← Chapters

အခန်း (၁၀၆၃-၁၀၆၅)

Vol. 71 Ch. 1063-1065

အခန်း (၁၀၆၃-၁၀၆၅)

Vol. 71 Ch. 1063-1065

အခန်း (၁၀၆၃) - သူတစ်ပါးကို ခွင့်လွှတ်ဖို့ တိုက်တွန်းသူက မိုးကျိုးပစ်ခံရတတ်တယ်

ဘေးတွင် ရပ်နေသော ကျိုးသခင်မသည် တိတ်ဆိတ်နေရာမှ ရုတ်တရက် ဝင်ပြောလေသည်။

"ယန်ယန်... နင် ဘယ်လိုစကားမျိုးတွေ ပြောနေတာလဲ"

"အော်... ဒါဆို ကျွန်မက ဘယ်လိုပြောသင့်တယ်လို့ ရှင်ထင်လဲ"

ကျိုးယန်ယန်က အေးစက်စွာ ပြန်မေးလိုက်သည်။ သူမ၏ လေသံတွင် ခံစားချက် ကင်းမဲ့နေသည်။

"ဘာပဲဖြစ်ဖြစ် သူက နင့်အဘွားအရင်းလေ၊ ဒါက နင်ဘယ်လိုမှ ငြင်းလို့မရတဲ့ သွေးသားတော်စပ်မှု အမှန်တရားပဲ"

"အဘွား ဟုတ်လား"

ကျိုးယန်ယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကျိုးသခင်မကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"သူ့လိုလူကလေ..."

ကျိုးသခင်မက သက်ပြင်းချလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေမှာ နင်အများကြီး ခံစားခဲ့ရတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ သခင်မကြီးက အခု နင့်ကို တောင်းပန်နေပြီပဲ... ပြီးခဲ့တာတွေလည်း ပြီးပါစေတော့၊ သဘောထားကြီးကြီး ထားလိုက်စမ်းပါ... သိပ်အကြီးကြီးမှ မဟုတ်တာ"

"သဘောထားကြီးကြီး ထားရမယ်...?"

ကျိုးယန်ယန်သည် ထိုစကားကို သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူမ မျက်နှာထားမှာမူ ခန့်မှန်းရခက်နေသည်။

"ဟုတ်တာပေါ့၊ လူဆိုတာ အမြဲတမ်း ရှေ့ကိုပဲ ကြည့်ရတယ်လေ၊ သဘောထားကြီးကြီးသာ ထားရင် ကျော်ဖြတ်လို့မရတဲ့ အခက်အခဲဆိုတာ မရှိဘူး"

ကျိုးသခင်မက သူမ၏ စကားအောင်မြင်ပြီဟု ထင်မှတ်ကာ ယုံကြည်မှုရှိရှိ ဆက်ပြောလိုက်သည်။ သို့သော် သူမစကားဆုံးသည်နှင့် ကျိုးယန်ယန်ထံမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။

"တော်စမ်းပါ"

ကျိုးသခင်မ လန့်ဖျပ်သွားသည်။

ထိုအချိန်တိုအတွင်းမှာပင် ကျိုးယန်ယန်၏ ပုံရိပ်သည် ရိပ်ခနဲ လှုပ်ရှားသွားပြီး ကျိုးသခင်မ၏ ရှေ့တည့်တည့်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားကာ သူမ၏ လည်ပင်းကို လှမ်းညှစ်ပြီး လေထဲသို့ မြှောက်တင်လိုက်လေတော့သည်။

"ကျွန်မ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို နင် ကိုယ်တိုင် မခံစားဖူးဘဲနဲ့ နင့်မှာ ဘာအခွင့်အရေးရှိလို့ ငါ့ကို သဘောထားကြီးဖို့ လာတိုက်တွန်းနေရတာလဲ ဟမ်"

ကျိုးယန်ယန်၏ အသံသည် နာကျည်းမှုတို့ဖြင့် တုန်ခါနေသည်။ ကျိုးသခင်မ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်များ၊ ခြေထောက်များဖြင့် ပြင်းထန်စွာ ယက်ကန်ယက်ကန် ရုန်းကန်နေသော်လည်း ကျိုးယန်ယန်၏ လက်မောင်းကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ပေ။ ထိုသံညှပ်ကဲ့သို့ ညှပ်ထားသော လက်အောက်တွင် သူမ အသက်ရှူရ ခက်ခဲလာသည်။

တစ်ချိန်က ကျက်သရေရှိခဲ့သော ကျိုးသခင်မ၏ မျက်နှာပေါ်တွင် သေဘေးကြောင့် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာပြီး သူမ၏ လက်ကျန်အားအင်များကို စုစည်းကာ တုန်တုန်ယင်ယင် ပြောလိုက်လေသည်။

"ယန်... ယန်ယန်... ငါ့ကို ချပေးပါ၊ ငါတို့ စကားပြောရအောင်လေ၊ ငါ... ငါမှားမှန်း သိပါပြီ"

ရွှယ်အန်းသည် ဘေးမှ အေးစက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ရာမှ ရုတ်တရက် ဟားတိုက် ရယ်မောလိုက်လေသည်။

"ယန်ယန်... ငါ ဒီမိန်းမကို ကြည့်ပြီး စကားပုံတစ်ခု သတိရသွားတယ်၊ ကိုယ့်ကို သဘောထားကြီးဖို့ ပေါ့ပေါ့တန်တန် တိုက်တွန်းတဲ့ လူတွေကို အမြဲတမ်း ဝေ့းဝေ့းရှုန်းရမယ်တဲ့... ဘာလို့လဲဆိုတော့ သူတို့ မိုးကျိုးပစ်ခံရတဲ့အခါ ကိုယ်ပါ ရောပြီး အစပ်ခံရမှာစိုးလို့တဲ့လေ၊ မင်း ဘယ်လိုသဘောရလဲ"

ကျိုးယန်ယန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဆရာ... အဲ့ဒီစကားက သွေးထွက်အောင် မုန်လွန်းပါတယ်"

ထိုသို့ပြောကာ ကျိုးယန်ယန်သည် ကျိုးသခင်မ၏ လည်ပင်းကို ဆုပ်ကိုင်ထားရာမှ ရုတ်တရက် အားပိုစိုက်လိုက်လေသည်။

"အွတ်..."

ကျိုးသခင်မသည် ကြီးမားသော အားတစ်ခု သူမကို ဖိနှိပ်လာသည်ကို ခံစားလိုက်ရပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားသကဲ့သို့ ဖြစ်သွားသည်။ သေရမည်ကို ကြောက်ရွံ့ခြင်းက သူမ၏ ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်စေခဲ့သည်။

"မလုပ်ပါနဲ့၊ ယန်ယန်... ကျေးဇူးပြုပြီး..."

သူမ၏ တောင်းပန်စကား မဆုံးခင်မှာပင် အရိုးကျိုးသံ သဲ့သဲ့နှင့်အတူ သူမ၏ ဦးခေါင်းသည် ကျိုးယန်ယန်၏ လိမ်ချိုးခြင်းကို ခံလိုက်ရပြီး ဘေးသို့ ခွေကျသွားကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားလေသည်။ တစ်ချိန်က ကျက်သရေရှိခဲ့သော မျက်နှာသည် နောက်ဆုံးအချိန်၏ ကြောက်ရွံ့မှုနှင့် ဇဝေ့ဇဝါဖြစ်မှုတို့ဖြင့် အေးခဲသွားတော့သည်။

ကျိုးယန်ယန်က သူမကို အမှနမတကယ် သတ်ရဲလိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့သည့်အလားထင်ရသည်။

ထိုမြင်ကွင်းကြောင့် နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း တုန်လှုပ်သွားကြသည်။ ခရမ်းရောင်ဝတ်စုံနှင့် နူးညံ့သိမ်မွေ့ပုံရသော ဤမိန်းကလေးသည် ဤမျှ ရက်စက်ပြတ်သားစွာ ပြုမူလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

အထူးသဖြင့် ကျိုးသခင်မကြီးနှင့် ကျိုးယာတို့မှာ အလွန်အမင်း ထိတ်လန့်နေကြသည်။

"နင်... နင်..."

သူတို့သည် စကားလုံးများကို ပြည့်စုံအောင် မပြောနိုင်တော့ပဲ နှုတ်ခမ်းများသာ တုန်ရီနေသည်။ ကျိုးယန်ယန်သည် လက်ကိုမြှောက်ကာ သူမမျက်နှာပေါ်တွင် စင်နေသော သွေးများကို သုတ်လိုက်ပြီး နှုတ်ခမ်းပေါ်တွင် အရသာခံကြည့်လိုက်သည်။ ထို့နောက် သူမသည် သွေးဆာနေသော အပြုံးမျိုး ပြုံးလိုက်သည်။

"မဆိုးပါဘူး၊ ဒါပေမဲ့ နင်တို့သွေးက ပိုပြီး အရသာရှိမယ်လို့ ထင်တယ်"

ကျိုးသခင်မကြီး တုန်လှုပ်သွားပြီး ကျိုးယန်ယန်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။

"နင်... နင်က တကယ်ပဲ ဆွေမျိုးတော်စပ်မှုကို မထောက်ပဲ သတ်ရဲတာလား"

သူမ စကားမဆုံးမှီတွင် ကျိုးယန်ယန်သည် ရှေ့သို့ ပြေးဝင်သွားပြီး ကျိုးသခင်မကြီး၏ ဆံပင်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆွဲစောင့်ကာ လှောင်ပြောင်လိုက်လေသည်။

"ဆွေမျိုးတော်စပ်မှု ဟုတ်လား၊ နင် ငါ့အမေကို သတ်တုန်းက ဆွေမျိုးတော်စပ်မှုကို ထည့်စဉ်းစားခဲ့ရဲ့လား"

သူမ၏ အသံသည် ပိုမိုကျယ်လောင်လာသည်။

"နင် ငါ့ကို ရှုပေါင်ဆီ ပို့ဖို့ ကြံစည်တုန်းကကော၊ ဆွေမျိုးတော်စပ်မှုကို ထည့်စဉ်းစားခဲ့ရဲ့လား"

ကျိုးသခင်မကြီးမှာ တုန်ရီနေပြီး သူမ၏ ဆံပင်မှ အဆွဲခံထားရသောကြောင့် နာကျင်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ကျိုးယန်ယန်သည် ကိုယ်ကိုကိုင်းလိုက်ပြီး သူမ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။

"နင် တကယ် ကြောက်နေတာပဲ၊ ဒါပေမဲ့ ငါအခု လုပ်နေတာတွေက နင်ငါ့အပေါ် လုပ်ခဲ့သလိုပဲ ပြန်လုပ်ပေးနေတာလေ"

ကျိုးသခင်မကြီး တစ်စုံတစ်ရာ ပြန်ပြောလိုသော်လည်း ကျိုးယန်ယန်သည် သူမနှင့် စကားဆက်ပြောရန် စိတ်မပါတော့ပေ။ သူမ၏ လက်သည် တောက်ပသော အလင်းရောင်ဖြင့် လက်ခနဲ ဖြစ်သွားပြီးနောက် ကျိုးသခင်မကြီး၏ လည်ပင်းကို ရက်စက်စွာ လှီးဖြတ်လိုက်လေသည်။

ရွှတ်...

ကျိုးသခင်မကြီး၏ လည်ပင်းတွင် ကြီးမားသော အက်ကွဲကြောင်းကြီးပေါ်လာပြီး သွေးနီရောင် နှင်းဆီပန်းတစ်ခု ပွင့်လန်းလာသကဲ့သို့ သွေးများ ပန်းထွက်လာလေသည်။ ထို့နောက် ကျိုးသခင်မကြီးသည် လည်ပင်းကို လက်ဖြင့် တင်းတင်းကျပ်ကျပ် အုပ်ထားပြီး ဒဏ်ရာကို ပိတ်ရန် အသည်းအသန် ကျိုးစားလိုက်သည်။ သို့သော် အရာအားလုံး အချည်းနှီးသာဖြစ်သည်။

သွေးများသည် သူမ၏ လက်ချောင်းကြားမှ စီးကျလာပြီး အဆုတ်ထဲမှ လေများသည် အပြင်သို့ ထွက်လာကာ သွေးပူဖောင်းငယ်လေးများ ဖြစ်ပေါ်နေလေသည်။ သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အဆုံးတွင် ဖြည်းညှင်းစွာ လဲကျသွားကာ အသက်ပျောက်သွားလေတော့သည်။

ယခုအချိန်တွင် ကျိုးယန်ယန်၏ ခရမ်းရောင် ဝတ်စုံသည် သွေးများဖြင့် ရဲရဲနီ စွန်းထင်းနေပြီဖြစ်သည်။ သို့သော် သူမ၏ မျက်နှာထားမှာ ပို၍ ရူးသွပ်လာပြီး ဘေးတွင် ကြောက်လန့်တကြား ကျုံ့နေသော ကျိုးယာကို အေးစက်စွာ ကြည့်ကာ ကြောက်မက်ဖွယ် ကောင်းအောင် ရယ်မောလိုက်လေသည်။

"အစ်မကျိုးယာ... ကြည့်ရတာ ဒီစုန်းမကြီး သေသွားတာကလည်း သာမန်လူတွေနဲ့ အတူတူပါပဲလား၊ ပိုတောင် သနားစရာ ကောင်းသေးတယ်လို့ မထင်ဘူးလားဟင်"

ကျိုးယာသည် ကြောက်လွန်းသဖြင့် အသက်ထွက်လုမတတ် ဖြစ်နေပြီး ကျိုးယန်ယန်၏ မေးခွန်းကို ကြားသောအခါ အလျင်စလို ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ် ဟုတ်တယ်... ဟုတ်ပါတယ်၊ ဒီစုန်းမကြီးက အဆိုးဆုံးပဲ၊ နင် သူ့ကို သတ်လိုက်တာ အရမ်းကောင်းတယ်၊ အခု နင်က ကျိုးမိသားစုရဲ့ ခေါင်းဆောင် ဖြစ်သွားပြီလေ"

"ဒါဆို နင်ရော ငါ့ကို မမုန်းဘူးလား"

ကျိုးယန်ယန်က အေးစက်စွာ မေးလိုက်သည်။

ကျိုးယာက ခေါင်းကို အတင်းခါလိုက်သည်။

"မမုန်းပါဘူး... ငါလည်း အဲ့ဒီစုန်းမကြီးကို မုန်းနေတာပါ"

"ဒါပေမဲ့... ခုနက ငါ နင့်အမေကိုလည်း သတ်လိုက်သေးတယ်လေ၊ အဲ့ဒီအတွက်ရော နင်ငါ့ကို မမုန်းဘူးလား"

ကျိုးယန်ယန်သည် ကိုယ်ကိုကိုင်းလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျိုးယာကို စိုက်ကြည့်လိုက်သည်။ ကျိုးယာ၏ တစ်ကိုယ်လုံးမှ အမွေးများ ထောင်ထလာပြီး အော်ဟစ်လိုက်လေသည်။

"မမုန်းပါဘူး... ဘာလို့လဲဆိုတော့ သူတို့က သေသင့်လို့လေ၊ ယန်ယန်... ငါ တကယ် မှားမှန်းသိပါပြီ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါနော်... ငါ နောက်ဘယ်တော့မှ..."

သူမ စကားမဆုံးမီ ကျိုးယန်ယန်သည် လက်ဝါးကို ရိုက်ချလိုက်ပြီး ကျိုးယာ၏ အသက်ကို အဆုံးသတ်ပေးလိုက်လေသည်။ ၎င်း အလောင်းသည် ဘုန်းခနဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

"သူတို့က သေသင့်တယ် ဆိုပေမယ့်... နင်ကကော မသေသင့်ဘူးလို့ ထင်နေတာလား၊ မြေအောက်ရောက်မှ သူတို့ကို အဲ့ဒီစကားတွေ သွားပြောလိုက်ပါတော့"

ကျိုးယန်ယန်က အေးစက်စွာ ရေရွတ်လိုက်သည်။ ဤသို့ဖြင့် ကျိုးသခင်မကြီးနှင့် အခြားသူများ အားလုံး သေဆုံးသွားကြလေသည်။ ကျိုးယန်ယန်သည် ကျိုးမိသားစု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်လာခဲ့သည်။

ပတ်ဝန်းကျင်မှ လူများသည် ခရမ်းရောင်ဝတ် မိန်းကလေးကို ကြောက်ရွံ့မှု အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ အစပိုင်းတွင် လူအများက သူမကို လျစ်လျူရှုထားခဲ့ကြပြီး ရွှယ်အန်း၏ အစေခံလောက်သာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ကျိုးယန်ယန်၏ ရက်စက်ပြီး ထိရောက်သော ဆက်တိုက်သတ်ဖြတ်မှုများက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ သွေးရင်းသားရင်းများကို သတ်ဖြတ်ခြင်းက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူမ ပြသခဲ့သော စွမ်းအားများကလည်း လူအများအပြားကို အသိတရား ရသွားစေခဲ့သည်။ ယခုအချိန်မှစ၍ ကျိန်စာသင့်မြို့တော်တွင် နောက်ထပ် အင်အားကြီးမားသော အမျိုးသမီးတစ်ဦး ပေါ်ပေါက်လာပြီ ဖြစ်သည်။

အလောင်းအများအပြားသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သွေးညှီနံ့များမှာ ပျို့အန်ချင်လောက်အောင် ပြင်းထန်လှသည်။ သို့သော် မည်သူမျှ ထူးခြားသော လှုပ်ရှားမှု မလုပ်ရဲကြပေ။ ရွှယ်အန်းသည် သက်ပြင်းအနည်းငယ် ချလိုက်ပြီး ပြောလိုက်သည်။

"အခု ပြီးသွားပြီလား"

လူအများကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ အားလုံး ပြီးဆုံးတော့မည့်ပုံ ပေါက်နေသည်။ သို့သော် ရွှယ်အန်း၏ နောက်ထပ်စကားသည် လူတိုင်း၏ ရင်ကို တဖန်ပြန်၍ လှုပ်ရှားသွားစေသည်။

"ကြည့်ရတာ မပြီးသေးဘူးနဲ့ တူတယ်"

ထို့နောက် ရွှယ်အန်းသည် ခေါင်းကို လှည့်လိုက်ပြီး ခန်းဟွာကျန်းကို အနည်းငယ် ပြုံးပြလိုက်လေသည်။

"မင်းရော ဘယ်လိုထင်လဲ"

ခန်းဟွာကျန်းသည် ရွှယ်အန်း၏ မေးခွန်းကို ကြိုတင်ခန့်မှန်းထားသည့်အလား သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း မရှိပေ။

"ရွှယ်အန်း... တို့ မင်းကို လျှော့တွက်မိတာ ဝန်ခံပါတယ်၊ မင်းရဲ့ စွမ်းအားက တကယ်ပဲ လေးစားဖို့ ကောင်းပါတယ်၊ တို့ရဲ့ ထျန်းဖူအဆောင် ဒီတစ်ခါ အရှုံးပေးပါတယ်”

အခန်း (၁၀၆၄) - သင်္ကေတတစ်သောင်း မဟာအစီအရင်၊ ချက်ချင်း ပိုင်ရှင်ပြောင်းလဲသွားခြင်း

ခန်းဟွာကျန်း၏ လေသံမှာ အလွန်တည်ငြိမ်နေပြီး သူနှင့် လုံးဝမသက်ဆိုင်သော အရာတစ်ခုကို ပြောနေသကဲ့သို့ထင်ရသည်။ ရွှယ်အန်းသည် ပြုံးယောင်သမ်းသော မျက်နှာထားဖြင့် ခန်းဟွာကျန်းကို ကြည့်ကာ မေးလိုက်သည်။

"ငါ မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား"

"ကြောက်တာပေါ့၊ ဒါပေမဲ့ နတ်ဘုရားနယ်မြေမှာ အင်အားကြီးသူကိုပဲ လေးစားကြတာလေ၊ ခင်ဗျားရဲ့ အင်အားက တို့ ထက် သာလွန်နေတော့ တို့ရဲ့ အသက်နဲ့ သေခြင်းတရားက မင်းရဲ့ စိတ်ဆန္ဒ တစ်ချက်အပေါ်မှာပဲ မူတည်နေတာ၊ ဒီတော့ ကြောက်နေလို့ရော ဘာထူးမှာလဲ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"အဓိပ္ပာယ်ရှိသားပဲ... ဒါပေမဲ့ မင်းအဲ့ဒီလို ထင်တယ်ဆိုရင် ခုနတုန်းက နတ်ဘုရားသင်္ကေတ လျှို့ဝှက်နည်းလမ်းကိုသုံးပြီး မင်းရဲ့ဂိုဏ်းကို ဘာလို့ အကူအညီတောင်းခံတဲ့ သတင်းပို့လိုက်တာလဲ"

ခန်းဟွာကျန်း၏ တည်ငြိမ်နေခဲ့သော မျက်နှာထားမှာ ရုတ်တရက် အကြီးအကျယ် ပျက်ယွင်းသွားလေသည်။

"မင်း..."

"ငါ ဘယ်လိုသိလဲ မေးချင်တာလား..."

ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။

"မင်းရဲ့ လှည့်ကွက်လေးတွေနဲ့ ငါ့ကို လှည့်စားလို့ရမယ်လို့ တကယ်ထင်နေတာလား"

ခန်းဟွာကျန်း၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲသွားပြီး စကားပြန်ပြောရန် ကျိုးစားလိုက်သည်။ ထိုအချိန်တွင် အဝေ့းတစ်နေရာရှိ ကောင်းကင်ယံ၌ ရွှေရောင်လိုင်းတစ်လိုင်း ပေါ်ထွက်လာလေသည်။

မိုင်တစ်ထောင်ကျော် ရှည်လျားသော ထိုရွှေရောင်လိုင်းသည် အစပိုင်းတွင် နေရောင်ခြည်ပမာ ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလိုင်းသည် အလွန်မြန်ဆန်သော နှုန်းဖြင့် သူတို့ရှိရာသို့ ဆိုက်ရောက်လာလေသည်။ ထိုအခါမှသာ လူအများ သေချာမြင်လိုက်ကြရသည်။

ဤသည်မှာ ရွှေရောင်လိုင်းတစ်ခု မဟုတ်ဘဲ ရွှေရောင်အလင်းများ ထိန်လင်းတောက်ပနေသော မရေမတွက်နိုင်သည့် အဆောင်အင်းကွက်များ ဖြစ်နေလေသည်။ ထိုများပြားလှသော အဆောင်သင်္ကေတများသည် အတူတကွ စုစည်းသွားပြီး ကြီးမားသော ဒီရေလှိုင်းလုံးကြီးပမယ လှိမ့်ဝင်လာကြသည်။

"ဒါ ထျန်းဖူဆောင်ရဲ့ သင်္ကေတတစ်သောင်း မဟာအစီအရင်ပဲ"

လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ အခြားလူများမှာလည်း ထိုမြင်ကွင်းကြောင့် မှင်သက်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထျန်းဖူဆောင်၏ သင်္ကေတတစ်သောင်း မဟာအစီအရင် အကြောင်းကို သူတို့ ကြားဖူးနားဝ ရှိကြသောကြောင့် ဖြစ်သည်။

၎င်းသည် အလွန်စွမ်းအားကြီးသော ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင်သာ ထုတ်သုံးလေ့ရှိသည့် အပြင်းထန်ဆုံး လျှို့ဝှက်နည်းလမ်းဖြစ်ပြီး ဤအစီအရင် ပေါ်ထွက်လာသည်နှင့် တစ်ဖက်ရန်သူ သေဆုံးသည်အထိ တိုက်ခိုက်တော့မည်ဟု အဓိပ္ပာယ်ရလေသည်။ သို့သော် ဤအစီအရင်ကို ရာစုနှစ်များစွာကြာအောင် မြင်တွေ့ရခဲလှပြီး ယနေ့တွင်မှ မထင်မှတ်ဘဲ ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ထိုအဆောင်သင်္ကေတများသည် ကျိန်စာသင့်မြို့တော် အထက်သို့ ပျံသန်းရောက်ရှိလာပြီးနောက် အလိုအလျောက်ပင် နေရာယူကာ စကြဝဠာတစ်ခုလုံး လည်ပတ်နေသကဲ့သို့ ဖြည်းညှင်းစွာ လည်ပတ်နေကြလေသည်။ ဤအချိန်တွင် ခန်းဟွာကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ရွှယ်အန်း... မင်းကိုယ်မင်း တော်တော်စွမ်းတယ် ထင်နေလား၊ ဒါပေမဲ့ ငါတို့ ထျန်းဖူဆောင်က နှစ်ပေါင်းရာချီ စုဆောင်းထားတဲ့ သင်္ကေတတစ်သောင်း မဟာအစီအရင်ကိုတော့ မင်း တောင့်ခံနိုင်မယ်လို့ ငါမယုံဘူး"

ဤအရာသည် ယခုအချိန်အထိ ခန်းဟွာကျန်း ဆုပ်ကိုင်ထားသော ယုံကြည်မှုပင် ဖြစ်လေသည်။ ထိုအချိန်တွင် သင်္ကေတတစ်သောင်း မဟာအစီအရင်၏ အလယ်ဗဟို၌ လူတစ်ယောက် ပေါ်လာသည်။ ထိုသူသည် ရွှေရောင် အဆောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး ကြီးမားခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။ ထိုလူကို မြင်သည်နှင့် ခန်းဟွာကျန်းသည် လေးစားစွာ ဦးညွှတ်လိုက်သည်။

"ဆရာသခင်ကို ဂါရဝပြုပါတယ်"

ဟုတ်ပေသည်။ ထိုသူမှာ သင်္ကေတတစ်သောင်း သခင်ကြီးဟု လူသိများသော ထျန်းဖူအဆောင်၏ ဂိုဏ်းချုပ်ဖြစ်ပြီး အလွန်အမင်း စွမ်းအားကြီးသူတစ်ဦး ဖြစ်လေသည်။ သင်္ကေတတစ်သောင်း သခင်ကြီးသည် ခေါင်းအနည်းငယ်သာ ညိတ်လိုက်သည်။

"ဟွာကျန့်... မင်းက ဂိုဏ်းရဲ့ အမြင့်ဆုံး အရေးပေါ် အကူအညီတောင်းခံခြင်းကို ပို့လိုက်တယ်ဆိုတော့ ဘယ်လို စွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့နေလို့လဲ"

ခန်းဟွာကျန်းက လေးစားစွာ ပြန်ဖြေလိုက်သည်။

"ဆရာသခင်... ဒီလူပါပဲ"

သူသည် ထိုသို့ပြောကာ ရွှယ်အန်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ သင်္ကေတတစ်သောင်း သခင်ကြီးသည် ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်သည် ပင်လယ်ပြင်ထက်ရှိ မိုင်ပေါင်း တစ်သောင်းကျော် ရှည်လျားသော ကြီးမားသည့် ဓားရာကြီးဆီသို့ ရောက်ရှိသွားလေသည်။ သူ ခဏမျှ သေချာကြည့်ပြီးနောက် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"တကယ့်ကို ပြင်းထန်တဲ့ ဓားဆန္ဒပဲ၊ ဒီတော့ မင်းက ဓားသိုင်းပညာရှင် တစ်ယောက် ဖြစ်ရမယ်... ဟုတ်တယ်မလား"

သင်္ကေတတစ်သောင်း သခင်ကြီး စကားပြောလာသည်အထိ တိတ်ဆိတ်စွာ ကြည့်နေခဲ့သော ရွှယ်အန်းသည် ထိုအခါမှ အနည်းငယ် ပြုံးလိုက်လေသည်။

"အဲ့ဒီလိုပဲ ဆိုပါတော့"

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ထူးခြားတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတာ တကယ့်ကို ချီးကျူးစရာပဲ၊ ပြီးတော့ ဟွာကျန့် ဂိုဏ်းကို ပြန်ပို့လိုက်တဲ့ အရေးပေါ် သတင်းစကားထဲမှာလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ၊ ဒီကိစ္စမှာ ဘယ်သူမှားတယ် မှန်တယ် ဆိုတာ မသေချာပေမယ့်... မင်းက ငါတို့ရဲ့ တပည့်ကို သတ်လိုက်တယ် ဆိုတော့... ဖြေရှင်းချက် တစ်ခုခုတော့ ပေးသင့်တယ်လို့ မထင်ဘူးလား"

"ဖြေရှင်းချက် ဟုတ်လား၊ ခင်ဗျားက ဘယ်လို ဖြေရှင်းချက်မျိုး လိုချင်လို့လဲ"

ရွှယ်အန်းက လက်ပိုက်လျက် အေးစက်စွာ ပြန်မေးလိုက်သည်။

"အရမ်း ရိုးရှင်းပါတယ်၊ မင်း ငါတို့ ထျန်းဖူအဆောင်ကို တောင်းပန်လိုက်၊ ပြီးတော့ အခု ပေါ်လာတဲ့ နတ်ဘုရားသင်္ကေတကို ငါတို့ဆီ ပေးလိုက်... ဒါဆိုရင် ဒီကိစ္စ ပြီးပြီလို့ သတ်မှတ်ပေးမယ်၊ ဘယ်လိုလဲ"

သင်္ကေတတစ်သောင်း သခင်ကြီးသည် သူ၏ ကမ်းလှမ်းချက်မှာ အလွန် သဘောထားကြီးသည်ဟု ယုံကြည်နေလေသည်။ အမှန်စင်စစ်တွင် ရွှယ်အန်း ပြသခဲ့သော အင်အားသာ မရှိခဲ့ပါက သူသည် စကားကုန်အောင် ပြောနေမည် မဟုတ်ဘဲ တိုက်ရိုက်ပင် ဝင်ရောက် တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ သို့သော် ထိုစကားကို ကြားသောအခါ ရွှယ်အန်းက ရယ်မောလိုက်လေသည်။

"တောင်းပန်ရမယ် ဟုတ်လား"

"ဟုတ်တယ်! ရှုပေါင်ဆိုတာ ငါ့ရဲ့ အချစ်ဆုံး တပည့်ပဲ၊ မင်း သူ့ကို သတ်လိုက်တယ်၊ ဒါကြောင့် ဘယ်လိုကြည့်ကြည့် မင်းက အသက်နဲ့ ပြန်ပေးဆပ်သင့်တာ၊ ဒါပေမဲ့ ငါက..."

သင်္ကေတတစ်သောင်း သခင်ကြီးက ဆက်ပြောရန် ပြင်လိုက်သည်။ ရွှယ်အန်းက လက်ကာပြပြီး သူ့စကားကို ဖြတ်လိုက်သည်။ ထို့နောက် ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မရေမတွက်နိုင်သည့် အဆောင်သင်္ကေတများကို အေးဆေးသက်သာ မော့ကြည့်လိုက်လေသည်။

"ဒီအရာတွေနဲ့ ခင်ဗျားက ကျုပ်ကို နိုင်မယ်လို့ တကယ်ထင်နေတာလား"

သင်္ကေတတစ်သောင်း သခင်ကြီး အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း မည်းမှောင်လာလေသည်။

"ရွှယ်အန်း... မင်း ဘာကိုဆိုလိုတာလဲ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဒီ အဆောင်သင်္ကေတတွေက ကောင်းပါတယ် ဒါပေမဲ့ ဒါတွေကို ထိန်းချုပ်တဲ့လူက... အရမ်းညံ့လွန်းနေတယ်"

"သေချင်နေတာပဲ"

ပုံမှန်ကတည်းက စိတ်ဆတ်ပြီး မာနကြီးသော သင်္ကေတတစ်သောင်း သခင်ကြီးမှာ သူ့ဘက်က ရွှယ်အန်းကို လေးစားမှု အလုံအလောက် ပေးထားပါလျက်နှင့် ရွှယ်အန်းက တန်ဖိုးမထားသည်ကို တွေ့လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းပင် လက်ဦးမှု ရယူလိုက်တော့သည်။

ကောင်းကင်ယံရှိ အဆောင်သင်္ကေတများသည် လျင်မြန်စွာ လည်ပတ်လာပြီး ကြီးမားသော ဝဲကော့ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်အလင်းများ တောက်ပနေမှုကြားမှ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နိုင်စွမ်းရှိသော ရွှေရောင်အလင်းတန်းကြီး တစ်ခုသည် ရွှယ်အန်းထံသို့ တည့်မတ်စွာ ပစ်ဝင်လာလေသည်။ အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လှသဖြင့် လူအများမှာ ဝိုးတဝါးသာ မြင်လိုက်ရပြီး တိုက်ခိုက်မှုသည် ရွှယ်အန်း၏ ခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ရွှယ်အန်းသည် လုံးဝ ရှုန်းတိမ်းခြင်း မရှိပေ။ ထိုအစား သူသည် အဆောင်သင်္ကေတများကို စိတ်ဝင်တစား ကြည့်လိုက်ပြီးနောက် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်လေသည်။ လူတိုင်း၏ အံ့သြမှင်သက်နေသော မျက်လုံးများ ရှေ့မှောက်တွင်ပင် ထိုရွှေရောင်အလင်းတန်းကြီးသည် ရွှယ်အန်း၏ လက်ဖဝါးထဲသို့ တည့်တည့် ဝင်ရောက်သွားလေသည်။

သင်္ကေတတစ်သောင်း သခင်ကြီး၏ မျက်လုံးများလည်း ကျွတ်ထွက်လုမတတ် ဖြစ်သွားသည်။

"မဖြစ်နိုင်ဘူး၊ ဒီရွှေရောင်အလင်းက ဖျက်ဆီးလို့မရဘူး၊ ဒီလောကမှာ ဘယ်သူမှ ဒါကို မထိန်းချုပ်နိုင်ဘူး... မင်းက..."

ရွှယ်အန်းက ညင်သာစွာ ပြုံးလိုက်သည်။

"ပစ္စည်းကတော့ ကောင်းသားပဲ... ဒါပေမဲ့ ခင်ဗျားလက်ထဲမှာ ရောက်နေတာက သိပ်ပြီး နှမြောစရာ ကောင်းလွန်းတယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကောင်းကင်အပြည့်ရှိနေသော အဆောင်သင်္ကေတများကို မော့ကြည့်လိုက်ပြီး အမိန့်တစ်ခု ပေးလိုက်လေသည်။

"မရေမတွက်နိုင်သော အဆောင်သင်္ကေတ‌ေတ္... ငါ့အမိန့်ကို နာခံပါ"

ဘုန်း

ထိုရိုးရှင်းပြတ်သားသော စကားသံ ထွက်ပေါ်လာသည်နှင့် သင်္ကေတတစ်သောင်း သခင်ကြီး၏ ဆန္ဒအတိုင်း စီစဉ်ထားသော ကောင်းကင်အပြည့်ရှိ အဆောင်သင်္ကေတများသည် ပုံစံပျက်ယွင်းသွားကြလေသည်။ ထို့နောက် ရွှယ်အန်း၏ အမိန့်အောက်တွင် ငြိမ်ဝပ်စွာဖြင့် ပြန်လည် နေရာယူကြလေတော့သည်။

တစ်ခဏချင်းစီ အတွင်းမှာပင် သင်္ကေတတစ်သောင်း အစီအရင်သည် သခင်ပြောင်းလဲသွားပြီး နက်နဲသော အစီအရငခတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်း၏ ဦးတည်ချက်မှာ လေထဲတွင် တစ်ကိုယ်တည်း ကျန်ရစ်နေသော သင်္ကေတတစ်သောင်း သခင်ကြီးထံသို့ တည့်မတ်စွာ ချိန်ရွယ်ထားလေသည်။

ထိုအခါမှသာ သင်္ကေတတစ်သောင်း သခင်ကြီးသည် ထိတ်လန့်မှုမှ သတိပြန်ဝင်လာသည်။ သူသည် အလွန်အမင်း ဒေါသထွက်စွာ အော်ဟစ်လိုက်လေသည်။

"မင်း ဘယ်လို မိစ္ဆာလမ်းစဉ်ကို သုံးလိုက်တာလဲ... ဘာလို့ ငါ့ ထျန်းဖူအဆောင်ရဲ့ အဆောင်သင်္ကေတတွေက မင်းစကားကို နားထောင်နေရတာလဲ"

"မိစ္ဆာလမ်းစဉ် ဟုတ်လား..."

ရွှယ်အန်းက တိုးညင်းစွာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။

"ခင်ဗျားရဲ့ ဗဟုသုတက တိမ်လွန်းတယ်လို့ ပြောရမှာပဲ"

"သူတို့ နာခံရတာက... သူတို့ကို အမိန့်ပေးနေတာက ကျုပ်ဖြစ်နေလို့ပဲ၊ ရိုးရိုးလေးပါ"

သင်္ကေတတစ်သောင်း သခင်ကြီးသည် အခြေအနေကို နားမလည်နိုင် ဖြစ်နေသေးသည်။ ရွှယ်အန်းက လက်ညှိုးကို မြှောက်လိုက်သည်။

"အဆုံးသတ်လိုက်တော့... ငါပင်ပန်းနေပြီ"

သူ၏ လက်ညှိုး ညွှန်လိုက်သည်နှင့် အဆောင်သင်္ကေတ အုပ်စုများသည် ၎င်းအား ကြိတ်ချေရန် ဝင်ရောက်လာကြလေသည်။ ဤအစီအရင်သည် ယခင်ကထက် ဆတိုးကိန်း ပိုမိုအားကောင်းလာသဖြင့် ၎င်းမှ ထွက်ပေါ်လာသော အရှိန်အဝါသည် သင်္ကေတတစ်သောင်း သခင်ကြီးကို မျက်နှာပျက်သွားစေသည်။

သို့သော် ထျန်းဖူအဆောင်၏ ဂိုဏ်းချုပ်ဖြစ်သူပီပီ သူသည် လွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်ပေ။ သူက နှာခေါင်းရှုံ့လိုက်ပြီး သူ့ပတ်လည်တွင် ဆန်းကြယ်သော အဆောင်သင်္ကေတများ ပေါ်လာကာ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကျိုးစားလိုက်လေသည်။

သို့သော် သူ၏ ခန္ဓာကိုယ် လုံးဝ ပျောက်ကွယ်သွားခါနီး ဆဲဆဲအချိန်တွင် ကောင်းကင်အပြည့်ရှိ အဆောင်သင်္ကေတများသည် တောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ဤကမ္ဘာနှင့် ပြင်ပကမ္ဘာကြားရှိ ဆက်သွယ်မှုမှန်သမျှကို ဖြတ်တောက်လိုက်လေသည်။ သို့ဖြစ်ရာ သင်္ကေတတစ်သောင်း သခင်ကြီး၏ ထွက်ပြေးလမ်းကြောင်းသည်လည်း ပိတ်ဆို့ခံလိုက်ရသည်။

"ဒါ..."

သူ့ စကားမဆုံးမီမှာပင် ကောင်းကင်အပြည့်ရှိ အဆောင်သင်္ကေတများသည် အပေါ်သို့ လှိမ့်တက်သွားပြီး သင်္ကေတတစ်သောင်း သခင်ကြီး၏ ခန္ဓာကိုယ်ကို လုံးဝ ဝါးမျိုလိုက်လေတော့သည်။

အခန်း (၁၀၆၅) - လေဟာနယ်ကို ဖြတ်တောက်သော ဓား

သူ့ အော်ဟစ်သံသည် အလွန်တိုတောင်းသော အချိန်ခဏသာ ကြာမြင့်ပြီး ရုတ်တရက် ဆိတ်သုဉ်းသွားလေသည်။

အဘယ်ကြောင့်ဆိုသော် အဆောင်အင်းကွက် အစီအရင်၏ ရက်စက်သော ကြိတ်ချေ သတ်ဖြတ်နိုင်စွမ်းအောက်တွင် မည်သူမျှ အသက်မရှင်နိုင်သောကြောင့် ဖြစ်သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသောအခါ ကောင်းကင်နှင့် မြေကြီးကြားတွင် အဆောင်သင်္ကေတများ စီးဆင်းနေသော သိမ်မွေ့သည့် အသံကိုသာ တိုးညင်းစွာ ကြားနေရတော့သည်။ ရွှယ်အန်းသည် ခေါင်းငုံ့ကာ သစ်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် ရပ်နေသော ခန်းဟွာကျန်းကို စိုက်ကြည့်လိုက်လေသည်။

"မင်းက မိန်းမတွေကို အရမ်းမုန်းတယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်ကရော... မိန်းမတစ်ယောက် မဟုတ်ဘူးလား"

ထိုစကားကြောင့် လူအုပ်ကြီးမှာ ပွက်လောရိုက်သွားကြသည်။

"ဘာ... ခန်းဟွာကျန်းက တကယ်ကြီး မိန်းမတစ်ယောက်တဲ့လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဟုတ်တယ်... ထျန်းဖူအဆောင်ရဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက် ဖြစ်နေရတာလဲ"

လူတိုင်း အလွန်အမင်း အံ့သြသွားကြသည်။ ခန်းဟွာကျန်း၏ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လာလေသည်။

"နင်... နင်..."

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"ငါ ဘယ်လိုသိလဲလို့ မေးချင်တာလား၊ တကယ်တော့ ပထမဆုံး မြင်လိုက်ကတည်းက မင်းကို ငါသံသယဝင်ခဲ့တာ၊ ဒါပေမဲ့ ခုနက မင်းလှုပ်ရှားလိုက်မှ ငါသေချာ အတည်ပြုနိုင်ခဲ့တာ"

"ဘာလို့လဲဆိုတော့ မင်းရဲ့ ဝိညာဉ်နဲ့ အခု လက်ရှိခန္ဓာကိုယ်က လုံးဝ သဟဇာတမဖြစ်ဘူးလေ၊ မင်းက ကောင်းကောင်း ဖုံးကွယ်ထားပေမယ့် ငါ့မျက်လုံးတွေကိုတော့ လှည့်စားလို့ မရနိုင်ပါဘူး"

ဤအချိန်တွင် ရွှယ်အန်း၏ မျက်နှာပေါ်မှ အပြုံးသည် အေးစက်သွားလေသည်။

"ကဲ... သူများ ခန္ဓာကိုယ်ကို လုယူထားရတဲ့ အရသာက ဘယ်လိုနေလဲ"

ခန်းဟွာကျန်းသည် ထိန်းချုပ်မရနိုင်အောင် တုန်ရီလာပြီး သူ့ နဖူးပေါ်တွင် ချွေးစေးများ စီးကျလာလေသည်။ ရွှယ်အန်း ပြောသည့်အတိုင်းပင် သူသည် အမှန်တကယ် မိန်းမတစ်ယောက် ဖြစ်သည်။ ထို့အပြင် ထျန်းဖူဆောင်သို့ အစောဆုံး ဝင်ရောက်ခဲ့သော တပည့်တစ်ဦးလည်း ဖြစ်သည်။ သို့သော် သူမ၏ မွေးရာပါ ပါရမီ အကန့်အသတ်ရှိမှုကြောင့် တစ်သက်လုံး ကျင့်ကြံခြင်းလမ်းစဉ်တွင် တိုးတက်ရန် ခက်ခဲခဲ့သည်။ အထူးသဖြင့် သူမသည် မိန်းမတစ်ယောက် ဖြစ်နေသဖြင့် ကဏ္ဍများစွာတွင် အလွန် အဆင်မပြေဖြစ်ခဲ့ရသည်။

ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သော သူမအတွက် ဤအချက်ကို လက်ခံရန် ခက်ခဲခဲ့သဖြင့် မိမိခန္ဓာကိုယ်ကို အလွန်အမင်း မုန်းတီးလာခဲ့သည်။ ထိုနောက်ပိုင်းတွင် ပါရမီ အကန့်အသတ်ကို ကျော်လွှားနိုင်ရန်အတွက် ဆရာဖြစ်သူ သင်္ကေတတစ်သောင်း သခင်ကြီး၏ အကူအညီကို ရယူကာ ပါရမီထူးချွန်သော လူငယ်တစ်ဦးကို ရှာဖွေခဲ့လေသည်။

ကျိုးစားမှု အရာထင်သည်ဟုဆိုသလို သူမသည် လက်ရှိခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ပြီး ရက်စက်သော နည်းလမ်းများဖြင့် လုယူကာ ပြန်လည်မွေးဖွားခဲ့လေသည်။ အဆုံးတွင်တော့ ထျန်းဖူဆောင်၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ သူမသည် ဤမျက်နှာ၊ ဤခန္ဓာဖြင့်သာ လူလုံးထွက်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ သူမသည် တစ်ချိန်က မိန်းမတစ်ယောက် ဖြစ်ခဲ့သည်ကိုပင် မေ့လျော့လာခဲ့သည်။ သို့သော် သူမ၏ မွေးရာပါ အလှအပ ကြိုက်နှစ်သက်မှုကြောင့် မိမိကိုယ်ကို သပ်ရပ်လှပစွာ ပြင်ဆင်ရသည်ကို နှစ်သက်ဆဲ ဖြစ်သည်။

သို့သော် အတိတ်က ဖြစ်ရပ်များကြောင့် သူမသည် မိန်းမများကို နက်နက်ရှိုင်းရှိုင်း မုန်းတီးပြီး စိတ်ဝင်စားမှု အနည်းငယ်မျှပင် မထားနိုင်ခဲ့ပေ။ ဤသည်မှာ ခန်းဟွာကျန်း၏ ရင်ထဲတွင် ဖုံးကွယ်ထားသော အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး ယနေ့တွင် ရွှယ်အန်းက ပြတ်သားစွာ ဖွင့်ချလိုက်ခြင်း ဖြစ်သည်။

"တို့ အရှုံးပေးပါတယ်၊ ဒါပေမဲ့ ရွှယ်အန်း... နင် သိပ်ပြီး ဝမ်းသာမနေနဲ့၊ နတ်ဘုရားနယ်မြေမှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်၊ မကြာခင် တစ်ယောက်ယောက်က မင်းကို လာရှင်းလိမ့်မယ်"

ခန်းဟွာကျန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် အော်ဟစ်လိုက်လေသည်။ ရွှယ်အန်းက ပြုံးလိုက်သည်

။

"ကောင်းပြီလေ... ဘယ်သူက ငါ့ကို လာရှင်းနိုင်မလဲဆိုတာ ငါစောင့်ကြည့်လိုက်ပါဦးမယ်၊ အခုတော့... မင်းရဲ့ ဝိညာဉ်ကို ဖောက်ခွဲလိုက်တော့"

ခန်းဟွာကျန်း ကြောင်အသွားပြီးနောက် ယုတ်မာစွာ ပြုံးလိုက်လေသည်။

"အော်... မင်းက ဒီခန္ဓာကိုယ်ရဲ့ မူရင်းဝိညာဉ်ကို ကယ်ချင်နေတာကိုး၊ ငါပြောလိုက်မယ်... မင်း စိတ်ကူးယဉ်မနေနဲ့၊ ငါသေရင် သူလည်း ငါနဲ့အတူ လိုက်သေရမှာ"

ထိုသို့ပြောပြီးနောက် ခန်းဟွာကျန်းက ဟားတိုက် ရယ်မောလိုက်လေသည်။

ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

"ဒီလိုဆိုရင်တော့ ငါကိုယ်တိုင်ပဲ လုပ်ရတော့မှာပေါ့"

ခန်းဟွာကျန်း၏ မျက်လုံးများသည် ရူးသွပ်မှုများဖြင့် တောက်ပနေလေသည်။

"အလကားပဲ... ငါ့ဝိညာဉ်က ဒီခန္ဓာကိုယ်နဲ့ တစ်သားတည်း ပေါင်းစပ်ပြီးနေပြီ၊ မင်း ငါ့ကို ဆွဲထုတ်လို့မရသရွေ့ ဒီလူက သေချာပေါက် သေရမှာပဲ၊ ဒါပေမဲ့ အဲ့ဒါက လုံးဝ မဖြစ်နိုင်ဘူး"

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်ရန်အတွက် သူ့အား လွှမ်းမိုးထားနိုင်သော အင်အားသာမက အလွန်မြင့်မားသော နတ်ဘုရားအာရုံ ထိန်းချုပ်မှုလည်း လိုအပ်ကြောင်း ခန်းဟွာကျန်း ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက မဖြစ်နိုင်ပေ။

ရွှယ်အန်းသည် ဓားသိုင်းပညာရှင် တစ်ဦးဖြစ်ပြီး အထွတ်အထိပ် ဓားဆန္ဒကို ကျင့်ကြံသူဖြစ်သဖြင့် အခြားနယ်ပယ်များကို လေ့လာလိုက်စားနိုင်စွမ်း မရှိလောက်ပေ။ ထို့ကြောင့် သူ့အတွက် လုံးဝ မဖြစ်နိုင်ဟု တွက်ဆထားသည်။ ဤအတွက်ကြောင့်လည်း ခန်းဟွာကျန်းက ရွှယ်အန်းကို ရဲရဲတင်းတင်း စိန်ခေါ်ရဲခြင်း ဖြစ်သည်။

သို့သော် ဤအချိန်တွင် ရွှယ်အန်းသည် မျက်လုံးများကို မှေးလိုက်ရာ သူ့တွင် ပြင်းထန်လှသော နတ်ဘုရားအာရုံ တစ်ခု ထွက်ပေါ်လာလေသည်။ ခန်းဟွာကျန်း ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် ဤနတ်ဘုရားအာရုံသည် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး ခန်းဟွာကျန်း၏ ဝိညာဉ်ကို တိုက်ရိုက် ဖမ်းဆုပ်ကာ အပြင်ဘက်သို့ ဆွဲထုတ်လိုက်လေသည်။

ခန်းဟွာကျန်း၏ ဝိညာဉ်သည် လေထဲတွင် ရုန်းကန်တွန့်လိမ်နေပြီး ဖြစ်ပျက်နေသည်များကို မယုံကြည်နိုင် ဖြစ်နေလေသည်။

"ဒါ မဖြစ်နိုင်ဘူး... မင်းက ဓားသမား မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းတဲ့ နတ်ဘုရားအာရုံ ရှိနေရတာလဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"မင်းမျက်စိထဲမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေက ငါ့အတွက်တော့ လက်ဖဝါး လှန်လိုက်သလောက်ကို လွယ်ကူတယ်"

ထိုသို့ပြောကာ ရွှယ်အန်း၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားပြီး ခန်းဟွာကျန်း၏ ဝိညာဉ်သည် သနားစဖွယ် အော်ဟစ်လိုက်ပြီး ရွှယ်အန်း၏ ပြင်းထန်သော နတ်ဘုရားအာရုံကြောင့် အမှုန့်ကြိတ်ခံလိုက်ရသကဲ့သို့ ပျက်စီးသွားလေတော့သည်။

ယခုအချိန်တွင် ကျိုးမိသားစု၊ ကျင်းမိသားစုနှင့် ထျန်းဖူအဆောင် အားလုံး ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ လူများသည် ထုံထိုင်းသွားသည့်ပမာ ခံစားနေရသည်။ ရွှယ်အန်းသည် နောက်ထပ် စက္ကန့်ပိုင်းအတွင်း နတ်ဘုရားတစ်ပါး၏ ခေါင်းကို ဖြတ်လိုက်လျှင်ပင် သူတို့ ထူးဆန်းမည် မဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် အစမှ ယခုအထိ ရွှယ်အန်းသည် သူတို့ကို တုန်လှုပ်စရာ အဖြစ်အပျက်များစွာ ပေးခဲ့ပြီးပြီ မဟုတ်ပါလား။ ရွှယ်အန်း မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ကျိုးယန်ယန်က ရှေ့တိုးလာကာ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။

"အရှင်..."

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဘယ်လို ခံစားရလဲ"

ကျိုးယန်ယန်က ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

"ရင်ထဲကနေ ဝန်ထုပ်ဝန်ပိုး ပိဿာတစ်ထောင်လောက် လျှောကျသွားသလိုပဲ၊ အရမ်း ပေါ့ပါးသွားပါတယ်"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ဒါပေမဲ့ သတိထားရမှာက သတ်ဖြတ်ခြင်းက ခဏတာ ကျေနပ်မှုကို ပေးနိုင်ပေမယ့်၊ ဘယ်တော့မှ မင်းရဲ့ စိတ်ကို လွှမ်းမိုးမသွားစေနဲ့"

ကျိုးယန်ယန်၏ အမူအရာ လေးနက်သွားလေသည်။

"ဟုတ်ကဲ့ပါ အရှင်"

မုန်လဲ့သည် အဝေ့းမှ ငေးကြည့်နေပြီးနောက် သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှစ၍ သခင်မလေးယန်ယန်သည် မိုးကောင်းကင်ထိတိုင် ပျံတက်တော့မည်ဖြစ်ပြီး ယခင်ကလို အနိုင်ကျင့်ခံရသော မိဘမဲ့ ကောင်မလေး မဟုတ်တော့ကြောင်း သူနားလည်လိုက်သောကြောင့် ဖြစ်သည်။

"အရှင်... ဒီပင်လယ်ပြင်က..."

ကျိန်စာသင့်ဧကရီက တုံ့ဆိုင်းစွာဖြင့် ချဉ်းကပ်မေးမြန်းလိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်း၏ ဓားချက်ကြောင့်ဖြစ်ပေါ်လာသော ပင်လယ်ပြင်မှ ကြီးမားသော အက်ကွဲကြောင်းကြီးသည် ပျောက်ကွယ်သွားမည့် အရိပ်အယောင်မပြဘဲ ရှိနေဆဲ ဖြစ်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။

"ငါ အာရုံခံမိတာအရ မနက်ဖြန်လောက်ဆိုရင် နတ်ဘုရားသင်္ကေတပေါ်လာလိမ့်မယ်၊ အဲ့ဒီကျရင် ငါတို့ ဒီလမ်းကြောင်းကို သုံးပြီး အတွင်းပိုင်းအထိ သွားလို့ရပြီ"

ကျိန်စာသင့်ဧကရီသည် ပင်လယ်ပြင်၏ အဆုံးကို လှမ်းကြည့်လိုက်ပြီး သူမ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

"အရှင် ဆိုလိုတာက..."

"ဟုတ်တယ်... နတ်ဘုရားသင်္ကေတရဲ့ မွေးဖွားရာ နေရာက အဲ့ နတ်ဘုရားအမျက်ဒေါသ ပင်လယ်ထဲမှာ ရှိနေတာ"

ထိုစကားကို ကြားသောအခါ လူတိုင်းသည် ကြောက်ရွံ့လေးစားမှုကို ခံစားလိုက်ရသည်။ ရွှယ်အန်းက ပျင်းရိစွာ အကြောဆန့်လိုက်လေသည်။

"ကဲ... ညဉ့်နက်နေပြီဆိုတော့ အားလုံးပဲ ပြန်အိပ်ကြတော့လေ"

ထိုသို့ပြောပြီးနောက် သူသည် အေးဆေးသက်သာပင် ထွက်ခွာသွားလေသည်။ လူတိုင်းလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ဖျော့တော့စွာ ပြုံးပြကာ ထိုနေရာမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြလေသည်။

ဧည့်ခံပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ၎င်းမှ ထွက်ပေါ်လာသော ဂယက်ရိုက်ခတ်မှုများသည် ဒီရေလှိုင်းလုံးကြီးပမာ ကျိန်စာသင့်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

တစ်ချိန်တည်းမှာပင် ကြယ်တာရာ နယ်မြေအတွင်း၌ ကြယ်တာရာအလယ် နန်းတော်တွင် ကျင့်ကြံနေသော ကျီဝေ့ကြယ်တာရာဘုရင်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်လေသည်။

"ဘာဖြစ်တာလဲ... ငါ့သားတော်ရဲ့ အရှိန်အဝါကို ဘာလို့ အာရုံခံမရတော့တာလဲ"

သူ၏ အသံသည် ခရမ်းရောင် စကြဝဠာငယ် ကြယ်တာရာနန်းတော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ ထိုအချိန်တွင် ကျီဝေ့ကြယ်တာရာဘုရင်၏ ရှေ့ရှိ ကြယ်မြေပုံပေါ်မှ ကျီဝေ့နတ်ဘုရားသားတော် ပိုင်ဆိုင်သော ကြယ်အလင်းတန်း အစုအဝေ့းသည် ရုတ်တရက် ငြိမ်းသွားလေသည်။ ကျီဝေ့ကြယ်တာရာဘုရင်မှာ ခဏမျှ ကြောင်အသွားပြီးနောက် အလွန်အမင်း ဒေါသထွက်စွာ အော်ဟစ်လိုက်လေသည်။

"ငါ့သားလေး"

သို့သော် ကြယ်အလင်းတန်း ငြိမ်းသွားသည်မှာ အသက်ရှူချိန် တစ်ဝက်ခန့်သာ ကြာပြီးနောက် ကြယ်မြေပုံပေါ်ရှိ ဆန်းကြယ်သော ကျောက်စိမ်းအဆောင်တစ်ခုမှာ ရုတ်တရက် ကွဲကြေသွားလေသည်။

ထို့နောက် ကျီဝေ့နတ်ဘုရားသားတော်ကို ကိုယ်စားပြုသော ကြယ်အလင်းတန်း အစုအဝေ့းသည် တစ်ဖန် ပြန်လည် တောက်ပလာပြန်သည်။ အသစ်တဖန် ပြန်လည်ရှင်သန်လာသော ကျီဝေ့နတ်ဘုရားသားတော်က ပြောလိုက်လေသည်။

"ခမည်းတော်..."

ကျီဝေ့ ကြယ်တာရာဘုရင်မှာ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါ့သား... ဘယ်သူက..."

သူသည် ဘယ်သူက မင်းကို သတ်လိုက်တာလဲ ဟု သူ မေးရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် လေဟာနယ်အှာ တုန်ခါသွားပြီး ဓားဆန္ဒတစ်ခုသည် အသစ်တဖန် ပြန်လည်ရှင်သန်လာသော ကျီဝေ့နတ်ဘုရားသားတော်၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ပေါက်လာကာ သူ့ကို ရက်စက်စွာ သတ်ဖြတ်လိုက်လေသည်။

ရွှမ်း...

အသစ်တဖန် ပြန်လည်ရှင်သန်လာသော ကျီဝေ့ နတ်ဘုရားသားတော်သည် လေဟာနယ်ကို ဖြတ်ကျော်လာသော ဓားဆန္ဒကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး သူ၏ ဝိညာဉ်သည်လည်း ငြိမ်းသတ်ခြင်း ခံလိုက်ရလေသည်။ ဤတစ်ကြိမ်တွင်မူ သူသည် အလုံးစုံ ပျက်စီးသွားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မရေမတွက်နိုင်သော ကျိုးပမ်းမှုများဖြင့် ရယူထားခဲ့သည့် '

ပြန်လည်ရှင်သန်ခြင်း နတ်ဘုရားအဆောင်သည် ကွဲကြေသွားပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ကြယ်အလင်းတန်း တစ်ဖန်ပြန်လည် ငြိမ်းသက်သွားပြီး ဘယ်တော့မှ ပြန်လည်တောက်ပလာတော့မည် မဟုတ်ကြောင်း သိလိုက်ရသောအခါ ကျီဝေ့ကြယ်တာရာဘုရင်သည် အံ့သြမှင်သက်စွာ ရပ်နေမိသည်။

ထို ဓားဆန္ဒထဲတွင် ပါဝင်နေသော အထွတ်အထိပ် စွမ်းအားကြီးသည့် အရှိန်အဝါကို သူခံစားမိလိုက်သည်။ ကျီဝေ့ကြယ်တာရာဘုရင်သည် အသက်ရှူချိန် သုံးကြိမ်စာမျှ ကြောင်အသွားပြီးနောက် ရုတ်တရက် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်လေသည်။

"ဘယ် ဓားသိုင်းပညာရှင်က ငါ့သားကို သတ်ရဲတာလဲ... ငါမင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်ကွ”

All Chapters