ခြောက်လှန့် မောင်းထုတ်ခြင်း
Vol. 24 Ch. 377
ခေါင်းသုံးလုံးငရဲခွေးကြီးတစ်ကောင် နှင့် အထူးရွှေတစ္ဆေ ၃ ကောင်။
ဒီအင်အားက ဟုန်ယွင်နတ်ဘုရားဂိုဏ်းရဲ့ ထိပ်တန်းအင်အားထက်တောင် သာလွန်နေသေးတယ်။
ဟုန်ယွင်နတ်ဘုရားဂိုဏ်းမှာ အထူးရွှေနတ်ဘုရား ၃ ပါးပဲရှိတာ။
မင်းယွမ်က အစွမ်းအထက်ဆုံး အထူးရွှေနတ်ဘုရားဖြစ်သည်။ ကျန်နှစ်ယောက်ကတော့ အဆင့် ၃ နိယာမ ပိုင်ဆိုင်သူ တစ်ယောက်နဲ့၊ အဆင့် ၄ နိယာမ အစပိုင်း ရောက်နေသူ တစ်ယောက်သာ ဖြစ်ကြသည်။
သာမန် ရွှေနတ်ဘုရားတွေ အများကြီးရှိပေမဲ့၊ အခု ငရဲဘုံသား တစ္ဆေမျိုးနွယ်တွေက အထူးရွှေတစ္ဆေတွေကို အစုလိုက်အပြုံလိုက် စေလွှတ်လိုက်တာကိုကြည့်ရင် ကိစ္စကြီးကြီးမားမား ဖြစ်တော့မယ်ဆိုတာ သိသာနေသည်။
လီချန်က တစ္ဆေနယ်မြေကို ရှင်းလင်းလိုက်တာက ငရဲဘုံသားတွေရဲ့ အဓိကအကျိုးစီးပွားကို ထိခိုက်သွားစေခဲ့တာ သေချာတယ်။
တစ္ဆေနယ်မြေကို ရှင်းလင်းလိုက်တာက ငရဲဘုံသားတွေ ၃၃ ဘုံ ကို ကျူးကျော်ဝင်ရောက်မယ့် လမ်းကြောင်းကို ဖြတ်တောက်လိုက်သလို ဖြစ်သွားသလို၊ ငရဲဘုံသားအသစ်တွေ မွေးမြူမယ့် နေရာကို ဖျက်ဆီးလိုက်တာလည်း ဖြစ်တယ်လေ။
"မြန်မြန်ဆုတ်ခွာတော့... ငါ ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး" မင်းယွမ် အော်ဟစ်လိုက်သည်။
အထူးရွှေတစ္ဆေ ၁ ကောင်၊ ၂ ကောင်လောက် ဆိုရင်တော့ ဒီကမ္ဘာ့စည်းမျဉ်းအားကိုးနဲ့ သူ ဖိနှိပ်ထားနိုင်ပါသေးတယ်။
ဒါပေမဲ့ အခုက ၄ ကောင်တောင် ရောက်နေတာ။ အဲဒီအထဲက တစ်ကောင်ရဲ့အရှိန်အဝါက သူ့ထက်တောင် ပိုပြင်းထန်နေသေးတယ်။
ဒီအခြေအနေမှာ သူ အနိုင်ရဖို့ မပြောနဲ့၊ အသက်ရှင်လျက် ပြန်ဆုတ်ခွာနိုင်ပါ့မလား ဆိုတာတောင် မသေချာဘူး။
လီချန်လည်း ကြောက်မက်ဖွယ် အရှိန်အဝါ ၄ ခုက သူ့ကို ချိန်ရွယ်ထားသည်ကို ခံစားလိုက်ရသည်။
ခေါင်းသုံးလုံးခွေးကြီးဆီက တစ်ခု၊ ခွေးခေါင်းပေါ်က တစ္ဆေရိပ် ၃ ခု ဆီက ၃ ခု။
"ငါ့ကို သက်သက်မဲ့ လာချတာပဲ" လီချန် စိတ်ထဲတွင် တွေးလိုက်သည်။
ပုံမှန်အတိုင်းဆိုရင်တော့ သူ ထုတ်ပြထားတဲ့အင်အားက အဆင့် ၁ နိယာမ တာအိုပေါင်းစည်းခြင်းအဆင့်ပဲ ရှိသေးတာ။ မင်းယွမ်ကမှ အထူးရွှေနတ်ဘုရားဖြစ်လို့ အဓိကပစ်မှတ်ဖြစ်သင့်တာ။
ဒါကြောင့် လီချန် ဘာမှမစဉ်းစားတော့ဘဲ တစ္ဆေနယ်မြေအပြင်ဘက်ကို အမြန်ဆုံး ပျံသန်းထွက်ပြေးလိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ၂၃ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း မွေးရာပါဓားအစီအရင် လည်ပတ်နေပြီး အစွမ်းထက်သော ကာကွယ်မှုကို ဖန်တီးထားသည်။
ဝေါင်း!
ခေါင်းသုံးလုံးငရဲခွေးကြီး ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သကဲ့သို့ လှုပ်ရှားလိုက်သည်။ မဟုတ်ဘူး... ဒီတစ္ဆေနယ်မြေအတွင်းမှာ ဒီခွေးကြီးက တကယ်ပဲ တမဟုတ်ချင်း ရွေ့လျားနိုင်စွမ်း ရှိနေတာ။
နောက်တစ်စက္ကန့်တွင် ခေါင်းသုံးလုံးခွေးကြီးသည် လီချန်၏ရှေ့တည့်တည့်တွင် ပေါ်လာပြီး လမ်းပိတ်လိုက်သည်။
ကျန်ရှိသော အထူးရွှေတစ္ဆေ ၃ ကောင်ကတော့ မင်းယွမ် နှင့် အခြားရွှေနတ်ဘုရားများကို ပိတ်ဆို့ထားလိုက်ကြသည်။
"ဒုက္ခပဲ" မင်းယွမ် ဒီမြင်ကွင်းကိုမြင်တော့ မျက်နှာပျက်သွားသည်။
သူနဲ့ လီချန်က မဝေးလှပေမဲ့၊ အထူးရွှေတစ္ဆေ ၃ ကောင်က ကြားကခံနေတော့ သွားကယ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။
ဒီအထူးရွှေတစ္ဆေ ၃ ကောင်ကို ရင်ဆိုင်ရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် မနည်းလုပ်နေရတာ၊ လူသွားကယ်ဖို့ဆိုတာ ဝေလာဝေးပဲ။
"ဒါကြောင့်ကိုး... ခေါင်းသုံးလုံးခွေးကြီးကို လွှတ်လိုက်တာ။ ဒီကောင်ကြီးက တစ္ဆေနယ်မြေထဲမှာ တမဟုတ်ချင်း ရွေ့လျားနိုင်တဲ့စွမ်းရည်ရှိတာပဲ... ကြောက်စရာ ကောင်းလိုက်တာ" မင်းယွမ် စိတ်ထဲတွင် ညည်းတွားလိုက်သည်။
"ဒါက ဟင်းလင်းပြင်ခွင်းပြီး ရွေ့လျားတာနဲ့ တူနေတာပဲ" လီချန် လမ်းပိတ်ခံလိုက်ရတာကို တွေ့လိုက်ရပေမဲ့ သိပ်မကြောက်ပေ။
သူ့မှာ အဆင့် ၅ နိယာမရှိနေသလို၊ အဆင့်ငယ်အောင်မြင်မှု ရောက်နေတဲ့ လုရှန်ဓားလည်း ရှိနေတယ်လေ။ ကွေ့ကျွင်း၊ ကွေ့ဝမ်အဆင့်တွေ မဟုတ်သရွေ့ သူက အေးဆေးပါပဲ။
ရုတ်တရက် ခေါင်းသုံးလုံးခွေးကြီး၏ ခေါင်းတစ်လုံးသည် ရှည်ထွက်လာပြီး လီချန်ကို ကိုက်ဝါးရန် ဟပ်လိုက်သည်။
ထိုပါးစပ်ပေါက်ကြီးထဲမှ ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်တစ်ခုလုံး ထိုပါးစပ်ပေါက်ထဲသို့ ကျုံ့ဝင်သွားသကဲ့သို့ ဖြစ်သွားသည်။
နောက်တစ်စက္ကန့်တွင် လီချန်နှင့်တကွ သူ့ကို ကာကွယ်ထားသော ၂၃ အခြေခံ ဓားအစီအရင်ပါမကျန် ခေါင်းသုံးလုံးခွေးကြီး၏ ပါးစပ်ထဲသို့ မျိုချခံလိုက်ရသည်။
မင်းယွမ် မြင်လိုက်ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူလည်း ဘာမှ မတတ်နိုင်တော့ပေ။ အထူးရွှေတစ္ဆေ ၃ ကောင်က သူ့ကို ဝိုင်းတိုက်နေပြီ။
သူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အာရုံစိုက်ရတော့မည်။
ဟုန်ယွင်နတ်ဘုရားဂိုဏ်းက စစ်ကူတွေ ရောက်လာမယ့်အချိန်ထိ တောင့်ခံထားရမယ်။
ထိုအချိန်တွင် ခေါင်းသုံးလုံးခွေးကြီးဆီမှ နာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ချက်ချင်းပင် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီး ပေါက်ကွဲထွက်သွားပြီး၊ ကြောက်မက်ဖွယ် ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာကာ ဓားပင်လယ်ကြီးတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။
"ဒါက..." အထူးရွှေတစ္ဆေ ၃ ကောင်၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် အရေးနိမ့်နေသော မင်းယွမ် အံ့သြတုန်လှုပ်သွားသည်။
အထူးရွှေတစ္ဆေ ၃ ကောင်လည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ပျက်စီးလုနီးပါးဖြစ်သွားသော ခေါင်းသုံးလုံးခွေးကြီးကို လှမ်းကြည့်လိုက်ကြသည်။
ဒါ ခေါင်းသုံးလုံးငရဲခွေးကြီးနော်။
အင်အားက အဆင့် ၃ နိယာမ ပိုင်ဆိုင်တဲ့ အထူးရွှေတစ္ဆေအဆင့်ရှိတာ။
ပြီးတော့ တစ္ဆေနယ်မြေအတွင်းမှာ အစွမ်းထက်တဲ့ စွမ်းရည်တွေ၊ အသက်ရှင်သန်နိုင်စွမ်းတွေ ရှိတာတောင်မှ၊ အခု ရွှေတစ္ဆေခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားပြီ။
"သောက်ကျိုးနည်း... ဒါ ကျူရှန်ဓားပဲ... သူက ကျီမိသားစုက အထူးရွှေနတ်ဘုရားပဲ... ကျီမိသားစု ထွက်လာပြီဟေ့..." ခေါင်းဆောင်ဖြစ်သူ အထူးရွှေတစ္ဆေက အော်ဟစ်လိုက်သည်။
ခေါင်းသုံးလုံးခွေးကြီးက အရမ်းတန်ဖိုးကြီးတာ။ အခု ပျက်စီးလုနီးပါးဖြစ်သွားပြီဆိုတော့ ပြန်ကောင်းဖို့ ခဲယဉ်းသွားပြီ။
သူ့မိသားစုက ဒီခေါင်းသုံးလုံးခွေးကြီးကို ရှန့်ထျန်းတု ကွေ့ဝမ်မိသားစုဆီကနေ အတိုးချပြီး ငှားလာခဲ့ရတာ။
ပြီးတော့ ကျီမိသားစုရဲ့ကျူရှန်ဓားက ငရဲဘုံသားတွေရဲ့ သဘာဝရန်သူဖြစ်နေတာ။
"ဆုတ်... အမြန်ဆုတ်..." ထိုအထူးရွှေတစ္ဆေသည် ပြောပြောဆိုဆိုနှင့် တစ္ဆေနယ်မြေအတွင်းပိုင်းသို့ ချက်ချင်းလှည့်ပြေးတော့သည်။
ကျီမိသားစုဆိုတာ သူတို့အတွက် အကြီးမားဆုံး အကြောက်တရားဖြစ်ပုံရသည်။
ချက်ချင်းပင် ကျန်သော အထူးရွှေတစ္ဆေ ၂ ကောင်လည်း နောက်ကနေ ထပ်ကြပ်မကွာ ထွက်ပြေးကြတော့သည်။
မင်းယွမ် ကြောင်အနေမိသည်။ ဘာဖြစ်သွားတာလဲ။
ခေါင်းသုံးလုံးခွေးကြီး အကြီးအကျယ် ဒဏ်ရာရသွားတာက တုန်လှုပ်စရာကောင်းပေမဲ့... အထူးရွှေတစ္ဆေ ၃ ကောင်လုံး တိုက်တောင် မတိုက်ရသေးဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားရလောက်အောင် ဖြစ်စရာလိုလို့လား။
"ကြည့်ရတာ ဒီငရဲဘုံသားတွေက ကျီမိသားစုလက်ချက်နဲ့ အကြီးအကျယ် ခံခဲ့ရဖူးပုံပဲ။ ဒါကြောင့် တာအိုရောင်းရင်းလီချန်ကို ကျီမိသားစုက လူလို့ထင်ပြီး ပြေးကြတာနေမယ်" မင်းယွမ် တွေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် လီချန်က ကျူရှန်ဓား အထွတ်အထိပ် ရောက်နေတာလေ။ ဒါက ကျီမိသားစုဝင်တွေမှ လုပ်နိုင်တဲ့အရာပဲ။
ဒါကြောင့် ငရဲဘုံသားတွေက ကျီမိသားစုက ၃၃ ဘုံ ကိစ္စတွေကို ဝင်ပါလာပြီလို့ ထင်သွားတာ ယုတ္တိရှိပါတယ်။
ပြီးတော့ ငရဲဘုံသားတွေ ဒီလောက်ကြောက်လန့်ပြီး ပြေးသွားတာကို ကြည့်ရင် အရင်တုန်းက အထိနာခဲ့ဖူးတာ သေချာတယ်။
မင်းယွမ် သက်ပြင်းချလိုက်ပြီး စိတ်အေးသွားရသည်။ တပြိုင်နက်တည်းမှာပင် သူ စူးစမ်းချင်စိတ် ဖြစ်လာသည်။ တာအိုရောင်းရင်းလီချန်က ဘယ်လို လုပ်လိုက်တာလဲ။
သူ့ ဓားအစီအရင်စွမ်းအားက ခေါင်းသုံးလုံးခွေးကြီးလို အထူးရွှေတစ္ဆေအဆင့်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့အထိ ကြီးမားနေတာလား။
ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ။
အဆင့် ၂ နိယာမ နဲ့ အဆင့် ၃ နိယာမ ကြားက ကွာခြားချက်က ဘယ်လိုနည်းလမ်းနဲ့မှ ကျော်ဖြတ်လို့ မရနိုင်လောက်အောင် ကြီးမားတာ။
အကြောင်းရင်းက ရှင်းပါတယ်။ အဆင့် ၂ နိယာမက နိယာမနယ်ပယ်ကို ဖန်တီးနိုင်ပြီး အဆင့် ၁ ကို ဖိနှိပ်နိုင်တယ်။ ဒါပေမဲ့ အဆင့် ၃ နိယာမ ရောက်သွားရင် ဝိညာဉ်ကို မပျက်သုဉ်းနိုင်သော ဂုဏ်သတ္တိ ပေးစွမ်းလိုက်တယ်။
သာမန် ရွှေနတ်ဘုရားတွေက ရုပ်ခန္ဓာပဲ မပျက်သုဉ်းတာ။ အထူးရွှေနတ်ဘုရား အဆင့် ရောက်မှသာ ဝိညာဉ်မပျက်သုဉ်းခြင်းအဆင့်ကို ရောက်တာ။
ပုံမှန်အားဖြင့် ဘယ်လောက် စွမ်းအားကြီးတဲ့ ရွှေနတ်ဘုရား ဖြစ်ဖြစ် ဝိညာဉ်သက်တမ်းက ဟွေ့ယွမ် (နှစ် ၁၂၉၆၀၀) တစ်ခုပဲ ခံတယ်။ သက်တမ်းကုန်ရင် ဝိညာဉ်ကွယ်ပျောက်ပြီး သေဆုံးရတာပဲ။
ဒါပေမဲ့ အထူးရွှေနတ်ဘုရားတွေက ဟွေ့ယွမ် အများကြီး အသက်ရှင်နိုင်ကြတာက အဆင့် ၃ နဲ့အထက် နိယာမတွေကပေးစွမ်းတဲ့ ဝိညာဉ်မပျက်သုဉ်းခြင်းဂုဏ်သတ္တိကြောင့်ပဲ။
သေချာတာကတော့ မပျက်သုဉ်းဘူးဆိုပေမဲ့ တကယ်ကြီး မသေနိုင်တာတော့ မဟုတ်ဘူး။
ဒါက အဆင့် ၃ အထက် နိယာမကပေးတဲ့ အကာအကွယ်တစ်မျိုးပဲ။
ဒါကြောင့်လည်း အဆင့် ၃ နဲ့အထက် အထူးရွှေနတ်ဘုရားတွေက သူတို့ရဲ့ လောကသစ်ပင် ပြိုကွဲသွားတာနဲ့ ဝိညာဉ်သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားကြတာ။
ဟွေ့ယွမ်ကပ်ဘေးမှာ လောကသစ်ပင် ပြိုကွဲတာက အဖြစ်အများဆုံးပဲ။
ဒါကြောင့် အဆင့် ၂ ရွှေနတ်ဘုရား နဲ့ အဆင့် ၃ ရွှေနတ်ဘုရား တိုက်ခိုက်ရင် နှစ်ယောက်လုံး ရုပ်ခန္ဓာ မပျက်သုဉ်းနိုင်ကြပေမဲ့ အားနည်းချက်က ဝိညာဉ်မှာရှိနေတယ်။
ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်အောင် လုပ်နိုင်ရင် အနိုင်အရှုံးပေါ်သွားမှာပဲ။
"ဒီလိုပဲ ထွက်ပြေးသွားကြတာလား" လီချန်က သူ့ပတ်လည်တွင် ဓားအလင်းတန်းများ ဝဲပျံနေလျက် ထွက်ပြေးသွားသော ငရဲဘုံသား ၃ ကောင်ကို ကြည့်ပြီး အံ့သြနေသည်။
စောစောက သူ ခေါင်းသုံးလုံးခွေးကြီးရဲ့ပါးစပ်ထဲ ရောက်သွားတုန်း အထွတ်အထိပ် ကျူရှန်ဓားနဲ့ ၂၃ အခြေခံ ဓားအစီအရင်ကို ပေါင်းစပ်ပြီး ပြန်တိုက်လိုက်တာ... ခွေးကြီး အထိနာသွားတာ မှန်ပေမဲ့၊ ဟိုအထူးရွှေတစ္ဆေ ၃ ကောင်က တိုက်တောင်မတိုက်ရသေးဘဲ ထွက်ပြေးသွားကြတာကတော့ နည်းနည်းလွန်လွန်းနေသည်။
"ကြည့်ရတာ... သူတို့ ငါ့ကို ကျီမိသားစုဝင်လို့ ထင်သွားကြတဲ့ပုံပဲ" ငရဲဘုံသားတစ်ကောင်ရဲ့ အော်သံကို ကြားလိုက်ရတော့ လီချန် သဘောပေါက်သွားသည်။
ကျီမိသားစုရဲ့ဂုဏ်သတင်းက ငရဲဘုံသားတွေကိုတောင် ကြောက်ဒူးတုန်စေတာပဲ။
ကောင်းပါတယ်လေ။
ခေါင်းသုံးလုံးခွေးကြီး တစ်ကောင်ကို ရှင်းပစ်လိုက်တယ်၊ အထူးရွှေတစ္ဆေ ၃ ကောင်ကို ခြောက်ထုတ်လိုက်နိုင်တယ်... သူ ဆက်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူး။
တကယ်လို့ ဆက်တိုက်ရမယ်ဆိုရင် သူ အင်အားတွေ ပိုထုတ်သုံးရတော့မှာ။
အခု ထုတ်ပြလိုက်တဲ့ အင်အားလောက်နဲ့တင် လုံလောက်နေပြီ။
....
ဟုန်ယွင်နတ်ဘုရားဂိုဏ်းက စစ်ကူတွေ နောက်ကျမှ ရောက်လာကြသည်။
သူတို့ကို အပြစ်တင်လို့ မရပါဘူး။ ငရဲဘုံသားတွေ ရောက်လာတာက မြန်လွန်းသလို၊ ပြန်ပြေးသွားတာလည်း မြန်လွန်းတယ်လေ။
စစ်ကူရောက်လာတော့ အန္တရာယ်အားလုံး ရှင်းလင်းသွားပြီ။
ဒီတစ်ခေါက် ဟုန်ယွင်နတ်ဘုရားဂိုဏ်းက နောက်ထပ် အထူးရွှေနတ်ဘုရား ၂ ပါး ပါလာသေးသည်။
အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး။
လီချန်က ခေါင်းသုံးလုံးခွေးကြီးကို ဒဏ်ရာအကြီးအကျယ်ရအောင် လုပ်လိုက်နိုင်တယ်ဆိုတာ ကြားတော့ သူတို့ အံ့သြသွားကြသည်။
နေရာမှာ ကျန်ခဲ့တဲ့ ခေါင်းသုံးလုံးခွေးကြီးရဲ့ ခေါင်း ၃ လုံးက စုတ်ပြတ်သတ်နေပြီး၊ အသက်ငွေ့ငွေ့ ကျန်နေသေးသော်လည်း ဓားချက်တွေက ဆက်လက်တိုက်စားနေဆဲဖြစ်သည်။
ခေါင်းသုံးလုံးခွေးကြီးရဲ့ အသက်ပြင်းပေမဲ့၊ အချိန်အကြာကြီး ခံနိုင်မှာ မဟုတ်တော့ဘူး။
"စီနီယာမင်းယွမ်... ဒီတစ်ခေါက် ရုတ်တရက်ဖြစ်သွားတာမို့ ကျွန်တော်လည်း အင်အားကုန်ခမ်းသွားပြီ။ ပြန်ပြီး အနားယူလိုက်ပါဦးမယ်" လီချန် ပြောလိုက်သည်။
"တာအိုရောင်းရင်းလီချန်... ခင်ဗျားနဲ့ကျုပ်က မိတ်ဆွေတွေပါပဲဗျာ။ ဒီတိုက်ပွဲပြီးရင် ငရဲဘုံသားတွေ ငြိမ်ကုပ်သွားလောက်ပါပြီ" မင်းယွမ်က ပြုံးပြီး ပြောလိုက်သည်။
သူက အခုထိ လီချန်ကို 'စီနီယာ-ဂျူနီယာ' အနေနဲ့ မဆက်ဆံရဲတော့ဘဲ 'တာအိုရောင်းရင်း' အနေနဲ့ တန်းတူ ဆက်ဆံနေပြီ။
သတ်ရခက်တဲ့ ခေါင်းသုံးလုံးခွေးကြီးကိုတောင် သတ်လုနီးပါးဖြစ်အောင် လုပ်နိုင်တဲ့သူကို သာမန် ရှေးဟောင်းကျင့်ကြံသူလေးအနေနဲ့ ဘယ်ဆက်ဆံလို့ ရတော့မလဲ။ အထူးရွှေနတ်ဘုရားအဆင့်အတန်း ပေးရတော့မှာပေါ့။
"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး" လီချန် ပြောပြီး လှည့်ထွက်သွားသည်။
"ဆရာဦးလေး... ဒီလီချန်က ကျီမိသားစုထဲ ဝင်သွားပြီလား" ဟုန်ယွင်နတ်ဘုရားဂိုဏ်းမှ တခြား အထူးရွှေနတ်ဘုရားတစ်ပါးက မေးလိုက်သည်။
"ဝင်မယ် မထင်ဘူး။ မဟုတ်ရင် ကျီမိသားစုက ၁၀ ခုမြောက်ဘုံမှာ လူလာချထားမှာ မဟုတ်ဘူး။ ဒီလီချန်နဲ့ ဆက်ဆံရေး ပိုခိုင်မာအောင်လုပ်ချင်လို့ လာတာဖြစ်မယ်" မင်းယွမ်က ခေါင်းခါပြီး သေချာပေါက် ပြောလိုက်သည်။
"ကျီမိသားစုရဲ့အင်အားနဲ့ အုတ်မြစ်ကိုတောင် ဒီလီချန်က ငြင်းရက်တယ်လား။ ကျီမိသားစု ဝင်လိုက်ရင် လိုချင်တဲ့ ကျင့်စဉ်တွေ၊ ရတနာတွေ အကုန်ရနိုင်မှာကို" အမျိုးသမီး အထူးရွှေနတ်ဘုရားမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အခု အခြေအနေအရဆိုရင်... ကျီမိသားစုကတောင် သူ့ဆီလာပြီး ပစ္စည်းတွေ ဆက်သနေရမယ့်ပုံပဲ။ ငါ ထင်တာတော့ ကျီမိသားစု ဘိုးဘေးကြီးရဲ့ ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်။ ဘာပဲပြောပြော အဲဒီဘိုးဘေးကြီးက ဟွေ့ယွမ် ၉ ခုလောက် အသက်ရှင်လာခဲ့တာ... မိုးကြိုးအတိဒုက္ခကို ရှောင်လွှဲနိုင်တော့မယ် မထင်ဘူး" မင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
"ဆရာဦးလေး ဆိုလိုတာက... ကျီမိသားစုဘိုးဘေးကြီးက မိသားစုကို ဆက်လက်ဦးဆောင်မယ့်သူ ရှာနေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလီချန်ရဲ့အလားအလာ ဘယ်လောက် ကောင်းကောင်း၊ ကျီမိသားစုထဲက အထွတ်အထိပ် မျိုးနွယ်စုအကြီးအကဲတွေကို ယှဉ်နိုင်ပါ့မလား" အမျိုးသမီး ရွှေနတ်ဘုရားမ အံ့သြသွားသည်။
"အဲဒါတော့ မသိဘူး။ ဒါပေမဲ့ အရိပ်အယောင်တွေအရဆိုရင် ဖြစ်နိုင်ချေများတယ်။ ငါတို့ မသိနိုင်တဲ့ ပိုနက်ရှိုင်းတဲ့ အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်တယ်" မင်းယွမ် သက်ပြင်းချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ ဒီလီချန်နဲ့ ဆက်ဆံရေးကောင်းအောင် ထားရမယ်" မင်းယွမ် ဆက်ပြောလိုက်သည်။
တခြား အထူးရွှေနတ်ဘုရား ၂ ပါးလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
တခြားဟာတွေ မပြောနဲ့၊ လီချန်က တစ္ဆေနယ်မြေကို ရှင်းလင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် ဟုန်ယွင်နတ်ဘုရားဂိုဏ်းက အလေးထားရတော့မယ်။
အခု တစ္ဆေနယ်မြေ လုံးဝမပျက်စီးသေးပေမဲ့၊ အင်အား ယုတ်လျော့သွားပြီး ကျုံ့ဝင်သွားပြီလေ။
.......
လီချန်က တစ္ဆေနယ်မြေ နဲ့ ဝေးရာသို့ ရောက်သောအခါ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ငရဲဘုံသားတွေ ထွက်ပြေးသွားပေမဲ့၊ ပိုစွမ်းအားကြီးတဲ့ကောင်တွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ။
ဒါကြောင့် လုံခြုံရာမှာ ခဏပုန်းနေတာ အကောင်းဆုံးပဲ။
လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး တစ္ဆေနယ်မြေထဲမှာ ငရဲဘုံ မူလအနှစ်သာရတွေ စုပ်ယူနေရလို့ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။
အခု နားနေချိန်မှာ လုပ်စရာရှိတာတွေ လုပ်ရမယ်။
တာအိုဓားတွေ အကုန်လုံးကို ပြန်လည်သွန်းလုပ်ရမယ်၊ ကျင့်ကြံမှု မြှင့်တင်ရမယ်၊ လုရှန်ဓား လေ့ကျင့်ရမယ်၊ အစီအရင် လေ့လာရမယ်... လုပ်စရာတွေက တောင်ပုံရာပုံပဲ။
ပညာသင်တယ်ဆိုတာ အဆုံးအစ မရှိပါလားနော်။
ဟုန်ယွင်နတ်ဘုရားဂိုဏ်းက တစ္ဆေနယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက အင်မော်တယ်နန်းတော်က တခြားအင်အားကြီးဂိုဏ်းတွေအတွက် လျှို့ဝှက်ချက် မဟုတ်ပါဘူး။
ခဏချင်းမှာပဲ ဂိုဏ်းကြီးတွေ အားလုံး တုန်လှုပ်သွားကြသည်။
ချန်မင်းနတ်ဘုရားဂိုဏ်း နဲ့ တာ့လုနတ်ဘုရားဂိုဏ်း တို့လည်း အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး တိုင်ပင်ကြရသည်။
မူလက သူတို့နှစ်ဂိုဏ်း လီချန်ကို လက်စားချေဖို့အစီအစဉ် မပျက်သေးပါဘူး။
သူတို့ရဲ့ အထူးရွှေနတ်ဘုရား တပည့်တွေကို လီချန် သတ်လိုက်တာလေ။ ရန်ငြိုးက ကြီးမားတယ်။
ဒါပေမဲ့ အခု လီချန်က သူတို့ထင်ထားတာထက် ပိုပြီး ရိုးရှင်းမနေတော့ဘူး။ ဒါကို သတိထားရတော့မယ်။
အရေးအကြီးဆုံးက လီချန်က တစ္ဆေနယ်မြေကို တကယ် ရှင်းလင်းပေးနိုင်တယ်ဆိုတာပဲ။ အဲဒါက ဟုန်ယွင်နတ်ဘုရားဂိုဏ်း (၃၃ ဘုံ) က တစ္ဆေနယ်မြေနော်။ ၁၀ ခုမြောက်ဘုံက တစ္ဆေနယ်မြေလေးတွေနဲ့ ယှဉ်လို့ မရဘူး။
ကိုယ့်ပိုင်နက်ထဲက တစ္ဆေနယ်မြေတွေကို ရှင်းလင်းပစ်နိုင်ရင် ဟွေ့ယွမ်ကပ်ဘေးကို ရင်ဆိုင်ရတာ အများကြီးသက်သာသွားမှာ။
ဒါပေမဲ့ နှစ်ဖက်စလုံးက ရန်ငြိုးဖွဲ့ထားပြီးပြီ။
အရင်တုန်းက လီချန်ကို ဖမ်းဝရမ်းထုတ်ဖို့ သူတို့နှစ်ဂိုဏ်းက ဦးဆောင်ခဲ့တာလေ။ ရန်ငြိုးပြေပျောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။
ပြီးတော့ သူတို့နှစ်ဂိုဏ်းက အရင်ဆုံးခေါင်းငုံ့ပြီး သွားတောင်းပန်ရမယ်ဆိုတာကလည်း မျက်နှာ ပျက်စရာ ကောင်းလွန်းတယ်။
အတိုချုပ်ပြောရရင် သူတို့နှစ်ဂိုဏ်းအခြေအနေက တော်တော် ကသိကအောက်ဖြစ်နေပြီ။
တာ့လု နဲ့ ချန်မင်း တို့က တွေဝေနေပေမဲ့ တခြား နတ်ဘုရားဂိုဏ်းကြီးတွေကတော့ မတွေဝေပါဘူး။ ချက်ချင်းပဲ ဆုံးဖြတ်ချက်ချပြီး ၁၀ ခုမြောက်ဘုံကို လူလွှတ်ကာ ယွီဟွာနတ်ဘုရားဂိုဏ်း နဲ့ ဆက်ဆံရေး တည်ဆောက်ကြတော့သည်။
နောက်ပိုင်းကာလတွေမှာ အင်အားကြီး နတ်ဘုရားဂိုဏ်းတွေကလူတွေ တဖွဲဖွဲရောက်လာကြပြီး ယွီဟွာနတ်ဘုရားဂိုဏ်းရဲ့ တံခါးခုံတောင် ပါးသွားမတတ်ဖြစ်နေပြီ။
ယွီဟွာနတ်ဘုရားဂိုဏ်းကလူတွေ ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။
ဒါပေမဲ့ ဒါက သူတို့ လက်လှမ်းမမီတဲ့ ကိစ္စတွေမို့ ဝူရွှမ်းကိုယ်တိုင်ထွက်ပြီး ဧည့်ခံရသည်။ အများစုက လီချန်ကို သူတို့ဆီက တစ္ဆေနယ်မြေရှင်းလင်းပေးဖို့ ကမ်းလှမ်းကြသည်။
ဝူရွှမ်းက တိုက်ရိုက်မငြင်းဘဲ လီချန် အားအင်ကုန်ခမ်းနေလို့ နားနေရတယ်ဆိုပြီး ဆင်ခြေပေးထားလိုက်သည်။
ဂိုဏ်းကြီးတွေကလည်း ကျေနပ်ကြပါတယ်။ အနည်းဆုံးတော့ တိုက်ရိုက်အငြင်းမခံရဘူးလေ။ ဆိုလိုတာက ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရှိသေးတယ်။
အချိန်ကြာလာတော့ သာမန်နတ်ဘုရားဂိုဏ်းတွေလည်း သတင်းကြားပြီး ရောက်လာကြသည်။
နောက်ဆုံးတော့ အထူးနတ်ဘုရားဂိုဏ်းကြီး ၄ ခုတောင် လူလွှတ်လိုက်ကြသည်။
ဒီအချိန်ကျမှ တာ့လု နဲ့ ချန်မင်း ဂိုဏ်းနှစ်ခုလည်း မနေနိုင်တော့ဘဲ နောက်ကျမှ ရောက်လာကြသည်။ အထူးနတ်ဘုရားဂိုဏ်းကြီး ၄ ခုတောင် ရောက်နေမှတော့ သူတို့က တွေဝေနေလို့ မဖြစ်တော့ဘူး။ ဆက်ပြီးမာနကြီးနေရင် ယွီဟွာနတ်ဘုရားဂိုဏ်းနဲ့ ပြန်လည်သင့်မြတ်ဖို့လမ်းစ ပျောက်သွားလိမ့်မယ်။
ဒါကြောင့် မျက်နှာပူတာ မပူတာ အရေးမကြီးတော့ဘူး။ အချိန်မဆွဲရဲတော့ဘူး။
....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံအတွင်း၌။
"တာ့လု နဲ့ ချန်မင်းဂိုဏ်းတွေတောင် ရောက်လာကြတယ်နော်။ ကြည့်ရတာ သူတို့ အရှက်ကို ဘေးဖယ်ထားလိုက်ကြပြီ ထင်တယ်" ဝူရွှမ်းက ရယ်မောရင်း ပြောလိုက်သည်။
"ကျီမိသားစုရဲ့ ဂုဏ်သတင်း တစ်ခုတည်းနဲ့တော့ ရေရှည်မခံပါဘူး။ နောက်ဆုံးကျတော့ ကိုယ့်အင်အားကသာ အဓိကပဲ" လီချန်က ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်သားပဲ။ ရှင်သာ တစ္ဆေနယ်မြေထဲမှာ ခေါင်းသုံးလုံးခွေးကြီးကို မသတ်ခဲ့ရင်၊ အင်မော်တယ်နန်းတော်က ဂိုဏ်းကြီးတွေ ဒီလောက်တုံ့ပြန်ကြမှာ မဟုတ်ဘူး" ဝူရွှမ်းက သက်ပြင်းချရင်း ပြောလိုက်သည်။
လီချန်နဲ့ အနီးကပ်ဆုံး တာအိုလက်တွဲဖော်ဖြစ်ပေမဲ့၊ လီချန်ရဲ့ အင်အားအစစ်အမှန်ကို အခုမှ သူမ သိလိုက်ရတာ။
တာအိုပေါင်းစည်းခြင်းအဆင့်ရောက်တာ ဘယ်လောက်မှ မကြာသေးဘူး။
အခုဆိုရင် အထူးရွှေနတ်ဘုရားနဲ့ယှဉ်နိုင်တဲ့ ခေါင်းသုံးလုံးခွေးကြီးကိုတောင် သတ်ဖြတ်နိုင်နေပြီ။
"ဒီလောကကြီးက အင်အားကိုပဲကြည့်တာ။ ဟွေ့ယွမ်ကပ်ဘေးအောက်မှာ ဘယ်အဖွဲ့အစည်းမှ စိတ်မချရဘူး။ ကျီမိသားစုလည်း အတူတူပဲ။ ငါတို့ လုပ်ရမှာက တတ်နိုင်သမျှ ဝင်မပါဘဲနေဖို့ပဲ။ အောက်ခြေတပည့်တွေကို သေချာထိန်းသိမ်းထားပါ" လီချန် ပြောလိုက်သည်။
ဝူရွှမ်း ခေါင်းညိတ်လိုက်သည်။ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲမှာ နေရင် ဟွေ့ယွမ်ကပ်ဘေးရဲ့ သက်ရောက်မှုတွေကို ရှောင်ရှားနိုင်မယ်ဆိုတာ သူမ သိသည်။
ဒီအချက်တစ်ချက်တည်းနဲ့တင် ယွီဟွာနတ်ဘုရားနန်းတော်က ရှုံးနိမ့်စရာအကြောင်း မရှိတော့ဘူး။
***