ကိုယ့်ကိုယ်ကို မကူညီနိုင်ဘူး။
Vol. 12 Ch. 204
ကျီကျောက်သည် အိပ်မက်ဆိုးကို ပြန်တွေးလိုက်ချိန်မှာတော့ သူမရင်ထဲ အရမ်းကို တင်းကြပ်နေပြီး အသက်ရှုမဝသလို ခံစားလိုက်ရသည်။
ရှန်းယောင်သည် သူမ၏ နောက်ကျောကို အသာအယာ ပုတ်ပေးပြီး “အာ့ထောင် မကြောက်နဲ့။ ကိုယ် ဒီမှာ ရှိတယ်” ဟု ပြောပေးခဲ့သည်။
အဆိုပါ ရိုးရှင်းသော စကားလုံးများသည် ကျီကျောက်၏ စိတ်ခံစားမှုများကို အံ့ဖွယ်နည်းဖြင့် ငြိမ်သက်သွားစေခဲ့သည်။
ကျီကျောက်သည် ရှန်းယောင်၏ ရင်ခွင်ထဲသို့ မှေးမှီ၍ သူ၏ တည်ငြိမ်ပြီး ပြင်းထန်သော နှလုံးခုန်သံကို နားထောင်ပြီး နောက်ဆုံးတွင် လုံးဝ စိတ်ငြိမ်သွားခဲ့သည်။
“မင်း သက်သာလာပြီလား” ရှန်းယောင်က သူမ၏ ပခုံးလေးကို ပွတ်သပ်ပေးရင်း တိုးတိုးလေး မေးလာခဲ့သည်။
“အင်း”
ကျီကျောက်က အတင်းပြုံးလိုက်သည်၊ “ကျွန်မ… ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုး တစ်ခု မြင်မက်ခဲ့တယ်။ အဲ့တာကြောင့် ကျွန်မ ထိတ်လန့်တကြား လန့်နိုးလာခဲ့တာပဲ။”
“မကြောက်ပါနဲ့။ အိပ်မက်ကို လက်တွေ့နဲ့ ဆန့်ကျင်ဘက်ယူရတယ်” ရှန်းယောင်က သူမ၏ နဖူးလေးကို နမ်းရှိုက်လိုက်ပြီး သူ့အသံမှာ နူးညံ့နွေးထွေးမှုတွေ ပြည့်နှက်နေခဲ့သည်၊ “အိပ်တော့နော်၊ ကိုယ် မင်းနဲ့ အတူရှိနေပေးမယ်။”
“… ကောင်းပါပြီ။”
နှစ်ယောက်သား အတူအိပ်ကြပြီး ကျီကျောက်သည် သူ့ရင်ခွင်ထဲတွင် မှီလျက်သား အိပ်ပျော်သွားခဲ့သည်။
သူမသည် တစ်ညတာလုံး အေးချမ်းစွာ အိပ်စက်ခဲ့သည်။
မိုးလင်းတဲ့အထိ သူမ မနိုးဘူး။
သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ရှန်းယောင်၏ အိပ်မောကျနေသော မျက်နှာသည် သူမမျက်နှာနှင့် အလွန်နီးကပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်ခုံးတွေက ထူထဲပြီး သူ့နှာတံက ဖြောင့်စင်းနေသည်။ ပို၍အရေးကြီးသည်မှာ သူ့နှုတ်ခမ်းများသည် ယခုအခိုက်အတန့်တွင် အလွန်ညှို့ယူနိုင်စွမ်းရှိပုံရသည်။
တရားမျှတစွာပြောရလျှင် ရှန်းယောင်က အလွန်ချောမောသည်။
ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့ နှစ်ဦးစလုံးသည် အလွန်ကြည့်ကောင်းသော ရုပ်ရည်ရှိသူများ ဖြစ်သည်။ ရှန်းညီအစ်ကို သုံးယောက်စလုံးသည် အလွန်ကြည့်ကောင်းသည်။
ဒါပေမယ့် သူ့မိဘများ၏ အားသာချက်တွေအားလုံးကို ပေါင်းစပ်ထားတဲ့ ရှန်းယောင်က အချောဆုံး ဖြစ်နေဆဲ ဖြစ်သည်။
မထင်မှတ်ဘဲ ကျီကျောက်သည် သူမ၏ ဘယ်လက်ညှိုးကို ရုတ်တရက် ဆန့်ထုတ်ပြီး ရှန်းယောင်၏ နှာသီးဖျားလေးကို ချစ်စနိုးလေး ပုတ်လိုက်သည်။ ထို့နောက် သူမသည် အောက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလာပြီး သူ့နှုတ်ခမ်းပေါ် ရောက်သွားခဲ့သည်။
ကျီကျောက်က သူ့ကို စိုက်ကြည့်ရင်း မိုက်မဲစွာ ပြုံးလိုက်သည်။
သူမ ရှေ့သို့ ဆက်သွားခါနီးတွင် သူမ၏ လက်ညှိုးပေါ်တွင် စိုစွတ်သော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူမ ရင်ထဲ လျှပ်တပြတ် ဓာတ်လိုက်သွားသလိုမျိုး ထုံကျင်သွားခဲ့သည်။
ထိုအခါမှသာ ရှန်းယောင်က သူမ၏ လက်ညှိုးကို ကိုက်နေမှန်း သူမ သိလိုက်ရသည်။
“ရှင်…” ကျီကျောက်သည် သူမ၏ လက်ညှိုးကို ထိတ်လန့်တကြား ပြန်ဆွဲထုတ်ပြီး ရှက်သွေးဖြာသွားသည်။
“အာ့ထောင်”
“ရှင်”
သူမ မတုံ့ပြန်နိုင်ခင် ရှန်းယောင်က ရှေ့ကို ငုံ့ပြီး သူမ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
သူသည် ပျားရည်အတွက် ပန်းဝတ်ရည်ကို အချိန်အတော်ကြာအောင် လိုက်ရှာနေသည့် ပျားတစ်ကောင်က ရုတ်တရက် နှင်းဆီပန်းတစ်ပွင့်ကို တွေ့လိုက်ရသကဲ့သို့ပင်။
ပြင်းထန်သော အနမ်းသည် ပိုင်ဆိုင်လိုမှုနှင့် ဖိနှိပ်မှုအပြည့်ရှိသည်။
ကျီကျောက် ရုတ်တရတ် အသိဝင်လာချိန်တွင် သူ့ပခုံးပေါ် လက်တင်ထားတာကို သတိပြုမိသွားသည်။
သူမသည် ရှန်းယောင်ကို ထိတ်လန့်တကြား တွန်းထုတ်လိုက်ပြီး “ကျွန်မ သွားမတိုက်ရသေးဘူး…” ဟု ထစ်ထစ်ငေါ့ငေါ့ပြေသည်။
ထို့နောက် သူမသည် လေပြင်းတိုက်သကဲ့သို့ ကုတင်ပေါ်မှ အမြန်ထလိုက်သည်။
သုတ်သုတ် သုတ်သုတ်နှင့် ပျာယာခတ်နေသော သူမကို ကြည့်ရင်း ရှန်းယောင်က မပြုံးဘဲ မနေနိုင်ပေ။
သူ့နှလုံးသားထဲမှာတော့ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
သူနဲ့ အာ့ထောင်တို့က ချစ်မြတ်နိုးနေကြပေမယ့် တကယ့် စုံတွဲတွေ မဟုတ်သေးဘူး…။
တကယ်တော့ အာ့ထောင် မနိုးခင်ကတည်းက သူနိုးနေခဲ့ပြီ။
အာ့ထောင်ရဲ့ တုံ့ပြန်မှုကိုမြင်ချင်လို့ သူ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေခဲ့တာပင်။
နောက်ဆက်တွဲအနမ်းတဲ့ ပတ်သက်ပြီးတော့ သူ လုံးဝ ထိန်းမရခဲ့ဘူး။
သို့သော်လည်း အာ့ထောင်ရဲ့ နောက်ဆုံး တုံ့ပြန်မှုအရ သူမက သူ့ကို ကြောက်နေပုံရသည်။
အခန်းထဲမှ ထွက်လာပြီးနောက် ကျီကျောက်သည် သူမ၏ မျက်နှာလေး လောင်ကျွမ်းလုမတတ် ပူလောင်နေတာကို ခံစားလိုက်ရသည်။
တကယ်တော့ သူမသည် ရှန်းယောင်ရဲ့ ရင်းနှီးတွယ်တာမှုကို ငြင်းပယ်ခဲ့တာ မဟုတ်သလို သူမသည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မျှော်လင့်ချက်အချို့ ရှိခဲ့သည်…။
သို့သော် ရှန်းယောင်၏ ခြေထောက်ဒဏ်ရာက အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ သူနှင့် နောက်တစ်ဆင့် မတက်ခင် သူပြန်ကောင်းလာမည့်အချန်ကို စောင့်နေချင်သည်။
ကျောက်လန်ဟွာ မီးဖိုချောင်ထဲသို့ လှမ်းဝင်သွားသောအခါတွင် ကျီကျောက်သည် မီးဖိုရှေ့တွင် ကြောင်တက်တက်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ပိုထူးဆန်းတာက သူမ မျက်နှာကို တဖတ်ဖတ် ရိုက်နေတာပါပဲ။
“အာ့ထောင် ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်နေတာလဲ။ မနာဘူးလား။”
“အမေ” ကျီကျောက်က မသိစိတ်က နောက်လှည့်ကြည့်ပြီး ရူးမိုက်စွာ ပြုံးရယ်ပြလိုက်သည်၊ “ဘာလို့ အစောကြီးနိုးနေတာလဲ။”
“မိုးလင်းနေပြီ” ကျောက်လန်ဟွာ တံခါးအပြင်ဘက်ရှိ ကောင်းကင်ကို လက်ညှိုးထိုးပြပြီး ဘွင်းဘွင်းရှင်းရှင်း မေးလာခဲ့သည်၊ “နင် ဘာဖြစ်လို့ မီးဖိုချောင်ထဲ ဒီလောက် အစောကြီး ရောက်နေတာလဲ။ ဗိုက်ဆာနေလို့လား။”
“အမေ သမီးတို့ ဒီမနက် ဘာစားကြမလဲ” ကျီကျောက်က အပြုံးတစ်ပွင့်ဖြင့် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
“နင် ဘာစားချင်လို့လဲ။”
“ဂျုံမုန့်ညက်စွပ်ပြုတ်” ကျီကျောက်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်၊ “ကလေးမ နင် ဂျုံမုန့်ညက်စွပ်ပြုတ်သောက်ရတာကို ဒီလောက်တောင် ကြိုက်ရလား။”
“အမေ့ရဲ့ ဂျုံမုန့်ညက်စွပ်ပြုတ်က အရမ်းအရသာရှိလို့လေ” ကျီကျောက်က အပြုံးဖြင့် ပြန်ဖြေသည်။
“ကောင်းပါပြီ၊ ဒါဆို ဒီမနက်စာကို ငါတို့ ဂျုံမုန့်ညက်စွပ်ပြုတ်ပဲ စားကြတာပေါ့” ကျီကျောက်
မြှောက်ပင့်မှုအောက်တွင် ကျောက်လန်ဟွာက ဝမ်းသာပီတိဖြစ်စွာ အားရပါးရ ပြုံးရယ်သွားခဲ့သည်။
“အမေ၊ အမေက ဂျုံမုန့်ညက်စွပ်ပြုတ်လုပ်မယ်ဆိုရင် သမီးက ဘန်းမုန့်ကြော်လိုက်မယ်။”
“ကောင်းပြီလေ။”
သမီးယောက္ခမနှစ်ယောက်သား အရသာရှိတဲ့ မနက်စာ ချက်ပြုတ်နေစဉ် စကားစမြည် ပြောဆိုရင်း ရယ်မောနေကြသည်။
ခဏအကြာတွင် ရှန်းမိသားစု မီးဖိုချောင်ထဲမှ နောက်ထပ်ရနံ့တစ်ခု ထွက်ပေါ်လာသည်။
“ဒီတာ့ရှန်းတို့မိသားစုကတော့ အရသာရှိတာတွေ ထပ်ချက်ပြန်ပြီ။ ဒီအနံ့က အရမ်းအရသာရှိမယ့်ပုံပဲ။”
“ရှင် ဘယ်လောက်တောင် လောဘကြီးနေလဲဆိုတာကို ကြည့်ပါဦး” ကျီကွေ့ဟွားက သူ့အမျိုးသားကို ဒေါသတကြီး စိုက်ကြည့်နေသည်။
အရင်တုန်းက ဆောင်းရာသီဆိုရင် သူ့အမျိုးသားက မနက်မိုးလင်းတဲ့အထိ အိပ်ရာမထဘူး။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူ အိပ်ရာစောစောထတယ်။
နံဘေးအိမ်က မနက်စာရနံ့ကြောင့် သူ့အမျိုးသား အိပ်ရာစောစောထတာပင်။
သို့သော်လည်း ကျီကွေ့ဟွားသည် သူမ၏ အိမ်နီးနားချင်း ကျောက်လန်ဟွာနှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့် သူမသည် အိမ်မှ ပဲနို့အိုးကြီးတစ်လုံးကို လိမ္မာပါးနပ်စွာ ထုပ်ပိုးပြီး ရှန်းမိသားစုအိမ်တံခါးဝသို့ အချိန်ကိုက် ရောက်ရှိသွားခဲ့သည်။
အဆုံးမှာတော့ သူမသည် စုစုပေါင်း ဘန်းမုန့်ကြော် ရှစ်ခုကို အောင်မြင်စွာ ပြန်ယူလာနိုင်ခဲ့သည်။
စိတ်ကျေနပ်တဲ့ အမူအရာနဲ့ စားသောက်နေတဲ့ သူ့အမျိုးသားကိုကြည့်ပြီး ကျီကွေ့ဟွားက မပြုံးရယ်နိုင်ဘဲရှိ၏။
ထိုအချိန်တွင် ရှန်းမိသားစုကတော့ ပျော်ရွှင်ရယ်မောနေပြီး သဟဇာတဖြစ်နေခဲ့သည်။
အထူးသဖြင့် ရှန်းယောင် ပင်မအခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာချိန်တွင် ကျီကျောက်မှလွဲ၍ အခြားသူများအားလုံး အံ့ဩသွားကြသည်။
“စန်းလန်၊ မင်း... မင်း သက်သာသွားပြီလား” ဘန်းမုန့်ကို ပျော်ရွှင်စွာ စားသောက်နေတဲ့ ရှန်းတာရှန်သည် သူ့ရှေ့တွင် ရပ်နေသော သူ့သားအငယ်ဆုံးကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ မသိလိုက်ဘဲ သူ့မျက်လုံးတွေ နီမြန်းလာခဲ့သည်။
“အဖေ၊ အမေ၊ ကျွန်တော့်ခြေထောက်တွေ ပြန်ကောင်းလာပြီ” ရှန်းယောင်က ပြုံးပြီး ဒီစာကြောင်းတိုတိုလေးကို ညင်သာစွာ ပြောလိုက်သည်။
သို့သော် ဤစကားလုံးများ၏ အလေးချိန်သည် အလွန်လေးလံပါသည်။
“ကောင်းပြီ၊ အရမ်းကောင်းတယ်” ကျောက်လန်ဟွာက အလွန်စိတ်လှုပ်ရှားသွားပြီး ရှေ့ကို အလျင်စလို တက်သွားခဲ့သည်၊ “စန်းလန်၊ နောက်ထပ် ခြေလှမ်း နှစ်လှမ်းလောက် လှမ်းနိုင်မလား။ အမေကြည့်လို့ရအောင် နောက်ထပ် ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြပေးပါဦး။”
ရှန်းယောင်က ပြုံးပြီး နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်။ ထို့နောက် သူက သူ့မိသားစုရှေ့ ပင်မအခန်းတွင် ခြေလှမ်း အနည်းငယ် လမ်းလျှောက်ပြခဲ့သည်။
“ဒါက အရမ်းကောင်းတယ်။”
“စန်းလန် နောက်ဆုံးတော့ ပြန်ကောင်းသွားပြီ။”
“အမေ၊ မနက်ဖြန်ကျရင် ဘုရားလောင်းအတွက် အမွှေးတိုင် သွားပူဇော်သင့်လား။”
“အဖေ၊ အမေ၊ အစ်ကိုကြီး၊ အကြီးဆုံးမရီး၊ ဒုတိယအစ်ကို၊ ဒုတိယမရီး” ရှန်းယောင်က လေးထောင့်စားပွဲမှာ ဝင်ထိုင်ပြီး သူတို့တွေကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ဆိုလိုက်သည်။ ထို့နောက် သူက လေးနက်သော အသွင်အပြင်နှင့် ပြောလိုက်၏၊ “ကျွန်တော် စာအုပ်တွေကို ပြန်ကိုင်ပြီး တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုချင်တယ်။”
“ကောင်းပြီ” ရှန်းတာ့ရှန်က အရင်ဆုံး လက်ခုပ်တီးပြီး အားပေးခဲ့သည်၊ “ဒီလိုပဲ ဖြစ်သင့်တယ်။”
“စန်းလန် မင်းက စာကိုပဲ ပြန်လေ့လာချေ။ မိသားစုကို ငါ ဂရုစိုက်ထားလိုက်မယ်” ရှန်းတာ့လန်က သူ့ရင်ဘတ်ကိုပုတ်ပြီး လေးလေးနက်နက် ကတိပေးသည်။
“ကျေးဇူးပါ အစ်ကိုကြီး” ရှန်းယောင်သည် လူတိုင်းကို ကြည့်ပြီး အလေးအနက် စကားဆိုသည်၊ “ကျွန်တော့်ခြေထောက်ဒဏ်ရာရပြီးကတည်းက ကျွန်တော် ပြန်ကောင်းမလာခဲ့ဘူး။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ မိဘတွေ ညီအစ်ကိုမောင်နှမတွေရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်စိတ်ထဲက အထုံးကို ဖြည်းဖြည်းချင်း ဖြေဖျောက်လာနိုင်ခဲ့တယ်။”
နောက်ဆုံးတွင် ရှန်းယောင်၏ အကြည့်သည် ကျီကျောက်၏ မျက်နှာပေါ်သို့ ကျရောက်သွားကာ “ကျွန်တော် တော်ဝင်စာမေးပွဲကို ထပ်ဖြေချင်တယ်။ ကျွန်တော် ထိပ်တန်းစာသင်သားဖြစ်တဲ့နေ့မှာ အာ့ထောင်ကို လက်ထပ်မယ်။” ဟု စကားလုံး တစ်လုံးချင်းစီ အလေးအနက် ပြော၍ ကတိပေးခဲ့သည်။
***