← Chapters

တော်ဝင်မျိုးဆက်များ၏ တောင်းဆိုမှု....

Vol. 68 Ch. 964

တော်ဝင်မျိုးဆက်များ၏ တောင်းဆိုမှု....

Vol. 68 Ch. 964

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ အဆင့်တစ် ရတနာနယ်မြေထွက်ပေါ်လာသော သတင်းက လီယန်ရှေးဟောင်းနိုင်ငံတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ အဆင့်တစ် ရတနာနယ်မြေမှ ထွက်ရှိသော ရတနာများကို ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင်များက ဦးစားပေးရရှိမည်ဖြစ်သော်လည်း မဟာအရှင်သခင်များကလည်း စိတ်လှုပ်ရှားနေကြသည်။

မကြာမီ လီယန်ရှေးဟောင်းနိုင်ငံကို ကိုယ်စားပြု၍ ရတနာနယ်မြေအသစ်သို့ ယှဉ်ပြိုင်ရန် သွားရောက်မည့် နတ်ဘုရားအရှင်သခင် ၁၂ယောက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသူများထဲတွင် ၁၁ ယောက်မှာ သတ်မှတ်ထားပြီးသား ဖြစ်ပြီး ချီယန်ကဲ့သို့ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များ ဖြစ်ကြသည်။

သို့သော် နောက်ဆုံးတစ်ယောက်က မကြာသေးခင်ကမှ ကျော်ကြားလာသည့် နဂါးငွေ့တန်းကြယ်သခင် ဖြစ်နေခဲ့သည်။

" နဂါးငွေ့တန်းလား။ သူက နတ်ဘုရားအရှင်သခင်အဆင့်ကို အခုမှ စရောက်တာမဟုတ်ဘူးလား။ "

" နဂါးငွေ့တန်းက ဘိုးဘေးသွေးမျိုးဆက် နတ်ဘုရားအရှင်သခင်အဆင့်ကို ပထမဆုံး ရောက်တဲ့ တော်ဝင်မျိုးနွယ်ဖြစ်ပေမယ့် သူကို အဆင့်တစ် ရတနာနယ်မြေယှဉ်ပြိုင်မှုမှာ ပါဝင်ခွင့်ပေးလိုက်တာလား။ "

" မင်းတို့မသိလို့ပါ။ စာရင်းကို အတည်မပြုခင်မှာ နဂါးငွေ့တန်းက ဟုန်လျန်နတ်ဘုရားအရှင်သခင်နဲ့ လေ့ကျင့်တိုက်ခိုက်ခဲ့တယ်။ သရေကျခဲ့ပေမယ့် နဂါးငွေ့တန်းရဲ့စွမ်းအားက သူနဲ့တန်းတူပဲလို့ ဟုန်လျန်နတ်ဘုရားအရှင်သခင်က ပြောခဲ့တယ်။ "

" ဘုရားရေ.... နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်အဆင့်ကို ရောက်တာ ဘယ်လောက်တောင် ကြာသေးလို့လဲ။ သူက ဟုန်လျန်နတ်ဘုရားအရှင်သခင်နဲ့တောင် ယှဉ်နိုင်နေပြီလား။ "

" ဒါက ဘိုးဘေးသွေးမျိုးဆက်ရဲ့ စွမ်းအားဖြစ်လိမ့်မယ်။ "

မဟာအရှင်သခင်များက အမျိုးမျိုး ဆွေးနွေးနေကြသည်။ လူအများက နဂါးငွေ့တန်း ပါဝင်လာခြင်းကို သံသယရှိခဲ့သော်လည်း ဟုန်လျန်နှင့် တိုက်ခိုက်သည့် ရလဒ်ကို သိရှိသွားသောအခါ သူတို့အားလုံး မှင်သက်သွားခဲ့သည်။

နန်းတော်ထဲတွင် လင်းယွမ်က ချီပေါင်ဘုရင်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။

" ဂုဏ်ပြုပါတယ် နဂါးငွေ့တန်း။ " ချီပေါင်ဘုရင်က ရိုသေလေးစားသော အမူအရာနှင့် ရှိနေသည်။ " အစက နတ်ဘုရားအရှင်သခင်နဲ့တောင် ကျုပ်က တိုက်ခိုက်ခဲ့သေးတယ်။ "

" ငါ့ကို အဲ့လောက်ထိ ရိုသေစရာမလိုပါဘူး။ " လင်းယွမ်က ပြုံး၍ ခေါင်းခါလိုက်သည်။ မြို့တော်သို့ စတင်ဝင်ရောက်စဉ် ချီပေါင်ဘုရင်က သူ့ကို ဂရုမစိုက်ခဲ့လျှင် သူက အမှားအယွင်းများစွာ ကြုံတွေ့နိုင်လေသည်။

" အဲ့ဒါတော့ မဖြစ်နိုင်ပါဘူး။ အခု နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်နေပြီ။ အခြားသူတွေစောင့်ကြည့်နေတဲ့ကြားမှ ကျုပ်က ဘယ်လိုလုပ် မရိုမသေလုပ်ရမှာလဲ။ " ချီပေါင်ဘုရင်က ချက်ချင်း ပြန်ပြောလိုက်သည်။

လင်းယွမ်က လီယန်မြို့တော်သို့ ရောက်လာပြီးနောက် သူ၏ နန်းတော်ကို တော်ဝင်မျိုးနွယ်ဝင်များစွာ လာရောက်လည်ပတ်ခဲ့ကြသည်။ ထိုသူများအနက် အများစုမှာ လင်းယွမ်ကို မှီခိုရန် ရည်ရွယ်ထားကြသူများဖြစ်ကြသည်။

" မင်းတို့က ငါ့ကို ၁၈ခုမြောက် တော်ဝင်အဖွဲ့ကို တည်ထောင်စေချင်တာလား။ " လင်းယွမ်က သူ၏ ရှေ့တွင် ရပ်နေသော အဖြူရောင်ဝတ်ရုံနှင့်လူကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

ထိုလူက မဟာအရှင်သခင်အဆင့် အထွတ်အထိပ် ဖြစ်ပြီး လင်းယွမ်ကို အလွန်ရိုသေနေသည်။

" နတ်ဘုရားအရှင်သခင်ရဲ့ စွမ်းအားနဲ့ဆို အရှင်သာအလိုရှိရင် အရှင်တည်ထောင်ထားတဲ့ ၁၈ခုမြောက် တော်ဝင်အဖွဲ့က အခြား ၁၇ခုထက် ကျော်လွန်သွားမယ့်အပြင် ရှေးဟောင်းနိုင်ငံအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိလာမှာ သေချာတယ်။ " ထိုလူက ဖြည်းညင်းစွာ ပြောလိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံတွင် လက်ရှိတော်ဝင်အဖွဲ့ ၁၇ ခုရှိပြီး အဖွဲ့တစ်ခုစီတွင် အဆင့်မြင့် ပင်မတော်ဝင်သွေးမျိုးဆက်များ ပါဝင်ကြသည်။

" ငါ တော်ဝင်အဖွဲ့သစ်တစ်ခု တည်ထောင်ဖို့ စိတ်မဝင်စားသေးဘူး။ " လင်းယွမ်က တိုက်ရိုက် ပြောလိုက်သည်။

သူက ယခုအချိန်တွင် အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ရန်အတွက် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် ရည်ကွယ်ထားသည်။ အကယ်၍ သူသာ အလွှာဆယ့်သုံးသို့ ရောက်သွားလျှင် ခုနှစ်ခုမြောက် ရှေးဟောင်းနိုင်ငံကို တည်ထောင်နိုင်မည်ဖြစ်သည်။

" ဒါပေမယ့်..." ထိုလူက တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သည်။

" သွားတော့။ " လင်းယွမ်က လက်ကို ဝေ့ယမ်းလိုက်ပြီး ထိုလူမှာ တိုက်ရိုက်ပင် အပြင်သို့ ရောက်သွားခဲ့သည်။

တော်ဝင်မိသားစုဝင်များစွာက လင်းယွမ်ထံသို့ လာရောက်ခဲ့ကြသည်။ မှီခိုလိုခြင်းအပြင် အများစုက လမ်းညွှန်မှုနှင့် အကြံဉာဏ်များကိုလည်း လာရောက်တောင်းခံကြသည်။

" နတ်ဘုရားအရှင်သခင် ကျွန်တော်တို့ ဘိုးဘေးသွေးမျိုးဆက်ကို ဖော်ထုတ်ဖို့နဲ့ အတားအဆီးတွေကို ချိုးဖျက်ဖို့ ဘယ်လိုလုပ်ရမလဲ။ " ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ထားသော တော်ဝင်မျိုးနွယ်တစ်ယောက်က ပြောလိုက်သည်။

ထိုတိမ်နီဘုရင်က ပင်မတော်ဝင်မျိုးဆက်တစ်ယောက်ဖြစ်ပြီး သူ၏ တိုးတက်မှုက အကန့်အသတ်နှင့် ရင်ဆိုင်နေရသဖြင့် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို နားလည်ပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူဖြစ်သည်။

" သွေးမျိုးဆက်ရဲ့ အနက်ရှိုင်းဆုံးမှာရှိတဲ့ အခြေခံစွမ်းအားကို ဆက်ပြီး ပျိုးထောင်ပါ။ " လင်းယွမ်က လမ်းညွှန်ပေးလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သွေးမျိုးဆက်ကို သန့်စင်ခြင်းမှာ ရုပ်ခန္ဓာကျင့်ကြံခြင်းမှ ဆင်းသက်လာခြင်းဖြစိသည်။ ထို့အပြင် ရုပ်ခန္ဓာကျင့်ကြံသော လမ်းစဉ်က သွေးမျိုးဆက်ကို ပျိုးထောင်ခြင်းအပေါ်တွင် အလေးပေးထားသည်။

" အခြေခံစွမ်းအားလား။ " တိမ်နီဘုရင်က အတွေးနက်သွားသည်။

" ဒီရတနာနယ်မြေပြိုင်ပွဲပြီးရင် ပျိုးထောင်တဲ့နည်းလမ်းတွေအကြောင်း ငါ အသေးစိတ်ထပ်ပြောပြမယ်။ " လင်းယွမ်က တိမ်နီဘုရင်ကို ကြည့်ပြီး ပြောလိုက်သည်။ သူက အဆင့်တစ် ရတနာနယ်မြေအတွက် ယှဉ်ပြိုင်မှုပြီးလျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လမ်းစဉ်ခွဲကို ဖြန့်ဝေရန် ရည်ရွယ်ထားသည်။

" နတ်ဘုရားအရှင်သခင်ရဲ့ ရိုးသားဖြောင့်မတ်မှုက တကယ်လေးစားစရာကောင်းပါတယ်။ " တိမ်နီဘုရင်က ချီးကျူးလိုက်သည်။

လင်းယွမ်က သွေးမျိုးဆက်ကို ထုတ်ဖော်ခြင်းနှင့် ပက်သက်၍ အမှန်တကယ် အသေးစိတ် ရှင်းပြရန် ရည်ရွယ်ထားကြောင်း သူရိပ်မိလိုက်သည်။ ယေဘုယျအားဖြင့် ထိုကဲ့သို့သော လျို့ဝှက်ချက်များကို အခြားနတ်ဘုရားအရှင်သခင်များက လျို့ဝှက်ထားကြပြီး လက်ထဲတွင်သာ ဆုပ်ကိုင်ထားကြပေလိမ့်မည်။ သို့သော် နဂါးငွေ့တန်းက ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့သည်။

တိမ်နီဘုရင် ထွက်သွားပြီးနောက် လင်းယွမ်က သိုင်းတာအိုလမ်းစဉ်ခွဲကို ပြန်လည်ဆန်းစစ်ကြည့်လိုက်သည်။ သူ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် လင်းယွမ်က ရင်းမြစ်ကမ္ဘာနှင့် သင့်တော်သော လမ်းစဉ်ခွဲကို အခြေခံအားဖြင့် အတွင်းစကြာဝဠာကို စွန့်လွှတ်ထားခဲ့သည်။

ဖရိုဖရဲဟင်းလင်းပြင်မှ အင်အားကြီးသူများက မူလရင်းမြစ်များ၏ ပေါင်းစပ်မှုကို လက်ခံနိုင်ကြသောကြောင့် အတွင်းကမ္ဘာနှင့် အတွင်းစကြာဝဠာ တိုးတက်မှုက ရှောင်လွှဲ၍ မရနိုင်သောအခြေအနေဖြစ်သည်။ သို့သော် ရင်းမြစ်ကမ္ဘာတွင် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံအတွင်း၌ အတွင်းကမ္ဘာနှင့် အတွင်းစကြာဝဠာကို ရရှိရန် မလွယ်ကူပေ။

လင်းယွမ်က ရင်းမြစ်ကမ္ဘာတွင် အတွင်းစကြာဝဠာကို ကျင့်ကြံနိုင်ခြင်းမှာ သူက ထိုသို့ အကြိမ်များစွာ ပြုလုပ်ဖူးပြီး စွမ်းအားနှင့် အရင်းအမြစ်များ လုံလောက်သောကြောင့် ဖြစ်သည်။

" အတွင်းစကြာဝဠာပဲဖြစ်ဖြစ် နိယာမနားလည်မှုပဲဖြစ်ဖြစ် အဓိက ဦးတည်ချက်က မပြောင်းလဲသရွေ့ ဒါက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ ဒါကို ကျင့်ကြံတဲ့သူတွေ များလေ သူတို့က ငါ့အတွက် လမ်းညွှန်မှုပိုပေးနိုင်လေပဲ။ " လင်းယွမ်က တွေးလိုက်ပြီး ကျင့်ကြံမှုထဲသို့ တစ်ဖန်နစ်မြှုပ်သွားခဲ့သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ဆယ်စုနှစ်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

လျို့ဝှက်ဆန်းကြယ်သော မီးတောက်ကမ္ဘာတွင် လင်းယွမ်က ကမ္ဘာ၏ အမြင့်ဆုံးနေရာတွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသော ပုံရိပ်ကြီးကို မော့ကြည့်လိုက်သည်။ လီယန်မျိုးစေ့များက သူ၏ ခန္ဓာကိုယ်အတွင်း မဟာစက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်ကတည်းက ထိုမီးတောက်ကမ္ဘာအတွင်း လင်းယွမ်၏ တည်နေရာက သိသိသာသာ မြင့်တက်လာခဲ့သည်။

" တကယ်အံ့ဩစရာပဲ။ " လင်းယွမ်က ထိုပုံရိပ်ကြီးကို စောင့်ကြည့်လာသည်နှင့်အမျှ သိမ်ငယ်မှုကို ခံစားလာရသည်။

ထိုခန့်ညားသော ပုံရိပ်ကြီးက ဘာမှမလုပ်ဘဲ တိတ်ဆိတ်စွာ ရပ်နေရုံသာဖြစ်သည်။ သဘာဝအလျောက် ထွက်ပေါ်နေသော အော်ရာပင် သူ့ကို အလွန်တုန်လှုပ်စေခဲ့သည်။

" ဖရိုဖရဲဟင်းလင်းပြင်က အဲ့ဒီပြိုင်ဘက်ကင်းမဟာသူတော်စင်တွေက အချိန်သက်ရှိတွေရဲ့ ခြေရာတွေကို အသည်းအသန်လိုက်ရှာနေကြတာ မထူးဆန်းတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်သက်ရှိများထံမှ လမ်းညွှန်မှုလေးတစ်ခုကပင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည်။ ထို့အပြင် အချိန်သက်ရှိများ၏ တည်ရှိမှုက သူတို့ကို ပိုမိုမြင့်မားသော မြင်ကွင်းများကို ကြည့်ခွင့်ရရှိစေနိုင်သည်။

" နှမြောစရာပဲ။ ငါ ဒီနေရာမှာ အကြားကြီးနေလို့မရဘူး။ " လင်းယွမ်က ခဏလေ့လာပြီးနောက် သူ၏ စိတ်အသိက ပတ်ဝန်းကျင်မှ မီးတောက်များနှင့် ရောနှောသွားတော့မည့်အလား တွန့်လိမ်လာသည်ကို သတိပြုမိသဖြင့် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားသည်။

မီးတောက်ကမ္ဘာထဲတွင် အလွှာဆယ့်သုံး၏ လျို့ဝှက်ချက်များကို စောင့်ကြည့်နိုင်သော်လည်း တစ်သားတည်းဖြစ်သွားမည့် အန္တရာယ်ရှိသဖြင့် အမြဲတမ်းနေထိုင်၍ မရပေ။

" ငါသာ ဘိုးဘေးနဲ့ ပိုပြီး နီးကပ်နိုင်မယ်ဆိုရင် အလွှာဆယ့်သုံးရဲ့ လျို့ဝှက်ချက်တွေကို ပိုပြီးမြင်နိုင်မှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ချန်ခဲ့သော အချိန်သွေးစက်ထက် များစွာ သာလွန်လှသည်။ ထိုသွေးစက်က အချိန်သွေးမျိုးဆက်ကို ပိုင်ဆိုင်ရုံသာဖြစ်ပြီး စစ်မှန်သော အချိန်သက်ရှိများ၏ အဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

All Chapters