← Chapters

ငါ ဘယ်တုန်းကမှ မမုန်းခဲ့ဘူး

Vol. 13 Ch. 214

ငါ ဘယ်တုန်းကမှ မမုန်းခဲ့ဘူး

Vol. 13 Ch. 214

“ထျန်ကျားစွင်ရွာက ကိုယ်တို့ရှန်းဟယ်ရွာနဲ့ ဆယ်မိုင်လောက် ဝေးတယ်” ရှန်းယောင်က သူ့လက်ထဲမှ စာအုပ်ကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်၊ “တင်းယွမ်ခရိုင်တစ်ဝိုက်မှာ ရွာဆယ်ရွာရှိတယ်။ ရွာတိုင်းရဲ့ ဓလေ့ထုံးစံတွေက မတူကြဘူး။ ပြီးတော့ အထူးသဖြင့် ထျန်ကျားစွင်ရွာမှာ ယောကျာ်းလေးတွေကို မိန်းကလေးတွေထက် ပိုပြီးတော့ ဦးစားပေးတဲ့ အကျင့်ဆိုးတစ်ခု ရှိတယ်။”

“ထျန်ကျားစွင်ရွာမှာ မွေးဖွားကြီးပြင်းလာတဲ့ ရွာသူရွာသားတွေအားလုံးက အရမ်းခေါင်းမာကြတယ်။ ထျန်ကျားစွင်ရွာသားတွေက ပိုလို့တောင် ခေါင်းမာကြသေးတယ်။ သူတို့မွေးတဲ့ကလေးက သားအစား သမီးဖြစ်ရင် စိတ်မချမ်းသာဘူး။ ကိုယ့်အဖိုးကလည်း အဲ့လိုလူမျိုးပဲ။”

“အဖိုးကလည်း ယောကျာ်းလေးတွေကို မိန်းကလေးတွေထက် တန်ဖိုးထားတတ်တဲ့သူလား။”

“ဟုတ်တယ်” ရှန်းယောင်က ခေါင်းညိတ်သည်၊ “ဒါ့အပြင် ကိုယ်အဖိုးရဲ့ မိသားစုအခြေအနေက နည်းနည်း ရှုပ်ထွေးတယ်။ အမေ့ကိုမွေးပြီး တစ်နှစ်အကြာမှာပဲ ကိုယ့်အဖွားက ကိုယ်ဝန်ရှိလာပြန်တယ်။ ကံဆိုးစွာနဲ့ ကိုယ်ဝန်ခြောက်လကျော်မှာ ကိုယ့်အဖွားက ချော်လဲပြီး ကလေးပျက်ကျသွားတယ်။ အဆုံးမှာ သူမက စိတ်ဓာတ်ကျပြီး သုံးလမပြည့်ခင်မှာပဲ သေဆုံးသွားခဲ့တယ်။”

“အဲဒီတုန်းက ကိုယ့်အမေက ငယ်သေးတယ်။ ကိုယ့်အဖိုးက စီရင်စုမြို့တော်က စားသောက်ဆိုင်တစ်ခုမှာ မီးဖိုချောင်မှာ ကူညီလုပ်ကိုင်ပေးရတဲ့ အလုပ်ကို လုပ်ကိုင်တယ်။ ကိုယ့်အမေက အရမ်းငယ်သေးတော့ ကိုယ့်အဖိုးက အမေ့ကို စီရင်စုမြို့တော်ကို ခေါ်သွားရတယ်။ ဒါပေမယ့် အချိန်ကောင်းတွေက ကြာရှည်မခံခဲ့ဘူး။ အမေ ခြောက်နှစ်သားအရွယ်မှာ အဖိုးက မတော်တဆ လက်ဒဏ်ရာရပြီး စီရင်စုမြို့တော်က အလုပ် ပြုတ်သွားတယ်။”

“တစ်ခါက နယ်လှည့်တာအိုဘုန်းတော်ကြီးတစ်ပါးက ကိုယ့်အမေကို မကောင်းတဲ့ စိတ်ဝိညာဉ်နဲ့ မွေးဖွားလာတာဖြစ်လို့ မိဘတွေကို ဘေးသင့်စေလိမ့်မယ်လို့ဟောခဲ့တယ်။ မိဘမရှိတော့တဲ့သူနဲ့ လက်ထပ်မှသာလျှင် ဒီမကောင်းတဲ့စိတ်ဝိညာဉ်ကို ဖြေရှင်းနိုင်မယ်တဲ့။ နောက်တော့ အမေက အဖေနဲ့ လက်ထပ်ခဲ့တယ်။”

“ပြီးတော့ ဘာဆက်ဖြစ်လဲ။”

“နောက်တော့ အဖိုးက နောက်အိမ်ထောင်ကျပြီး သားနှစ်ယောက် ဆက်တိုက်မွေးတယ်။ ဒါပေမယ့် အဲဒီဦးလေးနှစ်ယောက်က အစ်ကိုကြီးထက် နှစ်နှစ်ငယ်တယ်” ရှန်းယောင်က တိုးတိုးလေး သက်ပြင်းချသည်၊ “လွန်ခဲ့တဲ့ ငါးနှစ်က အမေက အဖေ့ကိုခေါ်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ ထျန်ကျားစွင်ရွာကို အလည်ပြန်ခဲ့တယ်။ အဲဒီအချိန်မှာ အငယ်ဆုံးဦးလေးက ရုတ်တရက် အပြင်းဖျားသွားတယ်။ ကိုယ့်အမေရဲ့ မကောင်းတဲ့စိတ်ဝိညာဉ်က အရမ်းပြင်းထန်လို့ အငယ်ဆုံးဦးလေးရဲ့ ကျန်းမာရေး ထိခိုက်သွားတာလို့ အခိုင်အမာဆိုခဲ့တယ်။ ပြောရရင် အဖိုးကလည်း ကြမ်းတမ်းတဲ့ စကားအချို့ပြောခဲ့ပြီး ကိုယ့်အမေကို သူ့မျိုးရိုး ‘ထျန်” ကို မယူဖို့ တားမြစ်ခဲ့တယ်။”

ထို့နောက် ကျောက်လန်ဟွာသည် သူမ၏ မျိုးရိုးကို မိခင်ဖြစ်သူ၏ မျိုးရိုးသို့ ပြောင်းလဲယူခဲ့သည်။

ကျီကျောက်သည် သူမ၏ နွေးထွေးပြီး ရွှင်လန်းတက်ကြွသော ယောက္ခမဖြစ်သူထံတွင် ဤမျှ ပျော်ရွှင်ဖွယ်မကောင်းသော အတိတ်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

“အမေက အဖိုးကို အမြဲ စိတ်ထဲမှာ ရှိနေသေးတာပဲ” ကျီကျောက်က မနေနိုင်ဘဲ သက်ပြင်းချမိသည်၊ “ပြီးတော့ ဒီလောကမှာ ဘယ်သူကမှ ဆွေမျိုးတွေကို စွန့်လွှတ်ဖို့ ဆန္ဒမရှိကြဘူး။”

ဒီလို မိသားစုဆက်ဆံရေးက သိပ်မကောင်းဘူးဆိုရင်တောင် လူတိုင်းက သူတို့ရဲ့ မိဘတွေကို တွယ်တာလေ့ရှိကြသည်။

ဒါက လူ့သဘာဝဖြစ်ကောင်းဖြစ်နိုင်တယ်။

“မနက်ဖြန် ထျန်ကျားစွင်ရွာမှာ ဘာပဲဖြစ်နေဖြစ်နေ ကျွန်မ အမေ့ကို ထောက်ပံ့ပေးမယ်” ကျီကျောက်က လေးလေးနက်နက် ကတိပေးသည်။

ခြေလက်ဆေးကြောပြီးနောက် ကျီကျောက် အိပ်ပျော်သွားသည်။

သို့သော် သူမ အိပ်မက်ထပ်မက်ပြန်သည််။

ဤအိပ်မက်သည် အိပ်မက်ဆိုး မဟုတ်သော်လည်း အလွန်ရွံရှာဖွယ်ကောင်းသော အိပ်မက်တစ်ခု ဖြစ်သည်။

နောက်တစ်နေ့တွင် ကျီကျောက် သမ်းဝေပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသောအခါ ကျောက်လန်ဟွာသည် ဝက်ပေါင်ခြောက်ကို လှီးဖြတ်နေသည်။

“အာ့ထောင် နင်နိုးပြီလား။ အမေ နင့်အတွက် ပြောင်းဆန်ပြုတ်နည်းနည်း ချန်ထားတယ်။ ပူတုန်းလေး သောက်လိုက်ဦး။”

“ဟုတ်ကဲ့၊ ကျေးဇူးပါ အမေ”

“ကောင်မလေး၊ မိသားစုဝင်အချင်းချင်းကို တစ်ချိန်လုံး ကျေးဇူးတင်စကားမပြောနဲ့။ ဒါက မရင်းနှီးသလိုပဲ” ကျောက်လန်ဟွာက သူမကို ဒေါသတကြီးကြည့်သလို ဟန်ဆောင်လိုက်သည်။ ကျီကျောက်က တုံးအအဟန်လေးဖြင့် ရယ်မောရုံသာ တတ်နိုင်ခဲ့သည်။

“အမေ၊ အမေ ဘာဖြတ်နေတာလဲ။”

“ငါ နင့်အဖိုးအတွက် အသားတချို့လောက် ယူသွားပေးချင်လို့လေ။ နင့်အဖိုးရဲ့ အကြိုက်ဆုံးဟင်းပွဲက အသားမီးခိုးကြပ်တိုက်ပဲ။ အဲဒီဟင်းပွဲနဲ့ဆိုရင် သူက အနည်းဆုံး ဝိုင်နှစ်အိုးလောက်ကို သောက်နိုင်တယ်” ကျောက်လန်ဟွာက အပြုံးဖြင့် ရှင်းပြသည်။

“အဖိုးကိုကြည့်ရတာ အရက်ကို တော်တော်သောက်နိုင်တဲ့ပုံပဲ။”

“ဟုတ်တယ်။ ဒါပေမယ့် နင် မသိလောက်ဘူး၊ နင့်အဖိုး သူငယ်ငယ်တုန်းက အရက်ကို တော်တော်လေး သောက်နိုင်တယ်” ကျောက်လန်ဟွာသည် သူ့ငယ်ဘဝက အဖြစ်အပျက်တွေကို ပြန်တွေးရင်း စကားဝိုင်းကို ဆက်ပြောချင်ပုံရသည်။

“အရင်တုန်းက စီရင်စုမြို့တော် စားသောက်ဆိုင်မှာရှိတုန်းက၊ ပွဲတော်ရက်တွေမှာ စားသောက်ဆိုင်က ဝိုင်ကောင်း တစ်အိုး ပေးတယ်။ နဂါးလှေလှော်ပွဲတော်မှာ သူတို့တွေက ကောက်ညှင်းနဲ့ ဘဲဥတွေကို ပေးတယ်။ ဆောင်းဦးပွဲတော်မှာ သူတို့က ကြာပန်းအနှစ်လမုန့်တွေကိုပါ ပေးတယ်။ နွေဦးပွဲတော်အချိန်ကျတော့ သူတို့က အသားမီးခိုးကြပ်တိုက်ကိုပါ ပေးပြန်ပါရော။”

“အဲဒီအသားမီးခိုးကြပ်တိုက်ကို ကြက်သွန်ဖြူအပင်ပေါက်နဲ့ ရောမွှေကြော်ပြီး မြေပဲကြော်နဲ့ တွဲစားရင် အရမ်းစားကောင်းတယ်” ကျောက်လန်ဟွာက ပြုံးပြုံးလေး ပြောသည်၊ “မနက်ဖြန်ကျရင် အမေ မင်းအတွက် ချက်ပေးမယ်။”

“ကောင်းပါပြီ” ကျီကျောက်က ပြုံးပြီး ပြန်ဖြေသည်။

မနက်မိုးလင်းတော့ ရှန်းတာ့လန်က ရထားလုံးကို တပ်ဆင်ပြီးပြီဖြစ်သည်။

“အမေ၊ ကျွန်တော် အမေနဲ့ တတိယခယ်မလေးကို လိုက်ပို့ပေးမယ်လေ။ အခုလို နှင်းတွေထူတဲ့ ရာသီဥတုမှာ လမ်းတွေက အရမ်းချောတယ်။ အမေတို့နှစ်ယောက် အပြင်ထွက်ရင်း တစ်ခုခု ဖြစ်မှာကို ကျွန်တော် စိုးရိမ်တယ်” ရှန်းတာ့လန်၏ မျက်နှာပေါ်တွင် ရိုးရှင်းပြီး ရိုးသားတဲ့ အပြုံးတစ်ခု ရှိနေသော်လည်း သူ့လေသံက ခိုင်မာသည်။

“ကောင်းပြီလေ” ကျောက်လန်ဟွာသည် သူမ၏ သားဖြစ်သူရဲ့ ဝတ္တရားကျေပွန်မှုကို သဘာဝအတိုင်း ငြင်းဆိုလိုခြင်း မရှိပါဘူး။

ရထားလုံးပေါ်သို့ရောက်ပြီးနောက် ကျောက်လန်ဟွာသည် သူမ၏ မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ရန် မျက်လွှာချထားသည်။

ကျီကျောက်က ခဏလောက်စဉ်းစားပြီး သူမ၏ အိတ်ကပ်ထဲမှ ဆီစိမ်စက္ကူအိတ်ကို ထုတ်ယူလိုက်သည်။

“ပြီးတော့ ဒါက…”

“အမေ့အကြိုက်ဆုံး ကြက်ဥမြေပဲလေ” ကျီကျောက်က ပြုံးပြီး ပြောသည်၊ “သမီး ဒီနေ့မနက်မှာ အမေ့အတွက် အထူးပြင်ဆင်ပေးထားတာ။ အမေ မြည်းကြည့်ချင်လား။”

“ကောင်မလေး၊ ငါနင့်ကို များများ အနားယူဖို့ ပြောထားတယ်မလား” ကျောက်လန်ဟွာက သူမ၏ နဖူးကို ဒေါသတကြီး ပုတ်လိုက်သော်လည်း သူမ၏ လှပသော မျက်ဝန်းထဲတွင် ထင်ရှားသော အပြုံးတစ်ခု ရှိနေသည်။

“အမေ၊ ဘာဖြစ်လို့ ကြက်ဥမြေပဲကို အရမ်းကြိုက်တာလဲ။”

“နင့်အဖိုးရဲ့ အကြိုက်နဲ့ တူနေတာ ဖြစ်နိုင်တယ်” ကျောက်လန်ဟွာက ခါးသီးစွာ ရယ်မောလိုက်သည်၊ “နင့်အဖိုးရဲ့ ကြက်ဥမြေပဲတွေက တကယ်အရသာရှိတယ်၊ ဒါပေမယ့်…”

“စန်းလန်က နင့်ကို အမေ့အကြောင်းတွေ ပြောခဲ့တယ်မလား။”

“ဟုတ်ကဲ့” ကျီကျောက်က အသာလေး ခေါင်းညိတ်ပြသည်၊ “ရှန်းယောင်က အဲ့တာကို အတိုချုံးပြောပြခဲ့တယ်။ ဒါပေမယ့်၊ အမေ၊ အမေက အဖိုးကို တကယ်မမုန်းဘူးမလား။”

“ငါ သူ့ကို ဘယ်တုန်းကမှ မမုန်းတီးခဲ့ဘူး” ကျောက်လန်ဟွာ တိုးတိုးလေး ပြောသည်၊ “တကယ်တော့ ငါ နင့်အဖိုးကိုတောင် ကျေးဇူးတင်မိသေးတယ်။ အမေက အရမ်းရူးမိုက်ပြီး သိတတ်လွန်းတယ်လို့ နင်ထင်လား။”

ကျီကျောက်သည် မသိစိတ်က နှုတ်ခမ်းစူပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

“တကယ်တော့ အမေ ငယ်ငယ်တုန်းက အရမ်းပျော်ခဲ့ရတယ်။ နင့်အဖိုးက အားလပ်ရက်တွေ အိမ်ပြန်လာချိန်တိုင်း အမေ့ကို ပိုးသားပန်းဂါဝန်လှလှလေးတွေ ယူလာပေးတယ်။ တခြားမိန်းကလေးတွေနဲ့ယှဉ်ရင် ပိုထူးခြားတယ်လို့ယူဆရတယ်။ နင့်အဖိုးက ငါ့ကို အရမ်းအလိုလိုက်ခဲ့တယ်။”

“ဒါက ခရီးသွား တာအိုဘုန်းတော်ကြီးဟောချက်အပြီးမှာ ဖြစ်သွားခဲ့ရုံပါပဲ…”

ကျောက်လန်ဟွာက ခါးသီးစွာ ရယ်မောလိုက်သည်၊ “ထားလိုက်ပါတော့၊ အတိတ်ကို ပြန်မပြောကြရအောင်။”

“အမေ တကယ်တော့ ခရီးသွားတာအိုဘုန်းတော်ကြီးတိုင်း ကျွမ်းကျင်သူတွေ မဟုတ်ဘူး။ အဲဒီအစား သူတို့က တခြားသူတွေကို လှည့်စားဖို့ ကျွမ်းကျင်သူတွေရဲ့ နာမည်ကို အသုံးပြုကြတာ” ကျီကျောက်က ဒေါသတကြီး ပြောသည်။

“ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒါက အရေးမကြီးတော့ဘူး” ကျောက်လန်ဟွာက သူမ၏ ဆံပင်တွေကို ဖြီးသင်ရင်း အပြုံးဖြင့် မေးမြန်းသည်၊ “အာ့ထောင် ကြည့်ပါဦး၊ အမေ ဒီနေ့ ဝတ်စားပြင်ဆင်ထားတာ ကြည့်ကောင်းရဲ့လား။”

“အမေက အရမ်းလှတာပဲ။”

“အဲ့လိုဆို ကောင်းတယ်။ အမေ အိမ်ပြန်လာဖို့ မလွယ်ဘူး။ အမေ့ကို ထျန်ရှို့အယ် နှိမ့်ချလို့ မရစေရဘူး။”

“ထျန်ရှို့အယ်က ဘယ်သူလဲ။”

“နင့်အဖိုးရဲ့ ဒုတိယဇနီးလေ။”

ရထားလုံးသည် တစ်လမ်းလုံး ယိမ်းနွဲ့မောင်းနှင်သွားကာ နောက်ဆုံးတွင် ထျန်ကျားစွင်ရွာသို့ နေ့လည်မတိုင်ခင် ရောက်ရှိလာခဲ့သည်။

“အမေ၊ ရှေ့လမ်းက နည်းန်ညးကျဉ်းတယ်၊ ရထားလုံး ဝင်ဖို့ မလွယ်လောက်ဘူး” ရထာားလုံးမောင်းနေသော ရှန်းတာ့လန်က အမြန်ရ်ပြီး စိုးရိမ်တကြီး မေးသည်။

“ဒါဆို အမေတို့ လမ်းဆင်းလျှောက်လိုက်မယ်လေ” ကျောက်လန်ဟွာက ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်၊ “တာ့လန်၊ ရထားလုံးကို နေရာရှာပြီး ရပ်ခဲ့လိုက်လေ။”

“အမေ၊ ဘာဖြစ်လို့ အစ်ကိုကြီးကို အရင်မပြန်ခိုင်းတာလဲ” ကျီကျောက်က ကမန်းကတန်းပြောလိုက်သည်၊ “အရင်ဆုံး အစ်ကိုကြီးရဲ့ ရထားလုံးက ငှားထားတာ၊ ရထားလုံးကို တစ်ယောက်ယောက် ခိုးသွားရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ချက်က အကြီးဆုံးမရီးက ကိုယ်ဝန်ကြီးနဲ့လေ။ အစ်ကိုကြီးကို အရင်ပြန်ခိုင်းလိုက်ပါလား။”

“အာ့ထောင်၊ ငါနေချင်…” ရှန်းတာ့လန် ရှင်းပြတော့မည့်အချိန်တွင် ကျီကျောက်က သူ့ကို မျက်လုံးမှိတ်ပြီး အချက်ပြနေတာကို တွေ့လိုက်ရသည်…

***

All Chapters