← Chapters

အီမိုဂျီ အုပ်စုကြီး

Vol. 16 Ch. 229

အီမိုဂျီ အုပ်စုကြီး

Vol. 16 Ch. 229

မာဂျီလီဟာ ဒေါသထွက်ပြီး မာန်တက်နေတဲ့ အမူအရာကနေ လျှပ်စစ်မီးခလုတ် ပိတ်လိုက်သလိုမျိုး ချက်ချင်း ယဉ်ကျေးပျူငှာတဲ့ ပုံစံကို ၁၈၀ ဒီဂရီ ပြောင်းလဲပစ်လိုက်တာ သူ့ရဲ့ အသံကလည်း တကယ့်ကို ဖော်ဖော်ရွေရွေနဲ့ ဦးညွှတ်တော့မလို ဖြစ်သွားတာပဲ။

အဲ့ဒီအချိန်မှာပဲ သူ့နောက်က ပါလာတဲ့ သူငယ်ချင်း ၅ ယောက်ကလည်း နောက်ကို တစ်လှမ်းဆုတ်သွားကြတာပေါ့။ တချို့က ဖုန်းကစားသလိုလို၊ တချို့က မိန်းကလေးတွေကို ကြည့်သလိုလို၊ တချို့ဆိုရင် ထိုင်ပြီး ဖိနပ်ကြိုးတောင် ချည်နေသေးတာ... မာဂျီလီကို လုံးဝ မသိသလိုမျိုး ဟန်ဆောင်နေကြတာပေါ့။

ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲ။ 'ဒီကောင်တွေကတော့ လေယူရာ တိမ်းတတ်လိုက်တာ'

နွားကျောင်းသားက ယွီဟွေးဖေးကို ကြည့်ပြီး... "ချမှာလား" လို့ မေးလိုက်ချိန် ယွီဟွေးဖေး စကားမပြောခင်မှာပဲ မာဂျီလီက အတင်းဝင်ပြောလိုက်တာက...

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ ရန်ဖြစ်ဖို့ မဟုတ်ဘူးဗျ။ ကျွန်တော်က... ကျွန်တော်က စိန်ခေါ်ချင်လို့ လာတာပါ"

ယွီဟွေးဖေးက ပြုံးပြီး... "ဘာကို စိန်ခေါ်မှာလဲ"

မာဂျီလီက... "ကျွန်တော်... ကျွန်တော် ဒီမာရသွန်ပြိုင်ပွဲမှာ ခင်ဗျားနဲ့ ပြိုင်ချင်တာ"

ယွီဟွေးဖေးကတော့ ရယ်မောလိုက်ချိန် မာဂျီလီရဲ့ အမျိုးသမီးဖော် မာချောင်က ဝင်ပြောပြန်ရော။

"ဘာလဲ... ကြောက်နေတာလား။ ပြေးဖို့တောင် ကြောက်နေတဲ့ အသုံးမကျတဲ့ကောင်တော့ မဟုတ်လောက်ပါဘူးနော်"

ယွီဟွေးဖေးက သူမကို လှည့်တောင် မကြည့်ဘူး။ သူ့မျက်လုံးထဲမှာတော့ သူမက မာဂျီလီထက်တောင် ပိုပြီး ရွံစရာကောင်းနေတာကိုး။ မာဂျီလီကတော့ အောက်ပိုင်းကိစ္စလောက်ပဲ သိတဲ့ ဦးနှောက်မရှိတဲ့ အရူးတစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီမိန်းမကတော့ ဇီဝအမှိုက်လို့တောင် ခေါ်ဖို့ မတန်တဲ့သူပဲ။

ယွီဟွေးဖေးက မာဂျီလီကို ကြည့်ပြီး ပြုံးလိုက်တယ်။

"ပြိုင်တာကတော့ ပြိုင်လို့ရပါတယ်၊ ဒါပေမဲ့ လောင်းကြေးက ဘာလဲ"

မာဂျီလီက... "ကျွန်တော်က မင်းသားတစ်ပါး ဖြစ်တဲ့အတွက် ခင်ဗျား ကျေနပ်စေမယ့် လောင်းကြေးကို ထည့်မှာပါ" လို့ ပြောပြီး ဘဏ်ကတ်တစ်ခုကို ထုတ်ပြလိုက်တယ်။

"ဒီထဲမှာ ယွမ်ငါးသောင်း ရှိတယ်။ ခင်ဗျား နိုင်ရင် ခင်ဗျား ယူလိုက်"

ယွီဟွေးဖေးရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလို အရောင်တောက်သွားတာပေါ့။ မာဂျီလီက ဆက်ပြောလိုက်တာက...

"ခင်ဗျား ရှုံးရင်တော့ ဟိုတစ်နေ့က မိန်းကလေးရဲ့ ဖုန်းနံပါတ်ကို ကျွန်တော့်ကို ပေးရမယ်"

ယွီဟွေးဖေးရဲ့ မျက်ခုံးတွေက တွန့်သွားတာပေါ့။

"ခင်ဗျား အရိုက်ခံချင်နေတာလား။ ဒီကို ရောက်နေတာ ကြာပြီပဲ၊ ကျွန်တော်တို့ တရုတ်လူမျိုးတွေရဲ့ မျက်လုံးထဲမှာ အမျိုးသမီးတွေဟာ ပစ္စည်းတစ်ခု မဟုတ်ဘူးဆိုတာ ခင်ဗျား နားလည်သင့်တယ်။ ကျွန်တော်တို့က အမျိုးသမီးတွေကို လေးစားတယ်၊ သူတို့ကို စွန့်ပစ်တာ ဒါမှမဟုတ် ရောင်းဝယ်တာမျိုး မလုပ်ဘူး။ ကျွန်တော်တို့အတွက်တော့ အမျိုးသမီးတွေဆိုတာ ဂရုစိုက်စောင့်ရှောက်ပေးရမယ့်သူတွေဗျ။ ခင်ဗျားက အမျိုးသမီးတစ်ယောက်ကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်တာဟာ သူမအပေါ်မှာ တကယ့်ကို အကြီးမားဆုံး စော်ကားမှုပဲ"

"ခင်ဗျား ငါးသောင်း ထည့်ရင် ကျွန်တော်လည်း ငါးသောင်း ထည့်မယ်။ ပြိုင်ပွဲမှာပဲ အဖြေရှာကြတာပေါ့။ ဒါပေမဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်... ပြိုင်ပွဲပြီးရင်တော့ ကျွန်တော် ခင်ဗျားကို ကျိန်းသေပေါက် အရိုက်အနှက် လာပေးဦးမှာပါ"

ပြောပြောဆိုဆိုနဲ့ ယွီဟွေးဖေးက လှည့်ထွက်သွားတာပေါ့။ မာဂျီလီကတော့ ကြောင်တောင်တောင်ကြီး ကျန်ရစ်ခဲ့ပေမဲ့ မာချောင်ကတော့ ဒေါသတကြီးနဲ့ အော်နေတုန်းပဲ။

"နင်က ငါတို့ကို ခြိမ်းခြောက်နေတာလား။ ယုံချင်ယုံ၊ မယုံချင်နေ... နင့်ကို ငါ တရားစွဲပစ်မှာ။ နင်က မလောင်းရဲတာပဲ ရှိတာ..." ပြီးတော့ သူမက မာဂျီလီကို ပြန်ပြီး ချော့မော့နေတာပေါ့ဗျာ။

ဒါကို မြင်တော့ နွားကျောင်းသားက ခေါင်းခါလိုက်ပြီး... "ဒီမိန်းမက တကယ့်ကို ခွေးတစ်ကောင်လိုပဲဗျာ" လို့ ပြောတာပေါ့။

ယွီဟွေးဖေးက... "ခွေးကို မစော်ကားပါနဲ့ဗျာ၊ ခွေးတောင်မှ အရိုက်ခံရရင် ထွက်သွားတတ်သေးတယ်" လို့ ပြန်ပြောလိုက်တယ်။

နွားကျောင်းသားက ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်... "ဟုတ်သားပဲ"

မာဂျီလီလည်း သူ့ရဲ့ သူငယ်ချင်းဆိုတဲ့သူတွေနဲ့ ပြန်တွေ့သွားတာပေါ့။ အဲ့ဒီအဖွဲ့ကတော့ ခုနက သစ္စာဖောက်ခဲ့တာတွေကို မေ့သွားကြပြီး တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတာ။

မာဂျီလီက... "စိတ်မပူကြနဲ့၊ ဒီကောင်က ဝတ်ရုံရှည်ကြီး ဝတ်ထားတာ။ ကြည့်ရတာ ဘာမှမသိတဲ့ကောင်ပဲ။ ဘယ်သူက ဝတ်ရုံကြီးနဲ့ ပြိုင်ပွဲဝင်မှာလဲ။ ပြီးတော့ တရုတ်တွေက ပြေးတဲ့နေရာမှာ ငါတို့ကို မမီပါဘူး၊ ဒါက ငါတို့ရဲ့ မွေးရာပါ စွမ်းရည်ပဲ"

တခြားတစ်ယောက်ကလည်း... "ဟုတ်တယ်ဗျ၊ သူတို့မှာ ခံနိုင်ရည် မရှိကြဘူး" လို့ ထောက်ခံလိုက်ကြပြီး အားလုံးက ရယ်မောကုန်ကြတာပေါ့ဗျာ။

သူတို့က တခြားဘာသာစကားနဲ့ သူ့နိုင်ငံက ယောက်ျားတွေကို စော်ကားနေတာကို မာချောင်ကတော့ ဒေါသမထွက်တဲ့အပြင် ဘေးနားကနေ ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေသေးတာဗျာ။

တခြား လူမည်းတစ်ယောက်ရဲ့ အမျိုးသမီးဖော်က မေးလိုက်တယ်... "ဟိုလူ ပြောတာလည်း မှန်သလိုပဲနော်၊ သူတို့က ငါတို့ကို သိပ်ပြီး မလေးစားကြဘူး ထင်တယ်"

မာချောင်က နှုတ်ခမ်းမဲ့လိုက်ပြီး... "သူတို့က ဘာမှသိတာ မဟုတ်ဘူး။ ငါကတော့ လူမည်းတွေနဲ့နေရတဲ့ ဒီခံစားချက်ကို ကြိုက်တယ်။ ငါ့ရဲ့ ရည်းစားဟောင်းကတော့လေ... ငါ နည်းနည်းလေး ဆွဲဆောင်မှုရှိအောင် လုပ်ပြလိုက်တာနဲ့တင် သူက အရှုံးပေးသွားတာ။ မာဂျီလီလို မဟုတ်ဘူး... သူက ငါ့ကို လူတစ်ယောက်လိုကို မဆက်ဆံတာ၊ အဲ့ဒါမှ တကယ့်ကို ရင်ခုန်စရာ ကောင်းတာ။ နင်ကော ဟိုင်းနီးယားနဲ့ တွဲနေတာက နင့်ရည်းစားထက် ပိုပြီး ရင်ခုန်စရာ ကောင်းလို့ မဟုတ်ဘူးလား။ ဘာလဲ... နင် နောင်တရနေတာလား"

အဲ့ဒီမိန်းကလေးက ခဏလောက် စဉ်းစားပြီး ခေါင်းခါလိုက်တယ်။ "နည်းနည်းတော့ နောင်တရမိတာ အမှန်ပဲ"

မာချောင်က... "ချောင်ယွမ်ရေ... နင်ကတော့ တကယ်ပဲ။ ဒီလို အမှိုက်တစ်ကောင်ရဲ့ စကား နှစ်ခွန်းလောက်နဲ့ စိတ်ပြောင်းသွားတာလား။ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး နင် ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ဦး။ အခုအချိန်မှာ နင် နောက်ပြန်လှည့်ရင် ဘာလုပ်နိုင်မှာလဲ။ အဲ့ဒီ ငပေါတွေက ငါတို့ ဘာတွေလုပ်ခဲ့လဲဆိုတာ မသိကြသေးလို့ပါ၊ သိသွားရင် သူတို့က ငါတို့ကို အဖက်လုပ်ကြမှာလား"

ပြီးတော့ သူမက ရုတ်တရက် ပြုံးလိုက်ပြီး... "တကယ်တော့ အဲ့ဒီ ငပေါတွေက ငါတို့ကို ခွင့်လွှတ်ရင်လည်း ခွင့်လွှတ်ကြမှာပါ။ ဒါပေမဲ့ ငါ့စကားကို နားထောင်စမ်းပါ... အခု ပျော်နိုင်သလောက် ပျော်ထားလိုက်။ ပင်ပန်းလာပြီဆိုမှ ငပေါတစ်ယောက်ယောက်ကို ရှာပြီး လက်ထပ်လိုက်ပေါ့။ ပြီးရင် လူမည်းကလေးလေးတစ်ယောက် မွေးပေးပြီး သူ့ကို ကျွေးခိုင်းရမယ်... အဲ့ဒါမှ တကယ့်ကို ရင်ခုန်စရာ ကောင်းမှာ"

မာချောင်က သူမရဲ့ ရူးသွပ်လှတဲ့ အစီအစဉ်တွေကို ပျော်ပျော်ကြီး ဝေမျှနေတဲ့အချိန်မှာ ချောင်ယွမ်ရဲ့ မျက်နှာကတော့ ဖြူဖျော့လာပေမဲ့ ဘာမှတော့ ဆက်မပြောတော့ပါဘူး။

ပြိုင်ပွဲစတော့မယ်ဆိုတဲ့ အချက်ပြသံ ကြားတော့ လူတွေအားလုံး အလုပ်ရှုပ်ကုန်ကြတာပေါ့။ မာချောင်ကတော့ ချောင်ယွမ်ဟာ အုပ်စုထဲကနေ တိတ်တဆိတ် ထွက်သွားတာကို သတိမထားမိလိုက်ဘူး။ ချောင်ယွမ်ရဲ့ရည်းစား ဟိုင်းနီးယားကလည်း သူမ ထွက်သွားတာကို လုံးဝ ဂရုမစိုက်ပါဘူး။ သူက တခြားမိန်းကလေးတွေကိုပဲ လိုက်ကြည့်နေတာကိုး။ လူတွေသာ အနားမှာ မရှိရင် သူကဝီစီတောင် မှုတ်နေလောက်ပြီ။

ယွီဟွေးဖေးတို့တစ်သိုက်လည်း ထွက်လာကြတာပေါ့။ လူတွေက ဒီလို ထူးထူးခြားခြား အဖွဲ့အစည်းကို မြင်တော့ ပြုံးပြီး ခေါင်းခါကုန်ကြတာပေါ့။ တချို့ကလည်း စေတနာနဲ့ အဝတ်အစား လဲဖို့ သတိပေးကြသေးတာ။

ယွီဟွေးဖေးကတော့... "ကျွန်တော်တို့က အပျော်ပြေးတာပါဗျာ။ ဆုရဖို့လည်း မမျှော်လင့်ပါဘူး၊ ဒီတိုင်း လာပြီး လူစုခွဲပေးတာပါ" လို့ ပြောလိုက်တော့ အားလုံးက ရယ်မောကုန်ကြရော။

ဂျိုနာဒိုကလည်း လှည့်ကြည့်ပြီး ယွီဟွေးဖေးကို လက်မထောင်ပြလိုက်တယ်။ အန်းကျိကလည်း ယွီဟွေးဖေးကို တစ်ချက်ကြည့်လိုက်ပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်နေတုန်းပဲ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ ပထမဆုကို ရချင်တဲ့ ဆန္ဒက တအားကို ပြင်းထန်နေတာပေါ့။

ဒီအကြည့်က ယွီဟွေးဖေးကို တော်တော်လေးကို နေမထိထိုင်မသာ ဖြစ်စေပေမဲ့ သူက ဘာမှတော့ မပြောပါဘူး။ မာဂျီလီတို့ အဖွဲ့ကလည်း လှည့်ကြည့်ကြတာပေါ့။ သူတို့ရဲ့ အကြည့်တွေက စုန့်ချင်းဆီမှာတင် ရပ်နေတာ။ သူတို့ ဝီစီမှုတ်ချင်ပေမဲ့ နွားကျောင်းသားနဲ့ ချန်ယိုတောက်တို့ကို မြင်တော့ မနည်းထိန်းထားရတာပဲ။

ဒါကို မြင်တော့ ယွီဟွေးဖေးက နွားကျောင်းသားတို့ကို တိုးတိုးလေး ပြောလိုက်တယ်...။

"ခဏနေရင် အဲ့ဒီကောင်တွေကို အသက်ထွက်အောင် ပြေးခိုင်းစမ်းဗျာ"

သူတို့အားလုံးက လူဆိုးလေးတွေဆိုတော့ကာ... ချက်ချင်းပဲ အဓိပ္ပာယ်ကို နားလည်သွားပြီး ဖြီးခနဲ ပြုံးလိုက်ကြတာပေါ့။

"ဟဲဟဲ... သိပြီ"

စုန့်ချင်းတစ်ယောက်ပဲ သူတို့ကို သံသယနဲ့ ကြည့်ပြီး... "ရှင်တို့ ဘာမကောင်းတဲ့ အကြံတွေ ထုတ်နေတာလဲ" လို့ မေးရှာတာပေါ့။ သူတို့ကတော့ ဘာမှမပြောဘဲ ရယ်ပဲနေကြတာ။

သေနတ်သံ တစ်ချက် ထွက်လာတာနဲ့ လူတွေအားလုံး "ဟေး..." ခနဲ အော်ပြီး ရှေ့ကို ပြေးထွက်သွားကြပါတော့တယ်ဗျာ။

ပြေးကြတဲ့အခါမှာတော့ လူတွေရဲ့ အခြေအနေက ချက်ချင်း ပေါ်လာတာပေါ့။ လူအုပ်ကြီးထဲက အများစုကတော့ အပျော်လာပြေးတာပါ။ သူတို့က ကြည့်ရတာ ပရိုတွေလို ဝတ်ထားပေမဲ့ အစကတည်းက အားကုန်သုံးပြီး အတင်းပြေးနေကြတာ... ဒါဟာ အတွေ့အကြုံမရှိတဲ့ လက္ခဏာပဲ။

ဒါကို ဘယ်သူမှ ဂရုမစိုက်ပါဘူး။ သတင်းမီဒီယာတွေကတော့ ဂျိုနာဒို၊ အန်းကျိနဲ့ အေးအေးဆေးဆေး ပြေးနေတဲ့ တရုတ်အားကစားသမား အနည်းငယ်ကိုပဲ စောင့်ကြည့်နေကြတာ။ အဲ့ဒီတရုတ်အားကစားသမားတွေကတော့ ကမ္ဘာ့အဆင့် ဆုရဖူးသူတွေ ဘေးမှာ ရှိနေပေမဲ့ စိတ်ဓာတ်မကျဘဲ သူတို့ရဲ့ အသက်ရှူနှုန်းနဲ့ အရှိန်ကို အသေအချာ ထိန်းပြီး ပြေးနေကြတာပေါ့။

ဒါတွေအပြင် လူအများဆုံး စိတ်ဝင်စားခံရတဲ့ အဖွဲ့ကတော့ ယွီဟွေးဖေးတို့ အဖွဲ့ပဲ။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့က တကယ့်ကို ဗြောင်းဆန်နေလို့ပဲ။ လူမျိုးစုံပါသလို ဝတ်စုံတွေကလည်း စုံလှချည်လား။

ယွီဟွေးဖေးတို့ရဲ့ ဝတ်ရုံရှည်အဖွဲ့ကတင် တော်တော်လေး ခေါင်းခဲစရာ ဖြစ်နေပြီဆိုကာမှ... အခုတော့ ဒေါ်နယ်ဘဲကြီး၊ မစ်ကီမောက်စ်နဲ့ စပန်းဘော့တို့ကလည်း ပါလာသေးတာ။

ဒါတင်မကသေးဘူး... အင်္ကျီဖြူ၊ မျက်နှာဖုံးဖြူတွေ ဝတ်ထားပြီး လူကြည့်အများဆုံး အီမိုဂျီ ပုံစံမျိုးစုံ တပ်ထားတဲ့ အဖွဲ့ကြီးကလည်း ပါလာပြန်ရော။

ဒီအဖွဲ့ သွားလေရာမှာတော့ ပရိသတ်တွေနဲ့ သတင်းထောက်တွေဟာ ရယ်လွန်းလို့ ဗိုက်တွေတောင် နာကုန်ကြတာပေါ့။ တချို့ဆိုရင် သူတို့ကို "ဟာသပြဇာတ်အဖွဲ့" လို့တောင် နာမည်ပေးလိုက်ကြသေးတယ်။

ဒါတွေအပြင် စုန့်ချင်းကလည်း တကယ့်ကို တောက်ပနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပေါ့။ သူမရဲ့ ခန္ဓာကိုယ်အလှနဲ့ ရုပ်ရည်ကြောင့် အမျိုးသားတွေကော၊ သူမရဲ့ အလှကို ငေးမောတဲ့သူတွေကော အကုန်လုံးက သူမဘေးနားမှာပဲ ဝိုင်းနေကြတာ။

မာဂျီလီတို့ အဖွဲ့ကလည်း အနားမှာ ရှိနေတာပေါ့။ သူတို့က နိုင်ဖို့ စိတ်ကူးမရှိဘူး၊ ယွီဟွေးဖေးတို့နဲ့ ပြိုင်ချင်တာရယ်၊ စုန့်ချင်းကို လိုက်ငေးချင်တာရယ်ပဲ ရှိတာ။

နွားကျောင်းသားက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး... "မင်းတို့ သုံးမီတာအတွင်းကို ကပ်ရဲရင် ငါ မင်းတို့ခြေထောက်ကို ရိုက်ကျိုးပစ်မယ်" လို့ ခြိမ်းခြောက်လိုက်တာပေါ့။

ဒီခြိမ်းခြောက်မှုက တော်တော်လေး ထိရောက်တယ်၊ အဲ့ဒီ ယင်ကောင်တစ်သိုက်ကတော့ အနားကို မကပ်ရဲတော့ဘဲ အဝေးကနေပဲ လိုက်လာကြတော့တာပေါ့။ မာဂျီလီက မကျေမနပ်နဲ့ အော်ပြောတယ်...။

"ဒါက မတရားဘူး။ ခင်ဗျားတို့ကျတော့ အနားမှာ နေရပြီးတော့။ ကျွန်တော်တို့လည်း တရားမျှတတဲ့ ယှဉ်ပြိုင်မှုပဲ လိုချင်တာပါ"

"ပြိုင်တာက ခင်ဗျားအဘိုးကို သွားပြိုင်လေ။ ထပ်ပြီး စကားများနေရင် ခင်ဗျားပါးစပ်ကို ရိုက်ရိုးပစ်မယ်" လို့ ယွီဟွေးဖေးက တိုက်ရိုက်ပဲ ဆဲပစ်လိုက်တာပေါ့။ ဒီလို အမှိုက်တွေကို သူက ယဉ်ကျေးနေဖို့ စိတ်ကူးမရှိပါဘူး။

မာဂျီလီက... "ဒါက ခွဲခြားဆက်ဆံတာပဲ" လို့ အော်ပြန်ရော။

စုန့်ချင်းက လှည့်ကြည့်ပြီး... "ကျွန်မက လူမည်းတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူး၊ ရှင်တို့လို အမှိုက်တွေကိုပဲ ခွဲခြားဆက်ဆံတာ" လို့ ပြောလိုက်တာပေါ့။

ဒီစကားကြောင့် လူအုပ်ကြီးက ဝါးခနဲ ရယ်မောကုန်ကြတာပေါ့ဗျာ။ ဒေါ်နယ်ဘဲကြီး ဝတ်ထားတဲ့သူက မာဂျီလီကို လက်ညှိုးထိုးပြီး... "အမှိုက်ကောင်... လစ်တော့" လို့ အော်လိုက်ပါသေးတယ်။

ကျန်တဲ့သူတွေကလည်း ဝိုင်းအော်ကြတော့ မာဂျီလီမှာတော့ တော်တော်လေးကို အရှက်ရသွားတာပေါ့။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာကတော့ ထူလွန်းပါတယ်ဗျာ။ သူက အနားကို မကပ်ရဲပေမဲ့ စုန့်ချင်းကိုတော့ တစိမ့်စိမ့် လိုက်ကြည့်နေတုန်းပဲ။ အဲ့ဒီ ရိုင်းစိုင်းတဲ့ အကြည့်တွေကြောင့် ယွီဟွေးဖေးကတော့ တော်တော်လေးကို ဒေါသထွက်နေပြီ။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သရဲဖြူတို့ကို တိုးတိုးလေး တစ်ခုခု ပြောလိုက်တာပေါ့။

ခဏလေးအတွင်းမှာတင် သရဲဖြူ၊ နွားကျောင်းသား၊ ချွေ့ကျွယ်၊ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ဟာ နေရာပြောင်းလိုက်ကြပြီး စုန့်ချင်းကို တခြားလူတွေ မမြင်ရအောင် လူတံတိုင်းကြီးလို ကာကွယ်လိုက်ကြတော့တယ်။ မာဂျီလီကတော့ ဘာမှမမြင်ရတော့ဘူးပေါ့။

မာဂျီလီက ဟင်းခနဲ သက်ပြင်းချပြီး အရှိန်တင်လို့ ဒီလူတံတိုင်းကို ကျော်တက်ဖို့ ကြိုးစားပြန်ရော။ ဒါပေမဲ့ သူ အရှိန်တင်ရင် ယွီဟွေးဖေးတို့ကလည်း အရှိန်တင်တာပဲ။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ရယ်မောပြီး ပြောလိုက်တာက... "မာဂျီလီ... ခင်ဗျား ထမင်းမစားလာဘူးလားဗျ။ ဘာဖြစ်လို့ ဒီလောက်တောင် နှေးနေရတာလဲ"

မာဂျီလီက ယွီဟွေးဖေးရဲ့ ဝတ်ရုံရှည်ကြီးကို ကြည့်ပြီး စိတ်ထဲကနေ လှောင်ပြုံးပြုံးနေတာပေါ့။ ဒီဝတ်စုံကြီးက သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပဲ၊ ယွီဟွေးဖေးဟာ ခံနိုင်ရည် လျော့နည်းသွားမှာပဲလို့ သူက ယုံကြည်နေတာကိုး။

"ခင်ဗျား တကယ် ပြေးနိုင်တယ်ဆိုရင်လည်း လိုက်ခဲ့လေ၊ မရပ်လိုက်နဲ့ဦး"

ယွီဟွေးဖေးက... "ကောင်းပြီလေ... ပြေးကြတာပေါ့။ ကျွန်တော် ခင်ဗျားနောက်က လိုက်ခဲ့မယ်"

မာဂျီလီက အရှိန်တင်ပြီး ပြေးနေရင်းနဲ့ ခဏအကြာမှာတော့ ယွီဟွေးဖေးတို့ရဲ့ အပြုံးတွေက တစ်မျိုးကြီး ဖြစ်လာတာကို သတိထားမိလိုက်တယ်။ သူ နောက်ကို လှည့်ကြည့်လိုက်တော့ ဟိုင်းနီးယားတို့က မလိုက်လာကြတော့ဘဲ သူတစ်ယောက်တည်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ရှေ့က လမ်းကို ကြည့်လိုက်တော့ တောင်တတ်လမ်းဘက်ကို ရောက်နေပြီ။ မာဂျီလီရဲ့ နဖူးမှာ ချွေးအေးတွေ ပျံလာတာပေါ့။ သူ တကယ် ကြောက်နေတာက လူသူကင်းမဲ့တဲ့ နေရာရောက်ရင် ယွီဟွေးဖေးတို့က သူ့ခြေထောက်ကို ရိုက်ကျိုးပစ်မှာကိုပါပဲ။ အဲ့ဒါကြောင့်မို့လို့ သူက အတင်းအော်တယ်။

"ဟိုင်းနီးယား... မြန်မြန်လာကြလေ"

ဟိုင်းနီးယားတို့ကလည်း စိတ်ပျက်နေတာ။ အစကတော့ လူတံတိုင်းကြီးက ကာထားလို့ ဘာမှမမြင်ရဘူး။ ယွီဟွေးဖေးတို့ အဖွဲ့ ရှေ့ကို တက်သွားတော့မှ သူတို့က မိန်းကလေးကို အားရပါးရ ကြည့်ရတော့မယ်လို့ ထင်ထားတာ။

ဒါပေမဲ့ သူတို့ဘက်က ဖြစ်ရမယ့် အီမိုဂျီ စစ်တပ်ကြီးက ရုတ်တရက် အရှိန်တင်လိုက်ပြီး စုန့်ချင်းကို ထပ်ပြီး ကာကွယ်လိုက်ပြန်ရော။ အဲ့ဒီ အီမိုဂျီ မျက်နှာဖုံးတွေက သူတို့ကို ကြည့်ပြီး... "ဘာကြည့်နေတာလဲ"၊ "ငါ ဒီမှာရှိတယ် အစ်ကိုကြီး"၊ "လာလေ... ပျော်ကြတာပေါ့"၊ "မြင်ရပါဘူး... မြင်ရပါဘူး" ဆိုတဲ့ ပုံစံမျိုးစုံနဲ့ လှောင်နေကြတာပေါ့။

အဲ့ဒီအချိန်မှာ သူတို့ရဲ့ ရှေ့မှာတော့ အီမိုဂျီတွေပဲ ပြည့်နေတာ။ စုန့်ချင်းရဲ့ ဆံပင်တစ်မျှင်တောင် မမြင်ရတော့ဘူးဆိုတော့ သူတို့မှာ ဒေါသထွက်ပြီး ဘာမှမတတ်နိုင် ဖြစ်နေကြတာပေါ့။

ဒေါ်နယ်ဘဲကြီး ဝတ်ထားတဲ့သူက အော်ပြောတယ်။ "ဘာကြည့်နေတာလဲ။ ငါတို့ ကြည့်တာက အလှအပကို ခံစားတာဗျ။ မင်းတို့ အကြည့်က ဘာလဲ။ တိရစ္ဆာန်တွေလား။ မင်းတို့ မျက်လုံးထဲမှာ စော်ကားမှုတွေပဲ ပြည့်နေတာ။ ငါတို့က မင်းတို့ကို မရိုက်တာပဲ ကျေးဇူးတင်စမ်းပါ"

ဒီစကားတွေက အားလုံးရဲ့ စိတ်ထဲမှာ ရှိနေတဲ့အတိုင်းပါပဲ။ စုန့်ချင်းက လှပါတယ်၊ ဒါပေမဲ့ အားလုံးမှာလည်း အကန့်အသတ် ရှိကြတာပေါ့။ လူတွေကတော့ ခိုးကြည့်ရင် ကြည့်မယ်၊ ဒါပေမဲ့ ဒီကောင်တွေလိုမျိုး ရိုင်းစိုင်းတဲ့ အကြည့်မျိုးနဲ့တော့ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျန်တဲ့ ပြိုင်ပွဲဝင်တွေကလည်း စုန့်ချင်းကို ဝိုင်းပြီး ကာကွယ်ပေးလိုက်ကြတာပေါ့။

ဟိုင်းနီးယားက မကျေမနပ်နဲ့... "ခင်ဗျားတို့လည်း ငါတို့ထက် သိပ်မသာပါဘူး" လို့ အော်တယ်။

တစ်ယောက်ယောက်က ရယ်ပြီး ပြန်ပြောလိုက်တာက... "လူဆိုးတွေကြားမှာတောင် သိက္ခာဆိုတာ ရှိသေးတယ်ဗျ။ ထားလိုက်ပါတော့... ခင်ဗျားတို့ကတော့ ဘယ်နားလည်ပါ့မလဲ။ ကြည့်ချင်ရင် ငါတို့ကိုပဲ ကြည့်"

ဟိုင်းနီးယားတို့ကတော့ ဒေါသတအား ထွက်နေတာပေါ့။ အဲ့ဒီအချိန်မှာ မာဂျီလီက လှမ်းခေါ်လိုက်တော့ ကြည့်စရာလည်း မရှိတော့တာနဲ့ပဲ သူတို့နောက်ကို လိုက်သွားရတာပေါ့။

ကိုယ့်လူတွေ ပြန်ရောက်လာတော့ မာဂျီလီက သတ္တိတွေ ပြန်တက်လာပြန်ရော။ ဒါတင်မကသေးဘူး... သူတို့အဖွဲ့က ကြီးလာတော့ ဟာသကြည့်ချင်တဲ့ ပရိသတ်တွေကလည်း လိုက်လာကြတာကိုး။

လူတွေ အများကြီး ရှိနေတော့ မာဂျီလီက စိတ်အေးသွားပြီလေ။ ယွီဟွေးဖေးတို့က နေ့ခင်းကြောင်တောင်ကြီး လူတွေအများကြီး ရှေ့မှာ သူ့ကို ရိုက်ရဲမှာ မဟုတ်ဘူးလို့ သူက ထင်နေတာ။

ယွီဟွေးဖေးကလည်း ဒီလို ဟာသကြည့်ချင်တဲ့သူတွေ လိုက်လာတာကို မြင်တော့ ဆွံ့အသွားတာပေါ့။ သူက ဘယ်သူမှ မမြင်တဲ့ ခဏလေးအတွင်းမှာတင် ကျောက်ခဲတစ်လုံးကို ခြုံပုတ်ထဲကို လွှင့်ပစ်လိုက်တယ်။

မာဂျီလီက ဒါကို မြင်သွားတော့ ချွေးအေးတွေ ထပ်ပြန်လာပြန်ရော။ သူက စဉ်းစားမိတာက... 'ဒီကောင်က တကယ်ကြီး လူသူကင်းမဲ့တဲ့ နေရာရောက်ရင် ငါ့ကို ရိုက်ဖို့ ကြံနေတာပဲ... လက်နက်တောင် အသင့်ပြင်ထားပြီ' ဆိုပြီးတော့ပေါ့။ ယွီဟွေးဖေးကို ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နေတာကြောင့် ယွီဟွေးဖေးအနားကို မကပ်ရဲတော့ဘူး။

နာရီဝက်လောက် ကြာတော့ လူတွေက စပြီး မောလာကြပြီ။ ချန်ယိုတောက်ရဲ့ အသက်ရှူသံတွေကလည်း ပြင်းလာပြီ။

စုန့်ချင်းကတော့ အဆင်ပြေနေတုန်းပဲ၊ မျက်နှာလေးကတော့ နီမြန်းနေတာပေါ့။ ကိုရင်လေး တိကျန့်ကတော့ သူမဘေးနားမှာ ပြေးနေပေမဲ့ နည်းနည်းတော့ ခွာထားတယ်။ သူ့ရဲ့ မျက်နှာလေးမှာတော့ မထီမဲ့မြင် လုပ်တဲ့ အမူအရာလေးတွေ ရှိနေသား။ စုန့်ချင်းကလည်း ယွီဟွေးဖေးရဲ့ အိမ်မှာ နေဖူးတော့ ဒီကလေးက မိန်းမတွေကို မကြိုက်ဘူးဆိုတာ သိနေတော့ကာ ဘာမှမတတ်နိုင်ဘူးပေါ့။

တစ်နာရီလောက် ကြာသွားတဲ့အခါမှာတော့ လူတွေ တော်တော်များများ ပြိုင်ပွဲကနေ ထွက်ကုန်ကြပြီဗျ။ တချို့ဆိုရင် မပြေးနိုင်တော့ဘဲ လမ်းလျှောက်နေကြရပြီ...။

All Chapters