ဒါက တကယ်ကောင်းတယ်။
Vol. 12 Ch. 203
“အစ်မ အဆင်ပြေပါတယ် ချန်ချန်” ကျီကျောက်က ပြုံးလိုက်သည်။
“အစ်မ မငိုပါနဲ့။”
“အစ်မရဲ့ မျက်လုံးတွေ နီနေပြီ” ကျီချန်က သူမ၏ မျက်လုံးကို လက်ညှိုးညွှန်ပြီး တီးတိုးပြောသည်။
ကျီကျောက်သည် အားတင်းပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ဒါက အစ်မရဲ့ မျက်လုံးထဲ သဲတွေ ဝင်သွားတာကြောင့်ဖြစ်လိမ့်မယ်။”
ကျီချန်သည် တခြား ဘာမှမပြောပေမယ့် ကျီကျောက်ကို ကြည့်နေသည့် သူ့မျက်လုံးတွေမှာတော့ စိုးရိမ်မှု ထင်ဟပ်နေဆဲပါပင်။
ကျီကျောက်သည် ရထားလုံးပေါ်မှီ၍ မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။
အစောပိုင်းက အဖိုးကျီ၏ အုတ်ဂူရှေ့တွင် သူမသည် အလွန်စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။
သူမ ခန့်မှန်းတာ မမှားရင် အဆိုပါ ရုတ်တရက် ဝမ်းနည်းမှုသည် မူလကိုယ်၏ နှလုံးသားထဲမှာ ဖုံးကွယ်ထားသည့် စစ်မှန်သော ခံစားချက်များ ဖြစ်နေလောက်မလား။
အဆုံး၌ မူလကိုယ်၏ ဘဝသည် ကြေကွဲဖွယ်ကောင်းပြီး မှောင်မိုက်လွန်းသော်လည်း အဖိုးကျီသည် မူလကိုယ်၏ ကြေကွဲဖွယ် မှောင်မိုက်နေသော ဘဝထဲသို့ ရောက်ရှိလာသော အလင်းတန်း တစ်ခု ဖြစ်ပေသည်။
ရထားလုံး တစ်ဖန် ရပ်တန့်သွားသောအခါတွင် သူတို့သည် မြေကမ္ဘာဘုရားကျောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
လာဘပွဲတော်အတွင်း ရှန်းတာ့ရှန်သည် လက်သမားအားလုံးကို အားလပ်ခွင့်ပေးထားပြီး မီးပုံးပွဲတော်အပြီးမှ အလုပ်ပြန်စရန် ဆုံးဖြတ်ထားခဲ့သည်။
သို့ရာတွင် သူမရှေ့ရှိ မြေကမ္ဘာဘုရားကျောင်းသည် ယခင်ကနှင့် လုံးဝ မတူတော့ပေ။
မြေကမ္ဘာဘုရားရုပ်ထုရှိရာ ပင်မခန်းမကို ပြန်လည်ပြုပြင်ခဲ့ပြီးပြီဖြစ်သည်။
ကျီကျောက်သည် မြေကမ္ဘာဘုရားရုပ်ရှေ့တွင် အလေးအနက် ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ရှိခိုးကန်တော့ခဲ့သည်။
“အရှင်ဘုရား ကျေးဇူးပြုပြီး တပည့်တော်မကို ခွင့်လွှတ်တော်မူပါ။ တပည့်တော်မ အခုတလော အရမ်းအလုပ်များပြီး အရှင်ဘုရားကို မကြာခဏ လာရောက်ဂါရဝမပြုနိုင်ခဲ့ဘူး” ကျီကျောက်သည် တုန်းပေါ်ဝက်သားနှင့် အစာသွပ်မုန့်များကို သူမနောက်မှ ခြင်းတောင်းထဲကနေ ထုတ်ယူပြီး ကမ္ဘာမြေဘုရားရုပ်ထုရှေ့ စင်မြင့်ပေါ် ဆက်ကပ်လှုဒါန်းခဲ့သည်၊ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က တပည့်တော်မတို့အိမ်မှာ နှစ်သစ်ကူး ဝက်ပေါ်ခဲ့တယ်၊ ဒါကြောင့် တပည့်တော်မက အဆီဖြိုးဖြိုးဝက်သားတစ်တုံးကို ချန်ထားပြီး အရှင်ဘုရားအတွက် တုန်းပေါ်ဝက်သားဟင်းချက်ခဲ့ပါတယ်ဘုရား။”
“နှစ်သစ်ကူးပြီးရင် တပည့်တော်မ ဆက်ပြီး ပိုက်ဆံများများရှာပြီး အရှင်ဘုရားအတွက် တတ်နိုင်သမျှ မြန်မြန်လေး ရွှေဆိုင်းဆက်ကပ်လှူပါ့မယ်ဘုရား။”
သူတို့သုံးယောက် ရှန်းမိသားစုအိမ်ခြံဝင်းသို့ပြန်ရောက်ချိန်တွင် အချိန်လင့်နေခဲ့ပြီဖြစ်သည်။
ကျီကျောက်သည် ညစာချက်ရန် မီးဖိုချောင်သို့ သွားခါနီးတွင် ကျောက်လန်ဟွာက သူမကို နှင်ထုတ်ခဲ့သည်။
“ကောင်မလေး၊ နင် ဒီနေ့တစ်နေ့လုံး အလုပ်ရှုပ်ခဲ့ရပြီးပြီ။ နင် မပင်ပန်းဘူးလား။ နင့်အခန်းကိုပြန်ပြီး အနားယူချေ။ ညစာချက်ပြီးတဲ့အခါကျရင် ငါ နင့်ကို လာခေါ်လိုက်မယ်။”
“အမေ သမီး တကယ် မပင်ပန်းဘူး။ သမီး ကူညီချက်ပြုတ်ပေးမယ်လေ။”
“နင့်အခန်းကို ပြန်သွားချေ။ စန်းလန်က နင့်ကို စောင့်နေတုန်းပဲ။”
ကျီကျောက်သည် ကူကယ်ရာမဲ့စွာဖြင့် အခန်းသို့ လှည့်ပြန်သွားရုံမှတပါး အခြားရွေးစရာ မရှိပေ။
နောက်ဖေးခန်းထဲကိုဝင်သွားတော့ သူမ၏ မျက်လုံးတွေ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့ရသည်။
ကျီကျောက်သည် အလွန်တရာ အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော သူမ မြင်လိုက်ရသည်မှာ…
ရှန်းယောင်က ကုတင်တိုင်ကိုကိုင်ကာ မတ်တပ်ထရပ်နေသည်။
“ရှင်…”
“အာ့ထောင်” ရှန်းယောင်သည် သူမ၏ မျက်နှာအမူအရာလေးကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။ ထို့နောက် သူသည် သူမရှိရာဆီသို့ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။
“အာ့ထောင် မင်း ပြန်လာပြီလား” ရှန်းယောင်က သူမ၏ ပခုံးပေါ် လက်တင်ပြီး သူမ၏ ပခုံးပေါ်ရှိ နှင်းပွင့်များကို ဖယ်ရှားပေးခဲ့သည်။
“ရှန်းယောင် ရှင် မတ်တပ်ရပ်လို့ရပြီလား။ မဟုတ်သေးဘူး၊ ရှင် လမ်းလျှောက်နိုင်ပြီလား။ မဟုတ်သေးပါဘူး၊ ရှင် ဘယ်လိုလုပ်ပြီး လမ်းလျှောက်နိုင်တာလဲ။ ၁၅ ရက်နေ့ နောက်ပိုင်းမှာမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ကြည့်ဖို့ ဆရာက ရှင့်ကို ပြောခဲ့တယ်မလား။”
ကျီကျောက်သည် အလွန်စိတ်လှုပ်ရှားနေကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့သည်။
“ကိုယ်က စမ်းကြည့်ချင်ရုံပါပဲ။ ဒီလောက်မြန်မြန် လမ်းလျှောက်နိုင်လိမ့်မယ်လို့ ကိုယ်မမျှော်လင့်ထားဘူး” ရှန်းယောင်သည် သူမကို ငုံ့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်၊ “ဒါက အာ့ထောင် မင်းရဲ့ ကံကောင်းခြင်းတွေကို ကိုယ့်ဆီ ပေးခဲ့တာများလားလို့ကိုယ်ထင်မိတယ်။”
“ဒါက တကယ်ကောင်းတာပဲ” ကျီကျောက်က သူ့ကို တောက်ပစွာ ပြုံးပြနေသော်လည်း သူမ၏ မျက်လုံးများသည် ကြည်လင်သော မျက်ရည်များဖြင့် တောက်ပနေခဲ့သည်။
ရှန်းယောင်သည် ကျီကျောက်၏ မျက်ဝန်းထောင့်များမှ မျက်ရည်များကို သုတ်ဖယ်ပေးရင်း သူ့နှလုံးသားလေး နာကျင်သွားခဲ့သည်။ သူက သူမ၏ နှုတ်ခမ်းများကို အနမ်းခြွေချနီးလေးတွင် ကျီကျောက်က ရုတ်တရက် ငုတ်တုတ်ထိုင်ချလိုက်သည်။
“ရှင့်ဒူးဒဏ်ရာက သက်သာသွားပြီလားဆိုတာ ကျွန်မ စစ်ကြည့်ရမယ်။ ဒါ့အပြင် ရှင့်ကို စည်းပေးထားတဲ့ ပတ်တီးကိုကြည့်ပြီး ဒဏ်ရာမှာ သွေးထွက်တဲ့ လက္ခဏာ ရှိမရှိ စစ်ကြည့်ရမယ်။”
နမ်းရှိုက်ဖို့ အခွင့်အရေး လက်လွတ်သွားသော ရှန်းယောင်သည် ရုတ်ခြည်းဆိုသလို စိတ်ပျက်လက်ပျက်ဖြစ်သွားသလို ခံစားလိုက်ရသည်။
“ဆရာက တကယ်လို့ ရှင် မတ်တပ်ရပ်နိုင်ပြီဆိုရင်တောင် အရမ်းစိတ်မပူဖို့ မှာထားခဲ့တယ်။ ရှန်းယောင် ရှင် အရင်ဆုံး ပြန်လှဲအိပ်ပေးဦး” ကျီကျောက်က သူ့ကို ကုတင်ပေါ်တွင် လှဲအိပ်နိုင်ရန် ကူညီပေးခဲ့သည်။
“မြန်မြန်လေး လှဲအိပ်ပေးပါဦး။”
ရှန်းယောင်သည် သူမ ပြောသည့်အတိုင်း လိုက်လုပ်ခဲ့ပြီး သူ့နဖူးကို ကူကယ်ရာမဲ့စွာ အုပ်ကိုင်ထားမိသည်။
“အာ့ထောင် မင်း အရမ်းစိတ်ပူနေဖို့မလိုဘူး။ ကိုယ် အဆင်ပြေတယ်”
သူ့မှာ ယုံကြည်မှုအပြည့်မရှိရင် သူ ဘယ်လိုလုပ်ပြီး မတ်တပ်ထရပ်ရဲမလဲ။
တကယ်တော့ လွန်ခဲ့တဲ့ နှစ်ရက် အာ့ထောင် အိမ်မှာ မရှိတုန်းကတည်းက သူ မတ်တပ်ထရပ်နိုင်နေပြီ။ မူလက သူမကို သူ ဒီနေ့မှာ အံ့အားသင့်သွားအောင် လုပ်ပေးချင်ပေမယ့် အခု ကြည့်ရတာ သူမက ပိုပြီးထိတ်လန့်သွားပုံပဲ။
ထိုအချိန်တွင် ကျီကျောက်သည် သူ့ဘောင်းဘီအောက်နားကို လိပ်တင်ထားပြီး ပတ်တီးကို သေချာစစ်ဆေးကြည့်နေခဲ့သည်။
ပတ်တီးပေါ်တွင် သွေးမရှိတာကို အတည်ပြုပြီးနောက် ကျီကျောက်သည် လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။
“တကယ် ကံကောင်းတာပဲ။”
“အာ့ထောင် အရမ်းစိတ်မပူပါနဲ့” ကျီကျောက်၏ နဖူးပေါ်က ချွေးစက်များကို မြင်လိုက်ရအော့ ရှန်းယောင်ရဲ့ နှလုံးသားက ပိုလို့တောင် နာကျင်လာခဲ့သည်။
သူက လက်ကို အမြန်မြှောက်ပြီး သူမ၏ နဖူးပေါ်က ချွေးစက်များကို သုတ်ပေးလိုက်သည်။
“ကျွန်မ ဘယ်လိုလုပ်ပြီး စိတ်မပူပန်ဘဲနေလို့ရပါ့မလဲ” ကျီကျောက်က ဒေါသတကြီး နှုတ်ခမ်းစူပြီး ပြောလိုက်သည်၊ “ရှင် အခု ကျွန်မကို တကယ်ခြောက်လှန့်လိုက်တာပဲ။ ရှင့်ခြေထောက်ဒဏ်ရာကို ကုသဖို့ ဆရာ့အတွက် မလွယ်ကူခဲ့ဘူး…”
“အာ့ထောင် အရူးမလေး” ရှန်းယောင်က သူမ၏ ပါးပြင်လေးကို ရုတ်တရက် ဆွဲဖျစ်ညှစ်လိုက်သည်။ သူ၏ နူးညံ့ညင်သာသော လေသံထဲတွင် ချစ်စနိုးဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူက ရုတ်တရက် သူမအနားသို့ ကပ်သွားပြီး သူမ၏ နှုတ်ခမ်းလေးပေါ် ညင်သာစွာ အနမ်းခြွေချခဲ့သည်၊ “ချန်ချန်က မင်း ဒီနေ့ စိတ်မရွှင်ဘူးလို့ကိုယ့်ကိုပြောတယ်။”
“ဟုတ်တယ်” ကျီကျောက်က သူ့လက်မောင်းပေါ်မှီတွယ်ပြီး သူမ၏ မျက်လုံးများကို ညင်သာစွာ မှေးမှိတ်လိုက်သည်။ သူမ၏ အသံက ပိုလို့တောင် တိုးသဲ့နေခဲ့သည်၊ “ကျွန်မ အဖိုးကို သွားကန်တော့တဲ့အခါမှာ နည်းနည်းလေး ဝမ်းနည်းနေသလို ခံစားရတယ်။”
ရှန်းယောင်၏ လက်ဖဝါးက သူမရဲ့ ပိုးသားလိုဆံနွယ်လေးတွေကို ညင်သာစွာ ပွတ်သပ်ပေးရင်း တိတ်တိတ်လေး နှစ်သိမ့်ပေးသည်။
မသိလိုက်ဘဲ ရှန်းယောင်၏ ရင်ခွင်ထဲ လှဲနေသရွေ့ ကျီကျောက်၏ စိတ်သည် အံ့အားသင့်ဖွယ်ကောင်းစွာ ငြိမ်သက်သွားခဲ့သည်။
နောက်ဆုံးတော့ သူမ တကယ်ပဲ အိပ်ပျော်သွားခဲ့သည်…။
ဒါပေမယ့် သူမ အိပ်ပျော်နေစဉ် ထူးဆန်းတဲ့ အိပ်မက် တစ်ခု ထပ်မက်ခဲ့သည်။
ကျီချန်ကို ကျီမိသားစု၏ လယ်ကွင်းများကို ဖြေရှင်းရန် ရှီလျို့ရွာသို့ပြန်ခေါ်သွားသောအခါတွင် ကျီဟွေ့သည် အမှန်တကယ် ပြန်ပေါ်လာခဲ့သည်။
ကျီဟွေ့သည် ချန်ချန်က မိမစစ်ဖမစစ်ကလေးတစ်ယောက်ဖြစ်ပြီး ကျီမိသားစု၏ သွေးသားရင်း မဟုတ်ကြောင်း ပြောလာခဲ့သည်။
ထို့ထက်ပိုဆိုးတာက သူတို့က ချန်ချန်ကို တကယ် ပြန်ပေးဆွဲခဲ့ပြီး လူသူကင်းမဲ့တဲ့ တောင်ကြားထဲကို ပစ်ချလိုက်တာပဲ။
ရှန်းဟယ်တစ်ရွာလုံးအပါအဝင် ရှန်းမိသားစုမှ လူတိုင်းက သူ့ကို လိုက်ရှာခဲ့ကြသော်လည်း ကံမကောင်းစွာပဲ ကျီမင်တောင်တစ်ခုလုံးကို ရှာဖွေပြီးနောက်တွင်ပင် ချန်ချန်ကို သူတို့ ရှာမတွေ့ခဲ့ပါ။
တောင်ပေါ်မှာ တောရိုင်းဝံပုလွေအော်သံကိုလည်း ကြားခဲ့ရသည်။
“အာ့ထောင် နင့်မောင်လေးကို တောရိုင်းဝံပုလွေ စားသွားတာ ဖြစ်နိုင်လောက်တယ်။”
“ဟုတ်တယ် အာ့ထောင်၊ ရွာသားတွေ နေ့ရောညပါ လိုက်ရှာနေပေမယ့် နင့်မောင်လေးကို သူတို့ ရှာမတွေ့သေးဘူး။”
“ဒီတောနက်ထဲမှာ ဝံပုလွေတွေ၊ ကျားတွေ၊ ကျားသစ်တွေ အများကြီး ရှိတယ်။ တကယ်တော့ နင့်မောင်လေးက ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်…”
“အာ့ထောင် ငါတို့လည်း စိတ်မကောင်းပါဘူး။”
မဟုတ်ဘူး…။
အာ့ထောင်သည် အသည်းကြွေလုမတတ် အော်ဟစ်ပြီး ကုတင်ပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်သည်။
“အာ့ထောင် ဘာဖြစ်လို့လဲ” စာအုပ်ဖတ်နေသော ရှန်းယောင်သည် ကျီကျောက်၏ အော်သံကြောင့် လန့်သွားသည်။
“ရှန်းယောင်၊ ကျွန်မ…” ကျီကျောက်က စကားပြောခါနီးမှာ သူမ၏ လည်ချောင်းမှာ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ သူမ၏ မျက်လုံးထဲမှာ ကြယ်တွေ လတွေတောင် ပေါ်လာသည်။
ရှန်းယောင်က သူ့ဘေးက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို အမြန်ယူပေးပြီး “စိတ်မပူနဲ့။ မင်းလည်ချောင်းကို စိုစွတ်စေဖို့ ရေအရင်သောက်လိုက်ပါဦး” ဟု ပြောလိုက်သည်။
ကျီကျောက်သည် လက်ဖက်ရည်ခွက်ကိုကိုင်ပြီး ညင်သာစွာ တစ်ငုံသောက်လိုက်သည်။
ဒါပေမယ့် သူမ၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်များသည် ထိန်းမနိုင်သိမ်းမရ တုန်ရီနေသေးသည်။
“မင်း နောက်ထပ် အိပ်မက်ဆိုး မက်တာလား။”
ရှန်းယောင်က သူမ၏ ချွေးစက်များကို သုတ်ဖယ်ပေးရင်း ညင်သာစွာ မေးလိုက်သည်။
“အင်း” ကျီကျောက်သည် သူမ၏ မျက်လုံးများကို ညင်သာစွာ မှိတ်ထားပြီး ခပ်ဖွဖွ ခေါင်းညိတ်သည်။
အခုလေးတင် သူမ ထိတ်လန့်တကြား ထအော်ရတဲ့ အကြောင်းရင်းက သူမရှေ့မှာ ဝံပုလွေစားတာခံထားရပုံပေါ်တဲ့ အရိုးစုတစ်ခု သူမရှေ့မှာ ပေါ်လာခဲ့လို့ပင်…။
***