အခန်း (၄၈၈)
Vol. 49 Ch. 488
ဧရာမ ဝံပုလွေတစ်ကောင်စီသည် ဦးခေါင်းပေါ်တွင် သံခမောက်များကို ဝတ်ဆင်ထားပြီး ထက်ရှသော ဦးချိုများလည်း ပါရှိပေသည်။
ယင်းကား ရက်စက်ကြမ်းကြုတ်လွန်းလှသော သတ်ဖြတ်ပွဲကြီးပင် ဖြစ်သည်။ အနောက်ဘက်မှ ဧရာမ ဝံပုလွေကြီးများသည် ထိန်းချုပ်မှုပင် ကင်းလွတ်နေပြီ ဖြစ်သည်။ အမိန့်ပေးချက်အတိုင်း တိုက်ခိုက်ခြင်း မဟုတ်တော့ဘဲ တိုက်ရိုက် ရိုက်ပုတ် ကိုက်ခဲနေကြတော့သည်။ လီမိသားစု စစ်သည်များမှာ ခေါင်းပြတ်သူပြတ် ၊ ဝံပုလွေခြေသည်းများဖြင့် အရှင်လတ်လတ် ရင်ခွဲခံရသူ ခံရဖြင့် သွေးစိမ်းရှင်ရှင် ငရဲပွဲကြီး ဆင်နွှဲနေရသကဲ့သို့ပင်။
ရူးသွပ်ဖွယ်ရာ ပြင်းထန်သော တိုက်ပွဲ... ရူးသွပ်ဖွယ်ရာ သတ်ဖြတ်ပွဲ... ထိုသို့ဖြင့်... နာရီဝက်ကျော်မျှ အချိန်ကာလ ကြာမြင့်သွားပြီးနောက်၌... တုပိုင်၏ မြင်းစီးတပ်သား ၃,၀၀၀ ကျော်သည် လက်ရွေးစင်များ ဖြစ်သော်လည်း စတင် ပင်ပန်းနွမ်းနယ်လာကြပြီး အထိအခိုက် အကျအဆုံးများ တဖြည်းဖြည်း တိုးလာသည်။ သို့သော် လီယန်၏ စစ်သည် ၂၀,၀၀၀ သည် အသေအပျောက် ၃၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်သည်။
မြေပြင်ပေါ်တွင် သွေးများဖြင့် ဗွက်ပေါက်နေပြီး အလောင်းများ ပြည့်နှက်နေသည်မှာ ငရဲခန်းပမာပင်။
လီမိသားစု စစ်သည်များသည် နင်းချေခံရခြင်း ၊ ကိုက်သတ်ခံရခြင်း ၊ ဆွဲဖြဲခံရခြင်းနှင့် ခုတ်ပိုင်းခံရခြင်းတို့ဖြင့် သေဆုံးနေကြသည်။
ဒဏ်ရာရသူ နည်းပါးပြီး တိုက်ပွဲတွင် မရေမတွက်နိုင်အောင် သေဆုံးနေကြသည်။ ကြောက်မက်ဖွယ်ရာ သေဆုံးခြင်းများ ဖြစ်ပေသည်။
နောက်ဆုံးတွင် ကျန်ရှိနေသော စစ်သည် ၁၀,၀၀၀ ကျော်သည် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းကာ ပြိုလဲသွားကြပြီး စတင် ထွက်ပြေးကြလေသည်။ နာရီဝက်ကျော်ကြာ ပြင်းထန်သော သွေးထွက်သံယို တိုက်ပွဲအပြီးတွင် လီမိသားစု စစ်တပ်သည် လုံးဝ ရှုံးနိမ့်သွားလေတော့၏။
လီယန် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
“မပြေးကြနဲ့... ဟေ့ကောင်တွေ... မပြေးကြနဲ့... တုပိုင်ရဲ့ မြင်းစီးတပ်က အားကုန်နေပြီကွ”
စစ်မြင်းပေါ်တွင် စီးနင်းရင်း သူသည် ထွက်ပြေးနေသော စစ်သည်များကို ရူးသွပ်စွာ လိုက်လံတားဆီးပြီး လက်ထဲမှ ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ ခေါင်းဖြတ်သတ်နေသည်။ သို့သော် ဤလုပ်ရပ်သည် စစ်တပ် ပြိုကွဲပြီး ထွက်ပြေးခြင်းကို မတားဆီးနိုင်တော့ပေ။
“ထွက်ပြေးရင်... မင်းတို့ရဲ့ ဆွေမျိုးကိုးဆက်လုံးကို သတ်ပစ်မယ်... ကြားလားကွ... မင်းတို့အကုန်လုံးရဲ့ ဆွေမျိုးကိုးဆက်လုံးကို သတ်ပစ်မယ်” လီယန်က ဒေါသတကြီးဖြင့် ရူးသွပ်စွာ ဟိန်းဟောက်နေလိုက်၏။
လီတောက်အန်း လိုက်လာပြီး ပြောလိုက်သည်။
“သခင်လေးသုံး... အခြေအနေက ပြန်လည် အဖတ်ဆယ်လို့ မရတော့ဘူး။ စစ်တပ်က တပ်ပျက်သွားပြီဆိုရင် မင်းသား ဒါမှမဟုတ် ဘုရင် ကိုယ်တိုင် ပေါ်လာမှပဲ ပြန်စုစည်းလို့ ရတော့မယ်”
လီယန် ဒေါသတကြီး ပြောလိုက်သည်။
“လီတောက်အန်း... မင်းက ငါ့မှာ ဂုဏ်သိက္ခာ မလုံလောက်ဘူးလို့ ပြောချင်တာလား”
လီတောက်အန်း ညည်းတွားလိုက်သည်။
“တုပိုင်က ဒီတစ်ခါ ငါတို့ကို အလစ်ဝင်တိုက်လို့သာ နိုင်သွားတာပါ။ သူ့ရဲ့ မြင်းစီးတပ်သား ထောင်ဂဏန်းလေးက မြို့ကို ကာကွယ်ဖို့ အသုံးမဝင်ပါဘူး။ ဒါကြောင့် နောက်တစ်ခါ ငါတို့ စစ်သည် သောင်းချီ ဦးဆောင်ပြီး လာတိုက်ရင် သူ သေမှာ သေချာပါတယ်”
လီယန်သည် ပိုင်ဆယ်မြို့ကို မကျေမနပ် ကြည့်လိုက်မိသည်။ တာ့ယန်တိုင်းပြည်၏ အခြားဘက်ခြမ်းများတွင် ဝါးပင်ကို ခုတ်ထွင်သကဲ့သို့ အလွယ်တကူ အောင်မြင်နေသော်လည်း သူတစ်ယောက်တည်းသာ သေးငယ်သော ပိုင်ဆယ်မြို့တွင် စစ်တပ် ဆုံးရှုံးခဲ့ရသည်။ ခမည်းတော်က သူ့အား မည်သို့ သဘောထားပေလိမ့်မည်နည်း။
လီတောက်အန်း ထပ်မံ ညည်းတွားလိုက်သည်။
“သခင်လေးသုံး... ငါတို့ အမြန်ဆုံး ထွက်ခွာမှ ဖြစ်မယ်။ မဟုတ်ရင်...”
လီယန် ကြည့်လိုက်ရာ သူ၏ စစ်သည် ၁၀,၀၀၀ ကျော်သည် လုံးဝ ပြိုကွဲသွားပြီး အသည်းအသန် ထွက်ပြေးနေကြသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးနားမှ ကိုယ်ရံတော် ၁,၀၀၀ ကျော်သည်လည်း ကြောက်ရွံ့နေကြသည်။
ဟုတ်သည်... အမြန် ထွက်ပြေးမှ ဖြစ်မည်။ မဟုတ်လျှင် အသက်အန္တရာယ် ရှိသည်။
“ပြေး... ပြေး... ပြေး...”
လီယန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူနှင့် လီတောက်အန်းတို့သည် မြင်းစီးတပ်သား ၁,၀၀၀ ကျော်ကို ဦးဆောင်ပြီး အနောက်ဘက်သို့ ရူးသွပ်စွာ ပြေးထွက်သွားကြလေသည်။
နောက်တစ်စက္ကန့်တွင် လီယန်၏ ကျောရိုးတလျှောက် စိမ့်ခနဲ အေးစက်သွားကာ ကြက်သီးမွေးညင်းများ ထောင်ထလာတော့သည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်သည် တကယ်ပင် လိုက်လာပြီး ဧရာမ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ ကျော်နှင့်အတူ ပြေးဝင်လာသောကြောင့် ဖြစ်သည်။
ဧရာမ ဝံပုလွေမြင်းစီးတပ်သားများ၏ အရှိန်သည် အံ့မခန်း လျင်မြန်လှပေ၏။ လီယန်၏ မြင်းစီးတပ်သား ၁,၀၀၀ ကျော်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် တဖြည်းဖြည်း နီးကပ်လာနေသည်။
လီယန်သည် သူ၏ တောက်ပသော ဝတ်ရုံနှင့် ရွှေသရဖူကို အမြန် ချွတ်လိုက်ပြီး လူအုပ်ကြားတွင် ပုန်းအောင်းရန် ကြိုးစားလိုက်သည်။
သို့သော် တုပိုင်သည် စနစ်မှတစ်ဆင့် သူ့ကို တင်းကျပ်စွာ ပစ်မှတ်ထားပြီးသား ဖြစ်သဖြင့် မည်သို့ လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။
ဧရာမ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ သည် လိုက်လံတိုက်ခိုက်ရင်း ပိုမို နီးကပ်လာနေသည်။ သို့သော် မြို့ရိုးအောက်မှ စစ်မြေပြင်နှင့်မူ ပိုမို ဝေးကွာလာနေသည်။
လီတောက်အန်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“သခင်လေးသုံး... ဒါက အဖြေ မဟုတ်ဘူး။ သူတို့ မကြာခင် အမီလိုက်နိုင်လိမ့်မယ်။ ငါတို့အရှိန်က ဒီဝံပုလွေတွေထက် အများကြီး နှေးတယ်”
လီယန်က မေးလိုက်သည်။ “ဒါဆို မင်း ဘာလုပ်ချင်လဲ”
လီတောက်အန်း ဒေါသတကြီး ပြောလိုက်သည်။ “ငါတို့မှာ မြင်းစီးတပ်သား ၁,၀၀၀ ကျော် ရှိတယ်။ တုပိုင်နောက်ကို လိုက်လာတာ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ ပဲ ရှိတယ်။ ငါတို့က သူ့ထက် လေးဆ ပိုများတယ်။ သူ့ရဲ့ ထောင်ချီတဲ့ မြင်းစီးတပ်ဖွဲ့က အဝေးကြီးမှာ ကျန်နေသေးတယ်။ အခွင့်အရေးယူပြီး တုပိုင်ကို သတ်ပစ်ရမယ်”
ဤစကားကို ကြားလိုက်ရသောအခါ လီယန်၏ မျက်လုံးများ တောက်ပလာသည်။ သူ့ဘက်မှ မြင်းစီးတပ်သား ၁,၃၀၀ နှင့် တုပိုင်၏ ဧရာမ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ တိုက်ခိုက်ရကျိုး နပ်ပြီး နိုင်နိုင်ချေ ပိုများလေ၏။
အရေးအကြီးဆုံးအချက်မှာ တုပိုင်ကို သတ်နိုင်လျှင် စစ်ပွဲကို အနိုင်ရရှိပြီ ဖြစ်သည်။ မထူးဇာတ်ခင်းပြီး တုပိုင်ကို ဒီနေရာမှာ သတ်ဖြတ်ပစ်ရပေမည်။ မည်သို့ပင်ဖြစ်စေကာမူ သူသိသလောက်တော့ တုပိုင်၏ သိုင်းပညာသည် အားနည်းသည်။
လီယန် ချက်ချင်း လက်မြှောက်လိုက်ပြီး ပြောလိုက်သည်။
“ရပ်...”
ထို့နောက် သူ၏ မြင်းစီးတပ်သား ၁,၀၀၀ ကျော် ရပ်တန့်သွားပြီး နောက်လှည့်ကာ တုပိုင်၏ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ ကို ရင်ဆိုင်လိုက်ကြသည်။
တုပိုင်လည်း လက်မြှောက်ကာ ရပ်တန့်လိုက်ပြီး လီယန်၏ မြင်းစီးတပ်သား ၁,၀၀၀ ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။
လီယန် ဟိန်းဟောက်လိုက်သည်။
“ဟေ့ကောင် တုပိုင်... လမ်းဘေးခွေးဝဲစားလေး... ငါဒီမှာကွ။ သေတဲ့အထိ တိုက်ကြမလားဟေ့”
တုပိုင်ကလည်း အော်ဟစ်လိုက်၏။ “လာစမ်းပါ...”
လီယန်သည် သူ၏ လက်ထဲမှ လီယွီထန်၏ ခေါင်းကို မြှောက်ပြလိုက်ပြီး မေးလိုက်သည်။
“ဒီလူကို သိလား”
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တုပိုင်၏ မျက်ဝန်းအစုံသည် ကွဲထွက်လုမတတ် ပြူးကျယ်သွားရတော့၏။ သူ သေချာပေါက် သိသည်။ မွေးစားအဖေ၏ သွေးသောက်ညီအစ်ကို ၊ တုပိုင်၏ ဦးလေးတော် ၊ ကွမ်ရှီး မြို့စောင့်တပ်မှူး လီယွီထန်။
တုပိုင် ပိုင်ဆယ်မှ ထွက်ခွာပြီး မြို့တော်သို့ သွားစဉ် လီယွီထန်သည် သူ့အတွက် ပိုင်ဆယ်စီရင်စုကို စောင့်ရှောက်ပေးခဲ့သည်။ တုယန်ထံမှ လီမိသားစုနှင့် ဖန်းမိသားစု ပူးပေါင်းကြံစည်မှု သတင်းကို ကြားသိရပြီးမှသာ လီယွီထန်သည် ပိုင်ဆယ်မှ အမြန်ဆုံး ထွက်ခွာပြီး ဘုရင်ခံ ကျန်းမင်းယန်ထံ သတင်းပို့ရန် ၊ ဧကရာဇ်ထံ သတင်းပို့ရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ပိုင်ဆယ်မြို့မှ ထွက်ခွာစဉ် လီယန်၏ တားဆီးခြင်းကို ခံရပြီး အသတ်ခံခဲ့ရသည်။
လီယွီထန်နှင့် လီဝမ်ဟွေ့တို့သည် အမြဲတမ်း ပြိုင်ဆိုင်နေကြသော်လည်း သူတို့၏ ဆက်ဆံရေးသည် ညီအစ်ကိုရင်းချာကဲ့သို့ ဖြစ်သည်။ သူသည် တုပိုင်ကို နည်းလမ်းပေါင်းစုံဖြင့် စောင့်ရှောက်ပေးခဲ့သည် မဟုတ်ပါလော။ သူသည် တုပိုင် အလွန် လေးစားချစ်ခင်ရသော လူကြီးတစ်ဦး ဖြစ်သည်။
ယခု သူသည် သစ္စာဖောက် လီယန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ရုပ်အလောင်းကိုလည်း နည်းလမ်းပေါင်းစုံဖြင့် စော်ကားခံနေရသည်။
စစ်တပ်နှစ်ဖက်သည် မီတာ ၁,၀၀၀ ကွာခြားနေသည်။ လီယန်သည် လီယွီထန်၏ ဦးခေါင်းပြတ်ကို မြေကြီးပေါ်သို့ ပစ်ပေါက်ချလိုက်ပြီးနောက် ခါးဝတ်ကိုဖြေကာ ထိုဦးခေါင်းပေါ်သို့ ဆီးပန်းချလိုက်လေ၏။
“တုပိုင်... လမ်းဘေးခွေးလေး... ငါ့ရဲ့ ပစ္စည်းကို အားကျနေလား။ ငါက မိန်းမတွေနဲ့ အိပ်နိုင်တယ် ၊ မိန်းမတွေကို ဗိုက်ကြီးအောင် လုပ်ပေးနိုင်တယ်။ ဆုန်ယွီကျိန်း ၊ လီကျန်းနယ်စားမင်းသမီး ၊ ပြီးတော့ မင်းရဲ့ ခွေးမ တုဖိန်အာ... ငါ့ရဲ့သံချောင်းကြီးနဲ့ သူတို့ကို ထိုးသွင်းပြီး ဗိုက်ကြီးအောင် လုပ်ပေးနိုင်တယ်။ မင်းကော... မင်း လုပ်နိုင်လို့လားကွ... ဟားဟား”
တုပိုင်၏ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ တန်းစီလိုက်သည်။ လီယန်၏ မြင်းစီးတပ်သား ၁,၃၀၀ လည်း တန်းစီလိုက်သည်။
မီတာ ၁,၀၀၀ အကွာအဝေး... မကြာမီ သေသည်အထိ တိုက်ခိုက်ကြတော့မည်။ တစ်ဖက်ဖက်က လုံးဝ သေဆုံးမသွားမချင်း ပြီးဆုံးမည် မဟုတ်ပေ။
“တုပိုင်... ခွေးကောင်လေး... ငါ လီယွီထန်ရဲ့ ခေါင်းကို ငြီးငွေ့နေပြီ။ နောက်တစ်ခါ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ရဲ့ ခေါင်းကို ဖြတ်ပြီး ကျက်ကွင်း လုပ်ပစ်ဦးမယ်။ အခု မင်းရဲ့ ခေါင်းကိုလည်း ကျက်ကွင်း လုပ်ပစ်မယ်။ ဒါနဲ့ ဆုန်ယွီကျိန်းရဲ့ ခေါင်းကိုလည်း ကောင်းကောင်း သိမ်းထားပြီး ကျက်ကွင်း လုပ်မယ်။ ပြီးရင် သူ့ပါးစပ်ထဲ နေ့တိုင်း ဝင်ထွက်မယ်... ဟားဟားဟား...”
လီယန်သည် အမြဲတမ်း ရူးသွပ်ပြီး ယုတ်မာသူ ဖြစ်သည်။ သူသည် တုပိုင်ကို ရူးသွပ်စွာ ဒေါသထွက်အောင် ဆွပေးနေသည်။
နှစ်ဖက်စလုံး အသင့်ပြင်ပြီးသွားပြီဖြစ်လေ၏။
လီယန်သည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
“သတ်... တုပိုင်ဆိုတဲ့ သင်းကွပ်ထားတဲ့ခွေးကို အပိုင်းပိုင်းအစစ ဖြစ်အောင် သတ်ပစ်”
မြင်းစီးတပ်သား ၁,၃၀၀ သည်ဒုန်းဆိုင်း ပြေးထွက်သွားကြသည်။
“သတ်...”
တုပိုင် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ သည်လည်း လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားကြသည်။
မြင်းစီးတပ်ဖွဲ့နှစ်ခု ဆက်တိုက် နီးကပ်လာနေသည်... နီးကပ်လာနေသည်... မျက်စိတစ်မှိတ်အတွင်း သူတို့ ထပ်မံ တိုက်မိသွားကြသည်။
“ဘုန်းးး... ဒုန်းးး... ဘုန်းးး...”
လီယန်၏ အမြင်တွင် လေးယောက် တစ်ယောက် ယှဉ်ပြိုင်ရခြင်းသည် သေချာပေါက် ကြီးမားသော အားသာချက် ဖြစ်ပြီး တုပိုင်ကို သတ်ဖြတ်ရန် အခွင့်အရေး ယူနိုင်သည်။
လောင်းကစားသမားတစ်ယောက် ရှုံးနိမ့်နေသော်လည်း အားလုံး ပြန်လည် အနိုင်ရယူရန် ပုံအောလိုက်သကဲ့သို့ပင်။
သို့သော်... လုံးဝ မဟုတ်ပေ။ တိုက်မိပြီးနောက်... လီယန်၏ မြင်းစီးတပ်သားများသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ရိုက် လွင့်စင်သွားကြသည်။ စစ်မြင်းတစ်ကောင်လုံး၏ ဦးခေါင်းခွံမှာ ဧရာမ ဝံပုလွေကြီး၏ ဦးချိုများဖြင့် ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရ၏။
မှန်သည်။ တုပိုင်တွင် ဝံပုလွေ ၃၀၀ ကျော်သာ ရှိသော်လည်း ဧရာမ ဝံပုလွေစစ်သည်များလည်း တိုက်ခိုက်နိုင်သည်။ စစ်မြင်းများကမူ မတိုက်ခိုက်နိုင်ပေ။
“အာဝူးးးးး...”
ရက်စက်ကြမ်းကြုတ်သော ဧရာမ ဝံပုလွေကြီးများသည် ရူးသွပ်စွာ ကိုက်ခဲနေကြသည်။
ဧရာမ ဝံပုလွေပေါ်မှ သူရဲကောင်းများသည် စတုတ္ထအဆင့် သိုင်းပညာရှင်များ ဖြစ်ကြပြီး လက်ရွေးစင်သိုင်းပညာရှင်များသာ ဧရာမ ဝံပုလွေသူရဲကောင်းများ ဖြစ်ခွင့် ရှိကြသည်။
စတုတ္ထအဆင့် သိုင်းပညာရှင် ၃၀၀ ကျော်သည် မြင်းစီးတပ်သား ၁,၀၀၀ ကျော်ကို ရင်ဆိုင်နေရသည်။
သေချာပေါက် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်နေဆဲပင်။
သို့သော် တိုက်ပွဲ စတင်သည်နှင့် ကောက်ကျစ်စဉ်းလဲသော လီယန်သည် ထွက်ပြေးသွားပြီး ဖြစ်သည်။ သူ၏ မြင်းစီးတပ်သား ၁,၀၀၀ မည်မျှပင် များပြားစေကာမူ အရွယ်အစား ပိုမိုကြီးမားသော ဝံပုလွေသူရဲကောင်း ၃၀၀ ကို သူ လောင်းကြေးထပ်မည် မဟုတ်ပေ။
အနိုင်ရလျှင် ခွေးသူခိုး တုပိုင်ကို သတ်နိုင်သည်မှာ ကောင်းသည်။ အကယ်၍ မနိုင်လျှင် သူ ထွက်ပြေးလွတ်မြောက်ရန်အတွက် စစ်သည် ၁,၀၀၀ ကျော်ကို စတေးရုံသာ ရှိသည်။
လီတောက်အန်းလည်း သူနှင့်အတူ ထွက်ပြေးသွားသည်။ တိတိကျကျ ပြောရလျှင် သူက ထွက်ပြေးနေခြင်း မဟုတ်ပေ။ လီယန်ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးချင်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ထိပ်သီးအဆင့် မဟာဆရာသခင်တစ်ပါး ဖြစ်သည်။
“မြို့စားကျီရှီ... ခင်ဗျား နေခဲ့ပြီး တိုက်ခိုက်ပါ။ ဖူဟုန်ပင်း... လီယန်နဲ့ လီတောက်အန်းကို လိုက်သတ်ဖို့ ငါ့နောက်လိုက်ခဲ့”
တုပိုင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ထို့နောက် တုပိုင်နှင့် ဖူဟုန်ပင်းတို့သည် ဧရာမ ဝံပုလွေများကို စီးနင်းကာ လီတောက်အန်းနှင့် လီယန်ကို အမြန်ဆုံး လိုက်လံသတ်ဖြတ်ကြသည်။ ဧရာမ ဝံပုလွေများသည် အလွန် လျင်မြန်သဖြင့် မိနစ်အနည်းငယ်အတွင်း သူတို့နှစ်ဦးကို အမီလိုက်နိုင်ခဲ့သည်။
“ငတုံး တုပိုင်... မင်းကို မြှားခေါ်လိုက်တာကို တကယ် လိုက်လာတယ်ပေါ့... ဟားဟားဟား...”
လီယန် ရုတ်တရက် နောက်လှည့်လိုက်သည်။ လီတောက်အန်းလည်း ရုတ်တရက် နောက်လှည့်လိုက်သည်။
လီယန်က ပြောလိုက်သည်။ “လီတောက်အန်း... သိုင်းပညာမြင့်တဲ့ မိန်းမကို မင်းတာဝန်ယူလိုက်။ သူ့ကို ဖမ်းချုပ်လိုက်... ငါ သူ့ကို သေလုမျောပါး ဖြစ်အောင် လုပ်ပစ်မယ်”
ရုတ်တရက် ထိပ်သီးအဆင့် မဟာဆရာသခင် လီတောက်အန်းသည် ဓားကို ဆွဲထုတ်ပြီး ဖူဟုန်ပင်းဆီသို့ ပြေးဝင်သွားသည်။ ဖူဟုန်ပင်းကို သူ အလေးအနက် မထားပေ။ ကျီပြောင်ပြောင်လောက်သာ သိုင်းပညာရှိသော ဤကဲ့သို့ ငယ်ရွယ်လှပသည့် အမျိုးသမီးတစ်ဦးကို သေချာပေါက် အနိုင်ယူနိုင်သည်။ ထို့နောက် သူမ၏ လှပသော ခန္ဓာကိုယ်သည် လီယန်ကဲ့သို့သော တိရစ္ဆာန်ကောင်၏ စော်ကားမှုကို ခံရတော့မည်။
လီယန်သည် တုပိုင်ကို ကြည့်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။
“အရူးကောင်... အခု ငါတို့ပဲ ကျန်တော့တယ်။ မင်း ဘယ်လောက်တောင် အဲဒီလောက်ထိ တုံးအရတာလဲ။ ငါ့ရှေ့ကို တကယ် ရောက်လာရဲတယ်ပေါ့။ ငါက ပထမအဆင့် သိုင်းပညာရှင်ကွ။ မင်းကော... ငါ မင်းကို သတ်ရတာ လွယ်ကူမယ်လို့ ထင်နေလား”
“မင်း ကျီပြောင်ပြောင်ကို ရှာနေတာလား။ သူ မြို့ရိုးအောက်မှာလေ... ပြေးသွားပြီ... ပြေးသွားပြီ... နှမြောစရာပဲ... မင်း နောက်ကျသွားပြီ။ မင်းရဲ့ လမ်းဘေးခွေးလေးကို ငါ မကြာခင် သတ်ပစ်တော့မယ်။ မင်းရဲ့ ခေါင်းကို ကျက်ကွင်း လုပ်မယ်။ မင်းရဲ့ အလောင်းကို နေပူလှန်းမယ်။ ပြီးရင် ဆားနယ်ပြီး အသားခြောက် လုပ်မယ်။ ပြီးရင် မင်းရဲ့ ညီမ တုဖိန်အာ ၊ မင်းရဲ့ နို့ထိန်းတွေကို ရှာပြီး ကျွေးမယ်။ တကယ်လို့ သူတို့ မစားရင် ငါ သူတို့ကို သေအောင် လုပ်ပစ်မယ်။ ဒါပေမဲ့ သူတို့ စားရင်တောင် ငါ သူတို့ကို လုပ်ပစ်မှာပဲ။ ဟားဟားဟား...”
လီယန်သည် ရက်စက်ကြမ်းကြုတ်သော စကားများကို ရူးသွပ်စွာ ပြောဆိုနေသည်။
ရုတ်တရက် သူ၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ ပြေးဝင်သွားသည်။ မည်သည့် သတိပေးချက်မျှ မရှိဘဲ စကားမဆုံးမီမှာပင် လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်သည်။ ပထမအဆင့် သိုင်းပညာရှင်တစ်ဦး၏ အရှိန် ၊ ပထမအဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအား။
သူ့လက်ထဲမှ ထက်ရှသော ဓားသည် တုပိုင်၏ ရင်ဘတ်ကို လျှပ်စီးလက်သကဲ့သို့ ထိုးစိုက်လိုက်သည်။
သို့သော်ငြားလည်း... ဓားသွားသည် ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။ တစ်လက်မဝက်ခန့်သာ တိုးဝင်သွားပြီးနောက် ရပ်တန့်သွား၏။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ နှလုံးသားတွင် ရွှေရောင် အကြေးခွံတစ်လွှာ ထွက်ပေါ်လာ သောကြောင့် ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် တုပိုင်သည် လီယန်၏ မျက်လုံးများကို ကြည့်လိုက်သည်။ ချစ်ခင်စွာ စိုက်ကြည့်နေသကဲ့သို့ပင်။ ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ်ခွင်းအရိပ် ၊ ကြောက်မက်ဖွယ် ကောင်းသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို တုပိုင် အသုံးပြုလိုက်၏။
“အားးးးး...” ချက်ချင်းပင် လီယန် နာကျင်စွာဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် လွင့်စင်ထွက်သွားသည်။ သူ၏ ဦးနှောက် ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်ပြီး ချက်ချင်း ဗလာဖြစ်သွားသည်။
တုပိုင် ရှေ့တိုးလာပြီး လီယန်၏ ခြေလက်များနှင့် သွေးကြောများကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ဆံပင်ကို ဆွဲကိုင်ကာ ပါးကို ပုတ်ပြီး မေးလိုက်သည်။
“လီယန်... ငါ မင်းကို ဘယ်လို သတ်သင့်တယ်လို့ မင်း ထင်လဲ”
လီယန် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“ကြိုက်သလို သတ်လေ... ဘာပဲဖြစ်ဖြစ် ငါ့အဖေ ၊ ငါ့အစ်ကိုနဲ့ လီဝမ်ဝမ်တို့က ငါ့အတွက် လက်စားချေပေးကြမှာပဲ။ မင်း သိပ်ကြာကြာ ဂုဏ်ယူနေရမှာ မဟုတ်ပါဘူး။ မင်းရဲ့ မင်းသမီးယွီကျိန်းက ငါ မဟုတ်ရင် ငါ့အစ်ကိုနဲ့ အိပ်ရမှာပဲ။ ငါ့အဖေနဲ့ အိပ်ရမှာပဲ။ မင်းရဲ့ ခေါင်း ၊ မင်းမွေးစားအဖေ လီဝမ်ဟွေ့ရဲ့ ခေါင်းကို ငါ ကျက်ကွင်း မလုပ်ရရင် ငါ့အဖေက လုပ်မှာပဲ... ဟားဟားဟား...”
“ဝေါင်းးးး...”
တုပိုင် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများ ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ လီယန်၏ ခေါင်းကို ဆွဲကိုင်လိုက်ပြီး ပြင်းထန်စွာ ညှစ်ပစ်လိုက်သည်။
“ဘန်းးး” ခနဲ အသံနှင့်အတူ လီယန်၏ ဦးခေါင်းမှာ ပုပ်နေသော ဖရဲသီးတစ်လုံးကဲ့သို့ ကြေမွပေါက်ကွဲသွားလေတော့သည်။
ထို့နောက် ပခုံးနှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အရှင်လတ်လတ် နှစ်ပိုင်းပြဲသွားအောင် ဆွဲဖြဲပစ်လိုက်လေ၏။ ထို့နောက် တုပိုင်သည် လီယန်၏ အလောင်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဒါ ပထမဆုံး တစ်ယောက်ပဲ ရှိသေးတယ်။ လီရူဟိုင်... လီဝမ်ဝမ်... မင်းတို့ ငါ့ကို စောင့်နေကြစမ်း”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team