← Chapters

အဖြေ

Vol. 50 Ch. 568

အဖြေ

Vol. 50 Ch. 568

“စီနီယာ ယွင်”

ယွင်လီသည် အဓိက သစ္စာဖောက်များထဲတွင် ပါဝင်ပတ်သက်ခြင်း မရှိနိုင်ကြောင်း သိလိုက်ရသဖြင့် ကျန်းပေရန် သူ့ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် စီနီယာကြီးရဲ့ ညီက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တာ ငြင်းလို့မရတဲ့ အချက်ပါပဲ ဒီကိစ္စကို စီနီယာကြီး ဘယ်လို သဘောရလဲ”

“အဲဒါ...”

ယွင်လီ စကားမပြောနိုင် ဖြစ်သွားသည်။ သူ့ညီ ယွင်ရို့ ဘာကြောင့် ဒီလို လုပ်ရတာလဲ ဆိုတာ အံ့သြနေရမည့် အချိန် မဟုတ်မှန်း သူ သိသည်။

ကူလျန်ချန် ကိုယ်တိုင် သူတော်စင် ခုနစ်ပါးကိုခေါ်ပြီး ရောက်လာကတည်းက ဒီကိစ္စကို ပေါ့ပေါ့တန်တန် ထားလို့ မရတော့ပေ။

ဒီလို အချိန်မျိုးမှာ ကျန်းပေရန်ကို သတ်ဖို့ ကြိုးစားတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ယွမ်မြို့ တစ်ခုလုံး၊ ရှန့်တိုင်းပြည် တစ်ခုလုံးကို သေလမ်းပို့တာနဲ့ အတူတူပဲ။

ဒါက သာမန် ရာဇဝတ်မှု မဟုတ်ဘူး။ လူသားမျိုးနွယ် တစ်ခုလုံးကို သစ္စာဖောက်တဲ့ ရာဇဝတ်မှု။

ဒီလို ကြီးမားတဲ့ ပြစ်မှုမျိုးမှာ ယွင်လီ အနေနဲ့ သူ့ညီကို ကာကွယ်ပေးချင်ရင်တောင် ယွမ်မြို့ တစ်ခုလုံးရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး။ ရှေ့က အသင့်အနေအထား ဖြစ်နေတဲ့ သူတော်စင် ရှစ်ပါးကို ကြည့်လိုက်ရုံနဲ့တင် သိသာသည်။

ယွင်လီ စိတ်ပျက်သွားသည်။ သူ့ကျောက ဒဏ်ရာတွေ ယားယံနေတာက တစ်မျိုး၊ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတာက တစ်မျိုး... အိပ်ရာဝင်ပြီး အိပ်လိုက်ချင်တော့သည်။

ဒါပေမဲ့ သူတော်စင် ရှစ်ပါးက သူ့ကို အချိန်ပေးမှာ မဟုတ်ဘူး။

‘ဘာဖြစ်သွားတာလဲ... အာရို့က ဘာလို့ ဒီလို လုပ်ရတာလဲ’

ယွင်လီ အသည်းအသန် စဉ်းစားသော်လည်း အဖြေရှာမရပေ။ ဒီလို အချိန်မျိုးမှာ ဒီလို လုပ်တာက ဘာအကျိုးမှ မရှိဘူးလေ။

ယွင်လီ၏ မျက်နှာထား ပြောင်းလဲနေသည်ကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်သည်

“စီနီယာကြီး ယွင်... စီနီယာကြီးရဲ့ ညီ အနေနဲ့ မကြာသေးခင်က ထူးခြားတဲ့ အပြုအမူတွေ လုပ်ခဲ့တာ ရှိလား ဂူကျင့်ကြံသူတွေ မလာခင်က ဖြစ်ဖြစ် လာပြီးမှ ဖြစ်ဖြစ်”

ယွင်လီ ခေါင်းခါလိုက်သည်။

“မရှိပါဘူး မင်းက ငါ့ညီက ရန်သူနဲ့ ပူးပေါင်းပြီး ဂူကျင့်ကြံသူတွေနဲ့ ပတ်သက်နေတယ်လို့ သံသယ ဝင်နေတာလား”

“မဟုတ်ဘူး”

ကျန်းပေရန် ခေါင်းခါလိုက်သည်။

“သံသယ ဝင်တာ မဟုတ်ဘူး အတည်ပြုတာ ဒီအကြောင်းပြချက်ကလွဲရင် တခြား ဘာအကြောင်းပြချက် ရှိနိုင်ဦးမှာလဲ”

ယွင်လီ တိတ်ဆိတ်သွားသည်။ ကျန်းပေရန် ပြောတာ မှန်သည်။

ဒီလို အချိန်မျိုးမှာ ဒီလို လုပ်တာက ဂူကျင့်ကြံသူတွေကို ကူညီတာကလွဲရင် တခြား အဓိပ္ပာယ် မရှိဘူး။

“စီနီယာကြီးတို့... စီနီယာယွင်ကို လွှတ်ပေးလိုက်ပါ သူက သူ့ညီကိစ္စကို တကယ် မသိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်”

ကူလျန်ချန် ခေါင်းညိတ်လိုက်ပြီး တခြား သူတော်စင်များကို လက်ဟန်ပြလိုက်သည်။

သူတော်စင်များက စိတ်စွမ်းအင် ချုပ်နှောင်မှုကို လျှော့ချလိုက်သောအခါ ကျန်းပေရန်က ယွင်လီ ရှေ့သို့ တိုးသွားပြီး ပြောလိုက်သည်

“စီနီယာကြီး ယွင်... စီနီယာကြီး အနေနဲ့ ညီအတွက် စိတ်ပူနေမယ် ဆိုတာ သိပါတယ် ကျွန်တော်တို့လိုပဲ နားမလည်နိုင် ဖြစ်နေမယ် ဆိုတာလည်း သိပါတယ် ဒါပေမဲ့ ဒီလို သေရေးရှင်ရေး အချိန်မှာ စီနီယာကြီးရဲ့ ညီ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ဝိုင်းစဉ်းစားပေးစေချင်ပါတယ် တကယ်လို့များ... သူက အတင်းအကျပ် ခိုင်းစေခံရတာ ဒါမှမဟုတ် ထိန်းချုပ်ခံထားရတာ ဖြစ်နိုင်မလား”

ထိန်းချုပ်ခံထားရတယ် ဆိုတဲ့ စကားလုံး ကြားလိုက်တော့ အားလုံး မျက်နှာပျက်သွားကြသည်။

တကယ်လို့ ဂူအဆိပ်က လူကိုပါ ထိန်းချုပ်နိုင်တယ် ဆိုရင် သူတို့ တစ်ယောက်ချင်းစီ သတ်ဖြတ်ခံရဖို့က အချိန်မရွေး ဖြစ်လာနိုင်သည်။

ဂူကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေတုန်း ကိုယ့်အပေါင်းအသင်းက နောက်ကျောကနေ ဓားနဲ့ ထိုးလိုက်ရင် ဆိုတဲ့ အတွေးက ကျောချမ်းစရာ ကောင်းလှသည်။

ပုံမှန်အချိန် ဆိုရင် သူတို့က ဒီကိစ္စကို ရယ်စရာလို့ သဘောထားမှာ သေချာသည်။

သူတို့ရဲ့ စိတ်စွမ်းအင်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အရ ဘယ်သူကမှ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်လို့ မရနိုင်ဘူး။

ဒါပေမဲ့ အခုချိန်မှာတော့ ဂူအဆိပ်ဒဏ်ကြောင့် ကြောက်လန့်နေကြပြီ။

အတွင်းအားတွေ ပိတ်ဆို့ခံထားရရုံသာမက အချိန်မရွေး အသက်အန္တရာယ် ရှိနေသည်။

ဒီလောက် ကြောက်စရာကောင်းတဲ့ အဆိပ်မျိုး တစ်ခါမှ မကြုံဖူးတော့ မယုံချင်ပေမဲ့ ယုံရမလို ဖြစ်နေသည်။ ဂူအဆိပ်က စိတ်ကိုပါ ထိန်းချုပ်နိုင်တယ် ဆိုတဲ့ အချက်ကို ထည့်သွင်း စဉ်းစားရတော့မည်။

ကျန်းပေရန်က ဒီမေးခွန်း မေးရတာကလည်း သူ ကိုယ်တိုင် ဂူသုံးပြီး လူတွေကို ခြိမ်းခြောက်ဖူးလို့ ဖြစ်သည်။

ဒါပေမဲ့ သူက ခြိမ်းခြောက်ရုံ သက်သက်ပဲ။ လူတစ်ယောက်လုံးကို လုံးဝ ထိန်းချုပ်ဖို့၊ အထူးသဖြင့် သူတော်စင် အဆင့်ကို ထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်သည်။

ဂူကျင့်ကြံသူတွေက ဂူပညာမှာ သူ့ထက် သာတယ် ဆိုပေမဲ့ ကျန်းပေရန်ရဲ့ ဂူပညာ အဆင့်ကလည်း နိမ့်တာ မဟုတ်ဘူး။ အတတ်ပညာ အားလုံးထဲမှာ ထိပ်ဆုံး ၅ ခု ဝင်သည်။

အံ့ဖွယ်နဂါး တိုက်ကြီးမှာ ဂူပညာရှင် အဆင့် သတ်မှတ်ချက် ရှိရင် သူက အဆင့် ၉ ရမှာ သေချာသည်။

ဒါကြောင့် ဂူကျင့်ကြံသူတွေက သူ့ထက် သာရင်တောင် အရမ်းကြီး ကွာခြားမှာ မဟုတ်ဘူး။

ဒါပေမဲ့... သူတို့ဆီမှာ "အဆင့် ၁၀" ဂူပညာရှင် ရှိနေရင်တော့ မပြောတတ်ဘူး။

ဒါကလည်း ဖြစ်နိုင်ချေ ရှိသည်။ ဒီအဆိပ်မြူက ကျန်းပေရန် အတွက် နားလည်ရ ခက်ခဲလွန်းသည်။

အထက်တန်း စာမေးပွဲ အောင်ပြီး တက္ကသိုလ် တက်ခါစ ကျောင်းသားလေးကို ပါမောက္ခက ကွမ်တမ်ရူပဗေဒ စာအုပ် ပေးပြီး ကိုယ့်ဘာသာ လေ့လာခိုင်းသလို ဖြစ်နေသည်။

‘နားမလည်နိုင်ဘူး’

ဒီအဆိပ်မြူက သာမန်ထက် လွန်ကဲနေသည်။ ဂိမ်းထဲမှာ ဆိုရင် Bug ဖြစ်နေတာမို့ Patch ထုတ်ပြီး ပြင်ရမယ့် အနေအထား ဖြစ်သည်။

ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ Patch မရှိဘူး။ ကိုယ့်ဘာသာ ဖြေရှင်းရမှာ။

ဒီလောက် အဆိပ်မြူမျိုး ထုတ်နိုင်မှတော့ လူစိတ်ကို ထိန်းချုပ်နိုင်တဲ့ ဂူအဆိပ် ရှိတယ် ဆိုတာလည်း ဖြစ်နိုင်တာပဲ။

Bug တစ်ခု ရှိရင် နောက်ထပ် Bug တစ်ခုလည်း ရှိနိုင်တာပဲလေ။

“ဆရာကျန်း... မင်း ထင်တာက ငါ့ညီက ဂူကျင့်ကြံသူတွေရဲ့ ထိန်းချုပ်မှုကို ခံထားရတယ် ပေါ့”

“မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး ဒါကြောင့် စီနီယာကြီး ယွင် အနေနဲ့ သေချာ ပူးပေါင်းပြီး အမှန်တရားကို ရှာဖွေပေးပါ တကယ်လို့ ဟုတ်ခဲ့ရင် စီနီယာကြီးရဲ့ ညီကို ပြန်ကယ်တင်နိုင်မလား မသိဘူး”

“ကောင်းပြီ ငါ ပြန်စဉ်းစားကြည့်ပါ့မယ်”

ယွင်လီ၏ စကားကို ကြားပြီး ကူလျန်ချန် စိတ်ထဲတွင် ကျန်းပေရန်ကို ပိုပြီး လေးစားသွားသည်။

စကားပြောစွမ်းရည်... တကယ့်ကို ထိပ်တန်း စကားပြောစွမ်းရည်ပဲ။

လူစိတ်ကို ထိန်းချုပ်နိုင်တဲ့ ဂူအဆိပ် ဆိုတာ ရှိချင်မှ ရှိမှာ။ ဒါပေမဲ့ ကျန်းပေရန်က ယွင်လီ ပါးစပ်ဟလာအောင် မျှားခေါ်လိုက်တာ ဖြစ်သည်။ သူ့ညီကို ကယ်တင်နိုင်မယ် ဆိုတဲ့ မျှော်လင့်ချက် ပေးလိုက်တော့ ယွင်လီက အကုန် ပြောပြတော့မှာပေါ့။

ဒါက နှိပ်စက်ပြီး မေးတာထက် အများကြီး ပိုထိရောက်သည်။

‘အတတ်ပညာတွေ အများကြီး တတ်မြောက်ထားတာ မဆန်းပါဘူး ဉာဏ်ကောင်းလွန်းလို့ပဲ စကားနည်းနည်းလေး ပြောလိုက်တာနဲ့ သူတော်စင် တစ်ယောက်ကို ထိန်းချုပ်လိုက်နိုင်ပြီ’

ယွင်လီ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်သည်ကို မြင်သောအခါ ကျန်းပေရန် ဆက်ပြောလိုက်သည်။

“စီနီယာကြီး ယွင်... မကြာသေးခင်က ဖြစ်ရပ်တွေမှ မဟုတ်ပါဘူး အရင်တုန်းက ဖြစ်ရပ်တွေလည်း ဖြစ်နိုင်ပါတယ် ထူးခြားတာ ရှိသမျှ ပြောပြပါ ကျွန်တော်တို့ ဝိုင်းစဉ်းစားပေးပါ့မယ်”

“အရင်တုန်းက...” ယွင်လီ မျက်နှာ အရောင် ပြောင်းသွားသည်။

“စီနီယာကြီး ယွင် ဘာစဉ်းစားမိလို့လဲ”

ယွင်လီ သက်ပြင်းချလိုက်သည်။ လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်နေသည်။

စိတ်ထဲတွင် ဗျာများနေပုံ ရသည်။

ကျန်းပေရန်က မလောဘဲ စောင့်နေသည်။ တခြား သူတော်စင်တွေက စိတ်မရှည်ချင်ပေမဲ့ ကျန်းပေရန်က စောစောက ပြောထားပြီးသားဖြစ်ကာ တိုက်ခိုက်တာ မဟုတ်ဘဲ စေ့စပ်ဆွေးနွေးတာ ဆိုရင် သူ့ကို လွှတ်ထားပေးပါ ဆိုပြီး ဖြစ်သည်။

ကျန်းပေရန် စကားက ယဉ်ကျေးပေမဲ့ ကူလျန်ချန် တို့ နားလည်လိုက်သည်။

ဝင်မရှုပ်နဲ့ ဆိုတဲ့ သဘော…..

လူငယ်လေး တစ်ယောက်က ဒီလို ပြောတာ မကြိုက်ပေမဲ့ သူ့အရည်အချင်းကြောင့်... သည်းခံလိုက်ရသည်။

အချိန် အတော်ကြာပြီးနောက် ယွင်လီ၏ တင်းမာနေသော မျက်နှာ လျော့ကျသွားသည်။

“ဟူး...”

သက်ပြင်းချလိုက်ပြီး ယွင်လီက အားလုံးကို ကြည့်ကာ ပြောလိုက်သည်

“တကယ်တော့ ဒါက ငါ့ညီရဲ့ လျှို့ဝှက်ချက်ပါ အခု အခြေအနေ ရောက်နေမှတော့ ငါ ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး”

အားလုံး၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ယွင်လီ ဖြည်းညှင်းစွာ ပြောလိုက်သည်

“ငါ့ညီက... လျှို့ဝှက်ဆန်းကြယ်ကျွန်းကို ရောက်ဖူးတယ်”

“ဟင်...”

"လျှို့ဝှက်ဆန်းကြယ် ကျွန်း" ဆိုသော စကားလုံး ကြားလိုက်သည်နှင့် သူတော်စင် အားလုံး အာမေဋိတ် သံများ ထွက်ပေါ်လာကြသည်။ မျက်နှာများတွင် မယုံကြည်နိုင်မှုနှင့် သဘောပေါက်သွားမှုများ ရောထွေးနေသည်။

ကျန်းပေရန်ကတော့ အစပိုင်းတွင် ကြောင်သွားသည်။ နာမည်က ရင်းနှီးနေသလိုလိုနဲ့ ဘယ်မှာ ကြားဖူးမှန်း စဉ်းစားမရ။

ခဏကြာမှ မှတ်ဉာဏ်ထဲတွင် ရှာတွေ့သွားသည်။

လျှို့ဝှက်ဆန်းကြယ်ကျွန်း... ကျီချင်းလင်း ပြောဖူးတဲ့ ကံစမ်းဖို့ သွားချင်တဲ့ ကျွန်း။

တစ်နှစ်ပတ်လုံး မြူမဲတွေ ဖုံးလွှမ်းနေတဲ့ ကျွန်း။

အနက်ရောင်ဝိညာဉ် အဆင့် ဝင်သွားရင် အနက်ရောင်သခင်ကြီး အဆင့်နဲ့ ပြန်ထွက်လာတတ်တဲ့ ကျွန်း။

တုန်းက ကျီချင်းလင်း က ချန်တိုင်းပြည်ကို ကာကွယ်ဖို့ ဝှက်ဖဲ တစ်ချပ် အနေနဲ့ သဘောထားခဲ့သည်။ အခုတော့ ကျန်းပေရန်က အဲဒီကျွန်းက ပြန်လာသူ တစ်ယောက်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ။

‘နေဦး...’

ကျန်းပေရန် မှတ်မိသလောက် အဲဒီကျွန်းက ပြန်လာပြီး အသက်ရှင်နေတဲ့သူ ၆ ယောက်ပဲ ရှိတာ။ အားလုံးက နာမည်ကြီးတွေချည်းပဲ။ အခု ဘယ်လိုလုပ် နောက်တစ်ယောက် ထပ်တိုးလာတာလဲ။

ဒါတွေကို ခဏထားလိုက်ရင် ကျန်းပေရန် သဘောပေါက်သွားပြီ။

လျှို့ဝှက်ဆန်းကြယ် ကျွန်းရဲ့ ထူးခြားချက်က ဘာလဲ။

အများစုက ပြန်မလာနိုင်ကြဘူး။ ပြန်လာနိုင်သူတွေကတော့ အတိတ်မေ့သွားပြီး ကျင့်ကြံဆင့်တွေ တိုးတက်လာကြသည်။

ဒါက ဂူကျင့်ကြံသူတွေရဲ့ ထိန်းချုပ်ခံရတာနဲ့ တူမနေဘူးလား။

ပြန်လာသူ နည်းပါးရခြင်း အကြောင်းရင်းကတော့ ပါရမီ မမီလို့၊ ဒါမှမဟုတ် စမ်းသပ်မှု မအောင်မြင်လို့ သေဆုံးသွားတာ ဖြစ်နိုင်သည်။

အခု အမြင်နဲ့ ကြည့်ရင် လျှို့ဝှက်ဆန်းကြယ်ကျွန်း ဆိုတာ ဂူကျင့်ကြံသူတွေရဲ့ ဌာနချုပ် ဖြစ်ဖို့များသည်။

သူတို့ကို အံ့ဖွယ်နဂါး တိုက်ကြီးကနေ မောင်းထုတ်လိုက်တယ် ဆိုတာ မဟုတ်ဘဲ တိုက်ကြီးပေါ်က နေရာတစ်နေရာမှာ ပုန်းခိုနေကြတာများလား။

ဒါက အမှန်တရား ဆိုရင် ကျန်းပေရန်၏ နောက်ထပ် မေးခွန်းတစ်ခုလည်း အဖြေရသွားပြီ။

လွန်ခဲ့တဲ့ တစ်ခေါက် ချန်တိုင်းပြည်မှာ အဆိပ်မြူ ဖြစ်တုန်းက ရွာတစ်ရွာလုံးကို ယဇ်ပူဇော်ပြီးမှ ဖြစ်လာတာ။ အခု တစ်တိုက်ကြီးလုံး ဖုံးလွှမ်းမယ့် အဆိပ်မြူ ဆိုရင် ယဇ်ပူဇော်မှုက ပိုကြီးမားရမည်။

လူအများကြီး သေဆုံးရမှာ သေချာသည်။

ကျန်းပေရန်က ဘယ်သူက ဂူကျင့်ကြံသူတွေကို ကူညီပေးနေလဲ စဉ်းစားနေတာ။ အခုတော့ ရှင်းသွားပြီ။ လျှို့ဝှက်ဆန်းကြယ်ကျွန်းက ပြန်လာသူတွေ ဖြစ်ဖို့များသည်။

‘ဒါဆိုရင်... အရင်တစ်ခေါက် ချန်တိုင်းပြည် ကိစ္စက သူတို့ရဲ့ စမ်းသပ်မှုပေါ့’

ကျန်းပေရန် တွေးလေ ပိုပြီး သဘာဝကျလေ ဖြစ်နေသည်။ ချန်တိုင်းပြည်က အားနည်းပြီး ဝေးလံခေါင်ဖျားတော့ စမ်းသပ်ကွင်း လုပ်ဖို့ အကောင်းဆုံးပဲ။

"သေစမ်း... ဒီ ဂူကျင့်ကြံသူတွေက ဘယ်အချိန်ကတည်းက တန်ပြန်တိုက်စစ်ဆင်ဖို့ ကြံစည်နေကြတာလဲ"

ကျန်းပေရန် ကြက်သီးထသွားသည်။ ရုတ်တရက် တိုက်ခိုက်မှုလို့ ထင်ရပေမဲ့ နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားတဲ့ စီမံကိန်းကြီး ဖြစ်နေသည်။ အပေါ်ယံမှာတော့ လူ ၆ ယောက်ပဲ ပြန်လာတယ်လို့ ထင်ရသည်။

ယွင်ရို့ လို "မတော်တဆ" ပြန်ရောက်လာသူတွေ ဘယ်နှယောက် ရှိဦးမလဲ။

နောက်ကွယ်မှာ "လူသားသစ္စာဖောက်" ဘယ်နှယောက်က သူတို့ကို ကူညီပေးနေလဲ မသိနိုင်ပေ။

ကျန်းပေရန် တွေးရင်း ကျောချမ်းသွားသည်။

တခြား သူတော်စင်ကြီးများလည်း ကျန်းပေရန်လိုပင် တွေးမိပြီး ကြောက်လန့်နေကြသည်။

ထိပ်တန်း ခွန်အားရှင်တွေ ဖြစ်ပေမဲ့ လျှို့ဝှက်ဆန်းကြယ်ကျွန်း အကြောင်း သူတို့လည်း သိပ်မသိကြပေ။

အမြဲတမ်း မြူမဲတွေ ဖုံးလွှမ်းနေပြီး ထူးဆန်းတဲ့ ကျွန်း ဆိုတာလောက်ပဲ သိကြသည်။

အထဲဝင်ရင် စွမ်းအားကြီးလာတယ် ဆိုတာလောက်ပဲ သိကြသည်။

သူတို့လည်း လူလွှတ်ပြီး စုံစမ်းခိုင်းဖူးပေမဲ့ တစ်ယောက်မှ ပြန်မလာကြပေ။

အခုတော့ သံသယတွေ အားလုံးက လက်ရှိ အခြေအနေနဲ့ ကိုက်ညီနေသည်။ လျှို့ဝှက်ဆန်းကြယ် ကျွန်းက ဂူကျင့်ကြံသူတွေရဲ့ ဌာနချုပ် ဖြစ်ဖို့ သေချာသလောက် ရှိနေသည်။

ရန်သူ့ ဌာနချုပ်က ကိုယ့်မျက်ခွံအောက်မှာ ရှိနေတာကို မသိခဲ့ကြဘူး ဆိုတော့ သူတော်စင်ကြီးများ ရှက်ရွံ့မိကြသည်။

ဒါပေမဲ့ သူတို့ကို အပြစ်တင်လို့ မရပေ။ အံ့ဖွယ်နဂါး တိုက်ကြီးမှာ ဒီလို ထူးဆန်းတဲ့ ကျွန်းတွေ အများကြီး ရှိသည်။ ကျန်းပေရန် သွားဖူးတဲ့ ရွှေဆေးအိုး ကျွန်း လိုပေါ့။ သူတော်စင်တွေတောင် မတတ်နိုင်တဲ့ နေရာတွေ အများကြီး ရှိသည်။

ဒါကြောင့် သူတို့လည်း လျစ်လျူရှုထားမိကြခြင်း ဖြစ်သည်။

အခုတော့ ပေါ့ဆမှုရဲ့ တန်ဖိုးကို ပေးဆပ်ရတော့မည်။

"ဟူး..."

ကူလျန်ချန် သက်ပြင်းချလိုက်ပြီး ယွင်လီကို မေးလိုက်သည်

"ဂိုဏ်းချုပ်ယွင်... အသေးစိတ် ပြောပြလို့ ရမလား"

သူ့ညီ အကြောင်း ဖွင့်ပြောလိုက်ပြီ ဆိုတော့ ယွင်လီလည်း ထပ်ဖုံးကွယ်မထားတော့ပေ။

"လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကပါ အာရို့က ငယ်ငယ်ကတည်းက ပါရမီ သိပ်မကောင်းဘူး ဂိုဏ်းထဲမှာလည်း သာမန်ပဲ ဒါပေမဲ့ ငါ့ကို ကြည့်တိုင်း သူ့မျက်လုံးထဲမှာ အားကျမှုတွေ တွေ့ရတယ် သန်မာချင်တဲ့ စိတ်ဆန္ဒတွေ တွေ့ရတယ်"

"ဒါပေမဲ့ သာမန် ကြိုးစားမှုနဲ့ ငါ့ကို မီဖို့ မပြောနဲ့ ကျော်တက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ငယ်ငယ်ကတည်းက မလုပ်နိုင်ခဲ့တာ အသက်ကြီးလာတော့ ပိုမဖြစ်နိုင်တော့ဘူး အဲဒီ ဆန္ဒတွေ ပေါက်ကွဲလာတော့ သူက ငါတို့ကို အသိမပေးဘဲ လျှို့ဝှက်ဆန်းကြယ် ကျွန်း ကို သွားခဲ့တယ်"

"တစ်နှစ်လောက် ပျောက်သွားပြီးတဲ့နောက် တစ်နေ့မှာ ပြန်ရောက်လာတယ် အနက်ရောင်သခင်ကြီး အထွတ်အထိပ် အဆင့်နဲ့ ပြန်ရောက်လာတယ် အဲဒီကျမှ သူ အဲဒီကျွန်းကို သွားခဲ့မှန်း ငါတို့ သိလိုက်ရတာ"

"အဖေက သူ့ကို ဆူပူပေမဲ့ ဘေးကင်းကင်း ပြန်ရောက်လာတော့ ခွင့်လွှတ်လိုက်တယ်"

"တခြား ပြန်လာသူတွေ လိုပဲ အာရို့လည်း ကျွန်းပေါ်က အကြောင်းတွေကို မမှတ်မိတော့ဘူး ဒါပေမဲ့ တစ်ခုတော့ သူ အတင်းတောင်းဆိုတယ် သူ ဒီစွမ်းရည်တွေ ဘယ်ကရလဲ ဆိုတာ ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့"

ဒီစကား ကြားတော့ သူတော်စင် အားလုံး ယွင်လီကို မယုံသင်္ကာ ကြည့်လိုက်ကြသည်။

ကျန်းပေရန် အပါအဝင် အားလုံးရဲ့ အတွေးက တစ်ခုတည်းပင်။

‘သူက မပြောချင်တာလား... မင်းတို့ မိသားစုက မပြောချင်တာလား’

အပြင်က အကူအညီနဲ့ စွမ်းအားကြီးလာတာ ရှက်စရာ မဟုတ်ပေမဲ့ ကိုယ့်ဘာသာ ကြိုးစားပြီး သူတော်စင် ဖြစ်လာတာက ပိုပြီး ဂုဏ်ရှိတာပေါ့။ ဒါမှ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်မှာ။

ဒါကြောင့် ဒီသတင်းကို ဖုံးကွယ်ထားတာ သူတို့အတွက် အကျိုးရှိတာပေါ့။

"ပြန်ရောက်ပြီးတဲ့နောက် မင်းညီ ထူးခြားတဲ့ အပြုအမူတွေ လုပ်တာ ရှိလား" ကူလျန်ချန် မေးလိုက်သည်။

ယွင်လီ ခေါင်းခါလိုက်သည်။

"အာရို့က ကလေး မဟုတ်တော့ဘူးလေ ငါ သူ့ကို အမြဲတမ်း စောင့်ကြည့်နေလို့ မရဘူး သူ ဘာတွေ လုပ်ခဲ့လဲ ဆိုတာ... ငါလည်း မသိဘူး"

All Chapters