← Chapters

ဒါဆို မယူနဲ့လေ။

Vol. 13 Ch. 215

ဒါဆို မယူနဲ့လေ။

Vol. 13 Ch. 215

“အာ့ထောင်ပြောတာကို နားထောင်ပြီး နင် အရင်ပြန်နှင့်လိုက်” ကျောက်လန်ဟွာက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

“အစ်ကိုကြီး၊ ညီမ ရထားလုံးပေါ်မှာ နားကပ်တစ်ဖက် ပြုတ်ကျခဲ့တာကို အခုမှ ရုတ်တရက် သတိရမိတယ်။ အမေ သမီးကို ခဏလောက် စောင့်ပေးပါဦး” ကျီကျောက်က ကမန်းကတန်း ပြောလိုက်သည်။ ထို့နောက် သူမသည် ရှန်းတာ့လန်၏ လက်မောင်းကိုဆွဲကာ ရထားလုံးဆီ ပြေးသွားခဲ့သည်။

“အာ့ထောင်၊ နင် အခုနတုန်းက ဘာဖြစ်လို့ မျက်စပစ်ပြနေတာလဲ။”

“အစ်ကိုကြီး၊ ညီမပြောတာကို နားထောင်ပေး…” ကျီကျောက်သည် သူမ၏ အသံကို တမင်တကာ တိုးပြီး ရိုးရှင်းသော စကားအနည်းငယ်ကို ပြောလိုက်သည်။

“ဟမ်…” ရှန်းတာ့လန် အရမ်းအံ့ဩသွားသည်၊ “ငါတို့ တကယ်ပဲ အဲ့လိုလုပ်ရမှာလား။”

“ဟုတ်တယ်၊ ညီမကို ယုံလိုက်စမ်းပါ၊ အစ်ကိုကြီး။”

“ဒါဆိုရင်လည်း ကောင်းပြီလေ။”

ရှန်းတာ့လန်ကို ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် ကျီကျောက်သည် ကျောက်လန်ဟွာ၏ နံဘေးသို့ အမြန်ပြေးသွားကာ ပြုံးပြုံးလေး ပြောလိုက်သည်၊ “အမေ သမီး နားကပ် ရှာတွေ့ခဲ့ပြီ။ သမီးတို့ သွားကြတော့မလား။”

“ကောင်မလေး၊ နင်ကလေ အမြဲ နမော်နမဲ့နဲ့နော်။”

“အမေ ရှေ့မှာ တံတားကျဉ်းရှိလား” ကျီကျောက်သည် အဝေးမှ ရှုခင်းများကို ကြည့်ကာ မျက်လွှာချပြီး စကားခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

“ရှိတယ်၊ အဲဒါက ထျန်ကျားစွင်ရွာကို ဦးတည်တဲ့ ခုံးတစ်ဝက်တံတားလေးလေ” ကျောက်လန်ဟွာက သက်ပြင်းချလိုက်မိသည်၊ “သေချာကြည့်။ အဲဒီတံတားဘေးမှာ ပိုးစာပင်နှစ်ပင် ရှိတယ်။ ငါ ငယ်ငယ်တုန်းက ပိုးစာပင်ပေါ်တက်ပြီး ပိုးစာသီး ခူးစားဖူးတယ်။”

ခရမ်းရင့်ရောင်ပိုးစာသီးသည် ချိုမြိန်ပြီး အရသာရှိကာ အရည်ရွှမ်းသည်။

“အမေ အရင်တုန်းက အပင်ပေါ်တက်ဖူးတယ်လား” ကျီကျောက် အလွန်အံ့ဩသွားသည်။

“နင် အံ့ဩသွားလား” ကျောက်လန်ဟွာက တောက်ပစွာ ပြုံးလိုက်သည်၊ “ငါ ငယ်ငယ်တုန်းက သစ်ပင်ပေါ် တက်ဖူးတယ်၊ ငှက်သိုက်တွေ နှိုက်ပြီး ကဏန်းဖမ်းဖို့ ရေထဲလည်း ဆင်းဖူးတယ်။”

ကျောက်လန်ဟွာ၏ ကလေးဘဝသည် ပျော်ရွှင်ပြီး လွတ်လပ်ပေါ့ပါးလှသည်။

ခရီးသွား တာအိုဘုန်းတော်ကြီး ရောက်လာပြီးနောက်ပိုင်းမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

သမီးယောက္ခမနှစ်ယောက်သား ကျဉ်းမြောင်းသော ခုံးတစ်ဝက်တံတားကို ဖြတ်ကျော်ပြီးနောက် ရွှံ့ဗွက်လမ်းကြားတစ်ခုကို တွေ့လိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ဤလမ်းကို ထုံးကျောက်ပြားများဖြင့် ခင်းထားသောကြောင့် လမ်းသွားလမ်းလာများ ဖြတ်သန်းသွားလာနိုင်သည်။

“ဒီလမ်းက အရင်တိုင်းပဲ။ လုံးဝ မပြောင်းလဲသွားဘူး” ကျောက်လန်ဟွာက လမ်းရဲ့ အထွက်ကိုကြည့်ပြီး တိုးတိုးလေး ပြောသည်၊ ဂ နင် မသိလောက်ဘူး။”နင့်အဖိုးအိမ်က လမ်းကြားအဆုံးမှာ ရှိတယ်။”

လမ်းကြားထဲတွင် လမ်းလျှောက်နေသော ကျောက်လန်ဟွာသည် လှမ်းနေသော သူမ၏ ခြေလှမ်းများ နည်းနည်းလေးသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

ဒါက အိမ်လွမ်းတဲ့ ခံစားချက်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျီကျောက် ထင်မိသည်။

“ငါတို့ ရောက်ပြီ။”

ကျောက်လန်ဟွာသည် သူမ၏ ခြေလှမ်းများကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။ သူမ တံခါးခေါက်ခါနီးမှာ ကျီကျောက်က သူမကို လှမ်းဆွဲလိုက်သည်။

ဝှစ်…

တံခါးဖွင့်လိုက်တာနဲ့ ဟင်းရွက်တွေ ဆေးကြောထားတဲ့ ရေဇလုံ တစ်လုံး သွန်လိုက်တာနဲ့ ကြုံသွားခဲ့သည်။

“အိုး… ရှားရှားပါးပါး ဧည့်သည်ပဲ” မီးခိုးဖျော့ရောင်ပန်းဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ထျန်ရှို့အယ်သည် ကျောက်လန်ဟွာကို တွေ့သောအခါ ချက်ချင်းဆိုသလိုပင် သူမ၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာတစ်ခု ပြောင်းလဲသွားခဲ့သည်၊ “နှစ်သစ်ကူးအကြိုမှာ တခြားသူတွေရဲ့ အိမ်ရှေ့မှာ အတိတ်နမိတ်ကောင်းတဲ့ ရွှေကျီးဖြူသာပေမယ့် ငါတို့အိမ်ရှေ့ကျတော့ အတိတ်နမိတ်မကောင်းတဲ့ ကျီးကန်းတွေ လာအော်ကြတယ်။ မနေ့က ငါတို့အိမ်ရှေ့မှာ ဘာဖြစ်လို့ ကျီးကန်းတွေ လာအော်သလဲမှတ်ပါတယ်။ မိဘတွေကို ဘေးဒုက္ခဖြစ်စေတဲ့ ဂြိုဟ်ဆိုးပြန်ရောက်လာတာကိုး။”

ကျောက်လန်ဟွာက ဘာမှမပြောရသေးခင် တင်းတိပ်အပြည့်နဲ့ ထျန်ရှို့အယ်က ပေါက်ပေါက်ဖောက်နေခဲ့ပြီ။

ကျီကျောက်က မရပ်မနား ပြောဆိုနေသော ထျန်ရှို့အယ်ကိုကြည့်ပြီး မကျေမနပ် မျက်မှောင်ကြုတ်သွားသည်။ သူမ ပြန်ပြောခါနီးတွင် ကျောက်လန်ဟွာက သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

“အဖေ နေမကောင်းဘူးလို့ကြားလို့ တစ်ချက်လောက် ကြည့်ဖို့ ပြန်လာခဲ့တာ။” ကျောက်လန်ဟွာသည် သူမလက်ထဲမှ ခြင်းတောင်းကို ကမ်းပေးလိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့အိမ်က ဝက်ပေါ်တယ်လေ။ ကျွန်မ အဖေနဲ့ တာ့ကျွမ်းတို့ မြည်းစမ်းကြည့်ဖို့ အသားမီးခိုးကြပ်တိုက်တွေ အထူးတလည် ပြန်ယူလာတယ်။”

“ဒါပဲလား။ ဒီလောက်လေးက နင့်အဖေတို့သားအဖ စားဖို့ လုံလောက်ပါ့မလား” ထျန်ရှို့အယ်က ဒေါသတကြီး မျက်လုံးလှိမ့်လိုက်သော်လည်း သူမ၏ လက်တွေက လျင်မြန်သွက်လက်သည်။

သူမသည် ခြင်းတောင်းကိုယူကာ မီးဖိုချောင်ဘက်သို့ လှည့်ကာ လမ်းလျှောက်သွားရင်း ညည်းညူလိုက်သည်။

“ဒီအသားမီးခိုးကြပ်တိုက်က မီးခိုး အရမ်းမဝသေးဘူး။”

“ဒီဥတွေက လတ်ဆတ်ရဲ့လား။”

“ပြီးတော့ ဒီမျှစ်ခြောက်က ဘာဖြစ်လို့ ဒီလောက် အထုပ်သေးနေရတာလဲ။”

ကျီကျောက်သည် ဒေါသတကြီး သက်ပြင်းရှိုက်လိုက်သော်လည်း သူမ ဘာမှ မပြောခဲ့ပါဘူး။

နောက်တော့ ရှိုးပွဲက အခုထိ မစသေးဘူး။

“အာ့ထောင် နင့်အဖိုးနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့”

ကျောက်လန်ဟွာက အာ့ထောင်ကို နောက်ဖေးခန်းသို့ ခေါ်ဆောင်သွားစဉ် ထျန်ရှို့အယ်က သူမလမ်းကို ထပ်မံပိတ်ဆို့ခဲ့သည်။

“ရှင် ဘာလုပ်တာလဲ။”

“နင့်အဖေ အိမ်မှာ မရှိဘူး။”

“အဖေ အိမ်မှာ မရှိဘူးလား။ ဒီနေ့က ၁၂ လပိုင်း ၂၉ ရက်နေ့လေ။ သူ ဘယ်သွားလဲ” ကျောက်လန်ဟွာက စိုးရိမ်တကြီး မေးသည်၊ “သူ ဖျားနေတာ မဟုတ်ဘူးလား။ သူ ဘာဖြစ်လို့ ကောင်းကောင်း အနားမယူရတာလဲ။”

“နင့်အဖေ ရွာနောက်က အုတ်ဖိုကို အလုပ်လုပ်ဖို့ သွားတယ်” ထျန်ရှို့အယ်က ဒေါသတကြီး ပြောသည်၊ “နင့်မောင်ငယ်နှစ်ယောက်က မငယ်တော့ဘူး။ သူတို့ လက်ထပ်ရမယ့်အချိန်ရောက်ပြီ။ နင့်အဖေက ဒီအတွက် ပိုက်ဆံ ပိုရှာရမှာ မဟုတ်ဘူးလား။ သူ့ရဲ့ ကြီးပွားချမ်းသာနေတဲ့ သမီးကို အားကိုးလို့ မရဘူးလေ။ သူ အပိုဝင်ငွေရှာဖို့ နည်းလမ်းကို ဘယ်လိုလုပ်ပြီး‌ တွေးနိုင်ပါ့မလဲ။”

“တကယ်လို့ နင့်လို ဂြိုဟ်ဆိုးကြောင့်သာ မဟုတ်ရင် သူ့လက်က အဲ့လို ဖြစ်သွားပါ့မလား။ နင့်အဖေလက်သာ မထိခိုက်ခဲ့ဘူးဆိုရင် သူက စီရင်စုမြို့တော်က စားသောက်ဆိုင်ရဲ့ စားဖိုမှုး ဖြစ်လာနိုင်တယ်။ သူ ဘာဖြစ်လို့ ဒီလို ဒုက္ခရောက်ရတာလဲ။ အဆုံးမှာ ဒါတွေအားလုံးရဲ့ နောက်ကွယ်က တရားခံ နင့်ကြောင့်ပဲလေ။”

ထျန်ရှို့အယ်၏ စွပ်စွဲချက်ကို ရင်ဆိုင်ပြီး ကျောက်လန်ဟွာသည် နှုတ်ဆိတ်နေခဲ့သည်။

ကျီကျောက် တကယ် သည်းမခံနိုင်တော့ဘူး။

“တော်လောက်ပြီ” ကျီကျောက်သည် သူမ၏ မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်ပြီး ထျန်ရှို့အယ်ထံ ဒေါသတကြီး လျှောက်သွားခဲ့သည်။ ထို့နောက် သူမက ကျယ်ကျယ်လောင်လောင် ဝေဖန်လိုက်သည်၊ “ရှင်ပြောနေတာကို ကြည့်စမ်းပါဦး။ အမေ အိမ်ပြန်ရောက်ကတည်းက ရှင့်ခွေးပါးစပ်ကနေ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေကို ဆက်တိုက် ပြောနေတာ။ တကယ်လို့ ကျွန်မတို့ ပေးတဲ့ လက်ဆောင်က အရမ်းမကောင်းဘူးလို့ထင်ရင် ရှင် လက်မခံနဲ့လေ။”

“စိတ်ထားကောင်းမှ ကြည့်ကောင်းတယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ။ ရှင့်ကိုယ်ရှင် ပြန်ကြည့်စမ်းပါဦး။ မျက်လုံးကျဉ်းကျဉ်းနဲ့ တစ်မျက်နှာလုံးမှာ တင်းတိပ်ကလည်း အပြည့်ပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ ရှင်က အရမ်းသနားဖို့ကောင်းမှန်း ကျွန်မ ပြောနိုင်တယ်။”

“နင်…” ထျန်ရှို့အယ်က ဒေါသအရမ်းထွက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေပေမယ့် ကျီကျောက်၏ အစွမ်းထက်သော အရှိန်အဝါကို ရင်ဆိုင်ပြီး စကားတောင် မပြောနိုင်ရှာဘူး။

“အာ့ထောင်” ကျောက်လန်ဟွာက မျက်မှောင်ကြုတ်ပြီး ကျီကျောက်ကို တစ်ချက်လှမ်းကြည့်သည်။

ထိုအခါမှသာ ကျီကျောက် ရပ်သွားသည်။

“ကျောက်လန်ဟွာ နင်က နင့်အဖေကို သိတတ်လို့ အိမ်ပြန်လာတာလို့ ငါမထင်ဘူး။ နင်ငါ့ကို ဒေါသထွက်စေချင်လို့ ပြန်လာတာမလား။”

“ရှင် အတွေးလွန်နေပြီ။”

“လန်ဟွာ ရောက်နေတာလား။”

“အဖေ” ရင်းနှီးကျွမ်းဝင်သော အဆိုပါ အသံကိုကြားတော့ ကျောက်လန်ဟွာက သူ့ကို ကြိုဆိုနှုတ်ဆက်ရန် အမြန်ထွက်သွားသည်၊ “အဖေ ပြန်လာပြီလား။ အဖေ သက်သာရဲ့လား။”

“အဟမ်း…” ထျန်ကွမ်းရှန့်သည် နှစ်ကြိမ်တိုင်တိုင် မနေနိုင်ဘဲ ချောင်းဆိုးလိုက်မိသည်။ သူ့စကားထဲက ခံစားချက်က တွေးရခက်စေသည်၊ “ဒီနေ့ အရမ်းအေးတယ်။ နင် ဘာဖြစ်လို့ ဒီရောက်နေတာလဲ။”

“အဖေ အအေးမိနေတယ်လို့ အဒေါ်ကျူးဆီကနေ ကြားခဲ့ရလို့လေ။ သမီး စိတ်ပူတာနဲ့ အဖေ့ကို တစ်ချက်ကြည့်ဖို့ ပြန်လာခဲ့တာ” ကျောက်လန်ဟွာက သူ့မျက်နှာကို သေချာစစ်ဆေးကြည့်သည်။ သူ့မျက်လုံးအောက်မှာ ညိုမည်းနေတာကို တွေ့တော့ စိုးရိမ်တကြီး မေးလိုက်သည်၊ “အဖေ၊ အဖေ့မျက်နှာကိုကြည့်ရတာ နေမကောင်းတဲ့ပုံပဲ။”

“နှစ်သစ်ရောက်ခါနီးမှာ သူ့ဂြိုဟ်ဆိုးမကို မြင်လိုက်ရလို့နေမှာပေါ့။ သူ ဘယ်လိုလုပ်ပြီး ကြည့်ကောင်းပါတော့မလဲ” ထျန်ရှို့အယ်က မကျေမနပ် ပြောလာခဲ့သည်။

ကျောက်လန်ဟွာက သူမ၏ ပြောစကားကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ သူမ၏ အင်္ကျီအိတ်ကပ်ထဲမှ ငွေအချို့ ထုတ်ယူပြီး သူ့အဖေကို ပေးလိုက်သည်၊ “အဖေ၊ အဖေ အားတဲ့အခါကျရင် ဖြည့်စွက်စာလေး များများ ဝယ်စား။ ဝိုင်ကို အရမ်းမသောက်နဲ့။”

“လန်ဟွာ၊ နင် ဘာဖြစ်လို့ ငါနဲ့အတူ မသောက်တာလဲ” ထျန်ကွမ်းရှန့်က သူမလက်ထဲမှ ငွေခြောက်လျန်းကို ယူကာ ထျန်ရှို့အယ်အား လှည့်ပေးလိုက်သည်။

“ဟင်းပွဲနည်းနည်းလောက် သွားပြင်ချေ။”

ငွေမျက်နှာကြောင့် ထျန်ရှို့အယ်သည် နောက်ဆုံးတွင် သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ကျီကျောက်ဟာ အတော်လေး စိတ်မသက်မသာဖြစ်နေခဲ့သည်။

“ဒါနဲ့ စကားမစပ်၊ အဖေ၊ ဒါက အာ့ထောင်လေ၊ စန်းလန်ရဲ့ ဇနီးပေါ့” ကျောက်လန်ဟွာက ကျီကျောက်ရဲ့ လက်ကို အမြန်ဆွဲပြီး အပြုံးဖြင့် မိတ်ဆက်ပေးသည်၊ “ဒီကလေးက အရမ်းနာခံပြီး သိတတ်တယ်။ ဒါနဲ့ စကားမစပ်၊ အာ့ထောင်ရဲ့ ဟင်းချက်လက်ရာက အံ့မခန်းပဲ။”

“အဲ့လိုလား” ထျန်ကွမ်းရှန့်သည် သူမကို သိပ်စိတ်မဝင်စားသလို တစ်ချက်ကြည့်လိုက်သည်၊ “ကောင်းသားပဲ။ လန်ဟွာ၊ ငါ့နောက်ကို လိုက်ခဲ့ဦး။ ငါ နင့်ကို ပြောစရာရှိတယ်…”

***

All Chapters