အဆင့်တစ် ရတနာနယ်မြေ ထွက်ပေါ်လာခြင်း...
Vol. 68 Ch. 960
လင်းယွမ်က ရွှမ်ယင်သွေးမျိုးဆက်ကို လေ့လာနေစဉ် ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များကိုလည်း လျစ်လျူရှုခြင်းမရှိခဲ့ပေ။ ယခုအချိန်တွင် သူက ဖရိုဖရဲယင်ယန်ထိုက်ကျိ ဆင့်ကဲပြောင်းလဲမှုကို မြန်ဆန်စေရန် နည်းလမ်းနှစ်ခု သိထားသည်။
ပထမတစ်ခုမှာ ရွှမ်ယင်လမ်းစဉ်ကို လေ့လာ၍ ထိုက်ယင်ကို ဖြည့်ဆည်းပြီး ထိုက်ကျိလမ်းစဉ်ကို တိုးတက်စေခြင်းဖြစ်သည်။ အခြားတစ်ခုမှာ ဖရိုဖရဲနိယာမအပေါ် နားလည်မှုကို မြှင့်တင်ရန် ဖြစ်သည်။
ရင်းမြစ်ကမ္ဘာတွင် ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံက အစည်းကားဆုံးနေရာများကို သိမ်းပိုက်ထားကြသည်။ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ အပြင်ဘက် ကျယ်ပြန့်သော ဒေသများ ရှိနေသေးသည်။ မဟာအရှင်သခင်များက ထိုနေရာများမှ ရတနာနယ်မြေများနှင့် လျို့ဝှက်နေရာများကို သွားရောက်ရှာဖွေခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံအတွင်းရှိ ရတနာနယ်မြေများက အားလုံး သိမ်းပိုက်ခံထားရပြီဖြစ်ပြီး မဟာအရှင်သခင်များအနေဖြင့် အနားပင်မကပ်နိုင်ကြပေ။
ဝုန်း...
တောင်တန်းများကြားတွင် ပြင်းထန်သော အချိန်လေဟာနယ်လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လျို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ထိုအော်ရာက အနီးနားရှိ ဖြတ်သန်းသွားသော မဟာအရှင်သခင်များ၏ အာရုံကို ဖမ်းစားနိုင်ပြီး အားလုံးက အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်ရာနေရာသို့ ကြည့်လိုက်ကြသည်။
" ရတနာနယ်မြေတစ်ခုပဲ။ ရတနာနယ်မြေတစ်ခု ထွက်ပေါ်လာတာလား။ "
" အနည်းဆုံး အဆင့်တစ် ရတနာနယ်မြေထွက်ပေါ်လာမှ ဒီလိုအော်ရာမျိုး ထွက်လာနိုင်တာပဲ။ "
ထိုမြင်ကွင်းကို မြင်သောအခါ မဟာအရှင်သခင်များက စိတ်လှုပ်ရှားသွားကြသည်။ အဆင့်တစ် ရတနာနယ်မြေတစ်ခုကို ရရှိရန် ရှေးဟောင်းနိုင်ငံများကပင် အစွမ်းကုန်ကြိုးစားကြမည်ဖြစ်သည်။
" သွားကြည့်ကြမယ်။ " မဟာအရှင်သခင်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ရတနာနယ်မြေထွက်ပေါ်ရာ တောင်တန်းများဆီသို့ ချဉ်းကပ်သွားခဲ့သည်။
တလင်းရှေးဟောင်းနိုင်ငံက နိုင်ငံခြောက်နိုင်ငံထဲတွင် တတိယမြောက် တည်ဖောင်ခဲ့သော နိုင်ငံဖြစ်သည်။ တလင်းကို တည်ထောင်ခဲ့သူမှာ ပထမဆုံး မူလစိတ်ဝိညာဉ်ဘိုးဘေး၏ တပည့်ဖြစ်သည်ဟု ဆိုကြသည်။ ယခုအချိန်တွင် တလင်းရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်နှင့် နတ်ဘုရားအရှင်သခင်များက ခန်းမအတွင်း စုဝေးနေကြသည်။
" ဒီနေရာမှာ ရတနာနယ်မြေအသစ်တစ်ခုပေါ်လာတယ်။ ဒါက အဆင့်တစ်ရတနာနယ်မြေဖြစ်ဖို့များတယ်။ အဲ့ဒီကထွက်တဲ့ ရတနာရဲ့ စွမ်းအားကို မသိရသေးပေမယ့် အချိန်နဲ့ ပက်သက်လိမ့်မယ်။ အခုအချိန်မှာ ရတနာနယ်မြေရဲ့ အကွာအဝေးတစ်ခုအတွင်း ချဉ်းကပ်လာတဲ့ ဘယ်သူမဆို အချိန်စွမ်းအားကြောင့် မူလနေရာကို ပြန်တွန်းထုတ်ခံနေရတယ်။ "
" အချိန်နဲ့ပက်သက်တဲ့ အဆင့်တစ် ရတနာနယ်မြေလား။ အဲ့ဒီရတနာနယ်မြေကို သေချာပေါက် သိမ်းပိုက်ရမယ်။ "
" မှန်တယ်။ အဲ့ဒါက ငါတို့ကို အချိန်စက်ဝန်းကနေ ဖောက်ထွက်နိုင်ဖို့ နောက်ဆုံးခြေလှမ်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်။ အချိန်နဲ့ပက်သက်တဲ့ ဘယ်ရတနာကိုမဆို လျစ်လျူရှုလို့မရဘူး။ " နတ်ဘုရားအရှင်သခင်တစ်ယောက်က လျင်မြန်စွာ ပြောလိုက်သည်။
အဆင့်တစ်ရတနာနယ်မြေများမှ ထွက်ပေါ်လာသော ရတနာများက နတ်ဘုရားအရှင်သခင်များအတွက်ပင် အလွန်အသုံးဝင်ပြီး အချိန်နှင့် ပက်သက်သော ရတနာများဆိုလျှင် နတ်ဘုရားအရှင်သခင်တိုင်းကို လောဘတက်သွားစေသည်။
ယခုအချိန်ထိ ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံ သိမ်းပိုက်ထားသော အဆင့်တစ် ရတနာနယ်မြေများထဲတွင် ငါးခုကသာ အချိန်နှင့် သက်ဆိုင်လေသည်။ နိုင်ငံတစ်နိုင်ငံတွင် တစ်ခုပင်မရှိပေ။
" မင်းတို့က ဒီရတနာနယ်မြေကို သိမ်းပိုက်ချင်ကြတယ်။ အခြားရှေးဟောင်းနိုင်ငံတွေကလည်း ဒီရတနာနယ်မြေကို သိမ်းပိုက်ချင်ကြတာပဲ။ " ပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်က ငုံ့ကြည့်ပြီး ပြောလိုက်သည်။
" လောလောဆယ် ဒီရတနာနယ်မြေကို ထိန်းချုပ်ထားပြီးပြီ။ ဒါပေမယ့် ပိုင်ဆိုင်ခွင့်အတွက် ရှေးဟောင်းနိုင်ငံတွေက နတ်ဘုရားအရှင်သခင်တွေ စည်းမျဉ်းဟောင်းအတိုင်းပဲ ယှဉ်ပြိုင်ရလိမ့်မယ်။ "
အကယ်၍ အသစ်ထွက်ပေါ်လာသော ရတနာနယ်မြေက ရှေးဟောင်းနိုင်ငံတစ်ခု၏ နယ်နိမိတ်အတွင်း ဖြစ်လျှင် သံသယဝင်စရာမလိုဘဲ ထိုရတနာနယ်မြေက ထိုရှေးဟောင်းနိုင်ငံ၏ ပိုင်ဆိုင်မှုဖြစ်ပေလိမ့်မည်။
သို့သော် ယခု ရတနာနယ်မြေက ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ အပြင်ဘက်တွင် ရှိနေသဖြင့် ၎င်း၏ ပိုင်ဆိုင်မှုအတွက် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
လင်းယွမ်က နန်းတော်ထဲတွင် ကျင့်ကြံနေသည်။ ထိုအချိန်တွက် သူက ဧကရာဇ်ထံမှ သတင်းစကားတစ်ခု လက်ခံရရှိလိုက်သည်။
" နဂါးငွေ့တန်း ငါ့ဆီလာခဲ့ဦး။ " လင်းယွမ်က ဧကရာဇ်၏ အသံကို ကြားလိုက်ရသည်နှင့် အရေးကြီးကိစ္စတစ်ခု ဖြစ်ပျက်နေပြီကို သိလိုက်သည်။ မကြာမီ လင်းယွမ်က နန်းတော်သို့ ရောက်ရှိသွားသည်။
လင်းယွမ်က နတ်ဘုရားအရှင်သခင်အချို့ အပြင်တွင် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။ ထိုနတ်ဘုရားအရှင်သခင်များက လင်းယွမ်ကို ကြည့်လိုက်ကြသော်လည်း ဘာမှမပြောကြပေ။ လင်းယွမ်က ဂရုမစိုက်ဘဲ နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
" နဂါးငွေ့တန်း... " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။ " အပြင်က နတ်ဘုရားအရှင်သခင်တွေအားလုံးက ငါ့ကို တွေ့ချင်နေကြတယ်။ ဒါပေမယ့် ငါက မင်းကို အရ်တွေ့ဖို့ ရွေးချယ်လိုက်တယ်။ "
" ဘာလို့လဲ။ " လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
" ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ နယ်နိမိတ်ရဲ့ အပြင်ဘက်မှာ အဆင့်တစ် ရတနာနယ်မြေတစ်ခု ပေါ်လာတယ်။ " ဧကရာဇ်က ပြောလိုက်သည်။
" အဆင့်တစ် ရတနာနယ်မြေတစ်ခုလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ သူကလည်း အဆင့်တစ် ရတနာနယ်မြေတစ်ခု၏ အရေးပါမှုကို သိပြီး ၎င်းမှထွက်သော ရတနာများက နတ်ဘုရားအရှင်သခင်များအတွက်ပင် အထောက်အကူ ဖြစ်စေသည်။
" ငါတို့ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှာ ရတနာနယ်မြေတစ်ခုရဲ့ ပိုင်ဆိုင်မှုက မရှင်းလင်းဘူးဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ဘယ်နိုင်ငံက ပိုင်ဆိုင်ရမလဲဆိုတာ ဆုံးဖြတ်ရတယ်။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " အဲ့ဒီစည်းမျဉ်းက ရှေးဟောင်းနိုင်ငံတစ်ခုစီက နတ်ဘုရားအရှင်သခင် ဆယ့်နှစ်ယောက်ကို ရွေးချယ်ပြီး ရတနာနယ်မြေရဲ့ အပြင်ဘက်မှာ ယှဉ်ပြိုင်ရမယ်။ "
" အပြင်က နတ်ဘုရားအရှင်သခင်တွေကတော့ ငါတို့လီယန်ရှေးဟောင်းနိုင်ငံက စေလွှတ်မယ့် ဆယ့်နှစ်ယောက်ထဲမှာ ပါဝင်ဖို့ ငါ့ကို လာတောင်းဆိုကြတာပဲ။ " ဧကရာဇ်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " စည်းမျဉ်းတွေအရ ယှဉ်ပြိုင်မှုမှာ ပါဝင်တဲ့ နတ်ဘုရားအရှင်သခင်တွေက နောက်ဆုံး ရှုံးနိမ့်သွားရင်တောင် ရတနာနယ်မြေထဲက သူတို့ရခဲ့တဲ့ အကျိုးအမြတ်တွေကို အကပြင်ကို ယူသွားခွင့်ပြုထားတယ်။ "
" အဲ့ဒါကြောင့်ကိုး။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။ နောက်ဆုံးတွင် ရတနာနယ်မြေကို သိမ်းပိုက်နိုင်သည်ဖြစ်စေ မသိမ်းပိုက်နိုင်သည်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်သော နတ်ဘုရားအရှင်သခင်များက အကျိုးအမြတ်များ ရရှိရန် သေချာနေပြီဖြစ်သည်။
" ဘယ်သူသွားပြီးယှဉ်ပြိုင်ရမလဲဆိုတာကတော့ နောက်ဆုံး ငါပဲဆုံးဖြတ်မှာပေါ့။ " ဧကရာဇ်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " နဂါးငွေ့တန်း မင်းစိတ်ဝင်စားလား။ "
" ကျွန်တော် သေချာပေါက် စိတ်ဝင်စားတာပေါ့။ " လင်းယွမ်က ပြောလိုက်သည်။
အသစ်ထွက်ပေါ်လာသော အဆင့်တစ်ရတနာနယ်မြေတစ်ခုကို လေ့လာခွင့်ရခြင်းက နတ်ဘုရားအရှင်သခင်တစ်ယောက်အတွက် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ယခုအချိန်တွင် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံက အဆင့်တစ်ရတနာနယ်မြေ အနည်းငယ်သာ ပိုင်ဆိုင်ထားကြသည်။
လီယန်ဧကရာဇ်က ပြုံးလိုက်သည်။ ဧကရာဇ်တစ်ပါးအနေဖြင့် အင်အားစုအမျိုးမျိုးကို ဟန်ချက်ညီအောင် ထိန်းညှိရမည်ဖြစ်သည်။ သို့သော် စစ်မှန်သော အကျိုးအမြတ်များနှင့် ကြုံတွေ့လာသောအခါ မိသားစုကသာ ပထမဖြစ်သည်။
ထို့ကြောင့်ပင် သူက အပြင်တွင် စောင့်ဆိုင်းနေကြသော နတ်ဘုရားအရှင်သခင်များကို လျစ်လျူရှုပြီး လင်းယွမ်ကို အရင်ဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
" ဒါပေမယ့် ရှေးဟောင်းနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မယ့်သူကို ဆုံးဖြတ်နိုင်ပေမယ့် နောက်ပိုင်းမှာ မင်းရဲ့ စွမ်းအားအချို့ ထုတ်ပြဖို့တော့ လိုလိမ့်မယ်။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " မဟုတ်ရင် ကျန်တဲ့ နတ်ဘုရားအရှင်သခင်တွေက မကျေမနပ် ဖြစ်ကြလိမ့်မယ်။ "
" သဘာဝကျပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရတနာနယ်မြေအတွက် ယှည်ပြိုင်ရာတွင် ပါဝင်သော မည်သည့်နတ်ဘုရားအရှင်သခင်မဆို အကျိုးအမြတ်များ ရရှိနိုင်လေသည်။ သို့သော် ရတနာနယ်မြေကို သိမ်းပိုက်နိုင်သူများက အကျိုးအမြတ်အများဆုံး ရရှိမည်ဖြစ်သည်။
" ပုံမှန်ဆို ရတနာနယ်မြေအတွက် ယှဉ်ပြိုင်ရာမှာ ပါဝင်တဲ့ သူတွေရဲ့ စွမ်းအားက အနည်းဆုံး အထွတ်အထိပ် နတ်ဘုရားအရှင်သခင်အဆင့်မှာ ရှိရမယ်။ မင်းမှာ ယုံကြည်မှုရှိရဲ့လား။ " ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
လင်းယွမ်က သူ၏ ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ ဖော်ထုတ်နိုင်ခဲ့သည်။ သွေးမျိုးဆက် အထွတ်အထိပ်သို့ ရောက်ရှိသွားလျှင် နတ်ဘုရားအရှင်သခင်များခက်ပင် ပို၍ အစွမ်းထက်လာမည်ဖြစ်သည်။ သို့သော် ၎င်းက သွေးမျိုးဆက် အထွတ်အထိပ်သို့ ရောက်ရှိခြင်းပေါ်တွင် မူတည်နေသည်။
" ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ်။ " လင်းယွမ်က ပြောလိုက်သည်။
ရှေးဟောင်းနိုင်ငံများရှိ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များက ဖရိုဖရဲဟင်းလင်းပြင်ရှိ မဟာသူတော်စင်များနှင့် တူညီသာ်။ လင်းယွမ်က အချိန်လေဟညနယ် နဝမအဆင့်သို့ မချိုးဖျက်ခင်ကပင် မဟာသူတော်စင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့သည်။ ယခုအချိန်တွင် သူ၏ ခွန်အားက များစွာ တိုးတက်လာပြီဖြစ်သည်။
" အစွမ်းကုန်ကြိုးစားပါ။ " ဧကရာဇ်က ခေါင်းညိမ့်လိုက်သည်။ " ပြီးရင် အဲ့ဒီနတ်ဘုရားအရှင်သခင်တွေကို အထဲဝင်ခိုင်ပြီး မင်းကို ရတနာနယ်မြေ ယှဉ်ပြိုင်မှုမှာ ထည့်သွင်းထားတဲ့အကြောင်း ကြေညာလိုက်မယ်။ တကယ်လို့ အခြားနတ်ဘုရားအရှင်သခင်တွေက သိသိသာသာ ကန့်ကွက်လာရင် မင်းနဲ့ ယှည်ပြိုင်ဖို့ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်ကို ရွေးချယ်လိုက်ပေါ့။ "