ဖမ်းဆီးခြင်း
Vol. 50 Ch. 567
ကျန်းပေရန်၏ အရေးပါမှုကြောင့် သူတော်စင်များကို ဖိတ်ခေါ်ရာတွင် အကြောင်းပြချက် ပေးစရာ မလိုပေ။
သူ့တွင် ထူးခြားသော အတတ်ပညာများ ရှိရုံသာမက လျှို့ဝှက်ဆန်းကြယ်မှုများလည်း ရှိနေသည်။
သူတော်စင်တွေတောင် မခန့်မှန်းနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေသည်။
ပုံမှန်အချိန် ဆိုရင် ဒီလို လူငယ်မျိုး ပေါ်လာရင် သူတော်စင်တွေက အစအဆုံး စုံစမ်းစစ်ဆေးပြီး နောက်ခံကို ရှာဖွေကြမှာ သေချာသည်။
ဒါပေမဲ့ အခု အခြေအနေက ခွင့်မပြုပေ။
ပြီးတော့ ကျန်းပေရန်က လူသားတွေဘက်က ရပ်တည်ပြီး အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တာ ဆိုတော့ ယုံကြည်ရသည်။
နောက်ခံ ဘယ်လောက် လျှို့ဝှက်နေနေ ပူးပေါင်းဆောင်ရွက်လို့ ရရင် ပြီးတာပဲလေ။
ဒါကြောင့် ကျန်းပေရန်က ရှီဟုန်ယွင်ကို အရင် ရှာပြီး ကူလျန်ချန်ဆီ သွားကာ သူတော်စင် အကူအညီ လိုတယ်လို့ ပြောလိုက်တာနဲ့ ကူလျန်ချန် ချက်ချင်း လက်ခံလိုက်သည်။
ကျန်းပေရန်၏ အစီအစဉ် အရ ကူလျန်ချန် က သူတော်စင် ခြောက်ဦးကို ရွေးချယ်လိုက်သည်။ သူကိုယ်တိုင်နဲ့ ရှီဟုန်ယွင် ပါ ပေါင်းလိုက်ရင် သူတော်စင် ရှစ်ပါးက ကျန်းပေရန်ကို ကာကွယ်ပေးဖို့ အသင့် ဖြစ်နေပြီ။
ဒါတင် မကသေးဘူး။ ကျန်းပေရန်က သူ့အခန်းထဲမှာ ကောင်းကင်ဖုံးကွယ် အစီအရင် ကို ခင်းကျင်းလိုက်သေးသည်။
သူတော်စင် ရှစ်ပါး၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားလိုက်သဖြင့် လုပ်ကြံသူ ရောက်လာရင် ဘာမှ သတိထားမိမှာ မဟုတ်ပေ။
အစီအစဉ်တွေ အားလုံး ပြင်ဆင်ပြီးနောက် ကျန်းပေရန်က ဆေးပညာရှင်တွေကို ပြန်လွှတ်လိုက်ပြီး "ဘာမှ မသိသလို" အခန်းထဲ ပြန်ဝင်သွားသည်။
အဆင်သင့် ဖြစ်နေတဲ့ ကျန်းပေရန်နဲ့ ယှဉ်ရင် ယွမ်ရို့ ကတော့ ကံဆိုးရှာသည်။
ကျန်းပေရန်က သူ့အကြံကို ရိပ်မိနေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပေ။ သူတို့နှစ်ယောက်က အရင်က ဆုံဖူးတာ မဟုတ်သလို အခုချိန်မှာ လူတိုင်းက ကျန်းပေရန်ကို အားကိုးနေရတာလေ။ ဘယ်သူက သတ်ချင်မှာလဲ။
ဒါပေမဲ့ မဖြစ်နိုင်တာတွေ ဖြစ်လာခဲ့ပြီ။ ကျန်းပေရန်က သူ့ကို စောင့်နေခဲ့သည်။
ယွမ်ရို့ စဉ်းစားလို့ မရနိုင်အောင် ဖြစ်နေသည်။ ချက်ပြုတ်ပြီးသား ဘဲက ပျံထွက်သွားရုံတင် မကဘူး ပြန်လှည့်ပြီး ရိုက်နှက်သွားသလို ဖြစ်နေသည်။
ဘယ်သူ့ကို သွားတိုင်ရမှာလဲ။
ယွမ်ရို့ကို ဖမ်းမိပြီးနောက် ကူလျန်ချန် ကိုယ်တိုင် ရွှေပိုးကောင် သံကြိုး နဲ့ ချည်နှောင်လိုက်သည်။ ဒါက မြေကမ္ဘာအဆင့် ရတနာ ဖြစ်ပြီး ဖမ်းဆီးဖို့ သက်သက် ဖန်တီးထားတာ ဖြစ်သည်။
ယွမ်ရို့က ကျန်းပေရန်ရဲ့ အပ်စိုက်ပညာကြောင့် သွေးကြောတွေ ပိတ်ဆို့နေတာ မဟုတ်ရင်တောင် ဒီသံကြိုးကို ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။
"ယွမ်ရို့... မင်း ဘာလို့ ဒီလို လုပ်ရတာလဲ"
ကူလျန်ချန် က ယွမ်ရို့ ရှေ့တွင် ရပ်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
ဒါပေမဲ့ ယွမ်ရို့က ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့နေသည်။
"ဟေ့ကောင်"
ဘေးနားက ချောင်ကျင်းဟွာ ဒေါသထွက်လာသည်။
"ခေါင်းမာနေတာလား ကောင်းပြီလေ ဘယ်လောက် ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့"
ကူလျန်ချန် ဝင်မတားပေ။ အခုက အရေးပေါ် အခြေအနေမို့ အချိန်ဆွဲနေလို့ မရဘူး။ အမြန်ဆုံး အဖြေရအောင် လုပ်ရမယ်။
နှိပ်စက်ပြီး မေးတာက အထိရောက်ဆုံး နည်းလမ်းပဲ။
သူတော်စင်တွေက နှိပ်စက်တဲ့ နေရာမှာလည်း ထူးခြားကြသည်။ ချောင်ကျင်းဟွာက ရိုက်နှက်တာ မဟုတ်ဘဲ လက်ညှိုးနဲ့ ယွမ်ရို့ နဖူးကို ထောက်လိုက်သည်။
ခဏအကြာတွင် ယွမ်ရို့ တစ်ကိုယ်လုံး တုန်ခါလာသည်။ တဖြည်းဖြည်း ပိုပြင်းထန်လာသည်။
ပါးစပ်က အမြှုပ်တွေ ထွက်လာပေမဲ့ ယွမ်ရို့က အသံတစ်ချက် မထွက်သလို တောင်းပန်စကားလည်း မဆိုပေ။
"တကယ့်ကို ခေါင်းမာတဲ့ကောင်ပဲ"
ချောင်ကျင်းဟွာ တံတွေးထွေးလိုက်ပြီး လက်ညှိုး ပြန်ရုပ်လိုက်သည် ကျန်းပေရန်ကို ရှင်းပြလိုက်သည်။
"ဒါက ငါ့ရဲ့ ငရဲခန်း သိုင်းကွက်ပဲ စိတ်ရော လူရော ငရဲကျသလို ခံစားရတာ အရင်တုန်းက ဒီနည်းနဲ့ မေးရင် အကုန် ဖြေကြတာပဲ ဒီတစ်ခေါက်တော့ တကယ် ခေါင်းမာတဲ့ကောင်နဲ့ တွေ့နေပြီ"
ငရဲခန်း ဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းလဲ မသိပေမဲ့ အရင်က အောင်မြင်ခဲ့တယ် ဆိုတော့ ပြင်းထန်မှာ သေချာသည်။
"အခု ဘယ်လို လုပ်မလဲ" ရှီဟုန်ယွင်က ကျန်းပေရန်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။
သူတော်စင် ရှစ်ပါး ရှိနေပေမဲ့ ကျန်းပေရန်က ကြိုသိနေတာ ဆိုတော့ မေးနည်းလည်း သိလောက်တယ်လို့ ထင်နေကြသည်။
တခြား သူတော်စင်တွေလည်း ကျန်းပေရန်ကို ကြည့်နေကြသည်။ မနက်က အစည်းအဝေးမှာတင် ကျန်းပေရန်ရဲ့ အရည်အချင်းကို အသိအမှတ် ပြုခဲ့ကြပြီးပြီ။ အခုလည်း နောက်ထပ် အံ့ဖွယ်ကိစ္စ တစ်ခု လုပ်ပြလိုက်ပြန်ပြီ။
အသက်ငယ်ပေမဲ့ သူတို့ စိတ်ထဲမှာ ကျန်းပေရန်က အဆင့်မြင့်နေပြီ။
"မသိဘူး"
ကျန်းပေရန် ခေါင်းခါလိုက်သည်။
နောက်တာလား။ သူတော်စင်တွေ အများကြီး ရှိနေတာ ငါ့ကို လာမေးနေကြတယ်။ အားကိုးစရာ မရှိကြတော့ဘူးလား။
ကျန်းပေရန်ရဲ့ တုံးတိတိ အဖြေကြောင့် သူတော်စင်တွေ စိတ်ပျက်သွားပေမဲ့ သိပ်တော့ မဟုတ်ပါဘူး။ သူတို့မှာ တခြား နည်းလမ်းတွေ ရှိသေးတယ်လေ။
"ငါ စမ်းကြည့်မယ်"
နောက်ထပ် သူတော်စင် တစ်ဦးက အနက်ရောင် ပုလဲလုံး တစ်လုံးကို ကိုင်ပြီး ယွမ်ရို့ ပါးစပ်ထဲ ထည့်လိုက်သည်။
...
"မရတော့ဘူး... ထပ်လုပ်ရင် သေသွားလိမ့်မယ်"
တစ်ညလုံး သူတော်စင်တွေ အလှည့်ကျ စစ်ဆေးမေးမြန်းကြသည်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နည်းလမ်းပေါင်းစုံ သုံးကြသည်။
ဒါပေမဲ့ ယွမ်ရို့က သေနေသလိုပဲ ဘာအသံမှ မထွက်ဘူး။ သံမဏိလူသား ထက်တောင် ပိုမာကျောနေသည်။
သူတော်စင်တွေ လက်လျော့ချင်လာကြသည်။ နှိပ်စက်မှုတွေ များလာတော့ ယွမ်ရို့ ခန္ဓာကိုယ်က မခံနိုင်တော့ဘူး။ ထပ်လုပ်ရင် သေသွားမှာ သေချာသည်။
"ဟူး..."
ယွမ်ရို့၏ သနားစရာ ပုံစံကို ကြည့်ပြီး ကျန်းပေရန် သက်ပြင်းချလိုက်သည်။
"ခဏ ရပ်လိုက်ကြပါဦး သူ ကိုယ်တိုင် ဖြေမှ မဟုတ်ပါဘူး သူ့နောက်ခံ အကြောင်း ပြောပြရင် ကျွန်တော် စဉ်းစားကြည့်ပါ့မယ်"
"နောက်ခံလား..."
ကူလျန်ချန် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"သူက မိုးခွင်းဂိုဏ်း ရဲ့ ဒုတိယ ဂိုဏ်းချုပ် ပြီးတော့ ဂိုဏ်းချုပ် ယွင်လီ ရဲ့ ညီအရင်း "
‘တစ်ဂိုဏ်းတည်းမှာ သူတော်စင် နှစ်ပါးလား... မိုးခွင်းဂိုဏ်း က တော်တော် အင်အားကြီးတာပဲ’
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ယွမ်ရို့ကို ကြည့်ကာ ပြောလိုက်သည်။
"သူ့ဆီက အဖြေမရရင် သူ့အစ်ကိုဆီက အဖြေရှာကြည့်ရမှာပေါ့ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ" ကူလျန်ချန် မေးလိုက်သည်။
"ယွမ်ရို့ က ပြဿနာ ရှိနေတယ် ဆိုရင် သူ့အစ်ကိုလည်း ပြဿနာ မရှိဘူးလို့ ပြောလို့မရဘူး တကယ်လို့ စီနီယာကြီးကူက ယဉ်ယဉ်ကျေးကျေး သွားမေးရင် အဖြေမှန် ရပါ့မလား"
"မင်း ဆိုလိုတာက... သူ့ကိုပါ ဖမ်းချုပ်ထားရမယ် ပေါ့"
ကူလျန်ချန် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းပေရန် ထင်ထားသလိုပါပဲ။ မိုးခွင်းဂိုဏ်း က ရှန့်တိုင်းပြည်ရဲ့ ထိပ်တန်း ဂိုဏ်းကြီး လေးဂိုဏ်း ထဲက တစ်ခုလေ။ ညီဖြစ်သူက အပြစ်ကျူးလွန်ပေမဲ့ အစ်ကိုဖြစ်သူကိုပါ အကြောင်းမဲ့ ဖမ်းဆီးလို့ မရဘူး။
‘ထားလိုက်ပါတော့ ဒီအချိန်မှာ ဒါတွေ ဂရုစိုက်နေလို့ မဖြစ်တော့ဘူး’
ရှန့်တိုင်းပြည် တစ်ခုလုံး အန္တရာယ် ကျရောက်နေချိန်မှာ ယွမ်ရို့က ကြွက်ချေးတုံး ဖြစ်နေတယ်။ ဒါ လူသား အားလုံးကို ရန်သူ လုပ်လိုက်တာပဲ။ ဒီလို သစ္စာဖောက်မျိုး ရှိနေတာ ယွင်လီ မသိဘဲ နေပါ့မလား။
ဒါကြောင့် ခဏ တွေးပြီးနောက် ကူလျန်ချန် က ပြောလိုက်သည်။
"ဒါဆိုရင်လည်း ယွင်လီကိုပါ ထိန်းချုပ်ထားလိုက်တာ ကောင်းမယ် ထင်တယ် မင်းတို့ ဘယ်လို သဘောရလဲ"
"ငါ သဘောတူတယ်"
ချောင်ကျင်းဟွာ နဲ့ ရှီဟုန်ယွင် ပြိုင်တူ ဖြေလိုက်သည်။
ချောင်ကျင်းဟွာက အရေးပေါ် အချိန်မို့ ပြတ်ပြတ်သားသား လုပ်သင့်တယ် ထင်လို့။ ရှီဟုန်ယွင်ကတော့ ကျန်းပေရန် ဘက်က အပြည့်အဝ ထောက်ခံလို့။
ကျန်တဲ့ ငါးယောက်ကတော့ ချက်ချင်း အဖြေမပေးဘဲ စဉ်းစားနေကြသည်။
သူတော်စင် အချင်းချင်း ရင်းနှီးမှု ရှိကြတယ်လေ။ ချက်ချင်း ဖမ်းချုပ်ဖို့ ဆိုတာ နည်းနည်း ခက်ခဲနေသည်။
ကူလျန်ချန် က ဆက်ပြောလိုက်သည်။
"ယွမ်ရို့ ဆီက ရမယ့် သတင်းအချက်အလက်တွေက ဂူကျင့်ကြံသူတွေကို နိုင်မလား ရှုံးမလား ဆိုတာ ဆုံးဖြတ်ပေးနိုင်တယ် ဘယ်လောက် အရေးကြီးလဲ ဆိုတာ မင်းတို့ စဉ်းစားကြည့်ပါ"
ကူလျန်ချန် စကားက မှန်သည်။ ယွမ်ရို့ သတ်ချင်တာက ကျန်းပေရန်လေ။ ကျောက်စိမ်းတောင်ခြေ အစီအရင် ကို ပြင်ပေးနိုင်မယ့်သူ၊ အဆိပ်ဖြေဆေး ရှာပေးနိုင်မယ့်သူ…….
တကယ်လို့ ကျန်းပေရန် သေသွားရင် ဘယ်သူ အကျိုးရှိမလဲ။
ဂူကျင့်ကြံသူတွေပေါ့။
ဒါကြောင့် မယုံချင်ပေမဲ့ ယွမ်ရို့က ဂူကျင့်ကြံသူတွေ အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာ သေချာသလောက် ရှိနေပြီ။
ဒါဆိုရင် သူ့ကို အသေအချာ စစ်ဆေးဖို့က ပိုအရေးကြီးလာပြီ။
ကူလျန်ချန် စကားကို ကြားပြီး သူတော်စင် တစ်ဦး သက်ပြင်းချလိုက်သည်။
"ကောင်းပြီ ငါ သဘောတူတယ်"
ကျန်တဲ့ လေးယောက်လည်း ထောက်ခံလိုက်ကြသည်။
"ငါတို့လည်း သဘောတူတယ်"
"ကောင်းပြီ ဒါဆို ဆုံးဖြတ်လိုက်ပြီ အမြန်ဆုံး လှုပ်ရှားကြမယ် ဘာသံမှ မထွက်စေနဲ့"
...
ယွမ်မြို့ ယာယီ တည်းခိုခန်း တစ်ခုတွင်...
ယွင်လီသည် ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး အတွင်းအား ညှိယူနေသည်။ မနေ့က တိုက်ပွဲကြောင့် ကျောပြင်တွင် ဒဏ်ရာ အရှည်ကြီး ရထားသည်။
ဒဏ်ရာရတာ သဘာဝ ဆိုပေမဲ့ ဒီဒဏ်ရာက မကျက်နိုင်ဘူး။ ဆေးသောက်သောက်၊ အတွင်းအားနဲ့ ကုကု မသက်သာဘူး။ ယားယံလာတာ ပိုဆိုးလာသည်။
"ဟူး..."
ယွင်လီ သက်ပြင်းချလိုက်ပြီး အခန်းပြင်ကို လှမ်းကြည့်လိုက်သည်။
မိုးလင်းရင် ယွမ်ရို့ နဲ့ တိုင်ပင်ရမယ်လို့ တွေးနေသည်။
ထရပ်ဖို့ ပြင်လိုက်စဉ် မျက်မှောင်ကြုတ်လိုက်သည်။ မကောင်းသော အငွေ့အသက် တစ်ခု ခံစားလိုက်ရသည်။
"ဘယ်သူလဲ"
ယွင်လီ အော်လိုက်ပြီး ပြတင်းပေါက် ဘက်ကို လှမ်းကြည့်လိုက်သည်။
ပုံမှန်ဆိုရင် အတွင်းအား ထုတ်သုံးပြီး ဖမ်းလိုက်မှာ။
ဒါပေမဲ့ အခု မရတော့ဘူး။
အတွင်းအားက တန်ဖိုးရှိတယ်။ ပြီးတော့ ယွမ်မြို့ထဲမှာ လုံခြုံရေး ကောင်းတယ်။ အစီအရင်တွေ၊ သူတော်စင်တွေ ရှိနေတော့ ဂူကျင့်ကြံသူတွေ ဝင်လာဖို့ မလွယ်ဘူး။
အတွင်းအား မသုံးပေမဲ့ ယွင်လီ လက်ထဲမှာ နေလဓား ကို ကိုင်ထားသည်။ အခြေအနေ မဟန်ရင် တိုက်ခိုက်ဖို့ အသင့်ပဲ။
တဖက်လူက နာမည်ပြောမယ်၊ ဒါမှမဟုတ် ထွက်သွားမယ်လို့ ထင်ထားတုန်း လူရိပ် ရှစ်ခု သူ့ရှေ့ ရောက်လာသည်။
"ဘာ..."
သူတော်စင် ရှစ်ပါးရဲ့ အရှိန်အဝါကို ခံစားလိုက်ရတော့ ယွင်လီ မျက်လုံးပြူးသွားသည်။
ဘာမှ မလုပ်နိုင်ခင်မှာပဲ သူ့ခန္ဓာကိုယ်ကို ချုပ်နှောင်ခံလိုက်ရပြီး လက်တစ်ဖက်က သူ့နဖူးကို ဖိထားလိုက်သည်။
"ဂိုဏ်းချုပ်ယွင်... မခုခံပါနဲ့ မဟုတ်ရင် အခြေအနေ ပိုဆိုးသွားလိမ့်မယ်"
ကူလျန်ချန် အသံကို ကြားတော့ ယွင်လီ သူ့အတွင်းအားကို ပြန်သိမ်းလိုက်သည်။
တခြား ခုနစ်ယောက်ကို ကြည့်လိုက်တော့ အားလုံးက မိတ်ဆွေတွေချည်းပဲ။
"ခင်ဗျားတို့... ဘာလုပ်ကြတာလဲ ဂူကျင့်ကြံသူတွေဘက် ပါသွားကြပြီလား"
ယွင်လီ ဒေါသထွက်သွားသည်။ မနေ့ကမှ အသက်စွန့် တိုက်ခဲ့ရတာ။ ဒီနေ့ကျမှ ကိုယ့်လူတွေက ပြန်ဖမ်းတာ ခံရတယ်။ ဘယ်လို လုပ် စိတ်မဆိုးဘဲ နေမလဲ။
ယွင်လီ မခုခံတော့ ကူလျန်ချန် စိတ်အေးသွားသည်။ ဒါက အကောင်းဆုံး အခြေအနေပဲ။
လက်ကို ဖယ်လိုက်ပြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်ယွင်... ခင်ဗျား ညီ ဘယ်မှာလဲ သိလား"
ယွင်လီ ကြောင်သွားသည်။
"စီနီယာကြီးကူ... ဘာသဘောလဲ"
ယွင်လီ တကယ် မသိတဲ့ ပုံ ပေါက်နေသဖြင့် ကူလျန်ချန် ဆက်ပြောလိုက်သည်။
"မနေ့က အစည်းအဝေးမှာ ပြောခဲ့တဲ့ ဆရာကျန်း ကို မှတ်မိလား"
ယွင်လီ ပိုကြောင်သွားပေမဲ့ ခေါင်းညိတ်လိုက်သည် "မှတ်မိတာပေါ့"
"မှတ်မိရင် ဂိုဏ်းချုပ်ယွင် သိမှာပါ သူက ယွမ်မြို့ အတွက် မရှိမဖြစ် လိုအပ်တဲ့သူ ဆိုတာ အဆိပ်ဖြေဖို့ရော အစီအရင် ပြင်ဖို့ရော သူပဲ တတ်နိုင်တာ"
ယွင်လီ နားမလည်နိုင် ဖြစ်နေစဉ် ကူလျန်ချန် မျက်နှာ တည်သွားပြီး အော်ပြောလိုက်သည်။
"ဒါပေမဲ့ မနက်အစောကြီးမှာ ခင်ဗျား ညီက သူ့ကို သတ်ဖို့ ကြိုးစားခဲ့တယ် ခင်ဗျား ဘယ်လို ရှင်းပြမလဲ"
"ဘာ..."
ယွင်လီ မျက်လုံးပြူးသွားသည်။
"မဖြစ်နိုင်တာ"
ယွင်လီလည်း ကျန်းပေရန် အရေးပါပုံကို သိသည်။ မနေ့ကတည်းက သတင်းကြားထားပြီးပြီ။
သူက ယွမ်ရို့ နဲ့ တိုင်ပင်ပြီး ဒီကိစ္စ ပြီးရင် အဲဒီ လူငယ်လေးကို စည်းရုံးဖို့တောင် ကြံစည်ထားတာ။
‘ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး...’
ယွင်လီ အံ့သြနေသည်ကို ကြည့်ပြီး အမှောင်ထဲက ကျန်းပေရန် ထွက်လာသည်။
ယွင်လီ၏ တုံ့ပြန်ပုံနှင့် စနစ် သတိပေးချက် မပေါ်လာတာကို ကြည့်ရင် ဒီ သူတော်စင်ကြီးက သူ့ညီ ကိစ္စကို တကယ် မသိတာ သေချာသည်။
အထင်ရှားဆုံး အချက်က သူသာ သိရင် အချိန် သုံးနာရီ ကြာတဲ့ အထိ ဘာသံမှ မကြားရရင် ထွက်ပြေးပုန်းအောင်းနေမှာပေါ့။
အခုလို အခန်းထဲမှာ အေးဆေး ထိုင်နေမှာ မဟုတ်ဘူး။
"ဂျူနီယာ ကျန်းပေရန် ပါ စီနီယာကြီး ယွင် ကို ဂါရဝပြုပါတယ်"
ကျန်းပေရန်ကို ကြည့်ပြီး ယွင်လီ မျက်နှာ အရောင် အမျိုးမျိုး ပြောင်းသွားသည်။ နောက်ဆုံးတော့ ပြောလိုက်သည်။
"ဆရာကျန်း... ငါ့ညီက ဒီလို လုပ်စရာ အကြောင်း မရှိပါဘူး အထင်လွဲမှုများ ရှိနေမလား"
ကျန်းပေရန်က ကူလျန်ချန်ကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဒုတိယ ဂိုဏ်းချုပ်ယွင်က သူတော်စင် ရှစ်ပါးရဲ့ ရှေ့မှောက်မှာ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ အထင်လွဲတာ ဟုတ်မဟုတ် စီနီယာကြီး ကူ ကို မေးကြည့်ပါ"
ယွင်လီ ကူလျန်ချန် ဘက် လှည့်ကြည့်လိုက်တော့ ကူလျန်ချန် ခေါင်းညိတ်ပြလိုက်သည်။
"အထင်လွဲစရာ မရှိပါဘူး ငါ ကိုယ်တိုင် မြင်ခဲ့တာပါ ငါတို့သာ မရှိရင် အခြေအနေ ဆိုးသွားမှာ သေချာတယ်"
ကူလျန်ချန် ဒီလို ပြောမှတော့ ဒီကိစ္စက သေချာသွားပြီ။
"မဖြစ်သင့်ဘူး... မဖြစ်သင့်ဘူး..." ယွင်လီ ရေရွတ်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရက်ကမှ ငါတို့ သူ့ကို သွားတွေ့ဖို့ တိုင်ပင်ထားကြတာ သူက ဘာလို့ ဆရာကျန်း ကို သတ်ချင်ရတာလဲ"
ယွင်လီ စကားကို ကြားပြီး ဘေးနားက ရှီဟုန်ယွင် နှုတ်ခမ်း တွန့်သွားသည်။
‘ဒီ အဘိုးကြီးတွေက ပေရန်လေး ကို မရရအောင် ခေါ်ဖို့ ကြံစည်နေကြတာပဲ’