← Chapters

အဲ့ဒါ... သူပဲဗျို့...

Vol. 17 Ch. 240

အဲ့ဒါ... သူပဲဗျို့...

Vol. 17 Ch. 240

သရဲဖြူက သူ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေတာ။ ယွီဟွေးဖေးက ခဏလောက် တွေဝေသွားပြီးမှ... "ကဲပါဗျာ... တစ်ခုခုလည်း ပြောဦးမှပေါ့” လို့ ဟောက်လိုက်ရတာပေါ့။

သရဲဖြူက ညည်းတွားပြီး ပြောရှာတယ်... "မင်း ငါ့ကို ဆင်းမွန်း Simmonsကုတင် ဝယ်ပေးမယ်လို့ ကတိပေးထားတယ်လေ... ဘယ်မှာလဲ အဲ့ဒီ ဆင်းမွန်းကြီးက"

ယွီဟွေးဖေး သူ့နဖူးသူ ပြန်ရိုက်လိုက်မိတယ်။

"အမလေး... သွားပြီ... ကျွန်တော် အလုပ်တွေ တအားများနေလို့ လုံးဝ မေ့သွားတာ။ မနက်ဖြန်... မနက်ဖြန်ကျရင် ကျွန်တော်တို့ မြို့ထဲကိုသွားပြီး အဲ့ဒီ ဆင်းမွန်း ကုတင်ကြီး သွားဝယ်ကြမယ်... ကုတင်တင် မကဘူးဗျာ၊ ကားပါ ဝယ်ဦးမှာ... ခုနစ်ယောက်စီး ကားအကြီးကြီးတစ်စီးဗျ” လို့ ကြုံးဝါးလိုက်တော့ သရဲဖြူရဲ့ မျက်လုံးတွေဟာ ချက်ချင်းဆိုသလို အရောင်တလက်လက် တောက်ပသွားတာပေါ့။

"တကယ်လား"

"ကျိန်းသေပေါက်ပေါ့” လို့ ယွီဟွေးဖေးက ရင်ဘတ်ကို တဗုန်းဗုန်းထုပြီး အာမခံလိုက်တော့တာပဲ။

ယွီဟွေးဖေးက အသေအချာ စဉ်းစားထားပြီးသား။ သူ့အိမ်မှာ လူတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး များလာတာလေ။ နောက်ပြီးတော့ ရှေ့လျှောက် မြို့နဲ့ ရှီးလင်းကို ခေါက်တုံ့ခေါက်ပြန် သွားနေရမယ့် ကိစ္စတွေကလည်း အများကြီးဆိုတော့ကာ... ကားတစ်စီး ရှိနေတာက အများကြီး ပိုပြီး အဆင်ပြေစေတာပေါ့။ ပြီးတော့ ကားဆိုတာက မောင်းရုံတင် မဟုတ်ဘဲ လယ်ယာလုပ်ငန်းတွေမှာပါ အသုံးချလို့ ရသေးတယ်။ အကျိုးကျေးဇူးတွေကတော့ ပြောမနေပါနဲ့တော့။

ဒါတင်မကသေးဘူး၊ နွေဦးရာသီကလည်း နီးလာပြီလေ။ နှင်းတွေ အရည်ပျော်ပြီး လမ်းပေါ်မှာ နှင်းတွေ မရှိတော့ဘူးဆိုရင်တော့ စွတ်ဖားကြီးက အသုံးမဝင်တော့ဘူး မဟုတ်လား။ အကယ်၍ အရေးပေါ်ကိစ္စ တစ်ခုခုရှိလို့ အပြင်ထွက်ရမယ်ဆိုရင် တာဟွမ်ဆိုတဲ့ ခွေးကြီးကိုပဲ အတင်းဆွဲခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။

အဲ့ဒါကြောင့် အဖက်ဖက်က တွက်ချက်ကြည့်ပြီးတဲ့နောက်မှာတော့ ကားတစ်စီး ဝယ်ဖို့က မရှိမဖြစ် လိုအပ်ချက်ကြီး ဖြစ်နေတာပေါ့။

ဒါပေမဲ့ တကယ့် အဓိက အကြောင်းရင်းကတော့ ယွီဟွေးဖေးရဲ့ အိတ်ထဲမှာ ပိုက်ဆံတွေက တောင်ပုံရာပုံ ရှိနေလို့ပါပဲ။ အိတ်ထဲမှာ ယွမ်တစ်သိန်းကျော် ရှိနေတော့ကာ လက်ဖဝါးတွေက ယားပြီး ပိုက်ဆံကို သုံးချင်နေတာပေါ့။ ကားမောင်းလိုင်စင်ကတော့ တက္ကသိုလ်တုန်းကတည်းက ရထားတာလေ၊ အဲ့ဒီနောက်ပိုင်း မောင်းဖို့ အခွင့်အရေး မရခဲ့တာပဲ ရှိတာ။

ယွီဟွေးဖေးဆီက အတည်ပြုချက် ရသွားတော့ သရဲဖြူဟာ အပျော်ကြီး ပျော်သွားပြီး သူ့အခန်းကို သူ ကခုန်သလိုမျိုး ပြန်သွားတာပေါ့။

အဲ့ဒီအချိန်မှာပဲ နွားကျောင်းသား ရောက်လာပြီး ယွီဟွေးဖေးရဲ့ ရှေ့မှာ တဖြီးဖြီးနဲ့ ပြုံးပြီး ထိုင်နေပြန်ရော။ သူ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပဲ ယွီဟွေးဖေးက လက်ကာပြလိုက်တယ်။

"ဘာမှ ထပ်မပြောနဲ့တော့။ စိတ်ချလက်ချသာ နေစမ်းပါ၊ ခင်ဗျား နာမည်နဲ့ ကုတင်တစ်လုံးကတော့ အသင့်ရှိနေစေရမယ်"

နွားကျောင်းသားကတော့ စကားနည်းပြီး အလုပ်လုပ်တဲ့သူဆိုတော့ကာ သူ လိုချင်တာ ရပြီဆိုတာနဲ့ စကားအပိုတွေ မပြောတော့ဘဲ ချက်ချင်းပဲ လှည့်ထွက်သွားတော့တာပေါ့။

အဲ့ဒီနောက်မှာတော့ တိကျန့် ရောက်လာပြန်ရော။ သူကတော့ ယွီဟွေးဖေးကို သူ့ရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေတာပေါ့။

ယွီဟွေးဖေး သက်ပြင်းချလိုက်ပြီး... "ငါ့ကို အဲ့ဒီလိုကြီး ကြည့်မနေပါနဲ့တော့ တိကျန့်ရာ... မင်းအတွက်လည်း တစ်လုံး ပါပါတယ်ဗျ"

တိကျန့်ကတော့ ပြုံးပျော်သွားပြီး သူ့ရင်ဘတ်ကို သူ ပုတ်ကာ... "ညီအစ်ကိုကောင်းကြီးပဲဗျာ... နောက်ကျရင် ခင်ဗျား တစ်ခုခု အကူအညီလိုရင် ကျွန်တော့်ကိုသာ အမိန့်ရှိလိုက်ပါတော့” လို့ ကြွေးကြော်လိုက်တာပေါ့။

ဒါကို ကြားတော့ ယွီဟွေးဖေးက ခန္ဓာကိုယ်ကို မတ်လိုက်ပြီး... "တကယ်တော့ အခုပဲ အကူအညီ လိုနေတာ။ ခဏနေရင် တစ်ယောက်ယောက် ရောက်လာတော့မယ်၊ သူက ဘယ်သူလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ သူ ရောက်လာရင် သူက ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ကူပြီး ခွဲခြားပေးဦး။ အကယ်၍ သူက တအား မာန်တက်နေမယ် ဒါမှမဟုတ် အောက်ခြေလွတ်နေမယ်ဆိုရင်တော့ ခင်ဗျားရဲ့ ဗောဓိသတ်အဆင့်အတန်းနဲ့ သူ့ကို နည်းနည်းလောက် နှိမ်ပေးလိုက်စမ်းပါ"

တိကျန့်က ဒါကတော့ အေးဆေးပါပဲလို့ အမူအရာနဲ့ ပြလိုက်တယ်။ ပြီးတော့ သူက ပြန်မသွားတော့ဘဲ ရင်ပြင်မှာတင် ဒါမာကျိန်းတောက် ဒေါင်ဒေါင်ချထိုင်တဲ့ ပုံစံအတိုင်း ခန့်ညားထည်ဝါစွာ ထိုင်လိုက်ပြီး တစ်လောကလုံးကို မထီမဲ့မြင် လုပ်တဲ့ အမူအရာကြီးနဲ့ လူသစ်ကို စောင့်နေတာပေါ့။

အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့တံခါးဝကနေ "ဒေါက်... ဒေါက်..." နဲ့ တံခါးခေါက်သံကြီး ထွက်ပေါ်လာတယ်။

ယွီဟွေးဖေးက တိကျန့်ကို တစ်ချက် ကြည့်လိုက်တော့ သူက အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားတာပေါ့။ သူက အသက်ကို ဝအောင် ရှူလိုက်ပြီး လျှပ်စစ်မီးခလုတ် နှိပ်လိုက်သလိုမျိုး မြန်မြန်ဆန်ဆန်ပဲ တံခါးဝကို လျှောက်သွားပြီး သစ်သားတံခါးကြီးကို ဆွဲဖွင့်လိုက်တော့တယ်။

တံခါးကြီးက "ကျွီ... ကျွီ..." နဲ့ အသံပေးပြီး ပွင့်သွားတာနဲ့...

ယွီဟွေးဖေး မြင်လိုက်ရတာကတော့ တိကျန့်ဟာ လျှပ်စီးလက်သလို အရှိန်နဲ့ နောက်ကို ပြန်ပြေးလာတာပါပဲ။ သူက စကားတစ်ခွန်းပဲ ပြောသွားတယ်... "အမလေးဗျို့... ဒါ... ဒါကတော့ ကျွန်တော်လည်း မကိုင်တွယ်နိုင်ဘူး။ တအားကို ကြီးလွန်းတယ်”

ပြီးတော့ အဲ့ဒီကောင်လေးက နောက်ဖေးဘက်ကို အတင်းပြေးဝင်သွားတော့တာပဲ။

ယွီဟွေးဖေးလည်း လန့်သွားတာပေါ့၊ စိတ်ထဲကနေလည်း... 'သောက်ကျိုးနည်း... ဒါ ဘယ်သူများလဲ။ တိကျန့်တောင် ကြောက်ပြေးရအောင် ဘယ်လောက်တောင် စွမ်းအားကြီးနေလို့လဲ။ ပြီးတော့ ဘာကြီးက "တအားကြီး" နေတာလဲ' ဆိုပြီးတော့ပေါ့။

ယွီဟွေးဖေးက မျက်လုံးကို ပင့်ကြည့်လိုက်တဲ့ အချိန်မှာတော့... ဖြူဖွေးဝင်းပနေတဲ့ ကျောက်စိမ်းရောင် ခြေထောက်လေး တစ်စုံက သူ့ရဲ့ အမြင်အာရုံထဲကို ဝင်လာပါပြီ။ အဲ့ဒီ နှင်းလိုဖြူတဲ့ ခြေထောက်လေးတွေနဲ့ အသားအရည်ဟာ ကြည့်ရတာ တကယ့်ကို နူးညံ့ချောမွတ်နေတာဗျာ... အပေါ်ကို မော့မကြည့်ရသေးခင်မှာတင် ယွီဟွေးဖေး သိလိုက်ပါပြီ။ သူ့ရဲ့ အလုပ်သမား ပြုပြင်ရေးဗျူရိုထဲကို နောက်ဆုံးတော့ 'အမျိုးသမီး အကျဉ်းသူ' တစ်ယောက် ရောက်လာပြီဆိုတာပါပဲ...။

သူ တစ်သက်လုံး မျှော်လင့်ခဲ့တဲ့ ဆန္ဒဟာ အခုမှပဲ ပြည့်ဝတော့တာပေါ့ဗျာ၊ သူ့ရဲ့ စုတ်ပြတ်သတ်နေတဲ့ ဗျူရိုထဲကို မိန်းမလှလေးတစ်ယောက် ခြေချလာပြီလေ...။

ယွီဟွေးဖေးရဲ့ အကြည့်တွေက အဲ့ဒီ ခြေထောက်လေးတွေကနေ အပေါ်ကို တဖြည်းဖြည်း ဆန်တက်သွားတာပေါ့။

ခြေသလုံးတွေက ပြည့်ဖြိုးနေပြီး ပေါင်တံတွေကတော့ ရှည်လျားသွယ်လျလို့။ အဓိကကတော့ အဲ့ဒီနေရာတွေမှာ ဘာအဝတ်အစားမှ သေသေချာချာ ဖုံးအုပ်မထားတာပဲဗျ။ အဲ့ဒီအချိန်မှာ နောက်ဖေးကနေ သရဲဖြူရဲ့ အသံ ထွက်လာတယ်။

"ရှောင်ယွီရေ... ဘယ်သူ ရောက်တာလဲ။ တိကျန့်လေးကိုတောင် အဲ့ဒီလောက် လန့်ပြေးအောင် ဘယ်သူက လုပ်လိုက်တာလဲ"

ယွီဟွေးဖေးဟာ သွေးတွေတောင် ဆူပွက်လာပြီး အသက်ရှူသံတွေလည်း မြန်လာတာပေါ့။ သူက အလိုအလျောက် ပြန်ဖြေလိုက်မိတာက... "ခြေတံရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက် ရောက်လာတာဗျ... အဲ၊ မဟုတ်ဘူး၊ နေဦး၊ သူ့ပေါင်တွေက..."

သူ ပြောနေရင်းနဲ့ ယွီဟွေးဖေးရဲ့ အကြည့်တွေက အပေါ်ကို ထပ်ပြီး ဆန်တက်သွားပြန်ရော။

သူမက အဖြူရောင် ဇာဝတ်ရုံပါးလေးကို ဝတ်ထားပြီး ခါးမှာတော့ ရွှေရောင်ခါးပတ်လေးနဲ့ စည်းထားတာ။ အဲ့ဒီ ဝတ်ရုံပါးလေးက မှိန်ပျပျ အလင်းရောင်အောက်မှာ ကြည့်လိုက်ရင် တကယ့်ကို ဖောက်ထွင်းမြင်နေရသလိုမျိုး ဘာကိုမှ ဖုံးကွယ်ထားနိုင်ခြင်း မရှိဘူး။ ဒါပေမဲ့ သေသေချာချာ စိုက်ကြည့်ရင်လည်း ဘာမှတော့ အတည်တကျ မမြင်ရပြန်ဘူးပေါ့။

လက်နဲ့ပတ်လို့ ရနိုင်လောက်တဲ့ သွယ်လျတဲ့ ခါးလေးရဲ့ အပေါ်မှာတော့... အမလေးဗျာ၊ တကယ့်ကို ခမ်းနားထည်ဝါလှတဲ့ တောင်ကုန်းကြီး နှစ်လုံး ရှိနေတာဗျို့...

ယွီဟွေးဖေး အခုမှပဲ တိကျန့် ပြောတဲ့ "တအားကြီးတယ်" ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်သွားတာပေါ့။ ဒါတွေက တကယ်ကို ကြီးလွန်းတာဗျာ...။

နောက်ဖေးကနေ သရဲဖြူက ထပ်ပြီး အော်နေတုန်းပဲ... "ဘယ်က ခြေတံရှည် မိန်းကလေးလဲ။ ဘာတွေ လျှောက်ပြောနေတာလဲ"

ယွီဟွေးဖေးကတော့ ထစ်ထစ်ငေါ့ငေါ့နဲ့... "ခြေတံရှည်တာ မဟုတ်ဘူးဗျ... ဒါက... ဒါက တောင်တန်းကြီးတွေဗျ..." လို့ ပြောနေမိတာပေါ့။

အပေါ်ကို ထပ်ကြည့်လိုက်တော့ ငဟံသငှက်လေးရဲ့ လည်ပင်းလိုမျိုး ရှည်လျားပြီး ကျော့ရှင်းလှတဲ့ လည်တိုင်လေးရယ်...

နောက်ဆုံးမှာတော့ တကယ့်ကို ထင်းခနဲ ပေါ်လွင်နေတဲ့ မျက်နှာလေးပေါ့ဗျာ။ ရွှေရောင်ဆံပင်၊ ပြာလဲ့လဲ့ မျက်ဝန်း၊ နီရဲနေတဲ့ နှုတ်ခမ်းနဲ့ စင်းနေတဲ့ နှာတံလေး။ ဒါဟာ နိုင်ငံခြားသူ မျက်နှာဗျ...

ယွီဟွေးဖေး မှင်တက်သွားတာပေါ့။ "နိုင်ငံခြားသူလေးလား။ ဒါယန်မာ နိုင်ငံခြား မြင်းမကြီးတစ်ကောင်လား"

ဒါကို ကြားတော့ သရဲဖြူက လှမ်းအော်တယ်... "ဘာလဲ။ မြင်းတစ်ကောင် ထပ်ရောက်လာတာလား"

ယွီဟွေးဖေးက သူ့ကို ဂရုမစိုက်ဘဲ အဲ့ဒီ နိုင်ငံခြားသူကိုပဲ စေ့စေ့ကြည့်နေတာပေါ့။ သူမကို နိုင်ငံခြား မြင်းမကြီးလို့ ခေါ်တာကတော့ ချဲ့ကားပြောတာ မဟုတ်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ သူမရဲ့ အရပ်က ၁.၈ မီတာလောက် ရှိနေတာကိုး။ အဲ့ဒါက ခြေဗလာနဲ့နော်၊ အကယ်၍ သူမသာ ဒေါက်မြင့်ဖိနပ် စီးလိုက်မယ်ဆိုရင် ၁.၈ မီတာပဲရှိတဲ့ ယွီဟွေးဖေးဟာ သူမဘေးမှာရပ်လိုက်ရင် တတိယတန်းစား မသန်စွမ်းတစ်ယောက်လို ခံစားရမှာ ကျိန်းသေတယ်။

ယွီဟွေးဖေးဟာ မိန်းမလှလေးတွေ အများကြီး မြင်ဖူးပေမဲ့လို့၊ အခု ဒီနိုင်ငံခြားသူကတော့ ရုပ်ရည်နဲ့ အလှအပပိုင်းမှာတော့ သူ မြင်ဖူးသမျှထဲမှာ နံပါတ်တစ်လို့ ဝန်ခံရမှာပဲ...။ စုန့်ချင်းနဲ့ ယှဉ်ရင်တောင်မှ အလှချင်းကတော့ ကွဲပြားပေမဲ့ ကိုယ်ခန္ဓာပိုင်းမှာတော့ စုန့်ချင်းက နည်းနည်းလေး လိုနေသေးတာ။

စုန့်ချင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က မလှလို့ မဟုတ်ပါဘူး၊ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်က တကယ့်ကို သေသပ်လွန်းနေလို့ပါ။ တက္ကသိုလ်တုန်းက ယွီဟွေးဖေးဟာ မိန်းကလေးတွေကို ငမ်းဖို့အတွက် ပန်းချီအတန်းတွေကို ခိုးတက်ခဲ့ဖူးတယ်လေ၊ အဲ့ဒီမှာ ရွှေအချိုးအစားအကြောင်း သင်ခဲ့ရတာ။

သူ မှားမနေဘူးဆိုရင်တော့ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ် လက်မတိုင်းဟာ အဲ့ဒီ ရွှေရောင်အချိုးအစားရဲ့ တကယ့် ပြယုဂ်ပါပဲဗျာ...

လူအများစုကတော့ အပေါ်ပိုင်းနဲ့ အောက်ပိုင်းက ၁:၁ အချိုးလောက်ပဲ ရှိတတ်ကြပေမဲ့ သူမကတော့ အဲ့ဒီလို မဟုတ်ဘူး။ သူမမှာက စံပြ ရွှေရောင်အချိုးအစား ရှိနေတော့ကာ ခြေထောက်တွေက တကယ့်ကို ရှည်လျားနေတာပေါ့...

ယွီဟွေးဖေးဟာ အဲ့ဒီမိန်းကလေးနဲ့ ပညာရေး ရှုထောင့်ကနေ ဆွေးနွေးချင်စိတ်တွေ တဖွားဖွား ပေါ်လာတာပေါ့ဗျာ၊ သူမရဲ့ အဖြူရောင် ဝတ်ရုံပါးလေးကို လှန်ခိုင်းပြီးတော့ သူမရဲ့ ခြေထောက်တွေဟာ တကယ်ပဲ ချက်နားကနေ စပြီး ဖြာထွက်နေတာလားဆိုတာကို စစ်ဆေးကြည့်ချင်နေတာကိုး...။

ဒါပေမဲ့ သူက အဲ့ဒီစကားတွေကိုတော့ မပြောရဲပါဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒီအမျိုးသမီးရဲ့ အမူအရာက တကယ့်ကို မြင့်မြတ်လွန်းနေတာကိုး။ အေးစက်စက်၊ တည်တည်ကြည်ကြည်နဲ့ ခန့်ညားထည်ဝါနေတာဟာ တကယ့် နတ်ဘုရားမတစ်ပါးအတိုင်းပဲ။

ဒါပေမဲ့လည်း ယွီဟွေးဖေးဟာ ဒီလိုအမူအရာမျိုးဟာ သူမရဲ့ မျက်နှာနဲ့ သိပ်ပြီး လိုက်ဖက်မှု မရှိဘူးလို့ ခံစားလိုက်ရတယ်။ သူမရဲ့ မျက်လုံးအိမ် အနက်ရှိုင်းဆုံးထဲမှာတော့ တပ်မက်မှုတွေဟာ လှိုင်းတံပိုးလေးတွေလိုမျိုး လှုပ်ရှားနေတာကို တွေ့လိုက်ရတာပေါ့... အဲ့ဒီမျက်လုံးလေးတွေကို ကြည့်လိုက်ရုံနဲ့တင် ယွီဟွေးဖေးရဲ့ နှလုံးသားဟာလည်း လိုက်ပြီးတော့ လှုပ်ခတ်လာရတာပေါ့။

ယွီဟွေးဖေးရဲ့ ရင်ခုန်သံတွေဟာ စည်းချက်မမှန်တော့ဘဲ သူ သိလိုက်ပါပြီ။ ဒါဟာ တကယ့် စစ်မှန်တဲ့ နတ်ဘုရားမ မဟုတ်ဘဲနဲ့ တကယ့်ကို ဖရိုဖရဲနိုင်လှတဲ့ မြှူဆွယ်တတ်တဲ့ မိန်းမရိုင်းလေးတစ်ယောက်ပဲ ဆိုတာပါပဲ။

ဒါကို တွေးမိတော့ ယွီဟွေးဖေးဟာ အသက်ကို ပြင်းပြင်းရှူပြီး စိတ်ကို ပြန်ထိန်းလိုက်တာပေါ့။ သူက သူ့ရှေ့မှာရှိတဲ့ ရင်သပ်ရှုမောစရာ အလှတရားကြီးကို အေးစက်စက် ကြည့်လိုက်ပြီး မေးလိုက်ပါတယ်...။

"ခင်ဗျား ဘယ်သူလဲ"

"23¥@#%……#¥……&"

တစ်ဖက်လူကတော့ ယွီဟွေးဖေး လုံးဝ နားမလည်နိုင်တဲ့ စကားလုံးတွေကို ရေရွတ်နေတော့ ယွီဟွေးဖေးက သူ့ရဲ့ မျက်ခုံးကြားကို ပွတ်လိုက်ပြီး... "တရုတ်စကား ပြောတတ်လားဗျ" လို့ မေးလိုက်တယ်။

အဲ့ဒီအမျိုးသမီးက မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်သလိုမျိုး လုပ်နေပြန်ရော။

ယွီဟွေးဖေးက ထပ်စမ်းကြည့်ပြန်တယ်... "Yes။ Harasho။ Yamete။ Understand။" ဆိုပြီးတော့ပေါ့။

အဲ့ဒီအမျိုးသမီးကတော့ ခေါင်းကိုပဲ ခါပြနေတာ။ ယွီဟွေးဖေးလည်း တော်တော်လေး စိတ်ရှုပ်သွားတာပေါ့။ ကောင်းပြီလေ၊ အကျဉ်းသူ တစ်ယောက် ရောက်လာတယ်၊ ဒီလောက်လှနေတာဆိုတော့ကာ လက်ခံနိုင်ပါတယ်၊ ပြီးတော့ သူမက စရိုက်မကောင်းဘူးဆိုရင်တောင်မှ သူ ဘာမှမပြောပါဘူး... ဒါပေမဲ့ ဒီဘာသာစကား အခက်အခဲကတော့ တော်တော်လေးကို ကိုင်တွယ်ရခက်ဦးမယ်။

အဲ့ဒီအချိန်မှာ ချွေ့ကျွယ်ဟာ အိမ်ထဲကနေ ထွက်လာပြီး ရယ်မောလိုက်တာပေါ့။

"တရုတ်စကားဆိုတာ လောကပေါင်း ကုဋေကုဋာရဲ့ အပြည်ပြည်ဆိုင်ရာသုံး ဘာသာစကား။ ခင်ဗျား ပြောမတတ်ဘူးလို့တော့ မပြောနဲ့ဦး။ အကယ်၍ တကယ်ကြီး ပြောမတတ်ဘူးဆိုရင်တော့ နောက်မှ နတ်မင်းကြီးနဲ့ပဲ အေးအေးဆေးဆေး စကားပြောလိုက်ကြတာပေါ့..."

ဒါကို ကြားလိုက်ရတဲ့ အချိန်မှာတော့ အဲ့ဒီအမျိုးသမီးရဲ့ မျက်လုံးထဲမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်လေးတွေ ချက်ချင်း ပေါ်လာတာပေါ့။

အဲ့ဒီတော့မှ ယွီဟွေးဖေး သိလိုက်ရတာက... အမလေးဗျာ... ကြည့်ရတာ သူမက သူဟာ အခုမှ ရာထူးရတဲ့ အရာရှိသစ်၊ ဘာမှမသိသေးတဲ့သူလို့ ထင်ပြီး လာပြီး အနိုင်ကျင့်နေတာကိုး... တကယ်ပါပဲ... မိန်းမလှလေလေ၊ လူတွေကို လှည့်စားတဲ့နေရာမှာ ပိုပြီး တော်လေလေပါပဲ။

ယွီဟွေးဖေးရဲ့ မျက်နှာဟာ မှောင်ကုပ်သွားတာပေါ့။ "ဒီဗျူရိုမှူးကြီးနဲ့ ပထမဆုံးတွေ့တဲ့ အချိန်မှာတင် လိမ်ညာလှည့်ဖြားရဲတယ်ဆိုတော့ကာ ခင်ဗျားက တကယ့်ကို သတ္တိကောင်းတာပဲဗျ... ကျောက်စိမ်းနတ်မင်းကြီးက ဒီမှာလာနေသွားပြီး ကျွန်တော့်ကို ညီအစ်ကိုလို့ ခေါ်ခဲ့တယ်ဆိုတာ ခင်ဗျား မသိဘူးလား။ ကျွန်တော့်ကို လှည့်စားတာဟာ ကျောက်စိမ်းနတ်မင်းကြီးရဲ့ ညီအစ်ကိုကို လှည့်စားတာပဲ၊ အဲ့ဒါက ကျောက်စိမ်းနတ်မင်းကြီးကို လှည့်စားတာနဲ့ အတူတူပဲ။ ကောင်းကင်ဘုံရဲ့ မိုးကြိုးကိုးချက်ကို ခံယူဖို့သာ အဆင်သင့်ပြင်ထားလိုက်တော့..."

ပြောပြီးတာနဲ့ ယွီဟွေးဖေးက သူ့ရဲ့ အမိန့်ပေးတံဆိပ်ပြားကို ထုတ်လိုက်ပြီး တစ်ခုခု ရေးဖို့ ပြင်လိုက်တာပေါ့။

အဲ့ဒီအမျိုးသမီးကတော့ ချက်ချင်းဆိုသလို ထိတ်လန့်သွားပြီး သူမရဲ့ နတ်ဘုရားမပုံစံကြီးဟာ လုံးဝကို ပျောက်ကွယ်သွားတော့တယ်။ သူမဟာ ယွီဟွေးဖေးဆီကို အပြေးအလွှား လာပြီး သူ့ရှေ့မှာ ဒူးထောက်ချလိုက်ကာ သူ့ရဲ့ ပေါင်ကို အတင်းဖက်ထားတော့တာပေါ့။

အဲ့ဒီ တောင်ကုန်းကြီးတွေနဲ့ ပွတ်တိုက်မိလိုက်တာဟာ ယွီဟွေးဖေးရဲ့ ဆံပင်တွေကိုတင် မကဘူး၊ တစ်ကိုယ်လုံးကိုပါ မီးလောင်တော့မလို ခံစားလိုက်ရတာ။ ရှေ့မှာ ပြောခဲ့သလိုပါပဲ၊ ဒီကောင်က လူပျိုစစ်စစ်ကြီး။ ၂၁ နှစ်အရွယ် လူပျိုကြီးဆိုတော့ကာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အောင်းနေတဲ့ စွမ်းအင်တွေကတော့ နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ။

သူ့ဘဝသက်တမ်းတစ်လျှောက်မှာ မိန်းမလှလေးတွေ အများကြီး တွေ့ဖူးတယ်၊ တချို့နဲ့လည်း ပတ်သက်ခဲ့ဖူးတာပေါ့။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု အနည်းငယ်လည်း ရှိခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုး အနှိုင်းမဲ့ အလှတရားကြီးက သူ့ရှေ့မှာ ဒူးထောက်ပြီး သူ့ကို လာပြီး ပွတ်သီးပွတ်သပ် လုပ်တာမျိုးကတော့ တစ်ခါမှ မကြုံဖူးဘူးဗျ...

ဒါတင်မကသေးဘူးဗျာ၊ သူမက သူ့ကို တကယ့်ကို သနားစရာကောင်းတဲ့ အကြည့်လေးနဲ့ မော့ကြည့်နေတာပေါ့။ အဲ့ဒီမြင်ကွင်းက ယွီဟွေးဖေးရဲ့ ရင်ထဲမှာ အပိတ်ခံထားရတဲ့ မကောင်းတဲ့အတွေးတွေနဲ့ ကိလေသာမီးတွေကို အတင်း ချိတ်နဲ့ဆွဲထုတ်နေသလိုပဲ၊ ပေါက်ကွဲတော့မယ့် အခြေအနေပေါ့။

အဲ့ဒီခဏမှာတင် သူ့ရဲ့ ဦးနှောက်ထဲမှာ ဂျပန်ကလာတဲ့ လျှို့ဝှက်အခန်းတွေ၊ လက်ထိပ်တွေ၊ ကြာပွတ်တွေနဲ့ ဖယောင်းတိုင်တွေရဲ့ ပုံရိပ်တွေဟာ ဝှတ်ခနဲ ဖြတ်ပြေးသွားတာပေါ့။ သူ့ရဲ့ ရင်ထဲမှာတော့ မကောင်းဆိုးဝါး မီးတောက်တွေဟာ သောင်းကျန်းနေပြီ...။

ဒါပေမဲ့ ယွီဟွေးဖေးကတော့ နောက်ဆုံးမှာ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ သူက အသက်ကို ပြင်းပြင်းရှူပြီး တည်ငြိမ်အောင် ကြိုးစားရင်းနဲ့ တစ်ခုခု ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အဲ့ဒီအမျိုးသမီးက စကားစပြောလိုက်တာပေါ့။

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ကျွန်မရဲ့ ပြစ်ဒဏ်ကို ထပ်မတိုးပါနဲ့ဦး။ ကျွန်မ အမှားလုပ်မိပါတယ်... အဲ့ဒီအစား ကျွန်မရဲ့ ကိုယ်ခန္ဓာနဲ့ပဲ ပေးဆပ်ပါရစေလားဟင်။ ဒီနေ့ည ကျွန်မ အရှင်မင်းကြီးကို ပြုစုစောင့်ရှောက်ပေးပါရစေလားရှင်"

အဲ့ဒီ မြှူဆွယ်တဲ့ အသံလေးရယ်၊ အဲ့ဒီ ဆွဲဆောင်မှုလေးရယ်၊ အဲ့ဒီ ရုပ်ရည်လေးရယ်... ပြီးတော့ အဲ့ဒီ ဖြူဖွေးနေတဲ့ ပေါင်တံလေးတွေရယ်...

ယွီဟွေးဖေးရဲ့ ဦးနှောက်ကတော့ ထပ်ပြီး ဗြောင်းဆန်သွားပြန်ပြီ။ သူ့ရဲ့ စိတ်ထဲကနေ အော်ဟစ်နေတာကတော့... "ချွတ်ချွတ်ချွတ်... ချွတ်လိုက်... ချွတ်လိုက်” ဆိုပြီးတော့ပေါ့။

"အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါပဲရှင်" လို့ ပြောပြီး အဲ့ဒီ မြှူဆွယ်တတ်တဲ့ မိန်းမဟာ သူမရဲ့ ကိုယ်ပေါ်က အဖြူရောင် ဇာဝတ်ရုံပါးလေးကို တကယ်ကြီး ဆွဲချွတ်ဖို့ လုပ်နေတာဗျို့...

ဒါကို မြင်တော့ ချွေ့ကျွယ်ကတော့ ဘာမှမပြောဘဲ မျက်နှာလွှဲပြီး လှည့်ထွက်သွားတာပေါ့။

ယွီဟွေးဖေးကတော့ ဒါကို မြင်တော့ အသည်းအသန် အော်တော့တာပဲ... "မလုပ်နဲ့... မလုပ်နဲ့... မလုပ်နဲ့... နေဦး... ရပ်လိုက်စမ်း... ရပ်လိုက်စမ်း”

"စိတ်ချပါ အရှင်မင်းကြီး၊ ကျွန်မ မရပ်ပါဘူးရှင်။ အကုန်လုံးကို ချွတ်ပြပါ့မယ်..." လို့ ပြောပြီး အဲ့ဒီအမျိုးသမီးက တခိခိနဲ့ ရယ်နေရော။

အဲ့ဒီအမျိုးသမီးက အဲ့ဒီ ဇာဝတ်ရုံလေးကို တကယ်ကြီး ချွတ်ပြီး သူမရဲ့ အလှတရားတွေကို ဖော်ထုတ်တော့မယ်ဆိုတာ မြင်လိုက်ရတဲ့ အချိန်မှာတော့... ယွီဟွေးဖေးဟာ သူ့ရဲ့ လျှာကို အားနဲ့ ကိုက်လိုက်ပြီး အစွမ်းကုန် အော်လိုက်တာကတော့...

"သူ့ကို ဆွဲထုတ်သွားပြီး ရိုက်စမ်းဗျို့”

ပြီးတော့ ယွီဟွေးဖေးဟာ လှည့်ပြီး ထွက်ပြေးပါတော့တယ်...။

အဲ့ဒီအမျိုးသမီးရဲ့ လှုပ်ရှားမှုတွေဟာ ရပ်တန့်သွားပြီး သူမကတော့ မှင်တက်သွားတာပေါ့။ သူမဟာ ဒီကမ္ဘာပေါ်မှာ သူမရဲ့ ဆွဲဆောင်မှုကို တောင့်ခံနိုင်တဲ့သူ ရှိလိမ့်မယ်လို့ တစ်စက်ကလေးမှ မထင်ထားခဲ့တာကိုး... သူမရဲ့ မျက်မှောင်တွေက တွန့်သွားပြီး မကျေမနပ် ဖြစ်နေတဲ့ လေသံနဲ့ အော်လိုက်တာက... "ရှင်... ရှင် ဘာပြောလိုက်တာလဲ"

ယွီဟွေးဖေးက... "အဖိုးကြီး ချွေရေ... ဒီအတိုင်းကြီး ရပ်မနေနဲ့ဦးဗျ... ဒီမြှူဆွယ်တတ်တဲ့ မိန်းမရိုင်းကို အပြင်ဆွဲထုတ်ပြီး ရိုက်စမ်းပါဦး”

ချွေ့ကျွယ်က လှည့်ကြည့်လိုက်တော့ အဲ့ဒီအမျိုးသမီးက အဝတ်အစားတွေ မချွတ်ရသေးတာ မြင်မှပဲ သက်ပြင်းချနိုင်တော့တာပေါ့။ သူက သူ့ရဲ့ တရားသူကြီး စုတ်တံကို ကောက်ကိုင်လိုက်ပြီး ရှေ့ကို တက်ဖို့ ပြင်လိုက်တာပေါ့။

ယွီဟွေးဖေးက ချွေ့ကျွယ်ရဲ့ လက်ထဲက စုတ်တံကို ကြည့်လိုက်၊ အဲ့ဒီအမျိုးသမီးကို ကြည့်လိုက်နဲ့... နောက်ဆုံးတော့ ချွေ့ကျွယ်ရဲ့ ပုံမှန် အလုပ်လုပ်ပုံတွေကို သွားပြီး သတိရလိုက်မိရော။ သူ့ရဲ့ ဦးနှောက်ထဲမှာတော့ တကယ့်ကို ရွံစရာကောင်းတဲ့ ပုံရိပ်တွေဟာ ဝှတ်ခနဲ ဖြတ်ပြေးသွားတော့ ယွီဟွေးဖေးက အမြန်ပဲ တားလိုက်ရတယ်။

"အဖိုးကြီး ချွေရေ... ခင်ဗျား ခဏလောက် နားနေလိုက်ပါဦး"

ပြီးတော့ ယွီဟွေးဖေးက နောက်ဖေးဘက်ကို လှည့်အော်လိုက်တာက... "ဟေ့... ခင်ဗျားတို့ထဲမှာ မိန်းမတွေကို ရိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူ ဘယ်သူရှိလဲ။ ရှေ့ကို ထွက်ခဲ့စမ်းပါဦး”

တံခါးကြီး ဝုန်းခနဲ ပွင့်သွားပြီး သရဲနက်က ပထမဆုံး ပြေးထွက်လာတာပေါ့။

"ဘယ်က အရိုးကို အရင်ဖောက်ရမလဲ။ အမိန့်သာ ပေးလိုက်ပါ”

ယွီဟွေးဖေးက အဲ့ဒီကောင်ရဲ့ လက်ထဲက ဝိညာဉ်နှုတ်ချိတ်ကြိုးကြီးကို ကြည့်လိုက်၊ အဲ့ဒီ မြှူဆွယ်တတ်တဲ့ မိန်းကလေးကို ကြည့်လိုက်နဲ့။ မမျှော်လင့်ဘဲနဲ့ အဲ့ဒီမိန်းကလေးဟာ ကုတင်ပေါ်မှာ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးနဲ့ အိပ်လျက်သားကြီး လုပ်လိုက်ပြီး ပြောလိုက်တာက...

"လာလိုက်စမ်းပါရှင်ရယ်... ကျွန်မကို ဒီနေရာလေးမှာပဲ ဖောက်လိုက်စမ်းပါ"

"အမလေးဗျာ..."

ယွီဟွေးဖေးကတော့ အဲ့ဒီမိန်းမကို ဆက်ပြီး မကြည့်နိုင်တော့ဘူး။ ဒါဟာ သူမက ဆွဲဆောင်မှု ရှိနေတာတင် မဟုတ်ဘူး၊ သူမက တကယ့်ကို ဖရိုဖရဲနိုင်လွန်းနေတာဗျ... သူမက သူမရဲ့ ကိုယ်ခန္ဓာ အမူအရာကို သုံးပြီးတော့ သူမအပေါ်ကို ကျရောက်မယ့် ဘယ်လို ပြစ်ဒဏ်မျိုးကိုမဆို SM ဇာတ်ဝင်ခန်းတစ်ခုလို ဖြစ်သွားအောင် လုပ်နိုင်တာ။ ဒါက ပြစ်ဒဏ်ပေးတာ မဟုတ်တော့ဘူး၊ ဒါက တကယ့်ကို...

ယွီဟွေးဖေးမှာတော့ စကားလုံးတွေတောင် ပျောက်ရှကုန်ပြီ။

"အဖိုးမည်းရေ... ပီပါရိုး ဖောက်တာအပြင် ခင်ဗျား တခြား ဘာလုပ်တတ်သေးလဲဗျ"

သရဲနက်က... "ကျင်းတူးပြီး မြေမြှုပ်ပစ်မယ်ဗျ"

ယွီဟွေးဖေးက ဆွံ့အသွားပြီး... "ခင်ဗျား ခဏ ပြန်ဝင်နေပါဦး။ တခြား ဘယ်သူကများ နည်းလမ်းရှိသေးလဲ" လို့ မေးလိုက်တာပေါ့။

အဲ့ဒီအချိန်မှာ သရဲဖြူက တုတ်ကြီးကို ကိုင်ပြီး ထွက်လာတယ်။

"ငါလုပ်ပါ့မယ်။ ဒါနဲ့တင် နည်းနည်းလောက် ရိုက်လိုက်ရင်တော့ သူမ ငြိမ်သွားမှာ ကျိန်းသေတယ်" လို့ ပြောရှာတယ်။

"အဲ့ဒါဆိုရင်တော့ ဖြစ်နိုင်တယ်။ သွားစမ်းပါဦး" လို့ ယွီဟွေးဖေးက ခေါင်းညိတ်ပြလိုက်တာပေါ့။

သရဲဖြူက အဲ့ဒီအမျိုးသမီးဆီ လျှောက်သွားပြီး တုတ်ကို မြှောက်လို့ သူမကို ရိုက်ချလိုက်တယ်။ အဲ့ဒီအချိန်မှာတင် အသံတစ်ချက် ထွက်လာတာကတော့...

ဖတ်...

"အိုး... မောင်လေးရာ... နည်းနည်းလေး ပိုပြီး အားစိုက်ပေးပါဦး..."

ဖူး...

ယွီဟွေးဖေးက သူ့ရဲ့ ရင်ထဲက ကိလေသာမီးတွေကို ငြှိမ်းဖို့အတွက် ရေတစ်ငုံ သောက်လိုက်ဖို့ ပြင်လိုက်တာပေါ့၊ ဒါပေမဲ့ အဲ့ဒီအသံ ထွက်လာတာနဲ့တင် သူ့ရဲ့ ကိလေသာမီးတွေဟာ တပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့တာပဲ... သူက ရေတွေကို ပန်းထုတ်လိုက်ရသလို၊ နောက်ထပ် ဒုတိယမြောက် အသံကလည်း ချက်ချင်း ထပ်ထွက်လာပြန်ရော။

"အူး... နာလိုက်တာ၊ ပိုပြီး အားစိုက်စမ်းပါ၊ ပိုပြီး မြန်မြန်လေး..."

ယွီဟွေးဖေးကတော့ ရင်ပြင်ကို အပြေးအလွှား သွားပြီး အော်တော့တာပဲ... "ရပ်လိုက်တော့... ရပ်လိုက်တော့... ရပ်လိုက်တော့”

သရဲဖြူကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့... "ဒီမိန်းမက... တအားကို..."

"ကျွန်တော် သိပါတယ်ဗျာ၊ ကျွန်တော် သိတယ်။ ဘာမှ ထပ်မပြောနဲ့တော့"

ယွီဟွေးဖေးက မြေကြီးပေါ်က အမျိုးသမီးကို ကြည့်လိုက်၊ သရဲဖြူရဲ့ လက်ထဲက တုတ်ကို ကြည့်လိုက်နဲ့ပေါ့။ အဲ့ဒီအမျိုးသမီးက ယွီဟွေးဖေးကို တကယ့်ကို မြှူဆွယ်တဲ့ မျက်လုံးလေးတွေနဲ့ တစ်ချက် မျက်စိမှိတ်ပြလိုက်ပြီး ပြောလိုက်လေရဲ့။

"မောင်လေးရေ... မောင်လေးက လူပျိုစစ်စစ်ကြီး မဟုတ်လား။ ဒီနေ့ညတော့ အစ်မကြီးက အဲ့ဒီကိစ္စကို ကူညီပြီး ဖြေရှင်းပေးပါရစေလားဟင်။ အစ်မကြီးကပဲ ဧည့်ခံပေးပါ့မယ်"

ယွီဟွေးဖေးရဲ့ နှလုံးသားကတော့ နွေဦးရာသီရဲ့ လွမ်းမောဖွယ် ခံစားချက်တွေနဲ့အတူ တုန်လှုပ်သွားတာပေါ့၊ သူကတော့ စိတ်လှုပ်ရှားသွားပြီဗျ... ဒီလောက်အထိ ရင်သပ်ရှုမောစရာ အလှတရားကြီးကို ဘယ်ယောက်ျားကများ တောင့်ခံနိုင်ပါ့မလဲ။

ယွီဟွေးဖေးက အသက်ကို ဝအောင် ရှူလိုက်ပြီး တည်ငြိမ်အောင် မနည်းကြိုးစားကာ ထိုင်ချလိုက်ရတာပေါ့။ ဘာမှမတတ်နိုင်ဘူးလေ၊ သူက မတ်တပ်ရပ်နေလို့ မရဘူး။ မတ်တပ်ရပ်နေရင် သူ စကားမပြောရင်တောင်မှ သူ့ရဲ့ ညီလေးကြီးရဲ့ ရည်ရွယ်ချက်တွေက တအားကို ပေါ်လွင်နေမှာကိုး...

တရုတ်ပြည်ရဲ့ နှစ်ပေါင်းငါးထောင်သမိုင်းကြောင်းနဲ့ ယဉ်ကျေးလာခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ ယွီဟွေးဖေးမှာတော့ အရှက်တရား ရှိနေသေးတာပေါ့။ သူက ထိုင်ချပြီးတဲ့နောက်မှာ မေးလိုက်တယ်...။

"ခင်ဗျား... ခင်ဗျားက တကယ်တော့ ဘယ်သူလဲဗျ"

အဲ့ဒီအမျိုးသမီးက သူမရဲ့ မေးစေ့ကို လက်တစ်ဖက်နဲ့ ထောက်လိုက်ပြီး သူမရဲ့ အပေါ်ပိုင်းကို နည်းနည်းလေး မြှောက်လိုက်တာပေါ့။ အဲ့ဒီ ရင်သားတွေကြားက အကွဲကြောင်းကတော့ တကယ့်ကို နက်ရှိုင်းလွန်းလို့ ဘယ်လောက်အထိ ရှိမှန်းတောင် မသိရဘူးဗျာ...။

ယွီဟွေးဖေးက အလိုအလျောက် ခေါင်းကို ၄၅ ဒီဂရီလောက် မော့ပြီး ကောင်းကင်ကြီးကို စိုက်ကြည့်လိုက်ချင်ပေမဲ့ နောက်မှ အတွေးတစ်ခု ဝင်လာတာပေါ့။ ကြည့်လိုက်ရုံနဲ့တင် ငါ့မှာ ဘာမှ ကုန်ကျစရိတ် မရှိဘူးလေ... ငါက ဝံပုလွေပဲ၊ ငါက ဘာလို့ သိုးငယ်လေးကို ကြောက်နေရမှာလဲ။ ဒါက ယုတ္တိမရှိဘူးကွ...။

အဲ့ဒါနဲ့ ယွီဟွေးဖေးက ခေါင်းကို ပြန်ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့... ဟောဗျာ၊ အဲ့ဒီမိန်းကလေးက ကုတင်ပေါ်မှာ ပြားပြားဝပ် အိပ်ပျော်သွားပြီဆိုတော့ကာ ဘာမှမမြင်ရတော့ဘူး။ ယွီဟွေးဖေးခမျာမှာတော့ တကယ့်ကို ကြီးမားလှတဲ့ နောင်တတွေနဲ့ ပြည့်နှက်သွားတာပေါ့...။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးဟာ ပိုပြီးတော့ သတိထားမိလာတာပေါ့။ သူ့ရှေ့မှာရှိနေတဲ့ အမျိုးသမီးဟာ လုံးဝကို မရိုးရှင်းဘူး။ သူမရဲ့ လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်းဟာ လူရဲ့ ဝိညာဉ်ကို နှုတ်ယူဖို့၊ စိတ်ကို ဖမ်းစားဖို့အတွက် သေသေချာချာ စီစဉ်ထားတာ၊ ယောက်ျားတစ်ယောက်ရဲ့ တပ်မက်မှုတွေကို သူမရဲ့ လက်ဖဝါးထဲမှာတင် လှည့်စားနေတာကိုး။ ဒါဟာ တကယ့်ကို ကိုင်တွယ်ရ ခက်တဲ့ လူတစ်ယောက်ပဲ။

ယွီဟွေးဖေး စိတ်ညစ်နေတဲ့ အချိန်မှာပဲ နောက်ဖေးက တံခါးကြီး ပွင့်သွားတယ်။ နွားကျောင်းသားကတော့ သူ့ရဲ့ ဝက်ဖြူကြီးကို စီးပြီး ပြန်ရောက်လာတာပေါ့။ သူ ဝင်လာတာနဲ့တင် အတင်းအော်တော့တာပဲ။

"ရှောင်ယွီရေ... ငါ့ရဲ့ ဆင်းမွန်းကုတင်ကြီးက ဘယ်လို အခြေအနေ ရှိနေပြီလဲဗျ”

ယွီဟွေးဖေးရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားတာပေါ့။ သူက လှည့်ကြည့်ပြီး အော်လိုက်တယ်...

"အစ်ကိုလန့်... ခင်ဗျား အချိန်ကိုက် ပြန်ရောက်လာတာပဲဗျာ... ဒီမှာ မိန်းမတစ်ယောက်က ကျွန်တော့်ကို လာပြီး မြှူဆွယ်နေတယ်ဗျ၊ ကျွန်တော့်ကို ကူညီပြီး ကယ်စမ်းပါဦး”

ဒါကို ကြားလိုက်ရတဲ့ အချိန်မှာတော့ နွားကျောင်းသားဟာ တောဝက်ကြီးရဲ့ ကျောပေါ်ကနေ ဝုန်းခနဲ ခုန်ဆင်းလိုက်ပြီး ပြေးလာတာပေါ့။

"ဘယ်သူလဲ။ ဘယ်မှာလဲ။ ဘယ်တစ်ယောက်လဲ"

အဲ့ဒီအမျိုးသမီးလည်း လန့်သွားတာပေါ့၊ သူမက ဒီလောက်အထိ ကြမ်းတမ်းတဲ့ ယောက်ျားမျိုးကို တစ်ခါမှ မမြင်ဖူးဘူးလေ။ သူမက ခေါင်းကို မော့ကြည့်လိုက်တော့ ပြေးလာတဲ့ ယောက်ျားကြီးရဲ့ မျက်လုံးတွေက တကယ့်ကို တောက်ပြောင်နေတာ။ အဲ့ဒီယောက်ျားက ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြီးမားသန်မာတယ်၊ လက်မောင်းတွေကလည်း အားအင်တွေ ပြည့်နေပြီး တစ်ကိုယ်လုံးမှာလည်း ချွေးတွေနဲ့ ရွှဲနေတာ... တကယ့်ကို ယောက်ျားပီသတဲ့ ရနံ့တွေ ထွက်နေတာပေါ့။ သူမရဲ့ မျက်လုံးတွေဟာ ဒါကို မြင်လိုက်ရတဲ့ အချိန်မှာတော့ အရောင်တောက်သွားတာပေါ့။

ယွီဟွေးဖေးကတော့ နောက်ကို ခုန်ဆုတ်လိုက်ပြီး နွားကျောင်းသားရဲ့ ဘေးမှာ ရပ်လို့ အဲ့ဒီအမျိုးသမီးကို လက်ညှိုးထိုးပြလိုက်တယ်...

"အဲ့ဒါ... သူပဲဗျို့”

All Chapters