← Chapters

ငါက အလုပ်သမားပါ

Vol. 50 Ch. 569

ငါက အလုပ်သမားပါ

Vol. 50 Ch. 569

တစ်နာရီကြာ စကားပြောပြီးနောက် ယွင်လီသည် သူ့ညီကိစ္စကို တကယ် ဘာမှ မသိကြောင်း ကျန်းပေရန် အတည်ပြုလိုက်သည်။

ညီဖြစ်သူက ဘာလုပ်လို့ လုပ်မှန်းကို မသိပေ။

ဒါကြောင့် ဆက်မေးနေလည်း အချိန်ဖြုန်းသလို ဖြစ်နေမည်။

"စီနီယာကြီး ယွင် ဘာမှ မသိဘူး ဆိုတော့ တခြား နည်းလမ်း ပြောင်းသုံးရတော့မှာပေါ့"

ကျန်းပေရန် ပြောပြီး ကူလျန်ချန် ကို လှမ်းကြည့်လိုက်သည်။

"စီနီယာကြီး ကူ... ဂျူနီယာ့မှာ အကြံဉာဏ် နှစ်ခု ရှိတယ် စီနီယာကြီး ထောက်ခံမယ်လို့ မျှော်လင့်ပါတယ် ပထမ တစ်ချက်က အခုချိန်မှာ အမှားမခံတော့ဘူး ဒါကြောင့် ဒီနှစ်ရက် အတွင်း ယွမ်ရို့ အကြောင်း မေးမြန်းတဲ့သူ ဘယ်သူမဆို စောင့်ကြည့်သင့်တယ် လိုအပ်ရင် ဖမ်းချုပ်ထားသင့်တယ်"

"ပြဿနာ မရှိဘူး"

ကူလျန်ချန် ချက်ချင်း လက်ခံလိုက်သည်။

ယွမ်မြို့၏ အခြေအနေက ယွမ်ရို့ လို လူသားသစ္စာဖောက် နောက်တစ်ယောက် ပေါ်လာဖို့ လက်မခံနိုင်တော့ပေ။ ဒီတစ်ခေါက် ကျန်းပေရန် လွတ်မြောက်သွားပေမဲ့ နောက်တစ်ခေါက် ဆိုရင် မသေချာဘူးလေ။

ကိုယ့်နောက်ကျောကနေ ဓားနဲ့ ထိုးမယ့်သူ ရှိနေတယ် ဆိုတဲ့ အသိက ကူလျန်ချန် ကို နေရခက်စေသည်။ ဒါကြောင့် ဘယ်လို တန်ဖိုးပေးဆပ်ရပါစေ အမြစ်ပြတ် ရှင်းလင်းပစ်ရမည်။

"ဒုတိယ အချက်က ယွမ်ရို့ ကို ကျွန်တော် တစ်ယောက်တည်း စစ်ဆေးမေးမြန်းချင်တယ် ဘယ်သူမှ လာမနှောင့်ယှက်စေချင်ဘူး"

ဒီတစ်ခေါက်တော့ ကူလျန်ချန် ခဏ စဉ်းစားလိုက်သည်။ ဒါပေမဲ့ နောက်ဆုံးတော့ လက်ခံလိုက်သည်။

"ကောင်းပြီ မင်း လက်ထဲ အပ်လိုက်မယ်"

ကူလျန်ချန် လက်ခံရခြင်း အကြောင်းရင်းက နှစ်ချက် ရှိသည်။

ပထမ အချက်က ကျန်းပေရန်၏ ရပ်တည်ချက်က ခိုင်မာသည်။ သူသာ မရှိရင် ယွမ်မြို့ ကျဆုံးသွားနိုင်သည့် အနေအထား ဖြစ်သည်။

ဒုတိယ အချက်က သူတို့ သူတော်စင်တွေ အကုန်လုံး စစ်ဆေးမေးမြန်းပြီးပြီ။ ယွမ်ရို့ ဆီက အသံတစ်ချက်တောင် မကြားရဘူး။

ဒါက ခေါင်းမာလို့ မဟုတ်ဘူး။ သံမဏိလူသားတောင် သူတို့ လက်ချက်နဲ့ ဆိုရင် အော်ဟစ်နေရမှာ။

ဒါကြောင့် သူတို့ မတတ်နိုင်တဲ့ ကိစ္စကို ကျန်းပေရန် လက်ထဲ အပ်လိုက်တာ ပိုကောင်းသည်။ အခုထိ ကျန်းပေရန် မလုပ်နိုင်တာ မရှိသေးဘူးလေ။

"ကောင်းပြီ ဒါဆိုရင် အခုကစပြီး ဘာမှ မဖြစ်ခဲ့သလို နေကြရအောင် တိတ်တဆိတ် စောင့်ကြည့်ပြီး သစ္စာဖောက်တွေကို ရှာဖွေကြတာပေါ့"

သူတော်စင်များ ထွက်ခွာသွားပြီးနောက် ယွင်လီက ကျန်းပေရန်ကို ဆွဲထားလိုက်သည်။

"စီနီယာကြီး ယွင် ဘာကိစ္စ ရှိလို့လဲ"

ကျန်းပေရန် မေးလိုက်သည်။

"မင်း... ငါ့ညီကို ဘယ်လို စစ်ဆေးမှာလဲ"

ယွင်လီ၏ လက်က တုန်နေသည်ကို ခံစားမိသဖြင့် ကျန်းပေရန် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ စီနီယာကြီး ယွင် ကျွန်တော်က စကားပြောပြီး မေးမြန်းရုံပါပဲ သူ့ကို မနာကျင်စေပါဘူး"

ယွင်လီက မယုံကြည်ပေမဲ့ လက်ကို လွှတ်လိုက်သည်။

အခု အခြေအနေ အရ သူ့ညီကို ကာကွယ်ပေးနိုင်စွမ်း မရှိတော့ပေ။ သူ့ညီက ဂူအဆိပ်ကြောင့် ထိန်းချုပ်ခံရတာ ဖြစ်ပါစေလို့ ဆုတောင်းရုံသာ ရှိတော့သည်။ မဟုတ်ရင် အဆိပ်မြူ ပျောက်သွားရင်တောင် ပိုဆိုးတဲ့ မုန်တိုင်းတွေ လာတော့မှာ။

ဘေးနားက ကူလျန်ချန် ကတော့ ကျေနပ်အားရစွာ ကြည့်နေသည်။

"တကယ့်ကို ထိပ်တန်း စကားပြောစွမ်းရည်ပဲ တော်လိုက်တာ"

ယွမ်ရို့၏ အခြေအနေကို ကိုယ်တိုင် မြင်ဖူးထားသူ ကူလျန်ချန် အနေဖြင့် စကားပြောပြီး မေးမြန်းမယ် ဆိုတာကို လုံးဝ မယုံပေ။

"စီနီယာကြီး ယွင်... ဂျူနီယာ သွားလိုက်ပါဦးမယ်"

ကျန်းပေရန် လှည့်ထွက်လာတဲ့ အချိန် အထိ စနစ် သတိပေးချက် မပေါ်လာတော့ ယွင်လီက သူ့ညီ အတွက် မိုက်မဲတဲ့ အလုပ်တွေ လုပ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်သည်။

ဒါဆိုရင် သူ့ကို ဖမ်းချုပ်ထားစရာ မလိုတော့ဘူးပေါ့။ မဟုတ်ရင် သူ့ကို စောင့်ကြည့်ဖို့ သူတော်စင် တစ်ပါး ထားခဲ့ရမှာ။ သူတော်စင် နှစ်ပါး အားလျော့သွားတာ နစ်နာလွန်းသည်။

ယွင်လီ အခန်းထဲက ထွက်လာတော့ ကူလျန်ချန် က မေးလိုက်သည် "တကယ် လူစောင့်ထားစရာ မလိုဘူးလား"

ကျန်းပေရန် ပြန်ဖြေဖို့ ပြင်လိုက်စဉ် စနစ် ရွေးချယ်မှု နှစ်ခု ပေါ်လာသည်။

【ရွေးချယ်မှု ၁ - "မလိုပါဘူး စီနီယာကြီး ယွင် က ယွမ်မြို့ကို ထိခိုက်စေမယ့် အလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး" ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အလယ်အလတ် မီးတောက်မိစ္ဆာ ကျမ်း】

【ရွေးချယ်မှု ၂ - "ဒါတော့ ဂျူနီယာလည်း နားမလည်ပါဘူး စီနီယာကြီး ကူ သဘောပါပဲ ဂျူနီယာ အနေနဲ့ ယွမ်ရို့ ဆီက သတင်းရအောင် လုပ်ဖို့ပဲ တတ်နိုင်တာပါ" ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အတတ်ပညာ အမှတ် +၁】

ရွေးချယ်မှု နှစ်ခုကို ကြည့်ပြီး ကျန်းပေရန် စဉ်းစားလိုက်သည်။

ကူလျန်ချန် က ဆုံးဖြတ်ချက် ချခါနီးတိုင်း သူ့အကြံဉာဏ် တောင်းနေပြီ။ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ လေးစားမှု ရလေ တာဝန်ကြီးလေ ဖြစ်တတ်သည်။

ကျန်းပေရန်က သူရဲကောင်း လုပ်ချင်တာ မဟုတ်ဘူး။ ရှန့်တိုင်းပြည် အတွက် အသက်ပေးချင်တာ မဟုတ်ဘူး။

ဒါကြောင့် သူက အလုပ်သမားပဲ ဖြစ်ပြီး ရှယ်ယာရှင် မဟုတ်ကြောင်း ကူလျန်ချန် သိအောင် လုပ်ရမည်။ သူဌေးက အရေးကြီး ဆုံးဖြတ်ချက် ချခါနီးတိုင်း ဝန်ထမ်းကို မေးနေရင် အဆင့်အတန်း ကျတာပေါ့။

ရွေးချယ်မှု ၂ ကို ရွေးလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။

"ဒါတော့ ဂျူနီယာလည်း နားမလည်ပါဘူး စီနီယာကြီး ကူ သဘောပါပဲ ဂျူနီယာ အနေနဲ့ ယွမ်ရို့ ဆီက သတင်းရအောင် လုပ်ဖို့ပဲ တတ်နိုင်တာပါ"

【ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - သံချပ်ကာ +၁】

ကူလျန်ချန် ကြောင်သွားသည်။ ယွမ်ရို့ကို ဖမ်းမိကတည်းက ကျန်းပေရန်က တက်ကြွနေတာလေ။ သူတော်စင်တွေကို အမိန့်ပေး၊ ယွင်လီကို စစ်ဆေး၊ ယွမ်ရို့ကို တစ်ယောက်တည်း စစ်ဆေးမယ် လုပ်……

အရာရာမှာ ခေါင်းဆောင် ပုံစံ ပေါက်နေတာ။

ဒါကြောင့် ကူလျန်ချန် က သူ့ကို တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ် သဘောထားလိုက်မိတာ။

ဒါပေမဲ့ ကျန်းပေရန် အဖြေက...

"ခင်ဗျား အထင်လွဲနေပြီ ကျွန်တော်က ဆုံးဖြတ်ချက် ချတဲ့ နေရာမှာ ပါဝင်ချင်တာ မဟုတ်ဘူး ကျွန်တော် လုပ်စရာ ရှိတာ သွားလုပ်တော့မယ်" ဆိုတဲ့ သဘော ဖြစ်နေသည်။

ဒီသဘောထားက ကူလျန်ချန် ကို နားမလည်နိုင် ဖြစ်စေသည်။

‘ငါ အထင်လွဲမိတာလား... ဒါမှမဟုတ် ငါနဲ့ တန်းတူ ဆက်ဆံခံရတာကို သူ အားနာနေတာလား’

ခဏ စဉ်းစားပြီးနောက် အဖြေရှာမရတော့ဘဲ ကူလျန်ချန် ပြောလိုက်သည်။

"ဟုတ်တာပေါ့ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ကြရင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာပါ"

"စီနီယာကြီး ကူ ပြောတာ မှန်ပါတယ်"

"ဒါပေမဲ့ မင်း အခု လုပ်ရမယ့် အရေးကြီးဆုံး ကိစ္စက ယွမ်ရို့ ဆီက သတင်းယူဖို့ မဟုတ်ဘူး ကျောက်စိမ်းတောင်ခြေ အစီအရင် ကို ပြင်ဖို့က ပိုအရေးကြီးတယ်"

"စိတ်ချပါ စီနီယာကြီး ကူ အစီအရင် ပြင်ဖို့က မခက်ပါဘူး ဒါပေမဲ့ ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုအပ်ပါတယ်"

"ဒါက လွယ်ပါတယ်"

ကူလျန်ချန် ပြောပြီး သိုလှောင်လက်စွပ် တစ်ကွင်းကို ကျန်းပေရန် ဆီ ပစ်ပေးလိုက်သည်။

"ဒီထဲမှာ ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး အတုံး ၁၀၀ လောက် ပါတယ် အရင် သုံးထားလိုက် မလောက်ရင် ငါ ထပ်ရှာပေးမယ်"

‘အလုံး ၁၀၀ လား...’

ကျန်းပေရန် စိတ်ထဲတွင် အော်ဟစ်လိုက်မိသည်။

ဒုတိယ မျိုးဆက်သစ် သူဌေးသားတွေက သူဌေးအစစ်တွေကို မမီဘူး ဆိုတာ ဒါပဲ။

လင်ယုယန်တို့လို သူဌေးသားတွေက ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးနှစ်တုံးလောက်ပဲ ထုတ်ပေးနိုင်တာ။ ဒီ သူတော်စင်ကြီးကတော့ လက်တစ်ဖက် လှုပ်လိုက်ရုံနဲ့ အလုံး ၁၀၀ တန်းထွက်လာတယ်။

‘သူတော်စင် အဆင့် ရောက်ရင် ပိုက်ဆံ ဆိုတာ အရေးမကြီးတော့ဘူး ထင်တယ်’

စိတ်ထဲတွင် တွေးလိုက်ပြီး ကျန်းပေရန်က လက်စွပ်ထဲမှ ကျောက်တုံး တချို့ ထုတ်ယူလိုက်သည်။

"ဒီလောက် အများကြီး မလိုပါဘူး..."

"ပေးပြီးသား ပစ္စည်း ပြန်မယူဘူး မင်းဘာသာ သိမ်းထားလိုက်တော့"

ပြောပြီးသည်နှင့် ယွမ်ရို့ကို ချုပ်နှောင်ထားသည့် နေရာသို့ ထွက်ခွာသွားသည်။

‘...’

"တကယ့် သူဌေးကြီးပဲကွာ..."

ကောင်ကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး အလုံး ၁၀၀ ကို မုန့်ဖိုးပေးသလို ပေးလိုက်တာ။ ဒါမှ သူဌေး စစ်စစ် ဆိုတာ။

"ဒါဆိုရင်တော့ ဂျူနီယာ မငြင်းတော့ပါဘူး"

ကျန်းပေရန်လည်း အားနာမနေတော့ပေ။ ကူလျန်ချန် တောင် ဒီလောက် ရက်ရောနေမှတော့ သူက ငြင်းနေစရာ မလိုတော့ဘူးလေ။

ခဏအကြာတွင် ယွမ်ရို့ကို ချုပ်နှောင်ထားသည့် အခန်းသို့ ရောက်ရှိလာသည်။ အခန်းထဲတွင် သူတော်စင် တစ်ဦး စောင့်ကြပ်နေသည်။ ကူလျန်ချန် ၏ မြေး ဖြစ်ပုံရသည်။

"ဘိုးဘေး ကို ဂါရဝပြုပါတယ်"

ထိုသူတော်စင်က ကူလျန်ချန် ကို နှုတ်ဆက်လိုက်သည် ပြီးမှ ကျန်းပေရန်ကို ကြည့်ကာ "ဆရာကျန်း" ဟု ခေါ်လိုက်သည်။

"ဆရာ" ဆိုတဲ့ အသုံးအနှုန်းက ကူလျန်ချန် မှာကြားထားလို့ ဖြစ်ဖြစ်၊ ကိုယ်တိုင် လေးစားလို့ ဖြစ်ဖြစ် ကျန်းပေရန် သဘောကျမိသည်။

ယွမ်ရို့ကို တစ်ချက် ကြည့်လိုက်ပြီး ကူလျန်ချန် က ပြောလိုက်သည်။

"ကောင်းပြီ မင်း တာဝန်ကျေပါတယ် အပြင်ထွက်တော့"

"ဟုတ်ကဲ့ပါ"

ကူလျန်ချန် ၏ မြေး ထွက်သွားပြီးနောက် ကူလျန်ချန် က ပြောလိုက်သည်

"ကဲ မင်း တာဝန်ပဲ" ပြောပြီး သူလည်း ထွက်ခွာသွားသည်။

‘ဟူး... ပြဿနာကြီးပဲ’

ကျန်းပေရန် ကြမ်းပြင်ပေါ် ထိုင်နေသော ယွမ်ရို့ကို ကြည့်ပြီး ညည်းတွားလိုက်သည်။

ကျန်းပေရန်က ယွမ်ရို့ကို တစ်ယောက်တည်း စစ်ဆေးချင်ရတဲ့ အကြောင်းရင်းက "မှော်ပညာကို မှော်ပညာနဲ့ ပြန်တိုက်" ချင်လို့ ဖြစ်သည်။

ယွမ်ရို့ ပုံစံကို ကြည့်ရင် ဂူကောင် ထိန်းချုပ်ခံထားရတာ မဟုတ်ရင်တောင် ဂူပညာနဲ့ ပတ်သက်နေမှာ သေချာသည်။

ဒါကြောင့် ဂူပညာ သုံးပြီး ဖြေရှင်းဖို့ စဉ်းစားထားသည်။ ဒါကို ဘယ်သူမှ မမြင်စေချင်ဘူး။

သူ့ရပ်တည်ချက် ဘယ်လောက် ခိုင်မာနေပါစေ ဂူပညာ သုံးလိုက်တာနဲ့ အခြေအနေ ပြောင်းသွားနိုင်သည်။

အခု တခြား သူတော်စင်တွေ ထွက်သွားပြီ ဆိုပေမဲ့ နောက်ထပ် ပြဿနာ တစ်ခု ရှိသေးသည်။ ယွမ်ရို့က ကိုယ်ပိုင် အသိစိတ် ရှိသေးလား ဆိုတာ မသိရဘူး။

သူ့ရှေ့မှာ ဂူပညာ သုံးလိုက်ရင် သူက ပြန်ပေါက်ရင် ဒုက္ခရောက်ကုန်မည်။

‘အရင်ဆုံး မေ့ဆေးပေးလိုက်တာ ကောင်းမယ်’

ယွမ်ရို့က မြေကမ္ဘာအဆင့် ရတနာ နှစ်ခုနဲ့ ချုပ်နှောင်ခံထားရပြီး ကျန်းပေရန်ရဲ့ အပ် ၂၄ ချောင်းနဲ့ သွေးကြော ပိတ်ဆို့ခံထားရသည်။

ဒါ့အပြင် သူတော်စင် တစ်ပါးက သူ့သွေးကြောတွေကို လျှို့ဝှက်နည်းလမ်းနဲ့ ဖြတ်တောက်ထားသေးသည်။ ဒါက ရိုက်ချိုးတာထက် ပိုဆိုးသည်။

ပြန်ဆက်ပေးမယ့် သူတော်စင် မရှိရင် သူက ခြေပြတ်လက်ပြတ် လူတစ်ယောက်လို ဖြစ်နေပြီ။

ဒီလောက် အကာအကွယ်တွေ ရှိလို့သာ ကူလျန်ချန် က ကျန်းပေရန်ကို တစ်ယောက်တည်း ထားခဲ့ရဲတာ ဖြစ်သည်။

ရန်သူတွေ တွေ့ဆုံကြပြီ။

ယွမ်ရို့က ကျန်းပေရန် လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရတာ။ ဒါပေမဲ့ ကျန်းပေရန် သူ့ရှေ့မှာ ရပ်နေတာတောင် ဘာမှ တုံ့ပြန်မှု မရှိဘူး။ စကားတစ်ခွန်းမှ မပြောဘူး။

ဒါကို ကြည့်ရင် ယွမ်ရို့က ဂူကောင် ထိန်းချုပ်မှုကို အပြည့်အဝ ခံထားရတယ် ဆိုတာ သေချာသလောက် ရှိနေပြီ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက နန်းတော်ထဲမှာ ဆုရှုယွီ ကို ဂူကောင်နဲ့ ထိန်းချုပ်ထားသလိုမျိုးပဲ။ လျှို့ဝှက်ချက် ပေါက်ကြားခါနီးရင် ကြောင်လေး မီမီ က ဝင်ထိန်းချုပ်လိုက်သလိုမျိုး ဖြစ်သည်။

ဒါပေမဲ့ မီမီ ဝင်ထိန်းချုပ်လိုက်ရင် ဆုရှုယွီ က လူနဲ့ မတူတော့ဘူး။ ဂူကောင်တွေက ဉာဏ်မကောင်းတော့ လူလို ဟန်ဆောင်ဖို့ ခက်ခဲသည်။

တကယ်လို့ အိမ်ရှင်ကို မသတ်ဘဲ စိတ်ကိုပါ ထိန်းချုပ်နိုင်တဲ့ ဂူကောင် ရှိရင်တော့ တကယ် ကြောက်စရာ ကောင်းနေပြီ။ ကျန်းပေရန် နားလည်မှုဘောင်ကို ကျော်လွန်နေပြီ။

ယွမ်ရို့ကို ပတ်ကြည့်ပြီးနောက် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ ဆုတောင်း ဗေဒင်ကျည်တောက် ကို ထုတ်ယူလိုက်သည်။

"ခလောက် ခလောက်..."

"လိုရာဆန္ဒ ပြည့်ပါစေ..."

ထုံးစံအတိုင်း ရွတ်ဆိုပြီးနောက် ကျည်တောက်ထဲမှ ငွေရောင် တောက်နေသော ဗေဒင်ချောင်း တစ်ချောင်း ထွက်ကျလာသည်။

‘ဟင်... ဒီချောင်းက ဘာလို့ ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေတာလဲ နေဦး... ဝိညာဉ်စွမ်းအင်တင် မကဘူး’

ဗေဒင်ချောင်းကို ကိုင်လိုက်တော့ သစ်သား ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေတာကို တွေ့လိုက်ရသည်။ ဒါဆိုရင် ပြောင်းလဲပေးမယ့် ပစ္စည်း အရည်အသွေးကလည်း ပိုကောင်းလာမှာပေါ့။

‘အဆင့် မြင့်သွားတာလား’ ကျန်းပေရန် တွေးရင်း ကျည်တောက်ကို သေချာ ကြည့်လိုက်သည်။

‘ဝိုး...’

သေချာ ကြည့်လိုက်တော့ ကျည်တောက်ထဲမှာ သန့်ရှင်းသော သစ်သား ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတာ တွေ့လိုက်ရသည်။

ဒါ တကယ် ထူးဆန်းတာပဲ။

သစ်သား ဝိညာဉ် ဂူထဲမှာ စိမ်ထားတုန်းက အပြောင်းအလဲ နည်းနည်း ဖြစ်ခဲ့ပေမဲ့ သိပ်မထူးခြားလို့ ဂရုမစိုက်ခဲ့ဘူး။

ပြီးတော့ ဒီရက်ပိုင်း ပစ္စည်းတွေ ပေါနေလို့ မသုံးဖြစ်တာ ကြာပြီ။

မထင်မှတ်ဘဲ တိတ်တဆိတ် အဆင့်မြှင့်နေခဲ့တာပဲ။ အခုတော့ အရည်အသွေး ပြောင်းလဲသွားပြီ။

ကျန်းပေရန် ပျော်သွားပေမဲ့ နားမလည်နိုင် ဖြစ်နေသည်။ ဂူထဲတုန်းက ကိရိယာတွေ၊ ပစ္စည်းတွေ အများကြီး ပြောင်းလဲသွားခဲ့ပေမဲ့ ရတနာတွေကတော့ မပြောင်းလဲခဲ့ဘူး။

ရတနာ ဆိုတာ ဖန်တီးတုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေ အပေါ် မူတည်ပြီး အကန့်အသတ် ရှိတယ်။ သစ်သား ဝိညာဉ်စွမ်းအင် စိမ်လိုက်ရုံနဲ့ အဆင့်တက်လာစရာ အကြောင်းမရှိဘူး။

ဒါကြောင့် ဆုတောင်းဗေဒင်ကျည်တောက် က အဝါရောင် အဆင့် ရတနာ ဖြစ်လို့ ဘယ်လောက် စိမ်စိမ် အထူးအဆန်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။

အခုတော့ မှားသွားမှန်း သိလိုက်ရပြီ။ ဒီကျည်တောက်က သစ်သား ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ စုပ်ယူလိုက်ရုံသာမက ကိုယ်ပိုင် စွမ်းအင် အဖြစ် ပြောင်းလဲပစ်လိုက်သည်။

လက်ထဲက သစ်သား ဝိညာဉ်စွမ်းအင် ပြည့်ဝနေတဲ့ ဗေဒင်ချောင်းကို ကြည့်လိုက်သည်။

‘ဒါဆိုရင်... နောက်ဆိုရင် ဒီကျည်တောက်က ထွက်လာတဲ့ ပစ္စည်းတိုင်း သစ်သား ဝိညာဉ်စွမ်းအင် ပါလာတော့မှာပေါ့’

တွေးကြည့်ရုံနဲ့တင် ပျော်စရာ ကောင်းနေပြီ။ သစ်သား ဝိညာဉ်စွမ်းအင် ပါတဲ့ ပစ္စည်းတွေက သာမန် ပစ္စည်းတွေထက် အများကြီး သာလွန်တယ်။ ပြီးတော့ အလကား ရတာလေ။ ပျော်စရာကြီးပေါ့။

ပျော်ပြီးတော့ ကျန်းပေရန် ပြန်စဉ်းစားမိသည်။ ကျည်တောက် ဘာလို့ ပြောင်းလဲသွားတာလဲ။

တကယ်လို့ သူ ထင်သလို ဟုတ်ရင် ဒီကျည်တောက်က အဝါရောင် အဆင့် ကနေ အနက်ရောင် အဆင့် ကို တန်းရောက်သွားမှာ။

ဒါက လက်နက်သွန်းလုပ်ခြင်း သဘောတရားနဲ့ ဆန့်ကျင်နေသည်။ သစ်သား ဝိညာဉ်စွမ်းအင် စိမ်ရုံနဲ့ အကန့်အသတ်ကို ကျော်လွန်သွားတယ် ဆိုတာ မဖြစ်နိုင်ဘူး။

‘နေဦး...’

ကျန်းပေရန် ကျည်တောက်ကို ပြန်ကြည့်လိုက်သည်။

‘သူ့ရဲ့ အကန့်အသတ်က မူလကတည်းက မြင့်နေတာများလား’

All Chapters