← Chapters

သွေးအနှစ်သာရများကို စုဆောင်းခြင်း...

Vol. 68 Ch. 959

သွေးအနှစ်သာရများကို စုဆောင်းခြင်း...

Vol. 68 Ch. 959

လင်းယွမ်က နန်းတော်သို့ ပြန်ရောက်ပြီးနောက် လီယန်ရွှမ်ယင်ဖရိုဖရဲအမွေအနှစ်ကို စတင်လေ့လာလိုက်သည်။ ထိုအမွေအနှစ်ကို ဖန်တီးခဲ့သူက လီယန်လမ်းစဉ်နှင့် ရွှမ်ယင်လမ်းစဉ်ကို ဖရိုဖရဲနိယာမဖြင့် ပေါင်းစည်းရန် ကြိုးစားခဲ့သည်။

လီယန်နှင့်ရွှမ်ယင်တို့က ထိုက်ယင်၊ ထိုက်ယန်တို့နှင့် ကွဲပြားသော်လည်း ဆင်တူမှုများစွာရှိသည်။ အမွေအနှစ်ဖန်တီးသူက ဖရိုဖရဲလီယန်နှင့် ဖရိုဖရဲရွှမ်ယင်တို့ကို တတိယအဆင့်ထိ နားလည်ခဲ့ပြီးဖြစ်သည်။

" ရွှမ်ယင်...." လင်းယွမ်က သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ အဆုံးစွန်သော ယင်စွမ်းအားများက စတင်ရစ်ပတ်လာပြီး လီယန်နေမင်း၏ စွမ်းအားများ ပြည့်နှက်နေသော ပတ်ဝန်းကျင်နှင့် တိုက်ခိုက်နေသည်။ ရွှမ်ယင်လမ်းစဉ်အပေါ် သူ၏ နားလည်နိုင်စွမ်းက လျင်မြန်စွာ တိုးတက်လာသည်။

" ငါအဲ့ဒါကို ခံစားလို့ရတယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်ပြီး သူ၏ စိတ်အသိက အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။

ရင်းမြစ်ကမ္ဘာမှ ခန္ဓာကိုယ်၏ အတွင်းစကြာဝဠာကလည်း ကျယ်ပြောလှသည်။ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်လောက် မကျယ်ဝန်းသော်လည်း အလင်းနှစ် ဘီလီယံပေါင်းများစွာ ရှိနေဆဲ ဖြစ်သည်။

အတွင်းစကြာဝဠာ၏ အမြင့်ဆုံးနေရာတစ်ခုတွင် နိယာမများစွာက ဥပုံသဏ္ဍန်တစ်ခု စုစည်းနေကြပြီး ပတ်ဝန်းကျင်တွင် ဖရိုဖရဲစွမ်းအားများနှင့်အတူ တစ်စုံတစ်ခုကို ဆင့်ကဲပြောင်းလဲနေသည်။

လင်းယွမ်က ဖရိုဖရဲနိယာမ၏ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် သူက ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲရန် စတင်ကြိုးစားခဲ့ပြီး ယခုရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖရိုဖရဲစွမ်းအားများ ဖုံးလွှမ်းနေသော ထိုဥကြီးက လင်းယွမ်၏ ဖရိုဖရဲနိယာမကို နောက်ဆုံးနားလည်မှုဖြစ်ပြီး အတွင်း၌ ဖရိုဖရဲယင်ယန်ထိုက်ကျိစွမ်းအားကို ဆင့်ကဲပြောင်းလဲနေခြင်းဖြစ်သည်။

" ရွှမ်ယင်လမ်းစဉ်ကို ငါနားလည်လိုက်တာက ဖရိုဖရဲယင်ယန်ထိုက်ကျိကို တိုးတက်သွားစေတာပဲ။ ဒီဖရိုဖရဲလမ်းစဉ်စွမ်းအားက အများဆုံး နှစ်တစ်သောင်းအတွင်း ဆင့်ကဲပြောင်းလဲမှု ပြီးမြောက်လိမ့်မယ်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

ယခင် သူက ဖရိုဖရဲလမ်းစဉ်စွမ်းအား ဆင့်ကဲပြောင်းလဲနေသည်ကိုသာ သိရှိခဲ့ပြီး မည်သည့်အချိန်တွင် ပြီးမြောက်မည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ သို့သော် ယခု လင်းယွမ်က တိကျသော အချိန်ကို သိရှိခဲ့သည်။ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲရန် အများဆုံး နှစ်ပေါင်းတစ်သောင်းသာ လိုတော့သည်။

" ရွှမ်ယင်ကို နားလည်ပြီး ထိုက်ယင်ကို အားဖြည့်ပေးလိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ "

ထိုက်ယန်နှင့် ထိုက်ယင်တို့ဖြင့် ဖွဲ့စည်းထားသော ထိုက်ကျိလမ်းစဉ်က တစ်ခုနှင့်တစ်ခု ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်သည်ဟု လင်းယွမ်က တွေးမိသည်။ လိုအပ်လျှင် ထိုက်ယင်က ထိုက်ယန်အဖြစ် ပြောင်းလဲနိုင်ပြီး ထိုက်ယန်ကလည်း ထိုက်ယင်အဖြစ် ပြောင်းလဲနိုင်သည်။ သို့သော် ထိုက်ယင်အပေါ် လင်းယွမ်၏ နားလည်မှုက ထိုက်ယန်လောက် မမြင့်မားသေးပေ။

" ရွှမ်ယင်ကို ဆက်ပြီး နားလည်အောင် လုပ်တာက ဖရိုဖရဲဆင့်ကဲပြောင်းလဲမှုကိင ပိုပြီး မြန်ဆန်စေလိမ့်မယ်။ ဒါပေမယ့် ဒီအမွေအနှစ်တစ်ခုတည်းအပေါ် မှီခိုနေရင် စစ်မှန်တဲ့ ရွှမ်ယင်လမ်းစဉ်ကို နားလည်ဖို့ အရမ်းနှေးနေလိမ့်မယ်။ "

လီယန်ရွှမ်ယင်ဖရိုဖရဲ အမွေအနှစ်တွင် ရွှမ်ယင်လမ်းစဉ်အပေါ် ရှင်းလင်းချက်မှာ ဖန်တီးသူ၏ ကိုယ်ပိုင်နားလည်မှုမျှသာ ဖြစ်သည်။ ၎င်းက လင်းယွမ်ကို အထောက်အကူ ပြုခဲ့သော်လည်း ၎င်းကို အသုံးပြု၍ ရွှမ်ယင်လမ်းစဉ်ကို နားလည်ရန်မှာမူ အနည်းငယ် လိုအပ်နေဆဲ ဖြစ်သည်။

" ဒီအမွေအနှစ်ကို ဖန်တီးသူက သူ့ရဲ့ ခန္ဓာကိုယ်ထဲက ရွှမ်ယင်သွေးမျိုးဆက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာပြီး ရွှမ်ယင်လမ်းစဉ်ကို နားလည်ဖို့ ကြိုးစားခဲ့တာပဲ။ ငါလည်း အဲ့လိုလုပ်လို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက ရွှမ်ယင်သွေးမျိုးဆက်ကို မပိုင်ဆိုင်သော်လည်း ရွှမ်ယင်ရှေးဟောင်းနိုင်ငံရှိ မရေတွက်နိုင်သော သက်ရှိများတွင် ရွှမ်ယင်သွေးမျိုးဆက်က စီးဆင်းနေကြသည်။

ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၊ နဂါးဆီးနှင်းနယ်မြေ။

နဂါးဆီးနှင်းနယ်မြေက ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ မဟာအရှင်သခင် လုံရွှမ်၏ နယ်မြေဖြစ်ပြီး သူက တစ်ချိန်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ အနောက်တောင်ဘက်ကို အုပ်စိုးခဲ့သူဖြစ်သည်။

" ငါ ဘယ်လိုတိုတက်အောင်လုပ်ပြီး နတ်ဘုရားအရှင်သခင်အဆင့်ကို တက်လှမ်းရမှာလဲ။ " လုံရွှမ်က တံခါးပိတ်ကျင့်ကြံရင်း စဉ်းစားနေသည်။

တော်ဝင်မိသားစုဝင် မဟုတ်သူများအတွက် ရှေးဟောင်းနိုင်ငံ၏ အထက်တန်းလွှာထဲတွင် ပါဝင်လာနိုင်ရန် နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းရန် လိုအပ်သည်။

ထိုအချိန်တွင် ရုတ်တရက် လုံရွှမ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က ပုံပျက်သွားပြီး အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး လုံရွှမ်ကို ငုံ့ကြည့်လိုက်သည်။

" ဂါရဝပြုပါတယ် အရှင်။ " လုံရွှမ်က ထိတ်လန့်သွားပြီး ချက်ချင်းထကာ ဦးညွှတ်လိုက်သည်။

အပြင်လောကနှင့် အချိန်လေဟာနယ်ကို အလွယ်တကူ ဖြတ်တောက်နိုင်သောကြောင့် သူ၏ အသက်က ထိုလူ၏ လက်ထဲတွင်သာ ရှိနေကြောင်း သေချာသဖြင့် လုံရွှမ်က ခုခံရန် စိတ်မကူးတော့ပေ။

" မင်းရဲ့ သွေးအနှစ်သာရ ငါးစက်ကို ငါလိုချင်တယ်။ " လင်းယွမ်က လုံရွှမ်ကို ကြည့်ပြီး ပြောလိုက်သည်။

လုံရွှမ်က မဟာအရှင်သခင်တစ်ယောက်ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှမ်ယင်သွေးမျိုးဆက် သိပ်သည်းစမှာ မြင့်မားပေလိမ့်မည်။ လင်းယွမ်က ၎င်းကို လေ့လာပြီး ရွှမ်ယင်လမ်းစဉ်ကို နားလည်နိုင်ရန် ဖြစ်သည်။ လီယန်သွေးမျိုးဆက်ဖြစ်စေ၊ ရွှမ်ယင်သွေးမျိုးဆက်ဖြစ်စေ၊ တလင်းသွေးမျိုးဆက်ဖြစ်စေ အားလုံးက အလွှာဆယ့်သုံး ဘိုးဘေးထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

" ဟုတ်ကဲ့။ " လုံရွှမ်က ငြင်းဆန်ခြင်းမရှိဘဲ သူ၏ သွေးအနှစ်သာရ ငါးစက်ကို ထုတ်ပေးလိုက်သည်။ သွေးအနှစ်သာရက သက်ရှိတစ်ယောက်အတွက် အလွန်အရေးပါပြီး မဟာအရှင်သခင်တစ်ယောက်မှာပင် သိပ်မရှိပေ။

" မှတ်ထားပါ။ ဒီသွေးအနှစ်သာရတွေကို ဖျက်ဆီးတာမျိုး မလုပ်ပါနဲ့။ " လင်းယွမ်က သွေးအနှစ်သာရကို ယူလိုက်ပြီး သတိပေးလိုက်သည်။

လုံရွှမ်က သွေးအနှစ်သာရငါးစက်ကို လင်းယွမ်အား ပေးလိုက်သော်လည်း သူက ၎င်းတို့ကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သကဲ့သို့ လင်းယွမ်ကလည်း ၎င်းကို တားဆီးနိုင်မည်မဟုတ်ပေ။

" နားလည်ပါပြီ။ " လုံရွှမ်က ထိတ်လန့်သွားပြီး ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

ထို့နောက် လုံရွှမ်က သူ၏ ပတ်ဝန်းကျင်မှာ ပုံမှန်ပြန်ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး အပြင်လောကရှိ အရာအားလုံး ပြန်အာရုံခံနိုင်လာသည်။ လုံရွှမ်က သွေးအနှစ်သာရငါးစက်သာ အမှန်တကယ် ဆုံးရှုံးမသွားခဲ့လျှင် သူက အိပ်မက်တစ်ခုဟု ထင်မိပေလိမ့်မည်။

" အဲ့ဒါက ဘယ်သူလဲ။ သူက သေချာပေါက် နတ်ဘုရားအရှင်သခင်တစ်ယောက်ပဲ။ " လုံရွှမ်က တံတွေးများ မျိုချလိုက်သည်။ ယခုအချိန်တွင် သူ၏ သွေးအနှစ်သာရက အဝေးသို့ ရောက်ရှိနေသည်ကို ဝေဝါးစွာ ခံစားနေရသော်လည်း တည်နေရာ အတိအကျကို မသိနိုင်ပေ။

" ဒီလောက်သန်မာတဲ့သူက ငါ့ရဲ့ သွေးအနှစ်သာရကို ဘာလို့လိုချင်တာလဲ။ " လုံရွှမ်က စိတ်ထဲတွင် သိချင်နေသော်လည်း သွေးအနှစ်သာရ ငါးစက်ကိုတော့ ဖျက်စီးပစ်ခြင်းမရှိပေ။ သူသာ သွေးအနှစ်သာရကို ဖျက်ဆီးခဲ့လျှင် ထိုနတ်ဘုရားအရှင်သခင်က ပြန်လာပြီး သူ့ကို အလွယ်တကူ ချေမှုန်းသွားပေလိမ့်မည်။

" ဟမ် ဒါက ကောင်းကင်ရေခဲသစ်သီးလား။ " လုံရွှမ်က သူ၏ ဘေးမှ အေးစိမ့်သော အော်ရာတစ်ခု ထွက်ပေါ်နေသည့် သစ်သီးတစ်လုံးကို တွေ့လိုက်ရသည်။

" ဒီကောင်းကင်ရေခဲသစ်သီးက အဲ့ဒီနတ်ဘုရားအရှင်သခင် ထားခဲ့တာဖြစ်ရမယ်။ ငါ့ရဲ့ သွေးအနှစ်သာရ ငါးစက်နဲ့ လဲလှယ်ဖို့လား။ " လုံရွှမ်က ကောင်းကင်ရေခဲသစ်သီးကို သိမ်းဆည်းလိုက်ပြီး ထူးဆန်းမှုကို ခံစားလိုက်ရသည်။ " အဲ့ဒီနတ်ဘုရားအရှင်သခင်က တကယ် ကြင်နာတတ်တာပဲ။ "

" မဟာအရှင်သခင် ၁၂ ယောက်ရဲ့ သွေးအနှစ်သာရကို စုဆောင်းပြီးသွားပြီ။ " လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

သူက ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း မဟာအရှင်သခင်များကို ကိုင်တွယ်ရန် မခက်ခဲပေ။ သို့သော် လင်းယွမ်က ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ မဟာအရှင်သခင်တစ်ယောက်၏ သွေးအနှစ်သာရကို ရရှိချိန်တွင် လဲလှယ်မှုအနေဖြင့် ရှားပါးရတနာအချို့ ထားပေးခဲ့သည်။

" နှမြောစရာပဲ။ ရွှမ်ယင်တော်ဝင်မိသားစုရဲ့ သွေးအနှစ်သာရကို ရရင် ပိုကောင်းမှာပဲ။ " လင်းယွမ်က တွေးလိုက်သော်လည်း မဟာအရှင်သခင်ဆယ်ယောက်ကျော်၏ သွေးအနှစ်သာရကို ရရှိထားသောကြောင့် သူက ကျေနပ်နေပြီဖြစ်သည်။

မဟာအရှင်သခင်အဆင့်ထိ ကျင့်ကြံထားသူများ၏ ဘိုးဘေးသွေးမျိုးဆက်က နိမ့်ပါးခြင်းမရှိသည်မှာ သေချာသည်။ တော်ဝင်မိသားစုလောက် သန့်စင်ခြင်းမရှိသော်လည်း အနီးစပ်ဆုံးတွင် ရှိသောကြောင့် လင်းယွမ်အတွက် အထောက်အကူ ဖြစ်လေသည်။

" မဟာအရှင်သခင်တွေရဲ့ သွေးအနှစ်သာရတွေကို ဆက်ပြီး စုဆောင်းရမယ်။ " လင်းယွမ်က စုဆောင်းထားသော သွေးအနှစ်သာရများကို လေ့လာနိုင်ရန် ကိုယ်ပွားတစ်ခုကို ပေးလိုက်ပြီး သူက အခြားနယ်မြေများသို့ သွားရောက်ကာ မဟာအရှင်သခင်များကို ဆက်လက်ရှာဖွေတော့သည်။

ရွှမ်ယင်သွေးမျိုးဆက်ကို စုဆောင်းသည်မှာ အန္တရာယ်အချို့ရှိသောကြောင့် လင်းယွမ်က ထိုသွေးအနှစ်သာရများကို လီယန်ရှေးဟောင်းနိုင်ငံသို့ ပြန်မယူသွားဘဲ ရွှမ်ယင်ရှေးဟောင်းနိုင်ငံတွင်သာ လေ့လာရန်ဆုံးဖြတ်လိုက်သည်။

နောက်ပိုင်းတွင် သူက ပြဿနာတစ်ခုခုဖြစ်လာလျှင်တောင် ထိုကိုယ်ပွားကို တိုက်ရိုက်ဖျက်ဆီးပြီး သဲလွန်စများကို ဖျောက်ဖျက်ပစ်နိုင်လေသည်။

လီယန်ရှေးဟောင်းနိုင်ငံရှိ နန်းတော်ထဲတွင် လင်းယွမ်က ကိုယ်ပွားများ၏ သွေးအနှစ်သာရလေ့လာမှုများကို ပေါင်းစပ်နေသည်။

" ရွှမ်ယင်.... ထိုက်ယင်..." အသိအမြင်များနှင့် နားလည်မှုများက လင်းယွမ်၏ စိတ်ထဲတွင် လှိုင်းထန်နေသည်။ သူက ထိုက်ကျိကားချပ်တစ်ခုကို မြင်ယောင်လာပြီး ထိုက်ယင်ဘက်ခြမ်းက လှိုင်းများထနေပြီး ထိုက်ယန်ဘက်ခြမ်းနှင့် အဆက်မပြတ် ကူးပြောင်းနေသည်။

All Chapters