← Chapters

ကိုယ့်နှလုံးသား နာကျင်နေတယ်။

Vol. 13 Ch. 211

ကိုယ့်နှလုံးသား နာကျင်နေတယ်။

Vol. 13 Ch. 211

သူမ၏ ညှိုးငယ်နေသာ အသွင်အပြင်ကို မြင်လိုက်ရတော့ ရှန်းယောင် သက်ပြင်းချလိုက်သည်။

“အာ့ထောင်၊ ကိုယ်မင်းကို စိတ်ဆိုးနေတာ မဟုတ်ဘူး။”

“ရှင် လိမ်နေတာ…” ကျီကျောက်က မကျေမနပ်ဖြစ်ပြီး နှုတ်ခမ်းကို ကိုက်ထားသည်၊ “ရှင် ကျွန်မကို ကြည့်တောင်မကြည့်ဘဲနဲ့ ရှင်က ကျွန်မကို စိတ်ဆိုးနေတာ မဟုတ်ဘူးလို့ ပြောချင်နေသေးတာလား။”

“ကိုယ် ဖြစ်နေရုံပဲ…”

“ရှင်က ဘာဖြစ်နေရုံပဲလဲ” ကျီကျောက်က စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။

“ကိုယ်က ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေရုံပဲ” ရှန်းယောင်သည် ရုတ်တရက် အနားကပ်လာပြီး သူ့လက်ကိုမြှောက်ကာ သူမ၏ ပါးပြင်ပေါ်ရှိ အမာရွတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏ နူးညံ့သိမ်မွေ့သော အကြည့်ထဲတွင် စိတ်ထိခိုက်ခြင်းများ ပြည့်နှက်နေသည်၊ “တကယ်လို့ ကိုယ်သာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ မင်းနဲ့အတူ ခရိုင်မြို့ဆီ လိုက်လာခဲ့မယ်ဆိုရင် အနည်းဆုံးတော့ မင်း ဒီလောက် ဒဏ်ရာ ပြင်းထန်မှာ မဟုတ်ဘူး။ ကိုယ် မင်းကို မကြည့်ရတဲ့ အကြောင်းရင်းက ကိုယ့်ရင်ထဲမှာ နာကျင်နေလို့ပဲ။”

ကိုယ့်နှလုံးသား နာကျင်နေတယ်။

ကျီကျောက် ကြက်သေသေသွားသည်။

သူမ၏ နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။

“အာ့ထောင်၊ မင်း တွေးကြည့်လိုက်။ တကယ်လို့ ကိုယ်သာ တစ်ယောက်ယောက်ကြောင့် ဒဏ်ရာရသွားခဲ့ရင်…”

“ထွီ… ထွီ… ထွီ… ဖွ လွဲပါစေ၊ ချော်ပါစေ။”

ကျီကျောက်သည် သူ့စကားကို အလျင်စလို ကြားဖြတ်ပြီး သူ့ပါးစပ်ကို ဖုံးဖို့ကိုတောင် လမ်းလှမ်းလာခဲ့သည်။

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။”

ရှန်းယောင်က ကူကယ်ရာမဲ့စွာ ပြုံးပြီး သူမ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

“ကောင်းပြီ၊ ကိုယ် မပြောတော့ဘူး။”

ပဲနီလေးဆန်ပြုတ် တစ်ပန်းကန်လုံး သောက်ပြီးသွားတဲ့နောက်မှာ ကျီကျောက်သည် သူမ၏ ဗိုက်ထဲမှာ နွေးထွေးပြီး သက်တောင့်သက်သာရှိသလို ခံစားရသည်။

“အာ့ထောင်”

“အင်း”

“မင်းမျက်နှာပေါ်က ဒဏ်ရာတွေက အခုမှ ပိုသိသာလာတယ်။ တကယ်လို့ မင်း အခု အိမ်ပြန်မယ်ဆိုရင် အဖေနဲ့ အမေတို့ သေချာပေါက် စိတ်ပူနေလိမ့်မယ်”

ရှန်းယောင်က သူမလက်ကိုကိုင်ပြီး တိုးတိုးလေး ပြောသည်၊ “ဒါပေမယ့် စားသောက်ဆိုင်မှာနေဖို့က ရေရှည်ဖြေရှင်းချက် မဟုတ်ဘူး။”

“ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ” ကျီကျောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊ “ကျွန်မ ဒဏ်ရာတွေ သက်သာလာမှ အိမ်ပြန်ချင်တယ်။”

“အစ်ကိုကြီးတို့ဆိုင်ကို သွားနေကြရအောင်” ရှန်းယောင်က ခဏစဉ်းစားပြီး တိုးတိုးလေး ပြောသည်၊ “ကိုယ် အခုလေးတင် လူတစ်ယောက်လွှတ်ပြီး အိမ်ကို အကြောင်းကြားခိုင်းလိုက်တယ်။ တကယ်လို့ တခြား ဘာမှ မဖြစ်ဘူးဆိုရင် အစ်ကိုကြီးက ကိုယ်တို့ကို နေ့လည်ကျ လာခေါ်လိမ့်မယ်။”

“အစ်ကိုကြီးကို အရမ်းအလုပ်မရှုပ်စေလောက်ဘူးလား။”

“အရူးမလေး အစ်ကိုကြီးက ကိုယ်တို့မိသားစုဝင်ပဲလေ” ရှန်းယောင်က သူမ၏ နှာခေါင်းလေးကို ညင်သာစွာ တို့ထိပြီး “ဒါ့အပြင် တကယ်လို့ ကိုယ်တို့ စားသောက်ဆိုင်မှာ

ဆက်နေမယ်ဆိုရင် တခြားသူတွေကို ဒုက္ခပေးရာရောက်လိမ့်မယ်” ဟု ညင်သာစွာ ပြောခဲ့သည်။

ကျီကျောက်က တိတ်တိတ်လေး ခေါင်းညိတ်သည်၊ “ဟုတ်တယ်၊ ရှင်ပြောတာ အဓိပ္ပါယ်ရှိတယ်။”

မျှော်လင့်ထားသည့်အတိုင်း ရှန်းတာ့လန်သည် သူ့တတိယညီထံမှ သတင်းစကားကို လက်ခံရရှိပြီးနောက် သူသည် ရထားလုံးပေါ်သို့ ချက်ချင်းတက်ကာ မြို့ထဲသို့ ပြန်လာခဲ့သည်။

ရှန်းတာ့လန်သည် ကျီကျောက်၏ မျက်နှာပေါ်မှ ဒဏ်ရာကိုမြင်တော့ ဒေါသထွက်သွားခဲ့သည်။

“တတိယခယ်မလေး၊ ဘာဖြစ်တာလဲ။ နင့်ကို ဘယ်သူ အနိုင်ကျင့်တာလဲ။ အစ်ကိုကြီးကို ပြော။ အစ်ကိုကြီး နင့်အတွက် တရားမျှတမှုကို‌ သေချာပေါက် ရှာပေးမယ်” ရှန်းတာ့လန်က အထိတ်တလန့် ဆိုလာခဲ့သည်။

“အစ်ကိုကြီး အရင်ဆုံး စိတ်အေးအေးထားပါဦး” ရှန်းယောင်က သူ့လက်ထဲ ဂျင်းလက်ဖက်ရည်ပူပူလေး တစ်ခွက်ကို အရင်ကမ်းပေးကာ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စတစ်ခုလုံးကို လိုရင်းတိုရှင်း ရှင်းပြပေးသည်။

“ထပ်ပြီးတော့ ကျီဟွေ့ပဲလား။ သူက ဘာဖြစ်လို့ ငါတို့ကို အမြဲပြဿနာရှာနေတာလဲ။ တတိယညီလေး၊ ကျီဟွေ့နောက်ကွယ်က လူက မင်းကို ပြဿနာရှာချင်တာလား” ရှန်းတာ့လန်က မေးခွန်းအနည်းငယ်ကို ဆက်တိုက်မေးခဲ့သည်။

“အစ်ကိုကြီး မုန့်ဆိုင်ကို အရင်သွားရအောင်” ရှန်းယောင်က တိုးတိုးလေးပြောသည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ။ ကြည့်ပါဦး၊ ငါ့မှတ်ဉာဏ်ကလည်း တကယ့်ကို မေ့နေတာပဲ။”

ချင်မင်ဟုန်သည် ကျီဟွေ့၏ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီး စားသောက်ဆိုင်သို့ နောက်တစ်ကြိမ် ထပ်ရောက်လာတဲ့အခါမှာ ကျီကျောက် ထွက်သွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး စားသောက်ဆိုင်ရဲ့ ကောင်တာမှာ စာရွက် တစ်ရွက်ရှိနေတာကိုပါ တွေ့လိုက်ရသည်။

သူ့လက်ရေးက အလွန်သိမ်မွေ့သည်။

ကျေးဇူးပါ၊ အစ်ကိုချင်။

ချင်မင်ဟုန်က တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်။ ထိုစာရွက်ကို ဂရုတစိုက်ခေါက်ပြီဂ သူ့အင်္ကျီအိတ်ကပ်ထဲသို့ထည့်ကာ ရှန်းကျီးအစာသွပ်မုန့်ဆိုင်ဆီ အပြေးသွားခဲ့သည်။

ထိုအချိန်၊ ရှန်းကျီးအစာသွပ်မုန့်ဆိုင်တွင်။

ကျီကျောက်သည် မီးဖိုချောင်ထဲသို့ဝင်ပြီး သူမကိုယ်တိုင် ထမင်းချက်ဖို့ ပြင်တော့သည်။

သို့သော် ရှန်းယောင်က သူမကို တားမြစ်လိုက်သည်။

“အာ့ထောင်၊ မင်း အခန်းထဲကိုပြန်ပြီး အနားသွားယူချေ” ရှန်းယောင်က တိုးတိုးလေးပြောသည်၊ “ကိုယ် နေ့လည်စာ ချက်လိုက်မယ်။”

“ဒါပေမယ့်…”

ရှန်းယောင်၏ နက်မှောင်ပြီး နက်ရှိုင်းသော အကြည့်များနှင့် ရင်ဆိုင်ရပြီးနောက် ကျီကျောက်သည် နာခံမှုရှိစွာ ခေါင်းညိတ်ရုံမှတပါး ရွေးချယ်စရာ မရှိပေ။

နေ့လည်ရောက်ခါနီးတွင် ရှန်းယောင်တစ်ယောက် နေ့လည်စာ ပြင်ဆင်ပြီးသွားသည်။

ကျီကျောက်၏ ရှေ့တွင် မွှေးကြိုင်သော ကြက်ခေါက်ဆွဲပြုတ် ပန်းကန်တစ်လုံး ရှိသည်။

ခေါက်ဆွဲပြုတ်ပေါ်တွင် ရွှေရောင်ကြက်ဥကြော်တစ်ခုကိုပါ တင်ပေးထားသည်။

“အနံ့က အရမ်းမွှေးလိုက်တာ” ကျီကျောက်သည် တံတွေးမျိုချပြီး ရှန်းယောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊ “ဒါပေမယ့် ရှင် လက်လုပ်ခေါက်ဆွဲလုပ်နည်းကို ဘယ်လို သိတာလဲ။”

“ကိုယ် မင်းဆီကနေ သင်ထားတာလေ။”

“ရှင် ကျွန်မဆီကနေ သင်ထားတာလား” ကျီကျောက်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။

“အိမ်က မီးဖိုချောင်မှာ ထင်းမီးကူထိုးပေးတုန်းက မင်းလုပ်တာကို တွေ့ဖူးတယ်လေ။ ကိုယ်က မင်းကိုပဲ အမြဲလိုလို ကြည့်နေမိလို့ တွေ့ခဲ့တာ။”

ကျီကျောက်သည် ရှက်ရှက်ဖြင့် မျက်လွှာချလိုက်သည်၊ သူမ၏ နားရွက်ထိပ်ဖျားလေးများသည် မသိလိုက်ဘဲ နီရဲလာသည်။

“ရှင်က ကျွန်မကို အဲ့လောက်တောင် ကြိုက်တာလား။ ဟင်းချက်နေတဲ့အချိန်မှာတောင် ရှင်က ကျွန်မကို လိုက်ကြည့်နေတာလား။”

“အင်း” ရှန်းယောင်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

သူ၏ တည်ငြိမ်မှုကို ရင်ဆိုင်ရင်း ကျီကျောက်သည် အနည်းငယ် စိတ်လွတ်သွားခဲ့သည်။

“ရှန်းယောင်၊ ဘာဖြစ်လို့… ရှင်က ကျွန်မကို ကြိုက်တာလဲ။”

သူတို့ တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ ခံစားချက်တွေကို အတည်ပြုပြီးကတည်းက ကျီကျောက်သည် ဒါကို တစ်ခါတစ်လေ မတွေးမိဘဲ မနေနိုင်ပေ။

ရှန်းယောင်က သူမကို ဘာဖြစ်လို့ ချစ်သွားတာလဲ။ သူက သူမကို ဘယ်အချိန်ကများ ချစ်သွားခဲ့တာလဲ။

“အာ့ထောင် မင်း အသက် ခုနစ်နှစ်အရွယ်တုန်းက မှတ်မိသေးလား…” ရှန်းယောင်က ခပ်ဖျော့ဖျော့ပြုံးပြီး အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောပြတော့မယ့်အချိန်မှာ တံခါးအပြင်ဘက်ကနေ ရှန်းတာ့လန်ရဲ့ အော်ခေါ်သံကို ကြားလိုက်ရသည်။

“အာ့ထောင်၊ စန်းလန်၊ သခင်လေးချင် ရောက်နေတယ်။”

ချင်မင်ဟုန်က ရှန်းတာ့လန်ကို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ပြီး သူယူလာတဲ့ ဆေးဖက်ဝင်ပစ္စည်းများကို ပေးလိုက်သည်။

“ဒါက…”

“ဒါက အာ့ထောင်အတွက်ပါ” ချင်မင်ဟုန်က သဘောထားကြီးသော အပြုံးဖြင့် ပြောလိုက်သည်၊ “အာ့ထောင် ဘယ်မှာလဲ။ သူ့ဒဏ်ရာတွေ ပိုသက်သာလာပြီလား။”

“အစ်ကိုချင် ညီမကို လာကြည့်တာလား” ကျီကျောက်က အိမ်ရှေ့ခန်းဆီသို့ လျှောက်လာပြီး ပြုံးရယ်ကာ မေးမြန်းလိုက်သည်။

“ဟုတ်တယ်” ချင်မင်ဟုန်က သူမ၏ မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ ကျီကျောက်၏ အနားမှာ ရပ်နေတဲ့ ရှန်းယောင်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ နှစ်ကြိမ်တိုင်တိုင် ချောင်းဆိုးပြခဲ့သည်။

ထိုအခါမှသာ ချင်မင်ဟုန်သည် သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းပြီး ကျီကျောက်အား ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ဖြင့် ကြည့်နေလေသည်၊ “အာ့ထောင်၊ မင်းမျက်နှာပေါ်က ဒဏ်ရာက တော်တော်လေး သက်သာသွားသလိုပဲ။”

“ဟုတ်တယ်” ကျီကျောက်က ညင်သာစွာ ခေါင်းညိတ်ပြသည်၊ “ကံကောင်းတာက ရှန်းယောင်က ညီမအတွက် ကြက်ဥပြုတ်ကို ပိတ်စနဲ့ ထုပ်ပြီး မျက်နှာပေါ် လှိမ့်ပေးလို့လေ။ ဒါက ရောင်ရမ်းမှုကို လျှော့ချရာမှာ အရမ်းထိရောက်တယ်။”

“မင်းပခုံးက ဒဏ်ရာကရော ဘယ်လိုနေလဲ။ နာသေးလား။ ငါ သမားတော်ကို ထပ်ပင့်ပေးရဦးမလား။”

“တကယ် မလိုတော့ဘူး။ စောစောလေးကတင် သမားတော် ပေးထားတဲ့ လိမ်းဆေးကို ညီမ လိမ်းထားတယ်။ အဲ့ဆေးက အရမ်းကောင်းတာပဲ။ ဒဏ်ရာက သိပ်မနာတော့ဘူး” ကျီကျောက်က ပြုံးပြီး ပြောသည်၊ “ကြည့်ပါဦး။ ညီမ စကားချည်းပဲ ပြောနေမိတယ်။ အစ်ကိုချင် ထိုင်ပါဦး။”

ချင်မင်ဟုန်သည် မယဉ်ကျေးနေတော့ဘဲ ကျီကျောက်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက် သူ့အကြည့်တွေက ရှန်းယောင်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်၊ “ကျီဟွေ့ရဲ့ ကိစ္စကို မင်းဆန္ဒရှိတဲ့အတိုင်း ဖြေရှင်းလိုက်ပြီ။”

“ကျေးဇူးအများကြီးတင်ပါတယ်။”

“အာ့ထောင် မင်း ဘာဖြစ်လို့ စားသောက်ဆိုင်မှာ ရက်အနည်းငယ်လောက် မနေတာလဲ” ချင်မင်ဟုန်က လက်ဖက်ရည် တစ်ကျိုက်သောက်ပြီး လိုရင်းကို တန်းသွားလိုက်သည်။

“အစ်ကိုချင်၊ ညီမ အစ်ကို့ကို ဒုက္ခ ထပ်မပေးချင်တော့လို့ပါ” ကျီကျောက်က ပြုံးပြီး လေးနက်စွာ ရှင်းပြပေးသည်။

ချင်မင်ဟုန်က ဘာမှပြန်မပြောပေ။ အဲဒီအစား သူက သက်ပြင်းချကာ “အာ့ထောင်၊ မင်းက ငါနဲ့ အမြဲ အကွာအဝေးထားနေတော့တာပဲ။”

ကျီကျောက်က ပြုံးသည်။

“ထားလိုက်ပါတော့။ မင်း စားသောက်ဆိုင်မှာ ဆက်မနေချင်မှတော့ ငါမင်းကို အတင်းအကြပ် မပြောတော့ဘူး” ချင်မင်ဟုန်က ခါးသီးစွာ ရယ်မောလိုက်သည်၊ “အဆုံးမှာတော့ ငါက အရည်အချင်း မပြည့်မီဘူး။”

“အစ်ကိုချင်၊ အစ်ကို…”

“အာ့ထောင် မနက်ဖြန် မင်းအားမယ်ဆိုရင် မင်းမောင်လေးနဲ့ ရှန်းယောင်ကို ဆရာစုန့်နဲ့တွေ့ဖို့ ငါ့အိမ်ကို ခေါ်လာခဲ့” ချင်မင်ဟုန်က ပြုံးပြီး စကားခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

“ဆရာစုန့်လား” အနားမှ ထိုင်ပြီး နှုတ်ဆိတ်နေတဲ့ ရှန်းယောင်သည် အဆုံးမှာတော့ စကားပြောလာခဲ့သည်…

***

All Chapters