ရတနာနယ်မြေသို့ ထွက်ခွာခြင်း...
Vol. 68 Ch. 965
" ဒီဆယ်နှစ်အတွင်းမှာ ငါ လီယန်မျိုးစေ့ နောက်ထပ် တစ်ရာကျော်ကို စုစည်းနိုင်ခဲ့တယ်။ ဒါပေမယ့် မီးတောက်ကမ္ဘာထဲက ငါ့ရဲ့ တည်နေရာကတော့ မပြောင်းလဲသေးဘူး။ နောက်ထပ်မဟာစက်ဝန်းတစ်ခု ထပ်ဖွဲ့စည်းဖို့ စောင့်ရဦးမှာလား။ " လင်းယွမ်က စဉ်းစားလိုက်၏။
လီယန်မျိုးစေ့ ၃၃၃၃၃ခုကို စုစည်းပြီးနောက် နောက်ထပ် လီယန်မျိုးစေ့များကို စုစည်းရန် ခက်ခဲမှုက များစွာ လျော့နည်းသွားခဲ့သည်။ ဆယ်နှစ်အတွင်း သူက နောက်ထပ် လီယန်မျိုးစေ့ တစ်ရာကျော်ကို စုစည်းနိုင်ခဲ့သည်။
" ဘာပဲဖြစ်ဖြစ် ငါ အလျင်မလိုဘူး။ ငါအေးအေးဆေးဆေး သွားလို့ရတာပဲ။ " လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန် စီစဉ်ထားသော်လည်း လီယန်မျိုးစေ့များစုစည်းခြင်းကို စွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိပေ။
" ရွှမ်ယင် " ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ ထောင့်တစ်နေရာတွင် လင်းယွမ်၏ ကိုယ်ပွားတစ်ခုက ခြေချိတ်ထိုင်နေသည်။
သူ၏ ရှေ့တွင် မဟာအရှင်သခင်များ၏ သွေးအနှစ်သာရများ လွင့်မျောနေပြီး ၎င်းတို့အတွင်း၌ ရွှမ်ယင်လမ်းစဉ်၏ အစိတ်အပိုင်းများ ပါဝင်နေသည်။
" တကယ်ပဲ။ ရွှမ်ယင်လမ်းစဉ်ကို နားလည်ပြီး ထိုက်ယင်ကို ဖြည့်ဆည်းတာက ဖရိုဖရဲယင်ယန်ထိုက်ကျိ ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ပေးနိုင်တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
လွန်ခဲ့သော ဆယ်နှစ်က ရွှမ်ယင်လမ်းစဉ်ကို စတင်လေ့လာချိန်တွင် ဖရိုဖရဲထိုက်ကျိကို ဆင့်ကဲပြောင်းလဲရန်အတွက် နှစ်ပေါင်းတစ်သောင်းကြာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ယခု ရွှမ်ယင်လမ်းစဉ်ကို ပို၍ နားလည်လာသည်နှင့်အမျှ နှစ်ငါးထောင်အတွင်း ဖရိုဖရဲထိုက်ကျိစွမ်းအားက အောင်မြင်စွာ ဆင့်ကဲပြောင်းလဲလာမည်ဟု လင်းယွမ်က ခံစားမိနေသည်။
" ဒီနှစ်တွေအတွင်းမှာ ငါ မဟာအရှင်သခင်နှစ်ရာကျော်ဆီက သွေးအနှစ်သာရတွေကို ပြဿနာမရှိဘဲ ယူနိုင်ခဲ့တယ်။ " လင်းယွမ်က ကျေနပ်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ထိုရလဒ်က သူအတင်းအကျပ်မလုပ်ဘဲ မျှတသော ချဉ်းကပ်မှုကြောင့် ဖြစ်သည်။ သူက သွေးအနှစ်သာရကို ယူပြီး တန်ဖိုးချင်းတူညီသော ရတနာများကို ချန်ထားပေးခဲ့သည်။ ၎င်းက မဟာအရှင်သခင်များကို နှုတ်ပိတ်ရန် လုံလောက်ခဲ့သည်။
" တကယ်လို့ ရွှမ်ယင်နဲ့ လီယန်ကိုသာ အပြည့်အဝ ပေါင်းစည်းနိုင်ရင် ထိုက်ယင်နဲ့ ထိုက်ယန်ကို ပေါင်းစည်းပြီး ထိုက်ကျိဖြစ်လာသလို အလွှာဆယ့်သုံး လမ်းစဉ်တစ်ခုဖြစ်လာမှာပဲ။ "
လီယန်ရှေးဟောင်းနိုင်ငံ၏ မြို့တော်တွင် လင်းယွမ်၏ မူလခန္ဓာက ကျင့်ကြံမှုထဲတွင် နစ်မြှုပ်နေခဲ့သည်။ ရုတ်တရက် သူက မျက်လုံးများ ဖွင့်လိုက်သည်။
" ဧကရာဇ်က ငါ့ကို ခေါ်တယ်ဆိုတော့ ရတနာနယ်မြေကို သွားရမယ့်အချိန်ရောက်ပြီထင်တယ်။ " လင်းယွမ်က အင်ပါယာနန်းတော်သို့ လှမ်းကြည့်လိုက်သည်။
မကြာမီလင်းယွမ်က နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ ဧကရာဇ်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး ချီယန်နှင့် ကွမ်လဲ့ကဲ့သို့ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များက စောင့်ဆိုင်းနေကြသည်။
" နဂါးငွေ့တန်း ရောက်ပြီ။ " ဧကရာဇ်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
နတ်ဘုရားအရှင်သခင်များက လင်းယွမ်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။ မကြာမီ ရတနာနယ်မြေပြိုင်ပွဲတွင် ပါဝင်မည့် နတ်ဘုရားအရှင်သခင် ဆယ့်နှစ်ယောက်လုံး ရောက်ရှိလာကြသည်။
" ရတနာနယ်မြေကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ မင်းတို့အားလုံး သိကြမယ်လို့ ငါယူဆတယ်။ " ဧကရာဇ်က ပြောလိုက်သည်။
လင်းယွမ်က အောက်မှ တိတ်ဆိတ်စွာ နားထောင်နေသည်။ ရတနာနယ်မြေက ၎င်း၏ ကိုယ်ပိုင် အချိန်လေဟာနယ်ကို ဖွဲ့စည်းထားပြီး အတွင်း၌ အမြုတေများ ရှိနေသည်။ ရတနာနယ်မြေ၏ အမြုတေများကို ပိုမိုသန့်စင်နိုင်သည်နှင့် ထိုနယ်မြေအပေါ် ထိန်းချုပ်နိုင်စွမ်းက ပိုမိုကြီးမားလာမည်ဖြစ်သည်။
ထိုထိန်းချုပ်နိုင်စွမ်းက နှိုင်းယှဉ်မှုသဘောသာ ဖြစ်သည်။ ရတနာနယ်မြေ၏ အမြုတေအားလုံးကို သန့်စင်နိုင်ခဲ့လျှင်တောင် အခြားသူများ၏ ကျူးကျော်မှုကို တားဆီးနိုင်မည်ဟု မဆိုလိုပေ။
သို့သော် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံကြား ရတနာနယ်မြေအတွက် တိုက်ပွဲများ၏ ပြင်းထန်မှုကို အတိုင်းအတာတစ်ခုအတွင်းသာ ထိန်းသိမ်းထားပြီး ယှဉ်ပြိုင်မှုက ရတနာနယ်မြေ၏ အမြုတေများကို သန့်စင်ခြင်းအပေါ်တွင် မူတည်နေသည်။
ထို့ကြောင့် ရတနာနယ်မြေ၏ ယှဉ်ပြိုင်မှုမှာ မည်သူက ပို၍ အစွမ်းထက်သည်၊ ပို၍ အားနညိယသည််အပေါ်တွင်သာ မူတည်နေသည်မဟုတ်ပေ။ မည်သူက ရတနာနယ်မြေ၏ အမြုတေများကို ပို၍ များများသန့်စင်နိုင်သည်ဟာသော အချက်အပေါ်တွင်သာ မူတည်နေသည်။ ထို့အပြင် ရတနာနယ်မြေ၏ အမြုတေများကို သန့်စင်ရုံသာမက ၎င်းတို့ကို ကာကွယ်ရန်လည်း လိုအပ်သည်။
" ငါမင်းတို့ကို အဲ့ဒီနေရာဆီ ပို့ပေးမယ်။ " ဧကရာဇ်က နတ်ဘုရားအရှင်သခင် ဆယ့်နှစ်ယောက်ကို ကြည့်လိုက်သည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း လီယန်ရှေးဟောင်းနိုင်ငံက မြို့တော်နှင့် အဆင့်ရတနာနယ်မြေ၏ အပြင်ဘက်သို့ အချိန်လေဟာနယ် ရွှေ့ပြောင်းခြင်းစခန်းတစ်ခုကို တည်ဆောက်ထားခဲ့ပြီး အချိန်မရွေး သွားရောက်နိုင်လေသည်။
" ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့ရင်တော့ ကောင်းတာပေါ့။ မရခဲ့ရင်လည်း ဖိအားတွေ အရမ်းမထားနဲ့။ " ဧကရာဇ်က နတ်ဘုရားအရှင်သခင်များကို ရွှေ့ပြောင်းရေးနေရာသို့ ခေါ်ဆောင်သွားပြီး နှစ်သိမ့်စကားပြောလိုက်သည်။
ဝုန်း....
နတ်ဘုရားအရှင်သခင်များအားလုံးက ရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်သွားကြပြီး အချိန်လေဟာနယ်က လျင်မြန်စွာ ပြောင်းလဲသွားသည်။
" ငါတို့ရောက်ပြီ။ " ချီယန်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ရွှေ့ပြောင်းရေးနေရာမှ ထွက်လာခဲ့သည်။
" ဒီနေရာက ချင်းဖန်နယ်မြေထက် အများကြီး ပိုဆိုးတာပဲ။ " လင်းယွမ်ကလည်း ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
ရင်းမြစ်ကမ္ဘာသို့ မဆင်းသက်မီ လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို စောင့်ကြည့်ခဲ့သည်။ ရင်းမြစ်ကမ္ဘာက ကြီးမားသော တိုက်ကြီးတစ်ခုဖြစ်ပြီး ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှာ ထိုတိုက်ကြီး၏ အလယ်ဗဟိုရှိ အစည်ကားဆုံးနှင့် အကြွယ်ဝဆုံး နယ်မြေများကို သိမ်းပိုက်ထားကြသည်။
ထိုနယ်မြေများက ရှားပါးပြီး တန်ဖိုးရှိသော ရတနာများကို မွေးထုတ်ပေးပြီး ရတနာနယ်မြေအများစုကလည်း ထိုနေရာများတွင်သာ ထွက်ပေါ်လာလေ့ရှိသည်။ ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံ၏ ပြင်ပတွင်မူ ခြောက်သွေ့ပျက်စီးနေသော နေရာများဖြစ်သောကြောင့် ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံက အပြင်သို့ နယ်မြေချဲ့ထွင်ခြင်းမရှိဘဲ သူတို့အချင်းချင်းသာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ထိုနေရာများတွင်လည်း ရတနာများထွက်ပေါ်လာတတ်သည်။ သို့သော် ထိုအဆင့်တစ်ရတနာနယ်မြေ ထွက်မပေါ်လာခင်အထိ ရှေးဟောင်းနိုင်ငံများမှ လူအားလုံးက ထိုနေရာတွင် အဆင့်တစ်ရတနာနယ်မြေ ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည်ခြင်းမရှိကြပေ။
" သတင်းတွေအရဆိုရင် အခုပေါ်လာတဲ့ အဆင့်တစ်ရတနာနယ်မြေရဲ့ အပြင်ဘက်မှာ အချိန်ပြောင်းပြန်စီးဆင်းနယ်မြေတစ်ခုရှိနေတယ်။ အချိန်လေဟာနယ် နဝမအဆင့်ကို နားလည်ထားတဲ့သူတွေပဲ အဲ့ဒီနယ်မြေကို ဖြတ်ပြီး ရတနာနယ်မြေထဲကို ဝင်ရောက်နိုင်လိမ့်မယ်။ " ချီယန်က ပြောလိုက်သည်။
ရတနာနယ်မြေထွက်ပေါ်လာခြင်းက အနီးရှိ မဟာအရှင်သခင်များကို ဆွဲဆောင်ခဲ့သော်လည်း အားလုံးနီးပါးက အချိန်ပြောင်းပြန်စီးဆင်းမှုနယ်မြေကြောင့် ပြန်လှည့်သွားခဲ့ရသည်။ အချိန်လေဟာနယ် နဝမအဆင့်က နတ်ဘုရားအရှင်သခင်တစ်ယောက်သာ ရောက်ရှိနိုင်သော နယ်ပယ်ဖြစ်လေသည်။
" ရတနာနယ်မြေထဲရောက်တာနဲ့ ချက်ချင်း လူစုခွဲပြီး ရတနာနယ်မြေရဲ့ အမြုတေတွေကို အမြန်ဆုံး ရှာကြတာပေါ့။ ရှာတွေ့တာနဲ့ ငါ့ကို အကြောင်းကြား၊ ငါလာပြီးသန့်စင်ပေးမယ်။ " ချီယန်က ပြောလိုက်သည်။
သူ၏ အဆင့်က အမြင့်ဆုံးဖြစ်ပြီး ရတနာနယ်မြေ၏ အမြုတေများကို အမြန်ဆုံး သန့်စင်နိုင်သူဖြစ်သည်။ အခြားရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များကို ရှာတွေ့သွားလျှင်တောင် သူက ထိုအမြုတေများကို ကာကွယ်ရန် အခွင့်အရေး အများဆုံးဖြစ်သည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အခြားနတ်ဘုရားအရှင်သခင်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။ ၎င်းကို မြင်သောအခါ ချီယန်က ပို၍ စိတ်အေးသွားသည်။ ရတနာနယ်မြေအတွက် ယှဉ်ပြိုင်ရာတွင် ပူပေါင်းဆောင်ရွက်မှုမှာ အဓိကဖြစ်သည်။ ၎င်းမှာ အနိုင်အရှုံးအတွက် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ရတနာနယ်မြေ၏ အမြုတေများကို ပိုမိုသန့်စင်နိုင်ရန်သာ ဖြစ်သည်။
" ဧကရာဇ်က နဂါးငွေ့တန်းကို တန်ဖိုးထားတာကိုကြည့်ရင် ဒီပြိုင်ပွဲမှာ သူ့ကို ဒဏ်ရာရစေချင်မှာမဟုတ်ဘူး။ ငါသူ့ကို စောင့်ရှောက်ပေးဖို့ လိုလိမ့်မယ်။ " ချီယန်က လင်းယွမ်ကို ကြည့်ပြီး တွေးလိုက်သည်။
" ဒါက အသစ်ထွက်ပေါ်လာတဲ့ အဆင့်တစ်ရတနာနယ်မြေလား။ " လင်းယွမ်က အဝေးမှ တောင်တန်းကြီးကို ကြည့်လိုက်သည်။
ထိုနေရာတွက် အချိန်က ဖရိုဖရဲဖြစ်နေပြီး ကျယ်ပြောသော ကမ္ဘာတစ်ခုကို မှေးမှိန်စွာ မြင်တွေ့နေရသည်။ အဆင့်တစ် ရတနာနယ်မြေများက ဆန့်ကျင်ဘက်ဖြစ်သော အချိန်လေဟာနယ်များတွင် တည်ရှိပြီး ၎င်းက ရတနာများ ထွက်ပေါ်လာမှသာ ပြင်ပကမ္ဘာနှင့် ချိတ်ဆက်သွားခြင်းဖြစ်သည်။
" အဆင့်တစ်ရတနာနယ်မြေရဲ့ အမြုတေတွေက တစ်ရာနဲ့ နှစ်ရာကြားမှာရှိပြီး အဲ့ဒီအမြုတေတွေက နယ်မြေနဲ့ တစ်သားတည်းဖြစ်နေလို့ အဲ့ဒါတွေကို မြန်မြန်ရှာတွေ့ဖို့က ခက်ခဲတယ်။ " လင်းယွမ်က တွေးလိုက်သည်။
" အဲ့ဒါကြောင့် ရှေးဟောင်းနိုင်ငံတွေက စေလွှတ်လိုက်တဲ့ နတ်ဘုရားအရှင်သခင်တွေထဲမှာ အချို့က အမြုတေတွေကို ရှာဖွေတဲ့နေရာမှာ ထူးချွန်တဲ့သူတွေ ပါဝင်နေရမယ်။ "
လီယန်ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင် ဆယ့်နှစ်ယောက်ထဲတွင် ဟန်ယန်က ရှာဖွေရေးနည်းလမ်းများတွင် ထူးချွန်သူဖြစ်သည်။
" ခဏလောက် စောင့်ကြစို့။ အခြားရှေးဟောင်းနိုင်ငံတွေက နတ်ဘုရားအရှင်သခင်တွေ ရောက်လာမှ ငါတို့ အထဲကို ဝင်ကြမယ်။ " ချီယန်က အဝေးမှ နေရာအချို့ကို ကြည့်လိုက်သည်။
ထိုနေရာများတွင် အချိန်လေဟာနယ်က အနည်းငယ် တွန့်လိမ်နေပြီး ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ ရောက်ရှိနေသည်မှာ ထင်ရှားသည်။
" ရတနာနယ်မြေထဲ ရောက်တာနဲ့ ရတနာနယ်မြေရဲ့ အမြုတေတွေကို ရှာဖို့အတွက် လူစုခွဲကြမယ်။ အမြုတေတွေ ရှာတွေ့တာနဲ့ ငါ့ကို ဖြစ်ဖြစ် ကွမ်လဲ့ကိုဖြစ်ဖြစ် ချက်ချင်း အကြောင်းကြားပေးပါ။ "
ရတနာနယ်မြေ၏ အမြုတေများကို ရှာတွေ့ခြင်းက အဆုံးသတ်မဟုတ်ကြောင်း ချီယန်က အလေးအနက် ပြောကြားခဲ့သည်။ အရေးကြီးဆုံးမှာ ၎င်းတို့ကို သန့်စင်ရန်နှင့် ကာကွယ်ရန်ဖြစ်ပြီး ထို့အတွက် စွမ်းအားလိုအပ်သည်။