← Chapters

အလှနတ်ဘုရားမ

Vol. 17 Ch. 241

အလှနတ်ဘုရားမ

Vol. 17 Ch. 241

အဲ့ဒီအမျိုးသမီးက မျက်လုံးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြုံးပြလိုက်တာကတော့... "တကယ့်ကို ရုပ်ဖြောင့်တဲ့ အစ်ကိုကြီးပါပဲလား... အား...”

မျက်တောင်တစ်ခတ်အတွင်းမှာတင် နွားကျောင်းသားဟာ ရှေ့ကို တိုးသွားပြီး အဲ့ဒီအမျိုးသမီးရဲ့ ဆံပင်တွေကို ဆုပ်ကိုင်လိုက်ကာ သူမကို လေထဲမှာ ဝှေ့ယမ်းပြီး မြေကြီးပေါ်ကို တဗုန်းဗုန်း ရိုက်ချတော့တယ်။ အဲ့ဒီမြင်ကွင်းဟာ တကယ့်ကို ဟော့ခ်က လိုကီကို ရိုက်နှက်နေတဲ့ အတိုင်းပါပဲ။ ဘယ်ပြန်ညာပြန် ရိုက်ချလိုက်တဲ့ အသံတွေကတော့ "ဖတ်... ဖတ်..." နဲ့ ဆိုတော့ကာ အားလုံးရဲ့ ဆံပင်တွေတောင် ဒေါသကြောင့် ထောင်ထွက်မတတ် ဖြစ်ကုန်တာပေါ့။

ဆယ်ကြိမ်လောက် ရိုက်ပြီးတဲ့နောက်မှာတော့ နွားကျောင်းသားက အဲ့ဒီအမျိုးသမီးကို အဝတ်စုတ် တစ်ခုလိုမျိုး ဘေးကို လွှင့်ပစ်လိုက်ပြီး သူ့လက်ကို သူ ပြန်ပုတ်ကာ ပြောလိုက်တာကတော့...

"ပြီးပြီ... ဒါနဲ့တင် မလောက်သေးဘူးဆိုရင်တော့ ကျင်းတစ်ကျင်းတူးပြီး မြေမြှုပ်ပစ်မယ်၊ အဲ့ဒါဆိုရင်တော့ မင်းရဲ့ ပြဿနာတွေ အကုန်လုံး အပြီးတိုင် ပြီးသွားမှာပေါ့”

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးဟာ တကယ်ကို မှင်တက်သွားတာပေါ့ဗျာ... သူ သိတာကတော့ နွားကျောင်းသားဟာ မိန်းမတွေကို သိပ်ပြီး သဘောမကျဘူး ဆိုတာပါပဲ... ဒါပေမဲ့ အခုမှပဲ သူ သိလိုက်ရတာက အဲ့ဒါက သဘောမကျရုံတင် မဟုတ်ပါဘူး၊ အဲ့ဒီကောင်ရဲ့ မျက်လုံးထဲမှာတော့ အမျိုးသမီးဆိုတဲ့ ဇီဝကမ္မဗေဒ အဆင့်အတန်းဟာ လုံးဝကို မရှိတာဗျ... သူ ရိုက်နှက်လိုက်တဲ့ ပုံစံက ယောက်ျားတစ်ယောက်ကို ရိုက်တာထက်တောင် ပိုပြီး ကြမ်းတမ်းနေပါသေးတယ်။

ယွီဟွေးဖေး အခုမှပဲ နားလည်သွားတာပေါ့... အနောက်ဘက် နတ်မင်းကြီးမက ဘာဖြစ်လို့ ကောင်းကင်နတ်မြစ်ကြီးကို ခြားထားခဲ့ရလဲ ဆိုတာကိုပေါ့။ ကြည့်ရတာ သူမက သူမရဲ့ သမီးတော်ဟာ ဒီလို အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်သွားမှာကို ကြောက်လို့ ဖြစ်မှာပေါ့။ ဒါကတော့ နောက်ပြောင်ပြီး ပြောတာပါ...။

ယွီဟွေးဖေးက ခြေဖျားလေး ထောက်ပြီး နွားကျောင်းသားရဲ့ ကျယ်ပြန့်လှတဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။

"အစ်ကိုလန့်ရေ... ကျေးဇူးပါ။ ခင်ဗျားသာ မရှိရင်တော့ ကျွန်တော် ဒီမိန်းမကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ တကယ်ကြီး မသိတော့ဘူးဗျ... ဒီမိန်းကလေးက တအားကို အသဲယားစရာကောင်းလွန်းနေလို့ပါ"

နွားကျောင်းသားက "ရပါတယ်ကွာ" လို့ ခပ်အေးအေးပဲ ပြောပြီး ဘေးကို သွားပြီး ရေသောက်နေတာပေါ့။

ယွီဟွေးဖေးကတော့ ဒူးထောက်ထိုင်လိုက်ပြီး အညိုအမည်းစွဲအောင် အရိုက်ခံထားရတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။

"ဟေ့... အခုကော ကျွန်တော်တို့တွေ သေသေချာချာ စကားပြောလို့ ရပြီလားဗျ"

အဲ့ဒီအမျိုးသမီးက "အင်း" ဆိုတဲ့ အသံလေး လုပ်ပြီး ခေါင်းကို မော့ကြည့်လာတယ်။

"ကျွန်မ မိတ်ကပ်လေး နည်းနည်းလောက် ပြန်ပြင်ချင်တယ်"

သူမက မျက်နှာသစ်ပြီး ဆံပင်တွေကို ပြန်ပြင်ပြီးတဲ့နောက်မှာတော့ ယွီဟွေးဖေးက သူ့ရဲ့ အဝတ်အစားဟောင်း တစ်စုံကို ရှာပြီး သူမဆီကို လွှင့်ပေးလိုက်တာပေါ့။ အဲ့ဒါကတော့ ရှပ်အင်္ကျီတစ်ထည်နဲ့ ဘောင်းဘီရှည် တစ်ထည်ပေါ့။

အဲ့ဒီအဝတ်အစားတွေက သူမကိုယ်ပေါ်မှာတော့ နည်းနည်းလေး ပွနေတာပေါ့၊ သူမက လက်စွပ်တွေကို လက်မောင်းအထိ လိပ်တင်လိုက်တယ်။ သူမက တမင်ပဲလား၊ ဒါမှမဟုတ် မေ့သွားတာလားတော့ မသိဘူးဗျာ၊ အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီး နှစ်လုံးကိုတော့ တပ်မထားဘူး။ အဲ့ဒီ နှင်းလိုဖြူဖွေးနေတဲ့ တောင်ကုန်းကြီးတွေနဲ့ အဲ့ဒီ အကွဲကြောင်းနက်နက်ကြီးဟာ လူရဲ့ အကြည့်တွေကို အထဲကို လျှောကျပြီး စုံစမ်းစစ်ဆေးချင်စိတ်တွေ တားမရအောင် ဖြစ်ပေါ်စေတာပေါ့။

ယွီဟွေးဖေးလည်း ဘယ်လိုမှ မအောင့်နိုင်တော့ပါဘူး။ သူမရဲ့ ကြယ်သီးတွေကို လက်ညှိုးထိုးပြီး အော်လိုက်ရတော့တာပဲ။

"တပ်လိုက်စမ်း... ကြယ်သီးတွေ တပ်လိုက်စမ်း... ဒီမှာရှိတဲ့ ဘယ်သူမှ ခင်ဗျားကို စိတ်မဝင်စားကြဘူး။ လိမ္မာပါးနပ်စွာနဲ့ နေစမ်းပါဦး"

အဲ့ဒီအမျိုးသမီးက နှုတ်ခမ်းမဲ့လိုက်ပြီး သူမဘေးက လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်တာပေါ့။ သရဲနက်နဲ့ သရဲဖြူတို့ကတော့ အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ကြတယ်။

"ငါတို့က အောက်ထပ်က လာတာကွ၊ သရဲမတွေကို မြင်ရလွန်းလို့ အန်တောင် ထွက်ချင်နေပြီ။ ခင်ဗျားကို စိတ်မဝင်စားဘူး"

နွားခေါင်းနဲ့ မြင်းမျက်နှာတို့ကတော့ ရယ်မောလိုက်ကြတာပေါ့။

"ငရဲပြည်က အလွှာ ၁၈ လွှာမှာဆိုရင် ဆီအိုးတွေ၊ မီးပင်လယ်တွေထဲက သရဲမတွေဟာ အဝတ်အစား ဝတ်မထားကြဘူး။ ငါတို့ မြင်ရလွန်းလို့ ဘာခံစားချက်မှ မရှိတော့ဘူး"

ရှောင်ထျန်းချန်ကတော့ အဲ့ဒီမှာတင် အိပ်ပျော်နေတာ၊ မျိုးစိတ်ချင်း မတူတော့ကာ သူမကို လုံးဝ စိတ်မဝင်စားတာ ထင်ရှားနေတာပေါ့။

တိကျန့်ကတော့ သူမကို အဆိပ်ပြင်းတဲ့ မြွေ ဒါမှမဟုတ် ကင်းမြီးကောက် တစ်ကောင်ကို ကြည့်သလိုမျိုး ကြည့်ပြီး နောက်ကိုပဲ တဖြည်းဖြည်း ဆုတ်နေတာ။

ချွေ့ကျွယ်ကတော့ ရှေးဟောင်းနတ်ဘုရားကြီး တစ်ပါးအတိုင်းပဲ တည်တည်ငြိမ်ငြိမ် ရှိနေပြီး သူ့ရဲ့ ခံစားချက်ကိုတော့ ဘယ်သူမှ ခန့်မှန်းလို့ မရဘူး...။

နွားကျောင်းသားကတော့ သူ့လက်သီးတွေကို သူ ပြန်ပွတ်နေပြီး နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ချင်နေတဲ့ ပုံစံမျိုးပေါ့။ သူမကို ကြည့်တဲ့ အကြည့်ကလည်း လူတစ်ယောက်ကို ကြည့်သလို မဟုတ်ဘဲနဲ့ ရိုက်နှက်စရာ သဲအိတ်တစ်လုံးကို ကြည့်သလိုမျိုးဆိုတော့ကာ... သူမခမျာမှာတော့ အလိုအလျောက် တုန်လှုပ်သွားရတာပေါ့။

ယွီဟွေးဖေးဘက်ကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့... ဒီကောင်က သူ့ရဲ့ တပ်မက်မှုတွေကို အသည်းအသန် နှိမ်နင်းနေပေမဲ့လို့ အားလုံးထဲမှာတော့ သူတစ်ယောက်တည်းပဲ သာမန်လူသား ဖြစ်နေတာကိုး။

အဲ့ဒီအမျိုးသမီးက ကြယ်သီးတွေကို တပ်လိုက်ပြီး ယွီဟွေးဖေးရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်ဟာ အလိုအလျောက် Sအက္ခရာ ပုံစံမျိုး တွန့်လိမ်နေတာကတော့... တကယ့်ကို ဆွဲဆောင်မှုရှိပြီး မြှူဆွယ်နေသလိုပါပဲ...။ ယွီဟွေးဖေးရဲ့ မျက်ခုံးတွေက တွန့်သွားတာပေါ့။

"ခင်ဗျား ဘယ်သူလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။ အခု ခင်ဗျားက ကျွန်တော့်ရဲ့ နယ်မြေထဲ ရောက်နေပြီဆိုတော့ကာ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတာ ပိုကောင်းလိမ့်မယ်။ လာပြီးတော့ အသဲယားစရာတွေ လုပ်မနေနဲ့ဦး။ ကျွန်တော်ကတော့ ဒီမှာ စရိုက်မကောင်းတဲ့ မိန်းမတွေကို လက်မခံဘူးဗျ"

အဲ့ဒီအမျိုးသမီးက နှုတ်ခမ်းစူလိုက်ပြီး... "ဌာနမှုးယွီရေ... ရှင်ကတော့ ကျွန်မကို အခက်တွေ့အောင် လုပ်နေတာပဲ။ ကျွန်မက မွေးကတည်းက ဒီလိုမျိုး ဖြစ်နေတာလေ၊ ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းက အဲ့ဒီလိုပဲ ဖြစ်နေတာပါ"

ယွီဟွေးဖေးက အေးစက်စက်နဲ့ ရယ်လိုက်ပြီး... "အဲ့ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ အဲ့ဒါကို ပြုပြင်ပေးဖို့အတွက် လူတစ်ယောက်ကို ကျွန်တော် ကူညီခိုင်းလိုက်မယ်။ အစ်ကိုလန့်”

နွားကျောင်းသားရဲ့ မျက်လုံးတွေဟာ ချက်ချင်းဆိုသလို အရောင်တောက်သွားတာပေါ့ဗျာ...

ဒါကို မြင်တော့ အဲ့ဒီအမျိုးသမီးဟာ ထိတ်လန့်သွားတော့တယ်။ သူမဟာ ချက်ချင်းဆိုသလို ကျောကို မတ်လိုက်ပြီး တောင့်တောင့်ကြီး ထိုင်လိုက်တာပေါ့။ သူမရဲ့ မျက်နှာဟာလည်း တည်တည်ကြည်ကြည်နဲ့ အေးစက်စက် ဖြစ်သွားတာဟာ... တကယ့်ကို ခမ်းနားထည်ဝါလှတဲ့ နတ်ဘုရားမ ရုပ်တုကြီး တစ်ခုအတိုင်းပါပဲ။ တကယ့်ကို မထိရက် မကိုင်ရက်စရာ အလှမျိုး။ ယွီဟွေးဖေးကတော့ ချက်ချင်းပဲ ရယ်မောလိုက်တာပေါ့။

"ဟဲဟဲ... ကြည့်ရတာ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သားပဲ"

အဲ့ဒီအမျိုးသမီးကတော့ ဆွံ့အလို့ပဲ။ သူမ တကယ်ကို နားမလည်နိုင်တာကတော့... သူမရှေ့မှာရှိတဲ့ ဒီယောက်ျားဟာ သူ့ရဲ့ ရင်ထဲမှာ တပ်မက်မှုတွေ ပြည့်နှက်နေပြီး သူမရဲ့ ခန္ဓာကိုယ်ကိုလည်း တကယ်ကြီး စိတ်ဝင်စားနေတာကို၊ ဘာဖြစ်လို့ သူက အသည်းအသန် နှိမ်နင်းနေရတာလဲဆိုတာပါပဲ။ ပြီးတော့ သူက ဘယ်လိုလုပ်ပြီး အောင်မြင်အောင် လုပ်နိုင်ရတာလဲဆိုတာပေါ့။

"စကားအပိုတွေ ရပ်လိုက်ကြရအောင်။ ပြောစမ်းပါ... ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"

အဲ့ဒီအမျိုးသမီးက ပြန်ဖြေလိုက်တာကတော့... "ကျွန်မကတော့ အိုလံပတ်တောင်က လာတာပါ။ ကောက်ပဲသီးနှံနဲ့ အလှအပဆိုင်ရာ နတ်ဘုရားမပေါ့။ ကျွန်မရဲ့ နာမည်ကတော့ အက်ဖရိုဒိုက်လို့ ခေါ်ပါတယ်"

ယွီဟွေးဖေးက ခဏလောက် မှင်တက်သွားပြီးမှ စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ပြီး အော်လိုက်တာကတော့... "အမလေး... ဘာဖြစ်လို့ ဒီလောက်တောင်လှပြီး ဒီလောက်တောင် ရိုင်းနေရတာလဲလို့ စဉ်းစားနေတာ။ ခင်ဗျားက ဗီးနပ်စ်လို့ ခေါ်တဲ့ အလှနတ်ဘုရားမကိုး..."

ယွီဟွေးဖေးက အလှနတ်ဘုရားမ အကြောင်းကို နည်းနည်းပါးပါးတော့ ကြားဖူးနားဝ ရှိတာပေါ့။ တကယ်တော့ သူက အိုလံပတ် ဒဏ္ဍာရီတွေအကြောင်းကို နည်းနည်းလောက်တောင် လေ့လာခဲ့ဖူးသေးတာဗျ...။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်တုန်းက ဗီးနပ်စ်ရုပ်တုကို မြင်ဖူးခဲ့လို့ပါပဲ။ အဲ့ဒီ ဗီးနပ်စ်က ဘာလဲဆိုတာ စပ်စုချင်တာနဲ့ ရှာကြည့်လိုက်တဲ့ အချိန်မှာတော့... သူက တကယ့်ကို ဆွံ့အသွားခဲ့တာကိုး။

အိုလံပတ်တောင်ပေါ်က နတ်ဘုရားတွေဟာ တကယ့်ကို ဗြောင်းဆန်လွန်းနေတာဗျာ၊ ယွီဟွေးဖေးရဲ့ ကိုယ်ကျင့်တရား၊ လူမှုရေးစနစ်နဲ့ စည်းကမ်းတွေအပေါ်မှာ ထားရှိတဲ့ နားလည်မှုတွေကို တကယ်ကြီး စိန်ခေါ်နေတာပေါ့။ အဲ့ဒီ ဖရိုဖရဲနိုင်လှတဲ့ ဆက်ဆံရေးတွေကြောင့် သူ့ရဲ့ ဦးနှောက်တောင် ပေါက်ကွဲတော့မလို့ ဖြစ်ခဲ့တာလေ။ အကယ်၍ ဂျပန်က လာတဲ့ လူကြီးကြည့် ရုပ်ရှင်တွေက တအားလွန်တယ်လို့ ထင်ရင်တော့... အိုလံပတ်နဲ့ ယှဉ်လိုက်ရင် ကလေးကစားစရာလောက်ပဲ ရှိမှာပေါ့။

သားက မိခင်နဲ့ အိပ်တာလား၊ အဖေက ချွေးမနဲ့ အိပ်တာလား၊ ကောင်းကင်နတ်မင်းကြီးက လမ်းမပေါ်က မိန်းမတွေကို အတင်းအဓမ္မ လုပ်တာလား၊ သူများအိမ်ထဲကို ခိုးဝင်တာလား။ ဒါတွေက ကိစ္စအသေးအဖွဲတွေဗျ၊ နေ့တိုင်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေလေ... တကယ်တော့ အိုလံပတ် နတ်ဘုရားတွေရဲ့ သမိုင်းကြောင်း တစ်ခုလုံးဟာ သားနဲ့ မိခင် ဆက်ဆံရေးကနေစပြီး နတ်ဘုရားတွေ အုပ်စုလိုက်ကြီး ပေါ်ပေါက်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့တောင် ပြောလို့ရတာပေါ့။

ဒီအလှနတ်ဘုရားမ အက်ဖရိုဒိုက်ကလည်း တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ သူတစ်ယောက်ပေါ့။ ပြောကြတာကတော့ တိုက်တန်ဘုရင်ကြီး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟာ ပင်လယ်ထဲကို ကျသွားပြီးတော့ အဲ့ဒီ ပင်လယ်ရေမြှုပ်တွေထဲကနေ ဒီအမျိုးသမီးအဖြစ် ပြောင်းလဲသွားတာတဲ့။

အက်ဖရိုဒိုက်ဟာ မွေးကတည်းက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့တာဖြစ်သလို၊ အနှိုင်းမဲ့တဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတာပေါ့။ နောက်ပိုင်းမှာ သူမဟာ မီးနဲ့ ပန်းပဲဆိုင်ရာ နတ်ဘုရား ဟီဖက်စတပ်စ်နဲ့ လက်ထပ်ခဲ့ရတာ။ ဒါပေမဲ့ အဲ့ဒီ ပန်းပဲနတ်ဘုရားက ခြေထောက်တစ်ဖက်ကလည်း မသန်သလို၊ ရုပ်ရည်ကလည်း တအားကို ဆိုးလွန်းတာကိုး။

ဒါတင်မကသေးဘူးဗျာ၊ သူက တစ်နေ့လုံး သံတူထုတဲ့ အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့ကာ သူ့ရဲ့ လှပလှတဲ့ ဇနီးသည်လေးကိုလည်း လျစ်လျူရှုထားမိတာပေါ့။ ဒါကတော့ တကယ့်ကို အိုလံပတ်ဗားရှင်း ဝူတာလန်ပါပဲဗျာ...။

အက်ဖရိုဒိုက်ကျတော့ ပင်လယ်ရေမြှုပ်ကနေ ပေါက်ဖွားလာတဲ့ မိန်းမဆိုတော့ကာ... ဘယ်လိုလုပ်ပြီး ငြိမ်ငြိမ်နေပါ့မလဲ။ သူမရဲ့ ယောက်ျားက သူမကို မကျေနပ်အောင် မလုပ်နိုင်တဲ့ အခါမှာတော့ သူမက တခြားယောက်ျားတွေကို စတင်ပြီး မြှူဆွယ်တော့တာပေါ့။ တကယ်တော့ တခြားယောက်ျားတွေက သူမကို လာပြီး မြှူဆွယ်ကြတာက ပိုပြီး များတယ်။

ဘာပဲဖြစ်ဖြစ် သူမကတော့ တကယ့်ကို မီးစာပေါ့၊ ဘယ်သူနဲ့ ထိထိ မီးတောက်တော့တာပဲ။ ခဏလေးအတွင်းမှာတင် သူမဟာ ဟီဖက်စတပ်စ်ရဲ့ နတ်ဘုရားအဆင့်အတန်းမှာ ခေါင်းပေါ်က အစိမ်းရောင်ဦးထုပ် ဖောက်ပြန်ခြင်းတွေကို အပိုင် ရိုက်နှိပ်ပေးလိုက်ပြီး သူ့ကို မိန်းမဖောက်ပြန်ခြင်းခံရတဲ့ နတ်ဘုရား အဖြစ် ပြောင်းလဲပေးလိုက်တာပေါ့။

သူမဟာ စစ်နတ်ဘုရား အဲရိစ်ကို မြှူဆွယ်ပြီး ကလေး ၅ ယောက်လောက် ဇတ်တိုက် မွေးပေးခဲ့သလို၊ ဟာမီးစ်နဲ့လည်း ကလေးတွေ ရခဲ့သေးတာ။ နောက်ပိုင်းမှာလည်း သူရဲကောင်းကြီး အန်ချီဆပ်စ်နဲ့လည်း ကလေးတွေ ထပ်ရခဲ့ပြန်ရော။

အတိုချုပ်ပြောရရင်တော့ သူမရဲ့ ဘဝဟာ အမြဲတမ်း ပျော်ပျော်ပါးပါး ဖောက်ပြန်နေပြီး ကလေးတွေလည်း တရစပ် မွေးနေတဲ့ ခရီးစဉ်ကြီးတစ်ခုအတိုင်းပါပဲဗျာ...။

ဒါပေမဲ့ အဲ့ဒီအမျိုးသမီးကိုတင် အပြစ်တင်လို့တော့ မရပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ အိုလံပတ်တောင်ပေါ်က နတ်ဘုရားတွေထဲမှာ စင်ကြယ်တဲ့သူဆိုတာ တော်တော်လေးကို ရှားတာကိုး။ အားလုံးက ဖရိုဖရဲနိုင်လှတဲ့ ဆက်ဆံရေးတွေ ရှိကြတာလေ။ ဘာပဲဖြစ်ဖြစ် ယွီဟွေးဖေးကတော့ သူတို့ရဲ့ အဆင့်အတန်းတွေကို သေသေချာချာ မသိသေးပါဘူး။ ဒါပေမဲ့ သူကတော့ အိုလံပတ်ရဲ့ ပန်ကျင်းလျန်လို့ နာမည်ကြီးတဲ့ ဒီအမျိုးသမီးကိုတော့ ကျိန်းသေပေါက် မှတ်မိနေတာပေါ့။

အဲ့ဒါကြောင့် သူမက သူမရဲ့ နာမည်ကို ပြောလိုက်တဲ့ အချိန်မှာတင် ယွီဟွေးဖေးဟာ သူမက ဘာဖြစ်လို့ ဒီလောက်အထိ ဖရိုဖရဲနိုင်နေရတာလဲဆိုတာကို ချက်ချင်းပဲ နားလည်သွားတော့တယ်။

ယွီဟွေးဖေး ကြောင်နေတာ မြင်တော့ အက်ဖရိုဒိုက်က သူ သူမရဲ့ နာမည်ကို သေသေချာချာ မကြားရဘူးလို့ ထင်သွားတာပေါ့။

"အက်ဖရိုဒိုက် ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်က ရေထဲကနေ ထွက်ပေါ်လာသူလို့ အဓိပ္ပာယ်ရပါတယ်ရှင်။ တကယ်လို့ ဌာနမှူးကြီး အနေနဲ့ ခေါ်ရတာ ခက်နေမယ်ဆိုရင်တော့ ကျွန်မ ဌာနမှူးကြီးရဲ့ အရှေ့တိုင်း မျိုးရိုးအမည်ဖြစ်တဲ့ ယွီကိုပဲ ယူသုံးလိုက်ပါ့မယ်။ ကျွန်မရဲ့ နာမည်အပြည့်အစုံကို ယွီချူးရွှေ (ရေထဲက ထွက်ပေါ်လာသူ) လို့ ခေါ်ရင်ကော ဘယ်လိုလဲဟင်"

ယွီဟွေးဖေးရဲ့ နဖူးမှာတော့ ချက်ချင်းဆိုသလို ချွေးတွေဟာ တလုံးလုံး စီးကျလာပါတော့တယ်...။

ယွီချူးရွှေ...

ယွီ... ရေထဲက ထွက်ပေါ်လာသူ...

ဒီစာလုံးတွေ တစ်လုံးချင်းစီကတော့ အဆင်ပြေပါတယ်ဗျာ၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီအမျိုးသမီးပေါ်မှာ သွားပြီး တင်လိုက်တဲ့ အခါမှာတော့ တအားကို အသဲယားစရာတွေ ဖြစ်ကုန်ရတာလဲ။

ယွီဟွေးဖေးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး... "အဲ့ဒီနာမည်ကို မေ့လိုက်ပါတော့။ ကျွန်တော် နာမည်အသစ် တစ်ခု ပေးမယ်" လို့ ပြောလိုက်တာပေါ့။

အက်ဖရိုဒိုက်ကတော့ ယွီဟွေးဖေးက ဒီနေရာမှာ အကြီးအကဲမှန်း သိတာကြောင့် သူ့ကို ဖားချင်နေတာပေါ့။ သူမက ပြုံးပျော်နေတဲ့ မျက်နှာလေးနဲ့... "ကောင်းပါပြီရှင်... အရှင်မင်းကြီး ပေးတဲ့ နာမည်ကတော့ ကျိန်းသေပေါက် လှမှာပါပဲနော်" လို့ ပြောရှာတယ်။

ယွီဟွေးဖေးက ခေါင်းညိတ်ပြပြီး... "ခင်ဗျားရဲ့ နာမည်က ရေထဲက ထွက်ပေါ်လာသူလို့ အဓိပ္ပာယ်ရတယ်ဆိုတော့ကာ... ကျွန်တော်တို့ တရုတ်ပြည်မှာဆိုရင် အဲ့ဒါကို ချူးရွှေ ဖူရုံ(ရေထဲက ပေါ်လာတဲ့ ကြာပန်းလေး) လို့ ခေါ်တာပေါ့ဗျာ"

အက်ဖရိုဒိုက်ကတော့ အရှေ့တိုင်းယဉ်ကျေးမှုကို နည်းနည်းပါးပါးတော့ သိပုံရတယ်ဗျ၊ ဒီစကားလုံးကို ကြားလိုက်ရတဲ့ အချိန်မှာ သူမရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားတာပေါ့။ သူမက တိုးတိုးလေး ရေရွတ်နေတာကတော့... "ဖူရုံ... ကြာပန်းလေး... တော်တော်လေးကို ကောင်းတာပဲ..." ဆိုပြီးတော့ပေါ့။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ကြေညာလိုက်တာကတော့... "ခင်ဗျားက ရေထဲက ပေါ်လာတဲ့ ကြာပန်းလေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့... ခင်ဗျားရဲ့ နာမည်ကို ယွီတချွေ (Yu Dachui - ယွီ- တူကြီး။ လက်ဝါးကြီး) လို့ ပေးလိုက်မယ်ဗျို့”

ဖူး...

ချွေ့ကျွယ်ကတော့ တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ဖက်ရည်သောက်ပြီး သူ့စုတ်တံနဲ့ ကစားနေတာ၊ ဒါကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ရေတွေပန်းထွက်ကုန်ရော။ သူက ယွီဟွေးဖေးကို ကြည့်လိုက်တာကတော့ 'မင်းကတော့ နာမည်ပေး တကယ်တော်တာပဲ...' လို့ ပြောနေသလိုပါပဲ။

အက်ဖရိုဒိုက်လည်း မှင်တက်သွားတာပေါ့။ သူမ လုံးဝ နားမလည်နိုင်တာကတော့ အဲ့ဒီ လက်ဝါးကြီး တူကြီး ဆိုတာက ရေထဲကပေါ်လာတဲ့ ကြာပန်းလေးနဲ့ ဘာများ ဆက်စပ်နေလို့လဲ ဆိုတာပါပဲ။

"ဘယ်သူမှ စကားမပြောကြဘူးဆိုတော့ကာ အားလုံးက သဘောတူတယ်လို့ပဲ သတ်မှတ်လိုက်မယ်နော်။ ကဲ... ဒါဆိုရင် အတည်ပဲဗျို့။ အခုကစပြီးတော့ ခင်ဗျားရဲ့ နာမည်က ယွီတချွေပဲ”

အက်ဖရိုဒိုက်ရဲ့ ခေါင်းတွေတောင် ချာချာလည်သွားတာရော။ သူမ စဉ်းစားမိတာက... 'ငါ ဘယ်လိုလူနဲ့များ သွားတိုးနေတာလဲ' ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ သူမက ယွီဟွေးဖေးရဲ့ ရှေ့မှာတော့ မငြင်းရဲပါဘူး၊ ဘာလို့လဲဆိုတော့ ယွီဟွေးဖေးက နွားကျောင်းသားဘက်ကို ခဏခဏ လှည့်ကြည့်နေတာကို သူမ မြင်နေရတာကိုး။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ခင်ဗျားသာ ငြင်းလိုက်ရင် ကျွန်တော် နွားကျောင်းသားကို လွှတ်လိုက်မယ် ဆိုတာပါပဲ။

ခုနက သူမရဲ့ ရုပ်ရည်ကိုတောင် ပျက်စီးတော့မလို ဖြစ်အောင် လုပ်ခဲ့တဲ့ အဲ့ဒီလူရဲ့ ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို သတိရမိတော့ အက်ဖရိုဒိုက်ခမျာမှာတော့ ရင်ထဲမှာ နာကျင်နေရပေမဲ့လည်း အောင့်အည်းသည်းခံလိုက်ရတာပေါ့။ သူမက တကယ့်ကို ဟန်ဆောင်ထားတဲ့ အပြုံးကြီးနဲ့ ပြောလိုက်လေရဲ့။

"ဒါ... ဒါက တကယ့်ကို ကောင်းမွန်တဲ့ နာမည်လေးပါပဲရှင်၊ အဟင်း ဟင်း..."

"ဒါပေါ့။ ခင်ဗျားက ကျွန်တော့်ကို ဘယ်သူနဲ့ အတူနေနေလဲဆိုတာကို မေ့နေလို့လား။ ကျွန်တော်က အောက်ထပ်က တရားသူကြီးဆီမှာ ပညာသင်နေတာဗျ... ဟေ့... အဖိုးကြီး ချွေရေ... ခင်ဗျား ဘယ်ကို သွားမလို့လဲ"

"ငါ မင်းကို မသိဘူး။ ငါ့ကို လာမခေါ်နဲ့ဦး" လို့ ပြောပြီး ချွေ့ကျွယ်က လက်ယမ်းပြကာ ထွက်သွားတော့တယ်။

ယွီဟွေးဖေးခမျာမှာတော့ ခဏလောက် အနေခက်သွားတာပေါ့ဗျာ...

"တချွေရေ... ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲဗျ" လို့ ယွီဟွေးဖေးက စပ်စုလိုက်ပြန်ရော။

အက်ဖရိုဒိုက်ကတော့ ဘာမှမဖြစ်သလိုမျိုး မျက်နှာပေးနဲ့ ပြန်ဖြေတာကတော့... "ကျွန်မက ဟိုအသုံးမကျတဲ့ စစ်နတ်ဘုရား အဲရိစ်နဲ့ ဘုရားကျောင်းထဲမှာ ပျော်ပါးနေတုန်း ကျွန်မရဲ့ ခြေမသန်တဲ့ ယောက်ျားက လာပြီး မိသွားလို့လေ"

ယွီဟွေးဖေးကတော့ ဆွံ့အလို့ပဲဗျာ... ထင်ထားတဲ့အတိုင်းပါပဲ၊ သူမက တကယ့်ကို ဖရိုဖရဲနိုင်လှတဲ့ မိန်းမရိုင်းလေးပဲ။ တစ်ချိန်တည်းမှာပဲ သူ စဉ်းစားမိတာက အကယ်၍ ရန်သူတစ်ယောက်ယောက်ကများ ဒီအမျိုးသမီးကို ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်တစ်ခုခုနဲ့ ကူးစက်အောင် လုပ်လိုက်မယ်ဆိုရင်တော့ အိုလံပတ် နတ်ဘုရားတွေဟာ ရက်အနည်းငယ်အတွင်းမှာတင် မျိုးတုံးသွားကြမှာ ကျိန်းသေတယ် ဆိုတာပါပဲ။

ယွီဟွေးဖေးရဲ့ မျက်လုံးထဲက အကြည့်တွေကို မြင်တော့ အက်ဖရိုဒိုက်က သူ ဘာတွေ တွေးနေလဲဆိုတာ သိလိုက်တာပေါ့။ သူမက နှုတ်ခမ်းမဲ့လိုက်ပြီး ရှင်းပြမနေတော့ပါဘူး။

"ခင်ဗျား ဒီကို ရောက်လာပြီဆိုမှတော့ ကျွန်တော် ခင်ဗျားကို မနှိပ်စက်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်ဖေးကတော့ လူပြည့်နေပြီဆိုတော့ကာ ခင်ဗျားက ရှေ့ရင်ပြင်မှာပဲ နေလိုက်တော့... နောက်ပြီးတော့ အခုကစပြီးတော့ ခင်ဗျားဟာ ကျွန်တော်တို့ တည်းခိုခန်းရဲ့..."

ယွီဟွေးဖေးက စကားကို ရပ်လိုက်ပြီး သူမကို ဖော်ပြဖို့အတွက် စကားလုံး တစ်လုံးလောက် ရှာနေတာပေါ့။

သရဲဖြူက ဝင်ပြောလိုက်တာကတော့... "တကယ့် ထောက်ပိုင် (Toupai - ပျော်တော်ဆက် အလှမယ်) ပေါ့ဗျာ"

ယွီဟွေးဖေးက ခေါင်းညိတ်ပြလိုက်ပြီး... "ဟုတ်တယ်၊ ခင်ဗျားက ကျွန်တော်တို့ရဲ့ ထောက်ပိုင်... နေဦး... ထောက်ပိုင်က ခင်ဗျားရဲ့ အဘိုးလေဗျာ... ဒါက တည်းခိုခန်းဗျ၊ ပြည့်တန်ဆာအိမ် မဟုတ်ဘူး” လို့ ပြန်အော်လိုက်တာပေါ့။

သရဲဖြူရဲ့ မျက်နှာဟာ နီမြန်းသွားရော။ "ဘာများ ထူးခြားလို့လဲ။ ငါတို့တွေ ကြယ်ငါးပွင့် ဟိုတယ်တွေမှာ နေခဲ့တုန်းကလည်း အဲ့ဒီမှာ ကတ်ပြားလေးတွေရှိနေတာပဲ မဟုတ်လား"

"ကတ်ပြားတွေက ဘာဖြစ်လဲ။ ခင်ဗျားကိုယ်တိုင်လည်း ကတ်တောင် မသုံးဘဲနဲ့ တစ်ယောက်ယောက်နဲ့ အဟွတ်... အဟွတ်... လုပ်ခဲ့တာ မဟုတ်ဘူးလား။ စကားအပိုတွေ ပြောမနေနဲ့တော့၊ လစ်ကြစမ်းဗျာ"

သရဲဖြူရဲ့ မျက်နှာဟာ တကယ့်ကို ရဲခနဲ ဖြစ်သွားပြီး အသည်းအသန် လစ်ထွက်သွားတော့တယ်။ သရဲနက်နဲ့ ကျန်တဲ့သူတွေကတော့ မျက်လုံးအပြူးသားနဲ့ ဝိုင်းလာကြတာပေါ့။

"အဖိုးကြီးဖြူရေ... မသွားနဲ့ဦးဗျ... ပြောစမ်းပါဦး။ ခင်ဗျား ဘယ်သူနဲ့ အဟွတ်... အဟွတ်... လုပ်ခဲ့တာလဲ"

သရဲဖြူကတော့ ပိုပြီး မြန်မြန် ပြေးထွက်သွားသလို၊ သူ့နောက်ကနေလည်း အတင်းစပ်စုပြီး ရယ်မောနေတဲ့ ယောက်ျားတစ်အုပ်စုဟာ လိုက်သွားကြတော့တယ်။

ရှေ့ရင်ပြင်မှာတော့ သရဲဖြူက ချွေ့ကျွယ်ကို မေးနေတာပေါ့... "အဖိုးကြီး ချွေရေ... ရှောင်ယွီက မိန်းကလေးတစ်ယောက်ကို ဒီလောက်အထိ ရွံစရာကောင်းတဲ့ နာမည်ပေးလိုက်တာဟာ နည်းနည်းလေးတော့ မသင့်တော်ဘူးလို့ မထင်ဘူးလား"

ချွေ့ကျွယ်က ရယ်မောလိုက်ပြီး... "အဲ့ဒါကပဲ ရှောင်ယွီရဲ့ လိမ္မာပါးနပ်တဲ့ နေရာပေါ့ဗျာ"

သရဲနက်က ညည်းတွားလိုက်တယ်... "စာမတတ် ပေမတတ်နဲ့ ရွံစရာကောင်းတဲ့ နာမည်ပေးတာကို လိမ္မာပါးနပ်တယ်လို့ ခေါ်တာလား။ ဒါဆိုရင် ငါကော အံ့သြစရာကောင်းလောက်အောင် လိမ္မာပါးနပ်နေမှာပေါ့"

ချွေ့ကျွယ်က ခေါင်းခါပြလိုက်ပြီး... "အဲ့ဒီအမျိုးသမီးက အလှနတ်ဘုရားမလေ၊ သူမရဲ့ ရုပ်ရည်နဲ့ဆိုရင်တော့ ဒီလိုနာမည်မျိုးနဲ့ တကယ်ကြီး ထိုက်တန်တယ်။ ဒါပေမဲ့ သူမ လာတဲ့နေရာက တအားကို ဗြောင်းဆန်လွန်းနေသလို... ခင်ဗျားတို့လည်း သူမရဲ့ စရိုက်ကို မြင်ခဲ့ကြတာပဲလေ။ ဘယ်လို သာမန်လူသားမျိုးကမှ ဒီလောက်အထိ လှပပြီး မြှူဆွယ်တတ်တဲ့ အနှိုင်းမဲ့ အလှတရားကြီးကို တောင့်ခံနိုင်မှာ မဟုတ်ဘူး"

"ရှောင်ယွီက ငယ်သေးတယ်၊ အားအင်တွေကလည်း ပြည့်နှက်နေပြီး အချစ်နဲ့ ဆန့်ကျင်ဘက်လိင်ကို အသည်းအသန် လိုလားနေတဲ့ အရွယ်လေ။ အဲ့ဒီအချိန်မှာ ဒီလိုအနှိုင်းမဲ့ အလှတရားကြီးတင် မကဘူး၊ သာမန် မိန်းကလေးတစ်ယောက်က သူမနောက်ကို လိုက်မယ်ဆိုရင်တောင်မှ သူကတော့ အရှုံးပေးသွားမှာ ကျိန်းသေတယ်"

"အဲ့ဒါကြောင့်မို့လို့ သူက အက်ဖရိုဒိုက်ကို လုံးဝကို ရိုမန်းတစ် မဆန်တဲ့၊ စိတ်ကူးယဉ်မှုတွေကို ရိုက်ချိုးပစ်မယ့် နာမည်ဆိုးကြီး ပေးလိုက်တာပေါ့။ ရှေ့လျှောက် သူတို့ တွေ့ကြတဲ့အခါတိုင်း ဒါမှမဟုတ် သူမက တစ်ခုခု လုပ်ဖို့ ကြိုးစားတဲ့အခါတိုင်း၊ ရှောင်ယွီက သူမရဲ့ နာမည်ကို သတိရလိုက်ရုံနဲ့တင် သူ့ရဲ့ တောင့်တင်းမှုတွေဟာ အနည်းဆုံးတော့ တစ်ဝက်လောက် လျော့ကျသွားမှာ ကျိန်းသေတယ်"

သရဲနက်နဲ့ သရဲဖြူတို့လည်း အဲ့ဒီမြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်ကြတာပေါ့။ ရင်သပ်ရှုမောစရာ အလှတရားကြီးက တကယ့်ကို ဆွဲဆောင်မှုရှိရှိ လမ်းလျှောက်လာပြီး၊ ယွီဟွေးဖေးက "တချွေရေ... ဖြည်းဖြည်းလျှောက်ပါဦးဗျာ..." လို့ လှမ်းအော်လိုက်တာနဲ့တင်... အဲ့ဒီခဏမှာတင် အဲ့ဒီ ရင်ခုန်စရာ မြင်ကွင်းကြီးဟာ တကယ့်ကို ဟာသပြဇာတ်ကြီး တစ်ခုလို ဖြစ်သွားတော့တာပေါ့။ သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြတယ်။

"ဟုတ်တယ်... ဒီနာမည်ကတော့ မလိုလားအပ်တဲ့ တောင့်တင်းမှုတွေအတွက် တကယ့်ကို အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းကြီးပါပဲ"

အားလုံး ထွက်သွားတဲ့ အချိန်မှာတော့ ယွီဟွေးဖေးက အက်ဖရိုဒိုက်ရဲ့ အဝတ်အစားတွေကို ကြည့်လိုက်တယ်။

"ကျွန်တော် နောက်မှ ခင်ဗျားအတွက် အဝတ်အစားကောင်းလေးတွေ ဝယ်ပေးမယ်။ အခု ခင်ဗျား ဝတ်ထားတာကတော့ မဖြစ်ဘူးဗျ၊ အသားစက တအားနည်းလွန်းနေတယ်"

အက်ဖရိုဒိုက် ကြောင်သွားတာပေါ့။ သူမက သူမကိုယ်သူမ လက်ညှိုးထိုးပြပြီး... "ရှင်က ကျွန်မအတွက် အဝတ်အစား ဝယ်ပေးမလို့လား။ ကျွန်မ ဝတ်ထားတာက တအားများနေလို့လားဟင်" လို့ မေးရှာတယ်။

ယွီဟွေးဖေး ခေါင်းညိတ်ပြလိုက်ပြီး... "ဟုတ်တယ်။ ဘာပြဿနာရှိလို့လဲ။ ဒါမှမဟုတ် ခင်ဗျားမှာ ကိုယ့်ဘာသာကိုယ် ဝယ်ဖို့ ပိုက်ဆံရှိလို့လား"

အက်ဖရိုဒိုက်က ယွီဟွေးဖေးကို ထူးဆန်းတဲ့ အကြည့်လေးနဲ့ ကြည့်လိုက်ပြီး သူ့ဆီကို ဖြည်းဖြည်းချင်း တိုးလာတာ။ သူမက ခါးလေးကို ကိုင်းလိုက်ပြီး နည်းနည်းလေး အားစိုက်လိုက်တာနဲ့တင်... သူမရဲ့ ရင်ဘတ်က ကြယ်သီးတွေဟာ ဝုန်းခနဲ ပြုတ်ထွက်ကုန်ပြီး အဲ့ဒီ အကွဲကြောင်းနက်နက်ကြီးဟာ အထင်းသား ပေါ်လာတော့တာပေါ့ဗျာ...

ယွီဟွေးဖေးကတော့ ချက်ချင်းပဲ နွားကျောင်းသားကို လှမ်းခေါ်ဖို့ ပြင်လိုက်တော့ အက်ဖရိုဒိုက်က တဝါးဝါး တဟားဟားနဲ့ ရယ်မောလိုက်ပြီး နေရာမှာတင် ပြန်ထိုင်လိုက်ကာ ယွီဟွေးဖေးကို ဆွဲဆောင်မှုရှိတဲ့ အကြည့်လေးနဲ့ ကြည့်လိုက်တယ်။

"ရှင်ကတော့လေ... သူတို့နဲ့ မတူဘူးနော်"

ပြောပြီးတာနဲ့ အက်ဖရိုဒိုက်ဟာ ထရပ်လိုက်ပြီး အပြင်ကို လျှောက်ထွက်သွားတာပေါ့၊ သူမရဲ့ ရေမြွေလေးလို ခါးလေးကတော့ လှုပ်ယမ်းနေတာ။ သူမက ယောက်ျားအဝတ်အစားတွေ ဝတ်ထားပေမဲ့လည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကတော့ တစ်ကမ္ဘာလုံးကို မှောက်ချနိုင်လောက်တဲ့ အလှမျိုးနဲ့ ပြည့်နှက်နေတုန်းပဲ။

ယွီဟွေးဖေးကတော့ မထိန်းနိုင်တော့ဘဲ လှမ်းအော်လိုက်တယ်...။

"ဟေ့... ဟေ့... ဟေ့... ခင်ဗျား ဘယ်လို လမ်းလျှောက်နေတာလဲ။ ဒီလောက်အထိ ဆွဲဆောင်မှု မရှိအောင် မနေနိုင်ဘူးလား"

အက်ဖရိုဒိုက်က ယွီဟွေးဖေးကို လှည့်ကြည့်လိုက်ပြီး... "ကျွန်မ စပ်စုချင်တာကလေ။ ရှင် ဘာဖြစ်လို့ ကျွန်မကို ဒီလိုမျိုး လမ်းမလျှောက်ခိုင်းရတာလဲ။ ဒီလို လမ်းလျှောက်တာက မလှလို့လား၊ ဒါမှမဟုတ် အဝတ်အစား နည်းနည်းပဲ ဝတ်တာက မလှလို့လားဟင်"

ကြည့်စမ်းပါဦး... အတွေးအခေါ်ပညာတွေ ထွန်းကားတဲ့ နေရာက လာတဲ့သူဆိုတော့ကာ အက်ဖရိုဒိုက်ရဲ့ ပထမဆုံး မေးခွန်းကတော့ တကယ့်ကို လေးနက်လှတဲ့ အတွေးအခေါ် မေးခွန်းကြီး ဖြစ်နေတာပေါ့။ ယွီဟွေးဖေးက သူ့မေးစေ့ကို ပွတ်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။

"ဘယ်လို ပြောရမလဲ။ ယောက်ျားတိုင်းကတော့ မိန်းမတွေကို အဝတ်အစား နည်းနိုင်သမျှ နည်းနည်းပဲ ဝတ်စေချင်ကြတာပေါ့၊ ကျွန်တော်လည်း ချွင်းချက် မဟုတ်ပါဘူး"

"ဒါဆိုရင် ကျွန်မက အဝတ်အစား နည်းနည်းပဲ ဝတ်ရမလား။ ဒါမှမဟုတ် ဘာမှ မဝတ်ဘဲ နေရမလားဟင်"

ဒီတစ်ခါတော့ ယွီဟွေးဖေးဟာ မြှူဆွယ်တာကို မခံတော့ပါဘူး။ အဲ့ဒီအစား သူက အက်ဖရိုဒိုက်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပြီး ပြောလိုက်တာကတော့...

"ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်ရဲ့ အလိုဆန္ဒအတိုင်းပဲ ဝတ်ချင်နေရတာလဲ။ ခင်ဗျား ကိုယ့်ဘာသာကိုယ် ရွေးချယ်မှု မလုပ်နိုင်ဘူးလား။ ခင်ဗျားက လူတစ်ယောက်ပဲလေဗျာ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်အပေါ်မှာ ခင်ဗျားမှာ အခွင့်အရေး အပြည့်အဝ ရှိတာပဲ မဟုတ်လား။ ဘာဖြစ်လို့ တခြားသူတွေရဲ့ အလိုဆန္ဒအတိုင်း လိုက်ပြီး ရှင်သန်နေရတာလဲဗျာ"

All Chapters