← Chapters

ရှင် ကျွန်မကို အနမ်းပေးမယ်ဆိုရင် ပြောပြမယ်လေ။

Vol. 13 Ch. 219

ရှင် ကျွန်မကို အနမ်းပေးမယ်ဆိုရင် ပြောပြမယ်လေ။

Vol. 13 Ch. 219

“အမေ သမီးမှာ အနာဂတ်ကို ကြိုတင်မြင်မက်နိုင်တဲ့ စွမ်းအားကို ပေးခဲ့တဲ့ မြေကမ္ဘာဘုရားရဲ့ လျှို့ဝှက်ကာကွယ်ပေးမှုသာ မရှိခဲ့ရင် အမေ ဖြစ်နှင့်ပြီးသားဖြစ်သွားမှာကို သမီးကြောက်တယ်…” ကျီကျောက်က ရုတ်တရက် စကားရပ်လိုက်သည်။

ကျောက်လန်ဟွာက အသာလေး ခေါင်းညိတ်လိုက်သည်၊ “အာ့ထောင်၊ အရာအားလုံးအတွက် နင့်ကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင်၊ အမေ ဒီဘေးဆိုးကြီးကနေ မလွတ်မြောက်နိုင်ဘူး။”

“အမေ၊ နှစ်သစ်ကူးပြီးရင် သမီးတို့ အဖိုးရဲ့ အိမ်ကို ပြန်သွားကြမယ်” ကျီကျောက်က ခပ်ဖျော့ဖျော့ ပြုံးပြီး တိုးတိုးလေး ပြောသည်၊ “အဲဒီအချိန်ကျရင် အမေ ကောင်းကောင်း ငိုရမယ်။”

“ငိုရမှာလား” ကျောက်လန်ဟွာက စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်သွားသည်၊ “ငါက ဘာဖြစ်လို့ ငိုရမှာလဲ။ ဘယ်လိုဖြစ်လို့လဲ။”

ကျီကျောက်၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ပွင့် ဖြတ်ခနဲ ပေါ်လာခဲ့သည်။ ထို့နောက် သူမသည် ကျောက်လန်ဟွာ၏ နားအနားသို့ တိုးကပ်သွားပြီး စကားအနည်းငယ်ခန့် တီးတိုးပြောလိုက်သည်။

“ကောင်းပြီ” ကျောက်လန်ဟွာက အားတက်သရော ခေါင်းညိတ်သည်၊ “အချိန်တန်ရင် ငါတို့ ဒီအတိုင်း လုပ်ကြတာပေါ့။”

“အမေ စိတ်မပျော်မရွှင်မဖြစ်ပါနဲ့။ တပါးသူတွေရဲ့ အမှားကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့” ကျီကျောက်သည် သူမ၏ လက်ကို ဆုပ်ကိုင်ထားပြီး နွေးထွေးသော အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။

ကျီကျောက်၏ ရှင်းပြချက်အပြီးတွင် ကျောက်လန်ဟွာ၏ စိတ်ခံစားချက်သည် ပိုမိုကောင်းမွန်လာခဲ့သည်။

ကျောက်လန်ဟွာက ဒါကို လုံးလုံးလျားလျား သိမြင်သွားတာကိုမြင်တော့ ကျီကျောက်ရဲ့ စိတ်တွေ ပေါ့ပါးလာသည်။ ရှန်းယောင်တစ်ယောက် စာရေးစုတ်တံနှင့် စာရေးနေချိန်တွင် ကျီကျောက်သည် အခန်းထဲကို သီချင်းညည်းရင်း ဝင်လာခဲ့လေသည်။

“မင်း ပျော်နေတာလား။”

“အင်း…” ကျီကျောက်သည် ဝမ်းသာအားရနဲ့ သူ့နံဘေးသို့ လျှောက်သွားဖို့ကို မစောင့်နိုင်တော့ဘူး။ ကျီကျောက်သည် ရှန်းယောင်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူ့လက်မောင်းပေါ် မှီတွယ်လိုက်သည်၊ “ကျွန်မ အခုလေးတင် အမေနဲ့ စကားပြောလာခဲ့တာ။ အမေက ထင်ထားတာထက် ပိုရဲရင့်တယ်။”

“မင်း အမေ့ကို ဘယ်လိုဖြားယောင်းခဲ့တာလဲ” ရှန်းယောင်က သူ့လက်ထဲက စာရေးစုတ်တံကို ဘေးချကာ သူမ၏ ပခုံးလေးကို နူးညံ့စွာ ပွေ့ဖက်လိုက်ပြီး သိမ်မွေ့သော အပြုံးဖြင့် မေးလာခဲ့သည်။

“အင်း…” ကျီကျောက်သည် ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်သည်။ သူမ၏ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းထဲတွင် ကျီစယ်လိုသည့် အပြုံးတစ်စ ပေါ်လာခဲ့သည်။

“ရှင် ကျွန်မကို အနမ်းပေးမယ်ဆိုရင် ပြောပြမယ်လေ။”

“တကယ်လား” ရှန်းယောင်သည် အမှတ်မထင် မျက်ခုံးပင့်ကာ သူ့ညာလက်ဖြင့် သူမ၏ နှာဖျားလေးကို ပုတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံး တစ်ပွင့် ဖြစ်တည်လာ၏။

သူ့အပြုံးနှင့်ရင်ဆိုင်လိုက်ရတော့ ကျီကျောက်သည် အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

“ဘာမှ မဟုတ်တော့ဘူး… အမ်း…”

‘မဟုတ်’ ဟူသော စကားလုံးကို သူမ မပြောနိုင်သေးခင် သူမ၏ နှုတ်ခမ်းများ ပိတ်ဆို့ခံလိုက်ရသည်။

ရှန်းယောင်သည် သူ၏ သာမာန်လို နူးညံ့သိမ်မွေ့နေမှုနှင့် မတူဘဲ ယနေ့တွင် ထူးထူးခြားခြား စိတ်အားထက်သန်နေပုံရသည်။

ဒီအချိန်မှာ ကျီကျောက်ဟာ ကမ်းပေါ်ဆွဲတင်ခံလာရတဲ့ ငါးတစ်ကောင်လို ခံစားနေရကာ သူမ တစ်ကိုယ်လုံး အားနည်းသွားပြီး အောက်ဆီဂျင် ပြတ်တောက်သွားသည်။

“အာ့ထောင်” ရှန်းယောင်သည် သူမကို တွန့်ဆုတ်စွာ လွှတ်ပေးလိုက်သည်။ ထို့နောက် သူသည် သူမ၏ နားရွက်အနားသို့ တိုးကပ်ကာ နားရွက်လေးကို ခပ်ဖွဖွ ကိုက်လိုက်သည်၊ “နှစ်သစ်ကူးပြီးရင် မင်း ( ၁၆ ) နှစ်ပြည့်တော့မယ်။”

သူ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ကျီကျောက်တစ်ယောက် မတုန်လှုပ်ဘဲ မနေနိုင်ပေ။

“ရှန်းယောင်… ကျွန်မ အိမ်သာသွားချင်တယ်။”

သူ့စစကားထဲမှ ဝှက်ထားတဲ့ အဓိပ္ပါယ်ကို ကျီကျောက် သိမြင်ပြီး အိမ်သာသွားချင်တယ်ဆိုတဲ့ လှည့်ကွက်ကို တွေးလိုက်မိသည်။

နှစ်သစ်ကူးပြီးရင် သူမ အသက် ( ၁၆ ) နှစ်ပြည့်တော့မယ်ဆိုတာ သိလိုက်ရသည်။

ဒီနေ့ ရှန်းယောင် အရမ်းစိတ်အားထက်သန်နေတာ မအံ့ဩတော့ပါဘူး။

သူမ၏ ရှောင်ပြေးသည့် လုပ်ရပ်လေးကို မြင်တော့ ရှန်းယောင်၏ မျက်လုံးထဲရှိ အပြုံးက ပိုလို့တောင် နက်ရှိုင်းလာခဲ့သည်။

မွန်းတည့်ခါနီးတွင် ရှန်းမိသားစုဝင်အားလုံး ဧည့်ခန်းမဆီသို့ ရောက်ရှိလာပြီး ဖက်ထုပ်များကို ပျော်ရွှင်စွာ ထုပ်နေကြသည်။

“ကျွန်မတို့အမေ ထုပ်ထားတဲ့ ဖက်ထုပ်တွေက အလှဆုံးဖြစ်နေတုန်းပဲ” ကျီကျောက်က ဖက်ထုပ် ထုပ်နေတဲ့ ကျောက်လန်ဟွာကိုကြည့်ရင်း ချီးကျူးစကားဆိုလိုက်သည်။

“ဟုတ်တယ်။ အမေထုပ်တဲ့ ဖက်ထုပ်က ဖောင်းပြည့်နေရုံတင်မကဘူး၊ အရွယ်အစားလည်း ညီတယ်” အကြီးဆုံးမရီးရှန်းက ပြုံးပြီး ပြောသည်၊ “ဒါပေမယ့် အာ့ထောင်၊ ဒီကိုလာပြီး တစ်ချက်လောက် လာကြည့်ပေးပါဦး။ ငါထုပ်ထားတဲ့ ဖက်ထုပ်တွေရော ကြည့်ကောင်းရဲ့လား။”

“ငါ့ဟာကိုလည်း ကြည့်ပေးပါဦး” ဒုတိယမရီးရှန်းသည်လည်း သူမ၏ လက်ဖဝါးထဲမှ ဖောင်းပြည့်နေသော ဖက်ထုပ်များကို ပြသဖို့ မစောင့်ဆိုင်းနိုင်တော့ပေ၊ “အာ့ထောင်၊ ဒါကို တစ်ချက်ကြည့်ပေး။ ကြည့်ကောင်းလားဟင်။”

“အင်း၊ သူတို့က တကယ်ကြည့်ကောင်းတယ်” ကျီကျောက်က အပြုံးဖြင့် ချီးကျူးစကားဆိုသည်၊ “မရီးတို့နှစ်ယောက်စလုံးက ကြည့်ကောင်းရုံတင်မကဘူး၊ မရီးတို့လုပ်ထားတဲ့ ဖက်ထုပ်တွေကတောင် ထိပ်တန်းတွေပဲ။ ကျွန်မရဲ့ မရီးတွေက လှပပြီး အရည်အချင်းရှိတယ်။”

ကျီကျောက်သည် အလွန်အကျူး ချီးကျူးစကားဆိုခြင်းလှိုင်းလုံးကို စတင်လိုက်သည်။ ထိုစကကားများသည် အဆုံးမရှိ တဟုန်ထိုးစီးဆင်းနေသော မြစ်နှင့် တူပေသည်။ ကျောက်လန်ဟွာနှင့် မရီးနှစ်ယောက်စလုံးကို အရမ်းပျော်ရွှင်စေခဲ့သည်။

မိသားစုတစ်စုလုံးသည် မတူညီသော ဖြည့်စွက်စာများဖြင့် ဖက်ထုပ်ပြုလုပ်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။

ကျောက်လန်ဟွာသည် အချို့သော ဖက်ထုပ်များတွင် ကြေးဒင်္ဂါးပြားများကို တိတ်တဆိတ် ထည့်ထားသည်။

“ငါတို့ရှန်းဟယ်ရွာရဲ့ ဓလေ့အရ ဖက်ထုပ်ထဲက ကြေးဒင်္ဂါးပြားကို ဝါးမိတဲ့သူက လာမယ့်နှစ်မှာ ကံကောင်းခြင်းတွေ သေချာပေါက် ရရှိလိမ့်မယ်” ကျောက်လန်ဟွာ ရွှင်မြူးစွာ ပြောသည်၊ “သွားပြီး ဖက်ထုပ် ချက်ရအောင်။”

ဖက်ထုပ်များကို စားပွဲပေါ်တည်ခင်းချိန်တွင် မွန်းတည့်ချိန်နီးနေပြီ။

မိသားစုတစ်စုလုံး ဖက်ထုပ်ကို ပျော်ရွှင်စွာ စားသောက်ကြသည်။

ကျီကျောက်သည် ကြေးဒင်္ဂါးပြားထည့်ထားသော ဖက်ထုပ်ကို ပထမဆုံး စားခဲ့မိသည်။

“အာ့ထောင်ရဲ့ ကံတရားကတော့ တကယ့်ကို အံ့အားသင့်စရာပဲ” ဒုတိယမရီးရှန်းက ချက်ချင်းဆိုသလို မနာလိုသောအကြည့်နှင့် ကြည့်လာခဲ့သည်။

ရှန်းယောင်သည်လည်း ကျီကျောက်နောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့သည်။ သူသည်လည်း ကြေးဒင်္ဂါးပြားကို ဝါးမိခဲ့သည်။

နာရီဝက်လောက်ကြာတော့ မိသားစုတစ်စုလုံးသည် ဖက်ထုပ်များကို စိတ်ကျေနပ်စွာ စားသောက်ပြီးစီးခဲ့ပြီး ပန်းကန်နှင့် ထမင်းစားတူများကို အောက်ချလိုက်သည်။

“ငါ ကြေးဒင်္ဂါးပြား ရှစ်ပြားပဲ ထည့်ထားတယ်။ ဒါပေမယ့် အာ့ထောင်က သူတစ်ယောက်တည်း ခြောက်ပြားလုံး ဝါးမိမယ်လို့ ငါမထင်ထားမိဘူး” ကျောက်လန်ဟွာက မနေနိုင်ဘဲ သက်ပြင်းချမိသည်၊ “အာ့ထောင်၊ နင်က တကယ်ကံကောင်းတာပဲ။”

ကျီကျောက်က ပြုံးရယ်လိုက်သည်။

သူမသည် ကြေးဒင်္ဂါးပြားများကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမ အခန်းထဲ တံခါးပိတ်နေခဲ့သည်။

ကျီကျောက်သည် အပ်ချုပ်ခြင်းတောင်းထဲမှ အနီရောင်တောက်တောက် ကြိုးတစ်ချောင်းကို ရှာတွေ့ခဲ့ပြီး ဂရုတစိုက် လိမ်ကျစ်ပြီး ခေါင်းငုံ့ကာ လက်ကောက်ကို ဂရုတစိုက် ပြုလုပ်ခဲ့သည်။

သူမ၏ လက်ချောင်းများသည် အနီရောင်တောက်တောက် ကြိုးများကြားတွင် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားကာ မကြာမီတွင် သူမသည် ကြိုးလက်ကောက်နှစ်ခု ယက်လုပ်ပြီးစီးသွားခဲ့သည်။ ကြေးဒင်္ဂါးပြားလေးများသည် လက်ကောက်၏ အလယ်တွင် ရှိကာ ချစ်စရာကောင်းသောအသွင်လေးကို ဖြစ်စေသည်။

ရှန်းယောင်က ဒီနှစ်သစ်လက်ဆောင်ကို ကြိုက်လောက်တယ်မလား။

ကျီကျောက်သည် ထပ်တူကျသော ကြိုးလက်ကောက်နှစ်ခုကို ဂရုတစိုက် သိမ်းတည်းပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

ညနေ ( ၃ ) နာရီမထိုးမီတွင် ရှန်းဟယ်ရွာတစ်ရွာလုံး သက်ဝင်လှုပ်ရှားစည်ကားနေသည်။

ရွာလူကြီး ရှန်းမုန့်ဟူသည် ရွာသူရွာသားများကို ဘိုးဘွားခန်းမအနီးသို့ ခေါ်ဆောင်သွားခဲ့သည်။ ဘိုးဘွားများ၏ ဓလေ့ထုံးစံအရ ရွာရှိအိမ်ထောင်စုတိုင်း ဘိုးဘွားခန်းမ တံခါးအပြင်ဘက်တွင် မီးရှုးမီးပန်းများကို ရှည်လျားစွာ စီတန်းထားရသည်။

ရွာကလူကြီးတွေက အချိန်ကောင်းကို ရေတွက်ပြီးတဲ့အခါကျရင် ရွာလူကြီးမှ မီးရှုမီးပန်းစနက်တံကို မီးတို့ပေးသည်။

“မီးရှုးမီးပန်းတွေရဲ့ အသံက အစကနေ အဆုံးထိ အရမ်းကျယ်နေမယ်ဆိုရင် ကိုယ်တို့ရှန်းဟယ်ရွာက လာမည့်နှစ်မှာ ရာသီဥတုကောင်းမွန်ပြီး စပါးအထွက်ကောင်းတဲ့ ပိုကောင်းတဲ့ နှစ်ကို ကြိုဆိုရလိမ့်မယ်” ရှန်းယောင်က ကျီကျောက်လက်ကိုတွဲပြီး ရွာ၏ အဆုံးရှိ ဘိုးဘွားခန်းမဆီသို့ လျှောက်သွားရင်း တိုးတိုးလေး ရှင်းပြပေးသည်။

“ဒါက အရမ်းပျော်ဖို့ကောင်းတယ်နော်၊ ဟုတ်တယ်မလား။”

“ဒါပေါ့” ရှန်းယောင်က အသာလေး ခေါင်းညိတ်ပြသည်။

ညသန်းခေါင်ယံနီးသောအခါ ရှန်းမုန့်ဟူသည် မီးရှုးမီးပန်းရှည်ကြီးပေါ်ရှိ စနက်တံကို မီးရှို့လိုက်သည်။

ရွှီးဖျောင်း… ရွှီးဖျောင်း…။

မီးရှုးမီးပန်းသံများက ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်နေသည်။

ကျီကျောက်သည် မသိစိတ်က နားရွက်များကို ဖုံးအုပ်ကာ သူမဘေးတွင် ရပ်နေသော ရှန်းယောင်ကို ပြုံးကာ ကြည့်လိုက်သည်။

ရှန်းဟယ်ကျေးရွာ၏ ဘိုးဘွားဓလေ့အရ နှစ်သစ်ကူးအကြိုနေ့တွင် အိမ်ထောင်စုတိုင်းသည် ဘိုးဘွားခန်းမကြီးရှိ မီးဖိုကြီးတွင် အတူတကွ ချက်ပြုတ်ကြရမည်ဖြစ်သည်။

ဖက်ထုပ်များကို ပျော်ပျော်ကြီးစားပြီးနောက် ညက လင့်နေပြီ။

“အာ့ထောင် ကိုယ့်နောက်လိုက်ခဲ့” ရှန်းယောင်က ပြုံးပြီး သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အနောက်ဘက်တောင်ပေါ်သို့ လျှောက်သွားခဲ့သည်။

ကျီကျောက် စိတ်ရှုပ်ထွေးနေစဉ်မှာပဲ ရှန်းယောင်သည် ရုတ်တရက် သူ့အိတ်ကပ်ထဲကနေ အနီရောင် အဝတ်စကို ထုတ်ယူပြီး သူမ၏ မျက်လုံးပေါ် ညင်သာစွာ စည်းနှောင်ပေးလိုက်သည်။

“ရှန်းယောင်”

“ရှူး…” ရှန်းယောင်က ပြုံးပြီး သူမနှုတ်ခမ်းပေါ် လက်ညှိုးတင်လိုက်သည်။ သူက ညင်သာစွာ ပြုံးလိုက်သည်၊ “အာ့ထောင် ကိုယ်မင်းကို လက်ဆောင်ပေးချင်လို့ပါ…။”

***

All Chapters