← Chapters

သာမန်လူ မဟုတ်သူ

Vol. 50 Ch. 571

သာမန်လူ မဟုတ်သူ

Vol. 50 Ch. 571

‘လေး၊ တစ်၊ ခုနစ်... အီ၊ ကွေ... ဒါလည်း မှားတယ်လား... ဘာတွေ လျှောက်လုပ်ထားတာလဲ... အရူးလား... ပြန်စမယ်’

‘သုံးကွက် လှည့်မယ်... ကောင်းကင် ကတ်ပြား ထည့်မယ်... ကြယ်ကိုးလုံး လှည့်မယ်... ကောင်းကင် နဂါးကြယ် က ဒုတိယ အိမ်မှာ ကျတယ်... သောက်ကျိုးနည်း... ထပ်မှားပြန်ပြီလား... ဘယ်လို စိတ်ကူးမျိုးနဲ့ လုပ်ထားတာလဲ... ကောင်းပြီ... ပြန်စမယ်’

‘မြွေပျံ၊ လမင်း၊ ခြောက်ခု ပေါင်းစပ်၊ နေမင်း လမ်းကြောင်း... မဟုတ်သေးဘူး... ဒီကောင်လေးရဲ့ စိတ်ကူး အတိုင်း ဆိုရင်... ဒီနေရာက လမင်း လမ်းကြောင်း ဖြစ်ရမှာ... သေစမ်း... ထပ်မှားပြန်ပြီလား... မင်းက ပုံမှန် အတိုင်း မလုပ်ဘူးပေါ့လေ’

နာရီဝက် ကြာအောင် ပြင်ဆင်ပြီးနောက် စစ်ထူကျိတို့ ဘာလို့ ဒီလောက် သတိထားနေလဲ ဆိုတာ ကျန်းပေရန် ကောင်းကောင်း နားလည်သွားသည်။

ဒီအစီအရင်ကို ခင်းကျင်းထားတဲ့သူက တကယ့်ကို ထူးဆန်းတဲ့သူပဲ။

ပုံမှန် လမ်းကြောင်းတွေ မဟုတ်ဘူး။

စိတ်ကူးတွေက သာမန် လူတွေနဲ့ မတူဘူး။ တစ်ခါတစ်လေ ရှေ့နောက် မညီဘူး။ တစ်ခါတစ်လေ အမှားအမှန် မကွဲဘူး။

အဆိုးဆုံးကတော့ ကြည့်လိုက်ရင် ပေါက်ကရ လုပ်ထားသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ အလုပ်ဖြစ်နေတာပဲ။ ကျန်းပေရန်ရဲ့ အစီအရင် အယူအဆတွေကိုတောင် ပြောင်းလဲပစ်လိုက်ချင်စရာ ကောင်းသည်။

‘အဆင့် ၉ ပညာရှင် ဆိုတာ အလကား ဖြစ်လာတာ မဟုတ်ဘူးပဲ... တကယ် တော်တယ်’

ကျန်းပေရန်က တောက်ပသော ကျောက်တုံး အဆောင် ၈၁ ရွက် ရေးဆွဲခဲ့တာ သတိကြီးလွန်းတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ မလောက်တောင် မလောက်ချင်ဘူး ဖြစ်နေသည်။

စစ်ထူကျိတို့က ဒီအစီအရင် ခင်းကျင်းထားသူရဲ့ လက်ရာကို သိနေလို့ ဒီလောက် တွန့်ဆုတ်နေကြတာ ဖြစ်မည်။

‘ထူးဆန်းတာ ရှိရင် ပြဿနာ ရှိမှာပဲ’

ဒါပေမဲ့ ပြင်ဆင်လေလေ ဒီပညာရှင်ကို လေးစားမိလေလေ ဖြစ်လာသည်။ သူ့နည်းလမ်းတွေက ထူးဆန်းပေမဲ့ တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ။ ပုစ္ဆာ ဖြေရှင်းတဲ့ နေရာမှာ တွက်နည်း မပြဘဲ အဖြေတန်းရေးလိုက်တဲ့ ကျောင်းသားမျိုးလိုပဲ။

သူ ဘယ်လို စဉ်းစားပြီး လုပ်ခဲ့လဲ ဆိုတာ လိုက်စဉ်းစားရတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းသည်။

"ဝုန်း..."

၆၄ ရွက်မြောက် အဆောင်စာရွက် မီးလောင်သွားသောအခါ စစ်ထူကျိနှင့် ရှုယုန်ချင်း တို့ မျက်မှောင်ကြုတ်သွားကြသည်။

ကျန်းပေရန် ရှင်းပြထားလို့ အဆောင်စာရွက်တွေ ကုန်သွားရင် ပြင်ဆင်မှု ကျရှုံးပြီ ဆိုတာ သူတို့ သိကြသည်။

ကျရှုံးရင် အားလုံး သေကြရမှာ။

"ပြီးပြီ"

ထိုအချိန်တွင် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ အလံတိုင် တစ်ချောင်း ထုတ်ယူပြီး မြေကြီးပေါ် စိုက်လိုက်သည်။ ထို့နောက် ကူလျန်ချန် ပေးလိုက်သော ဝိညာဉ်ကျောက်တုံး အိတ်ကို ထုတ်ပြီး စစ်ထူကျိတို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်

"နောက်ဆုံး အဆင့် ရောက်ပြီ... ကူညီပေးကြပါဦး"

"ပြီးပြီလား"

စစ်ထူကျိ ကြောင်သွားသည်။

စောစောက အဆောင်စာရွက်တွေ ကုန်သွားမှာ စိုးရိမ်နေတုန်း ကျန်းပေရန်က ပြီးပြီတဲ့။

မျက်လုံးမှိတ်ပြီး ကျောက်စိမ်းတောင်ခြေ အစီအရင် တစ်ခုလုံးကို အာရုံခံကြည့်လိုက်သည်။

တကယ်ပဲ လမ်းကြောင်းတွေ ပွင့်သွားပြီ။ ပြုပြင်ပြောင်းလဲလို့ ရတဲ့ အနေအထား ရောက်သွားပြီ။ ဝိညာဉ်ကျောက်တုံးတွေ လဲလှယ်လို့ ရပြီ။

"ဆရာကျန်း... တော်လိုက်တာ"

စစ်ထူကျိ ဘာမှ မပြောနိုင်ခင် ရှုယုန်ချင်း က လက်နှစ်ဖက်ဆုပ်ကာ ချီးကျူးလိုက်သည်။

မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့မှ ကျန်းပေရန် ဘယ်လောက် တော်လဲ ဆိုတာ ရှုယုန်ချင်း လက်ခံလိုက်သည်။

ဝေချိုင်ဆိုတဲ့ လူရဲ့ အစီအရင်တွေက ဘယ်လောက် ထူးဆန်းလဲ ဆိုတာ သူတို့ နှစ်ယောက်လုံး သိကြသည်။ သူတို့ သုံးယောက်က တိုင်းပြည် တစ်ခုတည်းက ဖြစ်ပြီး ဝါသနာတူတွေ မို့လို့ မကြာခဏ ယှဉ်ပြိုင်ဖူးကြသည်။

ယှဉ်ပြိုင်ဖူးလို့လည်း ဝေချိုင်ရဲ့ အစီအရင်တွေကို ပြင်ဆင်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ သိကြတာ။

သူ့စိတ်ကူးတွေက ကောင်းကင်ဘုံက မြင်းပျံတွေလိုပဲ။ စည်းကမ်း ဘောင်တွေ မရှိဘူး။ သူ့စိတ်ထဲမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိနေသလိုပဲ။

ဒါကြောင့် သူ့အစီအရင်တွေကို တိတ်တဆိတ် ဖြေရှင်းဖို့ ဆိုတာ အရမ်း ခက်ခဲသည်။

မဟုတ်ရင် အသက်အန္တရာယ် ကြုံနေရတဲ့ အချိန်မှာ သူတို့ ငြင်းနေစရာ အကြောင်း မရှိပါဘူး။ ဝေချိုင် ဆိုတဲ့ အရူးကောင်ရဲ့ အစီအရင်ကို တစ်ကြိမ်တည်းနဲ့ ပြင်ဆင်ဖို့ ဆိုတာ မသေချာလို့သာ ငြင်းခဲ့ကြတာ။

မဖြစ်နိုင်တဲ့ ကိစ္စကို စွန့်စားရတော့မယ်လို့ ထင်နေတုန်း ကျန်းပေရန် ပေါ်လာပြီး လွယ်လွယ်လေးပါလို့ ပြောလိုက်တာ။

အစပိုင်းမှာ ရှုယုန်ချင်း က အထင်သေးခဲ့သည်။ သာမန် အစီအရင်တောင် ပြင်ဖို့ ခက်တာ ဝေချိုင်ရဲ့ အစီအရင် ဆိုရင် ပြောမနေနဲ့တော့လို့ တွေးခဲ့သည်။

ဒါပေမဲ့ ကျန်းပေရန်ရဲ့ လုပ်ဆောင်ချက်တွေကို မြင်လိုက်ရတော့ တဖြည်းဖြည်း ယုံကြည်လာသည်။

ဒီနေ့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့ လုံးဝ ယုံကြည်သွားပြီ။

ဝေချိုင်ရဲ့ အကျင့်ကို သိတဲ့ သူတောင် ပြင်ဆင်ရင် ဒေါသထွက်ပြီး သွေးအန်မိမှာ။ မသိတဲ့သူ ဆိုရင် ပိုဆိုးမှာ။

စလုပ်တာနဲ့ ဆဲဆိုပြီး လက်လျော့လိုက်မှာ သေချာသည်။

ဒါပေမဲ့ ကျန်းပေရန်ကတော့ မလုပ်ဘူး။ အစအဆုံး တည်ငြိမ်နေတယ်။ အဆောင်စာရွက်တွေ လောင်ကျွမ်းသွားတာကိုလည်း ဂရုမစိုက်ဘူး။ အစီအရင် ဖြေရှင်းရတာကို ပျော်နေသလိုပဲ။

ဒီလို စိတ်ဓာတ်မျိုးက အဆင့် ၉ ပညာရှင်တွေကြားမှာတောင် ရှားပါးသည်။

နောက်ထပ် အံ့သြစရာ ကောင်းတာက ကျန်းပေရန်ရဲ့ သင်ယူနိုင်စွမ်းပဲ။

အစပိုင်းမှာ အဆောင်စာရွက်တွေ အများကြီး လောင်ကျွမ်းသွားပေမဲ့ နောက်ပိုင်းကျတော့ နည်းသွားတယ်။ ကျန်းပေရန်က ဝေချိုင်ရဲ့ နည်းစနစ်တွေကို တဖြည်းဖြည်း နားလည်လာတာ သိသာသည်။

ဒါက ရှုယုန်ချင်းကို အံ့သြစေတာ။ သူက ဝေချိုင် နဲ့ သူငယ်ချင်း ဖြစ်ပြီး နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာတာတောင် ဝေချိုင်ရဲ့ အကျင့်ကို အကုန် မသိသေးဘူး။

ဒါပေမဲ့ ဒီလူငယ်လေးကတော့ ခဏလေး အတွင်းမှာ နားလည်သွားတယ်။

"စီနီယာ ရှု မြှောက်ပင့်လွန်းပါပြီ"

ကျန်းပေရန် ပြောပြီး ဝိညာဉ်ကျောက်တုံး အိတ်ကို ကိုင်ကာ အနီးဆုံး နေရာသို့ လျှောက်သွားသည်။

ကျန်းပေရန် ထွက်သွားတော့ ရှုယုန်ချင်း က စစ်ထူကျိ ကို တိုးတိုးလေး မေးလိုက်သည်

"ဟိုတစ်ခေါက် မင်း ပြောတုန်းက ဒီ ဆရာကျန်း နဲ့ တစ်ခါပဲ တွေ့ဖူးတယ်ဆို ရင်းနှီးတာလား မရင်းနှီးတာလား"

စစ်ထူကျိ သတိဝင်လာပြီး ပြန်ဖြေလိုက်သည်။

"ပြောပြီးပြီလေ တစ်ခါပဲ တွေ့ဖူးတာပါလို့"

ဖြေပြီးတာနဲ့ စစ်ထူကျိ ကျန်းပေရန် နောက်ကို လိုက်သွားသည်။ စိတ်ထဲတွင်တော့ ကျန်းပေရန် နဲ့ စကားပြောခွင့် ရခဲ့တာ ကံကောင်းတယ်လို့ တွေးမိသည်။ မဟုတ်ရင် မိတ်ဆွေကောင်း တစ်ယောက် ဆုံးရှုံးရမှာ။

ဒီနေ့ ကျန်းပေရန်ရဲ့ လက်စွမ်းကို မြင်လိုက်ရတော့ စစ်ထူကျိ သံသယ ရှင်းသွားပြီ။

‘ဟိုတစ်ခေါက် ငါနဲ့ ဆွေးနွေးတုန်းက သူ အကုန် ထုတ်မပြခဲ့တာ သေချာတယ်’

သစ်ပင်ကြီး တစ်ပင်အောက် ရောက်တော့ ကျန်းပေရန်က မြေကြီးတွေကို ဖယ်လိုက်ပြီး အရောင်မှိန်နေတဲ့ ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်သည်။ ပြီးတော့ အသစ်တစ်တုံး ထည့်လိုက်သည်။

ပြီးတာနဲ့ ကျန်းပေရန်က ကျောက်တုံးအိတ်ကို သုံးပုံ ပုံလိုက်ပြီး နှစ်ပုံကို စစ်ထူကျိ နဲ့ ရှုယုန်ချင်း ကို ပေးလိုက်သည်

"အနောက်တောင်ဘက် နဲ့ အရှေ့မြောက်ဘက် ကို စီနီယာကြီးတို့ တာဝန်ယူပေးပါ ကျွန်တော် အရှေ့တောင်ဘက် ကို သွားလိုက်ပါ့မယ်"

ပြောပြီးသည်နှင့် ကျန်းပေရန် ထွက်ခွာသွားသည်။ အဆင့် ၉ ပညာရှင်ကြီး နှစ်ယောက် ကြောင်ကြည့်နေကျန်ရစ်သည်။

"ဟား..."

ခဏကြာတော့ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်ကြသည်။

"ဒီလို တပည့်တွေ လုပ်ရမယ့် အလုပ်မျိုး ငါတို့ မလုပ်ရတာ ဘယ်လောက် ကြာပြီလဲ"

ရှုယုန်ချင်း မေးလိုက်သည်။

"မမှတ်မိတော့ပါဘူးကွာ"

စစ်ထူကျိ ခေါင်းခါလိုက်ပြီး ကျောက်တုံးအိတ် ဆွဲကာ အနောက်တောင်ဘက် ထွက်သွားသည်။

‘တကယ်ပဲ... မျိုးဆက်သစ်တွေက ပိုတော်လာတာပဲ’

ရှုယုန်ချင်း တွေးလိုက်ပြီး ကျန်တဲ့ ဘက်ကို ထွက်သွားသည်။

...

အမွှေးတိုင်တစ်တိုင်စာအချိန် ကြာပြီးနောက် အလုပ်ပြီးစီးသွားသည်။

"ဒီတစ်ခေါက် ဆရာကျန်း ကို ကျေးဇူးတင်ရမှာပဲ" စစ်ထူကျိ က ကျန်းပေရန်ကို ဂါရဝပြုလိုက်သည်။

"ဟုတ်တယ် တော်တော် လက်ဝင်တာပဲ"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

"ဒါဆိုရင် စီနီယာကြီးတို့ ဆက်လုပ်ကြပါဦး ကျွန်တော် ဆေးခန်းမကို ပြန်သွားလိုက်ပါဦးမယ် သွားခွင့်ပြုပါ"

ကျန်းပေရန် ထွက်သွားတာကို ကြည့်ပြီး စစ်ထူကျိ ငေးမောကျန်ရစ်သည်။ နောက်ဆုံးတော့ တစ်ခွန်း ပြောလိုက်သည်

"သာမန်လူ မဟုတ်ဘူး..."

"ပြီးပြီလား"

ယာယီ အစည်းအဝေး ခန်းမထဲတွင် ကူလျန်ချန် မျက်လုံးပြူးပြီး အော်လိုက်သည်။

"ဟုတ်ပါတယ် ကျောက်စိမ်းတောင်ခြေ အစီအရင် က အသစ်အတိုင်း ဖြစ်သွားပါပြီ အရင်ကထက်တောင် စွမ်းအင် ပိုပြည့်ဝနေပါသေးတယ်"

"ကောင်းတယ် ကောင်းတယ် တကယ် ကောင်းတယ်"

ကူလျန်ချန် "ကောင်းတယ်" သုံးခါ ဆက်တိုက် ပြောလိုက်သည်။

အစတုန်းက အေးဆေးသလို နေခဲ့ပေမဲ့ ရင်ထဲမှာတော့ မီးလောင်နေတာ။ အစီအရင် မရှိရင် ယွမ်မြို့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။

အထူးသဖြင့် ထိပ်တန်း ပညာရှင် နှစ်ယောက်တောင် မသေချာဘူး ပြောတုန်းက မျှော်လင့်ချက် ကုန်သလောက် ဖြစ်သွားခဲ့တာ။

သူက အစီအရင် နားမလည်တော့ ကူညီလို့လည်း မရဘူး။

ဒါကြောင့် အစီအရင် ပျက်သွားရင် ဘယ်ပြေးရမလဲ ဆိုတာတောင် စဉ်းစားထားပြီးပြီ။

ဒါပေမဲ့ ဘယ်နေရာမှ ယွမ်မြို့လောက် မလုံခြုံဘူး။

အခု အစီအရင် ပြန်ကောင်းသွားပြီ ဆိုတော့ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။

သက်ပြင်းချလိုက်ပြီး ကူလျန်ချန် က ပြောလိုက်သည်။

"စီနီယာကြီး နှစ်ယောက်လုံး ကျေးဇူးတင်ပါတယ် ရှန့်တိုင်းပြည်က ဒီကျေးဇူးကို မေ့မှာ မဟုတ်ပါဘူး ငါ ကိုယ်တိုင်..."

"ဂိုဏ်းချုပ်ကူ အထင်လွဲနေပြီ ထင်တယ်" စစ်ထူကျိ က ဖြတ်ပြောလိုက်သည်။

"အထင်လွဲတယ် ဘာကိုလဲ"

"အစီအရင်ကို ပြင်တာ ကျွန်တော်တို့ မဟုတ်ပါဘူး ကျန်းပေရန်ပါ ကျွန်တော်တို့က ဘေးက ရပ်ကြည့်နေရုံပါပဲ ဒါကြောင့် ဒီကျေးဇူးကို မခံယူရဲပါဘူး"

"ဆရာ... ကျန်း"

စစ်ထူကျိ အဖြေကို ကြားတော့ ကူလျန်ချန် ကြောင်သွားသည်။

ကျန်းပေရန်က "ဒီနေ့ အပြီး ပြင်မယ်" ပြောတုန်းက သူ့ကြောင့် အောင်မြင်နိုင်ချေ များမယ်လို့ပဲ ထင်ခဲ့တာ။

တစ်ယောက်တည်းနဲ့ အဆင့် ၉ ပညာရှင်ကြီး နှစ်ယောက် ခေါင်းကိုက်နေတဲ့ ပြဿနာကို ဖြေရှင်းလိုက်မယ်လို့ မထင်ထားခဲ့ဘူး။

‘သူ... ဘယ်က လာတာလဲ’

ကူလျန်ချန် က အရင်တုန်းက ကျန်းပေရန်ကို မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး က လာတယ်လို့ ထင်ခဲ့တာ။

ဒါပေမဲ့ အခုတော့ သံသယ ဝင်လာပြီ။ အဲဒီ နေရာက ပါရမီရှင်တွေတောင် ဒီလောက် မစွမ်းဘူး။

ဒါပေမဲ့ ခဏပဲ စဉ်းစားပြီး လက်လျော့လိုက်သည်။

ကျန်းပေရန် ဘယ်ကလာလာ အရေးမကြီးဘူး။ လူသားတွေ ဘက်က ရပ်တည်ပေးနေရင် ပြီးတာပဲ။

"ဒါဆိုရင် ဆရာကျန်း က ဘာလို့ ပါမလာတာလဲ"

စစ်ထူကျိ ရယ်လိုက်သည်။

"ဆရာကျန်း က အစီအရင် ပြင်ပြီးတာနဲ့ ဆေးခန်းမ ကို တန်းသွားတာပဲ အလုပ်များနေပုံ ရတယ်"

"ဟား ဟား ဟား များတာပေါ့ သူ တကယ် အလုပ်များတာပေါ့"

ပြဿနာကြီး တစ်ခု ဖြေရှင်းပြီးတာနဲ့ နောက်ထပ် ပြဿနာ တစ်ခု ဖြေရှင်းဖို့ ချက်ချင်း သွားတယ် ဆိုတော့ ကူလျန်ချန် ပိုပြီး လေးစားသွားသည်။

အခုဆိုရင် ကျန်းပေရန်ကို လူငယ်လေး တစ်ယောက် အနေနဲ့ မမြင်တော့ဘူး။ သူတို့နဲ့ တန်းတူ ပုဂ္ဂိုလ်ကြီး တစ်ယောက် အနေနဲ့ သတ်မှတ်လိုက်ပြီ။ အမြင့်ဆုံး အစည်းအဝေးမှာတောင် သူ့နေရာ တစ်နေရာ ပေးသင့်တယ်လို့ တွေးလိုက်သည်။

ကူလျန်ချန် ရယ်မောနေစဉ် လူတစ်ယောက် အခန်းထဲ ပြေးဝင်လာသည်။

"စီနီယာကြီး... အစီအရင် ပြန်ကောင်းသွားပြီလား"

ချောင်ကျင်းဟွာ မေးလိုက်သည်။ ကူလျန်ချန် က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"ကောင်းသွားပြီ အရင်ကထက်တောင် ပိုကောင်းသွားသေးတယ် ဒါပေမဲ့ မင်း ဘယ်လို သိတာလဲ ငါက အခုမှ အားလုံးကို အသိပေးပြီး အံဩအောင် လုပ်မလို့"

"အပြင်မှာ သတင်းတွေ ပျံ့နေပြီ ဆရာကျန်း က နတ်ဘုရား စွမ်းအင်တွေ သုံးပြီး အစီအရင်ကို ပြင်လိုက်တယ် တဲ့ ရှန့်တိုင်းပြည် ကံကောင်းတာပဲ တဲ့"

"သတင်းပျံ့သွားပြီလား" ကူလျန်ချန် ရယ်လိုက်သည်။

ရှုယုန်ချင်း က ဝင်ပြောသည်။

"ဆရာကျန်း ပြင်နေတုန်းက ဘေးမှာ လူတွေ အများကြီး ကြည့်နေကြတာကိုး"

"ဟုတ်တယ် ငါ့မြေး ငမိုက်သားလေးလည်း ပါတယ် သူ ပြန်လာပြောပြတာ မျက်နှာကြီးကို တောက်ပနေတာပဲ ငါနဲ့တောင် မတူဘူး"

"ဟား ဟား ဟား ဝမ်းသာစရာ သတင်းမို့ ပျော်ကြတာပါ"

ကူလျန်ချန် ထရပ်လိုက်သည်။

"အားလုံး သိကုန်ပြီ ဆိုမှတော့ လူစုလိုက်တော့ အစီအရင် ကိစ္စ ပြီးပြီ ဆိုတော့ ခံစစ် ကနေ တိုက်စစ် ပြောင်းဖို့ တိုင်ပင်ရအောင်"

"ကောင်းပြီ ငါ သွားခေါ်လိုက်မယ်"

ချောင်ကျင်းဟွာ လည်း ပျော်ရွှင်စွာ ထွက်ခွာသွားသည်။ အစီအရင် ပျက်စီးမှာ စိုးရိမ်နေရတာ ရင်ထဲမှာ အလုံးကြီး ခံနေသလိုပဲ။ အခုတော့ ရှင်းသွားပြီ။

"ကံတရားက ရှန့်တိုင်းပြည်ကို မစွန့်ပစ်သေးဘူးပဲ"

...

ဆေးခန်းမတွင်...

ကျန်းပေရန်သည် ယောင်ယိချန် တို့ နှစ်ရက် အတွင်း လေ့လာထားသော ရလဒ်များကို ကြည့်ပြီး ပြောလိုက်သည်

"နည်းလမ်းတွေက သမားရိုးကျ ဆန်လွန်းတယ် သူတော်စင်တွေတောင် ခံစားနေရတဲ့ အဆိပ်ကို ဒီလို နည်းလမ်းတွေနဲ့ ကုလို့ မရဘူး"

လေဟန်ချင်း က မနေနိုင်ဘဲ ဝင်ပြောသည်။

"ဒါက သမားရိုးကျလား ငါတို့ သုံးထားတာ တော်တော် ပြင်းထန်တဲ့ နည်းလမ်းတွေပါ တကယ် အောင်မြင်ရင်တောင် ဆေးရဲ့ အဆိပ်အတောက်က များလွန်းနေမှာ"

ဖန်ယွင် ကလည်း ထောက်ခံသည်။

"ဟုတ်တယ် ပြီးတော့ ငါတို့က မင်း ဖော်စပ်ထားတဲ့ ဆေးကို အခြေခံပြီး ပြုပြင်ထားတာလေ ပြီးတော့..."

"ဘုန်း"

ကျန်းပေရန် စာအုပ်ကို ပစ်ချလိုက်ပြီး ဖန်ယွင် ကို ကြည့်ကာ မေးလိုက်သည်

"ဒါဆို ငါ ဖော်စပ်တဲ့ ဆေးက အောင်မြင်လား"

ဖန်ယွင် ကြောင်သွားသည်။

"မင်း ဆေးက အမွှေးတိုင်တစ်တိုင်စာကြာချိန်တောင် ခံတာပဲ အောင်မြင်တာပေါ့"

"အမြင်ကျဉ်းလိုက်တာ... ငါတို့ ဆေးဖော်စပ်နေတာက သူတော်စင်တွေကို အပြင်ထွက် တိုက်ခိုက်နိုင်အောင် လုပ်ပေးဖို့လေ အမွှေးတိုင်တစ်တိုင်စာကြာချိန်နဲ့ ဘာလုပ်လို့ ရမှာလဲ သွားတာနဲ့ ပြန်တာနဲ့တင် ကုန်ပြီ ဒါကြောင့် ငါ့နည်းလမ်းက သမားရိုးကျ ဆန်လွန်းတယ် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူး လို့ ပြောတာ"

"ဒါဆို... မင်းက အစကနေ ပြန်စချင်တာလား"

"ဒါပေါ့ ဒီဆေးက အသုံးမဝင်ရင် ဆက်လေ့လာနေလို့ ဘာထူးမှာလဲ"

ကျန်းပေရန် ပြောပြီး သိုလှောင်လက်စွပ်ထဲမှ ဆေးစာရွက် တစ်ရွက် ထုတ်ယူလိုက်သည်

"မနေ့ညက ငါ အကြံသစ် တစ်ခု ရထားတယ် ဖြစ်နိုင် မဖြစ်နိုင် ဝိုင်းစဉ်းစားပေးကြပါဦး ပြင်ဆင်စရာ ရှိရင်လည်း ပြင်ဆင်ပေးကြပါ"

All Chapters