နင့်လိုလူမျိုး အသက်ရှင်နေတာက လေထုကို ညစ်ညမ်းစေတာပဲ အဖတ်တင်တယ်။
Vol. 12 Ch. 207
ထိုအချိန်တွင် ချင်မင်ဟုန်၏ စိတ်ခံစားချက်များသည် အနည်းငယ် ရှုပ်ထွေးနေသည်။
“အစ်ကိုချင့်ကို ညီမ ကျေးဇူးကြိုတင်ထားလိုက်မယ်နော်” ကျီကျောက်က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ သူမ၏ လေသံမှာ ကျေးဇူးတင်စိတ်များ ပြည့်နှက်နေခဲ့သည်။
စကားဝိုင်းရဲ့ အဆုံးမှာတော့ ကျီကျောက်ဟာ စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ထဲကို ပျော်ရွှင်စွာ လျှောက်ဝင်သွားပြီး သူမရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ကာ သူမရဲ့ အရည်အချင်းတွေကို ပြသဖို့ အဆင်သင့်ဖြစ်နေပေမယ့် သူမ တစ်ချက်ကို မေ့လျော့သွားခဲ့သည်။
ဆောင်းရာသီတွင် ပါဝင်ပစ္စည်းများ ရှားပါးသည်။
စားသောက်ဆိုင်ရဲ့ မီးဖိုချောင်မှာတောင် သုံးစရာ ပစ္စည်းတွေ အများကြီး မရှိခဲ့ဘူး။
“ငါ့မှတ်ဉာဏ်ကို ကြည်ပါဦး။ ငါ့မှတ်ဉာဏ်က ပိုပိုဆိုးလာတယ်။ မနေ့က ငါ လူတိုင်းကို လစာပေးပြီး နှစ်ပတ်လည်ခွင့်ရက်ပေးထားတယ်။ အခု မီးဖိုချောင်ထဲမှာ ဘာပစ္စည်းမှ မရှိတော့ဘူး” ကျီကျောက်၏ မလှုပ်မယှက် အသွင်အပြင်ကို မြင်တော့ လက်ထောက်ဆိုင်ရှင်ယို့က သူ့ခေါင်းကို ဒေါသတကြီး ထုလိုက်သည်၊ “လမ်းအဝင်ဝက ကြက်ကင်ဆိုင်လည်း ပိတ်ပြီး အိမ်ပြန်သွားတော့ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ငါ ကြက်ကင်လေး တစ်ကောင်လောက် ဝယ်ထားလို့ ရတယ်။”
ကျီကျောက်သည် မီးဖိုချောင် တစ်ခုလုံးကို မွှေနှောက်ရှာဖွေခဲ့ရာ နောက်ဆုံးတွင် ပါဝင်ပစ္စည်း အနည်းငယ်ကို တွေ့ရှိခဲ့သည်။
“ဒုတိယအစ်ကိုယို့ ဒီပါဝင်ပစ္စည်းတွေနဲ့ဆို လုံလောက်တယ်။”
“အာ့ထောင် နင် သေချာလား” ပါဝင်ပစ္စည်း အနည်းငယ်ကို ကြည့်ကာ လက်ထောက်ဆိုင်ရှင်ယို့က မသေချာ မရေရာသလို မေးလိုက်သည်။
“သေချာတာပေါ့”
ပါဝင်ပစ္စည်းတွေအနေနဲ့ တို့ဟူး၊ မြေပဲ၊ ကြာမြစ်နဲ့ ဝက်ဗိုက်သားတွေ ရှိတယ်ဆိုမှတော့ လုံလောက်နေပြီ။
နာရီဝက်အတွင်း ကျီကျောက်သည် မြေပဲကြော် တစ်ပန်းကန်၊ ကြာမြစ်ချိုချဉ်ကြော်၊ မာဖိုတို့ဟူးနှင့် နှပ်ထားသော ဝက်ဗိုက်သား ပါးပါးလှီးကာ ဟင်းပွဲ တစ်ပွဲ ပြုလုပ်ခဲ့သည်။
ကျီကျောက်သည် သန့်ရှင်းသော ကြွေပြား တစ်ချပ်ကို တွေ့ရှိပြီး ဆေးကြောလိုက်သည်။
ပြီးတော့ ဆလပ်ရွက်တွေကို ရေဆေးပြီး ဖယ်ထားလိုက်သည်။
မွန်းတည့်ချိန်တွင် မာထုံ ရောက်လာခဲ့သည်။
“ငါတို့တွေ မတွေ့ဖြစ်တာ ရက်အနည်းငယ်လောက် ရှိပြီပဲ။ အစ်ကိုယို့ ဟင်းလျာအသစ် တီထွင်ခဲ့တာလား။”
စားပွဲဝိုင်းပေါ်တွင် မီးသွေးမီးဖိုးငယ်တစ်ခုရှိပြီး အပေါ်တွင် ကြွေပြားကို တင်ထားသည်။ ကြွေပြားပေါ် ဆီနည်းနည်းသုတ်ကာ နှပ်ထားသော ဝက်ဗိုက်သားချပ်များကို ကြွေပြားပေါ်တင်ပြီး ချက်ချင်း ကင်စားနိုင်သည်။
ဆီပေါက်နေသော အသံလေးကို နားထောင်ရသည်မှာ စားချင်စိတ်ကို အလွန်တိုးပွားစေသည်။
“အာ့ထောင်က မင်းအတွက် ဒီဟာကို အထူးပြင်ဆင်ပေးထားတာလေ” လက်ထောက်ဆိုင်ရှင်ယို့က ပြုံးပြီး ရှင်းပြသည်။ ထို့နောက် သူက ယဉ်ကျေးပျူငှာသော လက်ဟန်ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့သည်၊ “ကျေးဇူးပြုပြီး ထိုင်ပြီး မြည်းစမ်းကြည့်ပါဦး။”
ဝိုင်သုံးခွက်လောက် သောက်ပြီးနောက် မာထုန်သည် ကြွေပြားအသားကင်ဟုခေါ်သော ဟင်းပွဲကို လုံးဝ သဘောကျသွားခဲ့သည်။
ဤနည်းဖြင့် ကင်ထားသော ဝက်သားသည် အနံ့မွှေးပေမယ့် အဆီမများပေ။ ပါးစပ်ထဲမှာ ငန်ငန်လေး၊ အနံ့မွှေးပြီး ကြွပ်ရွလှပေသည်။ လတ်ဆတ်ကြွပ်ရွသော အသီးအရွက်များနှင့် အနံ့မွှေးကြိုင်သော အသားတို့၏ မွှေးရနံ့တို့ ပေါင်းစပ်ထားသောကြောင့် သူ့အရသာမှာ ဖော်ပြ၍ငှာမစွမ်းသာအောင် အလွန်အံ့ဩဖွယ်ကောင်းသည်။
“ဒုတိယအစ်ကိုမာ၊ ရိုးရိုးသားသားပြောရရင်၊ အာ့ထောင်က ခင်ဗျားဆီကနေ တစ်ယောက်ယောက်အကြောင်း မေးမြန်းစုံစမ်းချင်လို့ပါ” လက်ထောက်ဆိုင်ရှင်ယို့က ပြုံးပြုံးရွှင်ရွှင်နဲ့ အဓိကအကြောင်းအရာဆီ စကားဦးသမ်းလိုက်သည်။
“ကျီဟွေ့လား” မာထုန်သည် မသိစိတ်မှ မျက်မှောင်ကြုတ်ကာ သူ့မှတ်ဉာဏ်တွေကို အလေးအနက် ပြန်ဖော်လိုက်သည်၊ “ရှန်းဟယ်ရွာ ဘုရားကျောင်းကနေ ဘီလစ်အရာရှိတွေ ဖမ်းခေါ်လာသူလား။”
“ဟုတ်ပါတယ်” ကျီကျောက်က ကမန်းကတန်း ခေါင်းညိတ်သည်၊ “သူ့ကို ခရိုင်အကျဉ်းထောင်မှာ ချုပ်နှောင်ထားသေးလားဆိုတာကို ညီမ သိချင်လို့ပါ။”
“ငါ အခုပဲ မှတ်မိတယ်” မာထုန်က ရုတ်တရက် ပြောလာ၏၊ “အဲ့လူဆို လွန်ခဲ့တဲ့နှစ်ရက်တုန်းက ပြန်လွှတ်ပေးလိုက်တယ်။”
“လွတ်သွားပြီလား။ သူက တမင်တကာ ပြဿနာရှာပြီး တခြားသူတွေနဲ့ ရန်ဖြစ်ခဲ့တာလေ။ လူတော်တော်များများက ဒါကို မျက်မြင်တွေ့ခဲ့ကြတယ်။ သူက ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ လွတ်မြောက်သွားတာလဲ” ကျီကျောက်က စိုးရိမ်တကြီး မေးမြန်းခဲ့သည်။
“ဖမ်းဆီးခံရတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့ ရှီလျို့ရွာလူကြီး ကျီရှစ်ကလွဲလို့ ကျန်နှစ်ယောက်ကို ပြန်လွတ်ပေးလိုက်တယ်” မာထုန်က ဝိုင်တစ်လုတ်သောက်ပြီး သူ့အသံမလျှော့မီ အနားပတ်လည်ကို စစ်ဆေးကြည့်ရှုလိုက်သည်၊ “ငါတို့ခရိုင် နံဘေးက လေ့ရှန်းခရိုင်တရားသူကြီးက သူတို့အတွက် အသနားခံပေးခဲ့တာလို့ ငါကြားတယ်။ ငါတို့ခရိုင်တရားသူကြီးက လူကြီးမင်းစွင်းကို အရှက်ရအောင် လုပ်ဖို့ မလိုလားတဲ့အတွက် သူတို့ကို လွှတ်ပေးဖို့ အကြောင်းပြချက်ရှာခဲ့ရတယ်။”
“လေ့ရှန်းခရိုင်ရဲ့ တရားသူကြီးမင်းကလား။ ဒီလူကြီးမင်းက ဘာဖြစ်လို့ ကျီဟွေ့ကို ကူညီဖို့ ဆန္ဒရှိနေတာလဲ။”
“လေ့ရှန်းခရိုင်တရားသူကြီးမင်းရဲ့ ဇနီးသစ်လေးက အဲဒီအမျိုးသမီးရဲ့ မရီးရဲ့ တူမလေးဖြစ်တယ်လို့ ငါကြားတယ်။”
ကျီကျောက်သည် မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်သည်။ ဤဆက်ဆံရေးသည် အနည်းငယ် အဆင်မပြေသော်လည်း ကျီဟွေ့သည် လေ့ရှန်းခရိုင်တရားသူကြီးမင်း စွင်းဟယ်နှင့် အဆက်အသွယ်ရှိကြောင်း ဝန်ခံရပေမည်။
ထို့ကြောင့် သူသည် ချန်ချန်ကို တိတ်တဆိတ် ပြန်ပေးဆွဲပြီး ဝံပုလွေများ ကိုက်ဖြတ်စားသောက်ရန် တောနက်ထဲ ဝင်ပြီး ချိုင့်ဝှမ်းထဲ ပစ်ချဖို့ သတ္တိရှိနေတာ ဖြစ်နိုင်သည်။
ဤနည်းဖြင့် သူသည် ချန်ချန် ပိုင်ဆိုင်သည့် မြေယာများနှင့် အိမ်တို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ကျီကျောက်သည် သူမ၏ မျက်လုံးများကို အသာမှိတ်ထားရင်း အနည်းငယ် စိုးရိမ်သောကရောက်နေခဲ့သည်။
အရာအားလုံးက သူမ ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေတယ်။
“အစ်ကိုကြီးနဲ့ နေ့လည်ပိုင်း ရွာပြန်ဖို့ ချိန်ထားတာကို ညီမ အခုမှ သတိရမိတယ်” ကျီကျောက်သည် မတ်တပ်ထရပ်ပြီး တောင်းပန်လိုက်သည်၊ “အိမ်တော်ထိန်းမာ၊ ဒုတိယအစ်ကိုယို့၊ နောက်အခွင့်ကြုံရင် အစ်ကိုတို့နှစ်ယောက်အတွက် နောက်ထပ် ဟင်းပွဲ အနည်းငယ် ချက်ပြုတ်ပေးပါ့မယ်။ အခု အေးအေးဆေးဆေး စားသောက်နှင့်ပါ။ ညီမ အရင်ပြန်နှင့်မယ်။”
“နင့်ကို လိုက်ပို့ပေးဖို့ လူတစ်ယောက်လောက် လွှတ်ပေးရမလား” လက်ထောက်ဆိုင်ရှင်ယို့က အနည်းငယ် မူးယစ်နေခဲ့ပြီ။
“မလိုဘူး၊ အစ်ကိုကြီးက ညီမကို အတူပြန်ခေါ်သွားပေးလိမ့်မယ်” ကျီကျောက်သည် အပြုံးဖြင့် ငြင်းဆန်ပြီး စားသောက်ဆိုင်မှ အမြန်ထွက်လာခဲ့သည်။
သို့သော်လည်း သူမသည် မြို့တံခါးဆီသို့ အလျင်စလို မသွားခဲ့ဘဲ ပါးဖန်းခယ့်လောင်းကစားအိမ်ရှိရာဆီသို့ လမ်းကြောင်းပြောင်းခဲ့သည်။
သူမသည် နေ့လည်စာစားချိန် အစောဆုံးတွင် ပါးဖန်းခယ့်လောင်းကစားအိမ် ဘဏ္ဍာစိုးမှတဆင့် ချင်မင်ဟုန်က ဖိတ်ကြားလာခဲ့သည်။
တိုက်ဆိုင်စွာပင်၊ သူမသည် ချင်မင်ဟုန်ထံမှ အကူအညီ တစ်ခုလောက် တောင်းချင်နေသည်။ သို့သော် လမ်းသွယ်လေးမှ ကွေ့ဝင်လိုက်သောအခါတွင် မမြင်ချင်သော အသွင်အပြင်နှစ်ခုက သူမရှေ့သို့ ရုတ်တရက် ပေါ်လာခဲ့သည်။
ကျီဟွေ့သည် သူ့ရှေ့တွင် ရပ်နေသော ကျီကျောက်ကို ကြည့်ကာ သူ့မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် ဖုံးကွယ်ထားသော ရန်လိုမှုနှင့် ညစ်ညမ်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“မတွေ့တာ ကြာပြီနော်၊ ညီမလေးအာ့ထောင်”
သူက “ညီမလေးအာ့ထောင်” ဟူသော စကားကို တမင်တကာ အလေးထားပြောဆိုခဲ့ပြီး သူ့လေသံသည် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ညစ်ညမ်းလှသည်။
“မိုးကောင်ကင်မှာ မျက်စိမပါဘူးပဲ။ သူတို့က ရှင့်လို စက်ဆုပ်ဖွယ်ကောင်းတဲ့လူမျိုးကို လွှတ်ပေးခဲ့ကြတယ်” ကျီကျောက်က စပ်ဆုပ်ရွံရှာဟန် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်၊ “ရှင့်လိုလူမျိုး အသက်ရှင်နေတာက လူမှုပတ်ဝန်းကျင်ကို အဆိပ်သင့်စေတယ်။”
“ကျီကျောက်”
ကျီဟွေ့က ဒေါသတကြီး ဟိန်းဟောက်ပြီး သူမကို ကန်ကျောက်တော့မလိုလုပ်ချိန်တွင်…
ကျီကျောက်က ရှောင်တိမ်းလိုက်ပြီး နံရံကို မှီထားတဲ့ ဝါးတိုက်ကို တည့်တည့်ကန်ထုတ်လိုက်သည်။
ဒီအခွင့်အရေးကို အရယူပြီး ကျီကျောက်သည် သူ့ဘေးနားက ဝါးတိုင်တိုလေးကို ချက်ချင်းဆွဲထုတ်ပြီး သူ့ခြေထောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သော ကျီဟွေ့သည် နာကျင်စွာ အော်ဟစ်လိုက်သည်။
သူမ ထွက်ပြေးခါနီးတွင် နောက်ထပ် သန်မာထွားကြိုင်းသော အမျိုးသား သုံးဦးသည် မနီးမဝေးမှ ချဉ်းကပ်လာခဲ့သည်။
ဘမ်း…။
ထိုစူးရှသောအသံသည် ကျီကျောက်၏ ခေါင်းအား မူးဝေသွားစေခဲ့သည်။
ကျီကျောက်သည် သူမနှုတ်ခမ်းထောင့်စွန်းများကို ချက်ချင်း ထိကြည့်လိုက်သည်။ သူမ၏ လက်ချောင်းတွေက တကယ့်ကို အနီရောင်သွေး စွန်းထင်းနေခဲ့သည်။
“ပြေးလေ၊ နင် ဘာဖြစ်လို့ ထပ်မပြေးတော့တာလဲ။”
ကျီဟွေ့သည် ကျီကျောက်၏ မျက်နှာပေါ်တွင် သွေးများကို မြင်လိုက်ရသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
သူက ဝါးတုတ်ကို ကောက်ကိုင်ပြီး ကျီကျောက်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လာပြီးနောက် ဝါးတုတ်ကို အားပါးတရ လွှဲယမ်းလိုက်သည်။
ကျီကျောက်သည် သဘာဝအတိုင်း ငြိမ်ငြိမ်ထိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေမှာ မဟုတ်ပါ။ သူမသည် လှောင်ရယ်ရယ်ကာ မထင်မှတ်ဘဲ မတ်တပ်ထရပ်လိုက်သည်။ သူမက ရုတ်တရက် ဒူးကွေးပြီး သူ့ရဲ့ အောက်ပိုင်း အဓိကနေရာကို အကြင်နာကင်းမဲ့စွာ ပစ်တိုက်ချလိုက်သည်။
ကျီဟွေ့ မတုံ့ပြန်ခင် ကျီကျောက်က ပြင်းပြင်းထန်ထန် ပြန်ခုခံခဲ့သည်။
ကံမကောင်းစွာဖြင့် လက်နှစ်ချောင်းက လက်လေးချောင်းနှင့် ပြိုင်ဖက် မဟုတ်ပေ။ တဖြည်းဖြည်းနဲ့ သူမ တအိအိ ပြိုလဲကျလာခဲ့သည်…
ဝါးတုတ်က သူမအပေါ်ကို ကျတော့မယ်လို့ ထင်လိုက်ချိန်တွင် နီလာပြာရောင်ပုံရိပ်တစ်ခုက ချက်ချင်းပြေးလာပြီး သူမကို ထိခိုက်လုနီးပါးဖြစ်နေသော ကျီဟွေ့ကို ကန်ထုတ်လိုက်သည်။
***