← Chapters

လီယန်မဟာစက်ဝန်း....

Vol. 68 Ch. 963

လီယန်မဟာစက်ဝန်း....

Vol. 68 Ch. 963

" အဆင့်တစ် ရတနာနယ်မြေအတွက် အခြားရှေးဟောင်းနိုင်ငံတွေနဲ့ တိုက်ခိုက်တဲ့အခါ အခုလိုမျိုးတော့ လွယ်ကူမှာမဟုတ်ဘူး။ " ချီယန်က သတိပေးလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်နှင် ဟုန်လျန်တို့၏ တိုက်ပွဲက လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး စစ်မှန်သော နည်းစနစ်များကို အသုံးပြုခဲ့ခြင်းမရှိပေ။ အဆင့်တစ်ရတနာနယ်မြေကို သိမ်းပိုက်ရန်အတွက် အခြားနတ်ဘုရားအရှင်သခင်များနှင့် တိုက်ခိုက်ရာတွင် သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာများကို ရင်းပြီး တိုက်ခိုက်ရပေလိမ့်မည်။

ထိုကဲ့သို့သာ တိုက်ပွဲ၏ ပြင်းထန်မှုက ရိုးရှင်းသော လေ့ကျင့်မှုနှင့် လုံးဝ တူညီမည်မဟုတ်ပေ။

" ကောင်းပြီ။ နဂါးငွေ့တန်း မင်းသွားပြီး အနားယူလိုက်တော့။ " နောက်ဆယ်နှစ်ကြာရင် အဲ့ဒီရတနာနယ်မြေဆီသွားရမယ်။ "

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။

" ငါတို့ လီယန်ရှေးဟောင်းနိုင်ငံရဲ့ အနာဂတ်ကတော့..." ချီယန်က လင်းယွမ်ပျောက်ကွယ်သွားသော နေရာကို ကြည့်ပြီး စိတ်ထဲမှ မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။ ထိုအဆင့်တစ် ရတနာနယ်မြေ၏ ပိုင်ဆိုင်မှုနှင့်ယှဉ်လျှင် လင်းယွမ်၏ အနာဂတ်က မည်သည့်အဆင့်ထိ ရောက်မည်ကို သူက ပို၍ စိတ်ဝင်စားမိသည်။

လင်းယွမ်က ပြန်ရောက်လာပြီးနောက် သူ၏ ကျင့်ကြံမှုများကို ပြန်လည်ဆန်းစစ်နေခဲ့သည်။ ဟုန်လျန်နှင့် လေ့ကျင့်တိုက်ခိုက်ပြီးနောက် သူ၏ စွမ်းအားက ချီယန်ကဲ့သို့ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များလောက် သန်မာခြင်းမရှိသည်ကို သိခဲ့ရသည်။

" အဆင့်တစ် ရတနာနယ်မြေ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ၎င်းက အဆင့်တစ် ရတနာနယ်မြေမှ အကျိုးအမြတ်များအတွက်သာမက လီယန်ရှေးဟောင်းနိုင်ငံကို ပြန်လည်ကျေးဇူးဆပ်ရန်လည်း ရည်ရွယ်သည်။

သူက လီယန်ရှေးဟောင်းနိုင်ငံသို့ ရောက်သည်မှာ နှစ်ပေါင်းများစွာကြာပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သဖြင့် တစ်နည်းအားဖြင့် ပြန်လည်ပေးဆပ်လိုခြင်းဖြစ်သည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ ရတနာနယ်မြေပြိုင်ပွဲမှာ အနှောက်အယှက်မဖြစ်စေနိုင်ရုံလောက်ပဲရှိသေးတယ်။ အားနည်းနေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်ပြီး လီယန်၊ ရွှမ်ယင်၊ ဖရိုဖရဲ အမွေအနှစ်ကို နားလည်ရန် ကြိုးစားနေခဲ့သည်။

ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ နယ်မြေအသီးသီးသို့ သွားလာနေသော သူ၏ ကိုယ်ပွားများကလည်း မဟာအရှင်သခင်များ၏ သွေးအနှစ်သာရများကို လေ့လာနေပြီး ရွှမ်ယင်သွေးမျိုးဆက်ကို နားလည်ရန် ကြိုးစားနေသည်။

နန်းတော်ရှိ လင်းယွမ်ကလည်း အမွေအနှစ်ထဲမှ လီယန်ကဏ္ဍကို လေ့လာနေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လီယန်သွေးမျိုးဆက်က စီဆင်းနေပြီးသားဖြစ်ပြီး လီယန်လမ်းစဉ်ကို နားလည်ရန် မခက်ခဲပေ။ လင်းယွမ်၏ စိတ်အသိက အဆုံးမရှိမြင့်တက်သွားပြီး လီယန်နေမင်းများဖြင့် ပြည့်နှက်နေသော မီးတောက်ကမ္ဘာသို့ ရုတ်တရက် ရောက်ရှိသွားသည်။

" ဒီနေရာပဲလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာက သူနှင့် အလွန်ရင်းနှီးနေသည်။ သူက လီယန်မျိုးစေ့များကို အလုံအလောက် စုဆောင်းမိသည်နှင့် ထိုလျို့ဝှက်ဆန်းကြယ်သော နေမင်းကမ္ဘာသို့ ဝင်ရောက်နိုင်ခဲ့သည်။

" ဟမ် " လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ ယခင် ဝင်ရောက်ခဲ့သော မီးတောက်ကမ္ဘာနှင့်ယှဉ်လျှင် ယခုတစ်ကြိမ် သူ၏ တည်နေရာက ကွဲပြားနေသည်။

" ဒါက ပိုမြင့်တဲ့နေရာပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာပြီးနောက် ကောက်ချက်တစ်ခု ချလိုက်သည်။

" လီယန်ဘိုးဘေး... " လင်းယွမ်က ခေါင်းမော့ကြည့်လိုက်ရာ ကမ္ဘာကြီး၏ အမြင့်ဆုံးနေရာတွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည့် ခန့်ညားသော ပုံရိပ်ကြီးကို တွေ့လိုက်ရသည်။ တည်နေရာပိုမြင့်လာသောကြောင့် လင်းယွမ် မြင်ရသော ပုံရိပ်က ပို၍ ရှင်းလင်းလာပြီး သိမ်မွေ့သော အော်ရာအမျိုးမျိုးကိုလည်း ခံစားလိုက်ရသည်။

ခဏလေ့လာပြီးနောက် လင်းယွမ်က အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ထိုမီးတောက်ကမ္ဘာထဲတွင် ကြာရှည်စွာနေလျှင် ဝါးမျိုခံရမည့်အန္တရာယ်ရှိသောကြောင့် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာခဲ့သည်။

သူ၏ စိတ်အသိက ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသောအခါ လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် လီယန်မျိုးစေ့ပေါင်းများစွာ လွင့်မျောနေပြီး စုစုပေါင်း ၃၃၃၃၂ခု ရှိနေသည်။ ထိုအခိုက်အတန့်တွင် ၃၃၃၃၃ခုမြောက် လီယန်မျိုးစေ့က လျင်မြန်စွာ ပုံဖော်လာပြီး မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ စုစည်းသွားခဲ့သည်။

လီယန်မျိုးစေ့ ၃၃၃၃၃ခု ပေါင်းစည်းသွားပြီးနောက် ပြီးပြည့်စုံသော လီယန်စက်ဝန်းအဖြစ် ဖွဲ့စည်းသွားသည်။

" နောက်ဆုံးတော့ စုစည်းပြီးသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့ စစ်ဖြစ်ပွားနေချိန်ကတည်းက သူက နောက်ဆုံး လီယန်မျိုးစေ့တွင် ပိတ်မိနေခဲ့သည်။ ယခု နောက်ဆုံးတော့ သူက ထိုအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သည်။

လင်းယွမ်၏ နားလည်နိုင်စွမ်း အားနည်းခြင်းကြောင့်မဟုတ်လဲ နောက်ဆုံး လီယန်မျိုးစေ့ စုစည်းရန်အတွက် ကောင်းကင်နှင့်မြေကြီးကြားရှိ လီယန်နေမင်းစွမ်းအားများကို လုံလောက်စွာ စုပ်ယူရန် လိုအပ်သောကြောင့် ဖြစ်သည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် တော်ဝင်မျိုးနွယ် ၁၈ ယောက်သာလျှင် လီယန်မျိုးစေ့ ၃၃၃၃၃ခုကို စုစည်းနိုင်ခဲ့ကြသည်။

" တကယ်လို့ ဒီနန်းတော်သာ မရှိရင် နောက်ဆုံးလီယန်မျိုးစေ့ကို စုစည်းဖို့ နှစ်ပေါင်း ရာချီထောင်ချီကြာသွားနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဧကရာဇ်က သူ့အတွက် ထိုနန်းတော်ကို ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းနိုင်ငံ၏ အကြီးမားဆုံးသော နေမင်းသွေးကြောနှင့် နီးကပ်နေသဖြင့် လီယန်စွမ်းအားများ ကြွယ်ဝနေသည်။

" လီယန်မျိုးစေ့ ၃၃၃၃၃ခုက ပြည့်စုံတဲ့ လီယန် မဟာစက်ဝန်းကို ဖွဲ့စည်းသွားပြီး ငါ့ရဲ့ ကဏ္ဍအားလုံးကို မြှင့်တင်ပေးနိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ သမိုင်းတွင် လီယန်မဟာစက်ဝန်းကို ပိုင်ဆိုင်ခဲ့သော တော်ဝင်မျိုးနွယ် ၁၈ ယောက်က သူတို့၏ သွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်သို့ မမြှင့်တင်ရသေးလျှင်တောင် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

" မဟာတာအိုရဲ့နိယာမလှိုင်းတွေလား။ " လင်းယွမ်က ဂရုတစိုက် အာရုံခံပြီး အနည်းငယ် ခေါင်းညိမ့်လိုက်သည်။ နောက်ဆုံး လီယန်မျိုးစေ့ကို မစုစည်းနိုင်ခင်ကနှင့် ယှဉ်လျှင် ယခုအချိန်တွင် သူ၏ နိယာမများအပေါ် နားလည်နိုင်စွမ်းက သိသိသာသာ မြင့်တက်လာခဲ့သည်။

" ဒီကမ္ဘာက သက်ရှိတွေကတော့ သဘာဝတရားရဲ့ ကောင်းချီးပေးမှုကို တကယ်ခံထားရတာပဲ။ " လင်းယွမ်က အတော်လေး စိတ်လှုပ်ရှားသွားမိသည်။

ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှ သက်ရှိများအတွက် နိယာမများစွာကို နားလည်ရန် ဖရိုဖရဲဟင်းလင်းပြင်မှ သက်ရှိများထက် များစွာပိုမိုလွယ်ကူခဲ့သည်။

" လီယန်နတ်ခန္ဓာက သိသိသာသာ တိုးတက်လာတာပဲ။ ပြီးတော့ ကမ္ဘာနတ်စွမ်းရည်..." လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို ထုတ်ဖော်လိုက်ပြီး သူ့ကိုသူ လီယန်နေမင်းအဖြစ် ပြောင်းလဲလိုက်ရာ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က တွန့်လိမ်သွားပြီး အားလုံးက သူ၏ နယ်ပယ်ဖြစ်လာခဲ့သည်။

နန်းတော်အတွင်းရှိ အချိန်လေဟာနယ်က သီးခြားဖြစ်နေပြီး သူ သတိထားနေလျှင် အပြင်ကမ္ဘာကို မထိခိုက်စေဘဲ ထိုနေရာတွင် ကမ္ဘာနတ်စွမ်းရည်ကို ထုတ်ဖော်နိုင်သည်။

" လီယန်နေမင်း..." လင်းယွမ်က ကမ္ဘာ၏ အလယ်တွင် ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်း လီယန်မျိုးစေ့များက တစ်ခုပြီးတစ်ခု တောက်ပလာသည်ကို အာရုံခံမိလိုက်သည်။

လီယန်မျိုးစေ့ တစ်ခုလင်းလက်လာတိုင်း ကမ္ဘာနတ်စွမ်းရည်အတွင်းရှိ အပိုနေမင်းတစ်ခုစီ ပေါ်လာခဲ့သည်။ မကြာမီ နေမင်း ၃၃၃၃၃ခုက ကမ္ဘာ၏ ကောင်းကင်တွင် ဖြန့်ကျက်သွားပြီး လင်းယွမ်ကိုယ်တိုင် ပြောင်းလဲထားသော လီယန်နေမင်းနှင့် ပေါင်းလိုက်လျှင် နေမင်း ၃၃၃၃၄ခု ရှိလာခဲ့သည်။

လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်၏ စွမ်းအားက မြင့်လတက်လာသည်ကို ခံစားလိုက်ရပြီး သူသာ အလိုရှိလျှင် နန်းတော်၏ ဖိနှိပ်မှုမှ ချိုးဖျက်ပြီး မြို့တော်တစ်ခုလုံးကို သူ၏ ကမ္ဘာနတ်စွမ်းရည်နှင့် လွှမ်းခြုံထားနိုင်မည်ဖြစ်သည်။

" လီယန်မဟာစက်ဝန်းက ကမ္ဘာနတ်စွမ်းရည်အပေါ် ဒီလောက်တောင် သက်ရောက်မှုရှိတာလား။ " လင်းယွမ်က အံ့အားသင့်သွားခဲ့သည်။

" ဒါက လီယန်နေမင်းဖွင့်လှစ်ခြင်းကြောင့်လား။ " လင်းယွမ်က သူ၏ တိုးတက်မှုများကို စစ်ဆေးနေသည်။ သူက အတွေးများကို စုစည်းလိုက်ပြီး အချိန်လေဟာနယ်အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကို အာရုံခံလိုက်သည်။

လီယန်နေမင်းကို ပေါင်းစည်းပြီးနောက် ကမ္ဘာနတ်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်နှင့် လင်းယွမ်က လီယန်နေမင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ယခု ထိုကဲ့သို့သော နေမင်း ၃၃၃၃၄ခုအထိ ရှိလာခဲ့သောကြောင့် စွမ်းအားက မည်မျှအထိ မြင့်တက်လာမည်ကို ခန့်မှန်းကြည့်နိုင်သည်။

" စွမ်းအားသုံးစွဲမှုက အများကြီးတိုးလာပေမယ့် ခံနိုင်ရည်တော့ရှိပါတယ်။ " လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို ကမ္ဘာနတ်စွမ်းရည်ကို အပြည့်အဝ အသက်သွင်းလိုက်တာနဲ့ ဟုန်လျန်လို့ အင်အားကြီးသူတစ်ယောက်ကို အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မယ်။ ဒါပေမယ့် ချီယန်လို နတ်ဘုရားအရှင်သခင်တစ်ယောက်နဲ့ ယှဉ်ရင်တော့။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

" နောက်တစ်ဆင့်အနေနဲ့ လီယန်မျိုးစေ့တွေကို ဆက်ပြီး ခိုင်မာအောင် လုပ်ရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိအချို့ကို ခွဲထုတ်လိုက်ပြီး လီယန်မျိုးစေ့များကို ပိုမိုခိုင်မာစေရန် ကြိုးစားလိုက်သည်။

All Chapters