ခေါင်းသုံးလုံးငရဲခွေးကြီး
Vol. 24 Ch. 376
"တာအိုရောင်းရင်းယဲ့ယွီ... ကြိုပြီး သဘောတူထားရအောင်။ တကယ်လို့များ ငရဲဘုံသား တစ္ဆေမျိုးနွယ်တွေ ပေါ်လာခဲ့ရင် ကျွန်တော်ကတော့ ပထမဆုံး ထွက်ပြေးမယ့်သူပဲနော်" လီချန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
သူ့မှာ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ ရှိနေတဲ့အတွက် အချိန်မရွေး ထွက်ပြေးလွတ်မြောက်နိုင်ပြီး လုံခြုံရေးအတွက် ဘာပြဿနာမှ မရှိပါဘူး။
"တာအိုရောင်းရင်းလီချန် စိတ်ချပါ။ ခင်ဗျားက တစ္ဆေနယ်မြေကို ရှင်းလင်းပေးနိုင်တဲ့သူလေ။ ခင်ဗျားရဲ့ ဘေးကင်းရေးက အဓိကအကျဆုံးပါပဲ" ယဲ့ယွီ ရွှေနတ်ဘုရားက အလျင်အမြန် ပြောလိုက်သည်။
၃၃ ဘုံ တစ်ခုလုံးမှာ တစ္ဆေနယ်မြေကို အမြစ်ပြတ် ရှင်းလင်းနိုင်သူ မရှိသေးဘူး။ တခြားသူတွေက ဖိနှိပ်ထားရုံလောက်ပဲ တတ်နိုင်ကြပြီး၊ အဲဒီလို ဖိနှိပ်ထားဖို့အတွက် အချိန်တွေ၊ အင်အားတွေ၊ တန်ဖိုးတွေ အများကြီး ပေးဆပ်နေရတာ။
တကယ်လို့ လီချန်သာ ဟုန်ယွင်နတ်ဘုရားဂိုဏ်း အတွက် ဒီတစ္ဆေနယ်မြေ ကို ရှင်းလင်းပေးနိုင်ခဲ့ရင်၊ အင်မော်တယ်နန်းတော်က တခြား မပျက်သုဉ်းနိုင်သော နတ်ဘုရားဂိုဏ်းတွေရဲ့ အလေးထားမှုကို သေချာပေါက် ရရှိလာမှာ။
ဘာလို့လဲဆိုတော့ ၁၀ ခုမြောက်ဘုံက တစ္ဆေနယ်မြေ နဲ့ ၃၃ ခုမြောက်ဘုံက တစ္ဆေနယ်မြေ ဆိုတာ အဆင့်အတန်းချင်း လုံးဝ မတူလို့ပဲ။
ထို့နောက် လီချန်နှင့် ယဲ့ယွီ တို့သည် နေရာကူးပြောင်းခြင်းအစီအရင်မှတဆင့် တစ္ဆေနယ်မြေ တည်ရှိရာ နေရာသို့ ရောက်ရှိလာကြသည်။
ကုရွှီးနတ်ဘုရားမြို့တော်။
ဒါက ဟုန်ယွင်နတ်ဘုရားဂိုဏ်း ပိုင်နက်ထဲက မြို့တစ်မြို့ဖြစ်သည်။ အတိုင်းအတာနဲ့ အင်အားကတော့ ပိုင်ကျူနတ်ဘုရားမြို့တော်လောက် မကြီးမားပေ။
ယခုအခါ ကုရွှီးနတ်ဘုရားမြို့တော်သည် ကျဆုံးသွားပြီဖြစ်သည်။ တစ္ဆေနယ်မြေ ချဲ့ထွင်လာမှုအောက်တွင် မြို့တစ်ခုလုံး ဝါးမျိုခြင်းခံလိုက်ရပြီ။
တစ္ဆေနယ်မြေ ပတ်ဝန်းကျင်တွင် အစီအရင်အများအပြားခင်းကျင်းထားပြီး ဆက်လက် မချဲ့ထွင်နိုင်အောင် တားဆီးထားကြသည်။
သို့သော် တစ္ဆေနယ်မြေက အစီအရင်တွေကို တိုက်စားနေပြီး၊ အစီအရင်တွေက ချဲ့ထွင်နှုန်းကို နှေးကွေးအောင် လုပ်ပေးရုံလောက်သာ တတ်နိုင်ကြသည်။
အခြေအနေက တော်တော်လေး ဆိုးရွားနေသည်။
ထိုအချိန်တွင် အစွမ်းထက်သော အရှိန်အဝါအချို့ ပျံသန်းရောက်ရှိလာကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ အဘိုးအိုတစ်ဦးဖြစ်ပြီး မျက်လုံးများက ရွှေရောင် တောက်ပနေသည်။ ကြည့်ရတာ ထူးခြားသော တာအိုမျက်လုံးတစ်မျိုးမျိုးကို ကျင့်ကြံထားပုံရသည်။ သူ့အကြည့်က လီချန်အပေါ် ကျရောက်လာသောအခါ နေရခက်သော ခံစားမှုမျိုး ဖြစ်ပေါ်စေသည်။
"ဆရာသခင်" ယဲ့ယွီက အလျင်အမြန် အရိုအသေ ပြုလိုက်သည်။ "တာအိုရောင်းရင်းလီချန်... ဒါက ကျွန်တော့်ရဲ့ ဆရာသခင်၊ တာအိုဘွဲ့နာမည်က မင်းယွမ် ပါ"
"စီနီယာ မင်းယွမ်ကို ဂါရဝပြုပါတယ်" လီချန် ချက်ချင်း နှုတ်ဆက်လိုက်သည်။
ဒီမင်းယွမ် ရွှေနတ်ဘုရားရဲ့ လောကသစ်ပင် နိယာမက အဆင့် ၄ လောက် ရှိမယ်လို့ သူ ခန့်မှန်းမိသည်။ သူ့အောက် နိမ့်သည်။
ဒါပေမဲ့... သူက အင်အားအစစ်အမှန်ကို ထုတ်မပြထားတော့ နှိမ့်ချပြီး ဆက်ဆံတာ အကောင်းဆုံးပါပဲ။
"မိတ်ဆွေလေးလီချန်... အားနာစရာ မလိုပါဘူး။ ဒီတစ္ဆေနယ်မြေကိစ္စက မင်းအပေါ်မှာပဲ မူတည်နေတာပါ" ရွှေမျက်လုံးအဘိုးအို မင်းယွမ်က ပြုံးပြီး ပြောလိုက်သည်။ "နောက်ပိုင်းကျရင် ဒီအဘိုးကြီး ကိုယ်တိုင် မင်းအတွက် အစောင့်အရှောက် လုပ်ပေးမယ်။ တစ္ဆေမျိုးနွယ်တွေ ပေါ်လာတာနဲ့ မိတ်ဆွေလေးက အရင်ဆုံးဆုတ်ခွာလိုက်၊ ဒီအဘိုးကြီးက နောက်ကနေ ပိတ်ဆို့ထားပေးမယ်"
"စီနီယာကိုယ်တိုင် စောင့်ရှောက်ပေးမှတော့ လုံးဝ စိတ်ချရပြီပေါ့" လီချန်က မြှောက်ပင့် ပြောဆိုလိုက်သည်။
"ဟားဟား... ကွေ့ကျွင်း (တစ္ဆေသခင်) အဆင့် ဆင်းမလာသရွေ့တော့ ဒီအဘိုးကြီးက မိတ်ဆွေလေးကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်" မင်းယွမ်က ရယ်မောပြီး ပြောလိုက်သည်။
ငရဲဘုံသား တစ္ဆေမျိုးနွယ်တွေထဲမှာ ကွေ့ကျွင်း ဆိုတာ ရှန်းကျွင်း အဆင့်နဲ့ ညီမျှပြီး၊ ကွေ့ဝမ် (တစ္ဆေဘုရင်) ဆိုတာ ရှန်ဝမ် (သေမျိုးဘုရင်) အဆင့်နဲ့ ညီမျှသည်။
သူကတော့ အဆင့် ၄ နိယာမ အထွတ်အထိပ်ရောက်နေတဲ့ အထူးရွှေနတ်ဘုရားတစ်ပါးဖြစ်ပြီး၊ ရှန်းကျွင်း (အဆင့် ၅) ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။
ဒါပေမဲ့ ဒီခြေတစ်လှမ်းကပဲ သူ့ကို အပြီးတိုင် ပိတ်ဆို့ထားတာ။
ဒီတစ်ခေါက် ဟွေ့ယွမ်ကပ်ဘေးကို ကျော်ဖြတ်နိုင်ရင် ရှန်းကျွင်းအဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက် ရှိကောင်းရှိနိုင်တယ်။
ဒါပေမဲ့ သူ သိပါတယ်။ ဖြစ်နိုင်ချေ နည်းပါးလွန်းတယ်။
သမိုင်းတစ်လျှောက် ဟွေ့ယွမ်ကပ်ဘေးတွေမှာ သူလို အဆင့် ၄ အထွတ်အထိပ် အထူးရွှေနတ်ဘုရားတွေက အသေအပျောက် အများဆုံးပဲ။ မတတ်နိုင်ဘူးလေ... ရှန်းကျွင်း၊ ရှန်ဝမ် အရေအတွက်က ပုံသေ သတ်မှတ်ထားသလို ဖြစ်နေတာ။
ရှန်းကျွင်း၊ ရှန်ဝမ်အဆင့်တွေ သေဆုံးသွားမှသာ နေရာလွတ်ပေါ်လာပြီး အထူးရွှေနတ်ဘုရား အသစ်တွေ နေရာဝင်ယူလို့ ရတာ။
ဒါက ရက်စက်တဲ့ အမှန်တရားပဲ။ နတ်ဘုရားကမ္ဘာ ပျက်စီးပြီးကတည်းကဖြစ်ပေါ်လာတဲ့ ဟွေ့ယွမ်ကပ်ဘေးတွေမှာ ဒီစည်းမျဉ်းကို ဘယ်သူမှ မချိုးဖျက်နိုင်ခဲ့ဖူးဘူး။
ဒါကြောင့် စကြဝဠာကမ္ဘာပေါင်းများစွာထဲက မရေမတွက်နိုင်တဲ့ အဆင့် ၄ အထူးရွှေနတ်ဘုရားတွေကြားထဲကနေ သူ တစ်ယောက်တည်း ထိုးဖောက်ထွက်ပေါ်လာဖို့ဆိုတာ ဘယ်လောက် ခက်ခဲမလဲ စဉ်းစားသာ ကြည့်ပေတော့။
မူလက သူ အထူးရွှေနတ်ဘုရားဖြစ်လာတာတောင် ကံကောင်းလွန်းလို့ ဖြစ်လာခဲ့တာ။
မကြာခင်မှာပဲ လီချန်သည် မင်းယွမ် နှင့် အခြားရွှေနတ်ဘုရားများ၏ ကာကွယ်မှုအောက်တွင် တစ္ဆေနယ်မြေ အစွန်းပိုင်းသို့ ရောက်ရှိလာသည်။
"မိတ်ဆွေလေး... အစွန်းပိုင်းက စမလား၊ အတွင်းပိုင်း ဝင်မလား" မင်းယွမ် မေးလိုက်သည်။
"အစွန်းပိုင်းကပဲ စလိုက်ကြရအောင်" လီချန် ပြောလိုက်သည်။
တစ္ဆေနယ်မြေ ဗဟိုချက်မှာ ငရဲဘုံ မူလအနှစ်သာရ အများဆုံးရှိပေမဲ့၊ အန္တရာယ်လည်း အများဆုံးပဲ။ တစ္ဆေမျိုးနွယ်တွေပေါ်လာရင် တိုက်ခိုက်ခံရဖို့ အလွယ်ဆုံးပဲ။
မင်းယွမ်က ကာကွယ်ပေးမယ်ဆိုပေမဲ့... သူက ကိုယ့်လုံခြုံရေးကို သူများလက်ထဲ ဘယ်တော့မှ ပုံအပ်ထားလေ့ မရှိဘူး။
ပြောပြီးသည်နှင့် လီချန် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အောက်ဘက်ရှိ ကြောက်မက်ဖွယ် တစ္ဆေနယ်မြေကြီးကို ငုံ့ကြည့်လိုက်သည်။ မီးခိုးရောင် မြူများ ဖုံးလွှမ်းနေပြီး တစ္ဆေအော်သံများ၊ ဟိန်းဟောက်သံများ ပြည့်နှက်နေကာ ရင်တုန်စရာကောင်းလှသည်။
အနားကပ်သွားရုံနဲ့တင် ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ စိမ့်ဝင်သွားမယ့် အအေးဓာတ်နဲ့ ကြောက်ရွံ့မှုကို ခံစားနေရသည်။
လီချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး တွန့်ဆုတ်မနေတော့ဘဲ ခန္ဓာကိုယ်တွင်းရှိ ၂၃ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း မွေးရာပါဓားအစီအရင်ကို လှုံ့ဆော်လိုက်သည်။
ချက်ချင်းပင် ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး လျင်မြန်စွာ ဖြန့်ကျက်သွားကာ ထူးဆန်းသော ခေါင်းလောင်းရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို လွှမ်းခြုံထားလိုက်သည်။
သူ တစ္ဆေနယ်မြေ ထဲသို့ ဝင်ရောက်သွားသည်နှင့် ဓားအစီအရင်ခေါင်းလောင်းရိပ်ကြီးသည် ရုတ်တရက် ကျယ်ပြန့်သွားပြီး ပတ်လည် မီတာရာချီကို လွှမ်းခြုံသွားသည်။
နောက်က လိုက်ပါလာသော မင်းယွမ်သည် ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာအမူအရာ လေးနက်သွားသည်။
သူ့အတွေ့အကြုံအရ ဒါက မွေးရာပါ ဓားအစီအရင်မှန်း တန်းသိတယ်။ ပြီးတော့... ၂၃ အခြေခံ အဆင့် ရှိတယ်။
ဆိုလိုတာက ဒီလီချန်ဟာ တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူ ဖြစ်ရုံသာမက၊ အစီအရင်ပညာမှာလည်း ၂၃ အခြေခံ အဆင့်အထိ ရောက်နေတဲ့ ဆရာတစ်ဆူ ဖြစ်နေတာပဲ။
အခြေခံ ၂၂ အစီအရင်ဆရာက ရွှေနတ်ဘုရားနဲ့ ညီမျှတယ်။
၂၃ အခြေခံ အစီအရင်ဆရာဆိုရင်... အထူးရွှေနတ်ဘုရားနဲ့ ယှဉ်နိုင်နေပြီ။
"ဒါကြောင့်ကိုး... ကျီမိသားစုက ဒီကောင်လေးကို ဒီလောက် အလေးထားနေတာ" မင်းယွမ် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
၂၃ အခြေခံ မွေးရာပါ ဓားအစီအရင် ရယ်၊ အထွတ်အထိပ် ရောက်နေတဲ့ ကျူရှန်ဓားရယ် ပေါင်းစပ်လိုက်ရင် ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။
အဆင့် ၃ နိယာမ ပိုင်ဆိုင်တဲ့ အထူးရွှေနတ်ဘုရားတွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိလောက်တယ်။
မီတာရာချီ လွှမ်းခြုံထားတဲ့ ဝိုးတဝါး ခေါင်းလောင်းရိပ်ကြီးအောက်မှာ လီချန်ရဲ့ပုံရိပ်ကို မမြင်ရတော့ဘူး။ မင်းယွမ်အနေနဲ့ အတင်းအဓမ္မ ထိုးဖောက်ကြည့်ရှုရင်တော့ မြင်ရနိုင်ပေမဲ့၊
ဒီအချိန်မှာ သူ အဲဒီလိုမလုပ်သင့်ဘူးလေ။
ယခုအချိန်တွင် လီချန်သည် ခေါင်းလောင်းရိပ်ကြီးအတွင်း၌ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ငရဲဘုံ အငွေ့အသက်များကို အာရုံခံနေသည်။
"ငရဲဘုံ မူလအနှစ်သာရတွေက တော်တော်သိပ်သည်းတာပဲ... ၁၀ ခုမြောက်ဘုံက တစ္ဆေနယ်မြေတွေထက် အနည်းဆုံး ၁၀ ဆလောက် ပိုများတယ်" လီချန် အံ့သြတုန်လှုပ်သွားသည်။
၃၃ ခုမြောက်ဘုံက တစ္ဆေနယ်မြေတွေက တကယ် မရိုးရှင်းပါလား။
ဒါက ဘာကိုပြနေလဲဆိုတော့... ငရဲဘုံသား တစ္ဆေမျိုးနွယ်တွေက ၃၃ ဘုံမြောက်ဘုံမှာ တစ္ဆေနယ်မြေ ဖန်တီးဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးက အဆပေါင်းများစွာ ပိုများတယ်ဆိုတာပါပဲ။
"ငါသာ ဒီတစ္ဆေနယ်မြေကို ရှင်းလင်းလိုက်ရင်၊ နောက်ကွယ်က တစ္ဆေမျိုးနွယ် အင်အားစုတွေ ရူးသွားမလား မသိဘူး" လီချန် မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဒါပေမဲ့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းက အကာအကွယ်ပေးထားတာပဲလေ။ ငရဲဘုံသားတွေ တကယ် ဆင်းသက်လာရင်လည်း သူ မကြောက်ပါဘူး။
ဒီတစ္ဆေနယ်မြေထဲက ငရဲဘုံ မူလအနှစ်သာရတွေကိုသာ စုပ်ယူလိုက်နိုင်ရင် လင့်တုန်းလောကသစ်ပင် အဆင့် ၆ မရောက်ရင်တောင် အများကြီး တိုးတက်လာမှာ သေချာတယ်။
ထိုသို့ တွေးမိပြီး လီချန် တွန့်ဆုတ်မနေတော့ဘဲ အစွမ်းကုန် စုပ်ယူသန့်စင်လိုက်သည်။
ဒီလိုနဲ့ လပေါင်းများစွာ ကြာမြင့်သွားသည်။
မင်းယွမ် သတိထားမိလိုက်တာက တစ္ဆေနယ်မြေချဲ့ထွင်မှု ရပ်တန့်သွားရုံသာမက ပြန်လည်ကျုံ့ဝင်လာနေသည်ကို တွေ့လိုက်ရသည်။
"သူ ဘယ်လို လုပ်လိုက်တာလဲ" မင်းယွမ် အလွန် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။
အထွတ်အထိပ် ကျူရှန်ဓားက ငရဲဘုံ မူလအနှစ်သာရတွေကို ချေမှုန်းနိုင်စွမ်းရှိလို့များလား။
တစ္ဆေနယ်မြေ ချဲ့ထွင်တယ်ဆိုတာက ငရဲဘုံ မူလအနှစ်သာရတွေက ဒီကမ္ဘာရဲ့မူလအနှစ်သာရတွေကို ကျူးကျော်တိုက်စားပြီး ရောဂါပိုးလို ပျံ့နှံ့သွားတာလေ။
၃၃ ဘုံရဲ့ ကမ္ဘာ့မူလအနှစ်သာရက ငရဲဘုံထက် နိမ့်ကျနေတာ မဟုတ်ပါဘူး။ နှစ်ခုစလုံးက ကမ္ဘာကြီးအဆင့်တွေမို့ အနှစ်သာရချင်း တူညီပါတယ်။
ဒါပေမဲ့ ငရဲဘုံသားတွေက ထူးခြားတဲ့ နည်းလမ်းတွေ သုံးပြီး ငရဲဘုံ မူလအနှစ်သာရကို ပြုပြင်ပြောင်းလဲထားလို့၊ နယ်မြေဖြတ်ကျော် စိမ့်ဝင်တိုက်စားနိုင်စွမ်း မြင့်မားနေတာ။
ကျူရှန်ဓားအကြောင်းပြောရရင် မသေမျိုးဧကရာဇ် သွေးမျိုးဆက်တွေမှသာ ကျင့်ကြံခွင့် ရှိတာမို့ ဒဏ္ဍာရီ ဆန်လွန်းတယ်။ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ဘယ်သူမှ အတိအကျ မသိကြဘူး။
ကျူရှန်ဓားကို မြင်ဖူးတဲ့သူ အများစုက သေကုန်ကြပြီကိုး။
ပိုပြီး ကြောက်စရာကောင်းတဲ့ လုရှန်ဓားဆိုရင် ဟွန်တွန်ပြင်ပနတ်ဘုရားတွေကိုတောင် ခြိမ်းခြောက်နိုင်တယ်ဆိုတော့ ဘယ်လောက်တောင် စွမ်းအားကြီးမလဲ တွေးသာ ကြည့်ပေတော့။
.....
ဒီလိုနဲ့ လီချန် တစ္ဆေနယ်မြေထဲမှာ တစ်နှစ်ကျော် ကြာသွားသည်။
အချိန်တိုင်းလိုလို ငရဲဘုံ မူလအနှစ်သာရတွေကို စုပ်ယူပြီး လင့်တုန်းလောကသစ်ပင်ကို အဆင့်မြှင့်တင်နေသည်။
လင့်တုန်းလောကသစ်ပင်ရဲ့ တိုးတက်မှုနှုန်း တစ်စတစ်စ မြင့်တက်လာတာကို ကြည့်ပြီး လီချန် ရင်ထဲမှာ ပြောမပြတတ်အောင် ပျော်ရွှင်နေသည်။
သေချာတာကတော့ အဆင့် ၅ နိယာမရဲ့ တိုးတက်မှုနှုန်းက အဆင့် ၄ ထက် အများကြီး ပိုနှေးကွေးတယ်။
အဆင့် ၅ နိယာမဆိုတာ ရှန်းကျွင်းအဆင့် ဖြစ်နေပြီလေ။ ကွာခြားချက်က မသေးပါဘူး။
ဒါပေမဲ့ လီချန် ယုံကြည်တာက ဒီတစ္ဆေနယ်မြေတစ်ခုလုံးကိုသာ အကုန်စုပ်ယူလိုက်နိုင်ရင်၊ သူ့ရဲ့ အဆင့် ၅ နိယာမ တိုးတက်မှုနှုန်းက ပြီးပြည့်စုံလုနီးပါး ဖြစ်သွားနိုင်တယ်။
အခု နှောင့်နှေးစေတာက လင့်တုန်းလောကသစ်ပင်ရဲ့ စုပ်ယူနိုင်စွမ်းနှုန်းထား ဖြစ်နေတယ်။
လောကသစ်ပင်မှာလည်း စုပ်ယူနိုင်တဲ့ အကန့်အသတ်ရှိတယ်လေ။
အချိန်ခေါင်းလောင်းက ဘယ်လောက်ပဲ မြန်မြန်သန့်စင်ပေးပေး၊ လောကသစ်ပင်က မြန်မြန် မစားနိုင်ရင်လည်း ထူးမခြားနားပါပဲ။
လင့်တုန်းလောကသစ်ပင်ရဲ့ တိုးတက်မှုနှုန်းကို ကြည့်ပြီး သူ ကျေနပ်နေပါတယ်။
အခု သူ ပိုပြီး သတိထားနေရတယ်။
ငရဲဘုံ မူလအနှစ်သာရတွေကို စုပ်ယူနေတာ ၂ နှစ်နီးပါး ရှိနေပြီ။ ငရဲဘုံသားတွေဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ ပိုပြီး ငြိမ်သက်လေလေ ပိုပြီး သတိထားရလေလေပဲ။
ဒါကြောင့် သူ အချိန်မရွေး ထွက်ပြေးနိုင်အောင် ပြင်ဆင်ထားတယ်။
တစ္ဆေနယ်မြေရှင်းလင်းရေးအတွက် အချိန်ပေးထားရလို့ တခြားကိစ္စတွေဖြစ်တဲ့ လုရှန်ဓား လေ့ကျင့်တာ၊ ရွှမ်မင်မူလရင်းမြစ်ကျမ်း ကျင့်ကြံတာ၊ အစီအရင်လေ့လာတာ စတာတွေကို သူ မလုပ်ဖြစ်တော့ဘူး။
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲက စိုက်ပျိုးရေးလုပ်ငန်းတွေကိုတောင် ဝိညာဉ်ဆေးပင်စိုက်ပျိုးရေးကျောင်းက တပည့်တွေကို လွှဲပေးထားလိုက်တယ်။
မလာခင်တုန်းက ဆေးလုံးတွေအများကြီး ဖော်စပ်ခဲ့လို့ တော်သေးတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းကဆိုရင် သူ အားကိုမအားခဲ့ဘူး။ ကျင့်ကြံ၊ ဓားလေ့ကျင့်၊ ဆေးဖော်၊ လက်နက်လုပ်၊ အစီအရင်လေ့လာ... အလုပ်တွေ ရှုပ်နေခဲ့တာ။
အခု တစ္ဆေနယ်မြေထဲမှာ ငရဲဘုံ မူလအနှစ်သာရတွေ စုပ်ယူနေရတာက သူ့အတွက် အနားယူသလို ဖြစ်နေတယ်။
သူ လုပ်ရမှာက အချိန်ခေါင်းလောင်းက သန့်စင်ပေးလိုက်တဲ့ စွမ်းအင်တွေကို လင့်တုန်းလောကသစ်ပင်ဆီ ပို့ပေးလိုက်ရုံပဲ။
တစ်နည်းအားဖြင့် ပြောရရင် သူက "ထိုင်နေရင်း အဆင့်တက်နေတာ" ပေါ့။
အချိန်နည်းနည်း ပိုပေးရတာကလွဲရင် ဘာမှ ပင်ပန်းစရာမလိုဘူး။
လီချန် စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်။ လင့်တုန်းလောကသစ်ပင် ကဏ္ဍမှာ တိုးတက်မှုနှုန်း ၂၄ /၁၀၀ ရောက်နေပြီ။
မူလက ၃ မှတ်ပဲရှိတာ။ ဆိုတော့ ၂၁ မှတ် တိုးလာတာ။
အရင် နှစ် ၂၀ ကျော်တုန်းက အချိန်ခေါင်းလောင်း အကူအညီနဲ့ ကြိုးစားပမ်းစား ကျင့်ကြံတာတောင် ၁ မှတ်ပဲ တိုးခဲ့တာ။
ဆိုလိုတာက သူ့ဖာသာသူ ကြိုးစားပြီး အဆင့် ၆ ရောက်အောင် လုပ်မယ်ဆိုရင် နှစ် ၁၀၀၀ - ၂၀၀၀ လောက် ကြာလိမ့်မယ်။
ဒါက သူ့အတွက် တော်တော်ကြာတဲ့ အချိန်ကာလပဲ။
"ကြည့်ရတာ ဒီဟွေ့ယွမ်ကပ်ဘေးက ငါ့အတွက် အခွင့်အရေးကြီးတစ်ခု ဖြစ်နေပုံရတယ်" လီချန် စိတ်ထဲမှာ ကျေနပ်နေမိသည်။
ဒီတစ္ဆေနယ်မြေသာမရှိရင် သူ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းချင်း ကျင့်ကြံနေရမှာ။
စဉ်းစားနေတုန်းမှာပဲ... ရုတ်တရက် လီချန် တုန်လှုပ်သွားပြီး ကြက်သီးမွေးညှင်း ထသွားသည်။ တစ်စုံတစ်ခုက သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။
"ဒုက္ခပဲ... ငရဲဘုံသားတွေ ရောက်လာပြီ..." လီချန် ချက်ချင်း သတိဝင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ၂၃ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း ဓားအစီအရင်ကို ချက်ချင်း ကျုံ့လိုက်ပြီး သူ့ခန္ဓာကိုယ် ပတ်လည် ၁၀ ပေ အကွာအဝေးထိ ပြန်လည်သိမ်းဆည်းလိုက်သည်။
ဝေါင်း!
နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးတစ်ခု တစ္ဆေနယ်မြေ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။
"တာအိုရောင်းရင်းလီချန်... တစ္ဆေနယ်မြေထဲကနေ အမြန်ဆုံး ဆုတ်ခွာတော့..." အပြင်ဘက်မှ ရွှေမျက်လုံးအဘိုးအို မင်းယွမ်က အော်ဟစ်လိုက်သည်။ သူ့မျက်လုံးအစုံမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ပစ်လွှတ်လိုက်ပြီး တစ္ဆေနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ မြူခိုးများကို ခွဲထုတ်လိုက်ပြီး အတွင်းမှ အကောင်ကြီးကို လှမ်းကြည့်လိုက်သည်။
လီချန်လည်း မင်းယွမ်၏ ရွှေရောင်အလင်းတန်းကို အမှီပြုပြီး တစ္ဆေနယ်မြေအတွင်းပိုင်းကို လှမ်းကြည့်လိုက်ရာ... ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ခေါင်း ၃ လုံးပါပြီး တစ်ကိုယ်လုံး အမည်းရောင် မီးတောက်များ လောင်ကျွမ်းနေသည်။
ခေါင်း ၃ လုံးက ခွေးခေါင်းတွေနဲ့ တူပေမဲ့...
ကြည့်ရတာ အလွန်ရက်စက်ကြမ်းကြုတ်မည့် ပုံပေါ်သည်။
"ဒါ ခေါင်းသုံးလုံးငရဲခွေးကြီးပဲ... သောက်ကျိုးနည်း... ဒီလို တစ္ဆေသားရဲမျိုးကို ငရဲဘုံက ရှန့်ထျန်းတု ကွေ့ဝမ် (တစ္ဆေဘုရင်) မိသားစုကပဲ မွေးမြူနိုင်တာ။ ဒီကောင်ကြီးရဲ့အင်အားက အထူးရွှေနတ်ဘုရား တစ်ပါးနဲ့ မလျော့ဘူး..."
မင်းယွမ် အဲဒီသတ္တဝါကြီးကို မြင်လိုက်တာနဲ့ မျက်နှာပျက်သွားသည်။
ခေါင်းသုံးလုံးခွေးကြီးတစ်ကောင်တည်းဆိုရင်တော့ သူ ကိုင်တွယ်နိုင်ပါသေးတယ်။
ဘာပဲပြောပြော သူက အဆင့် ၄ နိယာမ အထွတ်အထိပ် အထူးရွှေနတ်ဘုရားလေ။
ဒါပေမဲ့ ပြဿနာက ဒီခေါင်းသုံးလုံးခွေးကြီးပေါ်လာတယ်ဆိုကတည်းက နောက်ကွယ်မှာ ရှန့်ထျန်းတု ကွေ့ဝမ်မိသားစု ပါဝင်ပတ်သက်နေပြီဆိုတာ သေချာတယ်။
ကွေ့ဝမ်မိသားစု (တစ္ဆေဘုရင်မိသားစု) လို့ ခေါ်တယ်ဆိုကတည်းက အဲဒီမိသားစုမှာ ကွေ့ဝမ် (ရှန်ဝမ် အဆင့်) ရှိနေလို့ပဲ။
သူ သိသလောက် ငရဲဘုံသားတွေမှာ ကွေ့ဝမ် မိသားစုကြီး ၃ ခု ရှိတယ်။ ရှန့်ထျန်းတု၊ ရှန်ရှီချာ နဲ့ ချာ့တိလီတို့ ဖြစ်ကြတယ်။
ကွေ့ကျွင်း (ရှန်းကျွင်းအဆင့်နဲ့တူ) မိသားစုတွေကတော့ ပိုများတယ်။
ဒါကြောင့်လည်း ရှန်းကျွင်းအဆင့် နတ်ဘုရားဂိုဏ်း ၄ ခုပဲ ရှိတဲ့ ၃၃ ဘုံက ငရဲဘုံနဲ့ ယှဉ်လိုက်ရင် အများကြီး ကွာခြားနေတာ။
ကံကောင်းတာက ငရဲဘုံရဲ့ ပစ်မှတ်က ၃၃ ဘုံ တစ်ခုတည်း မဟုတ်ဘူး။
ပြီးတော့ ၃၃ ဘုံမှာ ကမ္ဘာ့စည်းမျဉ်းတွေရှိနေလို့ ပြင်ပကလာတဲ့ အစွမ်းထက် သက်ရှိတွေကို ဖိနှိပ်ထားနိုင်တယ်။ နောက်ပြီး ဟွေ့ယွမ်ကပ်ဘေး ကာလမှာ ကံတရားဆက်နွယ်မှုတွေကြောင့် ကွေ့ဝမ် အဆင့်တွေက လွယ်လွယ်နဲ့ တခြားကမ္ဘာကို ဆင်းသက်လေ့မရှိဘူး။
ဟွေ့ယွမ်ကပ်ဘေး နောက်ဆုံးကာလရောက်လို့ ကမ္ဘာတွေအားလုံး ဖရိုဖရဲဖြစ်ပြီး စစ်ပွဲကြီးတွေ ဖြစ်လာမှသာ ရှန်းကျွင်း၊ ရှန်းဝမ်၊ ကွေ့ကျွင်း၊ ကွေ့ဝမ်အဆင့်တွေ ပါဝင်လာကြတာ။
မဟုတ်ရင် ကိုယ့်အင်အားကို ထိန်းသိမ်းတဲ့အနေနဲ့ ဘယ်သူမှ အလွယ်တကူ ဝင်မပါကြဘူး။
ဒါကြောင့် ဟွေ့ယွမ်ကပ်ဘေး အစောပိုင်းနဲ့ အလယ်ပိုင်းကာလတွေမှာ အများဆုံး လှုပ်ရှားကြတာက အဆင့် ၃၊ အဆင့် ၄ ရှိတဲ့ အထူးရွှေနတ်ဘုရား အဆင့်တွေလောက်ပဲ။
မင်းယွမ် စိုးရိမ်တာက ကွေ့ဝမ်၊ ကွေ့ကျွင်း အဆင့်တွေ ဆင်းလာမှာကို မဟုတ်ပါဘူး။
ရှန့်ထျန်းတုမိသားစုရဲ့ အင်အားနဲ့ဆိုရင် အထူးရွှေနတ်ဘုရား (အထူးရွှေတစ္ဆေ) အဆင့်ရှိတဲ့ ငရဲဘုံသားတွေကို အများကြီး စေလွှတ်လိုက်လို့ ရတယ်။
အဲဒါဆိုရင်တော့ သူ မနိုင်တော့ဘူး။
ရုတ်တရက် မင်းယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ခေါင်းသုံးလုံးခွေးကြီး၏ ခေါင်း ၃ လုံးအပေါ်တွင် လူရိပ် ၃ ခု ဝါးတဝါးမှ တဖြည်းဖြည်း ပီပြင်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ခွေးကြီးရဲ့ အရွယ်အစားနဲ့ယှဉ်ရင် ဒီလူရိပ် ၃ ခုက သေးငယ်ပေမဲ့...
သူတို့ဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါက မင်းယွမ်ကို ကြက်သီးထစေသည်။
ဒါတွေက အထူးရွှေနတ်ဘုရားအဆင့်ရှိတဲ့ ငရဲဘုံသားတွေပဲ။ ငရဲဘုံသားတွေရဲ့ အခေါ်အဝေါ်အရ ဆိုရင် အထူးရွှေတစ္ဆေတွေပေါ့။
အကြောင်းရင်းက ငရဲဘုံသားတွေ သာမန်အဆင့်ကနေကျော်လွန်ချင်ရင် မပျက်သုဉ်းနိုင်သော ရွှေကို စုပ်ယူပြီး ရွှေတစ္ဆေအဖြစ် ပြောင်းလဲရလို့ပဲ။ ရွှေတစ္ဆေ ဖြစ်မှသာ ငရဲဘုံသားတွေက စစ်မှန်တဲ့ ရုပ်ခန္ဓာ ပိုင်ဆိုင်နိုင်တာ။
ခွေးခေါင်းပေါ်က လူရိပ် ၃ ခုရဲ့အရှိန်အဝါက သေချာပေါက် အထူးရွှေတစ္ဆေ အဆင့်တွေပဲ။
အဲဒီအထဲက တစ်ယောက်ရဲ့အရှိန်အဝါဆိုရင် မင်းယွမ်ထက်တောင် ပိုပြီး အားကောင်းနေသေးတယ်။
***