနားလျှောက်သွားကာ၊

“ ငါမင်းကို ဒီမှာချုပ်နှောင်ထားတဲ့အတွက် စိတ်မဆိုးပါနဲ့ ... မင်းအသက်ရှင်နေသရွေ့တော့ ချင်းတန်နဲ့ စာရင်းရှင်းဖို့ အခွင့်အရေးက ...

... အနှေးနဲ့အမြန် ရလာမှာပါ ... မဟုတ်လို့မင်းသာသေသွားရင် ငါတစ်သက်လုံး နောင်တရနေမိလိမ့်မယ်။ ”

-ဟု သက်ပြင်းချကာ ရှင်းပြသည်။

“ ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေပြောဖို့ မင်းလာတာလား။ ”

ဤတစ်ကြိမ်တွင် နံရံကိုငေးမောနေသော ထိုလူသည်အေးစက်စွာဖြင့် တုန့်ပြန်တော့သည်။ ပင်းမိုမှ ခေါင်းခါလိုက်၏။

“ မဟုတ်ဘူး ငါမင်းကို ပြောစရာရှိလို့ပါ။ ”

“ ပြောပြီး ထွက်သွား။ ”

“ ကောင်းပြီ ... မကြာသေးခင်က ဆရာ့အမည်နဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ် သူက ဆရာပြန်ဝင်စားသူအဖြစ် ဟန်ဆောင်ပြီး ဟောင်ယောင်းကိုသတ်ခဲ့တယ် ...

... ပြီးတော့ ယွီလောင်ကိုလည်း ဝိညာဉ်လှည့်မှုနည်းလမ်းနဲ့ လက်အောက်ခံ အဖြစ် သိမ်းသွင်းခဲ့တယ်။ ”

“ ဝုန်း ... ။ ”

ဤတစ်ကြိမ်တွင် နံရံကို ငေးကြည့်နေသောလူသည် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပေါက်ကွဲလာခဲ့၏။

ယင်းသည် ဓားအိမ်မှထွက်လာသော ရတနာဓားတစ်လက်လို ပြင်းထန်လွန်းလှသဖြင့် အကျဉ်းထောင်တစ်ခုလုံး တုန်ခါသွားသည်။

“ ဘယ်သူလဲ ... ဘယ်သူက ဆရာ့ပုံစံမျိုး အသွင်ယူဝံ့တာလဲ။ ”

အဆုံး၌ ထိုသူသည် ဒေါသတကြီး လှည့်ကြည့်ကာ မေးမြန်းလာ၏။ မျက်ဝန်းအစုံမှ စူးရှသောအလင်းတန်းများ ပေါ်ထွက်လာပြီး အရှိန်အဝါမှာ အံ့မခန်းလေးလံနေချေပြီ။

ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားရည်ရွယ်ချက်များသည် နံရံများအပေါ်၌ နက်ရှိုင်းသောပြတ်ရှရာများ ဖြစ်ပေါ်စေ၏။

ဤအကျဉ်းထောင်တစ်ခုလုံး ဓားပေါင်းတစ်သောင်းဖြင့် ကုပ်ခြစ်နေသကဲ့သို့ မြည်သံများဆူညံလာသည်။

သည်အကျဉ်းထောင်ကို မြင့်မြတ်သော နတ်ဘုရားသတ္တုများဖြင့် တည်ဆောက်ထားပြီး ရွှမ်ယုအဆင့် အထွတ်အထိပ်ဧကရာဇ်များပင် ချိုးဖောက်ရန် မဖြစ်နိုင်ချေ။ သို့သော် ယခုမူ ရောင်ဝါတစ်ခုဖြင့်ပင် အကျဉ်းထောင်သည် ပြိုလဲလုနီးပါးဖြစ်နေသည်။

ပင်းမိုက အံ့အားသင့်စွာဖြင့်၊

“ ညီလေး ... မင်းက ရွှမ်ဟဲအဆင့်ကို ချိုးဖြတ်နိုင်‌တော့မှာလား ... ။ ”

-ဟု မေးမြန်းလိုက်၏။

“ စီနီယာအစ်ကို ငါမေးတာကိုဖြေပါ ... ။ ”

ပင်းမိုက သက်ပြင်းချ၏။ တစ်ဖက်လူ၏ ရူးသွပ်နေသော မျက်ဝန်းများနှင့် လေသံအပေါ် ကျင့်သားရနေဟန် ပြန်ကြည့်ကာ၊

“ ချင်းတန်နဲ့ ... တိုက်ခွင့်မပေးလို့ မင်းငါ့အပေါ်မုန်းနေမှန်း ငါသိပါတယ် ဒါပေမယ့် အဲဒီကိစ္စက အလျင်စလိုလုပ်လို့မရဘူး ...

... မင်းညီမလေး ချင်းတန်က မကောင်းဆိုးရွားဆန်လွန်းပါတယ် အဆင်ခြင်မဲ့ တိုက်ခိုက်တာတွေက မင်းအတွက်ဆုံးရှုံးမှု ကြီးမားလိမ့်မယ် ...

... မင်းတစ်ယောက်တည်း ... အဲဒီ ကောင်းကင်လှိုဏ်ဂူဆီကို သွားတုန်းက မင်းကို သတ်လုနီးပါးဖြစ်စေခဲ့တယ် မဟုတ်လား ... ဒါကြောင့် ငါမင်းကိုဒီမှာ ပိတ်ထားတာပါ။ ”

-ဟု ရှင်းပြလိုက်သည်။

သို့သော် တစ်ဖက်လူသည် သူ့စကားကို စိတ်ဝင်စားပုံမပြချေ။ ယင်းအစား အေးစက်ပြီး ရူးသွပ်နေသော မျက်ဝန်းများဖြင့်၊

“ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ထပ်ပြောမနေနဲ့ ငါမင်းကို အပြစ်မမြင်ဘူး ... ငါ့ကိုယ်ငါသာ အရည်အချင်း မရှိခဲ့တဲ့အတွက် အပြစ်တင်နေမိတာ ...

... ငါညံ့လို့ ဆရာ့ရဲ့လှိုဏ်ဂူကို မကာကွယ်နိုင်ဘဲ ချင်းတန်လက်ထဲအရောက် ခံလိုက်ရတာ အခု ငါသိချင်တာက ဆရာ့ပုံစံ ဘယ်သူ အတုခိုးနေတာလဲ။ ”

“ သူ့နာမည်က စုရီ ... အခု မရဏကမ္ဘာရှိနေတယ်။ ”

ထို့နောက် ပင်းမိုက စတုတ္ထတပည့် ကျင်းချွယ်ထံပြောပြသကဲ့သို့ ဇာတ်လမ်းတစ်ပုဒ် အကျဉ်းချုံး ပြောပြလိုက်သည်။

အကြောင်းစုံကို ကြားသိပြီးနောက် ရူးသါပ်နေသောလူသည် မှင်သပ်သွားတော့၏။ ချက်ချင်း ရှုပ်ထွေးဟန်ဖြင့်၊

“ ဒီလူက ဆရာ့ရဲ့အမွေတွေနဲ့ လျှို့ဝှက်ချက်တွေကို သိနေတာလား။ ”

“ ဟုတ်တယ် ... သူက ဆရာ့ရဲ့ အတိတ်အကြောင်းတွေကိုလည်း အသေးစိတ် သိထားတယ် ဒါကြောင့်လည်း ဟောင်ယောင်းနဲ့ ယွီလောင်တို့ လှည့်စားခံလိုက်ရတာပါ။ ”

ပင်းမိုက လေးနက်စွာ အတည်ပြုသည်။ ထို့နောက် သက်ပြင်းချလျက်၊

“ မင်းသိတဲ့အတိုင်းပဲ ... ဆရာက မရဏကမ္ဘာကိုတစ်ချိန်က သွားခဲ့ဖူးတယ် အဲဒီ စုရီဆိုတဲ့လူက မရဏကမ္ဘာကလာတာဆိုတော့ ဆရာချန်ထားခဲ့တဲ့ တာအိုအမှတ်အသားကို ရရှိခဲ့တာနေမယ် ဒါမှမဟုတ် ...

... မရဏကမ္ဘာရဲ့ မျက်နှာတစ်ထောင် ဝိညာဉ်မျောက်မျိုးနွယ်က တစ်ယောက်ယောက် ဖြစ်နိုင်ချေရှိတယ် ဘာပဲဖြစ်ဖြစ် ဒါတွေက ငါ့ရဲ့ ယူဆချက်တွေပါ။ ”

“ ကိစ္စမရှိဘူး သူဘယ်သူပဲဖြစ်ဖြစ် ငါ့ဆရာပုံစံအသွင်ယူဝံ့တဲ့အတွက် သေဒဏ်က သူနဲ့ထိုက်တန်တယ် ... မင်းငါ့ကို လွှတ်ပေး ငါသူ့ကိုသွားသတ်မယ်။ ”

ပင်းမိုက လေးနက်သော အမူအရာဖြင့်၊

“ ငါဒီကိုလာတာလည်း အဲဒီအတွက်ပဲ ဒါပေမယ့် မင်းငါ့ကို ကတိသုံးခုပေးရမယ်။ ”

-ဟု တောင်းဆိုလိုက်၏။ ရူးသွပ်နေသောလူခမျာ အလွန်အမင်း ဒေါသ ထွက်သွားသော်လည်း နောက်ဆုံးတွင် ထိန်းချုပ်လိုက်ရသည်။

“ ပြော ... ။ ”

“ ပထမကတိ ... ဒီအခွင့်အရေးကိုသုံးပြီး ချင်းတန်ဆီ သွားမတိုက်ရဘူး ... မင်းက သူမရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး ... ။ ”

“ ငါသဘောတူတယ် ဆက်ပြော။ ”

“ ဒုတိယ ... မင်းနဲ့အတူ လူတစ်ယောက် ငါထည့်ပေးမယ် မင်း သူစကားတွေနားထောင်ပါ ငါ့ခွင့်ပြုချက်မရှိဘဲ ဘာမှမလုပ်ရဘူး ... မင်းကို ဟောင်ယောင်းလိုဖြစ်မှာ ငါလက်မခံနိုင်ဘူး။ ”

“ လက်ခံတယ် ... ။ ”

“ နောက်ဆုံးကတိက အရေးအကြီးဆုံးပဲ ... အကယ်၍ အဲဒီစုရီနဲ့တွေ့ခဲ့ရင် သူဘာပြောပြော မင်းနားမထောင်နဲ့ မဟုတ်ရင် ယွီလောင်လို မင်းဝိညာည်ကို သိမ်းသွင်းလိမ့်မယ်။ ”

“ နားလည်တယ် ... ။ ”

သို့မှသာ ပင်းမိုက စိတ်အေးသွားဟန်ဖြင့်၊

“ ဒါဆို ခဏလောက် ထပ်စောင့်ပါဦး စုရီဘယ်မှာရှိနေလဲဆိုတာ ငါအတည်ပြုနိုင်ရင် မင်းကိုလာခေါ်ထုတ်မယ်။ ”

-ဟု ပြောကြားလိုက်သည်။ ထို့နောက် ရူးသွပ်နေသောလူကို နှုတ်ဆက်ကာ လှည့်ထွက် သွားတော့၏။

ထိုစဉ် ရူးသွပ်နေသော လူငယ်သည် သူ့ထံငေးကြည့်လျက်၊

“ စီနီယာအစ်ကို ... မင်းဂိုဏ်းတစ်ခု ထူထောင်ဖို့ကြံစည်နေဆိုရင် ငါနားလည်တယ် ဆရာက ကွယ်လွန်သွားပြီ ဒါပေမဲ့ ... အကယ်၍ မင်းကသာ ဆရာ့အပေါ် သစ္စာဖောက်ခဲ့တာ ဆိုရင်တော့ ငါမင်းကို ခွင့်မလွှတ်ဘူး။ ”

-ဟု အော်ဟစ်လိုက်၏။

ပင်မိုတစ်ယောက် ရုတ်တရက် ‌တောင့်တင်းသွားကာ ခြေလှမ်းများရပ်လိုက်မိ သော်လည်း ချက်ချင်းပ်င လှည့်မကြည့်ဘဲ ဆက်လျှောက်သွားတော့သည်။

“ စိတ်မပူပါနဲ့ ငါမင်းကို အကြိမ်ကြိမ် ပြောပြီးသားပါ... ချင်းတန်ကသာ ဆရာ့အပေါ် သစ္စာဖောက်ခဲ့တာ ... တစ်နေ့ကျရင် မင်းဒါကို နားလည်လာမှာပါ။ ”

သူ့အသံက ဝေ့ဝဲကျန်ရစ်ခဲ့လေသည်။ ရူသွပ်နေသောလူသည် တိတ်ဆိတ်သွားကာ တစ်ကိုယ်တည်း ညည်းညူလိုက်‌တော့၏။

“ ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် ... ။ ”

သူ့အမည်မှာ ပိုင်ရီဖြစ်သည်။ သူသည် ဆရာသခင်၏ အဋ္ဌမမြောက်တပည့်ဖြစ်ကာ တိုက်ပွဲအပေါ် ရူးသွပ်သူဖြစ်၏။

ခေါင်းမာပြီး မဆုတ်မနစ်သော တိုက်ပွဲဝင်လိုစိတ်ကြောင့်ပင် ဆရာသခင်မှ တပည့်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူ့နှလုံးသားထဲတွင် ဆရာသခင်သည် ဖခင်ကဲ့သို့ဖြစ်ပြီး ဂိုဏ်းတူ ညီအစ်ကိုများသည် သူ့သွေးသားရင်းခြာများပေပင်။ ဆရာသခင်က သူ့ကိုဖြူစင်သောနှလုံးသားရှိသူ၊ မည်သည့် အခါမျှ မကြီးပြင်းသည့် ကောင်လေးဟု ရယ်မောကာ ခေါ်လေ့ရှိသည်။

“ ဆရာ ... ငါမင်းကိုသတိရတယ် ငါတို့အစ်ကိုကြီးပြောင်းလဲသွားပြီ ညီမလေး ချင်းတန်လည်း ပြောင်းလဲသွားပြီ ... ပြီးတော့ လူတိုင်းအားလုံး ပြောင်းလဲကုန်ကြပြီ ... ။ ”

ထိုနောက်တွင် နံရံ၌ကျောမှီကာ တိတ်ဆိတ်စွာထိုင်ချလိုက်ပြီး အတိတ်အပေါ် လွမ်းဆွတ်မှုပုံရိပ်များနှင့်အတူ မျက်ရည်များ စီးကျလာတော့သည်။

ထိုအသွင်အပြင်သည် တိုက်ပွဲအပေါ် ရူးသွပ်နေသောပိုင်ရီအဖြစ်ထက် ကူကယ်ရာမဲ့ နေသည့် ကလေးငယ်နှင့် ပိုတူနေ၏။

တစ်ဖက်တွင် ပင်းမိုသည် ခန်းမထဲ ပြန်ရောက်လာပြီး အနက်ဝတ်အဖိုးအိုကို ပြန်၍ ခေါ်ယူကာ အမိန့်အချို့ ထုတ်ပြန်တော့၏။

“ ရွှေတောင်ပံဂဠုန်ကို ဆက်သွယ်ပါ ... မကြာခင်မှာ အရိုင်းမြေကိုးပါးဆီ မုန်တိုင်းကြီး သက်ဆင်းလာတော့မယ် တစ်ချိန်ကသူတို့တွေ ကတိပေးထားတဲ့အတိုင်း အသင့်ဖြစ်နေပါစေ။ ”

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

ထို့နောက် ပင်းမိုက ကောင်းကင်ပေါ် မော့ကြည့်ကာ အပြုံးတစ်ပွင့်နှင့်အတူ ဝါကျ အချို့ကို ရေရွတ်လိုက်တော့၏။

“ မုန်တိုင်းကြီးတွေက မြေပြင်မှာရှိတဲ့ မြက်ပင်လေးတွေလှုပ်ခတ်တာကနေ ဖြစ်တည် လာတတ်ကြတယ် ... ပင်လယ်ရေလှိုင်းတွေ ဆိုတာလည်း ဝဲဂယက်လေးတွေကနေ ဖွဲ့တည်လာတယ် ...

... ဆရာ မင်းရဲ့အိမ်ပြန်ခရီးကိုကြိုဆိုဖို့ ကစားပွဲတွေ ဒီတပည့်ပြင်ဆင်ပေးထားပါတယ် ဆရာနဲ့ တပည့် ... ဘယ်သူများ နောက်ဆုံးမှာ အောင်နိုင်မလဲဆိုတာ မစောင့်နိုင်တော့ဘူး။ ”

All Chapters