← Chapters

ရှန်းယောင် စိတ်မဆိုးပါနဲ့တော့နော်၊ ဟုတ်ပြီလား။

Vol. 13 Ch. 210

ရှန်းယောင် စိတ်မဆိုးပါနဲ့တော့နော်၊ ဟုတ်ပြီလား။

Vol. 13 Ch. 210

ရှန်းယောင်သည် ဘာမှပြန်မပြောဘဲ ထောင့်နားတွင် ကွေးနေသော ကျီဟွေ့အနားကို လျှောက်သွားခဲ့သည်။

ထိုအချိန်တွင် ကျီဟွေ့သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။

ကျီဟွေ့သည် သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ပွေ့ဖက်ထားကာ ထိတ်လန့်တကြားနှင့် စိတ်မသက်မသာ ဖြစ်နေသည်။

သို့သော်လည်း သူ့မျက်လုံးထောင့်ကနေ တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ မီးခိုးရောင်ပုံရိပ်ကို ဆက်ကြည့်နေခဲ့သည်။

ကျီဟွေ့သည် အခွင့်ကောင်းကို ရည်မှန်းပြီး သူ့စိတ်ထဲမှာ တိတ်တဆိတ် ရေတွက်ကာ စောင့်ဆိုင်းနေသော်လည်း ရှန်းယောင်က ရုတ်တရက် ရပ်သွားသည်…

“သူ့ကို အစိုးရရုံးကိုပဲ ပို့လိုက်ပါ” ရှန်းယောင်က မထူးခြားသလို ပြောလိုက်သည်။ သူ့စကားထဲက ခံစားချက်တွေတောင် လုံးဝ မပြောင်းလဲသွားဘူး။

ချင်မင်ဟုန်သည် အလွန်အံ့အားသင့်သွားသည်၊ “သူ့ကို အစိုးရရုံးကို ပို့လိုက်ရမှာလား။ မင်း သေချာလား။”

“ဒါက နိုင်ငံတော်ရဲ့ ဥပဒေပဲ။ ငါတို့က တော်ဝင်အစိုးရရုံးရဲ့ အရာရှိတွေ မဟုတ်ဘူး။ ဒါကြောင့် ငါတို့တွေက တခြားသူတွေရဲ့ အသက်နဲ့ သေဆုံးမှုကို ဘယ်လို တရားစီရင်နိုင်မလဲ” ရှန်းယောင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်၊ “ဒါ့အပြင် သူက မင်းကို တိုက်ခိုက်ဖို့ ကြံစည်နေတာ မဟုတ်ဘူးလား။ စီရင်စုမြို့တော်ရှိ ချင်မိသားစုရဲ့ အဆင့်အတန်းကို လူတိုင်းသိတယ်လေ။”

ချင်မင်ဟုန်သည် ချင်မိသားစု ဒုတိယအိမ်တော်ခွဲ၏ အကြီးဆုံးသားဖြစ်သည်။ ချင်မိသားစု ပထမအိမ်တော်ခွဲ၏ အကြီးဆုံးသမီးသည် စီရင်စုမြို့တော်တရားသူကြီးမင်း၏ ပင်မဇနီးသည်ဖြစ်သည်။

ချင်မိသားစု၏ စွမ်းအားသည် ရှုပ်ထွေးသောကြေင့် ချင်မင်ဟုန်သည် တင်းယွမ်ခရိုင်တွင် ရေထဲက ငါးလိုမျိုး လှုပ်ရှားရှင်သန်နိုင်ခဲ့သည်။ ခရိုင်တရားသူကြီးမားကတောင် သူ့ကို မျက်နှာလွှဲနေရသည်။

“ကောင်းပြီ” ချင်မင်ဟုန်သည် ရှန်းယောင်က ကျီဟွေ့ကို ဒီလောက် လွယ်လွယ်လေးနဲ့ လွှတ်ပေးလိုက်မယ်လို့ မမျှော်လင့်ထားဘူး။”

ရှန်းယောင် လှည့်ထွက်ခါနီးမှာ ကျီဟွေ့က ရုတ်တရက် ထရပ်ပြီး သူ့အိတ်ကပ်ထဲက ဓားမြှောင်တစ်ချောင်းကို အမြန်ထုတ်ယူလိုက်သည်။ သူ ခိုးဝင်တိုက်ခိုက်တော့မယ့်အချိန်မှာ ရှန်းယောင်က အမြန်ရှောင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှန်းယောင်သည် သူ့လက်ထဲက ဓားမြှောင်ကို ဖယ်ထုတ်လိုက်ပြီး သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။ ကျီဟွေ့သည် နံရံကို ထိမှန်ပြီး နောက်တစ်ကြိမ် ခုန်ထွက်လာခဲ့သည်။

“မင်းငါ့ကို သတ်ချင်နေတာလား။” ရှန်းယောင်က လှည့်ကြည့်ပြီး ကျီဟွေ့၏ ဒေါသထွက်နေသော မျက်လုံးများကို စိုက်ကြည့်ကာ ဒီစာကြောင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းနဲ့ အာ့ထောင် နှစ်ယောက်စလုံး သေသင့်တယ်။” ကျီဟွေ့က ဒေါသတကြီး တံတွေးထွေးကာ လှောင်ရယ်ရယ်မောလိုက်သည်။

“နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ” ရှန်းယောင်သည် ရုတ်တရက် မြေပြင်ပေါ်ရှိ ဓားမြှောင်ကို ကောက်ကိုင်ပြီး ကျီဟွေ့၏ ပခုံးအရိုးထဲသို့ ထိုးသွင်းလိုက်သည်။ သူ့အမူအရာ က ဘာမှ မထူးခြားသလို သူ့လေသံက အေးစက်နေသည်။

ချင်မင်ဟုန် အလွန်အမင်း အံ့အားသင့်သွားသည်။ ရှန်းယောင်သည် အနည်းငယ်အေးသော်လည်း ဒီလောက် အေးစက်နေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ အထူးသဖြင့် ရှန်းယောင်သည် ကျီဟွေ့၏ ပခုံးအရိုးထဲသို့ ဓားဖြင့် ထိုးသွင်းလိုက်သည့်အခိုက်တွင် သူ့နှလုံးသားအောက်ခြေမှ ကြောက်စိတ်ကိုပင် ခံစားလိုက်ရသည်။

ထိုကဲ့သို့ အေးစက်သော ရောင်ဝါသည် လူများကို ထိတ်လန့်သွားစေသည်။

“မင်းက ငါ့ကို မပြောချင်ဘူးပေါ့လေ” ရှန်းယောင်သည် ကျီဟွေ့၏ ခေါင်းမာမှုကြောင့် မအံ့ဩပေ။

ကျီဟွေ့ ရုန်းကန်တော့မယ့်အချိန်မှာ ရှန်းယောင်က ရုတ်တရက် ဓားမြှောင်ကို ဆွဲထုတ်ပြီး နောက်တစ်ကြိမ် ဓားနဲ့ ထပ်ထိုးလိုက်ပြန်သည်။

ကျီဟွေ့သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နာကျင်မှုကြောင့် သူ့မျက်နှာဟာ ပုံပျက်ပန်းပျက် ရှုံ့မဲ့နေလေပြီ။

“တကယ်တော့ မင်းငါ့ကို မပြောဘူးဆိုရင်တောင် ငါသိတယ်” ရှန်းယောင်သည် သူ့ပခုံးပေါ်က အသားစ တစ်စကို အမူအရာကင်းမဲ့စွာ ဖြတ်ထုတ်လိုက်ပြီး သူ့လေသံက ပိုလို့တောင် အေးစက်လာသည်၊ “မင်းငါ့ကို ပြဿနာရှာရမယ်ဆို ငါ့ကိုပဲ လာရှာလိုက်ပေါ့၊ မင်း အာ့ထောင်ကို သွားမထိသင့်ဘူး။”

“မင်း…” ကျီဟွေ့၏ မျက်လုံးများ ထိတ်လန့်စွာ ပြူးကျယ်သွားသည်။

သူ့ရှေ့က အားနည်းတဲ့ ပညာရှင်က ဒီလောက် ရက်စက်တဲ့ ဘက်ခြမ်း ရှိနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။

သူ့စိတ်ရင်းအမှန်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်နိုင်သည်။

ကျီဟွေ့ အာရုံပျံ့လွင့်သွားချိန်မှာ သူ့ပါးပြင်ကနေ အရိုးကွဲလုမတတ် နာကျင်မှုကို ခံစားလိုက်ရပြန်သည်။

“မင်းက စွင်းမိသားစုရဲ့ ခွေးလေးဖြစ်နေပြီဆိုမှတော့ ငါမင်းကို ဂုဏ်ပြုလက်ဆောင်တစ်ခုတော့ ပေးရမှာပေါ့” ရှန်းယောင်သည် ဓားမြှောင်ကို ကိုင်ကာ ကျီဟွေ့၏ မျက်နှာပေါ်တွင် ‘ခွေး’ ဟူသော စကားလုံးကို အမူအရာကင်းမဲ့စွာ ရေးထွင်းပေးလိုက်သည်။

ကျီဟွော့သည် နောက်ဆုံးမှာတော့ နာကျင်မှုကြောင့် မေ့လဲသွားသည်။

ရှန်းယောင်သည် သူ့အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို တိတ်တဆိတ် ထုတ်ယူကာ ဓားမြှောင်ထိပ်ဖျားကို သုတ်လိုက်သည်။ ထို့နောက် သူ့လက်ပေါ်ရှိ သွေးများကို သုတ်လိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရတဲ့ ချင်မင်ဟုန်တစ်ယောက် အသိပြန်ဝင်လာခဲ့သည်။

“သခင်လေးချင်၊ ကျေးဇူးပြုပြီး သူ့ကို စီရင်စုမြို့တော်ဆီ ဘေးကင်းစွာ ပို့ပေးပါဦး။”

“မင်း…”

“ကျေးဇူးပါ” ရှန်းယောင်က သိပ်မရှင်းပြပေမယ့် ချင်မင်ဟုန်ကို ဖြတ်လျှောက်သွားချိန်မှာ ခဏရပ်ပြီး ဒီစကားနှစ်လုံးကို ရိုးရိုးသားသား ပြောခဲ့သည်။

ချင်မင်ဟုန်သည် သူ့နောက်ကျောကို စိုက်ကြည့်ရင်း တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်။

ရှန်းယောင်၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပုံက အရမ်းထူးခြားတယ်။

နောက်နေ့။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော ကျီကျောက်သည် လန်းဆန်းတက်ကြွမှုကို ခံစားရသည်။

ဒါပေမယ့် သူမ ခန္ဓာကိုယ်ကို ဆန့်ထုတ်ဖို့ ကြိုးစားသောအခါတွင် ကြွေကွဲစရာဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်…

သူမ ပခုံးပေါ်မှ ဒဏ်ရာကို မတော်တဆ ဆွဲလိုက်မိပုံရပြီး နာကျင်စွာ မဲ့လိုက်မိသည်။

ရှန်းယောင်က တိတ်တိတ်လေး လမ်းလျှောက်လာသည်။

သူတို့ မျက်လုံးချင်းဆုံချိန်မှာတော့ ကျီကျောက်သည် ပေါကြောင်ကြောင်နိုင်စွာ ရယ်ပြရုံကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။

ရှန်းယောင်၏ အကြည့်များသည် သူမ၏ ပခုံးပေါ်မှ ဒဏ်ရာများဆီ ကျရောက်လာပြီး သူ့နှလုံးသားထဲတွင် ရုတ်ခြည်း နာကျင်လာသည်။

“မတ်မတ် ထိုင်”

“ဟုတ်” ကျီကျောက်သည် ကုတင်ဘေးတွင် နာခံစွာ ကိုင်ကာ ရှန်းယောင်၏ တင်းမာပြီး အေးစက်သော အမူအရာကို တိတ်တဆိတ်ကြည့်လိုက်သည်။ ကျီကျောက်သည် သူမ၏ လက်ချောင်းများကို ထိတ်လန့်တကြား လှည့်နေခဲ့သည်၊ “ရှန်းယောင် ရှင် စိတ်ဆိုးနေတုန်းလား။”

ရှန်းယောင်သည် ဘာမှ ပြန်မပြောဘဲ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ရှန်းယောင်သည် သူ့ဘေးက စားပွဲပေါ်မှ လိမ်းဆေးကို ကောက်ကိုင်ပြီး ကျီကျောက်ရဲ့ ပခုံးပေါ် ညင်သာစွာ လိမ်းပေးလိုက်သည်။

ကျီကျောက်သည် ရုတ်တရက် သူမပခုံးပေါ်မှ အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရပြီး သက်တောင့်သက်သာဖြစ်ပေမယ့်လည်း အနည်းငယ် ယားယံလာသည်။

ကျီကျောက်သည် သူမ၏ ပခုံးကို ကျုံ့ကာ ရှန်းယောင်ကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ “ကျွန်မကိုယ်တိုင် လိမ်းလိုက်မယ်လေ။”

ရှန်းယောင်က သက်ပြင်းချပြီး သူ့လက်ထဲမှ လိမ်းဆေးဆီကို ကမ်းပေးလိုက်သည်။

ထို့နောက် သူ လှည့်ထွက်သွားသည်။

ကျီကျောက်သည် သူ့နောက်ကျောကို စိုက်ကြည့်ပြီး မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းစူထားသည်။ သူမ၏ စိတ်ထဲတွင် ပိုလို့တောင် ဝမ်းနည်းသွားသည်။

သူမ ဒဏ်ရာရနေသော်လည်း ရှန်းယောင်က ဒေါသထွက်နေပုံရသည်။

ဒီခံစားချက်က အရမ်းဆိုးတယ်။

နာရီဝက်လောက်ကြာတော့ ထွက်သွားတဲ့ ရှန်းယောင်က သူမရှေ့ ပြန်ရောက်လာသည်။

“ဒါက ဘာလဲ။”

“ပဲနီလေးဆန်ပြုတ်” ရှန်းယောင်က တိုးတိုးလေးပြောသည်၊ “ကိုယ် စမ်းကြည့်ပြီးပြီ၊ သိပ်မပူတော့ဘူး။”

“ရှင်ကိုယ်တိုင် ချက်လာတာလား” ကျီကျောက်သည် ပဲနီလေးဆန်ပြုတ်ပန်းကန်ကို စိုက်ကြည့်ပြီး ချက်ချင်း ပြုံးသွားသည်။

“အင်း”

“အနံ့အရမ်းကောင်းတယ်” ကျီကျောက်သည် ပန်းကန်လုံးနှင့် ဇွန်းကို ကောက်ကိုင်ဖို့ မစောင့်နိုင်တော့ပေ၊ အနံ့က အရမ်းအရသာရှိမယ့်ပုံပေါ်သည်၊ “ဒါက မွှေးပြီး နူးညံ့နေတာပဲ။ အရမ်းအရသာရှိတယ်။ ကျွန်မ ရှင့်ကိုပြောမယ်၊ မနေ့ညက အစ်ကိုချင် ချက်တဲ့ အသီးအရွက်ဆန်ပြုတ်က တစ်ဝက်တောင် မကျက်…”

အိုး… မဖြစ်ဘူး။

ကျီကျောက်သည် ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ သူမသည် ရှန်းယောင်၏ မျက်နှာကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ရှန်းယောင်၏ မျက်နှာပေါ်ရှိ အပြုံးတွေက ပျောက်ကွယ်သွားခဲ့ပြီ။

“အာ့ထောင်” ရှန်းယောင်သည် သူမ၏ မျက်လုံးများကို ရုတ်တရက် စိုက်ကြည့်ကာ အလေးအနက် ပြောလာခဲ့သည်၊ “နောက်တစ်ခါ ဒဏ်ရာမရစေနဲ့။”

သူ တကယ် စိတ်မကောင်းဖြစ်နေခဲ့တယ်။

“ဟုတ်ကဲ့ပါ” ကျီကျောက်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာကာ ခေါင်းညိတ်ပြလိုက်သည်။

“ကျီဟွေ့ကို ချင်မင်ဟုန်က စီရင်စုမြို့တော်ဆီ ပို့လိုက်လိမ့်မယ်” ရှန်းယောင်က ရုတ်တရက် ပြောလိုက်သည်၊ “သူ့နောက်ကွယ်ကလူက စွင်းမိသားစုပဲ။”

“ရှင် သိပြီးသွားပြီလား” ကျီကျောက်က အံ့အားသင့်စွာ မျက်ခုံးင့်လိုက်သည်၊ “တကယ်တော့ ကျီဟွေ့ကို လွှတ်ပေးလိုက်ရတဲ့ အကြောင်းရင်းက လေ့ရှန်းခရိုင်တရားသူကြီးစွင်းကြောင့်လို့ ကျွန်မ ကြားတယ်။ ဒီသတင်းကိုကြားတော့ တစ်ခုခု မှားနေတယ်လို့ ခံစားမိတဲ့အတွက် အစ်ကိုချင်ကို အကူအညီတောင်းဖို့ ဖြတ်လမ်းကနေ ပါးဖန်းခယ့်ကိုသွားဖို့ လုပ်ခဲ့တာ။ ဒါပေမယ့် ကျီဟွေ့က ကျွန်မကို လမ်းကြားထဲမှာ ကြိုပြီး ချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး…”

“ရှန်းယောင် ကျွန်မ တောင်းပန်ပါတယ်။”

ကျီကျောက်သည် သူမ မှားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသည်။ သူမ ရှန်းယောင်ကို ဒေါသတကြီး ပြုမူမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသာ ကတိပေးခဲ့သည်။ သို့ပေမယ့် ထိုအခိုက်အတန့်မှာ သူမ အရမ်းစိတ်ဓာတ်ကျသွားပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ကာ ဒဏ်ရာရသွားစေသည်။

“ရှန်းယောင် ကျွန်မကို စိတ်မဆိုးပါနဲ့တော့နော်၊ ဟုတ်ပြီလား” ကျီကျောက်သည် သူ့အင်္ကျီလက်စကို တိတ်တိတ်လေးဆွဲပြီး သနားစရာကောင်းသော အမူအရာလေးဖြင့် အသနားခံလိုက်သည်…။

***

All Chapters