အင်အားကြီးမားသော စစ်ဆင်ရေး
Vol. 50 Ch. 574
မုန်စစ်ပေသည် ဒီရက်ပိုင်းအတွင်း စိတ်ကူးယဉ် အိပ်မက်မက်နေသလို ခံစားနေရသည်။
ပညာရှင်ကြီးက သူမကို ပျံသန်းစံအိမ် ပေါ် အတင်းဆွဲခေါ်လာပြီးကတည်းက ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသလို နေထိုင်နေရသည်။
ပညာရှင်ကြီးက ကောင်းကင်မျက်လုံး အစီအရင် သုံးခွင့် မပေးသဖြင့် သူမ ဘယ်ရောက်နေမှန်းတောင် မသိပေ။
ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရင်းနှီးတဲ့ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။
သေချာ အာရုံခံကြည့်တော့မှ သတိရလိုက်သည်။
အဆိပ်မြူတွေပဲ။ ဒါပေမဲ့ အဆိပ်အတောက်က ပိုပြင်းထန်လာတယ်။
သူမ ဘဝမှာ အမှတ်ရစရာ အကောင်းဆုံး အဖြစ်အပျက် တစ်ခုမို့ ဒီအဆိပ်မြူကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။
အစပိုင်းမှာတော့ အားလုံး ကြောက်လန့်နေကြပေမဲ့ ပညာရှင်ကြီးက ပြန်လာပြီး နှစ်သိမ့်ပေးခဲ့သည်။ အပြင်ထက်စာရင် ဒီနေရာက အလုံခြုံဆုံးပဲ လို့ ပြောခဲ့သည်။
ပညာရှင်ကြီး စကားကို မုန်စစ်ပေ လုံးဝ ယုံကြည်သည်။ ဒါကြောင့် စိတ်အေးသွားသည်။
ဒါပေမဲ့ အပြင်မှာ ဘာဖြစ်နေလဲ ဆိုတာကိုတော့ သိချင်နေမိသည်။
နောက်ပိုင်း အဆိပ်မြူတွေ စိမ့်ဝင်လာတာ များလာပေမဲ့ မုန်စစ်ပေ မကြောက်တော့ဘူး။ အဲဒီအစား မျက်နှာဖုံးစွပ် စီနီယာကြီးကို သတိရလာသည်။
‘ဒီအဆိပ်မြူတွေက သူ့လက်ချက်များ ဖြစ်နေမလား...’
ပြီးတော့ အပြင်က ကိစ္စတွေနဲ့ မျက်နှာဖုံးစွပ် စီနီယာကြီး ဘယ်လို ပတ်သက်နေမလဲ စဉ်းစားနေမိသည်။
ဒါပေမဲ့ လေးလေးနက်နက် စဉ်းစားမယ် ကြံလိုက်တိုင်း "မရိုးသားတဲ့" ပုံရိပ်တွေက ခေါင်းထဲ ဝင်လာပြီး နှောင့်ယှက်နေသည်။
ဘယ်လောက်ပဲ ကြိုးစား စဉ်းစားပါစေ မျက်နှာဖုံးစွပ် စီနီယာကြီးက သူမ နှုတ်ခမ်းကို နမ်းလိုက်တဲ့ ပုံရိပ်က ပိုပိုကြီးလာသည်။
နောက်ဆုံးတော့ ခေါင်းတစ်ခုလုံး ပြည့်သွားပြီး ဘာမှ မစဉ်းစားနိုင်တော့ပေ။
...
"ဟူး..."
သက်ပြင်းချလိုက်ပြီး မုန်စစ်ပေ ပညာရှင်ကြီးရဲ့ အလုပ်ရှုပ်နေတာကို ကြည့်နေမိသည်။ ကိစ္စကြီး တစ်ခု ဖြစ်တော့မယ် ထင်တယ်။
‘ဒါပေမဲ့ စောစောက သူ စကားပြောပုံက...’
ရုတ်တရက် ပညာရှင်ကြီးရဲ့ ပုံရိပ်နဲ့ မျက်နှာဖုံးစွပ် စီနီယာကြီးရဲ့ ပုံရိပ် ထပ်တူကျသွားသလို ခံစားလိုက်ရသည်။
"ဂိုဏ်းချုပ်မုန်"
ခေါ်သံ ကြားလိုက်တော့ မုန်စစ်ပေ အတွေးစ ပြတ်သွားသည်။
"ဘာကိစ္စ ရှိလို့လဲ" မုန်စစ်ပေ မေးလိုက်သည်။
"ခုကစပြီး အရေးကြီးတဲ့ ကိစ္စ တစ်ခု ပြောစရာ ရှိတယ် သေချာ နားထောင်ပါ"
"ပြောပါ"
"ခဏနေရင် ငါတို့ အန္တရာယ် များတဲ့ နေရာ တစ်ခုကို သွားရမယ် အခု နင့်ကို ကောင်းကင်မျက်လုံး အစီအရင် သုံးခွင့် ပေးမယ် အပြင်ကို ကြည့်ပြီး နင့်ရဲ့ အာရုံခံစားမှု အတိုင်း ဘယ်ဘက် သွားသင့်လဲ ပြောပြပါ"
"အာရုံခံစားမှု... ဟုတ်လား"
"ဟုတ်တယ် အာရုံခံစားမှု အတိုင်းပဲ ဘာမှ တွေးတော ဆန်းစစ်မနေနဲ့ ပထမဆုံး ခံစားမိတဲ့ ဘက်ကို ပြောပြ"
"ဟုတ်ကဲ့... သိပါပြီ"
မုန်စစ်ပေ ပြန်ဖြေလိုက်ရင်း ပညာရှင်ကြီးရဲ့ မျက်နှာနဲ့ မျက်နှာဖုံးစွပ် စီနီယာကြီးရဲ့ မျက်နှာ ထပ်တူကျနေတာကို သတိထားမိလိုက်သည်။
"ကောင်းပြီ... ငါ မမေးမချင်း စကားမပြောနဲ့ ဒါ ငါတို့ နှစ်ယောက်လုံး အတွက် ကောင်းတယ်"
"နားလည်ပါပြီ"
"အင်း ဒါဆို သွားနားလိုက်ဦး အပြင်ထွက်ခါနီးရင် လာခေါ်မယ်"
မုန်စစ်ပေ ကို နားခိုင်းလိုက်ပြီး ကျန်းပေရန် ပျံသန်းစံအိမ် အစီအရင်တွေကို ပြင်ဆင်လိုက်သည်။ ကူလျန်ချန် မြင်ချင်တာပဲ မြင်ရအောင် ဖုံးကွယ်ထားလိုက်သည်။
အဆောင်စာရွက် တချို့ ထပ်ကပ်ဖို့ ပြင်လိုက်စဉ် ရှီဖုန်းလန် အသံထွက်လာသည်။ "ပေရန်လေး... လူတွေ ရောက်လာပြီ"
ကျန်းပေရန် ကောင်းကင်မျက်လုံး အစီအရင် နဲ့ ကြည့်လိုက်တော့ ကြောင်သွားသည်။
‘ဟိုက်... လူအုပ်ကြီးပါလား’
ကူလျန်ချန် တစ်ယောက်တည်း လာမယ် ထင်ထားတာ အခုတော့ သူတော်စင်တွေ အများကြီး ပါလာတယ်။
‘ဘာလုပ်ဖို့လဲ... တစ်အိမ်လုံး ပြောင်းလာကြတာလား... အိမ်ကို သူခိုးခိုးမှာ မကြောက်ကြဘူးလား’
ဒါပေမဲ့ အပြင်မှာ ရပ်စောင့်ခိုင်းထားလို့ မဖြစ်ဘူးလေ။
"ဝင်ခွင့်ပေးလိုက်ပါ"
"အိုကေ"
ရှီဖုန်းလန် တံခါးဖွင့်ပေးလိုက်သည်။
ဧည့်သည်တွေ များလွန်းလို့ ဧည့်ခန်းနဲ့ ခြံဝင်းကို ကျယ်အောင် ချဲ့လိုက်ရသည်။
ကူလျန်ချန် ကို ကျန်းပေရန် နှုတ်ဆက်လိုက်သည်။
"စီနီယာကြီး ကူ... လူတွေက နည်းနည်း များလွန်းနေသလားလို့"
ကူလျန်ချန် ရယ်မောလိုက်သည်။
"မူလကတော့ ဒီလောက် မခေါ်လာပါဘူး ဒါပေမဲ့ မင်း ပါလာမယ် ဆိုတော့ ပြည့်စုံအောင် ပြင်ဆင်ရတာပေါ့ မဟုတ်ရင် မင်း တစ်ခုခု ဖြစ်သွားရင် ငါ တာဝန်ယူနိုင်မှာ မဟုတ်ဘူး"
"စီနီယာကြီး ကူ စေတနာကို လေးစားပါတယ်"
ကျန်းပေရန် က နောက်က သူတော်စင်တွေကိုလည်း နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ ပင်ပန်းပါပြီ"
ပါလာတဲ့ သူတော်စင်တွေ အားလုံးက ကျန်းပေရန် နဲ့ ရင်းနှီးပြီးသားတွေချည်းပဲ။ ကျေးဇူးတင်စကား ပြောချင်သူတွေ၊ ဆွဲဆောင်ချင်သူတွေ စုံနေတာပဲ။ ဘော်ဒီဂတ် လိုက်လုပ်ရတာကို ကျေနပ်နေကြပုံ ရသည်။
ရှီဟုန်ယွင် လည်း ပါလာသည်။ သူကတော့ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ လိုက်လာတာ။ သူ့လူကို ကာကွယ်ဖို့ ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူက ကျန်းပေရန်ကို အရင် သိခဲ့တာလေ။ ခံစားချက်နဲ့ပဲ ဖြစ်ဖြစ် ကျန်းပေရန်ကို ရှီမိသားစုမှာ ဆက်နေအောင် လုပ်ရမယ်။
နှုတ်ဆက်ပြီးနောက် အားလုံး ဧည့်ခန်းထဲ ဝင်ထိုင်ကြသည်။ ရှီဖုန်းလန် က လက်ဖက်ရည် လိုက်ငှဲ့ပေးသည်။
"ဖုန်းလန်... ဒီ ပျံသန်းစံအိမ် က နေရတာ သက်တောင့်သက်သာ ရှိရဲ့လား"
"ရှိပါ..."
ရှီဖုန်းလန် ပြောခါနီးမှ ကျန်းပေရန် မှာထားတာ သတိရသွားပြီး ပါးစပ်ပိတ်လိုက်သည်။
ရှီဟုန်ယွင် က ထူးဆန်းသွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ မကြိုက်ရင် ပြောလေ ဘိုးဘေး အသစ်ဝယ်ပေးမယ်"
ရှီဖုန်းလန် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကြိုက်တယ်"
"ဟင်..."
တခြား သူတော်စင်တွေ ကြောင်သွားကြသည်။ ဘိုးဘေးကို ဒီလို စကားလုံး ပြန်ပြောရဲတယ်ပေါ့။
ကျန်းပေရန် က ဝင်ရှင်းပြလိုက်သည်။
"သူ ပြောတာက ဒီစံအိမ်ကို ကြိုက်တယ်တဲ့ အသစ်မလိုပါဘူးတဲ့"
ရှီဟုန်ယွင် ပိုနားမလည်နိုင် ဖြစ်သွားသည်။ သူ့မြေးမလေးနဲ့ ကျန်းပေရန် ကြားက ဆက်ဆံရေးကို ပြချင်လို့ မေးတာ။ အခုတော့ မြေးမလေးက အားမကိုးရဘူး ဖြစ်နေတယ်။
ဒါပေမဲ့ အားမကိုးရလည်း နည်းလမ်း ရှိပါတယ်။ ရှီဟုန်ယွင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဟား ဟား ဟား ပေရန်လေး က ငါ့မြေးမလေး အကြောင်း ကောင်းကောင်း သိနေပါလား အဆင်ပြေနေကြပုံ ရတယ်"
ကျန်းပေရန် က ရှီဟုန်ယွင် ဘာလုပ်ချင်လဲ သိတာပေါ့။ နောက်ထပ် ပြဿနာ မတက်အောင် ဖြေလိုက်သည်။
"ကျွန်တော်တို့ အဆင်ပြေပါတယ်"
ရှီဟုန်ယွင် ပိုပျော်သွားသည်။
"ကောင်းတယ် ကောင်းတယ် လူငယ်ချင်း အဆင်ပြေနေကြတာ ဝမ်းသာစရာပဲ"
ပြီးတော့ ရှီဖုန်းလန် ကို မေးလိုက်သည်။
"ဖုန်းလန်... မင်းတို့ နှစ်ယောက် သိတာ ဘယ်လောက် ကြာပြီလဲ"
ရှီဖုန်းလန် လက်ချောင်းလေးတွေ ရေတွက်ဖို့ ပြင်နေတာ မြင်တော့ ကျန်းပေရန် က သူမကို အနောက် ဆွဲထားလိုက်ပြီး ဝင်ဖြေလိုက်သည်။
"သူက လူစိမ်းကြောက်တတ်လို့ပါ ဒီလောက် လူကြီးတွေ ရှေ့မှာ ဆိုတော့ စကားမပြောရဲ ဖြစ်နေတာပါ ကျွန်တော်တို့ သိတာ ၄ နှစ် ကျော်ပါပြီ"
ရှီဟုန်ယွင် ပိုပျော်သွားသည်။
"ငါက မြေးမလေးကို ဂရုမစိုက်မိဘူး ဖြစ်သွားပြီ လူစိမ်းကြောက်တတ်မှန်း မသိခဲ့ဘူး နောက်ဆိုရင် ပေရန်လေးပဲ ဂရုစိုက်ပေးပါတော့"
"စိတ်ချပါ သူတော်စင်ကြီး... ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်"
ဒီစကား ကြားတော့ ရှီဟုန်ယွင် ကျေနပ်သွားသည်။ မျက်နှာမှာ "တွေ့လား... ငါ့မြေးမက် ဖြစ်နေပြီ" ဆိုတဲ့ အထာနဲ့ ကြည့်နေသည်။
ကျန်းပေရန် စကားကို ကြည့်ရင် သူတို့နှစ်ယောက်က သမီးရည်းစား မဟုတ်ရင်တောင် မောင်နှမလို သံယောဇဉ် ရှိနေတာ သေချာသည်။
ရှီဖုန်းလန် မျက်နှာထားကို ကြည့်ရင်လည်း သာယာနေပုံ ရသည်။
ဒါပေမဲ့ သူတော်စင်ကြီးတွေ အတွက်တော့ အချစ်ဆိုတာ တန်ဖိုး ဖြတ်လို့ ရတဲ့ အရာပဲ။
ဈေးကြီးတာနဲ့ ဈေးပေါတာပဲ ကွာတယ်။
ကျန်းပေရန် ဘယ်လို ပုံစံ ကြိုက်လဲ မသိသေးလို့ အကွက်မရွှေ့သေးတာ။
"ကဲ... လက်ဖက်ရည် မသောက်တော့ဘူး သွားကြစို့"
ကူလျန်ချန် က ဝင်ပြောလိုက်သည်။
"ဟုတ်ကဲ့"
ရှီဖုန်းလန် က ဖြေပေမဲ့ ကျန်းပေရန်ကို လှမ်းကြည့်လိုက်သည်။ ကျန်းပေရန် ခေါင်းညိတ်ပြမှ စံအိမ်ကို မောင်းနှင်လိုက်သည်။
ကူလျန်ချန် က ပြုံးပြီး ရှီဟုန်ယွင် ကို ပြောလိုက်သည်။
"မင်း မြေးမလေးက ပေရန်လေး ကို တော်တော် အားကိုးတာပဲ"
ရှီဟုန်ယွင် မုတ်ဆိတ်မွေး သပ်ပြီး ရယ်လိုက်သည်။
"ကံတရားပေါ့ကွာ... သူ့ကို စောင့်ရှောက်ပေးမယ့်သူ တွေ့တာ ကံကောင်းတာပေါ့"
တခြား သူတော်စင်တွေလည်း ခေါင်းညိတ် ထောက်ခံကြသည်။ စိတ်ထဲမှာတော့ "ကံကောင်းလွန်းနေပြီ" လို့ တွေးနေကြသည်။
ကျန်းပေရန်သာ ရှီမိသားစုရဲ့ သမက် ဖြစ်သွားရင် ရှီမိသားစု အဆင့်အတန်း ဘယ်လောက် မြင့်တက်သွားမလဲ တွေးကြည့်လို့ ရသည်။
နောက်ဆိုရင် ရှီဟုန်ယွင် မျက်နှာ မဟုတ်ဘဲ ကျန်းပေရန် မျက်နှာ ကြည့်ပြီး ဆက်ဆံရတော့မယ့် ကိန်း ရှိသည်။
‘မဖြစ်ဘူး... ဒီလို ပါရမီရှင်မျိုးကို ရှီမိသားစု လက်ထဲ အပါမခံနိုင်ဘူး မိန်းမလှလေးတွေ ငါတို့အိမ်မှာလည်း ရှိတာပဲ’
ဒီလိုနဲ့ ယွမ်မြို့က ထွက်ခွာတဲ့ ခရီးစဉ်က လေးနက်ရမယ့် အစား အပြိုင်အဆိုင် ဖြစ်နေသည်။
သူတော်စင် အားလုံးက ကိုယ့်မြေးမလေးတွေထဲမှာ ဘယ်သူက အချောဆုံးလဲ၊ ဘယ်သူက ပါရမီ အကောင်းဆုံးလဲ စဉ်းစားနေကြသည်။
သားရွှေအိုး ထမ်းလာမယ့် သမက်လောင်းကို ရှာတွေ့ထားသလို ဖြစ်နေသည်။
သူတို့နဲ့ ယှဉ်ရင် ထောင့်မှာ ထိုင်နေတဲ့ မုန်စစ်ပေ ကတော့ တုန်လှုပ်နေသည်။
သူမက အနက်ရောင်သခင်ကြီး အဆင့်လောက်ပဲ မြင်ဖူးတာ။ သူတော်စင် ဆိုတာ တစ်ခါမှ မမြင်ဖူးဘူး။
အခု ရှေ့မှာ ထိုင်နေတဲ့ အဘိုးကြီးတွေက သာမန် မဟုတ်ဘူး ဆိုတာ ခံစားမိနေသည်။
‘အနက်ရောင်သခင်ကြီးတွေလား... ဒီလောက် အများကြီးလား’
သူမ ဘဝမှာ အနက်ရောင်သခင်ကြီး ဆိုတာ သံတမန် ဆက်ဆံရေးမှာပဲ မြင်ဖူးတာ။
အခု တစ်အုပ်ကြီး မြင်နေရတော့ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
‘ပညာရှင်ကြီးက တကယ် စွမ်းတာပဲ... ဒီလို လူတွေနဲ့ ပေါင်းသင်းနေတာကိုး’
မုန်စစ်ပေ တွေးနေစဉ် အဘိုးကြီး တစ်ယောက်က ခြံဝင်းထဲက ကျားပျံဆီ လျှောက်သွားပြီး မေးလိုက်တာ ကြားလိုက်ရသည်
"ပေရန်လေး... ဒါ အမှောင်ကမ္ဘာ ကျားပျံ မဟုတ်လား"
"ဟုတ်တယ်"
"ရှားပါးလိုက်တာကွာ... ရှန့်တိုင်းပြည်မှာ မတွေ့ရတာ ကြာပြီ" ချန်ယန်ချင်း ပြောပြီး ဘေးနားက မြေခွေးကိုပါ ကြည့်လိုက်သည်။
"ဟင်... အမြီးခုနစ်ချောင်း မြေခွေး လည်း ရှိတာလား မင်းက မိစ္ဆာထိန်းကျောင်းခြင်း အတတ်ပညာ ပါ တတ်နေတာလား"
ဒီစကား ကြားတော့ အားလုံး စိတ်ဝင်စားသွားကြသည်။
သူတို့ အိမ်တွေမှာတောင် အဆင့် ၇ လောက်ပဲ ရှိတာ။ အဆင့် ၈ ဆိုတာ မရှိသလောက် ရှားပါးတယ်။ ဖမ်းမိရင်တောင် ယဉ်ပါးအောင် လုပ်ဖို့ မလွယ်ဘူး။
အခု ကျန်းပေရန် ဆီမှာ အဆင့် ၈ နှစ်ကောင်တောင် ရှိနေတာ။ ပြီးတော့ ကျားပျံ လို အကောင်မျိုး….
ကျားပျံ က သူ့အကြောင်း ပြောနေတာ ကြားတော့ မကျေနပ်တဲ့ အသံ ထွက်လာသည်။ သူက လူသားတွေကို မုန်းတယ်လေ။
ဒါကြောင့် ချန်ယန်ချင်း ကို မာန်ဖီပြလိုက်သည်။
ချန်ယန်ချင်း ရယ်မောလိုက်သည်။
"ငါ့ကို မကြိုဆိုဘူးနဲ့ တူတယ်"
ပြောပြီးတာနဲ့ ချန်ယန်ချင်း က သူ့ရဲ့ သူတော်စင် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ကျားပျံ လန့်ပြီး နောက်ဆုတ်သွားသည်။
ဒါက သဘာဝ အကြောက်တရားပဲ။
ကျားပျံ ကြောက်သွားတာ မြင်တော့ ချန်ယန်ချင်း ကျေနပ်သွားသည်။ သူတော်စင် တစ်ပါး အနေနဲ့ မိစ္ဆာကောင် တစ်ကောင်ရဲ့ ခြိမ်းခြောက်မှုကို ခံလို့ မဖြစ်ဘူးလေ။
ချန်ယန်ချင်း ရဲ့ အရှိန်အဝါကြောင့် ထောင့်မှာ ထိုင်နေတဲ့ မုန်စစ်ပေ တုန်လှုပ်သွားသည်။
ခဏလေး ဆိုပေမဲ့ အစွမ်းထက်တဲ့ အရှိန်အဝါကို ခံစားလိုက်ရသည်။
‘ဒါ... အနက်ရောင်သခင်ကြီး မဟုတ်ဘူး’
မုန်စစ်ပေ တံတွေး မြိုချလိုက်သည်။ အနက်ရောင်သခင်ကြီး အရှိန်အဝါကို သူမ သိတယ်။ ဒီလောက် မပြင်းထန်ဘူး။
‘ဒါဆိုရင်... သူက... အနက်ရောင် သူတော်စင် လား’
အတွေးကြောင့် မုန်စစ်ပေ လန့်သွားသည်။ တကယ်လို့ သူက သူတော်စင် ဆိုရင်... ကျန်တဲ့ သူတွေကရော...
‘သူတော်စင် ၁၃ ပါးလား’
မုန်စစ်ပေ မူးမေ့ချင်သွားသည်။ အသက်ရှူတောင် မဝချင်တော့ဘူး။
မွေးကတည်းက သူတော်စင် တစ်ပါးမှ မမြင်ဖူးတာ။ အခု တစ်ပြိုင်တည်း ၁၃ ပါးတောင် မြင်လိုက်ရတယ်။
ကြောက်တာရော အားကျတာရော ရောထွေးနေသည်။
ပညာရှင်ကြီးက သာမန် မဟုတ်ဘူး ဆိုတာ သိပေမဲ့ ဒီလောက်ထိ စွမ်းမယ် မထင်ထားခဲ့ဘူး။
သူတော်စင်တွေနဲ့ ရယ်မော စကားပြောနိုင်တယ် ဆိုတော့ ပညာရှင်ကြီးရဲ့ စွမ်းအားက ဘယ်လောက်တောင် မြင့်မားနေမလဲ။
"ဒါပေမဲ့... ဒီလောက် သူတော်စင်တွေ အများကြီး စုပြီး ဘယ်သွားကြမလို့လဲ"