← Chapters

အခန်း (၁၀၅၄-၁၀၅၆)

Vol. 71 Ch. 1054-1056

အခန်း (၁၀၅၄-၁၀၅၆)

Vol. 71 Ch. 1054-1056

အခန်း (၁၀၅၄) - မကြောက်ပါနဲ့... မင်းသွားတွေ အကုန်ကြွေသွားပြီလားလို့ လာစစ်ကြည့်တာပါ

ဧည့်ခံပွဲကြီးမှာ စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး အသိမိတ်ဆွေ အုပ်စုများသည် အတူတကွ စုရုံးကာ ဖန်ခွက်ချင်း တိုက်ခိုက်ရင်း ရယ်မော စကားပြောဆိုနေကြလေသည်။ သီဆိုကခုန်မှုများနှင့်အတူ ငြိမ်းချမ်းသာယာသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

သို့သော် ထိုပျော်ရွှင်မှု စက်ဝန်း၏ အပြင်ဘက်တွင်မူ ရွှယ်အန်းနှင့် ကျိုးယန်ယန်တို့သည် လုံးဝ အပယ်ခံထားရလေသည်။

လူတိုင်းက သူတို့နှစ်ဦးနှင့် တမင်တကာ ခပ်ကွာကွာ နေနေကြသည်။ ဤလူများအမြင်တွင် ရွှယ်အန်းသည် အလွန်အမင်း မိုက်ရူးရဲဆန်လွန်းသူ ဖြစ်သည်။ သူ့တွင် ခိုင်မာသော ကျောထောက်နောက်ခံ တစ်ခုမျှမရှိဘဲ ကျိုးမိသားစု၊ ထျန်းဖူအဆောင်နှင့် ကျင်းမိသားစုဟူသော အင်အားကြီး မိသားစုသုံးခုစလုံးကို ပြစ်မှားထားခဲ့သည် မဟုတ်ပါလား။

ထို့အပြင် ဧကရီ၏ လတ်တလော အမူအရာများကလည်း ရွှယ်အန်း၏ လုပ်ရပ်များကို သဘောမကျကြောင်း ပြသနေလေသည်။ ထို့ကြောင့် ရွှယ်အန်းအပေါ် မကောင်းမြင်စိတ် မရှိသူများပင်လျှင် ပြဿနာမီး ကိုယ့်ဆီကူးမည်စိုးသဖြင့် သူ့အနားသို့ မကပ်ရဲကြပေ။ လူအများအမြင်တွင် ရွှယ်အန်းသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေသို့ ရောက်နေပြီဖြစ်ပြီး အချိန်တန်လျှင် သေရမည့် သေလူ ဟု သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။

သို့သော် လူတိုင်း၏ ထူးဆန်းသော အကြည့်များကြားတွင် ရွှယ်အန်းသည် ကျိုးယန်ယန်ကို ထမင်းစားပွဲဆီသို့ ခေါ်သွားကာ ဟင်းပွဲကောင်းများကို ရွေးချယ်ပြီး ဘေးတွင် မည်သူမျှ မရှိသည့်အလား စတင် စားသောက်လေတော့သည်။ ရွှယ်အန်းသည် အနည်းငယ် စားပြီးနောက် ပန်းကန်ကို ကိုင်ထားပြီး အာရုံလွင့်နေပုံရသော ကျိုးယန်ယန်ကို မော့ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ပေ။

"စားလေ... ဘာလို့ တူမကိုင်တာလဲ

"

"အာ..."

ကျိုးယန်ယန် လန့်သွားပြီးနောက် ခက်ခဲစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်... ဟုတ်ကဲ့"

ထိုသို့ပြောပြီး သူမလည်း ဖြည်းဖြည်းချင်း စတင် စားသောက်လေသည်။ သို့သော် သူမသည် စိတ်နှင့်ကိုယ် မကပ်ဖြစ်နေပြီး အစားအစာများမှာ အရသာမရှိသလို ခံစားနေရသည်မှာ ထင်ရှားလှပေသည်။

လူများသည် တီးတိုးပြောဆိုလာကြသည်။

"ကျွတ် ကျွတ်... ဒီလိုအချိန်မျိုးမှာတောင် စားနိုင်သေးတယ်ဆိုတော့ ရွှယ်အန်းရဲ့ သတ္တိကို ငါလေးစားမိတယ်"

"ဟုတ်တယ်... ငါသာ သူ့နေရာမှာဆိုရင် အခုလောက်ဆို တိတ်တိတ်လေး ထွက်ပြေးပြီးလောက်ပြီ၊ ဒီမှာ ဆက်နေနေတာက သေလမ်းရှာနေတာနဲ့ တူတူပဲ မဟုတ်ဘူးလား"

ထိုတီးတိုးပြောဆိုသံများမှာ မကျယ်လောင်သော်လည်း ကျိုးယန်ယန်၏ နားထဲသို့ ရောက်ရှိသွားပြီး သူမ၏ မျက်နှာကို ပိုမိုပျက်ယွင်းသွားစေသည်။ ရွှယ်အန်းကမူ ဘာမှမကြားရသည့်အလား ဖြည်းညှင်းစွာ ဆက်လက် စားသောက်နေလေသည်။

ထိုအချိန်တွင် ဆန်းပြားပြီး ဈေးကြီးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျိုးယာသည် ကျက်သရေရှိစွာ လျှောက်လာလေသည်။ သူမ၏ နောက်တွင်လည်း တောက်ပြောင်ခမ်းနားစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်စု ပါလာကြသည်။

ကျိုးယန်ယန်သည် ကျိုးယာကို မြင်လိုက်ရသောအခါ သူအ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ဖြတ်သန်းသွားပြီး အလိုအလျောက်ပင် နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိသည်။

"ဟော... သခင်မလေးကျိုးပါလား၊ ဘာဖြစ်လို့လဲ၊ မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတာကို နှုတ်ဆက်ရကောင်းမှန်းတောင် မသိတော့ဘူးလား"

ကျိုးယာက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ ကျိုးယန်ယန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

"ကျိုးယာ... ငါက နင့်ရဲ့ ကျိုးမိသားစုဝင် မဟုတ်တော့ဘူး၊ ဒါကြောင့် ငါ့ကို အဲ့ဒီလိုလေသံနဲ့ လာမပြောပါနဲ့"

"အဲ့ဒီလိုလေသံ ဟုတ်လား... ဘယ်လိုလေသံလဲ"

ကျိုးယာက နှာခေါင်းရှုံ့လိုက်ပြီး သူမနောက်ပါလာသော မိန်းကလေးတစ်သိုက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ဒီမှာရှိတဲ့ လူတိုင်း သူ့ကို မှတ်မိကြမယ်လို့ ငါထင်တယ်၊ မမှတ်မိရင်လည်း ကိစ္စမရှိဘူး၊ ငါမိတ်ဆက်ပေးမယ်၊ သူက တစ်ချိန်တုန်းက ငါတို့ ကျိုးမိသားစုဝင် ဖြစ်ခဲ့ဖူးတယ်လေ၊ သူ့အမေက ငါ့အဖေဆီမှာ အလုပ်လုပ်တဲ့ အစေခံမလေးပေါ့ ဒါပေမဲ့ ဘယ်လိုနည်းလမ်းတွေ သုံးပြီး ငါ့အဖေကို မြှူဆွယ်ပြီး ကိုယ်ဝန်ရအောင် ယူလိုက်လဲ ဆိုတာတော့ ဘယ်သူသိမှာလဲ... နောက်ဆုံးတော့ သူ့ကို မွေးလာခဲ့တာပေါ့"

"တိုတိုပြောရရင်တော့ အောက်တန်းစား အစေခံတစ်ယောက်ရဲ့ သမီးပါပဲ"

ကျိုးယာ၏ စကားများကြောင့် မိန်းမအုပ်စုကြားတွင် ရယ်မောသံများ ထွက်ပေါ်လာလေသည်။

"ဪ... ဒါကြောင့်ကိုး"

"ကျွတ် ကျွတ်... သူမအကြောင်းကို ထည့်ပြောဖို့တောင် မတန်ဘူး"

ထိုအချိန်တွင် သူတို့၏ အသံများက ဘေးပတ်ဝန်းကျင်မှ လူအများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ကျိုးယာ၏ စကားများကြောင့် ကျိုးယန်ယန်၏ မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူဖျော့သွားပြီး သူအ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲလာလေသည်။ သူမသည် ရွှယ်အန်း မည်သို့ တုံ့ပြန်မည်ကို သိချင်စိတ်ဖြင့် ခိုးကြည့်လိုက်မိသည်။

သို့သော် ရွှယ်အန်းသည် စားပွဲပေါ်မှ ဟင်းပွဲများကိုသာ စိတ်ဝင်စားနေပုံရပြီး မည်သည့်အရာမှ မကြားရသကဲ့သို့ မရပ်မနား ဆက်လက် စားသောက်နေလေသည်။ ကျိုးယန်ယန်၏ ရင်ထဲတွင် လေးလံသွားပြီး တစ်ခဏမျှ စကားမပြောနိုင် ဖြစ်သွားရသည်။ ရွှယ်အန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျိုးယာက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

အမှန်ပြောရလျှင် သူမသည် ရွှယ်အန်းကို အတော်လေး ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။ သူမသည် ဆိပ်ကမ်းတွင် ပါးရိုက်ခံခဲ့ရဖူးသဖြင့် ယခုထိတိုင် သူမပါးပြင်က ကျိန်းစပ်နေဆဲ မဟုတ်ပါလား။ သို့သော် ယခုအခါ ရွှယ်အန်းလည်း ကြောက်နေပုံရလေသည်။ ဤသည်က ကျိုးယာ၏ စိုးရိမ်နေသော စိတ်ကို သက်သာရာရသွားစေခြင်း ဖြစ်သည်။

အမေပြောတာ မှန်တာပဲ... ရွှယ်အန်းက တကယ်ကြောက်နေတာကိုး...

ကျိုးယာသည် ကျိုးယန်ယန်ကို အောင်နိုင်သူအကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ကျိုးယန်ယန်... နင့်ရဲ့ အကြံအစည်တွေ၊ ကျောထောက်နောက်ခံ ရှိရင် ကျိုးမိသားစုအပေါ် ကြိုက်သလို လုပ်လို့ရမယ်လို့ ထင်နေတာတွေကို အခုမြင်ပြီမလား၊ နင့်ရဲ့ ကျောထောက်နောက်ခံက အခု သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူး"

ကျိုးယာသည် စားသောက်နေသော ရွှယ်အန်းကို အထင်သေးစွာ ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

"အရင်တုန်းက မာနတွေ ဘယ်ရောက်ကုန်ပြီလဲ... ဘာလို့ ပျောက်သွားတာလဲ၊ အခု ဂုဏ်သရေရှိ လူတန်းစားတွေ အကုန်ရောက်လာတော့ ကြောက်ပြီး ခေါင်းငုံ့စားနေရပြီလား"

ထိုစကားကြောင့် ဘေးနားရှိ အမျိုးသမီးအုပ်စုမှာ တခစ်ခစ် ရယ်မောလိုက်ကြသည်။ အချို့ဆိုလျှင် မဆင်မခြင် စကားများပင် စတင်ပြောဆိုလာကြသည်။

"ကျွတ် ကျွတ်... ကြည့်ရတာတော့ အဆင်ပြေမလိုလိုနဲ့ တော်တော်တုံးတဲ့ လူပဲ"

"ကြည့်ပါဦး... ဘယ်ချောင်ကမှန်း မသိတဲ့ တောသား ဖြစ်မှာပါ၊ သူ့ကိုယ်သူ အထင်ကြီးပြီး မိုးမမြင်လေမမြင် လုပ်နေတာ၊ အခုတော့ ငြိမ်ကျသွားပြီ မဟုတ်လား"

"ဒါပေါ့... ကျိန်စာသင့်မြို့တော်ကို သူ့အိမ်နောက်ဖေးများ မှတ်နေလား မသိပါဘူး၊ ရယ်ချင်စရာကြီး"

ထိုရိုင်းစိုင်းသော စကားများကြောင့် ကျိုးယန်ယန်၏ မျက်နှာထားမှာ မည်းမှောင်သွားပြီး ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"တော်ကြစမ်း"

သူမ၏ အော်သံကြောင့် ရှေ့ဆုံးတွင် ရပ်နေသော အမျိုးသမီးအချို့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြလေသည်။ သူတို့ အားလုံး အံ့သြမှင်သက်သွားကြသညါ။ ထို့နောက် ကျိုးယာက ဒေါသတကြီးဖြင့် ပြောလာသည်။

"ကျိုးယန်ယန်... နင်ဘာလုပ်ချင်တာလဲ၊ ငါနင့်ကို ပြောလိုက်မယ်နော်၊ ဒါ ဧကရီမင်းမြတ် စီစဉ်ထားတဲ့ ဧည့်ခံပွဲပဲ နင်သာ လုပ်ရဲရင်..."

သူမ စကားမဆုံးမီမှာပင် စားပွဲတွင် ထိုင်နေဆဲဖြစ်သော ရွှယ်အန်းက ခေါင်းပင်မမော့ဘဲ ပြောလိုက်လေသည်။

"ယန်ယန်... သူ့သွားတွေ အကုန်ကျွတ်ထွက်သွားအောင် ရိုက်ပစ်လိုက်စမ်း"

ကျိုးယာ လန့်သွားပြီး အော်ဟစ်ရန် ပြင်လိုက်သည်။ သို့သော် ကျိုးယန်ယန်သည် လျှပ်စီးပမာ လျင်မြန်စွာဖြင့် ကျိုးယာထံ ပြေးဝင်သွားပြီး သူမ၏ ဆံပင်ကို ဆွဲကာ ဘယ်ပြန်ညာပြန် အားပါပါ ရိုက်ချလိုက်တော့သည်။

ဖြောင်း... ဖြောင်း...

ရိုက်ချက်အနည်းငယ်အကြာတွင် ကျိုးယာ၏ မျက်နှာမှာ သိသိသာသာ ရောင်ကိုင်းလာလေသည်။ ထို့နောက် ကျိုးယန်ယန်က သူမကို လွှတ်ပေးလိုက်ကာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့်ရှိနေသည်။

ကျိုးယာသည် ရွှံ့ပုံပမာ ကြမ်းပြင်ပေါ် ခွေကျသွားပြီးနောက် ကျိုးပဲ့နေသော သွားများနှင့် ရောနှောနေသည့် သွေးများကို ထီးခနဲ ထွေးထုတ်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် ဘေးမှကြည့်နေသူများ အားလုံး အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ကျိုးယာနှင့်အတူ ပါလာသော အမျိုးသမီးများသည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။

"ကျိုးယန်ယန်၊ နင်... နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့"

ကျိုးယာသည် သွားများ အကုန်ကျိုးကုန်ပြီ ဖြစ်သဖြင့် စကားလုံးများမှာ လေထွက်သံများနှင့် ရောထွေးကာ ဗလုံးဗထွေး ဖြစ်နေလေသည်။ ကျိုးယန်ယန်က အေးစက်စွာ ပြောလိုက်သည်။

"အံ့သြသွားလား၊ ငါ့ဆရာသခင်ကို ထပ်ပြီး နှိမ့်ချရဲရင် နင့်မျက်နှာကိုပါ ငါထုချေပစ်မယ်"

ကျိုးယာသည် တစ်ကိုယ်လုံး တုန်ရီနေပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။ ထိုအချိန်အထိ စားသောက်နေခဲ့သော ရွှယ်အန်းသည် ပန်းကန်ကို ချလိုက်ပြီး သက်ပြင်းအနည်းငယ် ချလိုက်လေသည်။

"အမှန်အတိုင်း ပြောရရင်... ငါစားသောက်နေတဲ့အချိန် ဘေးကနေ စကားလာပြောတာ အမုန်းဆုံးပဲ"

ထို့နောက် ရွှယ်အန်းသည် ကြမ်းပြင်ပေါ်ရှိ ကျိုးယာဘက်သို့ လှည့်ကြည့်ကာ ကြက်သီးထဖွယ် ကောင်းလောက်အောင် ပြုံးပြလိုက်သည်။

"အထူးသဖြင့်... မင်းလို မိန်းမမျိုးကိုပေါ့"

ရွှယ်အန်း၏ အပြုံးကို မြင်သောအခါ ကျိုးယာသည် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ ရွှယ်အန်းသည် သူမရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

"နင်... နင် ဘာလုပ်ချင်လို့လဲ၊ ငါနင့်ကို ပြောထားမယ်နော်၊ ဒါ မြို့စားမင်းအိမ်တော်ပဲ... နင်..."

ရွှယ်အန်းက ဂရုမစိုက်ဘဲ ကျိုးယာအနားသို့ ကပ်သွားကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး သူမ၏ ရောင်ကိုင်းနေသော မျက်နှာကို ကြည့်၍ ဖျော့တော့စွာ ပြုံးလိုက်လေသည်။

"မကြောက်ပါနဲ့... ငါမင်းကို မရိုက်ပါဘူး၊ မင်းရဲ့ သွားတွေ အကုန်ကျွတ်ကုန်ပြီလား ဆိုတာကို လာစစ်ဆေးကြည့်ပေးတာပါ…”

အခန်း (၁၀၅၅) - ငါ့နာမည်က ရွှယ်အန်း... ဒါပါပဲ

ရွှယ်အန်းသည် သူ့ဘေးရှိ ကျိုးယန်ယန်ကို မော့ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"ရလဒ်ကတော့ မဆိုးဘူးလို့ ပြောလို့ရတယ်... ဒါပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်ကတော့ ငါ့ကို စိတ်ပျက်စေတယ်..."

"ငါ မင်းကို ဘယ်လို သင်ပေးထားသလဲ... ဒီလိုလူတွေကို သူတို့ ကြောက်တတ်လာအောင် သင်ပေးရမယ်လေ၊ ဒါကြောင့် သူ စပြီး ပေါက်ကရပြောတာနဲ့ မင်းက လက်ပါသင့်တာ၊ အခုလို နောက်မှ လုပ်တာမျိုး မဟုတ်ဘူး၊ နားလည်လား"

ကျိုးယန်ယန်၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တို့ ဖြတ်သန်းသွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့... ယန်ယန် နားလည်ပါပြီ"

ထို့နောက် ရွှယ်အန်းသည် တောက်ပစွာ ဝတ်ဆင်ထားသော အမျိုးသမီးအုပ်စုကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်ရောက်သွားသည်နှင့် ထိုသူများ၏ မျက်နှာထားများမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး နောက်သို့ ကမန်းကတန်း ဆုတ်လိုက်ကြလေသည်။ ထို့နောက် ရွှယ်အန်းက လက်ကိုရိုးရှင်းစွာ ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သွားကြတော့..."

ပြဿနာအသေးစားလေးမှာ ဤသို့ဖြင့် ပြီးဆုံးသွားလေသည်။ သို့သော် ရွှယ်အန်းနှင့် ကျိုးယန်ယန်တို့မှာ ပို၍ အာရုံစိုက်ခံလာရသည်။ အထူးသဖြင့် ကျိုးမိသားစုဝင်များထံမှ ဖြစ်သည်။ အမှန်တကယ်တွင် ကျိုးယာ၏ ရန်စမှုသည် သခင်မကြီးကျိုးနှင့် သခင်မကျိုးတို့၏ မြှောက်ပေးမှုကြောင့် ဖြစ်သည်။

သို့သော် ပြန်လည်တိုက်ခိုက်မည့်သူမှာ ရွှယ်အန်းမဟုတ်ဘဲ ပုံမှန်အားဖြင့် ရိုးသားပြီး သည်းခံတတ်သော ကျိုးယန်ယန် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူတို့ အံ့သြမှင်သက်ကာ ငေးကြည့်နေမိကြသည်။ ထို့နောက် သခင်မကြီးကျိုးသည် ဒေါသကို မထိန်းနိုင်တော့ဘဲ သူမကိုင်ဆောင်ထားသော တုတ်ကောက်ဖြင့် ကြမ်းပြင်ကို ဆောင့်လိုက်လေသည်။

"အောက်တန်းစားမ... ခွေးလိုအောက်တန်းစားမ၊ သူက လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတယ်ပေါ့"

ကျိုးယာက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

"အဘွား၊ မေမေ... သမီးအတွက် လက်စားချေပေးကြပါနော်"

သခင်မကြီးကျိုး၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေသည်။

"စိတ်မပူနဲ့၊ ဧည့်ခံပွဲပြီးလို့ ဧကရီပြန်သွားတာနဲ့ ထျန်းဖူအဆောင်က ဒီကောင်စုတ်ရဲ့ အသက်ကို ပထမဆုံး တောင်းဆိုလိမ့်မယ်၊ အဲ့ဒီကျရင် ငါတို့က ဒီကောင်မစုတ်ကို ဖမ်းပြီး ဖြည်းဖြည်းချင်း နှိပ်စက်ကြတာပေါ့"

သူမ ပြောနေစဉ်တွင် သခင်မကြီးကျိုး၏ မျက်လုံးများထဲမှ မုန်းတီးမှုများမှာ လျှံကျလုမတတ် ဖြစ်နေလေသည်။ ထိုအချိန်တွင် အပြင်ဘက်၌ ကျယ်လောင်သော ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။ မကြာမီတွင် အံ့သြသံများကို သဲ့သဲ့ကြားလိုက်ရသည်။

"ဟော... ကျင်းမိသားစုက လူတွေပါလား"

"ကျင်းမိသားစုခေါင်းဆောင် ရောက်လာပြီဟေ့"

ထိုစကားများကြောင့် ဆူညံနေသော ဧည့်ခံပွဲခန်းမမှာ တိတ်ဆိတ်သွားလေသည်။ ထိပ်တန်းဆွေကြီးမျိုးကြီး အကြီးအကဲများနှင့် စကားပြောနေသော ကျိန်စာသင့်ဧကရီပင်လျှင် အဝင်ဝဘက်သို့ လှည့်ကြည့်လိုက်မိသည်။

လူတစ်စုမှာ ခန်းမထဲသို့ ဝင်ရောက်လာကြသည်။ ဦးဆောင်လာသူမှာ အသက် ၂၀ ကျော်အရွယ် လှပကျက်သရေရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမနောက်တွင် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ကျင်းမိသားစုခေါင်းဆောင် ကျင်းရှုန်းလိုက်ပါလာလေသည်။

ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ လူအများ လန့်သွားကြသည်။ အထူးသဖြင့် ကျင်းမိသားစုနှင့် ဆက်ဆံရေးကောင်းသူများမှာ မျက်နှာပျက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ရောက်လာသူကို မှတ်မိကြသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် အမျိုးသမီးသည် ရှေ့သို့ အနည်းငယ်တိုးကာ အရိုအသေပြုလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

" နတ်ဘုရားသားတော်ရဲ့ လက်အောက်က ပထမအစေခံ၊ ကျင်းမိသားစုရဲ့ ကျင်းရှုမန်က ဧကရီကို ဂါရဝပြုပါတယ်"

ဟုတ်ပေသည်။ ဤအမျိုးသမီးသည် ကျင်းရှုန်း၏သမီး၊ ကျင်းရှုမန်ပင် ဖြစ်လေသည်။ သို့သော် လူအများစုက သူမကို မမှတ်မိကြပေ။ အဘယ်ကြောင့်ဆိုသော် ကျင်းရှုမန်သည် ဖန်းထျန်းနယ်မြေမှ ထွက်ခွာသွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ကောင်းကင်ဘုံမှ ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ လက်အောက်တွင် အမှုထမ်းနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သောကြောင့် ဖြစ်သည်။

ယခုအခါ ထိုကောလာဟလများ မှန်ကန်ကြောင်း ထင်ရှားနေသည်။ ထိုအချိန်တွင် ကျိန်စာသင့်ဧကရီက အံ့ဩဟန်ပြုလိုက်လေသည်။

"မင်း ဖြစ်နေပါလား... နတ်ဘုရားသားတော် ကိုယ်တိုင် ဘာလို့ မလာတာလဲ"

ကျင်းရှုမန်က ဖျော့တော့စွာ ပြုံးလိုက်သည်။

"နတ်ဘုရားသားတော်က ကိစ္စလေးတစ်ခု ရှိနေလို့ နည်းနည်းလေး ကြန့်ကြာနေပါတယ်၊ ဒါကြောင့် ကျွန်မကို ကြိုလွှတ်လိုက်တာပါ၊ သူ မကြာခင် လိုက်လာပါလိမ့်မယ်"

ကျိန်စာသင့်ဧကရီက ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါဆိုရင်လည်း... ထိုင်ပါဦး"

ကျင်းရှုမန်သည် ပင်မထိုင်ခုံတွင် ဝံ့ကြွားစွာ ဝင်ထိုင်လိုက်လေသည်။ ကျင်းရှုန်းမှာမူ သူမ၏ သမီးနောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။ လူအုပ်ကြီးမှာလည်း တီးတိုးပြောဆိုလာကြသည်။

"ဒီ ကျင်းမိသားစုခေါင်းဆောင်က မိုးသည်းထဲမှာ တစ်နေ့လုံး ထွက်သွားပြီးတော့ ပြန်ခေါ်လာတာက သူ့သမီးပဲလားကွ"

"သူပြောတာ မင်းမကြားဘူးလား၊ သူက အစေခံပဲ ရှိသေးတာတဲ့... အဲ့ဒီလို အဆင့်အတန်းနဲ့တောင် ဧကရီက သူ့ကို ပင်မထိုင်ခုံ ပေးထိုင်တယ်ဆိုတော့ အဲ့ဒီနတ်ဘုရားသားတော် ဆိုတာက ဘယ်လောက်တောင် ကြီးကျယ်နေလို့လဲ"

လူအများမှာ ခန့်မှန်းပြောဆိုနေကြပြီး မျက်နှာများတွင် အံ့သြထိတ်လန့်မှုများ ပေါ်နေကြသည်။ ထိုအချိန်တွင် ကျင်းရှုမန်က စကားစလိုက်သည်။

"ဧကရီ... ကျွန်မတို့ရဲ့ နတ်ဘုရားသားတော် မရောက်လာသေးပေမယ့် ကျွန်မက သူ့ကိုယ်စား အပြည့်အဝ ဆုံးဖြတ်လို့ရတယ်လို့ သူမှာလိုက်ပါတယ်"

"အော်... နတ်ဘုရားသားတော်က ဘာဆိုလိုချင်တာလဲ"

ကျိန်စာသင့်ဧကရီက ပေါ့ပါးစွာ မေးလိုက်သည်။

"ရိုးရှင်းပါတယ်... ဒီလောကမှာ ပေါ်ထွက်လာတဲ့ နတ်ဘုရားသင်္ကေတကကို ကျွန်မတို့ရဲ့ နတ်ဘုရားသားတော်က လိုချင်နေပါတယ်"

ကျင်းရှုမန်က မာနကြီးစွာ ပြောလိုက်လေသည်။ ဤစကားသည် ပြားတုန်းအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားလေပြီး အနီးအနားရှိ ဆွေကြီးမျိုးကြီး ကိုယ်စားလှယ်များနှင့် ထျန်းဖူဆောင်မှ လူများအားလုံး မျက်နှာပျက်သွားကြပြီး အချို့မှာ မကျေနပ်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။

နတ်ဘုရားသင်္ကေတသည် တစ်ခုတည်းသာ ရှိပြီး လူအများက လိုချင်တပ်မက်နေကြသည် မဟုတ်ပါလား။ ယခု ရုတ်တရက်ပင် နတ်ဘုရားသားတော်ဆိုသူက ၎င်းကို လိုချင်သည်ဟု ပြောလာသောအခါ လူတိုင်း ဒေါသထွက်သွားကြသည်မှာ သဘာဝပင်။ ကျိန်စာသင့်ဧကရီကလည်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဒါ မင်းရဲ့ သဘောထားလား ဒါမှမဟုတ် မင်းတို့ နတ်ဘုရားသားတော်ရဲ့ သဘောထားလား"

"ဒါ ကျွန်မသဘောထားပါ၊ ဒါပေမဲ့ ကျွန်မတို့ နတ်ဘုရားသားတော်ရဲ့ သဘောထားလည်း ဟုတ်ပါတယ်"

ကျင်းရှုမန်သည် ထိုသို့ပြောကာ လူအားလုံးကို ဝေ့့ကြည့်လိုက်သည်။ သူမသည် သူတို့၏ ဒေါသထွက်နေသော အကြည့်များကို ဂရုမစိုက်ဘဲ သူမက အေးစက်စွာ ဆက်ပြောလေသည်။

"ရှင်တို့အားလုံး နားမလည်တာ ဖြစ်နိုင်ပေမယ့်၊ ကျွန်မတို့ နတ်ဘုရားသားတော်က နောက်ပိုင်းကျရင် လျော်ကြေးတချို့ ပေးပါလိမ့်မယ်လို့ ပြောထားပါတယ်၊ ပြီးတော့ အတူတူ ပေါ်လာတဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အမွေအနှစ်တွေကို ကျွန်မတို့ နတ်ဘုရားသားတော်က မထိပါဘူး ဒါပေမဲ့ ဒီ နတ်ဘုရားသင်္ကေတကိုတော့ ညှိနှိုင်းလို့ မရဘူး"

ထိုစကားများကြောင့် လူတိုင်း၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားကြပြီး ကျိန်စာသင့်ဧကရီထံသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤတွင်ရှိနေသူအားလုံး၌ ကျိန်စာသင့်ဧကရီသာလျှင် အဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံး ဖြစ်သောကြောင့်ဖြစ်သည်။

ကျိန်စာသင့်ဧကရီ၏ မျက်နှာကို ဖုံးအုပ်ထားသော မြူခိုးလွှာမှာ ထိန်းချုပ်မရနိုင်အောင် တုန်ခါသွားပြီးနောက် သူမ ခေါင်းအနည်းငယ် ငုံ့လိုက်လေသည်။

"နတ်ဘုရားသားတော်က တကယ်ပဲ အဲ့ဒီလို ပြောခဲ့တယ်ဆိုရင်တော့... ငါ့ဘက်က ကန့်ကွက်စရာ မရှိပါဘူး"

ဝုန်း!

၎င်းတို့အားလုံး၏ စိတ်သည် အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ကျိန်စာသင့်ဧကရီ၏ သဘောထားမှာ အလျှော့ပေးလိုက်သည့်ပုံ ပေါက်နေသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော မြို့စားမင်းအဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက နတ်ဘုရားသင်္ကေတကို လိုလိုလားလား စွန့်လွှတ်လိုက်ရသည် ဆိုပါက ဤနတ်ဘုရားသားတော်ဆိုသူ၏ နောက်ခံမှာ မည်မျှတောင် ကြောက်ဖို့ကောင်းနေမည်နည်း။

လူတိုင်း သံသယများနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသော်လည်း မည်သူမျှ စကားမပြောရဲကြပေ။ ထျန်းဖူအဆောင်မှ ခန်းဟွာကျန့်ပင်လျှင် မည်းမှောင်သော မျက်နှာထားဖြင့် ခေါင်းငုံ့ကာ နက်နက်နဲနဲ တွေးတောနေပုံရလေသည်။ ထိုအခြေအနေကို မြင်သောအခါ ကျင်းရှုမန်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"ကောင်းပြီ... အားလုံးက ကန့်ကွက်စရာ မရှိဘူးဆိုတော့..."

သူမ စကားမဆုံးမီမှာပင် ပျင်းရိသော လေသံစွက်နေသည့် တည်ငြိမ်သော အသံတစ်သံသည် လူအုပ်ကြီး၏ နောက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။

"နေပါဦး..."

ဟမ်?

ခန်းမထဲရှိ လူတိုင်း လန့်သွားကြသည်။

ကျင်းရှုမန်၏ မျက်နှာထား အေးစက်သွားပြီး ခက်ထန်စွာ မေးလိုက်သည်။

"ဘယ်သူလဲ"

လူအုပ်ကြီးသည် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြပြီးနောက် ရွှယ်အန်းသည် ကျိုးယန်ယန်ကို ခေါ်ဆောင်ကာ အေးဆေးသက်သာစွာ ရှေ့ထွက်လာလေသည်။ ဧည့်ခံပွဲခန်းမကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျင်းရှုန်း၏ မျက်ခွံများ တုန်လှုပ်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"နင်... နင်ပါလား"

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ဟုတ်တယ်... ငါပဲ"

ထို့နောက် ကျင်းရှုန်းက ကျင်းရှုမန်ကို လှမ်းပြောလိုက်လေသည်။

"မန်အာ... ဒါ မင်းရဲ့ မောင်လေး ချွင်းအာကို သတ်ခဲ့တဲ့ကောင်ပဲ"

ထိုစကားကို ကြားသောအခါ ကျင်းရှုမန်၏ မျက်လုံးများ တဖြည်းဖြည်း အေးစက်လာပြီး ပြောလိုက်သည်။

"ရှင်က ရွှယ်အန်းဆိုတာလား"

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ရှင်က ကျွန်မတို့ ကျင်းမိသားစုက လူကို သတ်ခဲ့တယ်၊ အဲ့ဒီစာရင်းကို နောက်မှ ရှင်းမယ်၊ လောလောဆယ် ကျွန်မသိချင်တာက၊ ရှင် ဘာလုပ်ချင်နေတာလဲ"

လူတိုင်း၏ အကြည့်သည် ရွှယ်အန်းထံသို့ ရောက်ရှိနေကြသည်။ ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်လေသည်။

"တကယ်တော့ ဘာမှ အကြီးကြီး မဟုတ်ပါဘူး၊ ဒီ နတ်ဘုရားသင်္ကေတက ငါ့အတွက်လည်း အသုံးဝင်နေလို့လေ၊ ဒါကြောင့် မင်းနဲ့ မင်းရဲ့ နတ်ဘုရားသားတော်ကို အသိပေးချင်လို့ပါ၊ ဒီ နတ်ဘုရားသင်္ကေတကို... ငါလည်း လိုချင်တယ်"

လူတိုင်း ရွှယ်အန်းကို အံ့သြမှင်သက်စွာ ကြည့်လိုက်ကြသည်။ ထို့နောက် နေရာတိုင်း ဆူညံပွက်လောရိုက်သွားကြသည်။

အချို့လူများသည် ရွှယ်အန်းတော့ ရူးသွားပြီဟု တွေးကာ ခေါင်းခါလိုက်ကြသည်။ ရွှယ်အန်းနှင့် ရန်ငြိုးရှိသူများမှာမူ ဝမ်းသာသော မျက်နှာထားများ ပေါ်လာကြသည်။ အစပိုင်းတွင် ကျင်းရှုမန်သည်လည်း ကြောင်သွားသော်လည်း ဒေါသထွက်စွာသဖြင့် ရယ်မောလိုက်လေသည်။

"အော်... ဒါပေမဲ့ ကျွန်မ သိချင်တာက... ဒီလောက် ရဲရဲတင်းတင်း ပြောရအောင် ရှင်က ဘယ်သူမို့လို့လဲ"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"ငါက ဘယ်သူမှ မဟုတ်ပါဘူး၊ ငါ့နာမည် ရွှယ်အန်း... ဒါပါပဲ”

အခန်း (၁၀၅၆) - နောက်ဘဝကျရင် စကားယဉ်ယဉ်ကျေးကျေးပြောဖို့ မှတ်ထားပါ

ကျင်းရှုမန်သည် သက်တောင့်သက်သာ မှီချလိုက်ပြီး သူမမျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။

"ရှင်က သတ္တိခဲကြီးလို့ ပြောရမလား၊ ဒါမှမဟုတ် အဆင့်အတန်း နားမလည်ဘဲ ပါးစပ်သရမ်းတဲ့ အရူးလို့ ပြောရမလားတောင် မသိတော့ဘူး"

ရွှယ်အန်းက အရေးမလုပ်သလို ပြုံးလိုက်သည်။

"နှစ်မျိုးလုံး ဖြစ်နိုင်တာပါပဲ၊ ဒါပေမဲ့ ဒီစကားတွေက မင်းနဲ့ မင်းရဲ့ နတ်ဘုရားသားတော်နဲ့ ပိုလိုက်ဖက်မယ်လို့ ငါထင်တယ်"

"ရဲတင်းလှချည်လား"

ကျင်းရှုမန်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူမမျက်နှာထားမှာ အေးစက်သွားလေသည်။ ဤစကားများသည် အမိန့်တစ်ခုကဲ့သို့ ဖြစ်နေပြီး သူမနှင့်အတူ ပါလာသော ကျင်းမိသားစုမှ ကျွမ်းကျင်သူများသည် တိတ်တဆိတ် ရှေ့တိုးလာကာ ရွှယ်အန်းကို လွတ်လမ်းမရှိအောင် တင်းတင်းကျပ်ကျပ် ဝိုင်းရံလိုက်ကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ သခင်မကြီးကျိုး၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး သူမ၏ တပည့်များကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။ ကျိုးမိသားစုဝင်များကလည်း ထုံးစံအတိုင်း ရွှယ်အန်းကို ဝိုင်းရံကာ စိုက်ကြည့်လိုက်ကြလေသည်။

တစ်ချိန်တည်းမှာပင် အခန်းထဲမှ လေထုသည် အလွန်အမင်း တင်းမာသွားလေသည်မှာ ပေါက်ကွဲလုနီးပါး ယမ်းအိုးတစ်အိုးနှင့်ပင်တူနေသည်။

ထိုအချိန်တွင် ကျိန်စာသင့်ဧကရီမှာ မည်သည့်အရာမှ မကြားသည့်အလယး ခေါင်းငုံ့ကာ နက်နက်နဲနဲ တွေးတောနေပုံရသည်။ ကျင်းရှုန်းက လှောင်ပြောင်လိုက်သည်။

"ရွှယ်အန်း... မင်းက ငါ့သားကို သတ်ခဲ့တဲ့ အကြွေးကို မဆပ်ရသေးဘဲ ဒီဧည့်ခံပွဲကို တက်ရဲသေးတာပေါ့၊ တကယ် သတ္တိခဲပဲ"

"ဟုတ်တယ် ရွှယ်အန်း၊ ဒီနေ့က မင်းသေမယ့်နေ့ပဲ"

သခင်မကြီးကျိုးက အခြားသူများထက် ပို၍ ပျော်ရွှင်စွာ ကခုန်ချင်နေသည့်ပမာ ပြောလိုက်သည်။ ရွှယ်အန်းသည် နေရာအသီးသီးမှ ဝိုင်းရံခံထားရသော်လည်း သူ့မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် အဝေ့းမှ ခန်းဟွာကျန့်ကိုပင် စိတ်ဝင်တစား လှမ်းကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ... ထျန်းဖူအဆောင်က လူတွေ မပါကြတော့ဘူးလား"

လူအုပ်ကြီးကြားတွင် တီးတိုးပြောဆိုသံများ ပျံ့နှံ့သွားလေသည်။ လူအများက ရွှယ်အန်းကို နားမလည်နိုင်သော အံ့သြမှုဖြင့် ကြည့်နေကြပြီး အချို့က သူရူးသွားပြီဟု တွေးကာ ခေါင်းခါလိုက်ကြသည်။

အင်အားကြီး မိသားစုနှစ်ခု၏ တိုက်ခိုက်ခြင်းကို ခံနေရချိန်တွင် ထျန်းဖူအဆောင်မှ လူများကိုပါ ရန်စလိုက်ခြင်းသည် အရူးလုပ်ရပ်မှတစ်ပါး အခြားမရှိပေ။ သို့သော် ခန်းဟွာကျန့်၏ မျက်နှာတွင်လည်း အလွန်ထူးဆန်းသော အမူအရာ ပေါ်လာပြီးနောက် ယုတ်မာသော အသံဖြင့် ရယ်မောလိုက်လေသည်။

"မင်း ဘာကို အားကိုးပြီး ဒီလောက် မာနကြီးနေရတာလဲ ဆိုတာကို တို့ အမြဲတမ်း တွေးနေမိတာ အခုတော့ သဘောပေါက်သွားပြီ"

"အိုး... ဘာများလဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"မင်းက ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်ထူလဲ ဆိုတာ နားမလည်တဲ့ စိတ်ကူးယဉ်တက်တဲ့ အရူးတစ်ယောက်ပဲ"

ခန်းဟွာကျန့်သည် ထိုသို့ပြောပြီးနောက် လက်ကိုဝှေ့ယမ်းကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ဝိုင်းထားလိုက်စမ်း..."

ထိုအမိန့်နှင့်အတူ ထျန်းဖူအဆောင်မှ လူများသည် သိုးအုပ်ထဲ ဝင်ဆွဲမည့် ဝံပုလွေများ၊ ကျားများကဲ့သို့ ခုန်အုပ်လိုက်ကြလေသည်။ အမှန်စင်စစ်တွင် သူတို့သည် ရွှယ်အန်းကို မနှစ်သက်သည်မှာ ကြာပြီဖြစ်ပြီး မမေ့နိုင်သော သင်ခန်းစာတစ်ခု ပေးရန် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။ ၎င်းတို့ ရွှယ်အန်းကို ဝိုင်းရံပြီးနောက် လူကောင်ကြီးကြီးလူက လှောင်ပြောင်လိုက်သည်။

"ရှုပေါင်ကို မင်းသတ်ခဲ့တဲ့ နည်းလမ်းအတိုင်း ဒီနေ့ ငါတို့ မင်းကို ပြန်ပြီး သန့်စင်ပေးမယ်"

သူစကားဆုံးသည်နှင့် ထျန်းဖူဆောင် အဖွဲ့ဝင်များထံမှ အစီအရင်များ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ ချိတ်ဆက်သွားကြလေသည်။

"ဒါ အဆောင်ကျမ်းစာ အစီအရင်ပဲ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြားပြောလိုက်သည်။ ဤအခြေအနေအောက်တွင် ရွှယ်အန်းမှာ သေလူဖြစ်သွားပြီဟု လူတိုင်းနီးပါး တွေးလိုက်ကြသည်။

အဆောင်ကျမ်းစာ အစီအရင်သည် ထျန်းဖူဆောင်၏ ကျော်ကြားသော လျှို့ဝှက်နည်းစနစ်ဖြစ်ပြီး တည်ဆောက်ပြီးသည်နှင့် လွတ်မြောက်ရန် လွန်စွာခက်ခဲသော သေမင်းတမန် ထောင်ချောက်တစ်ခုနှင့် တူလေသည်။ ထို့အပြင် ရွှယ်အန်းသည် ယခုအခါ အင်အားကြီး မိသားစုနှစ်ခု၏ ဝိုင်းရံခြင်းကိုပါ ခံနေရသေးသည် မဟုတ်ပါလား။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မြို့စားမင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဆုတ်ခွာရပေလိမ့်မည်။ သခင်မကြီးကျိုးသည် သူမဘက်မှ အသာစီးရနေသည်ကို မြင်သောအခါ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ဘဲ မုန်းတီးမှုအပြည့်ပါသော အသံဖြင့် ပြောလိုက်လေသည်။

"ခုနက နငါအရမ်း မာနကြီးနေတယ် မဟုတ်လား၊ အခုမှ ဘာလို့ ငြိမ်သွားတာလဲ ဟမ်"

"ဟုတ်တယ်၊ ငါ့ကို ပါးရိုက်တုန်းက အားအင်တွေ ဘယ်ရောက်ကုန်ပြီလဲ"

ပါးရောင်နေဆဲ ဖြစ်သော ကျိုးယာကလည်း အော်ဟစ်လိုက်သည်။ ကျင်းရှုန်းက လက်ပိုက်လျက် လှောင်ပြောင်လိုက်သည်။

"ရွှယ်... မင်း အခု ဒူးထောက်လိုက်မယ်ဆိုရင် ငါတို့ ကျင်းမိသားစုက မင်းကို မြန်မြန်ဆန်ဆန် ဇာတ်သိမ်းပေးဖို့ စဉ်းစားပေးလို့ရတယ်"

"မိသားစုခေါင်းဆောင် ပြောတာ မှန်တယ်၊အခုချက်ချင်း ဒူးထောက်စမ်း... ဒါဆိုရင် ငါတို့ နင့်ကို မြန်မြန်သေခွင့်ပေးမယ်"

သခင်မကြီးကျိုးက ထပ်ဆင့်ပြောဆိုလိုက်သည်။ တစ်ခဏချင်းစီတွင် ဧည့်ခံပွဲခန်းမသည် ကျင်းမိသားစုနှင့် ကျိုးမိသားစုတို့၏ ဆူညံသံများဖြင့် ပြည့်နှက်သွားလေသည်။

"ဒူးထောက်လိုက်စမ်း"

"ဟုတ်တယ်၊ ဒူးထောက်လိုက်"

ဤအော်ဟစ်သံများကြားတွင် လူအများက ဝိုင်းရံပိတ်ဆို့ခံထားရသော ရွှယ်အန်းကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး ဤမျှော်လင့်ချက်မဲ့နေသော အခြေအနေကို လူငယ်လေး မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိချင်နေကြသည်။

ကျိုးယန်ယန်၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေလေသည်။ သူမ အကြောက်ဆုံး အခြေအနေ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။ ဤသည်မှာ ကျိန်စာသင့်မြို့တော်မှ အင်အားစုများ၏ ဝိုင်းရံတိုက်ခိုက်မှု ဖြစ်သည်။ ဂိုဏ်းကြီးများမှ စစ်သည်တော်များပင် ဆုတ်ခွာရမည့် အခြေအနေမျိုးတွင် ရွှယ်အန်း မည်သို့ ခုခံနိုင်ပါမည်နည်း။

ကျိုးယန်ယန်သည် အမှောင်ထဲတွင် သွားများကို တင်းတင်းစည်းထားလျက် ရွှယ်အန်းကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက အတွေးထဲ မျောနေသကဲ့သို့ ခေါင်းငုံ့ထားသည်ကို သူမ မြင်လိုက်ရသည်။ သို့သော် ကျိုးယန်ယန်၏ မျက်လုံးထဲတွင် တစ်ချိန်က မြင့်မားမားမား ရှိခဲ့သော ရွှယ်အန်း၏ ပုံရိပ်သည် ယခုအခါ ပိန်လှီပြီး အားနည်းသွားသကဲ့သို့ ထင်မှတ်ရလေသည်။

ကျိုးယန်ယန်၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ဝင်ရောက်လာတော့သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် ခေါင်းခါလျက် တဟားဟား ရယ်မောလိုက်လေသည်။

"ယန်ယန်... ငါမင်းကို အရင်က ဘာပြောခဲ့လဲ မှတ်မိလား"

ကျိုးယန်ယန် လန့်သွားသည်။ ထိုအချိန်မှာပင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး ကြယ်များကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကာ အားလုံးက ကြောက်ရွံ့လေးစားသွားကြလေသည်။

"ကိုယ့်ကို အထင်သေးရဲတဲ့ လူတွေကို ကြောက်ဒူးတုန်သွားအောင် သင်ခန်းစာပေးရမယ်၊ ပြီးတော့ သူတို့ ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ခိုင်းရမယ်လို့ ငါပြောခဲ့တယ်လေ"

ကျိုးယန်ယန်၏ မျက်လုံးများ တုန်ခါသွားပြီးနောက် သူမ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့၊ ဆရာတကယ်ပဲ အဲ့ဒီလို ပြောခဲ့ဖူးပါတယ်"

"ကောင်းပြီ... အခု စလိုက်ကြစို့၊ ဒီပြဇာတ်ကြီးကို ကန့်လန့်ကာ ချပေးဖို့ အချိန်တန်ပြီ"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ လူတိုင်း ကြောင်အသွားကြပြီး အချင်းချင်း ကြည့်လိုက်ကြကာ အားလုံး၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် သံသယများ ပြည့်နှက်နေကြသည်။ ဒီလူငယ်က ဘာကိုဆိုလိုတာလဲ၊ သူဘာလုပ်ဖို့ ကြံစည်နေတာလဲ...

ထိုအချိန်တွင် ထျန်းဖူဆောင်မှ လူကောင်ကြီးတစ်ဦးက လှောင်ပြောင်လိုက်သည်။

"ဟေ့ကောင်လေး... မင်း ကြောက်လွန်းလို့ ရူးသွားပြီလား... ဘာတွေ လျှောက်ပြောနေတာလဲ"

သူ့စကား မဆုံးမီမှာပင် ရွှယ်အန်းသည် သူ့အား ဂရုမစိုက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကြီးမားသော အားတစ်ခုသည် ထိုလူ၏ ခေါင်းပေါ်သို့ ဖိချလိုက်သည့်ပမာ ဖြစ်သွားလေသည်။

ဖူး

အသံတိုးတိုးနှင့်အတူ ထိုလူ၏ ဦးခေါင်းသည် အပိုင်းပိုင်း ပေါက်ကွဲသွားပြီး အလွှာလိုက်ပင် အောက်သို့ ဖိကျသွားလေတော့သည်။ တစ်ခဏချင်းစီအတွင်းမှာပင် နှစ်မီတာကျော် အရပ်ရှိသော လူကောင်ကြီးမှာ အရပ် ၃၀၊ ၄၀ စင်တီမီတာလောက်သာ ရှိတော့သည့် အသားပြားကြီး အဖြစ်သို့ ဖိသိပ်ခြင်း ခံလိုက်ရလေသည်။ ၎င်း၏ ကြေမွနေသော ကိုယ်တွင်းအင်္ဂါများနှင့် ရောနှောနေသည့် သွေးများမှာ ကြမ်းပြင်ပေါ်တွင် ရိုင်းစိုင်းစွာ စီးဆင်းသွားကြသည်။

စူးရှသော သွေးညှီနံ့များလည်း ပျံ့နှံ့လာပြီး အလွန်ပျို့အန်ချင်စရာ ကောင်းလှသည်။ ဤကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြလေသည်။ ရွှယ်အန်းက ခေါင်းခါလျက် သက်ပြင်းအနည်းငယ် ချလိုက်သည်။

"နောက်ဘဝကျရင်... စကားကို ယဉ်ယဉ်ကျေးကျေးပြောဖို့ မှတ်ထားပါ"

ထိုသို့ပြောကာ ရွှယ်အန်းသည် လူအုပ်ကြီးကို ဝေ့့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များကို ကွေးညွတ်လျက် ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးလိုက်လေသည်။

"နောက်လာမယ့် သတ်ဖြတ်ပွဲကြီးမှာ ခင်ဗျားတို့အားလုံး ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်"

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ စိတ်မခိုင်သူ အချို့ဆိုလျှင် မတ်တတ်ပင် မရပ်နိုင်တော့ချေ။ ခန်းဟွာကျန့်သည် ပထမဆုံး သတိပြန်ဝင်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ပြိုင်တူ တိုက်ကြ... သူ့ကိုသတ်စမ်း"

သူ့အမိန့်ကြောင့် ထျန်းဖူအဆောင်မှ လူများ လှုပ်ရှားလိုက်ကြသည်။ အဆောင်များ လက်ခနဲ ဖြစ်သွားပြီး အဆောင်သင်္ကေတများသည် ထိုလူများ၏ ခေါင်းပေါ်မှ ထွက်ပေါ်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကြီးမားသော အဆောင်သင်္ကေတကြီးအဖြစ် ပြောင်းလဲ၍ ရွှယ်အန်းထံသို့ ဝင်ဆောင့်လေတော့သည်။

ဤ အဆောင်သင်္ကေတကြီး၏ စွမ်းအားမှာ ကြီးမားလွန်းသဖြင့် မြို့စားမင်းအိမ်တော် တစ်ခုလုံး တုန်ခါသွားလေသည်။ ဤသည်မှာ ပေါင်းစပ်တိုက်ခိုက်ခြင်း၏ စွမ်းအားဖြစ်ပြီး စစ်မှန်နတ်ဘုရားတစ်ပါးပင်လျှင် ၎င်း၏ အရှိန်အဝါကို ရှုန်းတိမ်းရပေမည်။

သို့သော် အဆောင်သင်္ကေတကြီး ရွှယ်အန်း၏ ခေါင်းပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲအချိန်တွင် ရွှယ်အန်းသည် ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်ပြီး လက်သီးကို ပြင်းထန်စွာ ဆုပ်လိုက်လေသည်။

ခွပ်...

အဆောင်သင်္ကေတကြီးမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားလေသည်။

ဖူး

ထျန်းဖူဆောင်မှ လူများအားလုံး သွေးတစ်လုပ် အန်လိုက်ကြပြီး ထိတ်လန့်တကြား မျက်နှာများဖြင့် ရွှယ်အန်းကို စိုက်ကြည့်နေကြသည်။

"မဖြစ်နိုင်တာ... ဒီ အဆောင်သင်္ကေတက..."

ရွှယ်အန်းက လက်ခါလိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"ဒါအကုန်ပဲလား၊ မကုန်သေးရင်လည်း ထားလိုက်တော့... အခု ငါ့အလှည့်ပဲ"

ထိုစကားများနှင့်အတူ ရွှယ်အန်းသည် လေထဲတွင် လက်ဟန်ပြလိုက်ရာ အဆောင်သင်္ကေတတစ်ခု ချက်ချင်း ပုံဖော်လာပြီး ထျန်းဖူဆောင်မှ လူများ၏ ခေါင်းပေါ်တည့်တည့်တွင် ထွက်ပေါ်လာလေတော့သည်။

ခန်းဟွာကျန့် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။

"ပြေးကြ!”

All Chapters