← Chapters

ဩဇာအာဏာကြီးမားလှသော ကောင်းကင်ဘုံ

Vol. 17 Ch. 239

ဩဇာအာဏာကြီးမားလှသော ကောင်းကင်ဘုံ

Vol. 17 Ch. 239

ချွေ့ကျွယ်နဲ့ ကျန်တဲ့သူတွေကတော့ ရယ်မောကုန်ကြတာပေါ့...။

ယွီဟွေးဖေးကတော့ အိပ်လို့ ဘယ်ပျော်ပါ့မလဲဗျာ... စုန့်ချင်းက လှလား။ အဖြေကတော့ ကျိန်းသေပေါက် ဟုတ်တယ်ပေါ့။ သူက သာမန်ယောက်ျားတစ်ယောက်ပဲလေ၊ ယောက်ျားတွေက လှပတဲ့ မိန်းမတွေကို သဘောကျတာဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားပဲ မဟုတ်လား။

ဒါပေမဲ့ သူ့ရဲ့ ရင်ထဲမှာတော့ တခြား အရိပ်တစ်ခုက နေရာယူထားပြီးသားဆိုတော့ကာ... သူက စုန့်ချင်းနဲ့ ကျန်တဲ့သူတွေဆီကနေ အကွာအဝေးတစ်ခုကိုပဲ ထိန်းထားဖို့ ကြိုးစားနေတာပေါ့။

သူမ နောက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ မျက်ရည်တစ်စက်ကို သတိရမိတော့... ယွီဟွေးဖေးဟာ သူတို့ရဲ့ ဘဝလမ်းကြောင်းတွေ နောက်တစ်ခါ ပြန်ဆုံနိုင်ပါဦးမလားဆိုတာ မသိနိုင်တော့ဘူး။ သူမက သူ့ကို စောင့်နေဖို့ ပြောခဲ့ပေမဲ့... အဲ့ဒီ စောင့်ဆိုင်းခြင်းဟာ ဘယ်လောက်အထိ ကြာမြင့်ဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

သူက ဝေေေဝါးဝါးနဲ့ အိပ်ပျော်သွားတာပေါ့။ အိပ်မက်ထဲမှာတော့ သူဟာ သူ့အိမ်ရှေ့က တံခါးကြီးကို တွန်းဖွင့်လိုက်တဲ့အချိန်မှာ... ဆီစိမ်စက္ကူထီးလေးကို ကိုင်ပြီး ရင်ပြင်မှာ ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ နှင်းတွေက တဖွဲဖွဲ ကျနေပြီး သူမဘေးက နှင်းလူရုပ်လေးကလည်း ပြုံးနေတာပေါ့။

ယွီဟွေးဖေးလည်း ပြုံးလိုက်မိတဲ့ ခဏမှာပဲ... အိပ်မက်က ဝုန်းခနဲ ပျက်စီးသွားတော့တယ်။ မျက်နှာက ကျားသစ်လိုလို၊ မျက်လုံးတွေကလည်း ပြူးထွက်နေတဲ့ လူတစ်ယောက်က လက်တွေကို နောက်ပစ်လို့ လမ်းလျှောက်လာတာ မြင်လိုက်ရတာပေါ့။

"မိတ်ဆွေ... တွေ့ရတာ ကြာပြီနော်" လို့ ရှန်းကုန်းပေါင်က ပြုံးပြီး မေးလိုက်တာပေါ့။

ယွီဟွေးဖေးက သူ့ကို တကယ့်ကို စိတ်ပျက်လက်ပျက် အကြည့်နဲ့ ကြည့်ပြီး... "ခင်ဗျား နည်းနည်းလောက် နောက်ကျမှ လာလို့ မရဘူးလားဗျာ" လို့ ပြောလိုက်တယ်။

ရှန်းကုန်းပေါင်က ပတ်ပတ်လည်ကို ကြည့်ပြီး ရယ်မောလိုက်တာပေါ့။ "ကြည့်ရတာ ငါက မင်းရဲ့ အိပ်မက်လှလှလေးကို နှောင့်ယှက်မိသွားပြီ ထင်တယ်"

"စကားအပိုတွေ ပြောမနေနဲ့ဗျာ... ပြောစမ်းပါ။ အခု ဘာထပ်လိုချင်ပြန်ပြီလဲ"

"ဘာမှမဟုတ်ပါဘူး။ မင်းအခု ပိုက်ဆံတွေ အများကြီး ရထားတယ်လို့ ကြားလို့ပါ။ ငါ့ကို ယွမ်တစ်သိန်းလောက် သုံးဖို့ ပေးပါလား"

ဒါကို ကြားတော့ ယွီဟွေးဖေးက မြေကြီးပေါ်က အုတ်ခဲတစ်လုံးကို ချက်ချင်း ကောက်ကိုင်လိုက်တယ်။

"ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးဗျ၊ အုတ်ခဲတွေတော့ အများကြီးရှိတယ်... ခင်ဗျားမှာ အရှက်ဆိုတာ လုံးဝ မရှိဘူးလား။ ထောင်ထဲကနေ ထွက်ပြေးလာတာက တစ်ကြောင်း၊ ပြီးတော့ ကျွန်တော့်ကို ပြဿနာတွေ လာပေးတာက တစ်ကြောင်း။ အဲ့ဒါတွေတင်မကသေးဘဲ အခု ကျွန်တော့်ဆီကနေ ပိုက်ဆံလာတောင်းနေသေးတယ်ပေါ့။ ခင်ဗျားက နတ်ဘုရားတစ်ပါး မဟုတ်လား။ ခင်ဗျားမှာ နတ်လက်နက်တွေ အများကြီး ရှိနေတာပဲ မဟုတ်လား။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံသွားရှာပါလား" လို့ ပြန်အော်လိုက်တာပေါ့။

ရှန်းကုန်းပေါင်က သမ်းဝေလိုက်ပြီး... "ငါ မင်းကို တစ်နှစ်အတွင်း လူ့ပြည်မှာ ပြဿနာ မရှာပါဘူးလို့ ကတိပေးထားတယ် မဟုတ်လား။ တကယ်လို့ မင်းက ငါ့ကို ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာစေချင်တယ်ဆိုရင်တော့ ငါ စိတ်မရှိပါဘူး"

ဒီစကားကို ကြားတော့ ယွီဟွေးဖေး တစ်ကိုယ်လုံး တုန်သွားတာပေါ့။

"ခင်ဗျား ဘယ်လိုနည်းနဲ့ ပိုက်ဆံရှာမှာလဲဗျ"

ရှန်းကုန်းပေါင်က... "လွယ်တယ်။ သူဌေးတစ်ယောက်ယောက်ကို ရှာပြီး သူ့ကို စိတ်ညှို့လိုက်ရုံပေါ့။ အဲ့ဒီကျရင် ငါ့မှာ ပိုက်ဆံတွေ ဘယ်လောက်တောင် ရှိလာမလဲ စဉ်းစားကြည့်ဦးလေ။ အမှန်အတိုင်း ပြောရရင်တော့ မင်းရဲ့ ယွမ်တစ်သိန်းကို ငါက ဂရုတောင် စိုက်တာ မဟုတ်ဘူး"

ယွီဟွေးဖေးက ရယ်လိုက်ပြီး... "ခင်ဗျားက ဂရုမစိုက်ဘူးဆိုရင်လည်း... ဆက်ပြီး ဆင်းရဲနေလိုက်ပါတော့ဗျာ" လို့ ပြောလိုက်တော့ ရှန်းကုန်းပေါင် ကြောင်သွားတာပေါ့။

"မင်းက ငါကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာမှာကို မကြောက်ဘူးလား"

ယွီဟွေးဖေးက ရယ်မောလိုက်ပြီး... "ရှန်းကုန်းပေါင်က လူကောင်းမဟုတ်ဘူး၊ သူ့ရဲ့ မိတ်ဆွေတွေကို အမြဲတမ်း ဒုက္ခပေးတတ်တယ်လို့ ကျွန်တော် ကြားဖူးတယ်။ ဒါပေမဲ့ ရှန်းကုန်းပေါင်က ကတိမတည်တဲ့သူလို့တော့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ ဒါမှမဟုတ် အဲ့ဒီ ကောလာဟလတွေက မှားနေလို့လား"

ရှန်းကုန်းပေါင်က ယွီဟွေးဖေးကို ပြုံးကြည့်နေပြီး ယွီဟွေးဖေးကလည်း အကြည့်မလွှဲဘဲ ပြန်ကြည့်နေတာ။ တော်တော်လေးကြာမှ ရှန်းကုန်းပေါင်က ရယ်မောလိုက်ပြီး... "ကောင်းပြီလေ၊ နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် နောက်ထပ် စမ်းသပ်မှုတစ်ခုက မကြာခင် ရောက်လာတော့မှာပဲ။ အကယ်၍ ငါသာ နိုင်သွားရင်တော့... အင်း... ငါကတော့ လူ့ပြည်မှာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်ရတဲ့ ခံစားချက်မျိုးကို မြည်းစမ်းကြည့်ချင်တယ်" လို့ ပြောပြီး ပျောက်ကွယ်သွားတော့တယ်။

ယွီဟွေးဖေး နိုးလာတဲ့အခါမှာတော့ ဘယ်လိုပဲ ကြိုးစားကြိုးစား ခုနက အိပ်မက်ထဲကို ပြန်မရောက်တော့ဘူး။ နောက်ဆုံးမှာတော့ သူက ဆဲပစ်လိုက်တော့တာပဲ...။

"ရှန်းကုန်းပေါင်... ဒီကျက်သရေတုံးကောင်”

အဲ့ဒီအချိန်မှာ ဒရိုင်ဘာက... "ဆရာ... ရောက်ပါပြီ။ ဟော... ရှေ့မှာ လူတွေ တအားများနေပါလား..." လို့ ပြောလိုက်တာပေါ့။

ယွီဟွေးဖေး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ သူ့အိမ်ရှေ့ တံခါးဝမှာ လူအုပ်ကြီးက စုရုံးနေတာကို တွေ့လိုက်ရတယ်။

"ဆရာက တော်တော်လေး နာမည်ကြီးတာပဲနော်။ ဆရာ ပြန်လာမှာကို လူတွေအများကြီးက စောင့်နေကြတာပဲ... ဟဲဟဲ..." လို့ ဒရိုင်ဘာက ရယ်ပြီး ပြောရှာတယ်။

ယွီဟွေးဖေးက... "ဘာမှမတတ်နိုင်ဘူးလေဗျာ၊ ကျွန်တော့်ရဲ့ ဂုဏ်သတင်းက တအားမွှေးနေလို့ပါ" လို့ ပြန်ကြွားလိုက်တာပေါ့။

ဒါပေမဲ့ နောက်တစ်ခဏမှာတော့ ကားတံခါး ပွင့်သွားတာနဲ့တင် အပြင်က လူအုပ်ကြီးက ဝိုင်းအော်ကြတာကတော့... "ရှောင်ယွီရေ... နင် အကြွေးဆပ်တော့မယ်လို့ ကြားတယ်... ငါတို့ဆီက ယွမ်နှစ်ထောင် ရဖို့ ရှိတာကို အခု ဆပ်နိုင်ပြီလား"

"ရှောင်ယွီရေ... ငါတို့အတွက် ယွမ်ငါးထောင်နော်”

"ရှောင်ယွီရေ... နင် ငါတို့ဆီက ယွမ်နှစ်သောင်း ရဖို့ ရှိတာနော်”

"ရှောင်ယွီ... ငါတို့ မိသားစုအတွက် သုံးထောင်ရှစ်ရာ...”

ယွီဟွေးဖေးမှာတော့ ချွေးတွေတောင် ပြန်လာတာပေါ့ဗျာ၊ ဒီကောင်တွေကတော့ လူကြီးလူကောင်း မဆန်လိုက်တာ... တကယ်ကို အရှက်ကွဲစရာကြီး။ သူက ကားခကို ထုတ်ပေးလိုက်ပြီး အရှက်မရှိတဲ့ လေသံနဲ့ ဒရိုင်ဘာကို ပြောလိုက်လေရဲ့။

"တွေ့လား။ တကယ်လို့ ခင်ဗျားသာ အကြွေးတွေ ဒီလောက်အထိ တင်နေရင် ခင်ဗျား ပြန်လာတဲ့အချိန်မှာလည်း သူတို့က ဒီလောက်အထိ စိတ်အားထက်သန်စွာနဲ့ ကြိုဆိုကြမှာ။ ခင်ဗျား စမ်းကြည့်ချင်လား" လို့ မေးလိုက်တာပေါ့။

ဒရိုင်ဘာက... "ထားလိုက်ပါတော့ဗျာ" လို့ ခပ်နွမ်းနွမ်းလေး ရယ်ပြီး ပြန်ပြောရှာတယ်။

ဒရိုင်ဘာကလည်း ဟာသကြည့်ရတာကို ဝါသနာပါတဲ့သူဆိုတော့ကာ အကြွေးတောင်းနေတဲ့သူတွေ အများကြီး မြင်တော့ သူလည်း ပြန်မသွားသေးဘူး။ ကားကို မှီပြီး ဆေးလိပ်သောက်ရင်းနဲ့ ပွဲကြည့်နေတော့တာပေါ့။

ယွီဟွေးဖေးက လက်ယမ်းပြလိုက်ပြီး... "အားလုံးပဲ... လမ်းဖယ်ပေးကြပါဦး၊ အတင်းမတိုးကြပါနဲ့။ ကျွန်တော် ခင်ဗျားတို့ကို လာခိုင်းတယ်ဆိုကတည်းက အကြွေးဆပ်ဖို့ ပိုက်ဆံရှိလို့ပေါ့။ အစ်ကိုလန့်... ပိုက်ဆံအိတ်ကို မြှောက်ပြီး အားလုံးကို ပြလိုက်စမ်းပါဦး” လို့ အော်လိုက်တာပေါ့။

နွားကျောင်းသားက ပိုက်ဆံအိတ်ကြီးကို မြှောက်ပြလိုက်တယ်။ သူက အိတ်ကို ဖွင့်လိုက်တဲ့အချိန်မှာတော့ အထဲမှာ အနီရောင် ငွေစက္ကူတွေ ပြည့်နေတာ မြင်လိုက်ရတော့ လူတွေအားလုံးရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားကြတာပေါ့။

"အိုင်ယာ... ရှောင်ယွီရေ... နင် တကယ်ကြီး ချမ်းသာသွားတာလား"

"ရှောင်ယွီ... နင်ကတော့ တကယ့် ယောက်ျားကောင်းပဲဟေ့”

တချို့ အဘိုးအဘွားတွေကလည်း စိုးရိမ်တကြီးနဲ့ မေးကြရှာတယ်...။

"ရှောင်ယွီရေ... နင် ဘယ်လိုလုပ်ပြီး ရုတ်တရက် ပိုက်ဆံတွေ ရလာတာလဲ။ ဘယ်ကနေ ရတာလဲ"

"ဟုတ်တယ် ရှောင်ယွီရေ... နင် မတရားတဲ့ ပိုက်ဆံတွေကိုတော့ မယူရဘူးနော်။ အဲ့ဒါက ကိုယ်ကျင့်တရားနဲ့ မညီဘူးဗျ... ငါတို့ဆီမှာ အခုလောလောဆယ် ပိုက်ဆံမလိုသေးပါဘူး၊ ချက်ချင်း ပြန်ဆပ်ဖို့လည်း မလောပါဘူး။ နင် လမ်းမှန်ပေါ်မှာပဲ ရှိနေဖို့ အရေးကြီးတယ်..."

"ရှောင်ယွီ... ငါတို့ကို ပြောစမ်းပါဦး၊ နင် ဘယ်လိုလုပ်ပြီး ဒီပိုက်ဆံတွေ ရလာတာလဲ"

စကားတွေက တခြားဘက်ကို ရောက်ကုန်တော့မယ်ဆိုတာ သိလိုက်ရတော့ ယွီဟွေးဖေးက အမြန်ပဲ အော်ပြောလိုက်တယ်။

"အားလုံးပဲ... ငြိမ်ငြိမ်နေကြပါဦးဗျာ... စိတ်မပူကြပါနဲ့၊ ဒါတွေက တရားဝင် ရထားတဲ့ ပိုက်ဆံတွေပါ။ ဒေသတွင်း သတင်းတွေကို ကြည့်လိုက်ရင် ဒါတွေ ဘယ်က ရလာလဲဆိုတာ သိပါလိမ့်မယ်..." လို့ ပြောလိုက်တာပေါ့။

အဲ့ဒီအချိန်မှာ အဘိုးတစ်ယောက်က... "ဒေသတွင်း သတင်းလား... ငါ အဲ့ဒါကို ကြည့်တယ်။ ဟိုတစ်နေ့က ဘဏ်ဓားပြတိုက်တဲ့ သတင်းကို တွေ့လိုက်သေးတယ်။ အိုင်ယာ... ရှောင်ယွီရေ... မင်း ဘဏ်ဓားပြတိုက်ခဲ့တာတော့ မဟုတ်ပါဘူးနော်"

ဒါကို ကြားလိုက်ရတဲ့အချိန်မှာ ရွာသားတွေအားလုံးဟာ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်ကုန်ကြတာပေါ့...။

"ရှောင်ယွီရေ... အဲ့ဒီလိုမျိုးတော့ မလုပ်သင့်ဘူးဗျာ... အဲ့ဒါက သေဒဏ်ကျနိုင်တဲ့ အမှုကြီးလေ”

"ရှောင်ယွီ... ရဲတွေ မရောက်ခင်မှာ နင် ကိုယ့်ဘာသာကိုယ် သွားပြီး အဖမ်းခံလိုက်တာက ပိုကောင်းမယ် ထင်တယ်"

ယွီဟွေးဖေးရဲ့ နဖူးမှာတော့ ချွေးတွေဟာ တလုံးလုံး စီးကျလာတော့တယ်။ သူ ခံစားလိုက်ရတာက အကယ်၍ သူသာ ဆက်ပြီး ရှင်းမပြနိုင်ရင်တော့ သူဟာ ဘဏ်ဓားပြ မဟုတ်ရင်တောင်မှ ဘဏ်ဓားပြအဖြစ် အသတ်မှတ်ခံရတော့မှာပဲ။

ဒါပေမဲ့ သူ နားလည်တယ်။ မာရသွန်ပြိုင်ပွဲက ကိစ္စကြီးတစ်ခု ဆိုပေမဲ့လည်း လူတွေအပေါ် သက်ရောက်မှုကတော့ သူ ထင်ထားသလောက် မကြီးမားဘူးလေ။ ဒါက ဒေသတွင်း ပြိုင်ပွဲလေးပဲ မဟုတ်လား။ ပြီးတော့ မာရသွန်ဆိုတာကလည်း ဖျော်ဖြေရေး တန်ဖိုးက သိပ်မရှိဘူးလေ။ လူတွေက အစပိုင်းမှာတော့ စိတ်ဝင်တစား ကြည့်ကြပေမဲ့ နှစ်နာရီလုံးလုံး လူတွေ ပြေးနေတာကိုတော့ ဘယ်သူကမှ အဆုံးထိ လိုက်မကြည့်ကြဘူး။

ဒါတင်မကသေးဘူး... တရုတ်လူမျိုးတွေရဲ့ မာရသွန်အပေါ်မှာ ထားတဲ့ စိတ်အားထက်သန်မှုကလည်း သိပ်မမြင့်မားလှသလို၊ ကျေးလက်က လူတွေကတော့ ပိုပြီးတောင် စိတ်မဝင်စားကြဘူး။ သူတို့ကတော့ အဲ့ဒီအချိန်မှာ စုဝေးပြီး နိုင်ငံတကာ အရေးအခင်းတွေအကြောင်း စကားပြောရတာကို ပိုပြီး သဘောကျကြတာကိုး။ အဲ့ဒါကြောင့်မို့လို့ သူတို့တွေ ယွီဟွေးဖေး မာရသွန်မှာ နိုင်သွားတာကို မသိကြတာ။

ယွီဟွေးဖေးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဖုန်းကို ထုတ်ကာ သတင်းကို ရှာပြီး မြှောက်ပြလိုက်တယ်။

"အားလုံးပဲ ကြည့်ကြပါဦးဗျာ... ဒါက ကျွန်တော် မာရသွန်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ဗီဒီယိုပါ။ ဒီပိုက်ဆံတွေက ဆုငွေတွေပါ၊ ဓားပြတိုက်လို့ ရလာတာ မဟုတ်ပါဘူးဗျာ”

အဘိုးအဘွားတွေလည်း အဲ့ဒီဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာတော့မှ ပြုံးပျော်သွားကြတာပေါ့။ အဲ့ဒီအချိန်မှာ ချွေ့ကျွယ်က အကြွေးစာရင်းတွေကို ထုတ်လိုက်တယ်။

"ရှောင်ယွီ... အချိန်တန်ပြီ"

သရဲဖြူက စားပွဲတစ်လုံးကို သယ်လာပြီး တံခါးဝမှာ ချပေးလိုက်တာပေါ့။ ချွေ့ကျွယ်က စုတ်တံကို ကိုင်ပြီး ထိုင်လိုက်တယ်။

"ကျွန်တော် နာမည်ခေါ်တဲ့သူက ပိုက်ဆံလာယူကြပါ။ စိတ်မပူကြနဲ့၊ ကျွန်တော်တို့ အကုန်လုံး တွက်ချက်ထားပြီးသားပါ။ ကျွန်တော်တို့ အားလုံးကို ပြန်ဆပ်ရမယ့် အကြွေးက စုစုပေါင်း ယွမ် ၈၀၀,၉၇၆ ရှိတယ်။ ကျွန်တော်တို့မှာ လက်ငင်းငွေသား ယွမ်ကိုးသိန်း ငါးသောင်း ရှိတာဆိုတော့ကာ အားလုံးကို ပြန်ဆပ်ဖို့ လုံလောက်ပါတယ်"

အစပိုင်းမှာတော့ အားလုံးက ပိုက်ဆံမရမှာစိုးလို့ အတင်းတိုးဝှေ့နေကြတာ။ ဒါကို ကြားတော့မှ သူတို့လည်း စိတ်အေးသွားပြီး အစီအစဉ်တကျ တန်းစီလိုက်ကြတာပေါ့။ နွားကျောင်းသားရဲ့ ဟိန်းထွက်နေတဲ့ အသံကြီး ရှိနေတော့ အော်လန်တောင် မလိုဘူး။ သရဲနက်နဲ့ သရဲဖြူတို့ကတော့ လူတန်းကြီးကို စနစ်တကျ ဖြစ်အောင် ထိန်းပေးနေရတာပေါ့၊ ကြားဖြတ်ဝင်တာမျိုးလည်း လုံးဝ ခွင့်မပြုဘူး။ ချွေ့ကျွယ်က စာရင်းကိုင် လုပ်ပေးပြီး ယွီဟွေးဖေးကတော့ ပိုက်ဆံတွေကို ရေတွက်ပေးရတာပေါ့။

ရေတွက်ပြီးရင်တော့ ချွေ့ကျွယ်က ထပ်ပြီး တစ်ခေါက် စစ်ဆေးပေးသလို၊ ပိုက်ဆံယူတဲ့သူကလည်း အဲ့ဒီမှာတင် သေသေချာချာ ရေတွက်ရတာ။ နောက်ကျရင် ပြဿနာ မဖြစ်ရအောင် ချွေ့ကျွယ်က ဆိုင်းဘုတ်တစ်ခုကို သေသေချာချာ ကပ်ထားသေးတယ်။

"အကြွေးများကို ချက်ချင်း ရေတွက်ပါ၊ ကောင်တာမှ ထွက်သွားပြီးနောက်ပိုင်းတွင် တာဝန်မယူပါ"

ဒါကတော့ သူ မြို့ပေါ်က ဘဏ်ကို သွားတုန်းက သင်ယူလာခဲ့တဲ့ ရုံးလုပ်ထုံးလုပ်နည်း အသစ်ပေါ့။ ယွီဟွေးဖေးကလည်း ဒါကို ဘာမှကန့်ကွက်မနေပါဘူး။

ရွာသားတွေကလည်း စိတ်မရှိကြပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မျက်လုံးထဲမှာတော့ ဒီပိုက်ဆံတွေကို ပြန်ရဖို့ဆိုတာ ၈၀ ရာခိုင်နှုန်းလောက်အထိ မျှော်လင့်ချက် မရှိခဲ့ကြတာလေ။ အခု ပြန်ရပြီဆိုတော့ကာ ငွေစက္ကူ တစ်ရွက် ပိုတာ၊ လိုတာလောက်ကိုတော့ သူတို့တွေ ဂရုမစိုက်ကြတော့ဘူး။

နေ့လည် ၄ နာရီခွဲကနေစပြီး ည ၇ နာရီခွဲအထိ ပိုက်ဆံတွေကို ဝေပေးလိုက်တာပေါ့။ ပိုက်ဆံအိတ်ထဲမှာ နည်းနည်းလေးပဲ ကျန်တော့တာ မြင်ရတော့ ယွီဟွေးဖေးရဲ့ ရင်ထဲမှာတော့ နည်းနည်းလေး ဟာသွားသလိုမျိုး ခံစားလိုက်ပေမဲ့ ဘာပဲဖြစ်ဖြစ် သူဟာ အကြွေးတွေ အကုန်လုံးကို ဆပ်နိုင်ခဲ့ပြီဆိုတော့ကာ... တကယ်ကို သက်ပြင်းချနိုင်ခဲ့ပြီး တစ်ကိုယ်လုံးလည်း ပေါ့ပါးသွားသလိုမျိုး ခံစားလိုက်ရတာပေါ့။

တံခါးကို ပိတ်လိုက်ပြီးတဲ့နောက်မှာ ယွီဟွေးဖေးက ကျန်တဲ့ ပိုက်ဆံတွေကို ထုတ်လိုက်တယ်။ ယွမ်တစ်သိန်းလေးသောင်းကျော်... နောက်ပြီး စုန့်ချင်း ပေးထားတဲ့ ယွမ်သုံးသောင်းထဲက ကျန်တဲ့ နှစ်သောင်းပေါ့။ စုစုပေါင်းဆိုရင် ယွမ်တစ်သိန်းခြောက်သောင်းခြောက်ထောင်ကျော် ရှိတယ်။

ယွီဟွေးဖေးက ရုတ်တရက် အော်လိုက်တယ်... "နေဦး... တောက်... မာဂျီလီဆီက ယွမ်ငါးသောင်း တောင်းဖို့ ငါ မေ့သွားတယ်... အိုင်ယာ...”

သူကတော့ တကယ်ကို ရူးတော့မှာပဲ။ ယွမ်ငါးသောင်းကြီးများတောင်မှ ဒီအတိုင်းကြီး ပျောက်သွားတာလေ။ သူက မာဂျီလီရဲ့ နောက်ခံကိုလည်း မသိဘူး... လောကကြီးကလည်း ဒီလောက်ကျယ်တာကို သူ ဘယ်မှာ သွားရှာရပါ့မလဲ။ အဲ့ဒီအချိန်မှာ ချွေ့ကျွယ်က ပြုံးလိုက်ပြီး စားပွဲပေါ်မှာ ကတ်တစ်ခုကို တင်လိုက်တယ်။

"ငါ သေသေချာချာ စောင့်ကြည့်နေတာ။ မာဂျီလီကို စေတနာ့ဝန်ထမ်းတွေဆီ ပို့ပေးလိုက်တဲ့ အချိန်မှာ သူ့ရဲ့ ကတ်ကို ငါက ခိုးလာခဲ့တာလေ"

အဲ့ဒီကတ်ကို မြင်တော့ ယွီဟွေးဖေးဟာ ချက်ချင်းဆိုသလို ပြုံးသွားပြီးမှ ပြန်ပြီး ငိုတော့မလို ဖြစ်သွားပြန်ရော...

"ခင်ဗျား လျှို့ဝှက်နံပါတ် Passwordကို သိလား"

ချွေ့ကျွယ်ရဲ့ အပြုံးကတော့ ခဲသွားတာရော။

"အဲ... အဲ့ဒီတုန်းက လျှို့ဝှက်နံပါတ် လိုတယ်ဆိုတာ ငါ မသိခဲ့ဘူးလေ"

ယွီဟွေးဖေးကတော့ ခြေဆောင့်ပြီး စိတ်ပျက်နေတာပေါ့။

"အိုင်ယာ... တောက်... မရဘူး၊ အားတဲ့တစ်နေ့ကျရင် အဲ့ဒီ မာဂျီလီကို သွားရှာရမယ်။ သူ ပြောခဲ့တာ... မြို့တစ်မြို့ရဲ့ နာမည်..."

သရဲဖြူက... "ထိုက်ကျိုးမြို့" လို့ လှမ်းပြောတာပေါ့။

ယွီဟွေးဖေးက လက်ဝါးရိုက်လိုက်ပြီး... "ဟုတ်တယ်၊ ထိုက်ကျိုးမြို့... သိပ်တော့ မသေးဘူးပေါ့ဗျာ၊ ဒါပေမဲ့ သူတို့ကို ကြည့်ရတာ နိုင်ငံခြားကျောင်းသားတွေ ဖြစ်မှာ ကျိန်းသေတယ်။ လူမည်း နိုင်ငံခြားကျောင်းသားဆိုတော့ကာ သူက နာမည်ကြီးမှာပဲ၊ ရှာရတာ သိပ်မခက်လောက်ပါဘူးဗျာ"

ဦးတည်ချက် တစ်ခု ရသွားတော့ ယွီဟွေးဖေးလည်း စိတ်မပူတော့ဘူး။

သရဲနက်က... "ရှောင်ယွီရေ... စိတ်မပူပါနဲ့။ ဒီအကြွေးကိုတော့ သူ ရှောင်လို့ မရပါဘူး။ အကယ်၍ သူ သေသွားရင်တောင်မှ အောက်ထပ်ရောက်ရင် ငါတို့က ဝိုင်းပြီး ကောက်ပေးမှာပေါ့” လို့ ပြောလိုက်တာပေါ့။

ယွီဟွေးဖေးက ပြုံးလိုက်ပြီးမှ စပ်စုချင်တာနဲ့ မေးလိုက်တယ်... "ဟေ့... အဖိုးမည်းကြီး၊ ခင်ဗျားတို့က အရှေ့တိုင်းရဲ့ ယင်နတ်မင်းတွေ မဟုတ်လား။ ခင်ဗျားတို့က နိုင်ငံခြားသားတွေကိုပါ ကိုင်တွယ်လို့ ရတာလား"

ချွေ့ကျွယ်က ရယ်မောလိုက်ပြီး... "ရှောင်ယွီရေ... မင်းကတော့ အောက်ထပ်နဲ့ အပေါ်ထပ် အကြောင်းကို နည်းနည်းလေး အထင်မှားနေပုံရတယ်ဗျ"

ယွီဟွေးဖေးက သူ့ကို နားမလည်နိုင်သလို ကြည့်နေတာပေါ့။

ချွေ့ကျွယ်က ရှင်းပြရှာတယ်... "ရှေးခေတ်ကတည်းက ကောင်းကင်ဘုံဆိုတာဟာ ကမ္ဘာလောကကြီးရဲ့ အလိုဆန္ဒကို ကိုယ်စားပြုတာ။ ရသေ့ရဟန်းတွေတောင်မှ ကောင်းကင်ဘုံရဲ့ ကိစ္စတွေကို လွယ်လွယ်နဲ့ ဝင်ရောက်စွက်ဖက်လို့ မရဘူး။ သူတို့တောင်မှ ကောင်းကင်ဘုံမှာ အလုပ်အကျွေးပြုဖို့အတွက် သူတို့ရဲ့ ပုံတူတစ်ခုကို ထားခဲ့ရသလို၊ ကောင်းကင်ဘုရင်ကြီးနဲ့ တွေ့ရင် ဦးညွှတ်ရတာဗျ... ဒါက အဖိုးကြီးဟုန်ကျွင်း ချမှတ်ထားတဲ့ စည်းကမ်းပဲ၊ ဘယ်သူမှ ကျော်လွန်လို့ မရဘူး"

"အခုရှိနေတဲ့ ကောင်းကင်ဘုံကတော့ စစ်ပွဲပြီးမှ တည်ထောင်ခဲ့တာပေါ့။ ကျောက်စိမ်းနတ်မင်းရဲ့ ခွန်အားတွေကို ဘေးဖယ်ထားမယ်ဆိုရင်တောင်မှ ဒါဟာ ဂိုဏ်းကြီးသုံးခုနဲ့ နတ်ဘုရားတွေ အားလုံး စုပေါင်းပြီး တည်ထောင်ခဲ့တဲ့ ကောင်းကင်ဘုံ။ နောက်ပြီးတော့ ဟုန်ကျွင်းအဖိုးကြီးဟုန်ကျွင်းရဲ့ အတည်ပြုချက်လည်း ပါသေးတာပေါ့... နောက်ပြီးတော့ ဟိုလူကြီးကလည်း... ထားလိုက်ပါတော့ သူ့အကြောင်း မပြောတော့ဘူး"

"အတိုချုပ်ပြောရရင်တော့ အခုရှိနေတဲ့ ကောင်းကင်ဘုံဟာ တိုက်ခိုက်ရေးစွမ်းရည်မှာတော့ မျိုးဆက်တွေထဲမှာ အသန်မာဆုံး မဟုတ်ရင်တောင်မှ အဆင့်အတန်းနဲ့ နောက်ခံပိုင်းမှာတော့ တကယ့်ကို အမြင့်ဆုံးနဲ့ အသန်မာဆုံးပဲ... လောကအားလုံးဟာ ကောင်းကင်ဘုံရဲ့ လက်အောက်မှာပဲ ရှိတာ။ အောက်ထပ်ကတော့ လောကအားလုံးရဲ့ သံသရာလည်မှုကို စီမံခန့်ခွဲတာ။ မင်းက ဘယ်နေရာကပဲ လာလာ၊ မင်းရဲ့ နာမည်က သေခြင်းရှင်ခြင်းစာရင်းချုပ်ထဲမှာ ပါနေသရွေ့တော့ လောကရဲ့ သက်ရှိမှန်သမျှဟာ သီအိုရီအရ အောက်ထပ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ရှိတာပေါ့"

ဒါကို ကြားလိုက်ရတဲ့အချိန်မှာ ယွီဟွေးဖေးဟာ တကယ့်ကို အံ့သြတုန်လှုပ်သွားတာပေါ့။ သူ့ရဲ့ ကိုယ်ပိုင် ကောင်းကင်ဘုံက ဒီလောက်အထိ ဩဇာကြီးမားလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။ သရဲနက်နဲ့ သရဲဖြူတို့က အရင်တုန်းက နိုင်ငံခြားက စိတ်ဝေဒနာ ခံစားနေရတဲ့ ပန်းချီဆရာတစ်ယောက်ကို ခေါ်လာခဲ့ဖူးတယ်လို့ ပြောခဲ့တာဟာ ပါရမီရှင်တစ်ယောက်ကို နယ်စပ်ဖြတ်ကျော်ပြီး ဖမ်းဆီးတာ မဟုတ်ဘဲနဲ့ ပုံမှန် ဥပဒေစိုးမိုးရေး လုပ်ဆောင်တာပဲ ဖြစ်မှာပေါ့။

ယွီဟွေးဖေးက ထပ်ပြီး စပ်စုလိုက်ပြန်ရော... "ဒါဆိုရင်... အနောက်တိုင်းမှာ ဘာဖြစ်လို့ သူတို့ရဲ့ ကိုယ်ပိုင် ဒဏ္ဍာရီတွေ ရှိနေရတာလဲဗျ"

ချွေ့ကျွယ်က... "လောကပေါင်း ကုဋေကုဋာ ရှိတဲ့အနက် တစ်ခုစီမှာတော့ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်သူတွေ ရှိကြတာပေါ့။ သူတို့နဲ့ ကောင်းကင်ဘုံရဲ့ ဆက်ဆံရေးကတော့ ဧကရာဇ်မင်းမြတ်နဲ့ နယ်စားပယ်စားတွေရဲ့ ဆက်ဆံရေးမျိုးပေါ့။ ကောင်းကင်ဘုံမှာ နတ်ဘုရားတွေ အများကြီး ရှိပေမဲ့ အရာအားလုံးကို ကိုယ်တိုင် လုပ်နေဖို့ မလိုဘူးလေ။ အဲ့ဒါကြောင့် နတ်မင်းကြီးတွေရဲ့ လက်အောက်မှာ ကိစ္စအရပ်ရပ်ကို ကူညီစီမံပေးဖို့အတွက် တခြားသော နတ်ဘုရားတွေ ရှိကြတာပေါ့"

"နောက်ပြီးတော့ လောကပေါင်းများစွာမှာလည်း သူတို့ရဲ့ ဒေသခံ နတ်ဘုရားတွေ ရှိကြတာ သဘာဝပါပဲ။ ဒီနတ်ဘုရားတွေက ဒေသခံ သက်ရှိတွေအကြောင်းကို ပိုပြီး နားလည်ကြသလို၊ စီမံခန့်ခွဲရတာလည်း ပိုပြီး လွယ်ကူစေတာပေါ့၊ အဲ့ဒါကြောင့်လည်း ယဉ်ကျေးမှုတွေက ကွဲပြားနေကြတာလေ။ ဒါကြောင့်မို့လို့လည်း ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုတွေ အများကြီး ရှိနေရတာပေါ့... "

"အနောက်တိုင်းသားတွေ ယုံကြည်ကြတာကတော့ လောကပေါင်းများစွာထဲက တစ်ခုရဲ့ နတ်ဘုရားတွေ ဖြစ်မှာပေါ့။ သူတို့ရဲ့ ဝိညာဉ်တွေကို အဲ့ဒီဘက်က ခေါ်သွားတာဟာ တရားဝင်တယ်၊ စည်းကမ်းနဲ့ ညီညွတ်တယ်လို့ သတ်မှတ်လို့ ရပေမဲ့ အကယ်၍ ငါတို့ဘက်က တစ်ယောက်ယောက်ကို လိုချင်တယ်ဆိုရင်တော့ သူတို့ကလည်း လိမ္မာပါးနပ်စွာနဲ့ လွှဲပေးရတာပါပဲ"

ယွီဟွေးဖေးက လက်မထောင်ပြလိုက်တယ်... "တကယ့်ကို အံ့သြစရာပဲဗျာ”

"ငါတို့က အံ့သြစရာကောင်းတာ မဟုတ်ဘူး၊ တကယ်တော့ မင်းကသာ စိတ်ကူးက တအားကို ကျဉ်းမြောင်းနေတာ"

ယွီဟွေးဖေး ကြောင်သွားတော့ ချွေ့ကျွယ်က ဆက်ပြီး ရှင်းပြတယ်။

"မင်းက ဘာဖြစ်လို့ ငါတို့ကို အရှေ့တိုင်းမှာပဲ ရှိတဲ့ နတ်ဘုရားတွေလို့ အမြဲတမ်း ထင်နေရတာလဲ"

"ခင်ဗျားတို့က အဲ့ဒီလို မဟုတ်ဘူးလားဗျ"

ချွေ့ကျွယ်က မြေကြီးကို လက်ညှိုးထိုးပြရင်း "ဒီဂြိုဟ်ကြီးက ရွှံ့လုံးလေးတစ်လုံးလောက်ပဲ သေးတာ။ မင်းက ငါတို့ရဲ့ လောကပေါင်းများစွာကို အုပ်ချုပ်တဲ့ ဂုဏ်သိက္ခာရှိလှတဲ့ ကောင်းကင်ဘုံကြီးဟာ ဒီရွှံ့လုံးလေးပေါ်က ဆေးစက်လေး တစ်စက်လောက်ပဲ ရှိမယ်လို့ ထင်နေတာလား"

ယွီဟွေးဖေးမှာတော့ ဆွံ့အလို့ပဲဗျာ...။ ချွေ့ကျွယ်က ရယ်မောလိုက်ပြီး ဆက်ပြောတယ်။

"ဒါပေမဲ့ မျိုးရိုးဗီဇအရ ပြောရရင်တော့ ငါတို့က မျိုးနွယ်စု တစ်ခုတည်းကပါပဲ။ အဲ့ဒါကြောင့် မင်းက အဲ့ဒီလိုမျိုး တွေးတာကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစမ်းပါ။ ဒီလောက်အထိ စိတ်မကျဉ်းမြောင်းစမ်းပါနဲ့။ ဒီကောင်းကင်ယံအောက်မှာ၊ ဒီလောကပေါင်း ကုဋေကုဋာထဲမှာ ရှိသမျှ အရာအားလုံးဟာ... တောက်... အကုန်လုံးက ငါတို့ပိုင်တာကွ”

တကယ့်ကို ဩဇာကြီးမားတဲ့ လေသံနဲ့ ပြောလိုက်တော့ ယွီဟွေးဖေးလည်း ပြုံးလိုက်မိတာပေါ့၊ ချွေ့ကျွယ်က ဒီလောက်အထိ ဆဲဆိုပြီး မာန်တက်ပြောတာကို သူ ပထမဆုံးအကြိမ် ကြားဖူးတာကိုး။

"ဒါဆိုရင် အနောက်တိုင်း ဒဏ္ဍာရီတွေထဲမှာ ဘုရားသခင် တစ်ပါးတည်းပဲ ရှိတယ်လို့ ပြောကြတာဟာ ကောင်းကင်ဘုံကို စော်ကားတာလို့ မသတ်မှတ်ဘူးလားဗျ"

ချွေ့ကျွယ်က ခေါင်းခါပြတယ်...။

"မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်လောကထဲမှာတော့ သူတို့က တကယ်ပဲ တစ်ပါးတည်းသော ဘုရားသခင်ပါပဲ။ အဲ့ဒါကြောင့် အဲ့ဒီလို ပြောတာကတော့ ချဲ့ကားပြောတာ မဟုတ်ပါဘူး"

ယွီဟွေးဖေး စဉ်းစားကြည့်တော့လည်း ဒါက ကျိုးကြောင်းဆီလျော်တယ်။ သူတို့က သူတို့လောကမှာ သူတို့ တကယ်ကြီး သန်မာကြတာကိုး၊ နည်းနည်းပါးပါး ကြွားတာကတော့ တရားမဝင်ဘူးလို့ မထင်ပါဘူး။ မဟုတ်ဘူး... အဲ့ဒါက အမှန်အတိုင်း ပြောတာလို့ပဲ ခေါ်ရမှာပေါ့။

အားလုံးကို နားလည်သွားတဲ့အချိန်မှာ သူ့အိတ်ထဲကနေ နွေးထွေးတဲ့ ခံစားချက်တစ်ခု ထွက်ပေါ်လာတယ်။ သူက စဉ်းစားမိတာက... 'နောက်ထပ် တစ်ယောက်ယောက် လာပြန်ပြီလား။ အမလေးဗျာ၊ ငါ့အိမ်က ဒီလောက် မကျယ်ဘူးလေ...' ဆိုပြီးတော့ပေါ့။

သူက အိတ်ထဲက စာတိုလေးကို ထုတ်ကြည့်လိုက်တော့ ကြောင်သွားတာပေါ့။ အဲ့ဒီမှာ ရေးထားတာက... "ဒီနေ့ညမှာ အကျဉ်းသားအသစ်တစ်ယောက် ရောက်လာတော့မယ်၊ ကျေးဇူးပြုပြီး လက်ခံဖို့ အဆင်သင့် ပြင်ထားပါ။ နောက်ပြီးတော့ အခု ပိုက်ဆံတွေ ရှိနေပြီ မဟုတ်လား၊ ငါ့ကို အကြွေးတွေ နည်းနည်းလောက် ထပ်ပြီး ဆပ်ပေးပါဦးလား"

ယွီဟွေးဖေးကတော့ ဘာမှစဉ်းစားမနေဘဲ ပြန်ရေးလိုက်တာကတော့... "လစ်စမ်းပါဗျာ” ဆိုပြီးတော့ပေါ့။

သူ အချိန်ကို ကြည့်လိုက်တော့ အပြင်သွားဖို့ စိတ်ကူးမရှိတော့ဘူး။ သူက ရင်ပြင်မှာ အေးအေးဆေးဆေး ထိုင်ရင်းနဲ့ အလုပ်သမား အကျဉ်းသားအသစ် ရောက်လာမှာကို စောင့်နေတာပေါ့။ တစ်ချိန်တည်းမှာပဲ လူတွေ ပိုများလာရင် ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတာကို တွက်ချက်နေတာ။ ဘာပဲဖြစ်ဖြစ် အိမ်မှာရှိတဲ့ အခန်းတွေကတော့ တကယ်ကို မလောက်တော့ဘူးလေ...။

အဲ့ဒီအချိန်မှာပဲ သရဲဖြူက တကယ့်ကို တရားမျှတတဲ့ ဒေါသတွေ ပြည့်နှက်နေတဲ့ မျက်နှာပေးနဲ့ လျှောက်လာတော့တယ်။

"အဖိုးကြီးဖြူရေ... ဘာတွေ ဖြစ်လာပြန်တာလဲဗျ" လို့ ယွီဟွေးဖေးက မေးလိုက်တာပေါ့။

All Chapters