← Chapters

“ကောင်းပါပြီ၊ အမေပြောတာကို သမီးနားထောင်ပါ့မယ်။”

Vol. 12 Ch. 201

“ကောင်းပါပြီ၊ အမေပြောတာကို သမီးနားထောင်ပါ့မယ်။”

Vol. 12 Ch. 201

ရှန်းယောင်၏ ရှင်းပြချက်ကိုကြားတော့ ကျီကျောက်၏ မျက်လုံးတွေက တောက်ပသွားခဲ့သည်။

“ဟုတ်သားပဲ” ကျီကျောက်က သူမ၏ လက်ချောင်းထိပ်လေးများကို ပျော်ရွှင်စွာ တို့ထိပြီး ရှန်းယောင်အား စိတ်ပါလက်ပါ ချီးကျူးစကားဆိုလိုက်မိသည်၊ “ရှန်းယောင်၊ ရှင်က အရမ်းတော်တာပဲ။ ဆေးဖက်ဝင်အပင်နဲ့ ဟင်းသီးဟင်းရွက်တွေက တူညီတဲ့ အရင်းအမြစ်ကနေ ဆင်းသက်လာတာပဲ။ အရမ်းတော်တယ်။”

“အာ့ထောင် ဒါက မင်း ကိုယ့်ကို ချီးကျူးဖို့ မလိုဘူး။ ဒါကို မင်းကိုယ်တိုင် တွေးမိတာပါကွာ” ရှန်းယောင်က ပြုံးပြီး ချီးကျူးမှုကို လက်ခံလိုက်သည်။ ထို့နောက် သူက သူမကို လက်ဝှေ့ယမ်းပြီး အနားကို လာခိုင်းခဲ့သည်၊ “ဒီကိုလာ၊ ကိုယ်ပါ အတူကျက်ပေးမယ်။”

“ကောင်းပြီလေ”

ရှန်းယောင်၏ အကူအညီဖြင့် ကျီကျောက်သည် ဆေးဖက်ဝင်အပင်များစာအုပ်တစ်ခုလုံးကို အမှန်တကယ် ကျက်မှတ်နိုင်ခဲ့သည်။

“အချိန်လင့်နေပြီ။ အနားယူဖို့အချိန်ရောက်ပြီ” ရှန်းယောင်က သူမ၏ လက်ခုံလေးကို အသာပုတ်ကာ တိုးတိုးလေးပြောသည်။

“အင်း” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်ပြပြီး အပြုံးလေးဖြင့် ကောင်းသောညပါဟု ပြောခဲ့သည်။

“ကောင်းသောညပါ။”

ခဏကြာတော့ ကျီကျောက် အိပ်မောကျသွားခဲ့သည်။

ဆေးဖက်ဝင်အပင်များ၏ အမည်များကို ယောင်ယမ်းရေရွတ်သံကိုကြားတော့ ရှန်းယောင်သည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။

“အာ့ထောင် ဒီဘဝမှာ မင်းနဲ့ လက်ထပ်ခွင့်ရတာ ကိုယ် အရမ်းကံကောင်းတာပဲ။”

ထိုနေ့တွင် ရှန်းယောင်သည် နတ်ဆေးသမားတော် ရှန်းဟယ်နှင့် စစ်တုရင် ကစားနေစဉ် ကျီကျောက်သည် သူ့အတွက် ဆေးပညာကို သင်ယူလိုကြောင်း မတော်တဆ သိလိုက်ရသည်။

ထိုအချိန်တွင် ရှန်းယောင်၏ နှလုံးသားသည် လှုပ်ရှားသွားခဲ့သည်။

သူကြိုက်တဲ့ အာ့ထောင်က သတ္တိရှိတယ်၊ ရဲရင့်တယ်၊ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ်။

အာ့ထောင်က သူ့ဇနီးဖြစ်လာတာ သူ့အတွက် ကောင်းချီးတစ်ခုပါပဲ။

ရှန်းယောင်သည် သူမ၏ ပါးပြင်ပေါ် နူးညံ့ညင်သာစွာ အနမ်းခြွေလိုက်ပြီး မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့။

နတ်ဆေးသမားတော် ရှန်းဟယ်သည် ယုံကြည်မှုပြည့်ဝနေပုံရတဲ့ ကျီကျောက်ကိုမြင်တော့ မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်၊ “နင့်ကြည့်ရတာ အရမ်းယုံကြည်မှုရှိနေပုံပဲ။”

“လူကြီးမင်းရဲ့ တပည့်ဖြစ်လာမှာကိုတွေးပြီး အရမ်းစိတ်လှုပ်ရှားနေရုံပါပဲ။”

ကျီကျောက် ပြုံးပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

နတ်ဆေးသမားတော် ရှန်းဟယ်က သာမန်မဟုတ်သော ဆေးဖက်ဝင်အပင်အချို့အကြောင်းကို မေးမြန်းခဲ့ရာ ကျီကျောက်က ၎င်းတို့အားလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည်။

“နင့်ကို ငါ့တပည့်မအဖြစ် ခေါ်ယူရတော့မယ့်ပုံပဲ။”

“ကျီကျောက်က ဆရာ့ကို အရိုအသေပေးပါတယ်။”

ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ်ရှေ့ ချက်ချင်းဆိုသလို ဒူးထောက်ပြီး ရေနွေးကြမ်း တစ်ခွက်ကို စိတ်အားထက်သန်စွာ ဆက်သလိုက်သည်။

နတ်ဆေးသမားတော် ရှန်းဟယ်က ရေနွေးကြမ်းခွက်ကို ကြင်နာသော အပြုံးဖြင့် လက်ခံပြီး တစ်ကျိုက် သောက်လိုက်သည်။

“ကောင်းလိုက်တဲ့ ရေနွေးကြမ်း”

နတ်ဆေးသမားတော် ရှန်းဟယ်က ခိုအီငါးပုံသဏ္ဍာန်ထွင်းထားသော ကျောက်စိမ်းပြားကို ထုတ်ယူပြီး ကျီကျောက်ကို ကမ်းပေးလိုက်သည်၊ “နင် ငါ့တပည့်ဖြစ်လာပြီဆိုတော့ ဒီကျောက်စိမ်းဆွဲပြားက ငါ နင့်အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ။ ဒီနှစ်တွေမှာ ငါ ပျင်းရိငြီးငွေ့စွာ နေထိုင်လာခဲ့တယ်။ နင်က အခု ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။”

“ကျီကျောက်က ဆရာ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာပါ့မယ်။”

“နင် အလွတ်ရအောင် မှတ်သားခဲ့တဲ့ ဆေးဖက်ဝင်အပင်များစာအုပ်က ငါ နှစ်ပေါင်းများစွာ ရေးသားပြုစုထားတဲ့ စာအုပ်ပဲ” နတ်ဆေးသမားတော် ရှန်းဟယ်က ခဏလောက် စဉ်းစားပြီး ဘေးနားရှိ ဆေးသေတ္တာထဲမှ နောက်ထပ် ဆေးစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်၊ “ဒါတွေက ရွှေစင်တစ်ထောင်တန်တဲ့ ဆေးညွှန်းတွေပဲ။ နင်အားတဲ့အချိန်ကျရင် တစ်ချက်ဖတ်ထားလိုက်။ ဘာမှ အထွေအထူး မရှိဘူးဆိုရင် နောက်နှစ် နွေဦး တတိယလမှာ ငါ နင့်ကို လာရှာလိုက်မယ်။ အဲ့ကျရင် ငါနင့်ကို အပ်စိုက်ကုထုံး သင်ပေးမယ်။”

“ဟုတ်ကဲ့ပါ” ကျီကျောက်က စာအုပ်ကို လေးနက်စွာ လှမ်းယူပြီး နာခံမှုရှိစွာ ခေါင်းညိတ်သည်။

“အာ့ထောင် ဆေးပညာကို လေ့လာသင်ယူတာက နေ့ချင်းညချင်း သင်ယူလို့ မရဘူး။ နင် ငါ့ကို ဆရာအဖြစ် မှတ်ယူပြီးပြီဆိုကတည်းက ငါ နင့်ကို အခု တာဝန်တစ်ခု ပေးခဲ့မယ်။”

“ဆရာ ကျေးဇူးပြုပြီး တပည့်ကို ညွှန်ကြားပေးပါ။”

“ငါ ရှန်းမိသားစုနေထိုင်ခဲ့စဉ် အားလပ်ချိန်တွေမှာ ဟိုနားဒီနား လမ်းလျှောက်ရတာ သဘောကျတယ်။ အနီးနားက တောင်တွေ မြစ်ချောင်းတွေမှာ သဘာဝဆေးဖက်ဝင်အပင်တွေက အများကြီးရှိတယ်။ လာမယ့် မတ်လမတိုင်ခင်မှာ မတူညီတဲ့ ဆေးဖက်ဝင်အပင် ၄၉ မျိုးကို ငါနင့်ကို စုဆောင်းစေချင်တယ်။ ဒါ့အပြင် နင် အဲဒီဆေးဖက်ဝင်အပင်တွေရဲ့ အသွင်အပြင်၊ ကြီးထွားမှုအခြေအနေတွေနဲ့ အကျိုးအာနိသင်တွေကို မှတ်သားထားရမယ်။ ငါနင်နဲ့ ပြန်တွေ့တဲ့အခါကျရင် နင် ဒီအိမ်စာကို တင်ပြပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။ နင် လုပ်နိုင်လား။”

“ဆရာ စိတ်မပူပါနဲ့။ ဆရာ စိတ်မပျက်စေရပါဘူး” ကျီကျောက်က ခိုင်မာသောအကြည့်ဖြင့် ကတိပေးလိုက်သည်။

“ကောင်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်က ညင်သာစွာ ခေါင်းညိတ်သည်၊ “အချိန်လည်း မစောတော့ဘူး၊ ငါ သွားဖို့ အချိန်ရောက်ပြီ။”

“ဆရာ ဒီနေ့ ရက်ကောင်းတယ်။ နေ့လည်စာ စားပြီးမှ ခရီးဆက်ပါလား” ကျီကျောက်က လေးစားစွာ ဖိတ်ကြားခဲ့သည်၊ “တပည့်ကိုယ်တိုင် ချက်ပြီး အရသာရှိတဲ့ ဟင်းပွဲတွေ တည်ခင်းဧည့်ခံချင်လို့ပါ။”

“မလိုဘူး၊ မလိုဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က လက်ခါလိုက်သည်၊ “ဒီအလုပ်သင်စားသောက်ပွဲကို ငါတို့ဆရာတပည့်တွေ နောက်တစ်ခါ ပြန်တွေ့ချိန်ကျမှ ကျင်းပကြတာပေါ့။”

နတ်ဆေးသမားတော် ရှန်းဟယ်က မဆိုင်းမတွ ထွက်ခွာသွားခဲ့သည်။ ကျီကျောက်က သူ့ကို ခဏနေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။

သူမသည် ရှန်းမိသားစုအိမ်ခြံဝင်းအပြင်ဘက်တွင် မတ်တပ်ရပ်ပြီး ရထားလုံး ထွက်ခွာသွားသည်ကို ကြည့်ရင်း အနည်းငယ် ဝန်လေးနေသလို ခံစားရသည်။

ရှန်းယောင်သည် စားပွဲပေါ် လက်တင်ပြီး မေးစေ့ထောက်နေသည့် ကျီကျောက်ကို မြင်တော့ “အာ့ထောင်” ဟု လှမ်းခေါ်လိုက်သည်။

“အင်း”

“မင်း အဆင်ပြေရဲ့လား” ရှန်းယောင်က စိုးရိမ်တကြီးမေးသည်။

“ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ နည်းနည်းစိတ်ပျက်သွားသလို ခံစားနေရရုံပါပဲ” ကျီကျောက်သည် ပခုံးတွန့်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်၊ “တကယ်တော့ အစတုန်းက ဆရာ့ကို သဘောဆိုးတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ အချိန်အတော်ကြာ ပြောဆိုဆက်ဆံပြီးတဲ့နောက်မှာ ဆရာက အရမ်းကောင်းတယ်ဆိုတာ နားလည်သဘောပေါက်သွားမိတယ်။ သူက စိတ်တိုလွယ်တဲ့ လူအိုကြီးဆိုပေမယ့် တကယ့်ကို ကြင်နာတတ်တဲ့သူပဲ။”

“ရှန်းယောင်၊ ရှင် မသိဘူးနော်၊ လူတိုင်းက ကျွန်မဆရာကို သဘောကောင်းတယ်လို့ဆိုကြတယ်။ ဆရာက လူတိုင်းကို သွေးခုန်နှုန်း အခမဲ့ စမ်းသပ်ပေးခဲ့ရုံတင်မကဘူး၊ ရွာထဲက သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးတွေကိုလည်း အခမဲ့ပေးခဲ့သေးတယ်။”

“လမ်းခွဲခြင်းက ပိုကောင်းတဲ့ ပြန်လည်ဆုံစည်းမှုအတွက်ပါပဲ” ရှန်းယောင်က ပြုံးပြီး သူမကို နှစ်သိမ့်ပေးသည်။ “အာ့ထောင်၊ မင်း ဝမ်းနည်းနေစရာ မလိုဘူး။ လူကြီးမင်းက မင်းကို သူ့တပည့်အဖြစ် လက်ခံထားတယ်ဆိုကတည်းက နောင်မှာ သူ မင်းကို သေချာပေါက် ပြန်လာရှာလိမ့်မယ်။”

“ကျွန်မ သိပါတယ်” ကျီကျောက်က ပြုံးလိုက်သည်၊ “ဒါနဲ့ စကားမစပ်၊ ဆရာက သူ မထွက်သွားခင်မှာ ကျွန်မကို အလုပ်တစ်ခု ပေးခဲ့တယ်။ ရှင် ပြန်ကောင်းလာတဲ့အခါကျရင် ရှင် ဒီတာဝန်ကို ကျွန်မနဲ့ လိုက်လုပ်ပေးဦး၊ ဟုတ်ပြီလား။”

“ဟုတ်ပါပြီကွာ” ရှန်းယောင်က ဝမ်းသာအားရ သဘောတူလိုက်သည်။

နှစ်သစ်ကူး နီးကပ်လာပြီဖြစ်၍ ရှန်းဟယ်ကျေးရွာရှိ အိမ်ထောင်စုတိုင်းသည် လာမည့် နှစ်သစ်ကူးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ရှန်းမိသားစုသည် ပို၍ပင် တက်ကြွနေခဲ့သည်။

ရှန်းတာ့ရှန်သည် ရှန်းတာ့လန်နှင့် ရှန်းအာ့လန်တို့ကို ရှန်းဟယ်ရွာအနီးရှိ ရေလှောင်ကန်သို့ ခေါ်ဆောင်သွားကာ လတ်ဆတ်သော ငါးကြင်းများစွာကို သွားဝယ်ခဲ့သည်။

အဆီများသော ငါးဝတုတ်တစ်ကောင်က ကျီကျောက်၏ အာရုံကို ဆွဲငင်သွားခဲ့သည်။

“အာ့ထောင် ဒါကို လုံလောက်ပြီလို့ နင်ထင်လား” ကျောက်လန်ဟွာက ငရုတ်သီးများကို လှီးဖြတ်နေရင်း အငိုမျက်လုံးဖြင့် ကျီကျောက်ကို လှမ်းမေးလိုက်သည်၊ “ဒီငရုတ်သီးတွေက အရမ်းမွှန်တာပဲ။”

“အမေ သမီး လုပ်လိုက်ပါ့မယ်” ငါးခေါင်းကို ရိုးရိုးရှင်းရှင်း ပြုတ်ပြီးနောက် ကျီကျောက်သည် ပြုံးပြီး ကျောက်လန်ဟွာထံမှ မီးဖိုချောင်သုံးဓားကို လှမ်းယူလိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ရက်အနည်းငယ်က နင့်ဒုတိယအစ်ကိုယို့က ငရုတ်သီးတွေ အများကြီး လူလွှတ်ပြီး ပို့ခိုင်းလိုက်တယ်၊ ဒါကြောင့် ဒီနေ့နေ့လည်စာကို ငါတို့ ငါးခေါင်းငရုတ်ချက်လေး ချက်စားမလားလို့ တွေးနေတာလေ” ကျီကျောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်သည်၊ “တာ့ကောနဲ့ အာ့ကောတို့က အစပ်ဟင်းပွဲတွေ စားချင်နေလို့ မဟုတ်ဘူးလား။”

“အဲဒီကောင်စုတ်လေး နှစ်ကောင်က ငါ့ဟင်းပွဲတွေက နည်းနည်းချိုတယ်လို့ အမြဲပြောနေကြတယ်လေ” ကျောက်လန်ဟွာက မီးထိုးပေးရင် ဒေါသတကြီး ပြောလိုက်သည်၊ “အာ့ထောင် ဟင်းပွဲတွေထဲကို ငရုတ်သီးများများ ထည့်ဖို့ သတိရနော်။ အဲဒီကောင်စုတ်လေး နှစ်ကောင်ကို အစပ်ကြောင့် ငိုသွားအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။”

“ကောင်းပါပြီ၊ အမေပြောတာကို သမီးနားထောင်ပါ့မယ်။”

ကျီကျောက်က ငါးခေါင်းငရုတ်ချက်ကို စားပွဲဆီ ယူဆောင်လာတော့ ရှန်းတာ့လန်နှင့် ရှန်းအာ့လန်တို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

ရောင်စုံ ငရုတ်သီးများသည် ကြည့်လိုက်သည်နှင့် အလွန်စပ်မယ့်ပုံပေါ်သည်။

“မြည်းကြည့်စမ်းပါအေ” ကျောက်လန်ဟွာက ခပ်ပြုံးပြုံး ပြောလိုက်သည်၊ “နင်တို့ အာ့ထောင်ရဲ့ လက်ရာကို မသိတာလည်း မဟုတ်ပဲနဲ့။ ဒီဟင်းပွဲရဲ့ အရသာက သေချာပေါက် မဆိုးရွားပါဘူးဟယ်။”

အဆုံးမှာတော့ ရှန်းတာ့လန်သည် အံတင်းတင်းကြိတ်ပြီး ငါးတစ်ဖတ်ကို လှမ်းယူလိုက်သည်။ ငါးဟင်းတစ်ဖတ်ကို သူ့ပါးစပ်ထဲ ထည့်ပြီးနောက် သူ့မျက်လုံးတွေက ရုတ်ခြည်း တောက်ပလာခဲ့သည်။

နောက်ဆုံးမှာတော့ ပန်းကန်ပေါ်မှာ ငရုတ်သီးဖတ်များပင် တစ်ဖတ်မျှ မကျန်ခဲ့ပေ…။

***

All Chapters