← Chapters

အစ်မက သူ့မျက်လုံးတွေကို မှုတ်ပေးနေတာ။

Vol. 12 Ch. 205

အစ်မက သူ့မျက်လုံးတွေကို မှုတ်ပေးနေတာ။

Vol. 12 Ch. 205

ရှန်းယောင်၏ အသံသည် အလွန်နူးညံ့သော်လည်း သူပြောသည့် စကားလုံးတိုင်းသည် အလွန်လေးနက်သည်။

“စန်းလန် မင်း ဘာမှ စိတ်ပူဘဲ စာပဲ လေ့လာပါ” ရှန်းတာ့ရှန်က ဖြည်းညှင်းစွာ ပြောလိုက်သည်၊ “မိသားစုအရေးကို စိတ်ပူနေစရာ မလိုဘူး။ မင်းအမေနဲ့ ငါက အစစ အရာရာ ဂရုစိုက်လိုက်မယ်။”

“ဟုတ်ကဲ့ပါ။”

၁၂ လပိုင်း ၂၃ ရက်နေ့သည် ရှန်းမိသားစုရှိ လူတိုင်းအတွက် ဂုဏ်ပြုထိုက်နေသာ နေ့ရက်ကောင်း ဖြစ်သည်။

ရှန်းယောင်သည် ခြေကျိုးရှန်းဆိုသည့်ဘွဲ့မှ လုံးဝ ကင်းလွတ်သွားသောကြောင့်ဖြစ်သည်။

သို့သော် ကျီကျောက်၏ ပြင်းထန်သော တောင်းဆိုမှုအရ ရှန်းယောင်သည် မနက်စ စားပြီးသည်နှင့် အိပ်ရာပေါ် ပြန်လှဲနေလိုက်သည်။

“ရှင့်ရဲ့ စိတ်အားထက်သန်မှုကို ကျွန်မ နားလည်တယ်” ကျီကျောက်က သူ့မျက်လုံးတွေကို စိုက်ကြည့်ကာ လေးလေးနက်နက် အကြံပေးသည်၊ “ဒါပေမယ့် ဆရာက သူ မထွက်သွားခင်မှာ ရှင် အခု လမ်းလျှောက်နိုင်ရင်တောင် အရမ်းမလျှောက်သေးဖို့ ရှင့်ကို အထူးညွှန်ကြားထားခဲ့တယ်လေ။”

“ဒါဆိုရင်ရော ဘယ်လိုလဲ။ အခုကစပြီး ရှင် အိပ်ရာထပြီး အစာစားတာကလွဲလို့ တစ်နေ့လျှင် ၁၅ မိနစ်ခန့် အိပ်ရာပေါ်ကနေထပြီး လမ်းလျှောက်နိုင်တယ်။ ရှင် ပတ်တီးတွေ ဖယ်ပြီးတဲ့အခါကျရင်တော့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်တယ်။”

အာ့ထောင်၏ လေးနက်သော အမူအရာကို ကြည့်ပြီး ရှန်းယောင် ပြုံးလိုက်သည်။

“ရှင် ဘာရယ်တာလဲ။”

“မရယ်ပါဘူး” ရှန်းယောင်က ခေါင်းကို ညင်ညင်သာသာ ခါလိုက်သည်၊ “အာ့ထောင်က ကိုယ့်ကို အရမ်းစိတ်ပူနေတာပဲလို့ တွေးမိနေရုံပါပဲ။”

“ဘယ်သူကလဲ၊ ရှင့်ကို ဘယ်သူက စိတ်ပူနေတာလဲ” ကျီကျောက်သည် ရုတ်ခြည်း သူမ၏ လည်ပင်းကို ဆန့်တန်းကာ သူ၏ စိတ်အားထက်သန်နေသော အကြည့်တွေကနေ ရှောင်လွှဲလိုက်သည်၊ “ကျွန်မက ရှင် စကားနားမထောင်ရင် ဆရာ စိတ်ဆိုးသွားမှာကို စိုးရိမ်နေလို့ပါနော်။”

“အာ့ထောင် မင်း ဒီနားကို လာလို့ ရမလား။”

“မလာနိုင်ဘူး။”

“ကိုယ့်ခြေထောက်က နည်းနည်းနာနေသလိုပဲ” ရှန်းယောင်သည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ မသက်မသာဖြစ်သွားဟန်ဆောင်ကာ ပြောလိုက်သည်။

“ဘယ်မှာလဲ။ ဘယ်နားက နာတာလဲ” ကျီကျောက်က ရှေ့ကို အမြန်ပြေးလာပြီး ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။

ရှန်းယောင်က သူမ၏ ခါးလေးကို ပွေ့ဖက်လိုက်သည်။

“အခုတုန်းက မင်းပဲ ကိုယ့်ကို စိတ်မပူဘူးလို့ပြောခဲ့တာလေ။ ဟင်…”

သူ့ရဲ့ နွေးထွေးသော အသက်ရှုသံများက သူမ၏ လည်ပင်းပေါ် ကျရောက်လာပြီး သူမအား ရင်ခုန်မြန်သွားစေသည်။

သူမကို ပိုလို့တောင် မခံမရပ်နိုင်အောင်ဖြစ်စေတာက ရှန်းယောင်၏ လေသံဟာ အဓိပ္ပါယ်နှစ်ခွထွက်စေသော အနက်တွေ ပြည့်နှက်နေလို့ပါပဲ။

သူမ ရင်ထဲ မှိန်ဖျဖျ ငှက်မွေးလေး တိတ်တဆိတ် ဆင်းသက်လာသကဲ့သို့ပင်။

ငြိမ်သက်နေပုံရပေမယ့် တကယ်တမ်းတော့ လှိုင်းကြက်ခွပ်လေးတွေ ပေါ်လာနေပြီ။

“ရှင်… အခု ရှင် ကျွန်မကို လိမ်နေတာလား” ကျီကျောက်သည် ဒေါသတကြီး ပါးဖောင်းလိုက်သည်။ ကျီကျောက်သည် သူမ၏ လက်သီးဆုပ်လေးများဖြင့် ရှန်းယောင်၏ ရင်ဘတ်ကို ခပ်ပြင်းပြင်း ထုလိုက်သည်။ ရှန်းယောင်သည် သူမ၏ လက်သီးဆုပ်လေးများကို လျင်မြန်စွာ ဆွဲယူပြီး သူမကို နမ်းလိုက်သည်။

အနမ်းကြောင့် မူးဝေသွားတဲ့ ကျီကျောက်သည် သူမ၏ လက်သီးဆုပ်လေးများကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။

သူတို့နှစ်ယောက်သား ကော်နှင့် ကပ်ထားသလို ပူးကပ်နေခဲ့သည်…

“အစ်မ၊ ယောက်ဖ” တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ကျီချန်က လှမ်းအော်ခေါ်သည်။

ကျီကျောက်သည် ရှန်းယောင်ကို ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သော်လည်း သူမသည် အလွန်စိုးရိမ်စိတ်များနေသောကြောင့် သူ့နဖူးနှင့် မတော်တဆ တိုက်မိသွားခဲ့သည်။ သူမသည် နာကျင်မှုကြောင့် ပင့်သက်ရှိုက်မိသွားသည်။

“မင်း အဆင်ပြေရဲ့လား” ရှန်းယောင်က အလွန်စိတ်ပူသွား၏။ သူက သူမ၏ နဖူးကို စစ်ကြည့်ဖို့လုပ်ချိန်တွင် ကျီကျောက်က သူ့ကို ရှောင်လိုက်သည်။

“ချန်ချန် ဘာဖြစ်လို့လဲ” ကျီကျောက်က ကမန်းကတန်း လှည့်ကြည့်ပြီး ကျီချန်ဆီ လျှောက်သွားခဲ့သည်။

ကျီချန်ရဲ့ ဇဝေဇဝါဖြစ်နေတဲ့အကြည့်တွေကိုမြင်တော့ ကျီကျောက်က အလျင်စလို ရှင်းပြပေးခဲ့သည်၊ “အခုလေးတင်… အခုလေးတင်၊ နင့်ယောက်ဖရဲ့ မျက်လုံးထဲ ယင်ကောင် တစ်ကောင် ဝင်သွားလို့လေ။ အစ်မက သူ့မျက်လုံးကို မှုတ်ပေးနေတာ။”

“ယင်ကောင် တစ်ကောင်လား”ကျီချန်က ကျီကျောက်၏ ပါးစပ်ကို တိတ်တဆိတ် လက်ညှိုးထိုးပြသည်။

“အစ်မပါးစပ်က နီနေတယ်။ အဲ့ပိုးကောင်က အစ်မကိုကိုက်သွားတာလား။”

ကျီကျောက်၏ မျက်နှာသည် ပို၍ပင် နီမြန်းသွားခဲ့သည်။

သူက ခေါင်းညိတ်ပြီး ခပ်တိုးတိုး ရေရွတ်သည်၊ “ဟုတ်တယ်။ အစ်မကို ပိုးကောင်ကိုက်သွားတာ။”

ရှန်း-ပိုးကောင်-ယောင်၊ ငါပဲ နားကြားမှားတာလား။ ငါ ဘယ်တုန်းက ပိုးကောင် ဖြစ်သွားတာလဲ။

“အစ်မ၊ ကြည့်ပါဦး” ကျီချန်သည် ပန်းချီကား တစ်ချပ်ကို ကျီကျောက်အား စိတ်လှုပ်ရှားစွာ ကမ်းပေလိုက်သည်။

၎င်းသည် အလွန်ရိုးရှင်းသော်လည်း လှပသော ပန်းချီကားတစ်ချပ်ဖြစ်ပြီး ၎င်းပေါ်တွင် လူပုံရိပ်များစွာကို ရေးဆွဲထားသည်။

အချို့သော အထောက်အထားများအရ ကျီကျောက်သည် ကျီချန်က မွေးချင်းများနှင့် ရှန်းမိသားစု တစ်စုလုံးကို ရေးဆွဲထားကြောင်း နောက်ဆုံးမှာတော့ ကျီကျောက် နားလည်သဘောပေါက်သွားခဲ့သည်။ သူက ကျွမ်းကျွမ်းကိုပင် ထည့်ဆွဲထားသည်။

သို့သော် သူမမောင်လေး၏ ပန်းချီစွမ်းရည်ကို သူမ ဘယ်လိုမျိုး ချီးကျူးသင့်လဲ။

သူ့ရေးဆွဲပုံက ဗန်ဂိုးနှင့်တူသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် ပုံကို ဂရုတစိုက် မကြည့်ရှုလျှင် ဘယ်သူက ဘယ်သူဆိုတာကို မပြောနိုင်ပေ။

“ငါတို့ချန်ချန်ရဲ့ ပန်းချီကားက တကယ်ကောင်းတယ်” ကျီကျောက်သည် မျက်လုံးလေးတွေပါ ကွေးညွှတ်လုမတတ် ကြင်နာတတ်သော အပြုံးလေးဖြင့် ကျီချန်၏ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်၊ “ဒါပေမယ့် အစ်မက ငါတို့ချန်ချန်လေး တိုးတက်ဖို့ အများကြီး လိုသေးတယ်လို့ ထင်တယ်။ ဒါကြောင့် မောင်လေးက မာနမကြီးဘဲ စိတ်ရှည်ရမယ်၊ လိမ်လိမ်မာမာ စာလုပ်ရမယ်နော်၊ နားလည်လား။”

ချီးကျူးခံလိုက်ရသော ကျီချန်သည် နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်။

ကျီချန် ထွက်သွားခါနီးတွင် ကျီကျောက်၏ စူးရှသော မျက်လုံးတွေက သူ့လက်ကောက်ဝတ်တွင် ချည်နှောင်ထားသော ကြိုးနီလေးကို တွေ့လိုက်ရသည်။

“ဒါက ဘာက ရတာလဲ” ကျီကျောက်သည် ကျီချန်၏ လက်ကို ထိတ်လန့်တကြား ဆွဲကိုင်ပြီး ကြိုးနီလေးကို စိုက်ကြည့်နေသည်။

“အန်တီ ပေးထားတာ” ကျီချန်က သူ့လက်ကောက်ဝတ်ကို နာခံမှုရှိစွာ ထုတ်ပြပေးသည်။

“မက်မွန်စေ့လေးလေ၊ နတ်ဆိုးတွေကို တွန်းလှန်ဖို့တဲ့။”

ကျီကျောက်သည် ကြိုးနီလေးကို အနီးကပ်ကြည့်ရှုကြည့်ရာ ကြိုးနီလေးပေါ်ရှိ မက်မွန်စေ့လေးတွင် ခြင်းတောင်းပုံသဏ္ဍာန်အဖြစ် ထွင်းထုထားကြောင်း သတိပြုမိလိုက်သည်။ ဒါက အလွန်ချစ်ဖို့ကောင်းသည်။

ဒါပေမယ့် ကျီကျောက်ရဲ့ နှလုံးသားက ဒီအချိန်မှာ ဟိုးအောက်ဆုံးအထိ နစ်မြှုပ်သွားခဲ့သည်။

မနေ့ညက အိပ်မက်ဆိုးထဲက အလောင်း၏ လက်ကောက်ဝတ်မှာ ကြိုးနီလေး ပတ်ထားခဲ့သည်။ ဤအခိုက်အတန့်တွင် ကျီကျောက်သည် ထိုအရာက အိပ်မက်ဆိုးတစ်ခုမျှသာဖြစ်ကြောင်း မယုံကြည်နိုင်ခဲ့ပေ။

“အစ်မ”

“အာ့ထောင်” ရှန်းယောင်သည် သူမ၏ တောင့်တင်းသွားသော ကျောပြင်ကို မြင်လိုက်ရသဖြင့် ကုတင်ပေါ်ကနေ အမြန်ထပြီး ကျီကျောက်၏ နံဘေးနားသို့ လျှောက်လာသည်။

သူ့ရဲ့ လျင်မြန်တဲ့ အကြည့်တွေနဲ့ လက်တွေကြောင့်သာ မဟုတ်ရင် ကျီကျောက် မြေကြီးပေါ်သို့ လဲကျပြီးသားဖြစ်နေလိမ့်မယ်။

“ရှန်းယောင်” ကျီကျောက်သည် သူမ၏ နှုတ်ခမ်းကို ခါးသီးစွာ ကိုက်ထားခဲ့သည်၊ “အိပ်မက်ဆိုးတိုင်းက လက်တွေ့နဲ့ ဆန့်ကျင်ဘက် မဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်။”

ရှန်းယောင်ကဲ့သို့သော ထက်မြက်သည့် လူတစ်ယောက်ဟာ သူ့စကားနောက်ကွယ်ရှိ ကွယ်ဝှက်ထားသော အဓိပ္ပါယ်ကို ဘယ်လိုလုပ်ပြီး နားမလည်ဘဲ ရှိပါ့မလဲ။

“အစ်မ နာတယ်…” ကျီချန်က မထိန်းနိုင်ဘဲ ငိုချလိုက်သည်။

ထိုအခါမှသာ ကျီကျောက်သည် ကျီချန်၏ လက်ကောက်ဝတ်ကို မသိစိတ်က တင်းတင်း ဆုပ်ကိုင်ထားမိကြောင်း သတိပြုလိုက်သည်။ သူမက အမြန်လွှတ်ပေးလိုက်ပြီး အပြစ်ရှိစွာ တောင်းပန်လိုက်သည်၊ “ချန်ချန် အစ်မ တောင်းပန်ပါတယ်။”

“အစ်မ မငိုပါနဲ့။ ကျွန်တော် မနာတော့ပါဘူး။”

ထိုအချိန်မှပင် ကျီကျောက်သည် မသိလိုက်ဘဲ မျက်ရည်ကျနေမိကြောင်း သိလိုက်ရသည်။

ရှန်းယောင်က ဒီအကြောင်းကို လေးလေးနက်နက် စဉ်းစားပြီး နားလည်သွားသည်၊ “အာ့ထောင် အိပ်မက်ဆိုးက မဖြစ်သေးဘူး။ ကိုယ်တို့မှာ အခွင့်အရေး ရှိနေတုန်းပါပဲ။”

“အခွင့်အရေးလား။”

သူ့စကားတွေက သူမကို အိပ်မက်ကနေ လှုပ်နှိုးပေးလိုက်သလိုပင်။

ထိုအခါမှသာ ကျီကျောက်သည် အိပ်မက်ဆိုးက မဖြစ်ပွားသေးကြောင်း သဘောပေါက်သွားသည်။

အနည်းဆုံးတော့ ကျီချန်က သူမရှေ့မှာ အရင်အတိုင်း မတ်တပ်ရပ်နေတုန်းပါပဲ။

“ဟုတ်တယ်၊ အခွင့်အရေး ရှိသေးတယ်” ကျီကျောက်က သူမ၏ လက်ချောင်းလေးကို ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ချန်ချန်၊ မောင်လေး နှစ်သစ်ကူးအကြိုနေ့မတိုင်ခင် ကဗျာနှစ်ပုဒ် အလွတ်ကျက်နိုင်မယ်လို့ အစ်မ မျှော်လင့်တယ်။ ကျူးကောလျန့်ရဲ့ ‘ချူရှစ်ပျောင်’ နဲ့ လီပိုင်ရဲ့ ‘ရှုလမ်းကိုသွားစဉ်က အခက်အခဲများစွာ’ ဆိုတဲ့ နှစ်ပုဒ်ကို လေ့လာရမယ်” ကျီကျောက်က သူ့ကို အလေးအနက် သတိပေးခဲ့သည်၊ “နင့်ယောက်ဖက နင့်ကို သင်ပေးမှာမို့လို့ နင်အိမ်မှာ လိမ်လိမ်မာမာနေပြီး‌ နောက်ရက်တွေအထိ အပြင်မထွက်ရဘူး၊ နားလည်လား။”

“ဟုတ်ကဲ့”

ကျီကျောက်သည် ခေါင်းမော့ပြီး ရှန်းယောင်ကို လေးလေးနက်နက် စိုက်ကြည့်ကာ နောက်ဆုံးတွင် “ကျွန်မ ခရိုင်မြို့ကို သွားချင်တယ်” ဟု တိုးတိုးလေး ပြောသည်။

“ကိုယ် မင်းနဲ့အတူ လိုက်ပေးရမလား။”

“ဟင့်အင်း” ကျီကျောက်က ခေါင်းခါသည်၊ “ရှင် အိမ်မှာနေပြီး ပြန်ကောင်းလာဖို့ အနားယူရမယ်။ ဆရာက ရှင့်ကို ၁၅ ရက်နေ့အထိ အပြင်မထွက်ရဘူးလို့ မှာခဲ့တယ်။”

“ဒါပေမယ့် အာ့ထောင်၊ ကိုယ် မင်းကို စိတ်ပူတယ်။”

“စိတ်မပူပါနဲ့။ ကျွန်မ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို စဉ်းစားထားပြီးပြီ။”

***

All Chapters