← Chapters

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း။ ၁၈၉

လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ပြီး ယာဉ်တန်းကို အားကစားကွင်းကြီးဆီသို့ ဦးတည်၍လာခဲ့သည်။

အားကစားကွင်းအတွင်း၌မူ ဇွန်ဘီအမြောက်အမြားကို ပိတ်လှောင်ထားဆဲဖြစ်ပြီး အဆက်မပြတ် အော်ဟောက်သံများဖြင့် ဟိန်းနေဆဲပင်။ ယာဉ်တန်းရောက်ရှိလာသည်နှင့် ဤဇွန်ဘီမွေးမြူရေးစခန်း၏ ကြီးကြပ်ရေးမှူးနှင့် လုံခြုံရေးအရာရှိဖြစ်သော ဧရာမဇွန်ဘီ ၁ က တံခါးကြီးများကို ဖြည်းညှင်းစွာ ဖွင့်ပေးလိုက်သည်။

နောက်ထပ်တစ်ကြိမ် အစာကျွေးရမည့်အချိန် ရောက်ရှိလာခဲ့သည်။

ဇွန်ဘီရုပ်သေးများသည် မျိုးရိုးဗီဇပြောင်းသားရဲသားများ တင်ဆောင်လာသော လက်တွန်းလှည်းများကို အားကစားကွင်းအတွင်းသို့ တွန်းပို့လိုက်ကြသည်။ ထို့နောက် ဧရာမဇွန်ဘီ ၁ က ထိုအသားပုံကြီးများကို ဇွန်ဘီအုပ်ကြီးထဲသို့ ပစ်ထည့်ပေးလိုက်တော့သည်။

ချက်ချင်းပင် ဇွန်ဘီများ၏ သွေးသားစားပွဲတော်ကြီး စတင်တော့သည်။

အူ…ဂါ..ဂါ….

ဇွန်ဘီတစ်ကောင်ချင်းစီသည် သွေးနံ့ကြောင့် စိတ်လှုပ်ရှားလာကြပြီး တက်ကြွလှုပ်ရှားစွာ ဟိန်းဟောက်ရင်း သားရဲသားပုံကြီးများပေါ်သို့ အရူးအမူး ခုန်အုပ်ကြတော့သည်။

“စားကြ... ဝအောင်စားကြ မင်းတို့တွေ မြန်မြန် ဆင့်ကဲမပြောင်းလဲရင် ငါက ဘယ်ကနေ အမြုတေတွေ သွားရတော့မှာလဲ”

ဇွန်ဘီများ အားပါးတရ စားသောက်နေသည်ကို ကြည့်ရင်း လုချွမ်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

အားကစားကွင်းအတွင်းရှိ ဆင့်ကဲဇွန်ဘီများကို လုချွမ်းက ယခင်ကတည်းက ရိတ်သိမ်းပြီးသား ဖြစ်သည်။ အရေအတွက် ပြန်လည်ပြည့်မီစေရန်အတွက် လုချွမ်းက နောက်ထပ် ဇွန်ဘီတစ်သုတ်ကို ထပ်မံဖမ်းဆီးကာ အထဲတွင် ပြုစုပျိုးထောင်ထားခြင်း ဖြစ်သည်။

သူ၏ နောက်ထပ်ပန်းတိုင်မှာ ရိုးရှင်းသည်။

သူကိုယ်တိုင် အဆင့် ၄ သို့ ရောက်ရှိပြီးဖြစ်ရာ သူ၏ အဆင့် ၃ ဇွန်ဘီရုပ်သေးအချို့ကိုလည်း အဆင့် ၄ သို့ မြှင့်တင်ပေးရမည် ဖြစ်သည်။ တာဖန်းနှင့် အာဖန်းကဲ့သို့သော ဧရာမ ခန္ဓာကိုယ်ပိုင်ရှင်များသည် မြို့ပြများကိုပင် အမှန်တကယ် နင်းခြေဖျက်ဆီးနိုင်သော အင်အားရှိကြသည်။ အကယ်၍ သူတို့သာ အဆင့် ၄ သို့ ရောက်သွားမည်ဆိုပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလာမည်ကို လုချွမ်းပင် မှန်းဆ၍ မရနိုင်တော့ပေ။

ယခုပင် အာဖန်းက သူ၏ သံပတ်တုတ်ကြီးဖြင့် တစ်ချက်လွှဲရိုက်လိုက်လျှင် အနည်းဆုံး နှစ်

ထပ်တိုက်တစ်လုံးမှာ ပြားပြားဝပ်သွားနိုင်လောက်သည်။

မီးလျှံ ၁ နှင့် မြေလျှိုး ၁ တို့ကဲ့သို့သော ဇွန်ဘီရုပ်သေးများ အဆင့်တက်သွားပါက ဘယ်လိုသော စွမ်းရည်အသစ်များ နိုးထလာမည်ကိုလည်း လုချွမ်း သိချင်နေမိသည်။

နေ့တိုင်းလိုလို မီးလုံးတွေပစ်၍ မြေအောက်ထဲငုပ်နေရတာကို လုချွမ်း ငြီးငွေ့နေပြီဖြစ်သည်။ မိုးကြိုးမုန်တိုင်းများ သို့မဟုတ် ဥက္ကာခဲမိုးများ ရွာချနိုင်သည့် စွမ်းရည်မျိုးဆိုလျှင် ပို၍ ရင်ခုန်စရာ ကောင်းလိမ့်မည်။

သို့သော် ဤသည်မှာ လုချွမ်း၏ စိတ်ကူးမျှသာ ရှိသေးသည်။ သူ၏ အဆင့် ၃ ဇွန်ဘီများကို အဆင့် ၄ သို့ အချိန်တိုအတွင်း မြှင့်တင်ရန်အတွက် အဆင့် ၁ ဆင့်ကဲဇွန်ဘီ အမြောက်အမြား လိုအပ်သည်။အဝါရောင်နဂါးတောင်တန်းရှိ သားရဲဆိုးများက ထိုမျှလောက်သော အသားပမာဏကို ထောက်ပံ့ပေးနိုင်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

အဆင့် ၄ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် လုချွမ်း၏ စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်နေတော့သည်။

ညရောက်သောအခါ လုချွမ်းသည် ဝရန်တာမီးကို ဖွင့်လိုက်ပြီး အခန်းထဲမှ သံကင်စင်ကြီးကို ထုတ်ယူကာ ကောင်းကောင်းမွန်မွန် အောင်ပွဲခံရန် ပြင်ဆင်တော့သည်။ သူသည် အကင်စင်ကို အိမ်နှင့် ၁၀ မီတာခန့်အကွာတွင် ထားရှိပြီး စားပွဲ၊ ကုလားထိုင်များနှင့် ဟင်းချက်စရာ ပစ္စည်းမျိုးစုံကို ထုတ်ယူလာခဲ့သည်။

ဖြူလွလွ မီးရောင်အောက်တွင် လုချွမ်းသည် စုဆောင်းထားသော ကျောက်မီးသွေးများကို အကင်စင်အောက်ရှိ သေတ္တာထဲသို့ ထည့်ကာ အရက်ပျံခဲများဖြင့် မီးစတင်ရှို့လိုက်သည်။ သိပ်မကြာမီမှာပင် မီးသွေးများ ရဲရဲတောက် လာတော့သည်။ ထို့နောက် သူသည် အသင့်ပြင်ထားသော အသားတုတ်များကို အကင်စင်ပေါ်တင်၍ တစ်ချက်တစ်ချက် လှန်ပေးနေလေသည်။

“ဖေဖေ... သမီး ကူပေးမယ်လေ”

မင်းသမီးဂါဝန်လေး ဝတ်ဆင်ထားသော ကျိရုရွှယ်သည် သူမ၏ဖခင် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ကုလားထိုင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာပြီး လုချွမ်းရှိရာသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာခဲ့သည်။

ချီချီလေး တကယ်ပြေးလာသည်ကို မြင်သောအခါ လုချွမ်း လန့်သွားသည်။ အကင်စင်မှာ ညစ်ပတ်သည့်အပြင် အန္တရာယ်လည်း ရှိသဖြင့် ချီချီလေးကဲ့သို့ နုနုနယ်နယ် ကလေးငယ်တစ်ဦးနှင့် မသင့်တော်ပေ။ လုချွမ်းသည် လုပ်လက်စအလုပ်ကို ချထားပြီး လက်ကို သုတ်လိုက်ကာ ချီချီလေး၏ ဂျိုင်းအောက်မှ မကာ ကုလားထိုင်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။

လုချွမ်းသည် ကလေးငယ်၏ ဖောင်းအိနေသော ပါးပြင်ကို အသာအယာ ဆွဲညှစ်ကာ အနားသို့ ထပ်မလာရန် မျက်မှောင်ကြုတ်၍ သတိပေးပြီးနောက် အကင်စင်ရှိရာသို့ ပြန်လည်လျှောက်လှမ်းသွားခဲ့သည်။

သို့သော် အကင်စင်အနားသို့ ရောက်ရှိချိန်တွင် ထိုနေ့အစောပိုင်းက သူဖမ်းဆီးရမိထားသော မျိုးရိုးဗီဇပြောင်းယုန်တစ်ကောင်ရှိသည်ကို ရုတ်တရက် သတိရသွားသည်။ ထိုအသားသည် ကလေးငယ်အတွက် ကင်ကျွေးရန် အလွန်သင့်လျော်ပေလိမ့်မည်။ လုချွမ်းသည် ချက်ချင်းပင် ဇွန်ဘီရုပ်သေးများကို သိုလှောင်ရုံအတွင်းရှိ ယုန်သားကို သွားရောက်ယူဆောင်ရန် အမိန့်ပေးလိုက်တော့သည်။

အဆိုပါ မျိုးရိုးဗီဇပြောင်းယုန်ကို စားသုံးရန်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်သဖြင့် အမွေးများ၊ ကလီစာများနှင့် ဦးခေါင်းတို့ကို အစောကတည်းက ဖယ်ရှားသန့်စင်ထားပြီးသား ဖြစ်သည်။ သို့သော် ၎င်းသည် မျိုးရိုးဗီဇပြောင်းလဲထားသော သတ္တဝါဖြစ်သဖြင့် အရေခွံခွာထားသည့်

တိုင်အောင် သာမန် ခွေးအမျိုးအစားတစ်ကောင်ခန့် အရွယ်အစား ရှိနေဆဲပင်။

အဆင်ပြေစွာ ကင်နိုင်ရန်အတွက် လုချွမ်းသည် ယုန်သားများကို အစိတ်အပိုင်းများစွာ ခွဲစိတ်လိုက်ရသည်။ မကြာမီအချိန်အတွင်းမှာပင် ယုန်ခြေထောက်များနှင့် နံရိုးများမှာ ဝါဝင်းတောက်ပလာပြီး ဆွဲဆောင်မှုရှိသော ရနံ့များနှင့်အတူ အဆီများ တစစ်စစ် မြည်လာခဲ့သည်။

ဟင်းသီးဟင်းရွက်များမှာ အရင်ဆုံး ကျက်သွားသဖြင့် လုချွမ်းသည် ကင်ထားသော အသီးအရွက်တုတ်များကို ပန်းကန်အတွင်း ထည့်၍ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ငရုတ်ကောင်းဆား ဖြူးထားသော ရွှေအိုရောင် အာလူးကွင်းများ၊ ကြက်သွန်ဖြူနံ့ သင်းပျံ့နေသော ခရမ်းသီးကင်များ၊ အဆီရွှဲနေပြီး ဖြူဝင်းနုနယ်သော အပ်မှိုကင်များမှာ စားချင်စဖွယ် ဖြစ်နေတော့သည်။

နောက်ဆုံးတွင် လုချွမ်းသည် ကလေးငယ်များ ကြီးထွားရန်အတွက် ဗီတာမင်ဓာတ် လိုအပ်

သည်ကို သိရှိသဖြင့် ကျိရုရွှယ် အတွက် အသီးအရွက်သုပ်တစ်ခွက်ကိုပါ အထူးပြင်ဆင်ပေးခဲ့သည်။ အသီးအရွက်သုပ် ပန်းကန်ကို ရှေ့သို့ ချပေးလိုက်ချိန်တွင် ကျိရုရွှယ်သည် နှာခေါင်းလေးရှုံ့၍ မစားချင်သောအမူအရာဖြင့် ငြင်းဆန်နေသော်လည်း လုချွမ်းမှာ နောက်လှည့်သွားပြီဖြစ်ရာ ထိုမြင်ကွင်းကို သတိမပြုမိလိုက်ပေ။

ဟင်းပွဲများအားလုံး စားပွဲပေါ်သို့ ရောက်ရှိလာပြီးနောက် လုချွမ်းသည် ကင်ထားသော ယုန်သား၊ ဝက်လက်နှင့် သိုးကျောက်ကပ်တို့ကို တည်ခင်းရန် ပြင်ဆင်လိုက်သည်။ ကျိရုရွှယ်၏ မျက်စောင်းထိုးတွင် ထိုင်နေသော ကျောက်လင်းမှာမူ အပြင်သို့ ထွက်လာကတည်းက လုချွမ်းကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ သူမသည် လုချွမ်း၏ လက်ရှိရုပ်သွင်ကို ကြည့်ကာ အံ့အားသင့်လွန်းသဖြင့် မှင်တက်နေရသည်။

ဒီဇွန်ဘီဘုရင်က ဘာလို့ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ။

သေချာစွာ စိုက်ကြည့်ခြင်းမရှိပါက သူသည် အသက်ရှင်နေသော လူသားတစ်ဦးဖြစ်သည်ဟုပင် ထင်မှတ်မှားနိုင်စရာ ရှိသည်။ ယခုအခါ ဤဇွန်ဘီဘုရင်သည် အသားအရေ အနည်းငယ် ဖြူလွလွ ဖြစ်နေခြင်းနှင့် မျက်ဝန်းအတွင်း အပြစ်အနာအဆာ အနည်းငယ် ရှိနေခြင်းမှအပ လူသားတစ်ဦးနှင့် လုံးဝခွဲခြားမရလောက်အောင် တူညီနေပြီ ဖြစ်သည်။

အကယ်၍ သူသည် သင့်တင့်လျောက်ပတ်သော အဝတ်အစားများကို ဝတ်ဆင်၍ မျက်မှန်အမည်းတစ်စုံသာ တပ်ဆင်ထားပါက လူအုပ်ကြားထဲတွင် သတိမထားမိဘဲ ရောနှောသွားနိုင်မည်မှာ အသေအချာပင်။

ကျောက်လင်းသည် မျက်မှောင်ကြုတ်လျက် သူ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲသွားပြန်ပြီလားဟု တွေးတောနေမိသည်။

သူသည် နောက်ဆုံးတွင် အသက်ရှင်နေသော လူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားနိုင်မလား။ ကျောက်လင်း၏ စိတ်ထဲတွင် ချောက်ချားဖွယ်ရာ သံသယများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူမ၏ လက်ရှိဘဝအခြေအနေကို ပြန်လည်သုံးသပ်ကြည့်မိသောအခါမှသာ ဤစိုးရိမ်မှုများမှာ ရယ်စရဋကောင်းနေကြောင်း သူမ သတိပြုမိသွားသည်။ ထို့ကြောင့် ဘယ်လိုပင်ဖြစ်စေ ရရှိလာသော စားပွဲတော်ကိုသာ အရသာရှိရှိ သုံးဆောင်ရန် သူမ ဆုံးဖြတ်လိုက်တော့သည်။

ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်ပြီးနောက်ပိုင်း သူမအနေဖြင့် အသားကင်တစ်နပ်ကို တစ်ခါမျှ မစားခဲ့ရဖူးပေ။ ခဏအကြာတွင် လုချွမ်းသည် ကင်ထားသော အသားမျိုးစုံကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ သူမရှေ့ရှိ မွှေးကြိုင်လှသော အသားကင်များကို ကြည့်ရင်း ကျောက်လင်းသည် သတ္တိကို မွေးကာ လုချွမ်းကို ပြောလိုက်သည်။

"ဒီအသားကင်တွေက အရမ်းမွှေးတာပဲ ဘီယာမပါရင် ဘယ်ပြည့်စုံပါ့မလဲ။ ဘီယာတချို့ ယူလာပေးပါလား"

လုချွမ်းသည် ဤမိုက်မဲသော မိန်းမကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

သူမက အခြေအနေသစ်ကို ဒီလောက်မြန်မြန် ဆီလျော်အောင် နေတတ်သွားပြီလား။

ဘယ်လိုတောင် ရိုင်းစိုင်းနေတာလဲ။

သို့သော် လုချွမ်းသည် စိတ်ကြည်လင်နေသည့်အပြင် ကျောက်လင်းသည်လည်း နောက်ပိုင်းတွင် ချီချီလေးကို ကောင်းမွန်စွာ အဖော်ပြုပေးနေသည်ဖြစ်ရာ သူမ၏ တောင်းဆိုချက်လေးကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။

လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို သိုလှောင်ရုံအတွင်းရှိ ဘီယာဘူးတစ်ဘူး သွားရောက်ယူဆောင်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ကျောက်လင်းသည် ဘီယာဘူးကို ဖွင့်ကာ စားပွဲပေါ်ရှိ သိုးသားကင်တစ်တုတ်ကို ကိုင်လျက် အသားများမှ အဆီများ စီးကျလာသည်အထိ အားပါးတရ စားသောက်တော့သည်။

"ချီချီ... နင့်ရဲ့ ဇွန်ဘီအဖေက လက်ရာ တော်တော်ကောင်းသားပဲ"

စားသောက်နေရင်း ယုန်ခြေထောက်ကို ကိုက်နေသော ကျိရုရွှယ်ကို လှမ်း၍ စကားပြောလေသည်။

"ဒါဆိုရင်လည်း အများကြီးစားပေါ့ သမီးဖေဖေက အသားကင် ခဏခဏ မလုပ်ပေးဘူး"

ချီချီက ပြန်ပြောသည်။

ပျော်ရွှင်မှုကြောင့် သူမကိုယ်သူမ မေ့လျော့နေသော ကျောက်လင်းကို ကြည့်ကာ လုချွမ်း ရင်

ထဲ၌ သက်ပြင်းချလိုက်မိသည်။

သူမက နောင်တစ်ချိန်ကျရင် ကိုးခါသေရဲမေနတ်ဆိုးဖြစ်လာမဲ့သူ မဟုတ်ဘူးလား။

သို့သော် သူမ၏ လက်ရှိ တုံးအအ အမူအရာကို ကြည့်ပြီးနောက် သူမကို ဖမ်းဆီးထားခဲ့ခြင်းမှာ မှန်ကန်သည်ဟု လုချွမ်း သံသယဝင်မိသည်။

အကယ်၍ နောင်တစ်ချိန်တွင် ဤရဲမေလေးမှာ ခြံဝင်းအတွင်း၌ အစားအသောက်နှင့် အဖျော်ယမကာကိုသာ သိကျွမ်းသော ပျော့ညံ့သည့် မိန်းကလေးတစ်ဦး ဖြစ်သွားမည်ကိုပင် သူ စိုးရိမ်နေမိသည်။ ဤအသားများအားလုံးမှာ သူကိုယ်တိုင် အန္တရာယ်ကြားမှ အမဲလိုက်ခဲ့ရခြင်းဖြစ်ရာ အလကားတော့ အစားမခံနိုင်ပေ။

All Chapters